Game Of Life

By AChit7777

85.9K 5.3K 203

ကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ... More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
10
11
12
13
14
15
17
18
19
20
21
22
23
24
25
26
27
28
29
30 (end)
Xiao's part

16

2K 137 6
By AChit7777

Unicode
မနက်ခင်းနေရောင်နဲ့အတူ ပျော်မြူးနေတဲ့ကျေးငှက်လေးတွေရဲ့အသံကြောင့် ရှောင်ကျန့်နိုးလာခဲ့သည်။

ခါးနားကဖက်ထားတဲ့တင်းကြပ်တဲ့လက်အစုံကြောင့်
အနည်းငယ်လှုပ်ပြီး ဖယ်ရန်ကြိုးစားလိုက်မိသည်...

"အင်း...ဘာလို့ဖယ်နေတာလဲ"

"ဝမ်လေး နိုးသွားတာလား ကောကဝမ်လေးမနိုးအောင် ထမလို့လုပ်နေတာ ''

''ဘယ်သူကထခိုင်းလို့လဲ..morning kiss မွ...''

''မွ."

"ကောရဲ့နှုတ်ခမ်းလေးကဘယ်အချိန်နမ်းနမ်းဝကိုမဝဘူး "

''ကဲပါ မဝလဲဖယ်ဦး ကောToiletသွားချင်နေပီ ပြီးရင်တခါတည်းရေချိုးလိုက်တော့မယ် ''

သူ့စကားက ဘာအံ့သြစရာရှိလို့လဲမသိ ရုတ်တရက် ဝမ်လေးရဲ့မှိတ်ထားတဲ့မျက်လုံးအစုံပွင့်သွားပြီး...

"အချိန်အလဟသတ်မဖြစ်အောင် ကိုယ်ပါတစ်ခါတည်းချိုးမယ် လာ.."

"ဟမ်...ဝမ်လေး မဟုတ်ဘူးလေ အဲ "

ပွေ့ချီပြီးရေချိုးခန်းထဲခေါ်ဝင်သွားတဲ့ရိပေါ်ကိုပြောမရမှန်းသိ၍ ရှောင်ကျန့်လွှတ်ထားလိုက်တော့သည်...

အချိန်ကုန်သက်သာလားတော့မသိဘူး ရှောင်ကျန့်အတွက် မောပန်းခြင်းတွေနဲ့အတူစီမျောနေတဲ့ရင်ခုန်ခြင်းတွေကြား သာယာခြင်းအပြည့်မနက်ခင်းလေးက ကြည်နူးစရာကောင်းတာတော့အမှန်ပင်....

အကြောင်းပြချက်ကတော့ ဒီနေ့Dateရမှာမို့လိုပျော်လို့တဲ့လေ..

ရှောင်ကျန့်နဲ့ရိပေါ် ပြင်ဆင်ပြီး ဖွားနဲ့မားကိုနှုတ်ဆက်ဖို့အိမ်ကြီးဆီကိုအရင်ဝင်လိုက်တော့ ၂ယောက်လုံးထမင်းစားခန်းထဲမှာ မနက်စားနေကြသည်...

"မောနင်း ဖွား မောနင်းမာမား "

"မောနင်း ကျန့်ကျန့် ရိပေါ်.... ပြင်ဆင်ပြီးဘယ်သွားကြမလို့လဲ "

"အလုပ်ပိတ်ရက်လေး ကျန့်ကောကိုတနေရာပို့မလို့ "

"ဟင်း... အမောင်ရိပေါ် သူ့လူကျတော့ သိတတ်နေလိုက်တာနော် "

"ညည်းကလေ ကလေးတွေနဲ့ညည်းနဲ့တူမလားအေ. ဖြစ်နိုင်တာမပြောဘူး ငါ့မြေးတွေရန်မဖြစ်ရင်ပဲကျေးဇူးတင်စမ်းပါအေ.."

"ဟုတ်ပါပီ မားရယ် သမီးမှားပါတယ် "

ထမင်းစားခန်းလေးထဲရယ်သံတွေဖုံးလွှမ်းသွားတော့သည်..

"အော်မား..ဒီနေ့ပါးလာမယ်ပြောတယ် "

"ဟင် ကောလဲမသိရပါလား ဘာလာလုပ်မှာတဲ့လဲ "

"ကောက ပါးကိုမှစကားကောင်းကောင်းမပြောတာ ကိုယ့်ကိုပဲပြောတာပေါ့ လာမဲ့ကိစ္စတော့ဘာမှမပြောဘူး ''

"အင်းပါ မားတို့လဲ ဘယ်မှသွားတာမှမဟုတ်တာ လာလဲလာပေါ့ ''

"အဲဒါဆို သားတို့သွားတော့မယ်နော် "

.....................

ရှောင်ကျန့်ကားနဲ့ပဲ ၂ယောက်သားထွက်လာလိုက်ကြပြီး ရိပေါ်ရဲ့ဦးတည်ချက်ကဘယ်ကိုလဲဆိုတာ ရှောင်ကျန့်မမှန်းတတ်ပေ..

"ကော..ရောက်ပီ ဆင်းမယ် "

ခြံဝန်းကျယ်ကြီးမှာ အားကစားပစ္စည်းတွေအစုံထားရှိပြီး ဘတ်စကတ်ဘော ကွင်းလေးတခုပါရှိသေးသည်...

ကားရပ်ထားတဲ့နေရာကနေလှမ်းမြင်နေရတဲ့အဆောက်အဦး..ရိုးရိုးအိမ်ပုံစံမဟုတ်ပဲ ဒီဇိုင်းတစ်မျိုး
"ရိပေါ် ဒါဘယ်နေရာလဲ"

"လာပါ.ဝင်ရအောင် "

ရှောင်ကျန့်လက်ကိုဆွဲပြီး အဆောက်အဦးထဲဝင်လိုက်တော့သည်.

"ဝါး...ဘာတွေ ဆုတွေမလား နေပါဦး "

ဝင်ဝင်ချင်း ဘေးဘယ်ညာမှာ ပုံတွေ.ဆုတွေ ဖန်ဗီရိုထဲမှာအပြည့်အလှပြထားသည်...

"ဒါဆိုင်ကယ်ပြိုင်ပွဲပုံတွေပဲ "

ဧည့်ခန်းသဘောမျိုးနေရာရောက်တော့ Tracer.85 ရဲ့ပုံ ရှောင်ကျန့်အံ့သြပြီးရင် အံ့သြရတော့သည်...
"ရိပေါ် သူက...ရိပေါ်သူ့ကိုသိတယ်ဆိုတာတကယ်ပဲကို ဝိုး...မိုက်တယ် "

"ကိုယ်ဘယ်တုန်းကမှမညာပါဘူး "

..ဝါး....

ထိုအချိန်အပေါ်ထပ်မှ ကောင်လေးတယောက်အိပ်ချင်မူးတူးနဲ့ဆင်းလာကာ..

"ဘယ်သူတွေလဲ အစောကြီးရှိသေးတယ် ဟင်...အကိုရိပေါ် အကိုရှောင် "

"အဲ...ဖန်ရှင်း. ဖန်ရှင်းကအဆောင်မှာနေတာဆို "

"အဲ...ဟို ဟို ဒါကအဆောင်ပဲလေ.."

"ကဲ ဖန်ရှင်း မင်းလုပ်စရာရှိတာသွားလုပ် "

"ဟုတ် "

ဖန်ရှင်းပြန်တက်သွားတော့ ရှောင်ကျန့်လက်ကိုဆွဲပြီး ရိပေါ်အပေါ်ထပ်ကိုတက်ပြန်သည်...

သူဘာတွေထပ်အံ့သြရဦးမှာလဲ....

လျှောက်လမ်းတစ်လျောက် အခန်းတွေဖွဲ့ထားပြီး နာမည်တွေတပ်ထားသည်... တနေရာအရောက်မှာတော့...YX ဆိုတဲ့နာမည်လေးသာတပ်ထားသည်...

အခန်းရှေ့မှာရပ်ပြီးတံခါးဖွင့်ကာ ရှောင်ကျန့်ကိုအရင်ဝင်စေခဲ့သည်..မီးပိတ်ထားတာကြောင့်အနည်းငယ်မှောင်နေရာမှ ရုတ်တရက်လင်းသွားတဲ့အခါ...

ဒီထက်အံ့သြစရာဘာမှရှိတော့မယ်မထင်ဘူး.တစ်ခန်းလုံးသူ့ပုံအပြည့် သူကျောင်းတက်တုန်းကပုံတွေ ဘွဲ့ယူတဲ့ပုံတွေ သွားလာနေတဲ့ပုံ စားသောက်နေတဲ့ပုံ ကလပ်မှာကနေတဲ့ပုံ...

တစ်ပုံချင်းစီ ကြည့်သွားနေရင်း အိပ်ယာဘက်ကိုအကြည့်ရောက်သွားတော့ သူနဲ့ဝမ်လေးပုံ နံရံအပြည့်ပဲ...
"ဝမ်လေး ဒါ ဒါတွေက "

ရိပေါ်ရှောင်ကျန့်နောက်ကနေ ခါးလေးအသာဖက်လိုက်ရင်း...
"ကိုယ့်ရဲ့သီးသန့်ခန်းလေး ကောနဲ့ဝေးနေတဲ့အချိန် ဒီအခန်းလေးထဲရောက်ရင် အတူနေရသလိုပဲ ခံစားရတယ်''

"ကောကို ထပ်ပြီး အံ့သြအောင်လုပ်ဖို့ရှိသေးလား "

"ရှိသေးလားဆိုတော့.... ကောတွေ့ချင်တဲ့ Tracer.85ဆိုတာ ကိုယ်လို့ပြောဖို့ပဲကျန်မယ်ထင်တယ် "

ရှောင်ကျန့်နားမလည်သလိုခဏငြိမ်ကျသွားပြီး...
"ဟားဟား ဝမ်လေးရာ ဟာသတွေအရမ်းပြောတာပဲ ဝမ်လေးဆိုင်ကယ်ရောစီးတတ်လို့လား "

ရိပေါ် ရှောင်ကျန့်ကိုယ်လေးလွှတ်ပြီး နံရံတနေရာမှာ လိုက်ကာလေးတပ်ကာဖုံးထားတဲ့ပုံလေးကို ဖွင့်ပြလိုက်သည်...

နံရံမှာပေါ်လာသည် ပြိုင်ပွဲအင်္ကျီနဲ့ ဆိုင်ကယ်ပေါ်မှာထိုင်ရင်း ပွဲမစခင်ရိုက်ထားတဲ့ပုစံလေး အမှန်ပင်လူသိမခံခဲ့တဲ့ နောက်ကွယ်ကမျက်နှာလေးက သူချစ်ရတဲ့ရိပေါ်လေးပင်....

"တကယ်ပဲ ဝမ်လေးလား "

"အင်း..."

"ဒီလောက်နှစ်တွေအကြာကြီးကို ပိပိရိရိ ဖုံးထားနိုင်တယ်နော် "

"ဒါကတော့..."

"ကောရဲ့ဝမ်လေးကို ဘာလို့မှန်းအဝေးမှာထားပြီး မေ့ပြစ်ခဲ့ရတာလဲမသိဘူး ကောအရမ်းဆိုးတာပဲနော် "

"ရှူး....ပြီးခဲ့တာတွေမပြောနဲ့တော့ ကိုယ်စိတ်မဝင်စားတော့ဘူး လက်ရှိနဲ့ ကိုယ်တို့ဖန်တီးရမဲ့အနာဂတ်ကိုပဲ တွေး..ဟုတ်ပီလား "

"အင်း "

....အဟမ်း....

အခန်းတံခါးကဖန်ရှင်းရဲ့ အသံကြောင့် ၂ယောက်သားလှည့်ကြည့်လိုက်တော့...

"အောက်မှာ အဖွဲ့တွေစုံနေပီ မနက်စာစားဖို့ပြင်ထားတယ် "

"အင်း လာကော ကိုယ့်ရဲ့ညီကိုတွေနဲ့မိတ်ဆက်ပေးမယ် "

ရိပေါ်မိတ်ဆက်ပေးမယ်ပြောတဲ့သူတွေက အမှန်တော့သူသိပြီးသားတွေပါပဲ ပိုပြီးတိတိကျကျထပ်သိရတယ်လို့ပဲဆိုရမည်...

တကယ်ပါ ကုမ္ပဏီမှာလိုအထက်အောက်ရာထူးကြီးငယ်ကြောက်ရွံ့မှုတွေမရှိပဲ ညီအကိုတွေလိုပြောဆိုနေကြပေမဲ့ အဖွဲ့တစ်ခုလုံးရဲ့လေးစားချစ်ခင်မှုကိုခံရတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် အဖြစ်မြင်ရတော့ စိတ်ထဲဂုဏ်ယူမိသလိုလိုပင်...မနက်စာလေးကသာမန်ဆိုပေမဲ့ပိုစားလို့ကောင်းနေတာအမှန်ပဲ...

ဒီနေ့ရဲ့Dateလေးက တခြားသူတွေလို ရုပ်ရှင်ကြည့်တာတွေ နေ့လည်စာစားသောက်ဆိုင်ကြီးတွေမှာ သွားစားတာတွေ ပန်းခြံထဲမှာလျှောက်သွားတာတွေမဟုတ်ပဲ ရှောင်ကျန့်အတွက်အလှပဆုံးချိန်းတွေ့မှုအစီစဥ်လေးပင်...

လေးစားမိတယ်ဝမ်လေး......ပြီးတော့ချစ်တယ်

............................
"ကော ကိုယ်ဖွားကိုလိုက်မတွေ့တော့ဘူး "

"အင်းအင်း ကောပဲသွားလိုက်မယ် ''

အပြင်ကနေ ဖွားအရမ်းကြိုက်တဲ့ ဖက်ထုပ်ကြော်လေးဝယ်လာသည်မို့ ဖွားအခန်းသွားပေးတဲ့အထိရိပေါ်လိုက်မသွားတော့ပဲ အိမ်လေးစီကိုအရင်ပြန်နှင့်လိုက်တော့သည်...

ရေကူးကန်နားယောက်တော့...

"....အား....ကယ်ပါအုံး.. "

...ဖလူး.....အား...

"ဟာ....ဟေး.."

...ဗွမ်း....

ရေကူးကန်ထဲခုန်းဆင်းပြီး ရေနစ်နေတဲ့ ချင်းချင်းကိုပွေ့ကာ ကန်အစပ်ကိုတင်ပေးလိုက်တော့...

...အဟွတ်...ဟွတ်...အီးဟီးဟီ...

"မင်း ရရဲ့လား.. "

"အီး...ကောကော ချင်းချင်းသေပီထင်နေတာ ဟင့်ဟင့် "

"ဟူး...တော်သေးတာပေါ့ ဘယ်နားနာသွားသေလဲ"

"ဟင့်.ခြေထောက် အင့်...ခေါက်ပြီးပြုတ်ကျတာ..အင့် "

"မင်း ရေမကူးတတ်ဘူးလား "

ရေတွေရွှဲနေတဲ့ကြား မျက်ရည်တွေသုပ်ပြီး ခေါင်းငြိမ့်ပြနေတဲ့ကောင်မလေး..

ကြည့်ရတာမထနိုင်တော့ဘူးထင်တယ်.. ဟူး..

ရိပေါ်လေတချက်မှုတ်ထုတ်လိုက်ပြီး ကောင်မလေးဒူးအောက်လက်လျှိုကာပွေ့လိုက်တော့ လက်တွေကအလိုလိုတွဲခိုလို့လာသည်...

ရိပေါ်မကြိုက် သို့ပေမဲ့ကိုယ့်အိမ်ရောက်နေတဲ့ဧည့်သည်ဆိုတော့ တခုခုဆိုကိုယ့်မှာတာဝန်ရှိတယ်မဟုတ်လား
......

"အဲ ရိပေါ် ချင်းချင်း "

"မား ခြေခေါက်ပြီး ရေကန်ထဲပြုတ်ကျလို့ "

ထိုင်ခုံမှာချပေးရင်း ဆေးသေတ္တာယူလာခဲ့ရန်ကောင်မလေးတစ်ယောက်ကိုပြောလိုက်သည်...

"ဖြစ်ရလေ သမီးရယ် အရမ်းနာနေလား "

"ဟင့်...ရိပေါ်ကောကောရောက်လာလို့တော်သေးတာပေါ့ မဟုတ်ရင်"

"အို...မပြောပါနဲ့တော့သမီးရယ် ခြေထောက်ဒဏ်ရာကလဲ ဆေးလေးလူးပြီးကောင်းသွားမှာပါနော် "

"ဝမ်လေး.. ရေတွေစိုလို့ပါလား "

"ကော ဒီမှာ ချင်းချင်းရေကန်ထဲခြေခေါက်ပြီးပြုတ်ကျလို့ ကိုယ်တွေ့လို့ပေါ့ "

"ဟုတ်တယ် ချင်းချင်းရေမကူးတတ်ဘူးလေ ခြေထောက်လဲထောက်မရတော့တာနဲ့ ရိပေါ်ကောကောပဲ ပွေ့ချီလာပေးတာ.."

"တော်သေးတာပေါ့ "

ခြေထောက်ဒဏ်ရာဖြစ်တာကြောင့်အိမ်တော်ထိန်းကြီးကပဲ အလိုက်တသိနဲ့ဆေးပတ်တီးစည်းပေးသည်....

"ဝမ်လေး အအေးပတ်မယ် အင်္ကျီလဲရအောင်လေ. "

"ဟုတ်သားပဲ..ချင်းချင်း အင်္ကျီလဲဖို့အပေါ်ထပ်တက်နိုင်ရဲ့လား ကဲပါ ကျွန်တော်ပဲပို့ပေးမယ် လာ.."

"နားလိုက်ဦးနော် သမီး"

"ဟုတ် အန်တီ "

လူတွေမျက်ကွယ်သွားသည်နှင့် နှုတ်ခမ်းတဖက်ကွေးတက်ကာပြုံးလိုက်တဲ့ ချင်းချင်း
.ရေကူးကန်ဘေးမှာလမ်းလျှောက်နေရင်း ရိပေါ်အရိပ်လေးတွေ့လိုက်သည်နှင့် စီးထားတဲ့ဒေါက်အမြင့်ကိုတမင်းအားနဲ့ခေါက်ချပြီး ကန်ထဲပြုတ်ကျစေလိုက်တဲ့ သူ့အကြံက နာပေမဲ့ ရလဒ်ကောင်းတယ်လေ..*

ချင်းချင်းကိုခေါ်ပြီး အပေါ်ထပ်တက်သွားတဲ့ရိပေါ်ကိုလိုက်ကြည့်ရင်း ရှောင်ကျန့်ရင်ထဲ တမျိုးတမည်ခံစားသွားရသည်...ဘာခံစားချက်လဲသေချာမသိ...

ရိပေါ်လည်ပင်းကို ဖက်ထားတဲ့လက်တွေကိုသူမကြိုက်ဘူး...

....ဟုတ်တယ်ရိပေါ် ကောတကယ်မကြိုက်ဘူး....

...................................
26.7.2021

ချစ်တယ်နော်😘...

Zawgyi


"အင်း...ဘာလို့ဖယ်နေတာလဲ"



''မွ."






















.....................


"ကော..ရောက်ပီ ဆင်းမယ် "


"ရိပေါ် ဒါဘယ်နေရာလဲ"

"လာပါ.ဝင်ရအောင် "







..ဝါး....






"ဟုတ် "






"ဝမ်လေး ဒါ ဒါတွေက "







"တကယ်ပဲ ဝမ်လေးလား "

"အင်း..."


"ဒါကတော့..."



"အင်း "

....အဟမ်း....








............................




"....အား....ကယ်ပါအုံး.. "

...ဖလူး.....အား...

"ဟာ....ဟေး.."

...ဗွမ်း....


...အဟွတ်...ဟွတ်...အီးဟီးဟီ...

"မင်း ရရဲ့လား.. "




"မင်း ရေမကူးတတ်ဘူးလား "




......

"အဲ ရိပေါ် ချင်းချင်း "









"တော်သေးတာပေါ့ "




"နားလိုက်ဦးနော် သမီး"

"ဟုတ် အန်တီ "





...................................
26.7.2021

ချစ်တယ်နော်😘...

Continue Reading

You'll Also Like

12.3K 392 23
ချစ်ခြင်းတရားက စွမ်းအားကြီးတယ်။ အမုန်းတရားတွေ မာန်လျော့ ပြယ်ပျောက်ကြရသည်အထိ သူ့အပေါ်နားလည် ချစ်ပေးပါရစေ။
496K 20.1K 44
𝐓𝐰𝐨 𝐜𝐨𝐮𝐩𝐥𝐞𝐬, 𝐭𝐰𝐨 𝐛𝐚𝐛𝐢𝐞𝐬 ...𝐰𝐡𝐚𝐭 𝐜𝐨𝐮𝐥𝐝 𝐠𝐨 𝐰𝐫𝐨𝐧𝐠? » 𝐦𝐩𝐫𝐞𝐠 » 𝐭𝐢𝐧𝐲 𝐬𝐮𝐧𝐠𝐢𝐞 » 𝐚𝐧𝐠𝐬𝐭 » 𝐦𝐢𝐧𝐢𝐦𝐚𝐥...
37.2K 2.4K 14
ငယ်ငယ်ကမှားယွင်းသိခဲ့တဲ့အကြောင်းအရာတွေကြောင့်ကိုယ်တိုင်ပြောင်းလဲပြစ်ခဲ့ရပြီးနာကျင်မှုတွေ​တွေပြည့်နှက်နေတဲ့ကောင်လေးနဲ့အမြဲတမ်းအတွက်မင်းကိုပဲရွေးချယ်ထာ...
5K 484 11
ZSWWSZD!! xiaozhan (Seme) Wangyibo (uke) start date - 3.10.2021 End date - ___________________________