Unicode
အိပ်ရာပေါ်မှ မောင်ငယ်လေးကိုကြည့်လိုက် ၊ ပြုံးစိစိလုပ်လိုက်နဲ့ ဘေးနားကဆေးပုလင်းတွေကို တဖောက်ဖောက်မြည်အောင်ဖောက်နေသော ထိုမိန်းကလေးအား ရပ်ကြည့်နေရင်းကပင် မငယ်တစ်ယောက် သိပ်စိတ်မရှည်တော့ပါချေ။
"ဒီမှာ ဒီမှာ ရှင်ဒီနေ့ ကျမမောင်လေးကို ဆေးရော ထိုးပါအုံးမလား"
"ဘာလို့လဲ "
"ရှင်လုပ်နေတာကိုကြည့်လေ ဘယ့်နှယ့်တော် ရီလိုက် ဆေးဖောက်လိုက်နဲ့ သူ့ကိုယ်သူ ရုပ်ရှင်မင်းသမီးများ အောက်မေ့နေသလားမသိဘူး အံ့သြပ... ရှင်လုပ်နေတာကို ကျုပ်ဒီနားက ထိုင်ကြည့်နေတာ ဆယ့်ငါးမိနစ်တောင်ရှိပြီတော်ရဲ့"
"ဟဲ့သမီးငယ် ဧည့်သည်ကို အဲ့လိုမပြောနဲ့လေ သူလည်းအကြောင်းရှိလို့နေမှာပေါ့..."
"မေမေကလည်း သူလုပ်နေတာကိုကြည့်အုံးလေ"
"မိငယ် မေမေပြောနေတယ်လေ...မပြောနဲ့ဆို တော်လိုက်တော့ ပေါ့..."
မိမိအား အနည်းငယ် အားနာသွားဟန်တူသည့် အဒေါ်ကြီးမှ မငယ်ဆိုသည့်သူမအား မာန်မဲလိုက်သည်မို့ ရန်တွေ့ဟန်ပြင်နေသော ထိုအမနှုတ်ခမ်းတို့ အလိုလို ရပ်တန့်သွားလေသည်။
"အော်.. ဒီက ကလေးမ ကြီးတော်သမီးကို စိတ်မရှိနဲ့နော် သူကအဲ့အတိုင်းပဲ ကဘောက်ကခြောက်နဲ့ရယ်"
"ဟာမေမေ...ကျုပ်က..."
"ကဲတော်လိုက်တော့ အငယ်မ သွား မီးဖိုခန်းထဲကိုသွားလိုက် အဲ့မှာ မိဘုတ်ဟင်းချက်နေတယ် သူ့ကိုသွားကူနေလိုက်"
"မေမေ..."
သမီးဖြစ်သူမိမိအား တစ်ချက်ကလေးတောင်မကြည့်ပါဘဲနှင့် ဟိုမိန်းမမျက်နှာကိုသာ ပြုံးပြုံးကြီးကြည့်နေသော မေမေ့ကြောင့် သူမစိတ်တို့ အစွန်းအစုံထိ ဒေါသတို့ထွက်သွားရလေသည်။
ဆက်နေလျှင်လည်း အပြစ်တွေသာ ဖြစ်နေမှာမို့ ထိုအခန်းထဲမှသာ မငယ်တစ်ယောက်ထွက်လာခဲ့လိုက်သည်။
ဘုန်းဒိုင်းအုန်းဒိုင်း မြည်သွားသော သူမ လမ်းလျောက်သွားသော သူမ ခြေလှမ်းတို့ကတော့ ခြွင်းချက်တစ်ခုအနေနဲ့ပေါ့...
"အဲ့တာသာ ကြည့်တော့သမီးရေ သူလေးက အိမ်မှာဆို အငယ်ဆုံးလေးလိုဖြစ်နေတော့ အပြောလေးတော့ နည်းနည်းဆိုးချင်တယ်ကွယ် ဒါပေမဲ့ စိတ်ရင်းလေးကတော့ ကောင်းရှာပါတယ်"
"ဟုတ်ကဲ့ပါ ခ နားလည်ပါတယ် အန်တီ"
"အေးအေးအေးပါကွယ်... အော် ဒါနဲ့ သမီးလေး...ဟို....ဟိုလေ ကြီးတော် သမီးကိုတစ်ခုလောက်မေးချင်လို့ရမလား"
"ဟုတ်ကဲ့ရပါတယ် အန်တီမေးချင်တာကိုမေးပါ ခကိုဘာမှအားမနာပါနဲ့"
" ကြီးတော်သားလေးက ဘာဖြစ်တာလဲဟင် "
ကြီးမားသောမိဘမေတ္တာက အဆုံးအစ
မရှိအောင်များပြားလှပေသည်။ ထိုမေတ္တာတို့က ရန်သူကိုပင် အရှုံးပေလောက်အထိ သက်ရောက်မှုအား ကြီးမားလှပေသည်။
ယခုလည်းကြည့်ပါချေ သူမအား အိမ်ထဲကနေ အမြန်ထွက်သွားဟူ၍ စောစောကပင် အသည်းအသန် မောင်းထုတ်နေသော ထိုအန်တီကြီးက ယခုအခါတွင်တော့ ထိုစကားများနှင့်ဆန့်ကျင်လို့သူမအား အောက်ညွတ်ခံ၍ မေးလာပါလေပြီ။
အော် မိဘမေတ္တာ...မိဘမေတ္တာ...သိပ်ကြီးမားလှပါလားနော်...
"အစားပြတ်ပြီး အားနည်းသွားရုံလေးတင်ပါ ကျန်တာဘာမှ မဖြစ်ပါဘူး ပြီးတော့ ဖျားတာလေးပါရော သွားတော့ အခုလိုမျိုးလေး ဖြစ်သွားတာပါ ဘာမှစိတ်မပူနဲ့ နော် အန်တီ ခ သူလေးကို ဆေးထိုးပေးထားပြီးပါပြီ ၊ နောက်နာရီဝက်လောက်ဆိုရင် သူပြန်သတိရလာမှာ..."
"အေးပါကွယ်... အခုနက ကြီးတော်ကြီး သမီးအပေါ်ပြောတာတွေကိုစိတ်မရှိနဲ့နော် သမီးလေး"
"ဟုတ်ကဲ့ ရပါတယ် ခ အားလုံးကို နားလည်ပေးပြီးသားပါ.... ဒါနဲ့ အန်တီ့ ကို ခ တစ်ခုလောက်တော့ အကြံပေးချင်တယ် ရမလားရှင့်"
"ရတာပေါ့ သမီးရယ်သိပ်ရတာပေါ့ ကဲပြော ဘာများပြောချင်လို့လဲ"
သူမခဗျာ ခွင့်ပြုလိုက်ပါသော်လည်း ပြောစရာ စကားများကို ဆက်မပြောသေးဘဲ သားငယ်ဘက်သို့ လှည့်သွားသော ထိုကလေးမကြောင့် ယခု သူမပြောမည်ဆိုသည့်စကားက သားငယ်လေးနှင့်တော့ တမျိုးတစ်ဖုံပတ်သတ်နေမည်ကို ဒေါ်အမရာတစ်ယောက် တွေးကြည့်တာနှင့်တင် သိနေလေသည်။
"သူလေးကို ကျမ မြို့ခေါ်သွားချင်တယ်"
"ဘာ...မင်းဘာပြောလိုက်တယ် သားငယ်ကို မြို့ခေါ်သွားမယ်ဟုတ်လား"
အခြေအနေတို့ခက်ထန်ကာ ရုတ်တရက်ဆိုသလို တင်းမာသွားသော အန်တီကြီး၏ အသံတို့ကြောင့် သူမခဗျာ အသားလေးများပင်တုန်သွားရလေသည်။
"ဟုတ်...ဟုတ်တယ် အန်တီ သူလေးကို ခ မြို့ခေါ်သွားချင်တယ် အခုသူလေးမှာ မောင်နဲ့ရတဲ့ ....မောင်နဲ့ရတဲ့ "
မပြောမဆိုရပ်တန့်သွားသော ထိုစကားတို့က သူမရင်အစုံအား တဒုတ်ဒုတ်မြည်အောင် လှုပ်ခတ်သွားစေခဲ့သည်။
"ဘာလဲ ဟင်... သမီး..ဘာရှိလို့လဲ "
"ဘာ..ဘာမှ မဟုတ်တော့ပါဘူး အခု ဒီကလေး အရမ်းကို အားနည်းနေတယ် ဖြစ်နိုင်ရင် ခ သူလေးကို ဆေးရုံမှာ ဆေးကုသမှု ခံခိုင်းချင်လို့ အဲ့တာ အန်တီခွင့်ပြုမယ်မလားဟင်"
သူပြောလိုက်ကာမှ စကားကို လမ်းကြောင်းလွှဲသွားသော ထိုကလေးမမှာ သားငယ်နှင့်ပတ်သတ်ပြီးတော့ ဖုံးကွယ်စရာ တစ်ခုခုတော့ ရှိကိုရှိနေလိမ့်ပေမည်။
အဲ့ဒါကဘာများပါလိမ့်....
"အန်တီ ခွင့်ပြုမယ်မလားဟင်..."
ဒုတိယအကြိမ် ထပ်ကျော့လာသော ထိုကလေးမစကားတို့က ဘာရယ်ကြောင့်များတော့ မသိနည်းနည်းလေးတော့ တုန်ရီနေလေရဲ့။
"အဲ့တာကတော့ ကျုပ်လည်း မပြောတတ်ဘူးတော်ရေ ကာယကံရှင် ဖြစ်တဲ့ သူနိုးလာမှ မေးကြည့်ပေါ့.. ကျုပ်ကတော့ သူလိုက်ရင် ထည့်မယ်... သူမလိုက်ရင် မထည့်ဘူး..."
"အို...ရှုပ်ရှုပ်ယှက်ယှက်မေမေရယ် ဘာလို့ထည့်ရမှာတုန်း"
အငွေ့တထောင်းထောင်း ထနေသော ကြက်သားစွပ်ပြုတ်ပန်းကို လက်ကကိုရင်း အခန်းထဲသို့ဝင်လာသည့် သမီးငယ်စကားတို့ကြောင့် ထိုကလေးမ မျက်နှာမှာ မိုးပြိုမတတ် ညို့မှိုင်းထွက်သွားလေသည်။
"ဒီမှာ မိန်းကလေး"
"ရှင်...ရှင်"
"အေး ကျုပ်တစ်ခုပဲပြောမယ် တော်ရယ် ကျုပ်မောင်ကို ကျုပ်တို့သားအမိက လွဲပြီးတော့ ဘယ်သူ့ကိုမှ စိတ်မချဘူး အထူးသဖြင့် ရှင့်လိုလူကိုပေါ့ ရော့ ဒီမှာ ရှင်မှာထားတဲ့ ကြက်သားစွပ်ပြုတ်
ကျုပ်သွားလိမ့်အုံးမယ်"
လက်ထဲသို့ ကြက်သားပန်ကန်းလုံးကို ထိုပေးရင်း လာမြဲအတိုင်းသာ ပြန်ထွက်သွားသော ထို မိန်းကလေးက သူမအကြံတို့အား ကြိုသိနေသည့်အလားပင်။
ဒီအတိုင်းသာ ရှေ့ဆက်သွားရမည်ဆိုပါက သူမအကြံတို့ ပျက်စီးရလေရဲ့...ဟူး....
"အ..ကျွတ်...ကျွတ်"
ကြံရာမရသည့် အတွေးတို့ဖြင့် စိတ်အိုက်နေသည့်အခိုက် ဘေးနားရှိ အကောင်ပေါက်လေး က ညည်းသံသဲ့သဲ့နှင့်အတူ အိပ်ရာပေါ်မှ လွန့်လူးကာ နိုးလာလေရဲ့။
"ဟော သားလေးတောင်နိုးလာပြီ အငယ်မရေ အငယ်မ အခန်းထဲကို ပြန်ဝင်ခဲ့အုံးဟေ့"
"ဟုတ်မေမေ လာပြီ"
"သား...သားလေး...ဘယ်လိုနေသေးတုန်း...နေလို့ကောင်းရဲ့လားဟင်"
မိမိလက်ကလေးကို ကိုင်ရင်း ပြုံးမြဲသာပြုံးပြနေသော မေမေကတော့ သူ့အပေါ်မှာ အရင်အတိုင်းလို နွေးထွေးနေတုန်းပင်။
"အင်း..."
"ငယ်လေး...ငယ်လေး မမကို ကြည့်စမ်း မမကိုကြည့်စမ်း သက်သာလားဟင် သက်သာလား"
"ဟုတ် သက်သာပါတယ်"
"ဒါနဲ့ ဟိုအမရော ပြန်သွားပြီလား"
"အမ ဒီမှာ ရှိတယ် အဆိုးလေး အမကိုပြောစရာရှိလို့လား"
အခန်းထက်သို့ပျံ့လွင့်လာသော အသံသဲ့သဲ့တို့နှင့်အတူ မေမေ့အနောက်ဆီမှ ထွက်ပေါ်လာသော သူမကြောင့် အဆိုးမျက်နှာတစ်ခုလုံး ပြုံးယောင်သန်းသွားရသလို မျက်ဝန်းထက်မှ မျက်ရည်စများကလည်း သူ့အလိုလိုကျဆင်းလာတော့လေသည်။
"အော် သားလေးရယ် နေလည်းမကောင်းဘဲနဲ့ ဘာလို့ငိုနေတာတုန်း မငိုနဲ့တိတ်တိတ် "
"အမ..."
"ဟင်...ကလေး ပြောလေ"
"ကျွန်တော် အမနဲ့ ဦးဆီကို လိုက်ခဲ့ချင်လို့ အဲ့တာ ကျတော်လိုက်လို့ရတယ်မလားဟင်"
မျက်ဝန်းအိမ်ထက် မျက်ရည်စများနှင့်အတူ သူမအား ယခုလိုလေး ပြောလာသော ထိုကလေးလေးအား မြင်လိုက်ရပြန်တော့လည်း သူမရင်ထဲ၌ ထိုကလေးအား အတော်လေးကို သနားမိသွားသည်။
ဒါဟာ အချစ်အတွက်ကြောင့်လား....
"အို...မောင်လေးကလည်း မဟုတ်တာ မလိုက်ရပါဘူး"
"မငယ်....မငယ်ပြောတော့ သားသားကို ချစ်တယ်ဆို"
"ချစ်တာပေါ့ ငယ်လေးရဲ့ မမမှာ ဒီမောင်လေးတစ်ယောက်ပဲရှိတာလေ ချစ်တာပေါ့လို့"
"ချစ်တယ်ဆိုရင်...သားဖြစ်ချင်တာကို လိုက်လျော ပေးရမှာပေါ့မမရဲ့....မမ သားကိုတကယ်...မချစ်ပါဘူး..."
"မဟုတ်တာ...မောင်လေးရယ်...ဒါပေမဲ့...ဒါ..ဒါက...ဟူး"
လမ်းဆုံနှစ်ခုအား ပြိုင်လျောက်မရနိုင်အောင်အထိ ပိတ်ကာဆို့ကာဖြင့်သာ အကျပ်ကိုင်လိုက်သော အငယ်လေးကြောင့် သူမခဗျာ ပြောစရာ စကားများပင် ပျောက်ရှသွားရလေသည်။
"သားငယ်လေးက သူနဲ့ မြို့ကိုလိုက်ချင်လို့လားဟင်"
"ဟုတ်..."
"အဲ့တာဆိုရင်လည်း မေမေတို့ သားလေးကိုမတားတော့ပါဘူး"
"မေမေ..."
"တော်တော့ သမီးငယ် မေမေစကားပြောနေရင် သမီးဝင်မပြောနဲ့"
"ဒါပေမဲ့..."
"မိငယ်...."
ရုတ်တရက်ဆိုသလို ပျံ့လွင့်လာသော မေမေ့အသံတို့က တိတ်ဆိတ်နေသော အခန်းနံရံထက်ဆီ၌ ပဲ့တင်သံတစ်ခုပမာ အဆက်မပြတ် ရိုက်ခတ်နေသလို ဆက်ပြောရန် ဟန်ချီနေသည့် မမစကားတို့သည်လည်း အလိုလို ရပ်တန့်သွားလေသည်။
"သားငယ်..."
"ဗျာ... မေမေ"
"သားသူနဲ့လိုက်သွားချင်တယ်ဆိုရင် လိုက်သွားပါ ပြီးရင်တော့ မေမေ့ဆီပြန်လာခဲ့နော်သားလေး ကြားလား"
"ဟုတ်... ဟုတ်မေမေ အဲ့တာဆိုရင် သား အဲ့အမနဲ့လိုက်သွားတော့မယ်နော်"
"အေးအေး...ဒါနဲ့ နေပါအုံး သားလေးက အခုချက်ချင်ကြီး သူ့နောက်ကို လိုက် သွားတော့မလို့လားသားရဲ့"
သူမမေးလိုက်လေတော့ သားငယ်လေးက ခပ်ဟဟလေး ပြုံးရင်းသာ သူမအား ခေါင်းလေးကို ညိတ်ပြလာလေရဲ့။
အပြုံး...အချိန်တစ်ခုကြာအောင် ပျောက်ကွယ်နေသော ဒီအပြုံးလေး ယခုအခါ ပြန်ထွက်ပေါ်လာပါပြီလေ။
မေမေဆုတောင်းပါတယ် သားရယ် မင်းမျက်နှာလေး ပြုံးမြဲသာ ပြုံးနိုင်ပါစေ မေ့သားငယ်လေးရယ်...
ယခုဆိုရင်ဖြင့် မြို့တက်ရန်အတွက် လိုအပ်သော ပစ္စည်းပစ္စယများအားလုံးကိုလည်း ကားအနောက်ခန်းဆီသို့ သူမကိုယ်တိုင်ပင် ထည့်ပြီးပြီဖြစ်သလို သားငယ်လေးကိုလည်း ကားခေါင်းခန်းထဲ၌ အသင့်နေရာချထားပြီးပြီမို့ ခပ်ညက်ညက်ထိုကားလေး သူမတို့တစ်တွေရှိရာ တိုက်ပြာလေးမှ ထွက်ခွာသွားတော့လေသည်။
"မေမေ...."
ထိုကားကလေး သူမတို့အမြင်များမှ ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် သူမအနောက်မှ သမီးငယ်က သူမထင်ထားသည့်အတိုင်းပင် သူမ နာမည်အား
ဆောင့်ကြီးအောင့်ကြီးနှင့် ရေရွတ်လာလေရဲ့။
အဟက်...သူသိတာပေါ့ ဒီကလေး သူမအပေါ်စိတ်ဆိုးနေလေပါပြီ...
"သမီး အခု မေမေ့ကို ဘာပြောချင်လဲဆိုတာကို မေမေသိတယ် ဒါပေမဲ့ သမီးမြင်လိုက်လား"
"ဘာကိုလဲမေမေရဲ့"
"အပြုံးလေ အပြုံး"
"အပြုံး...ဟုတ်လား မေမေ"
"အင်း သိပ်လှတဲ့အပြုံးလေး ကဲ မေမေသွားနားတော့မယ် သမီး"
ဘာကိုပြောသွားပြီး ဘာကိုနားလည်ရမှန်းမသိသည့် သူမ ထိုနေရာလေး၌သာ ခေါင်းလေးတလည်လည်နှင့် ဟိုတွေးဒီတွေးလိုက်နှင့် အတွေးကမ္ဘာထဲမှာ လွင့်မျောနေရလေသည်။
ထိုအချိန်သူမစိတ်ထဲ ဦးစွာ တွေးမိသည်က ကားပေါ်မှ ထိုကလေး အဆင်မှ ပြေရဲ့လား.....
တိုက်ပြာလေးဆီမှ တရွေ့ရွေ့ထွက်ခွာလာသော ဒီကားလေးက များမကြာမီ အချိန်အတွင်းမှာပင် ရွာထိပ်ကိုကျော်လွန်၍ ရွာအရှေ့ဘက်ရှိ လယ်ကွင်းစိမ်းစိမ်းလေးတွေဆီသို့ပင် ရောက်ရှိလို့လာခဲ့လေသည်။
အဟက်...ဦးငယ်သိလား ဒီလယ်ကွင်းကလေ ကျွန်တော့ကို လာလာပြောတယ်ဗျ မင်းသိပ်ချစ်တဲ့ ဦးက မင်းအပေါ် သစ္စာမရှိဘူးတဲ့....တကယ်တော့ သူတို့အထင်မှားနေတာပါ ဦးငယ်က ကျွန်တော့အပေါ်ချစ်ပြီးသားမဟုတ်လား...
လွမ်းတယ် ဦးရယ်... ဘာရယ်ကြောင့်များမသိပေမဲ့ ဦးငယ်ကို ကျတော့သိပ်လွမ်းမိတယ်ဗျာ....
ပျော်ပါတယ်ဗျာ ဘာပဲဖြစ်ဖြစ် ကျတော်ပျော်မိပါတယ်.. အရင်ကလို ဦးအပေါ် ကျွန်တော် မပိုင်ဆိုင်နိုင်တော့ပေမဲ့လည်း နောက်ဆုံးအနေနဲ့ တော့ ဦးကို ကျွန်တော် မြင်နိုင်ဦးမယ်မဟုတ်လား....
ဒီအချိန်ဆို ဦးရော ကျွန်တော့လို ကျတော့အပေါ်သတိရနေပြီလားဟင်ဦး...အော်...မေ့လို့ ဦးကမူပိုင်ရှိနေပြီပဲ...
အတွေးပေါင်းစုံဖြင့် ရှုပ်ယှက်ခတ်နေသော ထိုအခိုက် သူကြားလိုက်မိသည်က ဦးကိုယ်တိုင် သူ့အား ဆိုပြခဲ့ဖူးသော အဆိုတော် ခင်မောင်တိုးရဲ့ ချစ်သူသိစေသီချင်းလေး...
အော် ဦးရယ် အမှတ်မရှိသေးတဲ့ ကျတော် ဒီတစ်ခါလည်း လွမ်းရပြန်ပြီပေါ့ကွယ်...
Zawgyi
အိပ္ရာေပၚမွ ေမာင္ငယ္ေလးကိုၾကည့္လိုက္ ၊ ၿပဳံးစိစိလုပ္လိုက္နဲ႕ ေဘးနားကေဆးပုလင္းေတြကို တေဖာက္ေဖာက္ျမည္ေအာင္ေဖာက္ေနေသာ ထိုမိန္းကေလးအား ရပ္ၾကည့္ေနရင္းကပင္ မငယ္တစ္ေယာက္ သိပ္စိတ္မရွည္ေတာ့ပါေခ်။
"ဒီမွာ ဒီမွာ ရွင္ဒီေန႕ က်မေမာင္ေလးကို ေဆးေရာ ထိုးပါအုံးမလား"
"ဘာလို႔လဲ "
"ရွင္လုပ္ေနတာကိုၾကည့္ေလ ဘယ့္ႏွယ့္ေတာ္ ရီလိုက္ ေဆးေဖာက္လိုက္နဲ႕ သူ႕ကိုယ္သူ ႐ုပ္ရွင္မင္းသမီးမ်ား ေအာက္ေမ့ေနသလားမသိဘူး အံ့ၾသပ... ရွင္လုပ္ေနတာကို က်ဳပ္ဒီနားက ထိုင္ၾကည့္ေနတာ ဆယ့္ငါးမိနစ္ေတာင္ရွိၿပီေတာ္ရဲ႕"
"ဟဲ့သမီးငယ္ ဧည့္သည္ကို အဲ့လိုမေျပာနဲ႕ေလ သူလည္းအေၾကာင္းရွိလို႔ေနမွာေပါ့..."
"ေမေမကလည္း သူလုပ္ေနတာကိုၾကည့္အုံးေလ"
"မိငယ္ ေမေမေျပာေနတယ္ေလ...မေျပာနဲ႕ဆို ေတာ္လိုက္ေတာ့ ေပါ့..."
မိမိအား အနည္းငယ္ အားနာသြားဟန္တူသည့္ အေဒၚႀကီးမွ မငယ္ဆိုသည့္သူမအား မာန္မဲလိုက္သည္မို႔ ရန္ေတြ႕ဟန္ျပင္ေနေသာ ထိုအမႏႈတ္ခမ္းတို႔ အလိုလို ရပ္တန့္သြားေလသည္။
"ေအာ္.. ဒီက ကေလးမ ႀကီးေတာ္သမီးကို စိတ္မရွိနဲ႕ေနာ္ သူကအဲ့အတိုင္းပဲ ကေဘာက္ကေျခာက္နဲ႕ရယ္"
"ဟာေမေမ...က်ဳပ္က..."
"ကဲေတာ္လိုက္ေတာ့ အငယ္မ သြား မီးဖိုခန္းထဲကိုသြားလိုက္ အဲ့မွာ မိဘုတ္ဟင္းခ်က္ေနတယ္ သူ႕ကိုသြားကူေနလိုက္"
"ေမေမ..."
သမီးျဖစ္သူမိမိအား တစ္ခ်က္ကေလးေတာင္မၾကည့္ပါဘဲႏွင့္ ဟိုမိန္းမမ်က္ႏွာကိုသာ ၿပဳံးၿပဳံးႀကီးၾကည့္ေနေသာ ေမေမ့ေၾကာင့္ သူမစိတ္တို႔ အစြန္းအစုံထိ ေဒါသတို႔ထြက္သြားရေလသည္။
ဆက္ေနလွ်င္လည္း အျပစ္ေတြသာ ျဖစ္ေနမွာမို႔ ထိုအခန္းထဲမွသာ မငယ္တစ္ေယာက္ထြက္လာခဲ့လိုက္သည္။
ဘုန္းဒိုင္းအုန္းဒိုင္း ျမည္သြားေသာ သူမ လမ္းေလ်ာက္သြားေသာ သူမ ေျခလွမ္းတို႔ကေတာ့ ႁခြင္းခ်က္တစ္ခုအေနနဲ႕ေပါ့...
"အဲ့တာသာ ၾကည့္ေတာ့သမီးေရ သူေလးက အိမ္မွာဆို အငယ္ဆုံးေလးလိုျဖစ္ေနေတာ့ အေျပာေလးေတာ့ နည္းနည္းဆိုးခ်င္တယ္ကြယ္ ဒါေပမဲ့ စိတ္ရင္းေလးကေတာ့ ေကာင္းရွာပါတယ္"
"ဟုတ္ကဲ့ပါ ခ နားလည္ပါတယ္ အန္တီ"
"ေအးေအးေအးပါကြယ္... ေအာ္ ဒါနဲ႕ သမီးေလး...ဟို....ဟိုေလ ႀကီးေတာ္ သမီးကိုတစ္ခုေလာက္ေမးခ်င္လို႔ရမလား"
"ဟုတ္ကဲ့ရပါတယ္ အန္တီေမးခ်င္တာကိုေမးပါ ခကိုဘာမွအားမနာပါနဲ႕"
" ႀကီးေတာ္သားေလးက ဘာျဖစ္တာလဲဟင္ "
ႀကီးမားေသာမိဘေမတၱာက အဆုံးအစ
မရွိေအာင္မ်ားျပားလွေပသည္။ ထိုေမတၱာတို႔က ရန္သူကိုပင္ အရႈံးေပေလာက္အထိ သက္ေရာက္မႈအား ႀကီးမားလွေပသည္။
ယခုလည္းၾကည့္ပါေခ် သူမအား အိမ္ထဲကေန အျမန္ထြက္သြားဟူ၍ ေစာေစာကပင္ အသည္းအသန္ ေမာင္းထုတ္ေနေသာ ထိုအန္တီႀကီးက ယခုအခါတြင္ေတာ့ ထိုစကားမ်ားႏွင့္ဆန့္က်င္လို႔သူမအား ေအာက္ၫြတ္ခံ၍ ေမးလာပါေလၿပီ။
ေအာ္ မိဘေမတၱာ...မိဘေမတၱာ...သိပ္ႀကီးမားလွပါလားေနာ္...
"အစားျပတ္ၿပီး အားနည္းသြား႐ုံေလးတင္ပါ က်န္တာဘာမွ မျဖစ္ပါဘူး ၿပီးေတာ့ ဖ်ားတာေလးပါေရာ သြားေတာ့ အခုလိုမ်ိဳးေလး ျဖစ္သြားတာပါ ဘာမွစိတ္မပူနဲ႕ ေနာ္ အန္တီ ခ သူေလးကို ေဆးထိုးေပးထားၿပီးပါၿပီ ၊ ေနာက္နာရီဝက္ေလာက္ဆိုရင္ သူျပန္သတိရလာမွာ..."
"ေအးပါကြယ္... အခုနက ႀကီးေတာ္ႀကီး သမီးအေပၚေျပာတာေတြကိုစိတ္မရွိနဲ႕ေနာ္ သမီးေလး"
"ဟုတ္ကဲ့ ရပါတယ္ ခ အားလုံးကို နားလည္ေပးၿပီးသားပါ.... ဒါနဲ႕ အန္တီ့ ကို ခ တစ္ခုေလာက္ေတာ့ အႀကံေပးခ်င္တယ္ ရမလားရွင့္"
"ရတာေပါ့ သမီးရယ္သိပ္ရတာေပါ့ ကဲေျပာ ဘာမ်ားေျပာခ်င္လို႔လဲ"
သူမခဗ်ာ ခြင့္ျပဳလိုက္ပါေသာ္လည္း ေျပာစရာ စကားမ်ားကို ဆက္မေျပာေသးဘဲ သားငယ္ဘက္သို႔ လွည့္သြားေသာ ထိုကေလးမေၾကာင့္ ယခု သူမေျပာမည္ဆိုသည့္စကားက သားငယ္ေလးႏွင့္ေတာ့ တမ်ိဳးတစ္ဖုံပတ္သတ္ေနမည္ကို ေဒၚအမရာတစ္ေယာက္ ေတြးၾကည့္တာႏွင့္တင္ သိေနေလသည္။
"သူေလးကို က်မ ၿမိဳ႕ေခၚသြားခ်င္တယ္"
"ဘာ...မင္းဘာေျပာလိုက္တယ္ သားငယ္ကို ၿမိဳ႕ေခၚသြားမယ္ဟုတ္လား"
အေျခအေနတို႔ခက္ထန္ကာ ႐ုတ္တရက္ဆိုသလို တင္းမာသြားေသာ အန္တီႀကီး၏ အသံတို႔ေၾကာင့္ သူမခဗ်ာ အသားေလးမ်ားပင္တုန္သြားရေလသည္။
"ဟုတ္...ဟုတ္တယ္ အန္တီ သူေလးကို ခ ၿမိဳ႕ေခၚသြားခ်င္တယ္ အခုသူေလးမွာ ေမာင္နဲ႕ရတဲ့ ....ေမာင္နဲ႕ရတဲ့ "
မေျပာမဆိုရပ္တန့္သြားေသာ ထိုစကားတို႔က သူမရင္အစုံအား တဒုတ္ဒုတ္ျမည္ေအာင္ လႈပ္ခတ္သြားေစခဲ့သည္။
"ဘာလဲ ဟင္... သမီး..ဘာရွိလို႔လဲ "
"ဘာ..ဘာမွ မဟုတ္ေတာ့ပါဘူး အခု ဒီကေလး အရမ္းကို အားနည္းေနတယ္ ျဖစ္နိုင္ရင္ ခ သူေလးကို ေဆး႐ုံမွာ ေဆးကုသမႈ ခံခိုင္းခ်င္လို႔ အဲ့တာ အန္တီခြင့္ျပဳမယ္မလားဟင္"
သူေျပာလိုက္ကာမွ စကားကို လမ္းေၾကာင္းလႊဲသြားေသာ ထိုကေလးမမွာ သားငယ္ႏွင့္ပတ္သတ္ၿပီးေတာ့ ဖုံးကြယ္စရာ တစ္ခုခုေတာ့ ရွိကိုရွိေနလိမ့္ေပမည္။
အဲ့ဒါကဘာမ်ားပါလိမ့္....
"အန္တီ ခြင့္ျပဳမယ္မလားဟင္..."
ဒုတိယအႀကိမ္ ထပ္ေက်ာ့လာေသာ ထိုကေလးမစကားတို႔က ဘာရယ္ေၾကာင့္မ်ားေတာ့ မသိနည္းနည္းေလးေတာ့ တုန္ရီေနေလရဲ႕။
"အဲ့တာကေတာ့ က်ဳပ္လည္း မေျပာတတ္ဘူးေတာ္ေရ ကာယကံရွင္ ျဖစ္တဲ့ သူနိုးလာမွ ေမးၾကည့္ေပါ့.. က်ဳပ္ကေတာ့ သူလိုက္ရင္ ထည့္မယ္... သူမလိုက္ရင္ မထည့္ဘူး..."
"အို...ရႈပ္ရႈပ္ယွက္ယွက္ေမေမရယ္ ဘာလို႔ထည့္ရမွာတုန္း"
အေငြ႕တေထာင္းေထာင္း ထေနေသာ ၾကက္သားစြပ္ျပဳတ္ပန္းကို လက္ကကိုရင္း အခန္းထဲသို႔ဝင္လာသည့္ သမီးငယ္စကားတို႔ေၾကာင့္ ထိုကေလးမ မ်က္ႏွာမွာ မိုးၿပိဳမတတ္ ညို႔မွိုင္းထြက္သြားေလသည္။
"ဒီမွာ မိန္းကေလး"
"ရွင္...ရွင္"
"ေအး က်ဳပ္တစ္ခုပဲေျပာမယ္ ေတာ္ရယ္ က်ဳပ္ေမာင္ကို က်ဳပ္တို႔သားအမိက လြဲၿပီးေတာ့ ဘယ္သူ႕ကိုမွ စိတ္မခ်ဘဴး အထူးသျဖင့္ ရွင့္လိုလူကိုေပါ့ ေရာ့ ဒီမွာ ရွင္မွာထားတဲ့ ၾကက္သားစြပ္ျပဳတ္
က်ဳပ္သြားလိမ့္အုံးမယ္"
လက္ထဲသို႔ ၾကက္သားပန္ကန္းလုံးကို ထိုေပးရင္း လာၿမဲအတိုင္းသာ ျပန္ထြက္သြားေသာ ထို မိန္းကေလးက သူမအႀကံတို႔အား ႀကိဳသိေနသည့္အလားပင္။
ဒီအတိုင္းသာ ေရွ႕ဆက္သြားရမည္ဆိုပါက သူမအႀကံတို႔ ပ်က္စီးရေလရဲ႕...ဟူး....
"အ..ကြၽတ္...ကြၽတ္"
ႀကံရာမရသည့္ အေတြးတို႔ျဖင့္ စိတ္အိုက္ေနသည့္အခိုက္ ေဘးနားရွိ အေကာင္ေပါက္ေလး က ညည္းသံသဲ့သဲ့ႏွင့္အတူ အိပ္ရာေပၚမွ လြန့္လူးကာ နိုးလာေလရဲ႕။
"ေဟာ သားေလးေတာင္နိုးလာၿပီ အငယ္မေရ အငယ္မ အခန္းထဲကို ျပန္ဝင္ခဲ့အုံးေဟ့"
"ဟုတ္ေမေမ လာၿပီ"
"သား...သားေလး...ဘယ္လိုေနေသးတုန္း...ေနလို႔ေကာင္းရဲ႕လားဟင္"
မိမိလက္ကေလးကို ကိုင္ရင္း ၿပဳံးၿမဲသာၿပဳံးျပေနေသာ ေမေမကေတာ့ သူ႕အေပၚမွာ အရင္အတိုင္းလို ႏြေးေထြးေနတုန္းပင္။
"အင္း..."
"ငယ္ေလး...ငယ္ေလး မမကို ၾကည့္စမ္း မမကိုၾကည့္စမ္း သက္သာလားဟင္ သက္သာလား"
"ဟုတ္ သက္သာပါတယ္"
"ဒါနဲ႕ ဟိုအမေရာ ျပန္သြားၿပီလား"
"အမ ဒီမွာ ရွိတယ္ အဆိုးေလး အမကိုေျပာစရာရွိလို႔လား"
အခန္းထက္သို႔ပ်ံ့လြင့္လာေသာ အသံသဲ့သဲ့တို႔ႏွင့္အတူ ေမေမ့အေနာက္ဆီမွ ထြက္ေပၚလာေသာ သူမေၾကာင့္ အဆိုးမ်က္ႏွာတစ္ခုလုံး ၿပဳံးေယာင္သန္းသြားရသလို မ်က္ဝန္းထက္မွ မ်က္ရည္စမ်ားကလည္း သူ႕အလိုလိုက်ဆင္းလာေတာ့ေလသည္။
"ေအာ္ သားေလးရယ္ ေနလည္းမေကာင္းဘဲနဲ႕ ဘာလို႔ငိုေနတာတုန္း မငိုနဲ႕တိတ္တိတ္ "
"အမ..."
"ဟင္...ကေလး ေျပာေလ"
"ကြၽန္ေတာ္ အမနဲ႕ ဦးဆီကို လိုက္ခဲ့ခ်င္လို႔ အဲ့တာ က်ေတာ္လိုက္လို႔ရတယ္မလားဟင္"
မ်က္ဝန္းအိမ္ထက္ မ်က္ရည္စမ်ားႏွင့္အတူ သူမအား ယခုလိုေလး ေျပာလာေသာ ထိုကေလးေလးအား ျမင္လိုက္ရျပန္ေတာ့လည္း သူမရင္ထဲ၌ ထိုကေလးအား အေတာ္ေလးကို သနားမိသြားသည္။
ဒါဟာ အခ်စ္အတြက္ေၾကာင့္လား....
"အို...ေမာင္ေလးကလည္း မဟုတ္တာ မလိုက္ရပါဘူး"
"မငယ္....မငယ္ေျပာေတာ့ သားသားကို ခ်စ္တယ္ဆို"
"ခ်စ္တာေပါ့ ငယ္ေလးရဲ႕ မမမွာ ဒီေမာင္ေလးတစ္ေယာက္ပဲရွိတာေလ ခ်စ္တာေပါ့လို႔"
"ခ်စ္တယ္ဆိုရင္...သားျဖစ္ခ်င္တာကို လိုက္ေလ်ာ ေပးရမွာေပါ့မမရဲ႕....မမ သားကိုတကယ္...မခ်စ္ပါဘူး..."
"မဟုတ္တာ...ေမာင္ေလးရယ္...ဒါေပမဲ့...ဒါ..ဒါက...ဟူး"
လမ္းဆုံႏွစ္ခုအား ၿပိဳင္ေလ်ာက္မရနိုင္ေအာင္အထိ ပိတ္ကာဆို႔ကာျဖင့္သာ အက်ပ္ကိုင္လိုက္ေသာ အငယ္ေလးေၾကာင့္ သူမခဗ်ာ ေျပာစရာ စကားမ်ားပင္ ေပ်ာက္ရွသြားရေလသည္။
"သားငယ္ေလးက သူနဲ႕ ၿမိဳ႕ကိုလိုက္ခ်င္လို႔လားဟင္"
"ဟုတ္..."
"အဲ့တာဆိုရင္လည္း ေမေမတို႔ သားေလးကိုမတားေတာ့ပါဘူး"
"ေမေမ..."
"ေတာ္ေတာ့ သမီးငယ္ ေမေမစကားေျပာေနရင္ သမီးဝင္မေျပာနဲ႕"
"ဒါေပမဲ့..."
"မိငယ္...."
႐ုတ္တရက္ဆိုသလို ပ်ံ့လြင့္လာေသာ ေမေမ့အသံတို႔က တိတ္ဆိတ္ေနေသာ အခန္းနံရံထက္ဆီ၌ ပဲ့တင္သံတစ္ခုပမာ အဆက္မျပတ္ ရိုက္ခတ္ေနသလို ဆက္ေျပာရန္ ဟန္ခ်ီေနသည့္ မမစကားတို႔သည္လည္း အလိုလို ရပ္တန့္သြားေလသည္။
"သားငယ္..."
"ဗ်ာ... ေမေမ"
"သားသူနဲ႕လိုက္သြားခ်င္တယ္ဆိုရင္ လိုက္သြားပါ ၿပီးရင္ေတာ့ ေမေမ့ဆီျပန္လာခဲ့ေနာ္သားေလး ၾကားလား"
"ဟုတ္... ဟုတ္ေမေမ အဲ့တာဆိုရင္ သား အဲ့အမနဲ႕လိုက္သြားေတာ့မယ္ေနာ္"
"ေအးေအး...ဒါနဲ႕ ေနပါအုံး သားေလးက အခုခ်က္ခ်င္ႀကီး သူ႕ေနာက္ကို လိုက္ သြားေတာ့မလို႔လားသားရဲ႕"
သူမေမးလိုက္ေလေတာ့ သားငယ္ေလးက ခပ္ဟဟေလး ၿပဳံးရင္းသာ သူမအား ေခါင္းေလးကို ညိတ္ျပလာေလရဲ႕။
အၿပဳံး...အခ်ိန္တစ္ခုၾကာေအာင္ ေပ်ာက္ကြယ္ေနေသာ ဒီအၿပဳံးေလး ယခုအခါ ျပန္ထြက္ေပၚလာပါၿပီေလ။
ေမေမဆုေတာင္းပါတယ္ သားရယ္ မင္းမ်က္ႏွာေလး ၿပဳံးၿမဲသာ ၿပဳံးနိုင္ပါေစ ေမ့သားငယ္ေလးရယ္...
ယခုဆိုရင္ျဖင့္ ၿမိဳ႕တက္ရန္အတြက္ လိုအပ္ေသာ ပစၥည္းပစၥယမ်ားအားလုံးကိုလည္း ကားအေနာက္ခန္းဆီသို႔ သူမကိုယ္တိုင္ပင္ ထည့္ၿပီးၿပီျဖစ္သလို သားငယ္ေလးကိုလည္း ကားေခါင္းခန္းထဲ၌ အသင့္ေနရာခ်ထားၿပီးၿပီမို႔ ခပ္ညက္ညက္ထိုကားေလး သူမတို႔တစ္ေတြရွိရာ တိုက္ျပာေလးမွ ထြက္ခြာသြားေတာ့ေလသည္။
"ေမေမ...."
ထိုကားကေလး သူမတို႔အျမင္မ်ားမွ ေပ်ာက္ကြယ္သြားသည္ႏွင့္တၿပိဳင္နက္ သူမအေနာက္မွ သမီးငယ္က သူမထင္ထားသည့္အတိုင္းပင္ သူမ နာမည္အား
ေဆာင့္ႀကီးေအာင့္ႀကီးႏွင့္ ေရ႐ြတ္လာေလရဲ႕။
အဟက္...သူသိတာေပါ့ ဒီကေလး သူမအေပၚစိတ္ဆိုးေနေလပါၿပီ...
"သမီး အခု ေမေမ့ကို ဘာေျပာခ်င္လဲဆိုတာကို ေမေမသိတယ္ ဒါေပမဲ့ သမီးျမင္လိုက္လား"
"ဘာကိုလဲေမေမရဲ႕"
"အၿပဳံးေလ အၿပဳံး"
"အၿပဳံး...ဟုတ္လား ေမေမ"
"အင္း သိပ္လွတဲ့အၿပဳံးေလး ကဲ ေမေမသြားနားေတာ့မယ္ သမီး"
ဘာကိုေျပာသြားၿပီး ဘာကိုနားလည္ရမွန္းမသိသည့္ သူမ ထိုေနရာေလး၌သာ ေခါင္းေလးတလည္လည္ႏွင့္ ဟိုေတြးဒီေတြးလိုက္ႏွင့္ အေတြးကမၻာထဲမွာ လြင့္ေမ်ာေနရေလသည္။
ထိုအခ်ိန္သူမစိတ္ထဲ ဦးစြာ ေတြးမိသည္က ကားေပၚမွ ထိုကေလး အဆင္မွ ေျပရဲ႕လား.....
တိုက္ျပာေလးဆီမွ တေ႐ြ႕ေ႐ြ႕ထြက္ခြာလာေသာ ဒီကားေလးက မ်ားမၾကာမီ အခ်ိန္အတြင္းမွာပင္ ႐ြာထိပ္ကိုေက်ာ္လြန္၍ ႐ြာအေရွ႕ဘက္ရွိ လယ္ကြင္းစိမ္းစိမ္းေလးေတြဆီသို႔ပင္ ေရာက္ရွိလို႔လာခဲ့ေလသည္။
အဟက္...ဦးငယ္သိလား ဒီလယ္ကြင္းကေလ ကြၽန္ေတာ့ကို လာလာေျပာတယ္ဗ် မင္းသိပ္ခ်စ္တဲ့ ဦးက မင္းအေပၚ သစၥာမရွိဘူးတဲ့....တကယ္ေတာ့ သူတို႔အထင္မွားေနတာပါ ဦးငယ္က ကြၽန္ေတာ့အေပၚခ်စ္ၿပီးသားမဟုတ္လား...
လြမ္းတယ္ ဦးရယ္... ဘာရယ္ေၾကာင့္မ်ားမသိေပမဲ့ ဦးငယ္ကို က်ေတာ့သိပ္လြမ္းမိတယ္ဗ်ာ....
ေပ်ာ္ပါတယ္ဗ်ာ ဘာပဲျဖစ္ျဖစ္ က်ေတာ္ေပ်ာ္မိပါတယ္.. အရင္ကလို ဦးအေပၚ ကြၽန္ေတာ္ မပိုင္ဆိုင္နိုင္ေတာ့ေပမဲ့လည္း ေနာက္ဆုံးအေနနဲ႕ ေတာ့ ဦးကို ကြၽန္ေတာ္ ျမင္နိုင္ဦးမယ္မဟုတ္လား....
ဒီအခ်ိန္ဆို ဦးေရာ ကြၽန္ေတာ့လို က်ေတာ့အေပၚသတိရေနၿပီလားဟင္ဦး...ေအာ္...ေမ့လို႔ ဦးကမူပိုင္ရွိေနၿပီပဲ...
အေတြးေပါင္းစုံျဖင့္ ရႈပ္ယွက္ခတ္ေနေသာ ထိုအခိုက္ သူၾကားလိုက္မိသည္က ဦးကိုယ္တိုင္ သူ႕အား ဆိုျပခဲ့ဖူးေသာ အဆိုေတာ္ ခင္ေမာင္တိုးရဲ႕ ခ်စ္သူသိေစသီခ်င္းေလး...
ေအာ္ ဦးရယ္ အမွတ္မရွိေသးတဲ့ က်ေတာ္ ဒီတစ္ခါလည္း လြမ္းရျပန္ၿပီေပါ့ကြယ္...