လက်ကို အတင်းဆွဲထားတဲ့ ယူနာ ရဲ့လက်ကို တွန်းဖယ်လိုက်ရင်း
" ယူနာ ကိုယ့်မင်းကို မချစ်ပေမယ့် ဒီကလေးက ကိုယ့်ကလေးမို့လို့ မပေါ့ဆ ပါနဲ့ "
* ကိုယ်မင်းကို မချစ်ပေမယ့် * ဒီလို စကားမျိုးပြောထွက်လာမှာကို အစထဲက သိသည်။ ဒါပေမယ့် သူ့နားမှာရှိရင် ပြီးရော ဆိုပြီး သိမ်းသွင်းမိခဲ့တာ ဒီလို စကားကြားရပြီး ဂျေး အနားမှာ နေရတာ မရှိတာထက်တော့ ကောင်းပါတယ်။
" ကို ယူနာ့ကို ချစ်ပေးလို့မရဘူးလားဟင် "
" ......... "
" ဖြေလေ ကို့ရဲ့ ရင်သွေးလေးကိုလည်း လွယ်ထားရတယ်လေ မချစ်ပေးနိုင်ဘူးလား "
ယူနာ မေးလာသည့် အမေးကို မဖြေချင်တာ မှန်ပေမယ့်
" ကြာလာရင်တော့ ချစ်လာမှာပါ "
ဂျေး ရဲ့ အဖြေကြောင့် အပျော်လွန်ပြီး ထခုန်တော့
" ဟေးဟေး အဲ့လို မခုန်ရဘူးလေ ကလေးကို ထိမိအုန်းမယ် "
" ဟီး ပျော်လို့ပါ ထမင်းသွားစားကြရအောင် "
ဒီအဖြစ်အပျက်ကို အစအဆုံး မြင်သွားခဲ့တဲ့ ဂျယ်ယွန်းကတော့ တစ်ယောက်ထဲ ရင်ထဲ ကြိတ်ခံစားနေရသည်။
တစ်ကယ်ဘဲ သူ့ကို မချစ်တော့တာလား။ တူတူ လုပ်ခဲ့တဲ့ အမှတ်တရတွေကို တကယ် ဖျောက်ပြစ်နိုင်လိုက်တာလား ဂျေ။
*တကယ်ဘဲ ငါ့ကို မချစ်တော့တာလား *
" အဒေါ်ကြီး ဆောနူ ရော "
အိမ်ပြန်ရောက်ရောက်ချင်း အိမ်ရဲ့ အခြေအနေက ပုံမှန်နေ့တွေထက် တိတ်ဆိတ်နေလို့ ထမင်းစား ခန်းထဲက ထွက်လာသည့် အဒေါ်ကြီးက်ု မေးကြည့်တော့
" ဟို သခင်လေးက အပေါ်ထပ်အခန်းထဲမှာပါ ပြီးတော့ ........... "
"ပြီးတော့ ဆက်ပြောလေ အဒေါ်ကြီး "
" ဘယ်သူ့မှ အခန်းထဲ ဝင်မလာပါနဲ့လို မှာထားတယ် "
" ကျွန်ဝောာ် ရောလား "
" ဟုတ်ပါတယ် "
ဆောနူ သူ့ကို ဘာကြောင့် အခန်းထဲ ပေးမဝင်တာလဲ ဆိုတဲ့ အ
ကြောင်းပြချက်ကို သိသည်။
သိမ်းပိုက်ထားတာ ဆောနူ ဆိုပေမယ့် သူနဲ့ လက်ထပ်ပြီးထဲက ဆောနူ ပျော်ရွင်ချင်းမရှိခဲ့။ အမြဲ သူပေးတဲ့ ဒဏ်ရာတွေနဲ့ဘဲ အချိန်တိုင်း ဝမ်းနည်းနေတာကိုလည်း သိသည်။ အားနာ မိသည် ဆောနူကို ။
အပြင်ပန်းမှာ ကြံခိုင်တယ်လို့ ထင်ရတဲပ ဆောနူက သူနဲ့ တွေ့ရင် အစစအရာရာ နူးညံ့ပြီး အားနည်းသွားတက်သည်။ ထို့ကြောင့်လည်း ဂျယ်ယွန်း ပြုသမျှ လုပ်သမျှကို ခံနေရတာ ဖြစ်သည်။
အဒေါ်ကြီး ပြောသည့် စကားကို လျစ်လျူရှုပြီး အပေါ်ထပ်တက်မယ်အလုပ်
" သခင်လေးရှင်း မတက်သွားရင် ကောင်းမယ် ထင်တယ် "
" ဘာဖြစ်လို့ မကောင်းရမှာလဲ ကိုယ်နြဲ လက်ထပ်ထားတဲ့ သူရဲ့အခန်းထဲကို သွားမှာဘဲ "
အဒေါ်ကြီး လှမ်းတားတာတောင် လက်မခံဘဲ ဆောနူရှိရာ အခန်းဆီသို့ ထွက်လာခဲ့သည်။
အိမ်ပြန်ခါနီး ဆောနူ ကြိုက်တဲ့ Mint Choco ရေခဲမုန့်လေး ဝယ်လာဖြစ်တာကြောင့် သွားဖို့ ဖို့ လုပ်သည် ။
အခန်းရှေ့ရောက်တော့ အခန်းထဲက ထွက်ပေါ်လာသည့် အသံတစ်ခုကြောင့် တံခါးကို ဖွင့်မယ့် လက်တွေက ရပ်တန့်သွားခဲ့သည်။
အသံက မသည်းကွဲဝာာကြောင့် အခန်းတံခါးနားကို ကပ်ပြီး နားထောင်ကြည့်တော့
* ရှုိက်ရှိုက်ပြီး ငိုနေတဲ့ အသံ *
မဟုတ်မှ လွဲရော် ဒီကလေး သူအိမ်က ထွက်သွားထဲက အခု ချိန်ထိ ငိုနေခဲ့တာလား။
စိတ်ပူပူ နဲ့ အခန်းတံခါး ဖွင့်လိုက်တော့ ခုတင်အောက်မှ ဒူးခေါင်းနှစ်ခုကို ပိုက်ကာ ခေါင်းစိုက်ပြီး ငိုနေသည့် ဆောနူကို တွေ့တော့ အရင်ကထက် ပိုပြီး ရင်ထဲနာကျင်မိသည်။
ခြေသံမကြားအောင် တိတ်တိတ်လေး အနားတိုးလာပြီး ဘေးနားကို ဝင်ထိုင်လိုက်တော့ ပါးပြင်ပေါ် စီးကျနေတဲ့ မျက်ရည်တွေကို မြန်မြန်သုတ်ပြီး မျက်လုံးတွေ မှိတ်တဲ့ အထိ ပြန်ပြုံးပြလာသည်။
ဆောနူကို မချစ်ဘူးဆိုပေမယ့် ဆောနူရဲ့ အပြုံးလေးတွေကို ချစ်မိနေတာ အမှန်။
ဘာလို့ ငိုနေတာလဲ ဆိုတာကိုတော့ မမေးတော့ဘဲ ဝယ်လာသည့် Mint Choco Ice-cream ကို ထုတ်ကျွေးလိုက်တော့ မြေခွေးပေါက်လေး အတိုင်း ဂျယ်ယွန်းပေါင်ပေါ်ကို တက်ထိုင်ပြီး ဖွင့်စားသည်။
ဆောနူ ငိုတဲ့ အကြောင်းအရင်းကို မေးလိုက်ရင်လည်း ဘာမှမဖြစ်ဘူး မျက်လုံးထဲ အမှုန်ဝင်လို့ တစ်ခုခုနဲ့ဆောင့်မိလို့ တို့ ဒီလိုတွေဘဲ ပြနါပြောမှာ သိနေမိတာကြောင့် မမေးဘဲ ထားလိုက်တော့သည်။
ပေါင်ပေါ် တက်ထိုင်နေတဲ့ ဆောနူကို အောက် ပြုတ်မကျအောင် အနောက်ကနေ ခါးကို ဖက်တွယ်ထားလိုက်တော့ ရေခဲမုန့်စားနေတဲ့ ကောင်လေးက ငြိမ်ကျသွားသည်။
" ဘာလို့လဲ ဆက်စားလေ "
" ဟို အကို က ........ "
" ပြုတ်ကျမှာ ဆိုးလို့ပါ စားစရာရှိတာ ဆက်စား "
ပေါင်ပေါ်မှာ ရှိနေတဲ့ ကောင်လေးရဲ့ မျက်နှာ လေးကို တိတ်တိတ်လေး ကြည့်လိုက်တော့ မျက်လုံးတွေကို ဖောင်းအစ်လို့။ တစ်နေကုန် ငိုထားတာ အရမ်းသိသာလွန်းသည်။
ရေခဲမုန့်တွေ ကုန်သွားတာတောင် အောက်နား ကပ်ကျန်နေပြီး အရည်ပျော်နေတဲ့ Mint Choco အရည်လေးတွေကို မော့သောက်နေလေသည်။
" အားး ကုန်သွားပြီ အကို ဝယ်ကျွေးတဲ့ ဟာမို့လို့ ထင်တယ် ပို အရသာရှိတယ် "
ဖောင်းအစ်နေတဲ့ မျက်လုံးလေးတွေ မှိတ်တဲ့ အထိ လှည့်ပြီး ပြုံးပြနေပြန်သည့် ဆောနူကို ကြည့်ပြီး ရင်ထဲ အောင့်လာပြန်သည်။
ဘာလို့ သူ့က်ုမှ လာချစ်ရတာလဲ။ ဘာမှ အသုံးမကျ အဖြစ်မရှိတဲ့ကောင်ကိုလေ
သူ့ကို မချစ်ဘဲ တစ်ခြားသူကိုဘဲ ချစ်လိုက်ပါလား ကလေးငယ်ရယ်
တွေးနေမိရင်း ဆောနူရဲ့ ငွေရောင်ဆံနွယ်လေးတွေကြားထဲ လက်ချောင်းလေးတွေ ထည့်ကာ ဆော့ကစားမိသည်။
ပေါင်ပေါ် ထိုင်နေသည့် ကောင်လေးကလည်း သဘောကျစွာ ပြုံးပြလာသည်။
" ဆောနူ အကို့ကို ပေးနိုင်မလား "
အဆုံးမရှိ အစမရှိ ပြောလာသည့် ဂျယ်ယွန်းရဲ့ စကားကြောင့် ဆောနူ ကြောင်နေမိသည်။
" ဟင် ဘာကိုပေးရ မှာ...... အွန့်.... "
ဆောနူရဲ့ စကားမဆုံးခင် နှုတ်ခမ်းတွေကို ထိကပ်လာသည့် ဂျယ်ယွန်းကြောင့် တစ်ဖန် လန့်နေမိပြန်သည်။
ခါးကို တွယ်ဖက်ထားသည့် လက်တွေက အငြိမ်မနေတော့ဘဲ အကျီအောက်ထဲကို လျှိုဝင်လာတာမို့ ကြောက်ပြီး တွန်းထုတ်မိသည်။
" အကို ဘာတွေ လုပ်နေဝာာလဲ မကောင်းဘူးထင်တယ် "
" ဘာလို့ မကောင်းရမှာလဲ လက်ထပ်ထားတယ်လေ "
" လက်ထပ် ထားလည်း .... အ!!!! "
မတ်တပ်ရပ်လျက်ဖြစ်နေသည့် ဆောနူကို အနောက်မှာ ရှိသည့် ခုတင်ပေါ်သို့ တွန်းချ လိုက်ပြီး အပေါ်က အုပ်မိုးကာ အနမ်းကြမ်းတွေ ပေးနေမိသည်။
ညှပ်ရိုးလေးတွေကို ဖိကိုက်လာတိုင်း ကော့ကော့တက်လာသည့် ရင်ဘတ်လေးကလည်း စွဲမက်စရာ
* ဒီတစ်ခါလည်း အကို့ကို ခွင့်လွတ်ပေးပါ *
ဆောနူကို ဒီလို ပုံစံမျိုးတွေနဲ့ အသုံးချနေတာ များလှပြီ။ အရင်တုန်းက နမ်းယုံတင် နမ်းတာ ဆိုပေမယ့် အခု တစ်ခါက ဒီအဆင့်ထက် ပိုနေသည်။
ဆောနူရဲ့ အကျီ .. ကြယ်သီးတွေအကုန် လူံးကို ဖြုတ်ချပြီး ခန္ဓကိုယ်အနှံ့ စိတ်ကြိုက် နမ်းရှိုက်နေမိသည်။
ခါးပတ်ကို ဖြုတ်မယ်လည်း ကြံကော် တားဆီးလိုက်သည့် လက်တစ်စုံကြောင့် ရပ်တန့်မိသည်။
" အကို ကျွန်တော့ကို ချစ်လား "
" ........ "
" ဖြေလေ မချစ်ဘဲနဲ့တော့ ဒီလိုတွေ မဖြစ်ချင်ဘူး "
ဆောနူရဲ့ စကားတွေကို လျစ်လှူရှုကာ ရုန်းကန်နေသည့် လက်တွေကို ဖမ်းချုပ်လာရင်း အနမ်းတွေကို ရှေ့ဆက်သည်။
ဒီတစ်ခါ ဆောနူ မပျော်ဘူး။ လုံးဝ မပျော်ဘူး ကြာလာတာနဲ့ အမျှ အသုံးချ ခံဆိုပြီး ခံစားလာရတယ် ဒီတစ်ခါလည်း တူတူဘဲ။
* ကျွန်တော့်ကို တကယ် ချစ်ပေးရင်ကောင်းမှာဘဲ *
ဆောနူပြောသည့် စကားသံကို ဂျယ်ယွန်း မကြားနိုင်ခဲ့။ ဂျယ်ယွန်းရဲ့ ပြုမူသမျှကို ခေါင်းလွဲ အံကြိတ်တာ ငြိမ်ခံနေမသည်။
ရင်ထဲက ပူလောင်မှု တွေကို ကြိတ်မှိုတ်ကာ တိတ်တဆိတ် ငိုကြွေးနေမိသည်။
ထိုအချိန်
ဝုန်းးးးးး
အခန်းတံခါး ဘက်က ထွက်လာသည့် အသံကြောင့် ဂျယ်ယွန်းရဲပ အနမ်းတွေရပ်တန့်သွားခဲ့သည်။
ဆောနူပေါ် အုပ်မိုးထားသည့် ဂျယ်ယွန်းရဲ့ ခန္ဓာကိုယ်ကို အားနဲ့ ဆွဲကာ ခုတင်အောက်ကို တွန်းချလိုက်သည့် အခန်းထဲ ဝင်လာသည့် ထိုလူ
" ရှင်းဂျယ်ယွန်း ခင်ဗျားက ခင်ဗျား အတ္တကိုဘဲ သိတဲ့ လူစားမျိုးဘဲ ဟ!! သူများ တန်ဖိုးထားရတဲ့ သူကို ဖြတ်လို ဖြတ်စီး လုပ်ချင်တဲ့ အောက်တန်းကျတဲပ ကောင်ဘဲ "
စကား အဆူံး ခုတင်ပေါ်က အကျီဗလာနဲ့ ဆောနူကို ဆွဲကို အခန်းထဲက ထွက်သွားသည်။
ဖြစ်လိုက်တဲ့ အဖြစ်အပျက်က သိပ်မြန်လွန်းတာကြောင့် ဘာက ဘာမှ မသိတော့ဘဲ အတွေးတွေ ကြပ်ရင်း အိပ်ခန်းထဲ တစ်ယောက်ထဲ ကျန်ခဲ့လေသည်။
ဂျယ်ယွန်း စဉ်းစားမရတာ တစ်ခုက အဲ့သူက ဘယ်လိုလုပ် အိမ်ထဲကို ရောက်လာတာလံ ဆိုတာဘဲ။
_________
______
" နီခီ ငါ့ကို လွတ် "
" အခု လွတ်လို့ပြောနေတယ် "
အားကုန်သုံးကာ ရုန်းနေပေမယ့်လည်း သန်မာတဲ့ နီခီ ရဲ့ လက်ထဲက ပြေးမထွက်နိုင်ခဲ့ပေ။
" ပါးစပ်ပိတ်ပြီး ကားပေါ်တက် ဆောနူ "
လေသံမာမာနဲ့ ပြောလာသည့် နီခီကြောင့် ခေါင်းငုတ်ကာ လိုက်လုပ်မိသည်။
ကားပေါ်ရောက်တော့ ဝတ်ထားသည့် ကုတ်ကို ဆောနူရဲ့ ခန္ဓာက်ုယ်ပေါ် လွှားပေးလိုက်ကာ မောင်းနှင်ထွက်သွားတော့သည်။
အချိန်အတော်ကြာ စကားမပြောဘဲ လူပြတ်တဲ့ နေရာရောက်တော့ ကားကိုာရုတ်တရက် ထိုးရပ်လိုက်သည့် နီခီကို နားမလည်စွာ ကြည့်ရင်း
" နီခီ င့ါကို ဘယ်ခေါ်လာတာလဲ အခု ချကိချင်း အိမ်ပြန်ပို့ပေး "
" ဟာ ကွာ ပါးစပ် ပိတ်ထားလို့ ပြောနေတယ်လေ "
ကျယ်လောင်စွာ အော်လိုက်ရင် သူ့ဘက် လှည့်လာသည့် နီခီကြောင့် မျက်စိကို ဆုံမှိတ်လိုက်မိသည်။
ခနကြာတော့ ခန္ဓာကိုယ်က နွေးခနည်း ခံစားလိုက်ရတာကြောင့် မျက်လုံးဖွင်ါက်ြည့လိုက်တော့ နီခီက သူ့ပေါ် တက်ထိုင်လျက် မျက်နှာကို ရင်ဘတ်တွေ အပ်လျက် လာဖက်ထားသည်။
" တောင်းပန်ပါတယ် ကျွန်တော် အော်လိုက်မိလို့ "
" ကျွန်တော် ဒီလိုတွေ လုပ်နေရတာက ဆောနူပျော်ဖို့ အတွက် ဆိုတာကို သိစေချင်တယ် "
ရင်ဘတ်ကို ကပ်ထားသ်ည့ နီခီရဲ့ခေါင်းကို တွန်းဖယ်ကာ
" နီခီ ငါ့ဟာငါ ငါ့ဘဝနဲ့ ငါ ရှင်သန်ပရစေ ကျေးဇူးပြုပြီး ငါ့ကို နာကျင်အောု် မလုပ်ပါနဲ့"
" ကျွန်တော် က ဆောနူကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တာ အခုတော့ ဆောနူ နာကျင်နေရတာကို မကြည့်ရက်တော့လို့ အဲ့လူရဲ့ ဆီက ဆွဲထုတ် လာခဲ့တာလေ "
" ငါ အကို့ကိုာချစ်တယ် အကိုက ငါ့ကို ဘယ်တော့မှ နာကျင်အောင် လုပ်မှာမဟုတ်ဘူး "
ဆောနူရဲ့ စကားအဆုံး ကျယ်လောင်စွာ ရယ်လိုက်သည့် နီခီ
" ဟ ဆောနူ ရူးနေတာလား ဆောနူ နာကျင်နေတယ် ပက်ပက်စက်စက်ကို နာကျင်နေတာ ကျွန်တော်သိတယ် ဆောနူကိုအဲ့ရှင်းဂျယ်ယွန်း ဆိုတဲ့ စူက အသုံးချနေတာကို မသိတာလား အဲ့လောက်တုံးရလား "
" ငါ့ဟာငါ နာကျင်ကျင် မကျင်ကျင် မင်းနဲ့ မဆိုင်ဘူး ငါ့ကို လွတ်ပေးတော့ "
နီခီကို တွန်းဖယ်ကာ ကားတံခါးဖွင့်မယ် အလုပ် နီခီ့ရဲ့ စကားတစ်ခွန်းကြောင့် လက်တွေဟာ ရပ်တန့်သွားခဲ့သည်။
" ဆောနူ မသိသေးတဲပ အကြောင်းတွေ ရှ်သေးတယ် အများကြီးဘဲ "
" ဘာ အကြောင်းလဲ "
" သိချင်ရင် ဒီည ကျွန်တော်နဲ့ တူတူနေပေး "
ဆောနူ လက်မခံ ချင်ပေမယ့် နီခီရဲ့ အရှုပ်တွေကို ရှင်းချင်တာကြောင့် နေပေးမယ် ဆိုပြီး လက်ခံလိုက်သည်။
" ဆောနူ မသိဘူးမဟုတ်လား ကျွန်တော်က ရှင်မ်းဂျယ်ယွန်းကို ဆောနူ အနားရောက်အောင် ပို့ပေးခဲ့တဲ့ သူဆိုတာ "
" ဟမ်!!! "
* ဂျယ်ယွန်းကို သူ့အနားကို ပို့ပေးခဲ့တာသူ *
" အဲ့နေ့ညက ဆောနူနဲ့ ဂျယ်ယွန်းတို့ နမ်းနေတဲ့ ဗီဒီယိုဖိုင်ကို ကျွန်တော် ပို့ပေးခဲ့တာ။ ပြီးတော့ ဂျယ်ယွန်းတို့ စီပွားရေး ကျအောင် လည်း တမင်တစ်ကာ ဖန်တီးခဲ့တာ။ ဂျယ်ယွန်းနဲ့ ဆောနူကို လက်ထပ်ပေးဖို့ ဂျယ်ယွန်း ရဲ့ အဖေကို သွားပြောခဲ့တာလည်း ကျွန်တော် ကိုယ်တိုင်ဘဲ၊ ဒီလိုနီးနဲ့ ရှင်မ်းဂျယ်ယွန်းကို ဆောနူ အနားကို ရောက်အောင် ပို့ပေးခဲ့တာ ။ ဆောနူ ပျော်နေတာကိုဘဲ မြင်ချင်လို့ အပြုံးလေးတွေ မပျောက်စေချင်လို့ ကိုယ့်အကိုရဲ့ ချစ်သူကို လုယူပေးခဲ့တာ ။ ကျွန်တော် ထင်နေခဲ့တာတွေက အခု မှားနေပြီဆိုတာ သိလိုက်တယ်။ ဆောနူက မပျော်ရွှင်နိုင်ဘူး "
များပြားလှတဲ့ အကြောင်းတွေဟာ ဆောနူရဲ့ ခေါင်းထဲကို ရောက်လာပြီး အတွေးတွေ ရှုပ်နေမိသည်။
" ဘာလို့ ငါ့ကို ဒီလို ကူညီ ပေးခဲ့ရတာလဲ "
" ချစ်လို့ ဆောနူ ကို ချစ်လို့ "
" ငါကတော့ မင်းကို မချ....... "
ဆောနူဆီက ပေးလာမည့် အဖြေကို မကြားချင်တာကြောင့် နှုတ်ခမ်းတွေကို ထိကပ်ပြီး နှုတ်ပိတ်လိုက်သည်။
အချိန်။ အတန်ကြာ ငြိမ်သက်နေခဲ့ပြီး နှုတ်ခမိးတွေကို ပြန်ခွာ ပေးခဲ့သည်။
" မင်း သိမှာပါ နီခီ ငါ့ရဲ့ အဖြေကို ငါက အကိုတကယ်ထဲကိုဘဲ ချစ်တာတာကို မင်းလည်း သိပါတယ် "
" အင်း... အခုတော့ ဘာမှ မစဉ်းစားဘဲ ကျွန်တော့် ရင်ခွင်ထဲမှာ အိပ်လိုက်တော့ "
ဆောနူရဲ့ ခေါင်းလူံးလူံးကို ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး ကလေးတစ်ယောက်ကို ချော့သိပ်နေသလို ချော့သိပ်နေလေသည်။
ဘယ်လောက်တောင် ပင်ပန်းနေလဲဆိုတာ သိပ်သိသာတာဘဲ ခဏလေး နဲ့ အိပ်ပျော်သွားတာ
ရင်ခွင်ထဲကို ဆောနူရဲ့ ခေါင်းလူံးလူံးကို တစ်ချက် ငုံနမ်းရင်း သူကိုယ်တိုင်လည်း အိပ်စက်တော့သည်။
* ဆောနူ နာကျင်နေတာကို မကြည့်ရက်ဘူး။ ကိုယ့်ကို မချစ်တဲ့ သူတစ်ယောက်ကို ဘာလို့ ချစ်နေသေးတာလဲ။ ဘေးနားမှာ ရှိနေတဲ့ ကျွန်တော့ကိုကော် တစ်ခါလောက် မချစ်ကြည့်ချင်ဘူးလား *
~||~
ဇာတ်လမ်းက မကောင်းဖြစ်သွားမယ် ထင်တယ်ရယ်😅
စိတ်က ဟိုရောက် ဒိရောက်နဲ့ဆိုတော့
Feedbackလေစလည်း လိုချင်ပါတယ်ဗျ🥺
(Zawgyi)
" ......... "
" အဒေါ်ကြီး ဆောနူကော် "
" ကျွန်ဝောာ်ကော်လား "
" ဟုတ်ပါတယ် "
* ရှိုက်ရှိုက်ပြီး ငိုနေတဲ့ အသံ *
" ဘာလို့လဲ ဆက်စားလေ "
" ဟို အကို က ........ "
" လက်ထပ် ထားလည်း .... အ!!!! "
" ........ "
ထိုအချိန်
ဝုန်းးးးးး
_________
______
" နီခီ ငါ့ကို လွတ် "
" နီခီ ငါ့ဟာငါ ငါ့ဘဝနဲ့ ငါ ရှင်သန်ပရစေ ကျေးဇူးပြုပြီး ငါ့ကို နာကျင်အောု မလုပ်ပါနဲ့"
" ဘာ အကြောင်းလဲ "
" ဟမ်!!! "
" ငါကတော့ မင်းကို မချ....... "
~||~