Game Of Life
By AChit7777
85.9K 5.3K 203
ကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ... More
Part1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
10
11
12
13
14
16
17
18
19
20
21
22
23
24
25
26
27
28
29
30 (end)
Xiao's part
15
2.2K 144 8
By AChit7777
Unicode
"လာ လာ သမီးချင်းချင်း "
"ဟုတ်ကဲ့ အန်တီ "
ဒူးအောက်မကျတကျပန်းရောင်လက် ပြတ်ဂါဝန်လေးကို လေဒီရှူးအပါးလေးနဲ့တွဲဖက်ဝတ်ဆင်ထားပြီး ဂုတ်ဝဲဆံပင်လေးကိုနားရွက်တစ်ဖက်ကလစ်ကလေးညှပ်ထားတဲ့ကောင်မလေးတစ်ယောက်...
နာမည်ကယန်ချင်းချင်း..
ချင်းချင်းအိမ်ကိုတစ်မေ့တစ်မော့ကြည့်ရင်း အန်တီရှောင်းခေါ်ရာနောက်လိုက်ရတော့သည်...
*ဒီအိမ်ကြီးမှာနေရမှာတဲ့လား..အမလေးရုပ်ရှင်ထဲကလိုပဲ တံခါးအကြီးကြီးနဲ့ ကြမ်းခင်းကလဲငါ့ကိုယ်ငါတောင်ပြန်မြင်နေရတယ်  လှေကားကြီးကလဲအကြီးကြီးပဲ ဝါး..ဒီအိမ်ကြီးမှာငါနေရမှာတဲ့လား *
"ထိုင်နေဦးနော် သမီး အန်တီ သမီးဖွားဖွားကိုသွားခေါ်လိုက်ဦးမယ်...မားရေ...ဒီမှာမားဧည့်သည်လေးရောက်နေပီ.."
"အိမ်ကြီးကရှယ်ပဲ ကူးစူးကဟာတွေသိအောင်လှမ်းကြွားရဦးမယ် "
"ချင်းချင်း ရောက်လာပီလား "
"ဟုတ်ကဲ့  ဖွားဖွား နေကောင်းတယ်နော်"
"ကောင်းပါတယ်ကွယ်..."
"မား...သမီးဆိုင်သွားဦးမယ် ချင်းချင်း ကိုယ့်အိမ်လိုသဘောထားနော် အာမနာနဲ့နော် အန်တီအလုပ်လေးရှိလို့သွားရဦးမယ် "
"ဟုတ်ကဲ့ အန်တီ "
"ချင်းချင်းနေဖို့ အဖွားအခန်းစီစဥ်ခိုင်းထားတယ် ခရီးပန်းလာတော့ နောက်မှအေးဆေးစကားပြောကြတာပေါ့ အရင်သွားနားလိုက် ဟုတ်ပီလား.. "
"ဟုတ် ဖွားဖွား "
အိမ်တော်ထိန်းအန်တီကြီးနောက် အသာလိုက်ရင်း အိမ်ကြီးပတ်ပတ်လည်ကို မျက်စိကစားလိုက်မိသည်...
ဒုတိယထပ်ဧည့်သည်ခန်းကိုရောက်တော့ အန်တီကြီးက ရေချိုးခန်း.အိမ်သာနဲ့အသုံးဆောင်တွေကို လိုက်ပြရင်းသင်ပေးတော့သည်...
ခေတ်မှီအသုံးဆောင်တွေမို့ ပါးစပ်မစိနိုင်လောက်အောင် အံ့သြနေမိပေမဲ့ သင်လွယ်တတ်လွယ်အရွယ်မို့ အခက်ခဲသိပ်မရှိ....
အနားယူပါလို့ပြောပြီး အန်တီကြီးထွက်သွားတော့ ချင်းချင်း အိပ်ယာဘေးကလိုက်ကာကိုဖွင့်ပြီး ဝရံဒါလေးဘက်ကိုထွက်ကြည့်လိုက်သည်...
"ဝိုး....တကယ်အကျယ့်ကြီးပဲ...နေပါဦးအိမ်ကြီးပုံစံကတမျိုးပဲ နှစ်ထပ်လိုလို သုံးထပ်လိုလို ဒီလောက်အိမ်အကျယ်ကြီးမှာလူဘယ်နှယောက်နေတာလဲမသိဘူး..."
"ဒီအိမ်ကြီးမှာ ချွေးမဖြစ်တဲ့သူကတော့ အတော်ကံကောင်းမှာပဲ..."
.........................
အခုဆို ဒါရိုက်တာဝမ်ရိပေါ်ရဲ့ရုံးခန်းလေးက တခြားလူမပြောနဲ့ ဖန်ရှင်းတောင် အရင်လိုဝင်ဖို့မလွယ်တော့ပေ..
မချိန်းထားပဲလာတဲ့ဧည့်သည်ရှိလျှင် အကြောင်းကြားပြီး ၁၀မိနစ်လောက်စောင့်ရတာခပ်များများဖြစ်လို့လာသည်...
ဖန်ရှင်းဝင်ချင်ရင်တောင် ကြိုအကြောင်းကြားရတဲ့အဖြစ်. အခုလဲ အလုပ်ကိစ္စတခု လက်မှတ်ထိုးဖို့အကြောင်းကြားထားတာ ၅မိနစ်လောက်ရှိပြီ...
ဖိုင်လေးကိုင်ပြီးစောင့်နေတဲ့ ဖန်ရှင်းကတော့ နာရီကြည့်လိုက် သက်ပြင်းချလိုက်နဲ့ စိတ်မရှည်တော့....
နောက်ထပ်၅မိနစ်အကြာမှ...
"ဖန်ရှင်းဝင်ခဲ့တော့..."
အကိုရိပေါ်ရဲ့ထိုင်ခုံပေါ်မှာအကိုရှောင်ကထိုင်နေပြီး အကိုရိပေါ်ကတော့ စားပွဲပေါ်မှီလို့နေသည်..ဖန်ရှင်းရိပေါ်ကိုမကြည့်ကြည့်နဲ့စိုက်ကြည့်လိုက်ပြီး...
...ဗုန်း...
"လက်မှတ်ထိုးရမဲ့နေရာသိတယ်မလား ထိုးပြီးခေါ်လိုက် တကယ်ပဲ စောင့်ရစိတ်ကိုမရှည်တော့ဘူး ဟွန်း... သွားပြီ"
စာရွက်ဖိုင်ကို စားပွဲပေါ်ပြစ်ချကာ ပြောချင်တာပြောပြီး ထွက်သွားတဲ့ဖန်ရှင်းကို ကြည့်ပြီး ရှောင်ကျန့်ရဲ့ရိပေါ် ရယ်လိုက်ကြတော့သည်....
ဒီကုမ္ပဏီမှာ သူတို့၂ယောက်အကြောင်းသိတာဖန်ရှင်းတယောက်ပဲရှိဦးမယ်ထင်တယ် ရှောင်ကျန့်ကသူငယ်ချင်းတွေကိုပြောဖို့အချိန်အခါမကြုံသေး၍ ယွိပင်းနဲ့ကျိုးချန်တော့ခုထိမသိသေး....
"ဝမ်လေး...ဟိုလေ အိမ်ရောက်ရင်လဲ နေတာပဲကို အခုလိုရုံးခန်းထဲမှာကိုလျော့လိုက်ရင်မကောင်း..."
"ဟာ..ကျန့်ကောကလဲ ကိုယ်ကအမြဲအလုပ်နဲ့အပြင်သွားနေရတာလေ တခါတလေလေး အလုပ်မရှိတဲ့နေ့တွေလောက်ပဲကို...ပြီးတော့ ခံစားချက်ခြင်းမတူဘူး ဘယ်လိုပြောရမလဲ မဖြစ်နိုင်ပေမဲ့ တယောက်ယောက်များဝင်လာမလားဆိုပြီး ရင်တစ်လှပ်လှပ်နဲ့ ဟီးဟီး.."
"တော်တော်ဖြစ်နေ... ဖန်ရှင်းဘက်ကိုလဲကြည့်ပါဦး အခုလိုမျိုးအမြဲတမ်းဆိုမကောင်းဘူးလေ "
"ကျစ်...ကောရာ "
📲 📲 📲 ဖုန်းသံကြောင့် ရိပေါ်အပြောတွေရပ်ကာ ကိုင်လိုက်တော့သည်..
"ကော... မားဆက်တာ အိမ်မှာ ဖွားသူငယ်ချင်းရဲ့မြေးဆိုတာရောက်နေပီတဲ့ ညစာအတူစားမယ်တဲ့ "
"အွန်း..."
"ဒါနဲ့ကော... ဆိုင်ကယ်ပြိုင်ပွဲတွေကြိုက်လား "
"ဟင် ဘာဖြစ်လို့မေးတာလဲ "
"အော် ယွိပင်းတို့ပြောသံဲကြားလို့လေ ကောကသွားကြည့်တယ်ဆိုလို့ "
"ကြိုက်တဲ့ရယ်လို့လဲမဟုတ်ပါဘူး ဒီလိုပဲကြည့်ဖြစ်တာပါ ဒါပေမဲ့ တယောက်ကိုတော့သဘောကျတယ် "
"ဘယ်သူလဲ "
*He pengများလား ကောသူ့ကိုသဘောကျသွားတာလား*
"Tracer 85တဲ့ အဟင်း..ဘာကြောင့်လဲမသိပေမဲ့ သူ့ကိုစိမ်းမနေဘူး ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ကစားသမားကောင်းတစ်ယောက် ဖြစ်နေတာလေ လေးစားစရာပဲ...ဖြစ်နိုင်ရင်သူ့နဲ့တွေ့ချင်မိတယ်"
"သူ့ကို ကိုယ်သိတယ် ''
"ဟင်...ဝမ်လေးကဘယ်လိုလုပ်သိတာလဲ သူကအရမ်းလျှို့ဝှက်တာ ယွိပင်းတို့တောင်မသိဘူး "
"ကိုယ်ကဘယ်သူလဲ ဝမ်ရိပေါ်လေ သူများတွေနဲ့မတူဘူး "
"တကယ်သိတာလား ''
"အင်း ဒီတစ်ပတ်Sunday ကိုယ်နဲ့Dateမလား "
"အင်း...Dateမယ် "
"Ok."
...ပြွတ်.....
ဒေါက် ဒေါက်......
"လက်မှတ်မထိုးရသေးဘူး ငါလာပေးမယ် ''
သူတို့၂ယောက်ရဲ့နေ့စဥ်ဘဝလေးက တကယ်ပျော်ဖို့ကောင်းပါတယ်..အေးချမ်းတယ်..နားလည်မှုတွေ..အချစ်တွေနဲ့..အရင်လိုရန်ဖြစ်တာတွေမရှိတော့ဘူး..အမုန်းတရားတွေမတွေ့ရတော့ဘူး..
..........................
အိမ်ကြီးရဲ့ထမင်းစားခန်းထဲမှာပဲ ဝမ်ဖွားဖွားရယ် ရှောင်မားရယ် ချင်းချင်းရယ် ရောက်မလာသေးတဲ့ရှောင်ကျန့်နဲ့ရိပေါ်ကိုစောင့်ရင်း စကားပြောနေကြတော့သည်...
"ဒီအိမ်မှာက သမီးဖွားဖွားပဲရှိတာ အန်တီကလဲအလုပ်နဲ့ သား၂ယောက်ကလဲအလုပ်နဲ့ဆိုတော့ ဘယ်သူမှအိမ်မကပ်ကြဘူး "
"ဟုတ် "
"သမီးလိုအပ်တာရှိရင် အိမ်တော်ထိန်းကြီးကိုပြော မဟုတ်ရင်လဲ ဒီကကောင်မလေးတွေကိုပြောလို့ရတယ်နော် "
"ဟုတ်ကဲ့ အန်တီ "
ပြောရင်းကားရပ်သံကြား၍...
"ဟော မြေးတို့ရောက်လာကြပီထင်တယ် "
ချင်းချင်း အပေါက်ဘက်ကိုကျောပေးထိုင်နေတာဖြစ်လို့ လှည့်ကြည့်လိုက်တော့...
ကားရဲ့တဖက်ကနေဆင်းပြီး တစ်လှမ်းချင်းလှမ်းလာတဲ့သူ...
အရပ်အမောင်း.ခန္ဓာကိုယ်အချိုးအစား.အသားအရည်နဲ့လုံးဝပြီးပြည့်စုံတဲ့ရုပ်ရည် သူကလူလားနတ်သားလား...ချင်းချင်းမြင်မြင်ချင်းအချစ်ဆိုတာယုံလို့သွားခဲ့သည်.သူချစ်မိသွားပြီလေ
သူ့ရဲ့နတ်သားလေးဖွင့်ပေးတဲ့တံခါးကို ဖွင့်ပြီးဆင်းလာတဲ့နောက်ထပ်နတ်သားတစ်ပါး...သူလဲပြီးပြည့်စုံတဲ့လူသားပါပဲ သို့ပေမဲ့ချင်းချင်းအတွက်ပထမနတ်သားတစ်ပါးသာ နှလုံးသားကိုကြီးစိုးလို့နေပြီ...
"ဖွား..သားတို့ရောက်ပြီနော် "
"အင်း.မြေးတို့ ထိုင်ကြ "
"သားတို့ကိုစောင့်နေတာ ထမင်းခူးလိုက်တော့ "
မားက ဆာနေပြီထင်တယ် သူတို့၂ယောက်ရောက်တာနဲ့ထမင်းခူးခိုင်းနေပြီ...
"မြေးတို့ သူကချင်းချင်းတဲ့ ဖွားသူငယ်ချင်းရဲ့မြေးမလေး ချင်းချင်း ဒါအဖွားရဲ့အချစ်ဆုံးမြေး၂ယောက် သူကရှောင်ကျန့် သူကရိပေါ် မှတ်ထားနော် "
*ရိပေါ်တဲ့လား...ကိုကိုရိပေါ် အဟိခေါ်လို့ကောင်းသားပဲ *
"တွေ့ရတာဝမ်းသာပါတယ် အကို၂ယောက်လုံး ချင်းချင်းကို ညီမတစ်ယောက်လို သင်ပြဆုံးမပေးပါနော် "
*သွက်သားပဲ.လိုက်လျောညီထွေနေတတ်တယ်.ရုပ်ရည်လေးကလဲမဆိုးဘူး ညီမတစ်ယောက်ရသလိုပဲ မဆိုးပါဘူးရိပေါ်ရောဘယ်လိုတွေးမလဲမသိဘူး *
"ကိုယ့်အိမ်လိုပဲသဘောထားပြီးနေနော် လိုအပ်တာရှိရင် အကို့ကိုပြောလို့ရတယ် ဒီက အကိုရိပေါ်ကိုပြောလဲရတယ် အားမနာနဲ့နော် "
ရှောင်ကျန့်ကသာပြောနေတာ ရိပေါ်ကသူ့စတိုင်သူ့ဗီဇအတိုင်းတချက်သာကြည့်ပြီး ဘာတခွန်းမှမပြော.သူလုပ်နေကျအတိုင်း ရှေ့ကရေခွက်ထဲရေထည့်ပြီး  ရှောင်ကျန့်ကိုလှမ်းပေးကာ...
"ရေသောက်ဦး.."
"အင်း "
ထမင်းစားနေတုန်း ရှောင်ကျန့်ကြိုက်တာလေးတွေ ထည့်ပေးရင်း... ငါးပေါင်းစာမယ်ဆိုတော့ အရိုးသေချာနွှင်ပြီးအသားလေးတွေထည့်ပေးကာ..
"သေချာဝါးစား အစာမကြေဖြစ်မယ် "
"ကော ကလေးမဟုတ်တော့ဘူး ဝမ်လေး မင်းထက်၆နှစ်ကြီးတာလဲမမေ့နဲ့ဦး "
"ရှောင်ကျန့် အသက်ထည့်ထည့်မ ပြောနဲ့ ငါသိတယ် "
ချင်းချင်း အရှေ့က၂ယောက်ကိုကြည့်ပြီးထူးထူးဆန်းဆန်းဖြစ်လို့နေသည်...သူ့ပုံစံကိုမြင်သွားတဲ့အန်တီရှောင်းကရယ်ကာ...
"အာ့၂ယောက် အဲလိုပဲသမီးရေ... အငယ်ကအကြီးဖြစ်ချင်တယ် အကြီးကအငယ်ကိုအလျှော့မပေး ဒီပုံစံမတွေ့တာကြာပြီ... ဟို၂ယောက်လင်မယားတွေတည့်နေပီထင်နေတာ ဘာထဖြစ်ပြန်ပီပဲ အဲလင်မယားဘယ်ဟုတ်မလဲ လင်လင်တွေ..ဟားဟား"
"ဟင်..လင်မယား.လင်လင် အဲဒါဘာပြောတာလဲအန်တီ "
"ဟုတ်သားပဲ ချင်းချင်းကိုမပြောရသေးဘူး မေ့နေတာချင်းချင်းရေ..အဖွားမြေး၂ယောက်ကလက်ထပ်ထားတာသမီး.."
....ချလွင်......
ချင်းချင်းထမင်းစားနေတဲ့
ဇွန်ခရင်းတွေက စားပွဲအောက်မှာခစားလျက်..
"လက် လက်ထပ်ထားတာ."
"အင်း..."
"ဒီက အကို၂ယောက်လား "
"အင်း..."
*မမြင်ဖူး မကြားဖူးတာတွေပါလား... ယောက်ျား၂ယောက်ကလက်ထပ်ထားတယ်တဲ့ အာ့လိုကြီးရှိလို့လား.... ဒါဆို ကိုကိုရိပေါ်နဲ့ ငါ့ရဲ့ဇာတ်လမ်းက မစခင်ကတည်းက ရှုံးနေပြီပေါ့ ဟင့်အင်း လက်မခံနိုင်ဘူး... မိန်းမတစ်ယောက်ရဲ့အထိတွေ့တွေကို ဘယ်ယောကျာ်းလေးကခံနိုင်တာရှိလဲ အချိန်တွေရှိပါသေးတယ် အေးဆေးပေါ့ ချင်းချင်း..*
"ချင်းချင်း သမီး ချင်းချင်း "
"ဟမ်...အော အန်တီ ချင်းချင်းအံသြသွားလို့ပါ "
"ဒီလိုပါပဲ..ဒီမှာကတော့ဒါမျိုးတွေက ရိုးသွားပါပီ  ဟင်းဟင်း"
"ဟုတ်ကဲ့"
"ဖွား.မား..ကျွန်တော်ပြီးပြီ အရင်ထနှင့်မယ် ကျန့်ကောပြီးမှလိုက်ခဲ့နော်"
"အင်း အင်း"
"သမီးရေ.. ရိပေါ်ကအာ့လိုပဲ ငယ်ငယ်ထဲကစကားနည်းတာ သူစိမ်းတွေနဲ့သိပ်စကားမပြောဘူး သမီးကပဲနားလည်ပေးလိုက်နော် ''
"ရပါတယ် အန်တီ "
ချင်းချင်း ပြုံးပြလိုက်မိသည်....
*ခက်တာကိုပိုကြိုက်တယ် လွယ်နေရင်ဘယ်တန်ဖိုးကြီးလိမ့်မလဲ *
...............................
24.7.2021
သဲလေးတို့ရေချစ်တယ်နော်... အမှန်ကမနေ့ကတင်ရမှာ ရေထဲရောက်နေတဲ့ဝမ်ငယ်လေးစိတ်ပူရ လိုက်သွားမယ်ဆိုတဲ့ကျန့်ကောစိုးရိမ်ရနဲ့ဘယ်လိုမှရေးမရလို့ ဒီနေ့မှတင်ဖြစ်တယ်...
"လိပ်အပေါင်းတို့Idolအရွေးမမှားခဲ့ဘူးနော်.အမြဲဂုဏ်ယူနေတယ်''
Zawgyi
"လာ လာ သမီးချင်းချင်း "
"ဟုတ်ကဲ့ အန်တီ "
နာမည်ကယန်ချင်းချင်း..
"ကောင်းပါတယ်ကွယ်..."
"ဟုတ်ကဲ့ အန်တီ "
"ဟုတ် ဖွားဖွား "
.........................
"ဖန်ရှင်းဝင်ခဲ့တော့..."
...ဗုန်း...
"ကျစ်...ကောရာ "
"အွန်း..."
"ဘယ်သူလဲ "
"သူ့ကို ကိုယ်သိတယ် ''
"တကယ်သိတာလား ''
"အင်း...Dateမယ် "
"Ok."
...ပြွတ်.....
ဒေါက် ဒေါက်......
..........................
"ဟုတ် "
"ဟုတ်ကဲ့ အန်တီ "
"အင်း.မြေးတို့ ထိုင်ကြ "
"ရေသောက်ဦး.."
"အင်း "
....ချလွင်......
"လက် လက်ထပ်ထားတာ."
"အင်း..."
"ဒီက အကို၂ယောက်လား "
"အင်း..."
"ဟုတ်ကဲ့"
"အင်း အင်း"
"ရပါတယ် အန်တီ "
...............................
24.7.2021
Continue Reading
You'll Also Like
496K 20.1K 44
𝐓𝐰𝐨 𝐜𝐨𝐮𝐩𝐥𝐞𝐬, 𝐭𝐰𝐨 𝐛𝐚𝐛𝐢𝐞𝐬 ...𝐰𝐡𝐚𝐭 𝐜𝐨𝐮𝐥𝐝 𝐠𝐨 𝐰𝐫𝐨𝐧𝐠? » 𝐦𝐩𝐫𝐞𝐠 » 𝐭𝐢𝐧𝐲 𝐬𝐮𝐧𝐠𝐢𝐞 » 𝐚𝐧𝐠𝐬𝐭 » 𝐦𝐢𝐧𝐢𝐦𝐚𝐥...
7K 707 17
ပိုင်ဆိုင်တယ်ထင်ရပေမယ့် ကိုယ်မပိုင်တဲ့မင်း~~~
192K 19.1K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
30.9K 996 35
sequel to meet and greet