"ကိုကို"
ပခုံးသို့ ပုတ်ကာ ခေါ်လာသော ချစ်ရသူသည် မိုင်စိုင်းထံ စာအုပ်လေး ကမ်းပေးလာသည်။
"သည်းငယ် ပြန်စစ်ပြီးပြီးလား"
"အွန်း ပြီးပြီ"
လက်ထဲသို့ စာအုပ်ကို အတင်း ထည့်ပေးပြီးနောက် မိုင်စိုင်း၏ ဘေးမှ လှစ်ခနဲ ထပြေးသွားသည့် ဂွမ်းလုံးလေး။
"ဟိတ် ကိုယ့်နားပြန်လာခဲ့"
ခြေလှမ်းတို့မှာ တုံ့ခနဲ ရပ်သွားသော်လည်း မိုင်စိုင်းဆီသို့ လျှောက်မလာ။ ရပ်နေသည့် နေရာ၌သာ တောင့်တောင့်လေး ဆက်၍ ရပ်နေ၏။ သည်ကနေ့ တစ်နေ့လုံး ပုံတွေ ထိုင်ဆွဲနေသည့် အတွက် ကိုကို ကျက်ခိုင်းထားသည့် စာလုံးပေါင်းတွေကို ခေါင်လွမ်း
ကျက်မထားမိပါ။ ထို့ကြောင့် သူအမှားတွေ အများကြီးပဲ
ဖြေမိသည်ဆိုတာ ကြိုသိသည်။ ကိုယ့်အကြောင်း ကိုယ်သိ၍ ထွက်ပြေးရန် ပြင်မိတော့ ကိုကိုသည် ချက်ချင်းကို လှမ်းခေါ်တော့၏။
"ရေသောက်ချင်လို့"
"ကိုယ့်ရှေ့မှာ ရေဘူးရှိတယ်လေ"
ယခုမှ သတိထားမိသည်က ကိုကို၏ ရှေ့၌ ရေဘူးကြီးသည် အထင်းသား။ ထောင်ချောက်မှ ပြေး၍ မလွတ်နိုင်အောင် ပိတ်မိသွားသော ခေါင်လွမ်းအတွက်တော့ ရွေးချယ်စရာ တစ်ခုတည်း ရှိတော့သည်က ကိုကိုဆီသို့ ပြန်သွားရခြင်း။
"မှားတဲ့ စာလုံး အရေအတွက် အတိုင်း အနမ်းခံရမယ်လို့ ကိုယ် ပြောပြီးသားနော်။ ကိုယ့်အနမ်းတွေ တဝကြီး ခံချင်လို့ ဒီနေ့ အမှားတွေ အများကြီး ရေးထားတာလား
ကောင်လေး"
အနားသို့ ပြန်လာထိုင်သော ဂွမ်းလုံးလေးသည် မိုင်စိုင်း၏ စကားကြောင့် ခေါင်းငုံ့သွားကာ နားရွက်ဖျားလေးမှာ နီရဲသွားတော့သည်။ ယခုဆို ရုပ်ရှင်ကြည့်ပြီးတိုင်း
ဂွမ်းလုံးလေးကို မိုင်စိုင်း စာသင်ပေးဖြစ်သည်။
မိုင်စိုင်း ဖတ်ပြမှ သိခွင့်ရမည်ထက် လွမ်းငယ်လေး ကိုယ်တိုင် စိတ်တိုင်းကျ စာတွေဖတ်ပြီး ပျော်ရွှင်မှုကို
ခံစားစေချင်သည်မှာ မိုင်စိုင်း၏ ဆန္ဒ။ မှတ်ဉာဏ်ကောင်းသည့် ကောင်လေးမို့လို့ အချိန် အကြာကြီး ယူစရာမလိုဘဲ စကားလုံးတွေကို ကိုယ်တိုင်ပေါင်းကာ ဖတ်တတ်လာပြီ ဖြစ်သည်။
ထို့အပြင် နေ့တိုင်းလည်း စာလုံးလေးတွေကို
ကျက်ခိုင်းကာ ပြန်မေးတတ်သောကြောင့် သင်ကြားမှုသည် ခရီးရောက်ပါ၏။ သို့ပေမဲ့ ယနေ့တော့ သတ်ပုံ အလုံးသုံးဆယ် မေးသည်ကို နှစ်လုံးပဲ မှန်သည့် အတွက် မိုင်စိုင်း အနည်းငယ်တော့ အံ့ဩမိသွားသည်။
စာလုံး အလွယ်လေးတွေပဲ ချရေးခိုင်းတာတောင် အမှားများသည်ဆိုတော့ အခက်အခဲ တစ်ခုခုများ ရှိနေသည်လား။ ငုံ့နေသော ခေါင်းလေးကို မေးဖျားမှ
ကိုင်ကာ မော့စေတော့ မျက်ရည်တွေ ဝဲနေသည့် မျက်ဝန်ငယ်လေးကို တွေ့လိုက်ရသည်။
"သည်းငယ် ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော"
ပူတာအိုသို့ စရောက်ကတည်းက အမြဲ ပြုံးရွှင်နေသည့် ကောင်လေးမို့ ယခုလို့ မျက်ရည်စများဖြင့် မြင်လိုက်ရခြင်းသည် မိုင်စိုင်း၏ ရင်ကို ပူလောင်သွားစေသည်။
"ဒီနေ့ စာမကျက်ထားဘူး။ ကိုကို စိတ်မဆိုးပါနဲ့ "
"ကိုယ် စိတ်ဆိုးမှာကြောက်လို့ အခုလို ငိုမလို့ လုပ်နေတာလား ကိုယ့်ကောင်လေးက"
ထိုသို့ပြောတော့ ခေါင်လေး ငုံ့သွားရှာသည်။
ထို့နောက် မျက်ဝန်းထောင့်ရှိ မျက်ရည်များကို သုတ်၍ ပြောလာသည့် လေသံဖျော့ဖျော့လေး။
"မငိုပါဘူး"
မျက်ရည်တွေကို အတင်းသုတ်ရင်း မငိုပါဘူးဟူ၍ ငြင်းလာသော ကောင်လေးကြောင့် မိုင်စိုင်းခမျာ ရယ်ရခက် ငိုရခက်နှင့်။
"သည်းငယ် မငိုဘူးဆိုတော့ မျက်ရည်တွေက
မျက်လုံးထဲကနေ သူတို့ ဘာသာ ခုန်ဆင်းလာကြတာ ဖြစ်ရမယ်"
မိုင်စိုင်း၏ စကားကြောင့် ဂွမ်းလုံးလေးသည် မျက်လုံးလေးတွေ မှိတ်သွားသည် အထိ ပြုံးသွား၏။
"ကိုယ့်ကောင်လေး စာမကျက်ထားတာနဲ့ ကိုယ်က စိတ်ဆိုးစရာလား။ သည်းငယ်လေးကို ချစ်လို့တောင် မဝတာကို။ ကိုယ့်ရင်ခွင်ထဲ လာပါအုံး"
လက်မောင်နှစ်ဖက်ကို ဆန့်တန်းကာ ကြိုဆိုတော့ ပေါင်ပေါ်သို့ စွေ့ခနဲ လာထိုင်ကာ ရင်ခွင်ထဲသို့ ခေါင်းလေး မှီချလာသည့် ဂွမ်းလုံးလေး။ မိမိပွေ့ဖက်ဟု ကြံလိုက်တိုင်း အမြဲလွတ်အောင် ပြေးတတ်သည့် ကောင်လေးသည် ယခုတော့လည်း ရင်ခွင်ထဲသို့ အသာတကြည်လေး ဝင်ရောက်လာသည့် အတွက် မိုင်စိုင်း၏ ရင်ထဲ၌ နွေးထွေး ကြည့်နူးမှု အပြည့်။ မိုင်စိုင်းနည်းတူ ခေါင်လွမ်း၏
နှလုံးသားလေးသည်လည်း စိတ်လူပ်ရှားမှုကြောင့် တသိမ့်သိမ့် လှုပ်ရှားနေရသည်။ နားဖျားနှင့် နီးကပ်နေသည့် ရင်ဘတ်ကြီးထံမှ တဒိတ်ဒိတ် နှလုံးခုန်သံကို ကြားလိုက်ရချိန် နှုတ်ခမ်းလေး ကွေးတက်သွားသည် အထိ ခေါင်လွမ်း ပြုံးမိသွားသည်။
"ကိုယ် စိတ်မဆိုးဘူးဆိုပေမဲ့ မှားတဲ့ စာလုံး အရေအတွက်တိုင်းတော့ အနမ်းခံရမှာနော်"
အကြိမ်ကြိမ် နမ်းရှိုက်ခံရဖူးပေမဲ့ ယခုအချိန်ထိ ကျင့်သားမရစွာပဲ စိတ်လူပ်ရှားမှုကြောင့် ခေါင်လွမ်းမှာ
လက်သီးလေးတွေကို ခပ်တင်းတင်း ဆုပ်မိနေတုန်း။
"နှစ်ဆယ့်ရှစ်လုံး မှားတယ် အဲသည်တော့"
ဖျတ်ခနဲ နမ်းရှိုက်လိုက်မှုကြောင့် ခေါင်လွမ်း၏ နားရွက်ဖျားလေး တစ်ဖက်သည် ပူနွေးသွားရ၏။ ထို့နောက် နားထင်ပေါ်သို့ ခပ်ဖွဖွ ကျရောက်လာသည့် ဒုတိယမြောက် အနမ်း။
"နာဆန် ရှောင်းရှိန်ငေ"
နားအတွင်းသို့ ရိုက်ခတ်လာသော ခပ်နွေးနွေး လေထုသည် ခေါင်လွမ်း၏ နှလုံးသားလေးကို ကလူကျီစယ်ပါသည်။
ကိုကို ပြောသော စကားကို နားမလည်သည့် အတွက် ရင်ခွင်ထဲမှ ထွက်ကာ ကြည့်မိလိုက်တော့ နဖူးပေါ်သို့ ဖျတ်ခနဲ အနွေးဓာတ်လေး လာပေးပြန်၏။
"ရဝမ်ဘာသာ စကားမှာဆို နာဆန် ရှောင်းရှိန်ငေက
မင်းကို ကိုယ်ချစ်တယ်တဲ့"
ယခုမှ ကြာဖူးသည့် စကားလုံး အသစ်လေး ဖြစ်သည့်အတွက် အံ့အားသင့်မှုနှင့် အတူ
ရုတ်တရက် ကြားလိုက်ရသော မေတ္တာစကားကြောင့် ခေါင်လွမ်း၏ မျက်နှာလေးမှာ ပူနွေးသွားရသည်။
"အိုင်လက်ဘ်ယူ..."
ခေါင်လွမ်းလည်း အားကျမခံပါပဲ။ တစ်နေ့ကမှ သင်ထားသည့် အင်္ဂလိပ် စကားလုံးလေးကို
ပြောပြလိုက်တော့ ကိုကိုသည် ရယ်မောကာ ခေါင်လွမ်း၏ ပါးလေးတစ်ဖက်ကို ခပ်ဖွဖွလေး လာဆွဲပါတော့သည်။
----- ---- ----
ညနေ ငါးနာရီ ထိုးသည်အထိ အိမ်သို့ ပြန်မရောက်သေးသော ကိုကိုကြောင့် ခေါင်လွမ်း၏ စိုးရိမ်စိတ်က ပိုလာသည်။ ထို့ကြောင့် အိမ်အောက်သို့ ဆင်း၍ ခြံစည်းရိုးနားလေး၌ ရပ်စောင့်နေမိ၏။ ဘယ်သောအခါမျှ သည်လောက် နောက်မကျတတ်သောကြောင့် မိုးဖွားလေးတွေ ကျနေသည့်တိုင် အိမ်အပြင်ဘက်၌ ခေါင်လွမ်း ပေတေး
၍ ရပ်စောင့်နေမိသည်။ သခင်နည်းတူ လပ်ကီးလေးသည်လည်း ခြံပေါက်ဝလေး၌ ဆောင့်ကြောင့်လေး ထိုင်ကာ မိုင်စိုင်း အလာကို
စောင့်နေပုံရသည်။ အိမ်ရှေ့၌ စောင့်နေတုန်း ဖျတ်ခနဲ
တွေ့လိုက်ရသည့် ပုံရိပ်ကြောင့် ဝမ်းသာအားရ ခြံဝန်း အပြင်ဘက်သို့ ထွက်လာလိုက်သော်လည်း
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခေါင်လွမ်း၏ ခြေလှမ်းလေးတွေမှာ ရပ်တန့်သွား၏။
အပြန်အလှန် စကားတွေ ပြောကာ ရယ်မောရင်း လမ်းလျှောက်လာကြသော လူနှစ်ယောက်သည် ခေါင်လွမ်းကို မြင်သေးမည့်ပုံ မပေါ်ပါ။ ကိုယ်မဟုတ်သည့် အခြားလူတစ်ယောက်ကို အပြုံးတို့ စွန့်ကြဲနေသည့် ကိုကိုကြောင့် ခေါင်လွမ်း၏ နှလုံးသားလေးမှာ
ဆစ်ခနဲ နာကျင်သွားရ၏။ ပိုင်ဆိုင်ခွင့်ရတာဆိုလို့ သည်လူသားတစ်ယောက်ပဲ ရှိသည့် ဘဝ၌ ထိုလူကပါ စွန့်ခွာသွားလျှင် ခေါင်လွမ်း၏ နှလုံးသားလေးမှာ
သေဆုံးသွားရလိမ့်မည်။ ရယ်မောနေသည့် ကိုကိုသည် ယခုမှ ခေါင်လွမ်းကို သတိထားမိပုံပေါ်သည်။
လေဝှေ့ယမ်းပြကာ အနားသို့ ပြေးလာ၍ ခေါင်းပေါ်သို့ လက်ဖဝါးတစ်ဖက်နှင့် လာမိုးပေး၏။
"ဘာလို့ အပြင် ထွက်စောင့်နေတာတုံး သည်းငယ်။ မိုးဖွားလေးတွေ ကျနေတာ နှာတွေစေးကုန်မှာပေါ့"
"ထွက်ချင်လို့"
စကားကို ခပ်တိုးတိုးသာ ပြောတတ်သည့် ကောင်လေးသည် ယခုတော့ အသံ ခပ်စွာစွာလေး ထွက်လာသည့်အတွက် မိုင်စိုင်း အံ့ဩသွားရ၏။
ခါတိုင်း ပါလာသည့် ပစ္စည်းများကို အမြဲ သယ်ပေးနေကျ ကောင်လေးသည် ယခုတော့ သယ်မပေးတော့ဘဲ မိုင်စိုင်းထံ မျက်မှောင်ကြုတ်၍ စိုက်ကြည့်ကာ အိမ်ပေါ်သို့ ပြေးတက်သွားတော့၏။
"မိုင်စိုင်းတို့ကတော့ သူ့အချစ်ကို တွေ့တာနဲ့ ငါ့ကို ထားပြီး ပြေးသွားတော့တာပဲ"
ထိုအသံကြားမှ သူနှင့်အတူ ပါလာသည့် အစ်မကြီးကို ပြန်သတိရသွား၏။ သူ(မ) ပြောသည်မှာလည်း အမှန်အတိုင်းဖြစ်နေသည့်အတွက် မိုင်စိုင်း အရှက်ပြေသာ
ရယ်ပြလိုက်ရသည်။
"ကျွန်တော့် အမျိုးသားလေးနဲ့ မိတ်ဆက်ပေးမလို့ကို။ သည်ကောင်လေး ဒီနေ့မှ ဘာဖြစ်သွားတာလဲ မသိဘူး"
"သေချာတာကတော့ သဝန်တိုသွားတာ။
စောနတုန်းကလည်း ငါ့ကို စိုက်ကြည့်သွားတာများ
ကျောတောင် ချမ်းတယ်။ အမြန် သွားချော့လိုက်အုံး။ ဒါနဲ့ ငါ့သားလေး မွေးနေ့ ဖိတ်ထားတာ နှစ်ယောက်စလုံး
လာခဲ့နော်"
"စိတ်ချပါ။ ကျွန်တော်တို့ နှစ်ယောက် ဆက်ဆက်လာခဲ့မယ်နော်"
"အေး။ ဒါဆို ငါသွားပြီ"
မိုင်စိုင်းမှာ အသိအစ်မကြီးကို နှုတ်ဆက်ပြီးနှင့် တစ်ပြိုင်နက် ချစ်ရသူထံသို့ အမြန် သွားရတော့သည်။
ဟော တွေ့ပါပြီ။ အိမ်နောက်ဖေးရှိ မြေကွက်လပ်၌ ဆောင့်ကြောင့်လေး ထိုင်နေသည့် အဖြူလုံးလေး။
"သည်းငယ် ကိုယ့်ကို ကြည့်ပါအုံး"
မိုင်စိုင်းထံ ကျောပေးကာ မကြားချင်ယောင်ဆောင်နေသော ကောင်လေးကြောင့် ဘေးနားသို့ သွားထိုင်လိုက်တော့ ခရင်းဖြင့်
မြေကြီးတွေကို စိတ်တိုင်းကျ တူးဆွနေ၏။
"ကိုယ့်ကို သဝန်တိုနေတာလား"
ကိုကို ပြောလာသည့် သဝန်တိုသည်ဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို ခေါင်လွမ်း ကောင်းကောင်း မသိ။
သို့ပေမယ့် ခေါင်လွမ်း၏ ရင်ထဲ တင်းကျပ် နာကျင်နေကာ ဝမ်းနည်းမှုတို့က စိုးမိုးထားသည်။ ထို့ကြောင့် မြေကြီးတွေသို့သာ အပြစ်ပုံချရင်း တူဆွနေမိတော့ ကိုကိုသည် ဘေးနားသို့ လာထိုင်၏။
"ကိုယ့်ကို စိတ်ဆိုးသွားတာလား သည်းငယ်"
သူမေးသည့် စကားကို မကြာချင်ယောင်ဆောင်နေသည့်
ကောင်လေးကို မိုင်စိုင်း ငေးကြည့်ရင်း ပြုံးလိုက်မိသည်။
သဝန်တိုနေသည့် ဂွမ်းလုံးလေး၏ ပုံစံသည် မိုင်စိုင်း ယခုမှ မြင်တွေ့ခွင့်ရသည့် ရှားပါးပုံရိပ်လေးမို့လို့ တစ်မျိုးလေး ထူးခြားနေသည်။ ထိုပုံရိပ်လေးကို မြတ်နိုးလှသည်မို့ ပါးနုနုလေးကို တစ်ချက် နမ်းလိုက်သော်လည်း
ဂွမ်းလုံးလေးသည် မိုင်စိုင်းထံသို့ လှည့်ကြည့်မလာပါ။
"ပြန်လာတာ နောက်ကျတယ်"
ခဏကြာတော့မှ ပြောလာသည့် စကားလေး တစ်ခွန်း။
အချော့ခံဖို့ အသင့်ဖြစ်နေပြီလို့ အသိပေးလိုက်သည့် အတိုင်း ဂွမ်းလုံးလေးကို အစွမ်းကုန် ချော့ဖို့ မိုင်စိုင်း
ကြိုးစားရတော့မည်။
"ကိုယ် ကိစ္စလေး ရှိလို့ပါ။ ကောင်လေးက ကိုယ့်ကို မျှော်နေတာလား"
ခေါင်းညိတ်ပြလာသော ကောင်လေးကြောင့် မိုင်စိုင်း၏ ရင်ထဲ ကြည်နူးရသွားရသည်။ သို့သော် မိုးဖွားလေးတွေ ကြားထဲ ရပ်စောင့်နေရမည့် ပုံရိပ်ကို တွေးမိပြန်တော့ ရင်ထဲ၌ ဝမ်းနည်းမှုလှိုင်းလေး ဖြတ်သန်းသွားရ၏။
"နောက်တစ်ခါ ကိုယ်နောက်ကျရင် ထွက်မစောင့်နဲ့နော်"
"စောနက ဘယ်သူလဲ"
သူ့ဘေးမှ ဂွမ်းလုံးလေး၏ အသံသည်
အေးစက်စက်။ သည်ကောင်လေး
သဝန်တိုနေသည်မှာ သေချာနေပြီမို့လို့ မိုင်စိုင်း၏ မျက်နှာမှာ ပြုံးစိစိ ဖြစ်သွားပေမဲ့ အချိန်မီ ပြန်ထိန်းလိုက်ရ၏။
"အဲတာ ကိုယ်ဆယ်တန်းတုန်းက အိမ်မှာ စာလာသင်ပေးတဲ့ အစ်မကြီး။ ဒီနေ့မှ လမ်းမှာဆုံလို့ စကားပြောလာတာ။
သူ့သားလေး မွေးနေ့တောင် ကိုယ်တို့နှစ်ယောက်ကို လာဖို့
ဖိတ်လိုက်သေးတယ်"
သေချာ ရှင်းပြလိုက်မှ စူပုပ်နေသော မျက်နှာလေးသည် ပြုံးသယောင်လေး ပြန်ဖြစ်သွားတော့၏။ ချစ်ရသူ၏ ရာသီဥတုလေး ပြန်သာယာလာတာ့မှ မိုင်စိုင်းခမျာ သက်ပြင်းချနိုင်တော့သည်။
"ကောင်လေး တစ်ယောက်တော့ အူတိုနေပါပြီ"
"မတိုဘူး"
"ဒါဆို စောနက ဘဲနှုတ်သီးလို နှုတ်ခမ်းလေး ထော်နေတာ ဘယ်သူတုံး"
သဝန်တိုနေသည့် ဂွမ်းလုံးလေးသည် မိုင်စိုင်း အတွက်တော့ တကယ့်ကို အူယားစရာလေး။ ထို့ကြောင့် မျက်နှာလေးကို လက်နှစ်ဖက်နှင့် ဆွဲညစ်ယူကာ ကိုယ့်ဘက်သို့ လှည့်စေတော့ စူထွက်လာသော နှုတ်ခမ်းရဲရဲလေးသည်
ထင်ထင်ရှားရှား။
"အူတိုနေတဲ့ ဘဲပေါက်စလေး"
"ဘဲပေါက်စ မဟုတ်ဘူး"
ပါးနှစ်ဖက်ကို ဖျစ်ညစ်ထားသောကြောင့် ထွက်လာသည့် အသံလေးသည် မပီမပြင်။ မိုင်စိုင်း၏ မျက်စိရှေ့မှ နီတာရဲ နှုတ်ခမ်းပါးလေးသည် ချယ်ရီသီးလေးနှင့်တောင်
အသွင်တူလှသည်။
"ဘဲပေါက်စ လို့ မခေါ်စေချင်ရင် ချယ်ရီသီး ပေးမြည်း"
စိတ်လှုပ်ရှားနေသော ကောင်လေးသည် ထိုစကားကို ယောင်ယမ်းကာ ခေါင်းညိတ်လိုက်မိသော သူ့ရှေ့မှ အမျိုးသားသည် ဖျတ်ခနဲ ပြုံးသွား၏။ ထိုနေ့ ညနေက ဂွမ်းလုံးလေး၏ ချယ်ရီသီးလေးသည် ပူနွေးသွားအောင်
အမြည်းခံခဲ့ရပါသည်။
#1.8.21
"ကိုကို"
ပခံုးသို႔ ပုတ္ကာ ေခၚလာေသာ ခ်စ္ရသူသည္ မိုင္စိုင္းထံ စာအုပ္ေလး ကမ္းေပးလာသည္။
"သည္းငယ္ ျပန္စစ္ၿပီးၿပီးလား"
"အြန္း ၿပီးၿပီ"
လက္ထဲသို႔ စာအုပ္ကို အတင္း ထည့္ေပးၿပီးေနာက္ မိုင္စိုင္း၏ ေဘးမွ လွစ္ခနဲ ထေျပးသြားသည့္ ဂြမ္းလံုးေလး။
"ဟိတ္ ကိုယ့္နားျပန္လာခဲ့"
ေျခလွမ္းတို႔မွာ တုံ႔ခနဲ ရပ္သြားေသာ္လည္း မိုင္စိုင္းဆီသို႔ ေလၽွာက္မလာ။ ရပ္ေနသည့္ ေနရာ၌သာ ေတာင့္ေတာင့္ေလး ဆက္၍ ရပ္ေန၏။ သည္ကေန႔ တစ္ေန႔လံုး ပံုေတြ ထိုင္ဆြဲေနသည့္ အတြက္ ကိုကို က်က္ခိုင္းထားသည့္ စာလံုးေပါင္းေတြကို ေခါင္လြမ္း
က်က္မထားမိပါ။ ထို႔ေၾကာင့္ သူအမွားေတြ အမ်ားႀကီးပဲ
ေျဖမိသည္ဆိုတာ ႀကိဳသိသည္။ ကိုယ့္အေၾကာင္း ကိုယ္သိ၍ ထြက္ေျပးရန္ ျပင္မိေတာ့ ကိုကိုသည္ ခ်က္ခ်င္းကို လွမ္းေခၚေတာ့၏။
"ေရေသာက္ခ်င္လို႔"
"ကိုယ့္ေရွ႕မွာ ေရဘူးရွိတယ္ေလ"
ယခုမွ သတိထားမိသည္က ကိုကို၏ ေရွ႕၌ ေရဘူးႀကီးသည္ အထင္းသား။ ေထာင္ေခ်ာက္မွ ေျပး၍ မလြတ္ႏိုင္ေအာင္ ပိတ္မိသြားေသာ ေခါင္လြမ္းအတြက္ေတာ့ ေရြးခ်ယ္စရာ တစ္ခုတည္း ရွိေတာ့သည္က ကိုကိုဆီသို႔ ျပန္သြားရျခင္း။
"မွားတဲ့ စာလံုး အေရအတြက္ အတိုင္း အနမ္းခံရမယ္လို႔ ကိုယ္ ေျပာၿပီးသားေနာ္။ ကိုယ့္အနမ္းေတြ တဝႀကီး ခံခ်င္လို႔ ဒီေန႔ အမွားေတြ အမ်ားႀကီး ေရးထားတာလား
ေကာင္ေလး"
အနားသို႔ ျပန္လာထိုင္ေသာ ဂြမ္းလံုးေလးသည္ မိုင္စိုင္း၏ စကားေၾကာင့္ ေခါင္းငံု႔သြားကာ နားရြက္ဖ်ားေလးမွာ နီရဲသြားေတာ့သည္။ ယခုဆို ရုပ္ရွင္ၾကည့္ၿပီးတိုင္း
ဂြမ္းလံုးေလးကို မိုင္စိုင္း စာသင္ေပးျဖစ္သည္။
မိုင္စိုင္း ဖတ္ျပမွ သိခြင့္ရမည္ထက္ လြမ္းငယ္ေလး ကိုယ္တိုင္ စိတ္တိုင္းက် စာေတြဖတ္ၿပီး ေပ်ာ္ရႊင္မႈကို
ခံစားေစခ်င္သည္မွာ မိုင္စိုင္း၏ ဆနၵ။ မွတ္ဥာဏ္ေကာင္းသည့္ ေကာင္ေလးမို႔လို႔ အခ်ိန္ အၾကာႀကီး ယူစရာမလိုဘဲ စကားလံုးေတြကို ကိုယ္တိုင္ေပါင္းကာ ဖတ္တတ္လာၿပီ ျဖစ္သည္။
ထို႔အျပင္ ေန႔တိုင္းလည္း စာလံုးေလးေတြကို
က်က္ခိုင္းကာ ျပန္ေမးတတ္ေသာေၾကာင့္ သင္ၾကားမႈသည္ ခရီးေရာက္ပါ၏။ သို႔ေပမဲ့ ယေန႔ေတာ့ သတ္ပံု အလံုးသံုးဆယ္ ေမးသည္ကို ႏွစ္လံုးပဲ မွန္သည့္ အတြက္ မိုင္စိုင္း အနည္းငယ္ေတာ့ အံ့ဩမိသြားသည္။
စာလံုး အလြယ္ေလးေတြပဲ ခ်ေရးခိုင္းတာေတာင္ အမွားမ်ားသည္ဆိုေတာ့ အခက္အခဲ တစ္ခုခုမ်ား ရွိေနသည္လား။ ငံု႔ေနေသာ ေခါင္းေလးကို ေမးဖ်ားမွ
ကိုင္ကာ ေမာ့ေစေတာ့ မ်က္ရည္ေတြ ဝဲေနသည့္ မ်က္ဝန္ငယ္ေလးကို ေတြ႕လိုက္ရသည္။
"သည္းငယ္ ဘာျဖစ္လို႔လဲ ကိုယ့္ကိုေျပာ"
ပူတာအိုသို႔ စေရာက္ကတည္းက အျမဲ ျပံဳးရႊင္ေနသည့္ ေကာင္ေလးမို႔ ယခုလို႔ မ်က္ရည္စမ်ားျဖင့္ ျမင္လိုက္ရျခင္းသည္ မိုင္စိုင္း၏ ရင္ကို ပူေလာင္သြားေစသည္။
"ဒီေန႔ စာမက်က္ထားဘူး။ ကိုကို စိတ္မဆိုးပါနဲ႔ "
"ကိုယ္ စိတ္ဆိုးမွာေၾကာက္လို႔ အခုလို ငိုမလို႔ လုပ္ေနတာလား ကိုယ့္ေကာင္ေလးက"
ထိုသို႔ေျပာေတာ့ ေခါင္ေလး ငံု႔သြားရွာသည္။
ထို႔ေနာက္ မ်က္ဝန္းေထာင့္ရွိ မ်က္ရည္မ်ားကို သုတ္၍ ေျပာလာသည့္ ေလသံေဖ်ာ့ေဖ်ာ့ေလး။
"မငိုပါဘူး"
မ်က္ရည္ေတြကို အတင္းသုတ္ရင္း မငိုပါဘူးဟူ၍ ျငင္းလာေသာ ေကာင္ေလးေၾကာင့္ မိုင္စိုင္းခမ်ာ ရယ္ရခက္ ငိုရခက္ႏွင့္။
"သည္းငယ္ မငိုဘူးဆိုေတာ့ မ်က္ရည္ေတြက
မ်က္လံုးထဲကေန သူတို႔ ဘာသာ ခုန္ဆင္းလာၾကတာ ျဖစ္ရမယ္"
မိုင္စိုင္း၏ စကားေၾကာင့္ ဂြမ္းလံုးေလးသည္ မ်က္လံုးေလးေတြ မွိတ္သြားသည္ အထိ ျပံဳးသြား၏။
"ကိုယ့္ေကာင္ေလး စာမက်က္ထားတာနဲ႔ ကိုယ္က စိတ္ဆိုးစရာလား။ သည္းငယ္ေလးကို ခ်စ္လို႔ေတာင္ မဝတာကို။ ကိုယ့္ရင္ခြင္ထဲ လာပါအံုး"
လက္ေမာင္ႏွစ္ဖက္ကို ဆန္႔တန္းကာ ႀကိဳဆိုေတာ့ ေပါင္ေပၚသို႔ ေစြ႕ခနဲ လာထိုင္ကာ ရင္ခြင္ထဲသို႔ ေခါင္းေလး မွီခ်လာသည့္ ဂြမ္းလံုးေလး။ မိမိေပြ႕ဖက္ဟု ၾကံလိုက္တိုင္း အျမဲလြတ္ေအာင္ ေျပးတတ္သည့္ ေကာင္ေလးသည္ ယခုေတာ့လည္း ရင္ခြင္ထဲသို႔ အသာတၾကည္ေလး ဝင္ေရာက္လာသည့္ အတြက္ မိုင္စိုင္း၏ ရင္ထဲ၌ ေႏြးေထြး ၾကည့္ႏူးမႈ အျပည့္။ မိုင္စိုင္းနည္းတူ ေခါင္လြမ္း၏
ႏွလံုးသားေလးသည္လည္း စိတ္လူပ္ရွားမႈေၾကာင့္ တသိမ့္သိမ့္ လႈပ္ရွားေနရသည္။ နားဖ်ားႏွင့္ နီးကပ္ေနသည့္ ရင္ဘတ္ႀကီးထံမွ တဒိတ္ဒိတ္ ႏွလံုးခုန္သံကို ၾကားလိုက္ရခ်ိန္ ႏႈတ္ခမ္းေလး ေကြးတက္သြားသည္ အထိ ေခါင္လြမ္း ျပံဳးမိသြားသည္။
"ကိုယ္ စိတ္မဆိုးဘူးဆိုေပမဲ့ မွားတဲ့ စာလံုး အေရအတြက္တိုင္းေတာ့ အနမ္းခံရမွာေနာ္"
အႀကိမ္ႀကိမ္ နမ္းရိွုက္ခံရဖူးေပမဲ့ ယခုအခ်ိန္ထိ က်င့္သားမရစြာပဲ စိတ္လူပ္ရွားမႈေၾကာင့္ ေခါင္လြမ္းမွာ
လက္သီးေလးေတြကို ခပ္တင္းတင္း ဆုပ္မိေနတုန္း။
"ႏွစ္ဆယ့္ရွစ္လံုး မွားတယ္ အဲသည္ေတာ့"
ဖ်တ္ခနဲ နမ္းရိွုက္လိုက္မႈေၾကာင့္ ေခါင္လြမ္း၏ နားရြက္ဖ်ားေလး တစ္ဖက္သည္ ပူေႏြးသြားရ၏။ ထို႔ေနာက္ နားထင္ေပၚသို႔ ခပ္ဖြဖြ က်ေရာက္လာသည့္ ဒုတိယေျမာက္ အနမ္း။
"နာဆန္ ေရွာင္းရွိန္ေင"
နားအတြင္းသို႔ ရိုက္ခတ္လာေသာ ခပ္ေႏြးေႏြး ေလထုသည္ ေခါင္လြမ္း၏ ႏွလံုးသားေလးကို ကလူက်ီစယ္ပါသည္။
ကိုကို ေျပာေသာ စကားကို နားမလည္သည့္ အတြက္ ရင္ခြင္ထဲမွ ထြက္ကာ ၾကည့္မိလိုက္ေတာ့ နဖူးေပၚသို႔ ဖ်တ္ခနဲ အေႏြးဓာတ္ေလး လာေပးျပန္၏။
"ရဝမ္ဘာသာ စကားမွာဆို နာဆန္ ေရွာင္းရွိန္ေငက
မင္းကို ကိုယ္ခ်စ္တယ္တဲ့"
ယခုမွ ၾကာဖူးသည့္ စကားလံုး အသစ္ေလး ျဖစ္သည့္အတြက္ အံ့အားသင့္မႈႏွင့္ အတူ
ရုတ္တရက္ ၾကားလိုက္ရေသာ ေမတၱာစကားေၾကာင့္ ေခါင္လြမ္း၏ မ်က္ႏွာေလးမွာ ပူေႏြးသြားရသည္။
"အိုင္လက္ဘ္ယူ..."
ေခါင္လြမ္းလည္း အားက်မခံပါပဲ။ တစ္ေန႔ကမွ သင္ထားသည့္ အဂၤလိပ္ စကားလံုးေလးကို
ေျပာျပလိုက္ေတာ့ ကိုကိုသည္ ရယ္ေမာကာ ေခါင္လြမ္း၏ ပါးေလးတစ္ဖက္ကို ခပ္ဖြဖြေလး လာဆြဲပါေတာ့သည္။
----- ---- ----
ညေန ငါးနာရီ ထိုးသည္အထိ အိမ္သို႔ ျပန္မေရာက္ေသးေသာ ကိုကိုေၾကာင့္ ေခါင္လြမ္း၏ စိုးရိမ္စိတ္က ပိုလာသည္။ ထို႔ေၾကာင့္ အိမ္ေအာက္သို႔ ဆင္း၍ ျခံစည္းရိုးနားေလး၌ ရပ္ေစာင့္ေနမိ၏။ ဘယ္ေသာအခါမၽွ သည္ေလာက္ ေနာက္မက်တတ္ေသာေၾကာင့္ မိုးဖြားေလးေတြ က်ေနသည့္တိုင္ အိမ္အျပင္ဘက္၌ ေခါင္လြမ္း ေပေတး
၍ ရပ္ေစာင့္ေနမိသည္။ သခင္နည္းတူ လပ္ကီးေလးသည္လည္း ျခံေပါက္ဝေလး၌ ေဆာင့္ေၾကာင့္ေလး ထိုင္ကာ မိုင္စိုင္း အလာကို
ေစာင့္ေနပံုရသည္။ အိမ္ေရွ႕၌ ေစာင့္ေနတုန္း ဖ်တ္ခနဲ
ေတြ႕လိုက္ရသည့္ ပံုရိပ္ေၾကာင့္ ဝမ္းသာအားရ ျခံဝန္း အျပင္ဘက္သို႔ ထြက္လာလိုက္ေသာ္လည္း
ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ေခါင္လြမ္း၏ ေျခလွမ္းေလးေတြမွာ ရပ္တန္႔သြား၏။
အျပန္အလွန္ စကားေတြ ေျပာကာ ရယ္ေမာရင္း လမ္းေလၽွာက္လာၾကေသာ လူႏွစ္ေယာက္သည္ ေခါင္လြမ္းကို ျမင္ေသးမည့္ပံု မေပၚပါ။ ကိုယ္မဟုတ္သည့္ အျခားလူတစ္ေယာက္ကို အျပံဳးတို႔ စြန္႔ၾကဲေနသည့္ ကိုကိုေၾကာင့္ ေခါင္လြမ္း၏ ႏွလံုးသားေလးမွာ
ဆစ္ခနဲ နာက်င္သြားရ၏။ ပိုင္ဆိုင္ခြင့္ရတာဆိုလို႔ သည္လူသားတစ္ေယာက္ပဲ ရွိသည့္ ဘဝ၌ ထိုလူကပါ စြန္႔ခြာသြားလၽွင္ ေခါင္လြမ္း၏ ႏွလံုးသားေလးမွာ
ေသဆံုးသြားရလိမ့္မည္။ ရယ္ေမာေနသည့္ ကိုိုကိုသည္ ယခုမွ ေခါင္လြမ္းကို သတိထားမိပံုေပၚသည္။
ေလေဝွ႕ယမ္းျပကာ အနားသို႔ ေျပးလာ၍ ေခါင္းေပၚသို႔ လက္ဖဝါးတစ္ဖက္ႏွင့္ လာမိုးေပး၏။
"ဘာလို႔ အျပင္ ထြက္ေစာင့္ေနတာတုံး သည္းငယ္။ မိုးဖြားေလးေတြ က်ေနတာ ႏွာေတြေစးကုန္မွာေပါ့"
"ထြက္ခ်င္လို႔"
စကားကို ခပ္တိုးတိုးသာ ေျပာတတ္သည့္ ေကာင္ေလးသည္ ယခုေတာ့ အသံ ခပ္စြာစြာေလး ထြက္လာသည့္အတြက္ မိုင္စိုင္း အံ့ဩသြားရ၏။
ခါတိုင္း ပါလာသည့္ ပစၥည္းမ်ားကို အျမဲ သယ္ေပးေနက် ေကာင္ေလးသည္ ယခုေတာ့ သယ္မေပးေတာ့ဘဲ မိုင္စိုင္းထံ မ်က္ေမွာင္ၾကဳတ္၍ စိုက္ၾကည့္ကာ အိမ္ေပၚသို႔ ေျပးတက္သြားေတာ့၏။
"မိုင္စိုင္းတို႔ကေတာ့ သူ႔အခ်စ္ကို ေတြ႕တာနဲ႔ ငါ့ကို ထားၿပီး ေျပးသြားေတာ့တာပဲ"
ထိုအသံၾကားမွ သူႏွင့္အတူ ပါလာသည့္ အစ္မႀကီးကို ျပန္သတိရသြား၏။ သူ(မ) ေျပာသည္မွာလည္း အမွန္အတိုင္းျဖစ္ေနသည့္အတြက္ မိုင္စိုင္း အရွက္ေျပသာ
ရယ္ျပလိုက္ရသည္။
"ကၽြန္ေတာ့္ အမ်ိဳးသားေလးနဲ႔ မိတ္ဆက္ေပးမလို႔ကို။ သည္ေကာင္ေလး ဒီေန႔မွ ဘာျဖစ္သြားတာလဲ မသိဘူး"
"ေသခ်ာတာကေတာ့ သဝန္တိုသြားတာ။
ေစာနတုန္းကလည္း ငါ့ကို စိုက္ၾကည့္သြားတာမ်ား
ေက်ာေတာင္ ခ်မ္းတယ္။ အျမန္ သြားေခ်ာ့လိုက္အံုး။ ဒါနဲ႔ ငါ့သားေလး ေမြးေန႔ ဖိတ္ထားတာ ႏွစ္ေယာက္စလံုး
လာခဲ့ေနာ္"
"စိတ္ခ်ပါ။ ကၽြန္ေတာ္တို႔ ႏွစ္ေယာက္ ဆက္ဆက္လာခဲ့မယ္ေနာ္"
"ေအး။ ဒါဆို ငါသြားၿပီ"
မိုင္စိုင္းမွာ အသိအစ္မႀကီးကို ႏႈတ္ဆက္ၿပီးႏွင့္ တစ္ၿပိဳင္နက္ ခ်စ္ရသူထံသို႔ အျမန္ သြားရေတာ့သည္။
ေဟာ ေတြ႕ပါၿပီ။ အိမ္ေနာက္ေဖးရွိ ေျမကြက္လပ္၌ ေဆာင့္ေၾကာင့္ေလး ထိုင္ေနသည့္ အျဖဴလံုးေလး။
"သည္းငယ္ ကိုယ့္ကို ၾကည့္ပါအံုး"
မိုင္စိုင္းထံ ေက်ာေပးကာ မၾကားခ်င္ေယာင္ေဆာင္ေနေသာ ေကာင္ေလးေၾကာင့္ ေဘးနားသို႔ သြားထိုင္လိုက္ေတာ့ ခရင္းျဖင့္
ေျမႀကီးေတြကို စိတ္တိုင္းက် တူးဆြေန၏။
"ကိုယ့္ကို သဝန္တိုေနတာလား"
ကိုကို ေျပာလာသည့္ သဝန္တိုသည္ဆိုေသာ စကားလံုး၏ အဓိပၸါယ္ကို ေခါင္လြမ္း ေကာင္းေကာင္း မသိ။
သို႔ေပမယ့္ ေခါင္လြမ္း၏ ရင္ထဲ တင္းက်ပ္ နာက်င္ေနကာ ဝမ္းနည္းမႈတို႔က စိုးမိုးထားသည္။ ထို႔ေၾကာင့္ ေျမႀကီးေတြသို႔သာ အျပစ္ပံုခ်ရင္း တူဆြေနမိေတာ့ ကိုကိုသည္ ေဘးနားသို႔ လာထိုင္၏။
"ကိုယ့္ကို စိတ္ဆိုးသြားတာလား သည္းငယ္"
သူေမးသည့္ စကားကို မၾကာခ်င္ေယာင္ေဆာင္ေနသည့္
ေကာင္ေလးကို မိုင္စိုင္း ေငးၾကည့္ရင္း ျပံဳးလိုက္မိသည္။
သဝန္တိုေနသည့္ ဂြမ္းလံုးေလး၏ ပံုစံသည္ မိုင္စိုင္း ယခုမွ ျမင္ေတြ႕ခြင့္ရသည့္ ရွားပါးပံုရိပ္ေလးမို႔လို႔ တစ္မ်ိဳးေလး ထူးျခားေနသည္။ ထိုပံုရိပ္ေလးကို ျမတ္ႏိုးလွသည္မို႔ ပါးႏုႏုေလးကို တစ္ခ်က္ နမ္းလိုက္ေသာ္လည္း
ဂြမ္းလံုးေလးသည္ မိုင္စိုင္းထံသို႔ လွည့္ၾကည့္မလာပါ။
"ျပန္လာတာ ေနာက္က်တယ္"
ခဏၾကာေတာ့မွ ေျပာလာသည့္ စကားေလး တစ္ခြန္း။
အေခ်ာ့ခံဖို႔ အသင့္ျဖစ္ေနၿပီလို႔ အသိေပးလိုက္သည့္ အတိုင္း ဂြမ္းလံုးေလးကို အစြမ္းကုန္ ေခ်ာ့ဖို႔ မိုင္စိုင္း
ႀကိဳးစားရေတာ့မည္။
"ကိုယ္ ကိစၥေလး ရွိလို႔ပါ။ ေကာင္ေလးက ကိုယ့္ကို ေမၽွာ္ေနတာလား"
ေခါင္းညိတ္ျပလာေသာ ေကာင္ေလးေၾကာင့္ မိုင္စိုင္း၏ ရင္ထဲ ၾကည္ႏူးရသြားရသည္။ သို႔ေသာ္ မိုးဖြားေလးေတြ ၾကားထဲ ရပ္ေစာင့္ေနရမည့္ ပံုရိပ္ကို ေတြးမိျပန္ေတာ့ ရင္ထဲ၌ ဝမ္းနည္းမႈလိွုင္းေလး ျဖတ္သန္းသြားရ၏။
"ေနာက္တစ္ခါ ကိုယ္ေနာက္က်ရင္ ထြက္မေစာင့္နဲ႔ေနာ္"
"ေစာနက ဘယ္သူလဲ"
သူ႔ေဘးမွ ဂြမ္းလံုးေလး၏ အသံသည္
ေအးစက္စက္။ သည္ေကာင္ေလး
သဝန္တိုေနသည္မွာ ေသခ်ာေနျပီမို႔လို႔ မိုင္စိုင္း၏ မ်က္ႏွာမွာ ျပံဳးစိစိ ျဖစ္သြားေပမဲ့ အခ်ိန္မီ ျပန္ထိန္းလိုက္ရ၏။
"အဲတာ ကိုယ္ဆယ္တန္းတုန္းက အိမ္မွာ စာလာသင္ေပးတဲ့ အစ္မႀကီး။ ဒီေန႔မွ လမ္းမွာဆံုလို႔ စကားေျပာလာတာ။
သူ႔သားေလး ေမြးေန႔ေတာင္ ကိုယ္တို႔ႏွစ္ေယာက္ကို လာဖို႔
ဖိတ္လိုက္ေသးတယ္"
ေသခ်ာ ရွင္းျပလိုက္မွ စူပုပ္ေနေသာ မ်က္ႏွာေလးသည္ ျပံဳးသေယာင္ေလး ျပန္ျဖစ္သြားေတာ့၏။ ခ်စ္ရသူ၏ ရာသီဥတုေလး ျပန္သာယာလာတာ့မွ မိုင္စိုင္းခမ်ာ သက္ျပင္းခ်ႏိုင္ေတာ့သည္။
"ေကာင္ေလး တစ္ေယာက္ေတာ့ အူတိုေနပါၿပီ"
"မတိုဘူး"
"ဒါဆို ေစာနက ဘဲႏႈတ္သီးလို ႏႈတ္ခမ္းေလး ေထာ္ေနတာ ဘယ္သူတုံး"
သဝန္တိုေနသည့္ ဂြမ္းလံုးေလးသည္ မိုင္စိုင္း အတြက္ေတာ့ တကယ့္ကို အူယားစရာေလး။ ထို႔ေၾကာင့္ မ်က္ႏွာေလးကို လက္ႏွစ္ဖက္ႏွင့္ ဆြဲညစ္ယူကာ ကိုယ့္ဘက္သို႔ လွည့္ေစေတာ့ စူထြက္လာေသာ ႏႈတ္ခမ္းရဲရဲေလးသည္
ထင္ထင္ရွားရွား။
"အူတိုေနတဲ့ ဘဲေပါက္စေလး"
"ဘဲေပါက္စ မဟုတ္ဘူး"
ပါးႏွစ္ဖက္ကို ဖ်စ္ညစ္ထားေသာေၾကာင့္ ထြက္လာသည့္ အသံေလးသည္ မပီမျပင္။ မိုင္စိုင္း၏ မ်က္စိေရွ႕မွ နီတာရဲ ႏႈတ္ခမ္းပါးေလးသည္ ခ်ယ္ရီသီးေလးႏွင့္ေတာင္
အသြင္တူလွသည္။
"ဘဲေပါက္စ လို႔ မေခၚေစခ်င္ရင္ ခ်ယ္ရီသီး ေပးျမည္း"
စိတ္လႈပ္ရွားေနေသာ ေကာင္ေလးသည္ ထိုစကားကို ေယာင္ယမ္းကာ ေခါင္းညိတ္လိုက္မိေသာ သူ႔ေရွ႕မွ အမ်ိဳးသားသည္ ဖ်တ္ခနဲ ျပံဳးသြား၏။ ထိုေန႔ ညေနက ဂြမ္းလံုးေလး၏ ခ်ယ္ရီသီးေလးသည္ ပူေႏြးသြားေအာင္
အျမည္းခံခဲ့ရပါသည္။
#1.8.21