The Same as {Completed}💛
By EiThu1020
10.2K 1.2K 121
Jaehyuk ရဲ့အမေကြောင့် တစ်အိမ်ထဲတူတူနေရတဲ့ Jaehyuk နဲ့ Asahi JaeHyuk က သူနဲ့ opposite type ဆိုပြီးAsahi အမြဲငြ... More
The Same as P1 Unicode
The Same as P1 Zg
The Same as p-2 uni
The same as p-2 zg
The Same as P3 uni
The Same as p-4 Uni
The Same as p-4 ZG
The Same as P-5 Uni
The Same as P-5 ZG
The Same as P-6 Uni
The Same as P-6 ZG
The Same as P-7 Uni
The Same as P-7 ZG
The Same as P-8 Uni
The Same as P-8 ZG
The Same as P-9 Uni
The Same as P-9 ZG
The Same as...the end Uni
The Same as...the end ZG
The Same as P3 ZG
321 19 0
By EiThu1020
အိမ်တစ်အိမ်ထဲမှာ မတူညီတဲ့ပုံစံ မတူညီနဲ့စိတ်သဘောထားနဲ့ လူနှစ်ယောက် အတူတူကျော်ဖြတ်လာခဲ့ကြသည်မှာ 1 ပတ်တိတိရှိပြီ.....
ကိုယ့်အခန်းကိုယ်နေပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေကြသည်
နှစ်ယောက်ဆုံချိန်ဆိုလို့ ထမင်းစားချိန်တစ်ချိန်လောက်သာရှိမည်
ဒီမနက်မှာလည်း YoonJaeHyuk မနက်စာဝယ်ရန်ထွက်လာခဲ့သည်
"ဒီနေ့နည်းနည်းကြာမယ် သူငယ်ချင်းတွေအိမ်လာလည်မှာမို့လို့ "
"အင်း...ဂရုစိုက်သွား"
ဒီနေ့JeongWoo လာမည်ပြောထားသည် Ruto လည်းပါမည်ဆိုတော့ မနက်စာအတွက်ရော နေ့လည်စာအတွက်ပါ များများဝယ်ရန် အပြင်ထွက်လာသည်
Asahi ကတော့ ခါတိုင်းလိုပဲ JaeHyuk မနက်စာထွက်ဝယ်တိုင်းအိမ်မှာနေကျန်ခဲ့စမြဲ.....
JaeHyuk အမေကတော့အပြင်ထွက်ရင်အတူတူသွားဖို့မှာထားပေမယ့်
သူလည်းအဆင်သင့်မဖြစ်သေးသလို JaeHyuk လည်းအဆင်သင့်ဖြစ်အုံးမယ်မထင်တာကြောင့်
အခြေအနေတွေပိုမဆိုးခင် ငြိမ်နေလိုက်သည်
Asahi အတွေးများနေစဉ် အိမ်ရှေ့မှာကားဟွန်းတီးသံကြားရတာကြောင့် ထွက်ကြည့်လိုက်သည်
ကိုယ်မသိတဲ့လူတွေဖြစ်တာကြောင့် ခြံတံခါးကိုအရင်မဖွင့်ပေးဘဲ
လူသာအရင်ထွက်ကြည့်လိုက်သည်
သူထွက်လာတော့ ကားထဲကနေဆင်းလာသော အရပ်ရှည်ရှည် လူနှစ်ယောက်
နှစ်ယောက်စလုံးကအရပ်လည်းရှည်ပြီး အတော်ကြည့်ကောင်းတဲ့အထဲပါသည်
"နူဂူဆယ်ယို?.."
"JaeHyuk ရဲ့သူငယ်ချင်းပါ "
"မင်းတို့ကကြည့်ကောင်းပြိးသန့်ပါတယ် ဒါပေမယ့် ငါမယုံဘူး
အခုခေတ်လူဆိုးတွေကအရမ်းကြည့်ကောင်းကြတာ "
Asahi စကားကြောင့် JeongWoo ရော Haruto ပါ မသိမသာရီလိုက်ကြသည်
"ဒီမှာ.. ကျွန်တော်က JeongWoo သူက Haruto ပါ
JaeHyuk ပြောထားတယ်မလား "
"မပြောဘူး မင်းတို့JaeHyuk သူငယ်ချင်းဆိုတာသေချာလား "
"အင်း..သေချာတယ် "
"ဒါဆို JaeHyuk ပြန်လာတဲ့အထိစောင့်နေလိုက် "
သူပြောချင်တာပြောပြီး အိမ်ထဲပြန်ဝင်သွားတဲ့ Asahi ကြောင့်
Haruto ခါတိုင်းစိတ်နဲ့ဆို ခြံကိုခွကျော်ပြီးနေလောက်ပြီ
အခုက JeongWoo ကလည်း ပါနေ အိမ်ကလည်း JeongWoo သူငယ်ချင်းရဲ့အိမ်ဖြစ်နေတာကြောင့်
သက်ပြင်းသာချနေရသည်
"အဲ့တာဘာဖြစ်နေတဲ့ရုပ်လည်း.... JaeHyuk ပြန်လာမှ အတူတူဝင်လည်းရတာပဲကို"
"မဟုတိပါဘူး ဟီး JeongWoo ကလည်း လာကားထဲပြန်ဝင်ကြမယ်"
"တီး...တီး"
"JaeHyuk Hyung "
"အိမ်ထဲမဝင်ဘဲဘာလုပ်နေတာလည်း JeongWoo "
"Asahi ဆိုတဲ့လူက မဝင်ခိုင်းဘူး မယုံလို့တဲ့ "
"ဟူး.....တွေ့ပြီလားJeongWoo အဲ့တာ Asahi ပဲ တစ်နေ့လုံးနေမှ စကာ3း ခွန်းပြည့်အောင်မပြောဘူး "
"သူမှန်တယ်လေ...ကျွန်တော်တို့မဟုတ်ဘဲ တခြားသူသာဆိုသူဖွင့်ပေးလိုက်ရင် ဘယ့်နှယ့်လည်း"
JeongWoo က Asahi ဘက်ကမှန်ပါတယ်ဆိုပြီးကူထောက်ပေးနေတော့ JaeHyuk မျက်စောင်းထိုးကာ ကြည့်လိုက်သည်
ထို့နောက် Asahi ကြားအောင် ကားဟွန်းကိုတီးရပြန်သည်
ထိုခါမှAsahi ထွက်လာပြီး တံခါးဖွင့်ပေးပြီး အိမ်ထဲပန်ဝင်သွားသည်
Asahi ထင်ထားတာနှင့်တလွှဲ ဟိုနှစ်ယောက်ပါကပ်ပါလာတော့ အားတော့နာမိသည်မှန်ပေမယ့် ပါးစပ်ကတောင်းပန်စကားပြောမထွက်ခဲ့
"သူတို့ကငါ့သူငယ်ချင်း ငါ့ထက်တော့ငယ်တယ် ဒါက JeongWoo ဒါက Ruto "
"အင်း...အန်ညော် "
"Asahi Hyung က ထင်ထားတာထက်ပိုကြည့်ကောင်းတာပဲ "
"အာ...အာနီး"(မဟုတ်ပါဘူး)
"ကျွန်တော်က Haruto ပါ ရင်းရင်းနှီးနှီးစကားပြောလို့ရပါတယ် "
"ဟုတ် "
"နေ့လည်မှပြန်ကြနော် ငါနေ့လည်စာပါဝယ်လာတယ် "
"အင်း Asahi Hyung ကျွန်တော်နဲ့ မနက်စာသွားပြင်မယ်လေ "
"အင်း...ရတယ်"
"JaeHyuk ဆီက သတင်းကြားထားတယ် ချက်ပြုတ်တာအရမ်းကျွမ်းတယ်ဆို."
"ဟား..ဟား...မင်းကနောက်တတ်တာပဲ "
စကားပြောပြီးရယ်ရင်းမီးဖိုထဲဝင်သွားသော Asahi နဲ့ JeongWoo ကိုကြည့်ပြီး JaeHyuk ကတစ်ယောက် ပါးစပ်အဟောင်းသား....
"ငါနဲ့JaeHyuk အတူနေလာတာ တစ်ပတ်ရှိပြီ သူဒီလိုရီတာတစ်ခါမှမမြင်ဖူးဘူး "
"ဟမ်...JaeHyuk Hyung ရာ...သူနဲ့အဆင်ပြေအောင်တစ်ခါမှမနေဖူးဘူးမလား ဒီလောက်လေးနေရင်ရနေတာပဲကို.."
"မသိဘူး...ငါကတော့ ငါနဲ့ ပုံစံမတူဘူးပဲထင်နေတာ "
"Hyung က တစ်ဖက်ထဲတွေးပြီး စိတ်ထဲထင်နေတာကိုအတည်ယူနေတာကို...JaeHyuk Hyung စိတ်ကိုဖွင့်ထားကြည့်လိုက်ပါ နော်..အဆင်ပြေသွားမှာပေါ့"
"အင်းပါ...ငါကော်ဖီသွားဖျော်ပေးမယ်...ခနစောင့်နော်"
"ရပါတယ်"
JaeHyuk မီးဖိုခန်းထဲဝင်လာသောအခါ တစ်ခါမှမမြင်ဖူးသေးသော Asahi ရဲ့ပုံစံ....
JeongWoo နဲ့ စကားပြောရင်း ရယ်နေလိုက်တာ ပါးချိုင့်လေးကိုထင်းလို့ တစ်ခါရီလိုက်တိုင်းလည်း နှုတ်ခမ်းထောင့်စွန်းက အဆွယ်ဖြူပိစိလေးတွေကပေါ်လာသေးသည်
စိတ်ထဲ တဒဂ်ဝင်လာသော အတွေးထဲတွင်တော့
*တဂယ်လှတယ်*
JaeHyuk အခန်းဝမှရပ်ကြည့်နေရင်း တခဏမျှကြာတော့
Asahi ကမြင်သွားတာကြောင့်
"JaeHyuk ဘာယူမို့လည်း... "
"ဟင်..ဟို ကော်ဖီ...Ruto အတွက်.. ကော်ဖီလာဖျော်တာ"
"Ruto အတွက်လား ကျွန်တော်ဖျော်သွားပေးလိုက်မယ် သူ့အကြိုက်ကိုကျွန်တော်ပဲသိတာ ဟီး"
"ဝိုး..ဟိုး...JeongWoo ရားးး"
"Hyung Asahi ကိုခနကူပေးလိုက်နော် ကျွန်တော် ကော်ဖီသွားပေးလိုက်အုံးမယ် "
____________________________________
Continue Reading
You'll Also Like
6.7K 152 15
Rain - ကျူပ်အပိုင်လို့ သတ်မှတ်ထားရင် ဘယ်ကောင်မှ လာထိတာ မကြိုက်ဘူး
4.1M 259K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
9.2K 927 21
12.2K 408 13
တစ်ချိန်ကကျွန်တော့ရင်ကိုလှုတ်ခတ်သွားစေခဲ့တဲ့လူတစ်ယောက်... ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံ ဘယ်လိုအခြေအနေမျိုးနဲ့ ပြန်တွေ့ရမယ်ဆိုတာကျွန်တော်မသိနိုင်ပေမ...