part-15

5.7K 297 2
                                    

Unicode

"ကိုကို...ဘာရပ်ကြည့်နေတာလဲ လာလေ"

"အော်...အေးအေး...လာပြီ ပူတူးး"

ကိုကို ကိုကိုဟု ကလေးပါးစပ်ဖျားမှ မနားတမ်းခေါ်နေသော ဟိုငတီးကတော့ သူလက်ထဲတွင် အသင့်ရှိနေသည့် အသည်းကျော် ပဲလှော်လေးကို အသာတကြည်နှင့်ပင်ကောက်ခါချီသွားလေသည်။

စေတန့်ခဗျာ တားရမှာလည်း အခက်၊ မတားပြန်ရင်လည်း ဒီည ငတ်ရအုံးပေမည်။

(ထမင်းပြောတာနော် ထမင်း တမျိုးထင်နေမှာစိုးလို့)

သောက်ကလေး​လေးကိုလည်း ကြည့်စမ်းပါအုံးဗျာ ကို့လက်ကလွတ်တာမှ မကြာသေးဘူး  မျက်နှာလေးက ပြုံးလို့ရွှင်လို့ ရိုက်သတ်ချင်စရာလေး

ဟို ငနဲကရော ဘာထူးလို့လဲ ရှိသမျှသွား အကုန် ဖြီးထားလိုက်တာ ဝေသာလီပြည်က ဘီလူးမ လင်ရတော့မည့်အတိုင်းပဲ.....စွမြင်ကတ်စရာကောင်းလိုက်လေခြင်း....

စေတန်တစ်ယောက် မိမိအရှေ့တွင် ချစ်ကြိုးသီကာ နှစ်ပါးသွားကနေသော ဟိုနှစ်ယောက်ကိုကြည့်ရင်းဒေါပွနေရလေသည်။

သူကဒေါပွလေလေ အဆိုးကစလေလေဖြစ်နေသည်မို့ သူတို့ရှေ့ကပင် အမြန်ဆုံး ထွက်လာခဲ့လိုက်လေသည်။

နို့မို့ဆိုရင် သဝန်တိုစိတ်ကြောင့် လူထသတ်မိလိုက်ပေမည်။

" တောက်....ဒီသောက် ကလေးလေးကွာ"

".ငါရှိရဲ့သားနဲ့ ဘာလို့ တခြားသူကို ဘာလို့ကုန်းပိုးခိုင်းချင်ရတာလဲ..... မတော်လို့ ပြုတ်ကျရင် ဘယ်သူရင်ကျိုးရမှာလဲ ငါပဲ မဟုတ်ဘူးလား...ချီး...သူကုန်းပိုးခိုင်းတဲ့ကောင်ကရော ဘာကောင်မို့လို့လဲ အကောင်ချင်းရော ရုပ်ရည်ရော အားလုံး ငါ့လောက်တောင်မမှီပဲနဲ့ကို
တကိုကို ကိုကိုနဲ့ဖြစ်နေတာ ခံပျင်းစရာကောင်းလိုက်တာကွာ....တောက်"

"ဒါငါ့ကို သက်သက်ဖဲ့တာ.... ဟွန့်....တွေ့ကြသေးတာပေါ့ သည်းငယ်ရာ မင်းဒီညငါ့လက်က ပြေးမလွတ်တော့ပါဘူးကွာ...ငှဲ...ငှဲ....ငှဲ"

ရုတ်တရက်ဆိုသလို ညစ်ကျယ်ကျယ်  ပြုံးလာသော စေတန့် နှုတ်ခမ်းကြီးက လူယုတ်မာတို့၏
အပြုံးကြီးအတိုင်းပင်။

❣❣အို...ဦးနော်❣❣Donde viven las historias. Descúbrelo ahora