" sorry ဆောနူ အကို စိတ်လွတ်သွားလိူ့ "
နမ်းရှိုက်နေရင်းကနေ တွန်းထုတ်လိုက်ပြီး အခန်းထဲက ထွက်သွားသော ဂျယ်ယွန်းရဲ့ ကျောပြင်ကို ကြည့်ပြီး
" လွယ်လိုက်တာနော် ဘာဘဲဖြစ်ဖြစ်ပါ အကို့ အတွက် ကျွနတော်က စိတ်အပန်းပြေစေတယ်ဆို လိုက်လျက်ပေးမှာပါ "
ချစ်ရတဲ့ အကို့ရဲ့ ကျောပြင်ကို ကြည့်ပြီး ထိန်းမနိုင်တော့ဘဲ စီးကျလာတဲ့ မျက်ရည်တွေနဲ့အတူ ရင်ဘတ်ကလည်း ထိုးအောင့်လာတော့သည်။
မခံနိုင်တဲ့ အဆုံး ရင်ဘတ်ကို နားက အကျီစကို တင်းတင်းကြပ်ကြပ် ကိုင်ရင်း မြေပြင်ပေါ်သို့ ခွေကျသွားသည်။
" ကျွန်တော် အရမ်းနာကျင်တယ် "
ရှိုက်ရှိုက်ငိုရင်း ရင်ဘတ်ကို နာနာကျင်ကျင် ထုရိုက်နေတဲ့ လက်ကလေးတွေကို တားချင်ျပမယ့်လည်း သူက မဆိုင်သူ မှတ်လား။
" ကျွန်တော် လုပ်လိုက်မိတာ ဆောနူကို မပျော်ရွှင်စေဘဲ နာကျင်စေမိနေတာလား ။ ဆောနူ ပျော်နေတာကိုဘဲ မြင်ချင်နေမိတာ အခုတော့ အခုတော့ မှားပြီထင်တယ် "
ဝရံတာ ပေါ်က ငိုကြွေးနေတဲ့ ကောင်လေးကို ကွယ်ရာက ကြည့်ရင်း ငိုကြွေးနေပြန်တဲ့ နောက်ထက် ကောင်လေးတစ်ယောက်။
စိတ်တွေရှုပ်နေမိတာကြောင့် စံအိမ်ထဲက ထွက်လာပြီး ခြေဦးတည့်ရာ ကို လမ်းလျှောက် ထွက်လာမိတာ
တက္ကသိုလ် အရှေ့ကိုတောင် ရောက်နေပြီ။
နောက်ဆုံး ဘွဲ့မယူခင်ထိ....... စာမေးပွဲ မဖြေခင် အထိ ဂျေးနဲ့ အမှတ်တရတွေ ရှိခဲ့တာ အင်းး... ကောင်းတဲ့ အမှတ်တရတွေပေါ့
တက္ကသိုလ်ဂိတ် တံခါးရှေ့က ဖြတ်လျှောက်ရင်း အမှတ်တရတွေကလည်း ခေါင်းထဲ တစ်ခုချင်း တစ်ခုချင်း တရစပ် ပြန်ပေါ် လာ ခဲ့ပြန်သည်။
ပါးပြင်ပေါ် ကျလာသည့် မျက်ရည်တွေကို လက်ဖြင့် ခက် ကြမ်းကြမ်းသုတ်ကာ ဝင်နေကြ စတိုးဆိုင်လေး ထဲကို ပြေးဝင်မိသည်။
" ဟူးးးး မဟုတ်တာတွေကို တွေးနေမိပြန်ပြီ Ramen စားလိုက်ရင် မေ့သွားမှာပါ "
ဆိုပြီး ဆိုင်ထဲက ခေါက်ဆွဲ ပြုတ်ဗူးတစ်ဗူး ယူကာ ရေနွေးပူပူ ထည့်ပြီး ဆိုင်ရှေ့က ခုံလေးမှာ ထိုင်နေလိုက်သည်။
ခေါက်ဆွဲ ကျက်လောက်တဲ့ အချိန်ကို စောင့်ရင်း ခြေထောက် အောက်မှာ ရှိနေတဲ့ ခဲလုံးလေးတွေကို ဆော့နေမိသည်။
ဆော့နေရင်း စိတ်ထဲ အလိုမကျ ဖြစ်လာတာနဲ့ အားပြင်းပြင်းနဲ့ ခဲတစ်လူံးကို ကန်လိုက်မိတော့ လူတစ်ယောက်ကို ထိမိသည် ထင်သည်။ အော်သံတစ်ချက် ကြားလိုက်သည်မို့ မော့ကြည့်လိုက်တော့
အကျီလည်စကို ဆောင့်ဆွဲလိုက်တဲ့ ထိုလူ
ထိုလူ.......
" ဂျေ... ဂျေ... ဂျေးး "
တစ်ချိန်က အရမ်းချစ်ခဲ့တဲ့ ဂျယ်ယွန်းရဲ့ အချစ်ဆုံး လူသား........ အခုထိလည်း ချစ်တုန်းပါဘဲ
အကျီကို ဆွဲထားပြီး ဂျယ်ယွန်းကို ကြည့်လာသည့် အကြည့်တွေဟာ စိမ်းလွန်းသည်။
အရင်တုန်းက အကြင်နာတွေ ပြည့်နေတဲ့ အကြည့်တွေ ကို ပြန်ရှာ နေမိပေမယ့် အရိပ်အယောင်တောင် မတွေ့မိ
" မင်း ဘာလုပ်လိုက်လဲ ဆိုတာ မင်းသိလား "
ကျယ်လောင်စွာ ပြောလာသည့် ဂျေးကြောင့် ခေါင်းကိုသာ ငုတ်ထားမိသည်။
" မင်း ကန်လိုက်တဲ့ ခဲလုံးက ငါ့မိန်းမကို ထိမိသွားတာ ဗိုက်ထဲက ငါ့ကလေးတစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ ဟမ်!!!!!!! "
သူ နားကြားများမှားနေမိတာလား? မိန်းမ? ကလေး?
ဂျေးရဲ့ ပြောစကားကြောင့် အနောက်ဘက်ကို လှမ်းကြည့်မိတော့ Kim Yuu Na
မဟုတ်မှလွဲရော Jay နဲ့ yuu na နဲ့က ............
ဆက်ပြီး ဆက်ပြီး မတွေးချင်တော့ဘူး။ မတွေးချင်ဘူးဆိုတာ ထက် မသိချင်တော့ဘူး ။
ပါးပြင်ပေါ် ကျလာသည့် မျက်ရည်တွေကို မြင်သည့် Jay က အရင်တုန်းကလို နူးနူးညံ့ညံ့လေး မသုတ်ပေးတော့ဘူး။
ငါးလ ငါးလ ဆိုတဲ့ အချိန် အတောအတွင်း အပြောင်းအလဲတွေ အများကြီး ရှိသွားခဲ့တာဘဲ။
" အော် ကြောက်တယ်ပေါ့ အခုတော့ သနားကမား ပုံစံလေးနဲ့ မျက်ရည်ကလားဖန် ထိုးနေပြီပေါ့ ဟုတ်လား ငါ ထိုးလိုက်ရကွာ?!! "
ဂျယ်ယွန်းရဲ့ မျက်နှာကို ရွယ်လိုက်သည့် လက်တွေဟာ တစ်စုံတစ်ယောက်ရဲ့ တားဆီးမှုကြောင့် ရပ်တန့်သွားခဲါသည်။
" ကို မလုပ်ပါနဲ့တော့ ယူနာ တို့ သွားကြရအောင် ဗိုက်ဆာနေပြီ လာပါ ကိုရယ် ယူနာလည်း ဘာမှ မဖြစ်ဘူးလေ "
ဂျယ်ယွန်းကို အားပြင်းပြင်းနဲ့ ဆောင့်တွန်းလိုက်ရင်း
" ဒီတစ်ခါတော့ ရှိစေအုန်းတော့ နောက်တစ်ခါဆို မင်း မလွယ်ဘူး တောက်!!"
ဂျယ်ယွန်းရဲ့ ရှေ့မှာတင် တစ်ခြား မိန်းကလေးတစ်ယောက်ရဲ့ လက်ကို ဆွဲရင် ကျောခိုင်းသွားသည့် ချစ်ရသူကို ကြည့်နေမိရင်း နှလုံးသားက အောင့်တက်လာပြန်သည်။
ကိုယ့်စိတ်ကို ပြန်တင်းကာ အေးစက်နေပြီ ဖြစ်တဲ့ ခေါက်ဆွဲပြုတ်ကို ဖွင့်ပြီး စားနေမိသည်။
အေးစက်နေတဲ့ ဒီ ခေါက်ဆွဲတွေ နေရာမှာ ဂျေး ချက်ကျွေးတဲ့ ပူပူနွေးနွေး ခေါက်ဆွဲ ပြုတ်လေးဆို ဘယ်လောက် ကောင်းလိုက်မလဲ။
ဒါပေမယ့် ဒါတွေက မဖြစ်နိုင်တော့ဘူး မဟုတ်လား? အခုဆို သူလည်း သူ့မိသားစုနဲ့ သူဖြစ်နေခဲ့ပြီ။
အချိန်တွေက ဒီလောက်ထိ မြန်သွားခဲ့တာလား?
အခုဆို သူ့ကိုလည်း မေ့နေလောက်ပါပြီလေ။ သူနဲ့ ပတ်သတ်သမျှ သံယောဇဉ်တွေ မရှိတော့တာ သေချာ နေပါပြီ။
ပြန်တွေ့တော့လည်း ရုတ်တရက် ၊ ရုတ်တရက် တွေ့ဆုံပြန်တော့လည်း ကောင်းတဲ့ တွေ့ဆုံ ခြင်းမဟုတ်ခဲ့ပြန်။
ဒါပေမယ် .... ဒါပေမယ့် ဂျေး ပျော်ရွှင်နေမယ်ဆို သူလည်း ပျော်ရွှင်ရပါတယ်။ အဓိက က ချစ်ရသူ ပျော်ရွှင်ဖို့ပါ။
" ခေါက်ဆွဲက အရသာလည်း မရှိလိုက်တာ ဟူးးးးး "
သက်ပြင်း အရှည်ကြီး တစ်ချက် ချခြင်းနှင့်အတူ ပါးပြင်ပေါ် စီးကျလာပြန်သည့် မျက်ရည်တွေကိုလည်း ဂျယ်ယွန်း သုတ်နိုင်စွန်း မရှိတော့ချေ။
* မင်းေပျာ်ေနရင် ငါနာကျင်ရလည်း အဆင်ပြေပါတယ်။ ဂျေး *
~||~
ဒီအပိုင်းက တိုသွားပါတယ်🙇
(Zawgyi)
" sorry ေဆာႏူ အကို စိတ္လြတ္သြားလိူ႕ "
နမ္း႐ိႈက္ေနရင္းကေန တြန္းထုတ္လိုက္ၿပီး အခန္းထဲက ထြက္သြားေသာ ဂ်ယ္ယြန္းရဲ႕ ေက်ာျပင္ကို ၾကည့္ၿပီး
" လြယ္လိုက္တာေနာ္ ဘာဘဲျဖစ္ျဖစ္ပါ အကို႔ အတြက္ ကြၽနေတာ္က စိတ္အပန္းေျပေစတယ္ဆို လိုက္လ်က္ေပးမွာပါ "
ခ်စ္ရတဲ့ အကို႔ရဲ႕ ေက်ာျပင္ကို ၾကည့္ၿပီး ထိန္းမႏိုင္ေတာ့ဘဲ စီးက်လာတဲ့ မ်က္ရည္ေတြနဲ႔အတူ ရင္ဘတ္ကလည္း ထိုးေအာင့္လာေတာ့သည္။
မခံႏိုင္တဲ့ အဆုံး ရင္ဘတ္ကို နားက အက်ီစကို တင္းတင္းၾကပ္ၾကပ္ ကိုင္ရင္း ေျမျပင္ေပၚသို႔ ေခြက်သြားသည္။
" ကြၽန္ေတာ္ အရမ္းနာက်င္တယ္ "
႐ိႈက္႐ိႈက္ငိုရင္း ရင္ဘတ္ကို နာနာက်င္က်င္ ထု႐ိုက္ေနတဲ့ လက္ကေလးေတြကို တားခ်င်္ပမယ့္လည္း သူက မဆိုင္သူ မွတ္လား။
" ကြၽန္ေတာ္ လုပ္လိုက္မိတာ ေဆာႏူကို မေပ်ာ္႐ႊင္ေစဘဲ နာက်င္ေစမိေနတာလား ။ ေဆာႏူ ေပ်ာ္ေနတာကိုဘဲ ျမင္ခ်င္ေနမိတာ အခုေတာ့ အခုေတာ့ မွားၿပီထင္တယ္ "
ဝရံတာ ေပၚက ငိုေႂကြးေနတဲ့ ေကာင္ေလးကို ကြယ္ရာက ၾကည့္ရင္း ငိုေႂကြးေနျပန္တဲ့ ေနာက္ထက္ ေကာင္ေလးတစ္ေယာက္။
စိတ္ေတြ႐ႈပ္ေနမိတာေၾကာင့္ စံအိမ္ထဲက ထြက္လာၿပီး ေျခဦးတည့္ရာ ကို လမ္းေလွ်ာက္ ထြက္လာမိတာ
တကၠသိုလ္ အေ႐ွ႕ကိုေတာင္ ေရာက္ေနၿပီ။
ေနာက္ဆုံး ဘြဲ႕မယူခင္ထိ....... စာေမးပြဲ မေျဖခင္ အထိ ေဂ်းနဲ႔ အမွတ္တရေတြ ႐ွိခဲ့တာ အင္းး... ေကာင္းတဲ့ အမွတ္တရေတြေပါ့
တကၠသိုလ္ဂိတ္ တံခါးေ႐ွ႕က ျဖတ္ေလွ်ာက္ရင္း အမွတ္တရေတြကလည္း ေခါင္းထဲ တစ္ခုခ်င္း တစ္ခုခ်င္း တရစပ္ ျပန္ေပၚ လာ ခဲ့ျပန္သည္။
ပါးျပင္ေပၚ က်လာသည့္ မ်က္ရည္ေတြကို လက္ျဖင့္ ခက္ ၾကမ္းၾကမ္းသုတ္ကာ ဝင္ေနၾက စတိုးဆိုင္ေလး ထဲကို ေျပးဝင္မိသည္။
" ဟူးးးး မဟုတ္တာေတြကို ေတြးေနမိျပန္ၿပီ Ramen စားလိုက္ရင္ ေမ့သြားမွာပါ "
ဆိုၿပီး ဆိုင္ထဲက ေခါက္ဆြဲ ျပဳတ္ဗူးတစ္ဗူး ယူကာ ေရေႏြးပူပူ ထည့္ၿပီး ဆိုင္ေ႐ွ႕က ခုံေလးမွာ ထိုင္ေနလိုက္သည္။
ေခါက္ဆြဲ က်က္ေလာက္တဲ့ အခ်ိန္ကို ေစာင့္ရင္း ေျခေထာက္ ေအာက္မွာ ႐ွိေနတဲ့ ခဲလုံးေလးေတြကို ေဆာ့ေနမိသည္။
ေဆာ့ေနရင္း စိတ္ထဲ အလိုမက် ျဖစ္လာတာနဲ႔ အားျပင္းျပင္းနဲ႔ ခဲတစ္လူံးကို ကန္လိုက္မိေတာ့ လူတစ္ေယာက္ကို ထိမိသည္ ထင္သည္။ ေအာ္သံတစ္ခ်က္ ၾကားလိုက္သည္မို႔ ေမာ့ၾကည့္လိုက္ေတာ့
အက်ီလည္စကို ေဆာင့္ဆြဲလိုက္တဲ့ ထိုလူ
ထိုလူ.......
" ေဂ်... ေဂ်... ေဂ်းး "
တစ္ခ်ိန္က အရမ္းခ်စ္ခဲ့တဲ့ ဂ်ယ္ယြန္းရဲ႕ အခ်စ္ဆုံး လူသား........ အခုထိလည္း ခ်စ္တုန္းပါဘဲ
အက်ီကို ဆြဲထားၿပီး ဂ်ယ္ယြန္းကို ၾကည့္လာသည့္ အၾကည့္ေတြဟာ စိမ္းလြန္းသည္။
အရင္တုန္းက အၾကင္နာေတြ ျပည့္ေနတဲ့ အၾကည့္ေတြ ကို ျပန္႐ွာ ေနမိေပမယ့္ အရိပ္အေယာင္ေတာင္ မေတြ႕မိ
" မင္း ဘာလုပ္လိုက္လဲ ဆိုတာ မင္းသိလား "
က်ယ္ေလာင္စြာ ေျပာလာသည့္ ေဂ်းေၾကာင့္ ေခါင္းကိုသာ ငုတ္ထားမိသည္။
" မင္း ကန္လိုက္တဲ့ ခဲလုံးက ငါ့မိန္းမကို ထိမိသြားတာ ဗိုက္ထဲက ငါ့ကေလးတစ္ခုခု ျဖစ္သြားရင္ ဘယ္လို လုပ္မလဲ ဟမ္!!!!!!! "
သူ နားၾကားမ်ားမွားေနမိတာလား? မိန္းမ? ကေလး?
ေဂ်းရဲ႕ ေျပာစကားေၾကာင့္ အေနာက္ဘက္ကို လွမ္းၾကည့္မိေတာ့ Kim Yuu Na
မဟုတ္မွလြဲေရာ Jay နဲ႔ yuu na နဲ႔က ............
ဆက္ၿပီး ဆက္ၿပီး မေတြးခ်င္ေတာ့ဘူး။ မေတြးခ်င္ဘူးဆိုတာ ထက္ မသိခ်င္ေတာ့ဘူး ။
ပါးျပင္ေပၚ က်လာသည့္ မ်က္ရည္ေတြကို ျမင္သည့္ Jay က အရင္တုန္းကလို ႏူးႏူးညံ့ညံ့ေလး မသုတ္ေပးေတာ့ဘူး။
ငါးလ ငါးလ ဆိုတဲ့ အခ်ိန္ အေတာအတြင္း အေျပာင္းအလဲေတြ အမ်ားႀကီး ႐ွိသြားခဲ့တာဘဲ။
" ေအာ္ ေၾကာက္တယ္ေပါ့ အခုေတာ့ သနားကမား ပုံစံေလးနဲ႔ မ်က္ရည္ကလားဖန္ ထိုးေနၿပီေပါ့ ဟုတ္လား ငါ ထိုးလိုက္ရကြာ?!! "
ဂ်ယ္ယြန္းရဲ႕ မ်က္ႏွာကို ႐ြယ္လိုက္သည့္ လက္ေတြဟာ တစ္စုံတစ္ေယာက္ရဲ႕ တားဆီးမႈေၾကာင့္ ရပ္တန္႔သြားခဲါသည္။
" ကို မလုပ္ပါနဲ႔ေတာ့ ယူနာ တို႔ သြားၾကရေအာင္ ဗိုက္ဆာေနၿပီ လာပါ ကိုရယ္ ယူနာလည္း ဘာမွ မျဖစ္ဘူးေလ "
ဂ်ယ္ယြန္းကို အားျပင္းျပင္းနဲ႔ ေဆာင့္တြန္းလိုက္ရင္း
" ဒီတစ္ခါေတာ့ ႐ွိေစအုန္းေတာ့ ေနာက္တစ္ခါဆို မင္း မလြယ္ဘူး ေတာက္!!"
ဂ်ယ္ယြန္းရဲ႕ ေ႐ွ႕မွာတင္ တစ္ျခား မိန္းကေလးတစ္ေယာက္ရဲ႕ လက္ကို ဆြဲရင္ ေက်ာခိုင္းသြားသည့္ ခ်စ္ရသူကို ၾကည့္ေနမိရင္း ႏွလုံးသားက ေအာင့္တက္လာျပန္သည္။
ကိုယ့္စိတ္ကို ျပန္တင္းကာ ေအးစက္ေနၿပီ ျဖစ္တဲ့ ေခါက္ဆြဲျပဳတ္ကို ဖြင့္ၿပီး စားေနမိသည္။
ေအးစက္ေနတဲ့ ဒီ ေခါက္ဆြဲေတြ ေနရာမွာ ေဂ်း ခ်က္ေကြၽးတဲ့ ပူပူေႏြးေႏြး ေခါက္ဆြဲ ျပဳတ္ေလးဆို ဘယ္ေလာက္ ေကာင္းလိုက္မလဲ။
ဒါေပမယ့္ ဒါေတြက မျဖစ္ႏိုင္ေတာ့ဘူး မဟုတ္လား? အခုဆို သူလည္း သူ႕မိသားစုနဲ႔ သူျဖစ္ေနခဲ့ၿပီ။
အခ်ိန္ေတြက ဒီေလာက္ထိ ျမန္သြားခဲ့တာလား?
အခုဆို သူ႕ကိုလည္း ေမ့ေနေလာက္ပါၿပီေလ။ သူနဲ႔ ပတ္သတ္သမွ် သံေယာဇဥ္ေတြ မ႐ွိေတာ့တာ ေသခ်ာ ေနပါၿပီ။
ျပန္ေတြ႕ေတာ့လည္း ႐ုတ္တရက္ ၊ ႐ုတ္တရက္ ေတြ႕ဆုံျပန္ေတာ့လည္း ေကာင္းတဲ့ ေတြ႕ဆုံ ျခင္းမဟုတ္ခဲ့ျပန္။
ဒါေပမယ္ .... ဒါေပမယ့္ ေဂ်း ေပ်ာ္႐ႊင္ေနမယ္ဆို သူလည္း ေပ်ာ္႐ႊင္ရပါတယ္။ အဓိက က ခ်စ္ရသူ ေပ်ာ္႐ႊင္ဖို႔ပါ။
" ေခါက္ဆြဲက အရသာလည္း မ႐ွိလိုက္တာ ဟူးးးးး "
သက္ျပင္း အ႐ွည္ႀကီး တစ္ခ်က္ ခ်ျခင္းႏွင့္အတူ ပါးျပင္ေပၚ စီးက်လာျပန္သည့္ မ်က္ရည္ေတြကိုလည္း ဂ်ယ္ယြန္း သုတ္ႏိုင္စြန္း မ႐ွိေတာ့ေခ်။
* မင္းေပ်ာ္ေနရင္ ငါနာက်င္ရလည္း အဆင္ေျပပါတယ္။ ေဂ်း *