Game Of Life

Por AChit7777

85.9K 5.3K 203

ကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ... Más

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
10
11
12
13
14
15
16
18
19
20
21
22
23
24
25
26
27
28
29
30 (end)
Xiao's part

17

1.9K 142 5
Por AChit7777

Unicode
...တီ...

"အကိုရိပေါ်...ကောင်မလေးတစ်ယောက် တွေ့ခွင့်တောင်းနေတယ် ချင်းချင်းတဲ့ "

ဖန်ရှင်းအသံကြောင့် ရိပေါ်နဲ့ရှောင်ကျန့် အကြည့်ချင်းဆုံမိသွားသည်...

"အော်..ဝင်ခိုင်းလိုက် "

"ရိပေါ်ကောကော ရှောင်ကောကော"

"ချင်းချင်း ဘယ်လိုလုပ်ရောက်လာတာလဲ "

ရှောင်ကျန့်ကသူ့စားပွဲကနေထလာပြီး ဖန်ရှင်းကိုအအေးယူခဲ့ပေးရန်ပြောရင်း ဧည့်သည်တွေ့ဆုံတဲ့ဆိုဖာပေါ်ထိုင်ဖို့ညွှန်ပြပေးလိုက်သည်..

"ချင်းချင်းမော်ဒယ်သင်တန်းတက်မလို့ စုံစမ်းရင်း လမ်းသင့်လို့ဝင်လာတာ "

"ထမင်းစားချိန်တောင်ရောက်ပီပဲ ကျန့်ကောနေ့လည်စာ သွားစားလိုက်ရအောင်လေ ''

"အင်း ကောင်းသားပဲ ချင်းချင်းလဲလိုက်ခဲ့လေ"

"ရိပေါ်ကောကော ကကျွေးချင်ပါ့မလား"

"လိုက်ခဲ့ပါ"

"ဟိဟိ ဟုတ် "

၃ယောက်သား ကုမ္ပဏီကန်တင်းကိုထွက်လာလိုက်ကြသည်...

ကန်တင်းရောက်တော့ မမမေအော်ကမြင်ပြီးလှမ်းခေါ်သည်မို့သွားလိုက်ပြီး ရိပေါ်နဲ့ရှောင်ကျန့်ကတစ်ဖက် မေအော်နဲ့ချင်းချင်းကတဖက် မျက်နှာချင်းဆိုင်ထိုင်စားဖြစ်သည်...

"မမမေအော် ဒါကချင်းချင်းတဲ့ ကျွန်တော်တို့တစ်အိမ်လုံးရဲ့ ဧည့်သည်ဆိုပါတော့ "

ရှောင်ကျန့်ကမိတ်ဆက်ပေးတော့ မေအော်ထိုကောင်မလေးကိုကြည့်ပြီး ပြုံးပြလိုက်ကာ..
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ်ကဲ့ မမ ရိပေါ်ကောကောတို့ကိုခင်သလို ချင်းချင်းကိုလဲခင်ပေးပါနော် "

"ဟမ်...အော့..."

"ကျန့်ကော ကိုယ်စားဖို့သွားယူလိုက်ဦးမယ်နေခဲ့ဦးနော် "

"အင်း "
ရိပေါ်တို့၂ယောက်ဒီမှာလာစားဖြစ်ရင် အမြဲလိုလိုရိပေါ်ကယူပေးနေကြပင်...

"ရိပေါ်ကောကော ချင်းချင်းလိုက်ခဲ့မယ် "

"အင်း "

ရိပေါ်နဲ့ ချင်းချင်းထသွားတော့ မမမေအော်ကလိုက်ကြည့်ရင်း ရှောင်ကျန့်ရှေ့တိုးကပ်ကာ..

"လက်ထောက်ရှောင် မသင်္ကါစရာအနံ့ရနေတယ် "

ကုမ္ပဏီစဝင်ကတည်းက ထိုသို့ခေါ်ဖို့ရှောင်ကျန့်ကိုယ်တိုင်ပြောထားခဲ့တာမို့ အကုန်လုံးလက်ထောက်ရှောင်ပဲခေါ်ကြသည်..

"ဘာအနံ့လဲ မမမေအော်ရဲ့ "

"သေချာမသိပေမဲ့ လက်ထောက်ရှောင်တို့ဝင်လာကတည်းက ကြည့်နေတာ ရိပေါ်ကိုကြည့်တဲ့အဲကောင်မလေးအကြည့်တွေက မရိုးသားဘူး မိန်းမချင်းဆိုတော့သိနေတယ်လေ "

"မဖြစ်နိုင်ပါဘူး မမရာ. ကျွန်တော်နဲ့ဝမ်လေးအကြောင်း သူသိပါတယ် "

"အော် ပြောရခက်ပါကော သာမန်ကလေးတွေနဲ့ပျော်ရွှင်နေတဲ့အိမ်ထောင်ရှင်တယောက်ကိုတောင် ဖျက်လိုဖျက်စီး လုပ်လို့ရသေးတာပဲလေ "

ရိပေါ်တို့ပြန်ရောက်လာတာကြောင့် စကားစပြတ်သွားတော့သည်...

မမမေအော်ပြောတာ အဓိပ္ပာယ်ရှိပေမဲ့ ချင်းချင်းကတော့ အဲလိုမိန်းခလေးမဟုတ်လောက်ပါဘူး အကိုလိုခင်တာပဲနေမှာပါ...

ဒါပေမဲ့ ပြန်တွေးကြည့်ရင် ညီမလေးတစ်ယောက်လို ဖော်ဖော်ရွေရွေဆက်ဆံပေးတဲ့ ရှောင်ကျန့်ကိုထက် အဖက်မလုပ် စကားပြန်မပြောတဲ့ရိပေါ်ကို ပိုကပ်နေတာတော့အမှန်ပင်....

...........................

ထမင်းစားပြီးတော့ ရိပေါ်ကအလုပ်ကစ္စတခုနဲ့အပြင်သွားစရာရှိ၍...
"ကော...ကိုယ်အပြင်သွားရမယ် ကုမ္ပဏီကိုပဲပြန်လာမယ်"

"အင်း ဝမ်လေး "

"ရိပေါ်ကောကော ချင်းချင်းလဲလိုက်ခဲ့လို့ရမလား "

"ဟုတ်သားပဲ ရိပေါ် လမ်းတည့်နေတာပဲ ဝင်ပို့လိုက်ပါလား "
ရှောင်ကျန့်သဘောမကျပေမဲ့ လောကွတ်ပြုလိုက်မိသည်။စိတ်ထဲမှာတော့ ရိပေါ်ကိုငြင်းစေချင်သည်။
သို့ပေမဲ့ လက်ခံလိုက်တဲ့ရိပေါ်ကြောင့် စိတ်ထဲဝမ်းနည်းမိသွားပေမဲ့အတတ်နိုင်ဆုံးပြုံးကာ နှုတ်ဆက်ရတော့သည်။

ရုံးခန်းထဲကျန်ခဲ့တဲ့ရှောင်ကျန့် အလုပ်လဲလုပ်မရ နေမထိထိုင်မသာနဲ့ တောရောက်တောင်ရောက် အတွေးထဲ မမမေအော်ပြောစကားတွေသာရှိနေတော့သည်...

"ကျစ်...မဟုတ်တာတွေစိုးရိမ်နေမိတာပဲဖြစ်မှာပါ"

ရှောင်ကျန့် ဖုန်းထဲမှယွိပင်းဆိုသောနာမည်လေးကိုနှိပ်ကာ ခေါ်လိုက်သည်...
"ဟလို ယွိပင်း ကျိုးချန်ကိုခေါ်ပီး ငါ့ရုံးခန်းထဲလာခဲ့ကွာ "

......

"အကိုတော်ရှောင် ဘာများမိန့်စရာရှိလဲ "

"မစနဲ့ကျိုးချန် ယွိပင်းမင်းနဲ့ဖန်ရှင်းအခြေနေဘယ်လိုရှိလဲ "

"ဟင်း..ဘာမှလဲမဆိုင်ဘူး အဲဒါသိချင်လို့ခေါ်တာတော့မဖြစ်နိုင်ဘူး ပြောစမ်းပါစိတ်ထဲရှိတာကို "

"ဟိုကွာ... ဖြစ်တော့မဖြစ်နိုင်ပေမဲ့ တကယ်လို့ကွာရိပေါ်နားကိုကောင်မလေးတယောက်ကပ်လာရင် ငါဘာလုပ်ရမလဲ "

"ဟမ်.ဘယ်ကကောင်မလေးလဲ ရိပေါ်နဲ့ဘယ်အခြေနေထိရောက်နေပြီလဲ ပြောစမ်း.အဲကောင်ဖောက်ပြန်နေတာလား "

"ဟား..ကျိုးချန် တိုးတိုးပြောစမ်းပါ ဖန်ရှင်းကြားသွားဦးမယ် "

"အေးပါကွာ ငါလောသွားလို့ ပြောစမ်းပါအုံး "

"ဒီလိုကွာ ..."

ရှောင်ကျန့် ချင်းချင်းရောက်လာပုံအစ ဒီနေ့လိုက်ပို့ရတာအဆုံး ပြောပြလိုက်တော့...
"အော် မင်းဟာကလဲ ဘာမှတောင်မဟုတ်သေးဘူးလေကွာ ငါတို့ကဖောက်ပြန်တဲ့အဆင့်လားလို့ "

"မဟုတ်သေးပေမဲ့ မမမေအော်ပြောသလိုထူးဆန်းနေတယ်ကွာ အမှန်ဆို ဖွားရဲ့မြေးအရင်းကငါလေ ပြီးတော့ စတွေ့ထဲက ညီမလေးတယောက်လိုဆက်ဆံပေးခဲ့တာလဲငါပဲ ရိပေါ်ကတော့သိတယ်မလားသူ့ပုံစံအတိုင်းပဲ ဒါပေမဲ့သူကရိပေါ်ကိုပိုကပ်နေသလိုပဲကွာ.."

"ဟူး... ခက်တယ်ရှောင်ကျန့်ရာ မင်းတို့လက်ထပ်ခြင်းကလဲ သာမန်မဟုတ်တော့သားသမီးယူပြီး ချည်နှောင်ထားလို့လဲမရ ကျိုးချန်မင်းမှာဘာအကြံရှိလဲ "

ကျိုးချန်ကတချက်စဥ်စားပြီး...အကြံရသွားကာ
"ငါ့ကော ပြောဖူးတာရှိတယ် "

"အင်း " "ဘာလဲ "

"ကလေးဆိုလို့လေ အဲဒါနဲ့ပတ်သက်ပြီး မင်းတို့၂ယောက်ရဲ့သွေးသား ကလေးမွေးလို့ရတယ်လေ "

"ဟမ်.." "ဘယ်လို "

"ဒီလိုကွာ အခုဆိုမင်းတို့၂ယောက်က တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ပေါင်းစည်းကြပြီးပြီ စီးပွာရေးကလဲပြောစရာမလိုဘူး မင်းတို့မှာလိုအပ်တာ တီတီတာတာ ကလေးလေးတွေပဲမလား "

"ငါတို့၂ယောက်စလုံးက.."

"ပြောတာဆုံးအောင်နားထောင်ပါဦး ဖေ့သားရ... မင်းတို့၂ယောက်လုံးရဲ့ သုတ်ပိုးနဲ့ အငှားကိုယ်ဝန်ဆောင်ပြီးမွေးလို့ရတယ်ကွာ ငါပြောတာသဘောပေါက်လား "

"ဝိုး....ကျိုးချန် မင်းအဲဒါတွေပါလေ့လာထားတယ်ဟုတ်လား မဟုတ်မှ မင်းရော.."

ယွိပင်းပြောတော့ ကျိုးချန်ရှက်သွားကာ..လည်ပင်းကိုလက်နဲ့ပွတ်ရင်း...
"အဲလိုလဲမဟုတ်ပါဘူး ဟွိုက်ခွမ်းကောက ငါကလေးချစ်တတ်တယ်ဆိုတာသိလို့ပြောပြလို့ပါ "

"မင်းပြောတာမဆိုးဘူး ဘာပဲပြောပြော ကြိုးလေးရှိနေတော့တော်ရုံမပြတ်ဘူးပေါ့ကွာ ငါရိပေါ် နဲ့ပြောကြည့်ဦးမယ်"

ပြောသာပြောရမှာ ရိပေါ်ကလေးချစ်ပါ့မလား.ချစ်ခဲ့ရင်တောင်သဘောတူပါ့မလား...

.........................

"မား ကျွန်တော်လာတယ် "

ရှောင်ပါးက သစ်သီးတွေ ကြက်ပေါင်းတွေဝယ်ကာ အိမ်ရောက်လာခြင်းပင်...

"အင်း... မင်းလဲနော် တစ်ပတ်တစ်ခါတောင်ပုံမှန်မရောက်တော့ပါလား "

"အလုပ်တွေများတာနဲ့ မလာဖြစ်တာပါ မားဘာလိုအပ်လဲ နေလို့ထိုင်လို့ရောအဆင်ပြေရဲ့လား "

"ကိုယ်လက်ညောင်းညာတာကလွဲရင် ထွေထွေထူးထူးတော့မရှိပါဘူးကွယ် "

"ဟုတ် အိမ်မှာရော ဘာကိစ္စမှမရှိဘူးမလား"

"အင်း မရှိပါဘူး.."

"သားတို့ရော ရောက်ကြပြီလား မား ''

ရှောင်ပါးပုံစံကထူးဆန်းနေ၍ ဝမ်ဖွားဖွားက..
"မင်းပြောချင်တာတခုခုရှိလို့လား "

"အဲ အဲဒါက... "

"ပြောမှသာပြောစမ်းပါ မင်းမိဘာတွေမရှိတော့ကတည်း က ငါ့ကိုမင်းအမေလို့တွေးထားခဲ့တယ်မလား အခုလဲ သားကအမေကိုပြောတယ်လို့ပဲသဘောထားပေါ့ "

ဝမ်ဖွားဖွားရဲ့ နွေးထွေးတဲ့အပြောတွေကြောင့် ရှောင်ပါးမျက်ရည်လည်ရတော့သည်...
"မား ကျွန်တော်နဲ့ရှုမိန်တို့ လက်မှတ်ထိုးပြီးအတူတူနေနေကြပြီ အဲဒါ "

"အင်းလေ... တွဲနေတာကြာပြီပဲ ကျန့်ကျန့်လေးဖျက်လို့သာစေ့စပ်ပွဲပျက်သွားတာ မင်းတို့ဘဝနဲ့မင်းတို့ကလဲရှိသေးတာပဲလေ ငါတော့ဘာမှမပြောလိုပါဘူး ကျန့်ကျန့်သိရင်တော့ ဝမ်းနည်းသွားမှာအမှန်ပဲ "

"သားကိုကျွန်တော်ချစ်ပါတယ် သားက ကျွန်တော်အတွက် ဘာနဲ့မှလဲလို့မရတဲ့ရတနာပါပဲမား ချစ်ခြင်းတွေမှမတူပဲမားရယ် သားလေးနားလည်ပေးရင်သိပ်ကောင်းမှာပဲ"

"အင်း...တနေ့တော့နားလည်မှာပါကွယ် ရိပေါ်လေးလဲဖျောင်းဖျပေးနေတာပဲ "

"သားကရှုမိန်ကို တမျိုးတမည်ထင်နေလို့ပါမားရယ် ရှုမိန်က သားထင်နေသလို မိန်းခလေးမဟုတ်ပါဘူးမား ထားပါလေသား ရှုမိန်ကိုအသိမှတ်မပြုရင်တောင် ကျွန်တော်နဲ့အနေစိမ်းနေတာမျိုးမဖြစ်စေချင်တော့ဘူး ကုမ္ပဏီမှာတွေ့ရင်တောင်သားက သူဌေးဆိုပြီးပြောဆိုဆက်ဆံတာ တခါတလေ သားကကျွန်တော့်ကိုမုန်းများနေပီလားလို့တွေးမိတယ်မားရယ် ကျွန်တော်လေသားကို အရင်လိုလေး ထွေးပွေးဖက်ထားချင်မိတယ်......"

"ပါပါး.."

"ဟင် သား ကျန့်ကျန့် "

"ပါပါးရယ် သားပါပါးကိုမမုန်းပါဘူး ''

ပါးနဲ့ဖွား စကားပြောနေတုန်း ရိပေါ်နဲ့ရှောင်ကျန့်ရောက်လာပေမဲ့ အထဲမဝင်သေးပဲရပ်၍နားထောင်နေမိသည်...

လက်မှတ်ထိုးပြီးပြီးဆိုတဲ့ပါးရဲ့စကားတွေကြားပြီး ဒေါသထွက်နေတဲ့ ရှောင်ကျန့်ကို ဆက်နားထောင်ဖို့ဆွဲထားမိတာမှန်သွားသည်ဟုဆိုရမည်...

"ပါပါး သားပါပါးကိုအရင်လိုပဲချစ်ပါတယ် မမုန်းပါဘူး''

"ကျန့်ကျန့်ရယ်..."

ဒါဟာရှောင်ကျန့် ကနေဒါကပြန်ရောက်ပြီး ပထမဆုံးပါပါးနဲ့ထွေးပွေ့ဖက်ထားခွင့်ရတာပင်...

...ပါပါးလဲသူ့ဘဝနဲ့သူပဲလေ...

ဖွားနဲ့ရိပေါ်လဲ ပြေလည်သွားတဲ့သားဖတွေကိုကြည့်ပြီး ပြုံးရင်းသာနေလိုက်တော့သည်..

"အော်သား ပါပါးအိမ်ကိုအချိန်မရွေးလာလို့ရတယ်နော် ပါပါးအိမ်ကငါ့သားအတွက် တံခါးမရှိ ဓားမရှိပဲသား "

"ဟုတ်ကဲ့ပါ "

..သွားတာမသွားတာနောက်မှ ပါပါးပျော်အောင်ခေါင်းငြိမ့်လိုက်သည်..

ပါပါးကိုအခုလိုနားလည်ပေးလိုက်တော့လဲ ရင်ထဲမှာအေးချမ်းလို့သွားတာအမှန်ပဲ....ပြန်ပြင်လို့မှမရတော့တာ အတတ်နိုင်ဆုံးနားလည်အောင်ကြိုးစားကြည့်ရမှာပေါ့....

........................................

ရိပေါ်နဲ့ရှောင်ကျန့်တို့ရဲ့ ကိုယ်ပိုင်အိမ်လေ...ဒီအိမ်ကျဥ်းကျဥ်လေးမှာနေရတာ ရိပေါ်နဲ့ပိုနီးစပ်နေလို့လားမသိ ရှောင်ကျန့်ရဲ့အခန်းထက်ပိုသဘောကျသည်...

တစ်ခါတစ်လေ ရှောင်ကျန့်အခန်းမှာပဲနေဖြစ်တဲ့အခါရှိသည် ထိုနေ့မျိုးဆို အခန်းကကျယ်ပြီး နေလို့မကောင်းပေ....

ကုတင်ပေါ်ဖုန်းသုံးနေတဲ့ရှောင်ကျန့် ဘေးကlaptopတစ်လုံးနဲ့စာရင်း တွေကြည့်နေတဲ့ရိ ပေါ်ကို တချက်တချက်လှမ်းလှမ်းကြည့်နေမိသည်...

~~ပြွတ်~~
"ကိုယ့်အသဲ ကိုယ့်ကိုပြောစရာရှိလား "

သူ့မျက်နှာလေးဆွဲမော့ရင်း နှုတ်ခမ်းကိုအနမ်းပေးပြီးပြောနေပုံက မသိရင်သူကပဲအကြီးလိုလို...

"အင်း ပြောစရာဆိုတာထက် မေးစရာရှိတာ "

~~ပြွတ်~~"မေးကြည့်လေ"
တော်တော်အသားယူတဲ့ခွေးပေါက်လေး...

"ဟိုလေ ဝမ်လေး ကလေးချစ်တတ်လား "

ရှောင်ကျန့်စိတ်ကိုတင်းပြီးမေးလိုက်တော့သည်.. ရိပေါ်ကိုစိုက်ကြည့်နေတဲ့အချိန်ခဏလေးမှာမျက်ဝန်းလေးအရောင်တမျိုးပြောင်းသွားတာမြင်လိုက်ရသည်...တကယ်ကိုခဏလေးပဲ...

"ဟင့်အင်း မချစ်တတ်ဘူး "

.............................

28.7.2021

ချစ်တယ်နော် 😘

Zawgyi
...တီ...

"အကိုရိေပၚ...ေကာင္မေလးတစ္ေယာက္ ေတြ႕ခြင့္ေတာင္းေနတယ္ ခ်င္းခ်င္းတဲ့ "

ဖန္ရွင္းအသံေၾကာင့္ ရိေပၚနဲ႕ေရွာင္က်န့္ အၾကည့္ခ်င္းဆုံမိသြားသည္...

"ေအာ္..ဝင္ခိုင္းလိုက္ "

"ရိေပၚေကာေကာ ေရွာင္ေကာေကာ"

"ခ်င္းခ်င္း ဘယ္လိုလုပ္ေရာက္လာတာလဲ "

ေရွာင္က်န့္ကသူ႕စားပြဲကေနထလာၿပီး ဖန္ရွင္းကိုအေအးယူခဲ့ေပးရန္ေျပာရင္း ဧည့္သည္ေတြ႕ဆုံတဲ့ဆိုဖာေပၚထိုင္ဖို႔ၫႊန္ျပေပးလိုက္သည္..

"ခ်င္းခ်င္းေမာ္ဒယ္သင္တန္းတက္မလို႔ စုံစမ္းရင္း လမ္းသင့္လို႔ဝင္လာတာ "

"ထမင္းစားခ်ိန္ေတာင္ေရာက္ပီပဲ က်န့္ေကာေန႕လည္စာ သြားစားလိုက္ရေအာင္ေလ ''

"အင္း ေကာင္းသားပဲ ခ်င္းခ်င္းလဲလိုက္ခဲ့ေလ"

"ရိေပၚေကာေကာ ကေကြၽးခ်င္ပါ့မလား"

"လိုက္ခဲ့ပါ"

"ဟိဟိ ဟုတ္ "

၃ေယာက္သား ကုမၸဏီကန္တင္းကိုထြက္လာလိုက္ၾကသည္...

ကန္တင္းေရာက္ေတာ့ မမေမေအာ္ကျမင္ၿပီးလွမ္းေခၚသည္မို႔သြားလိုက္ၿပီး ရိေပၚနဲ႕ေရွာင္က်န့္ကတစ္ဖက္ ေမေအာ္နဲ႕ခ်င္းခ်င္းကတဖက္ မ်က္ႏွာခ်င္းဆိုင္ထိုင္စားျဖစ္သည္...

"မမေမေအာ္ ဒါကခ်င္းခ်င္းတဲ့ ကြၽန္ေတာ္တို႔တစ္အိမ္လုံးရဲ႕ ဧည့္သည္ဆိုပါေတာ့ "

ေရွာင္က်န့္ကမိတ္ဆက္ေပးေတာ့ ေမေအာ္ထိုေကာင္မေလးကိုၾကည့္ၿပီး ၿပဳံးျပလိုက္ကာ..
"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္"

"ဟုတ္ကဲ့ မမ ရိေပၚေကာေကာတို႔ကိုခင္သလို ခ်င္းခ်င္းကိုလဲခင္ေပးပါေနာ္ "

"ဟမ္...ေအာ့..."

"က်န့္ေကာ ကိုယ္စားဖို႔သြားယူလိုက္ဦးမယ္ေနခဲ့ဦးေနာ္ "

"အင္း "
ရိေပၚတို႔၂ေယာက္ဒီမွာလာစားျဖစ္ရင္ အၿမဲလိုလိုရိေပၚကယူေပးေနၾကပင္...

"ရိေပၚေကာေကာ ခ်င္းခ်င္းလိုက္ခဲ့မယ္ "

"အင္း "

ရိေပၚနဲ႕ ခ်င္းခ်င္းထသြားေတာ့ မမေမေအာ္ကလိုက္ၾကည့္ရင္း ေရွာင္က်န့္ေရွ႕တိုးကပ္ကာ..

"လက္ေထာက္ေရွာင္ မသကၤါစရာအနံ႕ရေနတယ္ "

ကုမၸဏီစဝင္ကတည္းက ထိုသို႔ေခၚဖို႔ေရွာင္က်န့္ကိုယ္တိုင္ေျပာထားခဲ့တာမို႔ အကုန္လုံးလက္ေထာက္ေရွာင္ပဲေခၚၾကသည္..

"ဘာအနံ႕လဲ မမေမေအာ္ရဲ႕ "

"ေသခ်ာမသိေပမဲ့ လက္ေထာက္ေရွာင္တို႔ဝင္လာကတည္းက ၾကည့္ေနတာ ရိေပၚကိုၾကည့္တဲ့အဲေကာင္မေလးအၾကည့္ေတြက မရိုးသားဘူး မိန္းမခ်င္းဆိုေတာ့သိေနတယ္ေလ "

"မျဖစ္နိုင္ပါဘူး မမရာ. ကြၽန္ေတာ္နဲ႕ဝမ္ေလးအေၾကာင္း သူသိပါတယ္ "

"ေအာ္ ေျပာရခက္ပါေကာ သာမန္ကေလးေတြနဲ႕ေပ်ာ္႐ႊင္ေနတဲ့အိမ္ေထာင္ရွင္တေယာက္ကိုေတာင္ ဖ်က္လိုဖ်က္စီး လုပ္လို႔ရေသးတာပဲေလ "

ရိေပၚတို႔ျပန္ေရာက္လာတာေၾကာင့္ စကားစျပတ္သြားေတာ့သည္...

မမေမေအာ္ေျပာတာ အဓိပၸာယ္ရွိေပမဲ့ ခ်င္းခ်င္းကေတာ့ အဲလိုမိန္းခေလးမဟုတ္ေလာက္ပါဘူး အကိုလိုခင္တာပဲေနမွာပါ...

ဒါေပမဲ့ ျပန္ေတြးၾကည့္ရင္ ညီမေလးတစ္ေယာက္လို ေဖာ္ေဖာ္ေ႐ြေ႐ြဆက္ဆံေပးတဲ့ ေရွာင္က်န့္ကိုထက္ အဖက္မလုပ္ စကားျပန္မေျပာတဲ့ရိေပၚကို ပိုကပ္ေနတာေတာ့အမွန္ပင္....

...........................

ထမင္းစားၿပီးေတာ့ ရိေပၚကအလုပ္ကစၥတခုနဲ႕အျပင္သြားစရာရွိ၍...
"ေကာ...ကိုယ္အျပင္သြားရမယ္ ကုမၸဏီကိုပဲျပန္လာမယ္"

"အင္း ဝမ္ေလး "

"ရိေပၚေကာေကာ ခ်င္းခ်င္းလဲလိုက္ခဲ့လို႔ရမလား "

"ဟုတ္သားပဲ ရိေပၚ လမ္းတည့္ေနတာပဲ ဝင္ပို႔လိုက္ပါလား "
ေရွာင္က်န့္သေဘာမက်ေပမဲ့ ေလာကြတ္ျပဳလိုက္မိသည္။စိတ္ထဲမွာေတာ့ ရိေပၚကိုျငင္းေစခ်င္သည္။
သို႔ေပမဲ့ လက္ခံလိုက္တဲ့ရိေပၚေၾကာင့္ စိတ္ထဲဝမ္းနည္းမိသြားေပမဲ့အတတ္နိုင္ဆုံးၿပဳံးကာ ႏႈတ္ဆက္ရေတာ့သည္။

႐ုံးခန္းထဲက်န္ခဲ့တဲ့ေရွာင္က်န့္ အလုပ္လဲလုပ္မရ ေနမထိထိုင္မသာနဲ႕ ေတာေရာက္ေတာင္ေရာက္ အေတြးထဲ မမေမေအာ္ေျပာစကားေတြသာရွိေနေတာ့သည္...

"က်စ္...မဟုတ္တာေတြစိုးရိမ္ေနမိတာပဲျဖစ္မွာပါ"

ေရွာင္က်န့္ ဖုန္းထဲမွယြိပင္းဆိုေသာနာမည္ေလးကိုႏွိပ္ကာ ေခၚလိုက္သည္...
"ဟလို ယြိပင္း က်ိဳးခ်န္ကိုေခၚပီး ငါ့႐ုံးခန္းထဲလာခဲ့ကြာ "

......

"အကိုေတာ္ေရွာင္ ဘာမ်ားမိန့္စရာရွိလဲ "

"မစနဲ႕က်ိဳးခ်န္ ယြိပင္းမင္းနဲ႕ဖန္ရွင္းအေျခေနဘယ္လိုရွိလဲ "

"ဟင္း..ဘာမွလဲမဆိုင္ဘူး အဲဒါသိခ်င္လို႔ေခၚတာေတာ့မျဖစ္နိုင္ဘူး ေျပာစမ္းပါစိတ္ထဲရွိတာကို "

"ဟိုကြာ... ျဖစ္ေတာ့မျဖစ္နိုင္ေပမဲ့ တကယ္လို႔ကြာရိေပၚနားကိုေကာင္မေလးတေယာက္ကပ္လာရင္ ငါဘာလုပ္ရမလဲ "

"ဟမ္.ဘယ္ကေကာင္မေလးလဲ ရိေပၚနဲ႕ဘယ္အေျခေနထိေရာက္ေနၿပီလဲ ေျပာစမ္း.အဲေကာင္ေဖာက္ျပန္ေနတာလား "

"ဟား..က်ိဳးခ်န္ တိုးတိုးေျပာစမ္းပါ ဖန္ရွင္းၾကားသြားဦးမယ္ "

"ေအးပါကြာ ငါေလာသြားလို႔ ေျပာစမ္းပါအုံး "

"ဒီလိုကြာ ..."

ေရွာင္က်န့္ ခ်င္းခ်င္းေရာက္လာပုံအစ ဒီေန႕လိုက္ပို႔ရတာအဆုံး ေျပာျပလိုက္ေတာ့...
"ေအာ္ မင္းဟာကလဲ ဘာမွေတာင္မဟုတ္ေသးဘူးေလကြာ ငါတို႔ကေဖာက္ျပန္တဲ့အဆင့္လားလို႔ "

"မဟုတ္ေသးေပမဲ့ မမေမေအာ္ေျပာသလိုထူးဆန္းေနတယ္ကြာ အမွန္ဆို ဖြားရဲ႕ေျမးအရင္းကငါေလ ၿပီးေတာ့ စေတြ႕ထဲက ညီမေလးတေယာက္လိုဆက္ဆံေပးခဲ့တာလဲငါပဲ ရိေပၚကေတာ့သိတယ္မလားသူ႕ပုံစံအတိုင္းပဲ ဒါေပမဲ့သူကရိေပၚကိုပိုကပ္ေနသလိုပဲကြာ.."

"ဟူး... ခက္တယ္ေရွာင္က်န့္ရာ မင္းတို႔လက္ထပ္ျခင္းကလဲ သာမန္မဟုတ္ေတာ့သားသမီးယူၿပီး ခ်ည္ႏွောင္ထားလို႔လဲမရ က်ိဳးခ်န္မင္းမွာဘာအႀကံရွိလဲ "

က်ိဳးခ်န္ကတခ်က္စဥ္စားၿပီး...အႀကံရသြားကာ
"ငါ့ေကာ ေျပာဖူးတာရွိတယ္ "

"အင္း " "ဘာလဲ "

"ကေလးဆိုလို႔ေလ အဲဒါနဲ႕ပတ္သက္ၿပီး မင္းတို႔၂ေယာက္ရဲ႕ေသြးသား ကေလးေမြးလို႔ရတယ္ေလ "

"ဟမ္.." "ဘယ္လို "

"ဒီလိုကြာ အခုဆိုမင္းတို႔၂ေယာက္က တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္လို႔ေပါင္းစည္းၾကၿပီးၿပီ စီးပြာေရးကလဲေျပာစရာမလိုဘူး မင္းတို႔မွာလိုအပ္တာ တီတီတာတာ ကေလးေလးေတြပဲမလား "

"ငါတို႔၂ေယာက္စလုံးက.."

"ေျပာတာဆုံးေအာင္နားေထာင္ပါဦး ေဖ့သားရ... မင္းတို႔၂ေယာက္လုံးရဲ႕ သုတ္ပိုးနဲ႕ အငွားကိုယ္ဝန္ေဆာင္ၿပီးေမြးလို႔ရတယ္ကြာ ငါေျပာတာသေဘာေပါက္လား "

"ဝိုး....က်ိဳးခ်န္ မင္းအဲဒါေတြပါေလ့လာထားတယ္ဟုတ္လား မဟုတ္မွ မင္းေရာ.."

ယြိပင္းေျပာေတာ့ က်ိဳးခ်န္ရွက္သြားကာ..လည္ပင္းကိုလက္နဲ႕ပြတ္ရင္း...
"အဲလိုလဲမဟုတ္ပါဘူး ဟြိုက္ခြမ္းေကာက ငါကေလးခ်စ္တတ္တယ္ဆိုတာသိလို႔ေျပာျပလို႔ပါ "

"မင္းေျပာတာမဆိုးဘူး ဘာပဲေျပာေျပာ ႀကိဳးေလးရွိေနေတာ့ေတာ္႐ုံမျပတ္ဘူးေပါ့ကြာ ငါရိေပၚ နဲ႕ေျပာၾကည့္ဦးမယ္"

ေျပာသာေျပာရမွာ ရိေပၚကေလးခ်စ္ပါ့မလား.ခ်စ္ခဲ့ရင္ေတာင္သေဘာတူပါ့မလား...

.........................

"မား ကြၽန္ေတာ္လာတယ္ "

ေရွာင္ပါးက သစ္သီးေတြ ၾကက္ေပါင္းေတြဝယ္ကာ အိမ္ေရာက္လာျခင္းပင္...

"အင္း... မင္းလဲေနာ္ တစ္ပတ္တစ္ခါေတာင္ပုံမွန္မေရာက္ေတာ့ပါလား "

"အလုပ္ေတြမ်ားတာနဲ႕ မလာျဖစ္တာပါ မားဘာလိုအပ္လဲ ေနလို႔ထိုင္လို႔ေရာအဆင္ေျပရဲ႕လား "

"ကိုယ္လက္ေညာင္းညာတာကလြဲရင္ ေထြေထြထူးထူးေတာ့မရွိပါဘူးကြယ္ "

"ဟုတ္ အိမ္မွာေရာ ဘာကိစၥမွမရွိဘူးမလား"

"အင္း မရွိပါဘူး.."

"သားတို႔ေရာ ေရာက္ၾကၿပီလား မား ''

ေရွာင္ပါးပုံစံကထူးဆန္းေန၍ ဝမ္ဖြားဖြားက..
"မင္းေျပာခ်င္တာတခုခုရွိလို႔လား "

"အဲ အဲဒါက... "

"ေျပာမွသာေျပာစမ္းပါ မင္းမိဘာေတြမရွိေတာ့ကတည္း က ငါ့ကိုမင္းအေမလို႔ေတြးထားခဲ့တယ္မလား အခုလဲ သားကအေမကိုေျပာတယ္လို႔ပဲသေဘာထားေပါ့ "

ဝမ္ဖြားဖြားရဲ႕ ႏြေးေထြးတဲ့အေျပာေတြေၾကာင့္ ေရွာင္ပါးမ်က္ရည္လည္ရေတာ့သည္...
"မား ကြၽန္ေတာ္နဲ႕ရႈမိန္တို႔ လက္မွတ္ထိုးၿပီးအတူတူေနေနၾကၿပီ အဲဒါ "

"အင္းေလ... တြဲေနတာၾကာၿပီပဲ က်န့္က်န့္ေလးဖ်က္လို႔သာေစ့စပ္ပြဲပ်က္သြားတာ မင္းတို႔ဘဝနဲ႕မင္းတို႔ကလဲရွိေသးတာပဲေလ ငါေတာ့ဘာမွမေျပာလိုပါဘူး က်န့္က်န့္သိရင္ေတာ့ ဝမ္းနည္းသြားမွာအမွန္ပဲ "

"သားကိုကြၽန္ေတာ္ခ်စ္ပါတယ္ သားက ကြၽန္ေတာ္အတြက္ ဘာနဲ႕မွလဲလို႔မရတဲ့ရတနာပါပဲမား ခ်စ္ျခင္းေတြမွမတူပဲမားရယ္ သားေလးနားလည္ေပးရင္သိပ္ေကာင္းမွာပဲ"

"အင္း...တေန႕ေတာ့နားလည္မွာပါကြယ္ ရိေပၚေလးလဲေဖ်ာင္းဖ်ေပးေနတာပဲ "

"သားကရႈမိန္ကို တမ်ိဳးတမည္ထင္ေနလို႔ပါမားရယ္ ရႈမိန္က သားထင္ေနသလို မိန္းခေလးမဟုတ္ပါဘူးမား ထားပါေလသား ရႈမိန္ကိုအသိမွတ္မျပဳရင္ေတာင္ ကြၽန္ေတာ္နဲ႕အေနစိမ္းေနတာမ်ိဳးမျဖစ္ေစခ်င္ေတာ့ဘူး ကုမၸဏီမွာေတြ႕ရင္ေတာင္သားက သူေဌးဆိုၿပီးေျပာဆိုဆက္ဆံတာ တခါတေလ သားကကြၽန္ေတာ့္ကိုမုန္းမ်ားေနပီလားလို႔ေတြးမိတယ္မားရယ္ ကြၽန္ေတာ္ေလသားကို အရင္လိုေလး ေထြးေပြးဖက္ထားခ်င္မိတယ္......"

"ပါပါး.."

"ဟင္ သား က်န့္က်န့္ "

"ပါပါးရယ္ သားပါပါးကိုမမုန္းပါဘူး ''

ပါးနဲ႕ဖြား စကားေျပာေနတုန္း ရိေပၚနဲ႕ေရွာင္က်န့္ေရာက္လာေပမဲ့ အထဲမဝင္ေသးပဲရပ္၍နားေထာင္ေနမိသည္...

လက္မွတ္ထိုးၿပီးၿပီးဆိုတဲ့ပါးရဲ႕စကားေတြၾကားၿပီး ေဒါသထြက္ေနတဲ့ ေရွာင္က်န့္ကို ဆက္နားေထာင္ဖို႔ဆြဲထားမိတာမွန္သြားသည္ဟုဆိုရမည္...

"ပါပါး သားပါပါးကိုအရင္လိုပဲခ်စ္ပါတယ္ မမုန္းပါဘူး''

"က်န့္က်န့္ရယ္..."

ဒါဟာေရွာင္က်န့္ ကေနဒါကျပန္ေရာက္ၿပီး ပထမဆုံးပါပါးနဲ႕ေထြးေပြ႕ဖက္ထားခြင့္ရတာပင္...

...ပါပါးလဲသူ႕ဘဝနဲ႕သူပဲေလ...

ဖြားနဲ႕ရိေပၚလဲ ေျပလည္သြားတဲ့သားဖေတြကိုၾကည့္ၿပီး ၿပဳံးရင္းသာေနလိုက္ေတာ့သည္..

"ေအာ္သား ပါပါးအိမ္ကိုအခ်ိန္မေ႐ြးလာလို႔ရတယ္ေနာ္ ပါပါးအိမ္ကငါ့သားအတြက္ တံခါးမရွိ ဓားမရွိပဲသား "

"ဟုတ္ကဲ့ပါ "

..သြားတာမသြားတာေနာက္မွ ပါပါးေပ်ာ္ေအာင္ေခါင္းၿငိမ့္လိုက္သည္..

ပါပါးကိုအခုလိုနားလည္ေပးလိုက္ေတာ့လဲ ရင္ထဲမွာေအးခ်မ္းလို႔သြားတာအမွန္ပဲ....ျပန္ျပင္လို႔မွမရေတာ့တာ အတတ္နိုင္ဆုံးနားလည္ေအာင္ႀကိဳးစားၾကည့္ရမွာေပါ့....

........................................

ရိေပၚနဲ႕ေရွာင္က်န့္တို႔ရဲ႕ ကိုယ္ပိုင္အိမ္ေလ...ဒီအိမ္က်ဥ္းက်ဥ္ေလးမွာေနရတာ ရိေပၚနဲ႕ပိုနီးစပ္ေနလို႔လားမသိ ေရွာင္က်န့္ရဲ႕အခန္းထက္ပိုသေဘာက်သည္...

တစ္ခါတစ္ေလ ေရွာင္က်န့္အခန္းမွာပဲေနျဖစ္တဲ့အခါရွိသည္ ထိုေန႕မ်ိဳးဆို အခန္းကက်ယ္ၿပီး ေနလို႔မေကာင္းေပ....

ကုတင္ေပၚဖုန္းသုံးေနတဲ့ေရွာင္က်န့္ ေဘးကlaptopတစ္လုံးနဲ႕စာရင္း ေတြၾကည့္ေနတဲ့ရိ ေပၚကို တခ်က္တခ်က္လွမ္းလွမ္းၾကည့္ေနမိသည္...

~~ႁပြတ္~~
"ကိုယ့္အသဲ ကိုယ့္ကိုေျပာစရာရွိလား "

သူ႕မ်က္ႏွာေလးဆြဲေမာ့ရင္း ႏႈတ္ခမ္းကိုအနမ္းေပးၿပီးေျပာေနပုံက မသိရင္သူကပဲအႀကီးလိုလို...

"အင္း ေျပာစရာဆိုတာထက္ ေမးစရာရွိတာ "

~~ႁပြတ္~~"ေမးၾကည့္ေလ"
ေတာ္ေတာ္အသားယူတဲ့ေခြးေပါက္ေလး...

"ဟိုေလ ဝမ္ေလး ကေလးခ်စ္တတ္လား "

ေရွာင္က်န့္စိတ္ကိုတင္းၿပီးေမးလိုက္ေတာ့သည္.. ရိေပၚကိုစိုက္ၾကည့္ေနတဲ့အခ်ိန္ခဏေလးမွာမ်က္ဝန္းေလးအေရာင္တမ်ိဳးေျပာင္းသြားတာျမင္လိုက္ရသည္...တကယ္ကိုခဏေလးပဲ...

"ဟင့္အင္း မခ်စ္တတ္ဘူး "

.............................

28.7.2021

ခ်စ္တယ္ေနာ္ 😘

Seguir leyendo

También te gustarán

313K 9.4K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
496K 20.1K 44
𝐓𝐰𝐨 𝐜𝐨𝐮𝐩𝐥𝐞𝐬, 𝐭𝐰𝐨 𝐛𝐚𝐛𝐢𝐞𝐬 ...𝐰𝐡𝐚𝐭 𝐜𝐨𝐮𝐥𝐝 𝐠𝐨 𝐰𝐫𝐨𝐧𝐠? » 𝐦𝐩𝐫𝐞𝐠 » 𝐭𝐢𝐧𝐲 𝐬𝐮𝐧𝐠𝐢𝐞 » 𝐚𝐧𝐠𝐬𝐭 » 𝐦𝐢𝐧𝐢𝐦𝐚𝐥...
12.3K 392 23
ချစ်ခြင်းတရားက စွမ်းအားကြီးတယ်။ အမုန်းတရားတွေ မာန်လျော့ ပြယ်ပျောက်ကြရသည်အထိ သူ့အပေါ်နားလည် ချစ်ပေးပါရစေ။
57.7K 959 53
I got bored, okay so I'm making another book read the first chapter for information and requests DISCLAIMER I do not own aot or the characters. I onl...