Adventure of Demon Lord [ VIL...

By Boss_want_to_eat_you

144K 17.3K 472

#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖိ... More

Prologue
Arc_1 [Doctor France] (ဒေါက်တာဖရန့်စ်)
Arc_1.1
Arc_1.2
Arc_1.3
Arc_1.4
Arc_1.5
Arc_1.6
Arc_1.7
Arc_1.8
Arc_1.9
Arc_1.10
Arc_1.11
Arc_1 [The End]
Arc_2 [Dear Best Friend, Can you die for me?] (ဂျိုးဆက်ဖ်)
Arc_2.1
Arc_2.2
Arc_2.3
Arc_2.4
Arc_2.5
Arc_2.6
New Fiction
Arc_2.7
Arc_2.8
Arc_2.9
Arc_2.10
Arc_2.11
Arc_2.12
Arc_2.13
Arc_2 [The End]
Arc_3 [ Seriel Killer & His target!] (ကွင်းဆက်လူသတ်သမားရိုလန်တိုင်ဒါ)
Arc_3.1
Arc_3.2
Arc_3.3
Arc_3.4
Arc_3.5
Arc_3.6
Arc_3.7
Arc_3.8
Arc_3.9
Arc_3.10
Arc_3.11
Arc_3.13
Arc_3.14
Arc_3.15
Arc_3.16
Arc_3 [The End]
About Role!
Arc_3(Extra)
Arc_4[The Cursed Emperor](ဧကရာဇ်ဂျယ်ဟွမ်)

Arc_3.12

1.3K 211 12
By Boss_want_to_eat_you

ယိုယွင်းနေသောအဆောက်အအုံတစ်ခုအရှေ့တွင် ရဲကားသုံးစီးနှင့် အနက်ရောင်ကားတစ်စီးတို့ ရပ်လိုက်ကြသည်။ ထိုကားတွေဟာ အခုနလေးတင် ဒန်နီရယ်မြင်လိုက်သော ရဲကားများဖြစ်ကြသည်။ သူတို့ဒီကိုလာရသည့်အကြောင်းရင်းကတော့ မိန်းကလေးတစ်ယောက်အသတ်ခံရသည်ဟူသော ဖုန်းcallတစ်ခုရလာတာကြောင့်ပင်။ ဖုန်းဆက်လာသူကတော့ သေဆုံးသူ၏အစ်ကိုရင်းဖြစ်သူဟုဆိုသည်။

ဒါကြောင့် အော်ဒရေးနှင့် လက်ထောက်နှစ်ယောက်အပါအဝင်၊ ရဲဌာနမှ ရဲသားတစ်ချို့ကိုပါခေါ်လာခဲ့လိုက်သည်။ အရမ်းကြီးခေါ်ချင်နေလို့တော့မဟုတ်။ အော်ဒရေး၏အထက်အရာရှိက ပူးပေါင်းဆောင်ရွက်ရန်တာဝန်ပေးလာတာကြောင့်ပင်။ မဟုတ်လျှင်တော့ အော်ဒရေးဟာ ဒီရဲတွေကိုလှည့်ကြည့်မှာတောင်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အော်ဒရေးတစ်ယောက် ရဲသားများနှင့် ကွိုင်တက်ခဲ့ဖူးတာကြောင့်ပင်။ ထိုပြဿနာကြောင့် အော်ဒရေးဟာ စုံထောက်ရာထူးပြုတ်ခါနီးဖြစ်သွားသလို၊ အဲ့ဒီ့ရဲဌာနလည်း ပိတ်ရမလိုတောင်ဖြစ်ခဲ့သည်။
အဲ့ဒီ့အချိန်မှစ၍ အော်ဒရေးဟာ ရဲတွေနှင့် လိုတာထက်စကားပိုမပြောတော့ပါချေ။

အော်ဒရေး ကားပေါ်ကနေဆင်းလိုက်သည်။ သူကားထဲကထွက်လာသည်နှင့် သူ့အရှေ့ရှိကားထဲကနေ ပုကွကွလူတစ်ယောက်နှင့်အကြည့်ချင်းဆုံသွားသည်။ အော်ဒရေးတစ်ယောက် တံခါးကိုဆောင့်ပိတ်လိုက်ကာ ထိုလူ့ကိုကျော်ပြီးသွားမလို့လုပ်သည်။
"ဝေါင်း...ကြီးမြတ်တဲ့စုံထောက်ကြီးက ကျုပ်လိုရဲအရာရှိလေးကို အဖတ်တောင်မလုပ်ချင်တော့ဘူးထင်တယ်။"

ထိုလူ၏ရိသဲ့သဲ့စကားကြောင့် အော်ဒရေးခြေလှမ်းများရပ်သွားကာ နောက်လှည့်မကြည့်ပဲနှင့် ခပ်မာမာပြောလိုက်သည်။
"အမှန်ပဲ။ အထူးသဖြင့် ခင်ဗျားလို လာဘ်စားတတ်တဲ့သူမျိုးဆိုရင်ပေါ့။"
ထိုသို့အနိုင်ပိုင်းကာ အော်ဒရေးသည် သူ့လက်ထောက်နှစ်ယောက်နှင့်အတူ အဆောက်အအုံပေါ်ကိုတက်လာခဲ့လိုက်သည်။ လှည့်မကြည့်လိုက်သော်ငြား အဲ့လူရှူးရှူးရှဲရှဲဖြစ်ကာ ကျန်ခဲ့မည်ကို အတပ်သိနေပါသည်။

ထိုလူဟာ အသက်၅၀ရှိပြီး ရဲအရာရှိတစ်ယောက်ဖြစ်သည့်အပြင် အော်ဒရေးကြည့်မရသည့် ရဲဌာမှလူတွေအနက်မှ တစ်​ယောက်အပါအဝင်ဖြစ်သည်။  အရင်ကဖြစ်ပျက်ခဲ့တဲ့ပရိပက္ခထဲ၌ ထိုလူလည်းပါဝင်ခဲ့သည်။

အော်ဒရေးနှင့် သူ့လက်ထောက်နှစ်ယောက်ဟာ အဆောက်အအုံအတွင်းရှိ လှေကားကနေ ​အပေါ်ဆုံးအထပ်ဆီကို တက်လာခဲ့ကြသည်။ အခန်းတံခါးအနားရောက်သည်နှင့် ယောကျ်ားတစ်ယောက်၏ငိုကြွေးသံကို ကြားလိုက်ရသည်ဖြစ်၍ အော်ဒရေးမျက်မှောင်ကြုတ်ကာ တံခါးကိုတွန်းဖွင့်ကြည့်မိလေရာ သူ့ကိုနောက်ကျောပေးထားသော ယောကျ်ားတစ်ယောက်၏ တသိမ့်သိမ့်တုန်နေသောကျောပြင်တစ်ခုနှင့်အတူ ထိုကျောပြင်နှင့်ကွယ်နေတာကြောင့် ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေပုံရသည့် မိန်းကလေးတစ်ယောက်၏ခြေထောက်များကိုသာ မြင်လိုက်ရသည်။

ကြည့်ရတာ ထိုမိန်းကလေးက သေဆုံးသူဖြစ်ပေလိမ့်မည်။

အော်ဒရေးဟာ ခြေလှမ်းမှန်မှန်ဖြင့် ထို​ယောကျ်ားဆီကို လျှောက်သွားလိုက်သည်။ နီးကပ်လာသည်နှင့် ထိုသေဆုံးသူမိန်းကလေး၏ပုံပန်းသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်းမြင်လာရလေဖြစ်သည်။ ထိုမိန်းကလေး၏မျက်လုံးအစုံမှာ မျက်တွင်းထဲမှငေါထွက်မတတ်ပင်၊ ပြူးကျယ်လျက်ရှိပြီး ပါးစပ်ပေါက်မှာလဲ အာခေါင်ကိုမြင်နေရသည်အထိ ပွင့်အာလျက်ပင်။

ထိုအခြင်းအရာများကြောင့် သူမသည် အသတ်ခံရခါနီးတွင် ထိတ်လန့်စရာတစ်ခုခုကြုံလိုက်ရတာကြောင့် ဖြစ်မည်ဟု ကောက်ချက်ချမိသည်။

ထိုမိန်းကလေး၏လည်ပင်းတွင်တော့ ခရမ်းရောင်သမ်းနေသော လက်ရာကြီးနှင့်အတူ ကန့်လန့်အနေအထားဖြင့် ​ပြတ်ရှရာတစ်ခုရှိနေသည့်အပြင် သူမ၏လည်တိုင်နှင့် အခန်း၏ကြမ်းပြင်ထက်တွင် ခြောက်ကပ်နေသောသွေးစသွေးနများနှင့် သွေးကွက်များပြန့်ကျဲနေသည်ဖြစ်ရာ ထိုမိန်းကလေးသေဆုံးတာ နာရီတော်တော်များများကြာနေပြီဖြစ်မှန်း ခန့်မှန်းသိလိုက်သည်။

"ကိုကြီးမသွားခဲ့သင့်ဘူး...ကိုကြီးသာ..မသွားခဲ့ရင်..ညီမလေး...ညီမလေးဒီလိုအဖြစ်ဆိုးနဲ့ ကြုံရမှာမဟုတ်ဘူး...အားးး!!!"

ထိုအသံက အော်ဒရေး၏အတွေးကွန်ရက်ကို နှောင့်ယှက်လိုက်သည်။ အော်ဒရေးကြည့်မိတော့ သေဆုံးသူ၏အစ်ကိုဖြစ်သူဟာ ထိုအလောင်းဘေးတွင် ဒူးထောက်လျက်ရှိပြီး ရင်ဘတ်ကိုလက်သီးဆုပ်ဖြင့် အဆက်မပြတ်ထုရိုက်နေသည့်အပြင် အလွန်အကျူးငိုကြွေးထားတာကြောင့် မျက်လုံးများမှာ နီရဲဖောင်းမို့နေကာ မျက်နှာတစ်ခုလုံး မျက်ရည်များနှင့် နှပ်ရည်တို့ဖြင့် ပေရေနေတာကြောင့် အော်ဒရေးနှာခေါင်းရှုံ့မိသည်။ မသိစိတ်အရပင် ခြေတစ်လှမ်းအနောက်ဆုတ်ကာ အကြည့်လွှဲဲလိုက်သည်။

အကြောင်းကတော့ အော်ဒရေးဟာ အသန့်ကြိုက်သူဖြစ်တာကြောင့်ပင်။ သူကိုယ်တိုင်ကလည်း သန့်ရှင်းအောင်နေတတ်ပြီး သူများတွေညစ်ပတ်တာမြင်ရင်လဲ စိတ်ထဲကနေအလိုလိုကိုရွံရှာ၍ ညစ်ပတ်တဲ့သူတွေနှင့် ဝေးဝေးရှောင်သည်။ သို့သော် သူ၏အသန့်ကြိုက်ရောဂါဟာ အလောင်းတွေကိုမြင်တွေ့၊ ထိတွေ့ရာတွင်တော့ ပေါ်ထွက်မလာပါချေ။

အခုလည်း လီယန်၏ပုံစံကြောင့် အော်ဒရေးတစ်​ယောက် အန်မိမတတ်ပင်။

သို့သော် သူဒါကိုရင်ဆိုင်မှရပေလိမ့်မည်။ အမှုမှန်ကို ဖော်ထုတ်ဖို့ရန်အတွက် တရားခံနှင့်ပတ်သတ်ပြီး သဲလွန်စသေးသေးလေးပဲဖြစ်ဖြစ် သိရဖို့ရာ ဒီလူ့ကို အစ်အောက်မေးကြည့်မှရပေလိမ့််မည်။

"အဟမ်း...ကိုယ်က စုံထောက်အော်ဒရေးပါ။ မင်းက ကိုယ်တို့ဌာနဆီကို ဖုန်းဆက်အကြောင်းကြားတဲ့တစ်​ယောက်ဖြစ်မယ်ထင်တယ်။"

အော်ဒရေးတစ်​ယောက် စိတ်ကိုတင်းကာ လီယန်ဆိုသူကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။ လီယန်ဟာ မျက်ရည်လည်ရွှဲဖြင့် အော်ဒရေးကို​မော့ကြည့်လာပြီး စိတ်ဓာတ်ကျစွာ​ပြောလာသည်။

"ကျွန်တော့်ညီမလေးကို သတ်သွားတဲ့တရားခံကို ရအောင်ဖမ်းပေးပါ။ စုံထောက်ကြီး!"
လီယန်ဟာပြောနေရင်းဖြင့် သူ့မျက်ရည်နှင့်နှပ်ရည်တွေကို သူဝတ်ထားသောအကျီဖြင့်ဆွဲသုတ်လိုက်တာကို အော်ဒရေးမြင်လိုက်ရသည်။ ထို့နောက် သူဟာ ရုတ်တရက်ပင် မတ်တပ်ထရပ်လာကာ အော်ဒရေးလက်ကို သူ့လက်နှစ်ဖက်ဖြင့်ဆွဲကိုင်ရင်း ဆောက်တည်ရာမရပြောလာခဲ့သည်။

"ညီမလေး..ကျွန်တော့်ညီမလေးက ငယ်ငယ်လေးပဲရှိသေးတာ...ဘာလို့များဒီလိုမျိုးဖြစ်ရတာလဲ....မသိတော့ဘူး..."

အော်ဒရေးဟာ သူ့လက်ကိုကိုင်ထားသော လီယန်၏လက်နှစ်ဖက်ကို မသိမသာရုန်းလိုက်ရင်း ယုံကြည်မှုရှိရှိပြောလာသည်။

"စိတ်မပူပါနဲ့။ တရားခံကိုသေချာပေါက်ဖမ်းပေးမှာပါ။ ဒါပေမယ့် မင်းအကူအညီတော့လိုလိမ့်မယ်။"

"ကျွန်တော့်ဆီက?"
လီယန်ဟာ ကြေကွဲဝမ်းနည်းရိပ်သန်းနေသောမျက်လုံးများဖြင့် နားမလည်သလိုကြည့်လာသည်။

အော်ဒရေးခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်။ မင်းအတွက်ခက်ခဲမယ်ဆိုပေမယ့် ဒီနေ့အဖြစ်အပျက်အကုန်လုံးကို ကိုယ့်ကိုမင်းပြောပြမှရလိမ့်မယ်။ အဲ့ဒါမှ တရားခံသဲလွန်စကို ရှာတွေ့နိုင်မှာလေ.."

လီယန်က ဖြေးညှင်းစွာခေါင်းငြိမ့်ပြလာပြီး စတင်ပြောလာတော့သည်။
"....ဒီနေ့ ကျွန်တော်အလုပ်မှာဂျူတီကျတာမို့လို့ အိမ်ကနေ အစောကြီးထွက်လာခဲ့တယ်။ စိတ်ထဲမှာတစ်ခုခုဖြစ်မယ်လို့ ခံစားမိတာမို့ အလုပ်မသွားဖို့လုပ်ပေမယ့် ညီမလေးက ကျွန်တော့်ကို သွားခိုင်းတာကြောင့် ကျွန်တော်လဲသွားလိုက်ရတာပါ.."

"မင်းညီမမှာ ချစ်သူရည်းစားတွေဘာတွေများရှိလား။"

လီယန်ခေါင်းခါပြလိုက်သည်။
"ဟင့်အင်း၊ ညီမလေးက ကလေးစိတ်ပဲရှိသေးတာ။ ရည်းစားမပြောနဲ့ ယောကျ်ားလေးသူငယ်ချင်းတောင်မရှိပါဘူး။"

"ဒါဆို...ဆက်ပြောပါ။"

လီယန်က ပြတင်းပေါက်ဆီကို ဆွေးဆွေးမြေ့မြေ့ကြည့်ရင်း ဆက်ပြောလာခဲ့သည်။
"ကျွန်တော် ညီမလေးကိုတစ်ယောက်တည်းထားခဲ့ပြီးတော့ အလုပ်လာလိုက်မိတယ်။ အလုပ်မှာဘာလုပ်လုပ်အဆင်မပြေဖြစ်နေခဲ့တာ။ စိတ်ထဲမှာ ခဲဆွဲထားသလို လေးလံနေခဲ့တယ်။ လုံးဝအဆင်မပြေတော့တာကြောင့် ညနေကျတော့ သူငယ်ချင်းတစ်​​ယောက်ကို ကျွန်တော်အကူအညီတောင်းပြီးတော့ အိမ်ကိုစောစောပြန်လာခဲ့တယ်..ကျွန်တော်တံခါးကိုဖွင့်မလို့လုပ်ပေမယ့် တံခါးကအထဲကနေ လော့ခ်ချထားတာမို့ ကျွန်တော်တံခါးခေါက်ပြီး ညီမလေးကိုခေါ်လိုက်တယ် 'ညီမလေး၊ ကိုကြီးပြန်လာပြီလေ..တံခါးလာဖွင့်ပါဦး'ဆိုပြီးတော့ပေါ့..."

"......."

"ပုံမှန်ဆိုရင် ကျွန်တော့်ညီမလေးက သူမလုပ်လက်စကိုပစ်ပြီး ချက်ချင်းပြေးလာပြီးတော့ တံခါးလာဖွင့်ပေးတာ၊ ပါးစပ်ကလည်း ကိုကြီးလို့ ခေါ်ရင်းနဲ့ပေါ့။ အခုတော့ ဘာအသံမှလည်းမကြားရတဲ့အပြင် အတော်လေးတိတ်ဆိတ်နေတာကြောင့် ကျွန်တော်ရင်ထိတ်သွားတယ်။ ပြောလို့မရဘူးလေ၊ သူမမကြားတာဖြစ်မယ်ဆိုပြီးတော့ တံခါးထပ်ခေါက်လိုက်ပေမယ့်...ဘာတုံ့ပြန်သံမှပြန်မလာခဲ့ဘူး။..."
လီယန့်အသံက ပြောနေရင်းဖြင့် တုန်ယင်လာခဲ့သည်။

"...."

"ကျွန်တော်စိုးရိမ်သွားတယ်။ သူမတစ်ခုခုများဖြစ်နေမလား..ဆိုပြီးတော့...စိုးရိမ်စိတ်တွေများပြီး ဘောင်းဘီအိတ်ကပ်ထဲက အိမ်သော့ကို တုန်ရင်နေတဲ့လက်တွေနဲ့ နှိုက်လိုက်ပြီး သော့ပေါက်ထဲဝင်အောင် မနည်းထိုးထည့်ပြီး တံခါးကိုချက်ချင်းတွန်းဖွင့်လိုက်တယ်..."

"...အဲ့ဒီ့နောက်ရော?"
အော်ဒရေးဟာ တုန်လှုပ်နေသောမျက်နှာပေးဖြင့် ပြောလက်စစကားကို ဆက်မပြောတော့သောလီယန်ကို ကြည့်ကာမေးလိုက်သည်။

လီယန်က ဆက်မပြောလာပဲ တုံ့ဆိုင်းနေသေးသည်။ တစ်ခဏအကြာမှ ကြမ်းပြင်ပေါ်ရှိလီနာ့အလောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် တံခါးမကြီးအဝကိုကြည့်ကာ ပြောလာသည်။
"...ကျွန်တော်တံခါးကိုတွန်းဖွင့်လိုက်ပေမယ့်..တံခါးကပွင့်မလာခဲ့ဘူး...တံခါးဝမှာ တစ်ခုခုပိတ်နေတဲ့အတိုင်းပဲ..ကျွန်တော်ဆက်တိုက်တွန်းနေပေမယ့် တံခါးကပွင့်မလာခဲ့ဘူး..အဲ့ဒါနဲ့ ကျွန်တော်လဲ လက်မလျှော့ပဲနဲ့ တံခါးမကြီးကို အားကုန်သုံးပြီး ကုန်ပစ်လိုက်တော့မှ တံခါးကဝုန်းခနဲပွင့်လာပေမယ့်....ကျွန်တော်မြင်လိုက်ရတာက..."

အော်ဒရေး၏လက်ထောက်နှစ်ယောက်ဟာ မသိစိတ်အရ ​တံခါးမကြီးအဝကိုကြည့်မိလိုက်ရာ တံခါးမကြီးတွင် ပေကျံနေသော စေးကပ်ကပ်သွေးကွက်အခြောက်များကို မြင်လိုက်ရတာကြောင့် နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်မိကြရင်း တံတွေးမျိုချလိုက်ကြသည်။

"...ညီမလေးက ကြမ်းပြင်ပေါ်မှာ မှောက်လျက်ကြီးရှိနေတာ...ကျွန်တော်အရမ်းလန့်သွားတယ်..နောက်တော့အသိဝင်လာပြီး ညီမလေးဆီကိုပြေးသွားပြီး ညီမလေးကိုပက်လက်လှန်လိုက်တော့ မြင်လိုက်ရတဲ့အရာက...သွေး!"

လီယန်က မျက်လုံးတွေပြူးကျယ်ကာ လက်နှစ်ဖက်ဖြင့် သူ့ခေါင်းပေါ်ကဆံပင်တွေကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲနေရင်း သွေးရူးသွေးတန်းပြောလာသည်။
"သွေးတွေဗျ!! ညီမလေးရဲ့လည်ပင်းကနေ သွေးတွေစီးကျနေတာ..သူမရဲ့မျက်လုံးတွေကလည်း ပြူးကျယ်နေတာ....ခင်ဗျားတို့သိလား..ကျွန်တော်တံခါးဘာလို့ဖွင့်မရလဲဆိုတာလေ...ဘယ်ရမလဲ..ကျွန်တော့်ညီမလေးအလောင်းက တံခါးဝမှာပိတ်နေတာကိုး...ကျွန်တော်အားသုံးဖွင့်လိုက်တော့မှ တံခါးပွင့်သွားပြီး ညီမလေးရဲ့အလောင်းကလဲ ရွေ့သွားတာပေါ့.."

လီယန်ဟာအော်ဟစ်ပြောဆိုနေရင်းဖြင့် အော်ဒရေး၏အကျီကော်လံစကိုဆွဲကာ ပြောလာပြန်သည်။
"ခင်ဗျားတို့သိလား..သူမဘယ်လောက်တောင်ကြောက်နေရှာမလဲ...သူမတစ်ယောက်တည်းနာကျင်နေခဲ့ရမှာ...သူမအဖော်မဲ့နေမှာ...အဲ့လိုမဖြစ်အောင် ကျွန်တော်..ကျွန်တော်လည်းလိုက်သွားရမယ်..ဟုတ်တယ်.."

ရုတ်​ခြည်းပင် လီယန်ဟာ အော်ဒရေး၏ခါးကြားရှိသေနတ်ကို ဆွဲယူဖို့လုပ်လာတာကြောင့် အော်ဒရေးဟာ လီယန့်ဂုတ်ပိုးကို တံတောင်ဆစ်ဖြင့်ရိုက်ချလိုက်ရင်း ဘေးနားတွင်ရှိသော ရဲသားတွေကိုကိုပြောလာသည်။
"သူ့ကို ဆေးရုံပို့ထားလိုက်ပါ။ ကြည့်ရတာ စိတ်ထိခိုက်လွန်ပြီးတော့ အသိစိတ်လွတ်သွားပုံရတယ်။"

ထိုရဲသားတစ်ချို့က လီယန့်ကိုသယ်ဆောင်သွားပြီးနောက်
သူ့လက်ထောက်နှစ်ယောက်ဟာ အော်ဒရေးကိုကြည့်နေကြသည်။
"ဒီအဆောက်အအုံမှာ စီစီတီဗီမရှိဘူး..စီနီယာ"
တစ်ယောက်ကပြောလာသည်။

နောက်တစ်ယောက်ကဝင်ပြောလာပြန်သည်။
"ဒါပေမယ့် ဒီအဆောက်အအုံရဲ့ထူးခြားချက်က တံခါးတွေကို သော့ရှိမှဖွင့်လို့ရတယ်ဆိုတာပဲ။"

"သေဆုံးသူက လူသတ်သမားကို တံခါးဖွင့်ပေးလိုက်တာများလားး။"

"မဖြစ်နိုင်တာ။ တံခါးနားမှာ ရုန့်ရင်းဆန်ခတ်ဖြစ်တာမျိုးမရှိဘူးလေ။ ပြီးတော့ အခုနကတစ်​ယောက်ပြောသွားတာကိုမှတ်မိတယ်မလား၊ သေဆုံးသူက တံခါးကိုအထဲကနေလော့ခ်ချထားတယ်တဲ့လေ။"

"အဲ့ဒါဆိုရင် တရားခံက ဘယ်လိုဝင်လာတာလဲ။ ပြီးတော့ ဘယ်လိုထွက်သွားတာလဲ.."

"ပြတင်းပေါက်ကလဲမဖြစ်နိုင်ပါဘူး။ ကြည့်ကြည့်လေ၊ အကုန်လုံးအကောင်းအတိုင်းပဲ။ ပြီးတော့ ဝရံတာလဲရှိတာလဲမဟုတ်ဘူး။ ခုန်ချလိုက်တာနဲ့ပွဲချင်းပြီးပဲ။"
အမှန်ပင်၊ ၇ထပ်ဆိုသည့်အမြင့်က သိပ်မမြင့်သော်ငြား အောက်ဖက်တွင် ကျောက်တုံး၊ ကျောက်ခဲများသာရှိသည့်အတွက် ပြုတ်ကျလာမည်ဆိုပါက အသက်ကိုပြန်ရနိုင်မည်မဟုတ်ပါ။

"မဟုတ်မှလွဲရော..."
တစ်ယောက်က မျက်လုံးများမှေးကျဥ်းကာပြောလာတာကြောင့် နောက်တစ်ယောက်က အလျင်စလိုမေးလိုက်သည်။
"ဘာလဲ..ဘာလဲ.."

"ငါပြောချင်တာက တရားခံက သရဲဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ကိုယ်ပျောက်လူသားများဖြစ်နေမလားလို့လေ.."

ထိုစကားကြောင့် ​ကောင်လေးဟာ နရင်းပိတ်အုပ်ခံလိုက်ရသည်။
"မဟုတ်တာတွေပြောမနေနဲ့၊ ငါကတော့ သေမင်းလို့ပဲထင်တယ်...အချိန်တန်လို့ လာခေါ်သွားတာဖြစ်မယ်...အသာတကြည်ခေါ်တုန်းက မလိုက်လို့ဆိုပြီး သတ်ပစ်လိုက်တာနေမှာ.."
ထို့နောက် နှစ်ယောက်သားငြင်းဆန်ရင်း သတ်ပုတ်ကြတော့သည်။

အော်ဒရေးဟာ သူ့လက်ထောက်နှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းအသာချမိကာ ဖုန်းထုတ်ကြည့်လိုက်သည်။(စီနီယာ..ရိုလန်တိုင်ဒါက အိမ်မှာပဲရှိနေပါတယ်။ ပြီးတော့ စီနီယာလုပ်ခိုင်းတဲ့အတိုင်း သူ့တစ်အိမ်လုံးနေရာအနှံ့မှာ လျို့ဝှက်စီစီတီဗီကင်မရာတွေ တပ်ထားခဲ့ပါတယ်။ စီနီယာ့ဖုန်းနဲ့လည်း တစ်ခါတည်းချိတ်ဆက်ပြီးဖြစ်တာမို့ စီနီယာကြည့်ချင်တဲ့အချိန်ကြည့်လို့ရပါတယ်)
ထိုမက်ဆေ့ချ်ကိုဖတ်ပြီးနောက် အော်ဒရေးဟာ ကျေနပ်စွာပြုံးလိုက်မိလေသည်။

........

အော်ဒရေးတို့တွေ ထိုအလောင်းနှင့်အလုပ်ရှုပ်နေပြီးနောက် အသီးသီးဌာနသို့ပြန်သွားခကြသည်။ ည၉နာရီလောက်ဖြစ်မည်ထင်၏။ လူသူရှင်းလင်းသော အဝေးပြေးလမ်း၏ဘေးဖက်တစ်နေရာရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် လူနှစ်ယောက်ရှိနေသည်။ ကြည့်ရတာ ဝန်ထမ်းများဖြစ်ပုံရသည်။

"ချာလီ...ငါအိမ်သာတက်ချင်လို့ကွာ..မင်းဒီမှာနေခဲ့လို့ရတယ်မလား။"
ခပ်ထွားထွားလူတစ်ယောက်က ချာလီအမည်ရှိခပ်ပိန်ပိန်တစ်ယောက်ကိုပြောလာသည်။ ချာလီက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။
"အေး..သွားကွာ..ငါအဆင်ပြေတယ်။"

ထို့နောက် ထိုလူဟာ ထိုဓာတ်ဆီဆိုင်၏အနောက်ဖက်ရှိ အိမ်သာထဲကို ဝင်သွားတော့သည်။ ချာလီတစ်ယောက် သီချင်းလေးညည်းရင်း ဒူးလေးနန့်ကာ အဝေးပြေးလမ်းမကြီးကို စိုက်ကြည့်နေသည်။

ရုတ်တရက်ပင်၊ သူ့ညာဘက်မျက်လုံးထောင့်ကနေ အရိပ်မည်းတစ်ခုကိုမြင်လိုက်ရတာကြောင့် ခေါင်းပါလှည့်ကြည့်မိတော့ လူတစ်ယောက်ပုံရိပ်ကိုမြင်လိုက်ရသည်။ ချာလီဟာ ထိုလူရိပ်ကို သေချာကြည့်နေမိသည်။ သူနှင့်ပို၍နီးကပ်လာသည်နှင့် ထိုလူရိပ်မည်းမည်းဟာ သူ့ဆီလျှောက်လာနေတာကို အနည်းငယ်ရှင်းရှင်းလင်းလင်းမြင်လိုက်ရကာ ထိုလူ့လက်ထဲမှ တောက်ပနေသောငွေရောင်ဓားတိုလေးကို တွေ့လိုက်တာကြောင့် ချာလီကြက်သေသေသွားသည်။ မျက်စိမှားသည်ဟုထင်လိုက်ကာ မျက်လုံးကိုပွတ်ပြီးသေချာကြည့်မိတော့ သူမြင်တာမှန်မှန်းသိလိုက်ရသည်။

ချာလီနောက်လှည့်ကာ မြန်မြန်ပြေးလိုက်သည်။ အနောက်ကိုလှည့်မကြည့်တော့ပဲနှင့် ကာလေရှိရာအိမ်သာဆီ တဟုန်ထိုးပြေးရင်းဖြင့် ပါးစပ်ကလဲအော်ခေါ်မိသည်။
"ကာလေ! ကာလေ!"

သို့သော် ကာလေမှာ အိမ်သာထဲတွင်စိမ်ပြေနပြေထိုင်နေသည့်အပြင် နားကြပ်တပ်ကာ သီချင်းအကျယ်ကြီးဖွင့်ထားတာကြောင့် ချာလီ့အသံကိုမကြား။

ချာလီတစ်ယောက် အိမ်သာနားရောက်ခါနီးတွင် အားတက်သွားကာ အိမ်သာတံခါးကိုခေါက်မည်အပြု၊ သူ၏ခြေထောက်များဟာ အနောက်ကိုပြန်ဆွဲခံလိုက်ရတော့သည်။

.
.
.
.
.
.
.

"အား! လွှတ်ပေးပါ! အားးးး!!!!"
ထိုအသံထွက်ပေါ်လာအပြီးတွင်တော့ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားရပြန်သည်။
.
.
.
.
အချိန်အတော်ကြာပြီးနောက်တွင် ကာလေတစ်ယောက်အိမ်သာထဲမှထွက်လာချိန်၌ မြေကြီးပေါ်တွင် ပုံပျက်ပန်းပျက်သေဆုံးနေသော ချာလီ၏အလောင်းကိုသာ တွေ့လိုက်ရတော့သည်။

ထို့နောက် အော်ဒရေးတို့သည် ဤအမှုကိုလိုက်ရပြန်သည်။ ကံကောင်းတာက ဓာတ်ဆီဆိုင်တွင်စီစိတီဗီရှိပြီး ကံမကောင်းတာကတော့ တရားခံ၏မျက်နှာကိုမမြင်ရတာပင်။ တရားခံဟာ အရင်အမှုတွေထဲကနှင့်တစ်ယောက်တည်းဆိုတာကိုတော့ အော်ဒရေးသိနေပါသည်။

-------------

တစ်ရက်ကြာပြီးနောက်တွင် လူသတ်မှုနှစ်ခုဖြစ်ပွားခဲ့ပြန်သည်။ တစ်ယောက်ကတော့ ဒေစီဟုခေါ်သော သတ်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဖြစ်ပြီး ပန်းခြံတစ်ခုတွင် လည်ပင်းပြတ်လျက်သေဆုံးနေခဲ့တာဖြစ်သည်။

နောက်တစ်ယောက်ကတော့ ကားလ်ဟုခေါ်သော အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ကာ စာကြည့်တိုက်အတွင်း လည်ပင်းပြတ်ရှရာဖြင့် သေဆုံးလျက်။

အော်ဒရေးဟာ လူသတ်မှုတွေဖြင့် အလုပ်တော်တော်ရှုပ်နေသည့်အပြင် တရားခံကိုပါမဖမ်းမိလေရာ မိုးထိမတတ်ဒေါသပေါက်ကွဲနေမိသည်။ သူ့စိတ်ထဲတွင် ရိုလန်တိုင်ဒါကို ဤအမှုများ၏ လူသတ်တရားခံဟုယူဆထားပေမယ့် ဖမ်းဝရမ်းထုတ်ဖို့ရာသက်သေလည်းမရှိ။ သူ့အိမ်တွင် တပ်ထားသောစီစီတီဗီကနေလည်း မည်သည့်သက်သေအထောက်အထားမှမရလာတာကြောင့် အော်ဒရေးစိတ်တိုရသည်။ နောက်ဆုံးတွင်တော့ စီဗယ်ကိုသာ ဖုန်းဆက်ရတော့သည်။

............

ရိုလန်တစ်ယောက် အတန်းတက်ဖို့ အကျီလဲနေသည်။ အခုဆိုရင် သူနှင့်ဒန်နီဟာ ပို၍ရင်းနှီးလာပြီဖြစ်သည်။ ဒန်နီနှင့် နေ့တိုင်းဖုန်းပြောဖြစ်သလို Video callလဲပြောဖြစ်ကြသည်။ တစ်ခါတစ်လေကျရင် အပြင်ထွက်ပြီးဒိတ်လုပ်ဖြစ်၏။

ကိုယ်လုံးကြည့်မှန်၏ဘေးတွင် လျို့ဝှက်တပ်ဆင်ထားသော စီစီတီဗီကို မသိမသာကြည့်လိုက်ပြီးနောက် စိတ်ထဲကနေတွေးလိုက်သည်။
'အခုဆို လူ၇ယောက်သတ်ပြီးသွားပြီ၊'

အကြောင်းကတော့ ချာလီဆိုသည့်လူသေသွားသည့်ညတွင် အမည်မသိဘော့စ်ဟာ လူသုံးယောက်သတ်ရန် mailပို့လာခဲ့သည်။ ထိုသုံးယောက်ထဲမှ နှစ်ယောက်ကိုသတ်ပြီးသွားပြီဖြစ်ရာ တစ်ယောက်သတ်ဖို့ပဲကျန်တော့သည်။ ထိုတစ်ယောက်ကိုသတ်ပြီးသည်နှင့် ၉ယောက်ပြည့်ဖို့ရန် လူတစ်ယောက်သာကျန်တော့သည်။

'ဇာတ်လိုက်တော့ ခေါင်းခြောက်နေလောက်ပြီ...ဟက်'

[ဟဟ၊ သူက မင်းကိုဖမ်းချင်နေတာလေ။ ဒါပေမယ့် သက်သေကလဲမရှိတော့ မင်းကိုသတ်ပစ်ချင်နေလောက်ပြီ။]

အရိုးခေါင်းစကားကြောင့် ရိုလန်နှုတ်ခမ်းမသိမသာကွေးသွားသည်။
'ဆက်ကြိုးစားလိုက်ပါအုံး..အော်ဒရေး'

ထို့နောက်တွင် ကျောင်းသားတို့၏လုပ်ငန်းစဥ်အတိုင်း အတန်းထဲတွင်အိပ်ငိုက်ခြင်းဖြင့် ဖြတ်သန်းရပြန်သည်။

---------

ညသန်းခေါင်ယံအချိန်တွင် သောမတ်တစ်ယောက် ထူးထူးဆန်းဆန်းတစ်ရေးနိုးလာကာ အိပ်ရာဘေးကို လက်နှင့်စမ်းကြည့်မိတော့ အေးစက်စက်အိပ်ရာခင်းကိုသာစမ်းမိတာကြောင့် သောမတ်မျက်လုံးများပွင့်လာရသည်။

ရစ်ချက်ဟာ ကုတင်ပေါ်တွင်ရှိမနေ။

သောမတ်အလုံးစုံနိုးသွားကာ ကုတင်ပေါ်ထထိုင်လိုက်သည်။ အခန်းထဲတွင်လည်း ရစ်ချက်ရှိမနေပါ။ ဒါကြောင့် ခြုံထားသည့်စောင်ကိုဖယ်လိုက်တော့ ကြွက်သားသိပ်မရှိသော ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်  ပိန်သွယ်သွယ်ပေါင်တံများပေါ်လာရသည်။ အကြောင်းကတော့ သောမတ်ဟာ ညအိပ်ချိန်တွင် သူဝတ်ထားသော အကျီနှင့်ဘောင်းဘီများကို သူ့အလိုလိုချွတ်တတ်တာကြောင့် သောမတ်တစ်ယောက် ညဘက်တွင် boxerတစ်ထည်သာဝတ်ပြီး အိပ်လာသည်မှာ အတော်အတန်ကြာပြီဖြစ်သည်။

သောမတ်တစ်ယောက် ကုတင်ပေါ်ကထလာကာ အခန်းထဲကထွက်လာလိုက်သည်။ ရစ်ချက်၏အရိပ်အယောင်ကို လုံးဝမတွေ့ရ။

သောမတ်စိတ်ရှုပ်ထွေးလာသည်။
'ဟိုကောင်ဘယ်ရောက်နေတာလဲ??!'

သောမတ်အိမ်သာအခန်းတံခါးဖွင့်ကြည့်လိုက်သည်။

မရှိ!

ရေချိုးခန်းတံခါးဖွင့်ကြည့်သည်။

မရှိ!

မီးဖိုချောင်ထဲသွားကြည့်သည်။

မရှိ!

ဘယ်နေရာကိုပဲသွားရှာကြည့်ကြည့်...

မရှိ! မရှိ! မရှိ!

သောမတ်သည် ရစ်ချက်ကိုစိတ်ပူလာရသည်။ ဒါကြောင့် အပြင်ထွက်ရှာဖို့စိတ်ကူးမိလိုက်ကာ အဝတ်အစားဝတ်ဖို့အတွက် သူ့အခန်းထဲပြန်လာခဲ့သည်။

မှောင်မည်းနေတာကြောင့် သောမတ်တစ်ယောက်မီးခလုတ်ဖွင့်ကာ ဗီရိုကိုဖွင့်ဖို့ရန် အနောက်ကိုလှည့်လိုက်သည်နှင့် မြင်လိုက်ရသည့်မျက်နှာကြောင့် ထိတ်လန့်သွားကာ အော်ဆဲမိသည်။
"ဖာခ့်!! ချီးပဲ...လန့်လိုက်တာကွာ.."

သောမတ်ဟာ ရင်ဘတ်ကိုအသာဖိထားရင်းဖြင့် သူ့ရှေ့တွင်ရပ်နေသော ရစ်ချက်ကိုကြည့်ကာ မေးလိုက်သည်။
"ဟေ့ကောင်ရစ်ချက်? မင်းဒီအချိန်ကြီးဘာထလုပ်တာလဲ၊ ငါတစ်ရေးနိုးလာတော့ မင်းကိုမတွေ့တော့ တစ်အိမ်လုံးမှာလိုက်ရှာခဲ့တာ။ ဒါပေမယ့်မင်းကိုငါလုံးဝရှာမတွေ့တော့ အပြင်ထွက်ပြီးလိုက်ရှာမလို့လုပ်...."

သောမတ်ဆက်တိုက်ပြောနေစဥ်မှာ ရစ်ချက်ကတော့ သူပြောနေတဲ့စကားတွေကိုမကြားသလိုပင်၊ အိပ်ရာဆီကိုလျှောက်သွားတာကြောင့် သောမတ်စိတ်တိုလာကာ ရစ်ချက်လက်ကိုဆွဲလိုက်မိသည်။ ထိုအခါ ရစ်ချက်သည် သူ့ကိုတစ်ချက်လှည့်ကြည့်လာရာ သောမတ်တစ်ယောက်ထိတ်လန့်သွားကာ လက်ကိုလွှတ်လိုက်မိရာမှ ရစ်ချက်တစ်ယောက် ကုတင်ပေါ်တက်အိပ်သွားတော့သည်။

သောမတ်သည် သူမြင်လိုက်ရသောရစ်ချက်၏မျက်လုံးထဲမှ သူစိမ်းဆန်ခြင်းနှင့် ရက်စက်သွေးဆာနေမှုများကို မြင်လိုက်ရတာကြောင့် အံ့သြထိတ်လန့်သွားကာ လက်ကိုလွှတ်ပေးလိုက်မိတာပင်။

ရစ်ချက်က?...

သူရစ်ချက်ကို ဒီလိုပုံစံနှင့်တစ်ခါမှမမြင်ဖူးပေ။ ရစ်ချက်ဟာ သူ့ကို ဒီလိုမျက်လုံးများဖြင့်မကြည့်ဖူးပေ။ တကယ်ပဲ....

ထိုအချိန်၌ အိပ်ပျော်နေပြီဖြစ်သော ရစ်ချက်ကိုတစ်ချက်ကြည့်လိုက်ရင်းဖြင့် သောမတ်တစ်စုံတစ်ခုကိုတွေးမိလိုက်သည်။

မနက်ခင်းနေမြင့်မှသာ သောမတ်အိပ်ရာကနိုးလာသည်။ လိုက်ကာများဖွင့်ထားတာကြောင့် အခန်းတစ်ခုလုံးလင်းထိန်နေလေရာ သောမတ်မျက်လုံးများနေရောင်စူးသွားသည်။

ထို့နောက် အခန်းပြင်ထွက်လာခဲ့တော့ မီးဖိုချောင်တွင်ထိုင်နေသော ရစ်ချက်ကိုမြင်လိုက်ရသည်။
"ခွေးကောင်၊ ဘာလိုငါ့ကိုမနှိုးတာလဲ။"

"အော..မင်းကြည့်ရတာတစ်သက်လုံးမအိပ်ရသေးတဲ့ပုံပေါ်နေလို့လေ.."
ရစ်ချက်က ပေါင်မုန့်စားနေရင်းဖြင့် ခပ်ရှုရှုပြောလာသည်။

သောမတ်မျက်ဖြူလှန်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကိုသတိရသွားကာ မေးလိုက်သည်။
"မင်းညက အိပ်ရာကထသွားသေးလား။"

ရစ်ချက်က မော့ကြည့်လာသည်။
"ဟင့်အင်း...ဘာလို့လဲ"

သောမတ်ခေါင်းခါပြလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းမေးကြည့်တာ။"
သောမတ်ဟာ ရစ်ချက်ကိုအကဲခတ်လိုက်သည်။ ရစ်ချက်ဟာ ညကပုံစံနှင့်လားလားမှမတူပါချေ။

သောမတ်က ရစ်ချက်ဖုန်းကိုဆွဲယူကာ social mediaကိုဖွင့်ကြည့်သည်။

"မင်းမျက်နှာအရင်သစ်သင့်တယ်မဟုတ်ဘူးလား။"
ရစ်ချက်ကနှာခေါင်းရှုံ့ကာပြောလာတာကြောင့် သောမတ်တစ်ယောက် သတင်းတွေကိုကြည့်နေရင်းဖြင့် ပြန်ဖြေလိုက်သည်။
"မင်းကိစ္စသာမင်းလုပ်စမ်းပါ။"

ရစ်ချက်စိတ်တိုသွားကာ အဲ့ဒီ့boxerတစ်ထည်နှင့်အရှက်မရှိတဲ့ကောင်ကို မျက်စောင်းထိုးပြီးနောက် သူ့ပေါင်မုန့်သူဆက်စားနေလိုက်တော့သည်။

သောမတ်၏မျက်လုံးများဟာ သတင်းတစ်ခုတွင် ရပ်တန့်သွားရသည်။
(မနေ့ညသန်းခေါင်ယံလောက်မှာ ပျောက်ဆုံးသွားတဲ့ ကလေးလေးတစ်ယောက်ကို မြစ်ထဲတွင်ရေနစ်သေဆုံးလျက်တွေ့ရှိ။)

သောမတ်မျက်မှောင်ကြုတ်မိသည်။ သန်းခေါင်ယံ? မနေ့ည?
သူရစ်ချက်ကိုကြည့်လိုက်သည်။
'ထူးဆန်းတယ်...တစ်ခုခုတော့တစ်ခုခုပဲ'

မနေ့ညက ရစ်ချက်၏ပုံစံနှင့် ယခုလတ်တလောဖြစ်ပွားခဲ့သည့် လူသတ်မှုတွေကိုတွေးမိကာ အနည်းငယ်ဆက်စပ်မိသွားသည်။

သေချာသည်၊ မနေ့ညက သူမြင်လိုက်ရတာက ရစ်ချက်မဟုတ်ပဲ တစ်ခြားတစ်စုံတစ်ခုသာဖြစ်ပေလိမ့်မည်။
ရစ်ချက်ရဲ့စိတ်ခွဲတော့မဟုတ်တန်ရာ။ ရစ်ချက်တွင် ထိုရောဂါမရှိတာသေချာသည်။ ဖြစ်နိုင်တာက......သောမတ် ရစ်ချက်ကို စူးစမ်းကြည့်နေရင်းဖြင့်...
'ရစ်ချက်ကိုယ်ထဲမှာ..တစ်ခုခုဝင်ပူးနေတာဖြစ်လိမ့်မယ်..'

--------

ရိုလန်ဟာ အမည်မသိbossထံမှ သူနောက်ဆုံးသတ်ရမည့်targetအကြောင်း တွေ့လိုက်ရချိန်တွင် သူ၏အနီးတစ်ဝိုက်၌ ကြောက်မက်ဖွယ်အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားသည်မှာ လျို့ဝှက်ကင်မရာများကို အက်ကွဲကြောင်းထင်စေသည်အထိပင်။

'မင်းတော့ အဆုံးသတ်ချိန်ရောက်ပြီ...ဝိညာဥ်မျိုတစ္ဆေ'

___________________________________________

I like...တန်းလန်း...ဟုတ်ကဲ့၊ ဇာတ်လမ်းကအခုမှစမှာပါ..ပြီးဖို့ကလည်း ၃၊ ၄ပိုင်းပဲလိုပါတော့တယ်..မင်းတို့လိမ္မာရင် တနဂ်နွေနေ့အပြီးတင်ပေးမယ်...Oh,Satanမျှော်နေတဲ့သူတွေကတော့ ဒီArc3ပြီးမှ စတင်ပေးမှာပါကွယ်....

--------------------------------=----------------------------------

"Zawgyi"

ယိုယြင္းေနေသာအေဆာက္အအုံတစ္ခုအေရွ႕တြင္ ရဲကားသုံးစီးႏွင့္ အနက္ေရာင္ကားတစ္စီးတို႔ ရပ္လိုက္ၾကသည္။ ထိုကားေတြဟာ အခုနေလးတင္ ဒန္နီရယ္ျမင္လိုက္ေသာ ရဲကားမ်ားျဖစ္ၾကသည္။ သူတို႔ဒီကိုလာရသည့္အေၾကာင္းရင္းကေတာ့ မိန္းကေလးတစ္ေယာက္အသတ္ခံရသည္ဟူေသာ ဖုန္းcallတစ္ခုရလာတာေၾကာင့္ပင္။ ဖုန္းဆက္လာသူကေတာ့ ေသဆုံးသူ၏အစ္ကိုရင္းျဖစ္သူဟုဆိုသည္။

ဒါေၾကာင့္ ေအာ္ဒေရးႏွင့္ လက္ေထာက္ႏွစ္ေယာက္အပါအဝင္၊ ရဲဌာနမွ ရဲသားတစ္ခ်ိဳ႕ကိုပါေခၚလာခဲ့လိုက္သည္။ အရမ္းႀကီးေခၚခ်င္ေနလို႔ေတာ့မဟုတ္။ ေအာ္ဒေရး၏အထက္အရာရွိက ပူးေပါင္းေဆာင္႐ြက္ရန္တာဝန္ေပးလာတာေၾကာင့္ပင္။ မဟုတ္လွ်င္ေတာ့ ေအာ္ဒေရးဟာ ဒီရဲေတြကိုလွည့္ၾကည့္မွာေတာင္မဟုတ္။ အဘယ္ေၾကာင့္ဆိုေသာ္ ေအာ္ဒေရးတစ္ေယာက္ ရဲသားမ်ားႏွင့္ ကြိုင္တက္ခဲ့ဖူးတာေၾကာင့္ပင္။ ထိုျပႆနာေၾကာင့္ ေအာ္ဒေရးဟာ စုံေထာက္ရာထူးျပဳတ္ခါနီးျဖစ္သြားသလို၊ အဲ့ဒီ့ရဲဌာနလည္း ပိတ္ရမလိုေတာင္ျဖစ္ခဲ့သည္။
အဲ့ဒီ့အခ်ိန္မွစ၍ ေအာ္ဒေရးဟာ ရဲေတြႏွင့္ လိုတာထက္စကားပိုမေျပာေတာ့ပါေခ်။

ေအာ္ဒေရး ကားေပၚကေနဆင္းလိုက္သည္။ သူကားထဲကထြက္လာသည္ႏွင့္ သူ႕အေရွ႕ရွိကားထဲကေန ပုကြကြလူတစ္ေယာက္ႏွင့္အၾကည့္ခ်င္းဆုံသြားသည္။ ေအာ္ဒေရးတစ္ေယာက္ တံခါးကိုေဆာင့္ပိတ္လိုက္ကာ ထိုလူ႕ကိုေက်ာ္ၿပီးသြားမလို႔လုပ္သည္။
"ေဝါင္း...ႀကီးျမတ္တဲ့စုံေထာက္ႀကီးက က်ဳပ္လိုရဲအရာရွိေလးကို အဖတ္ေတာင္မလုပ္ခ်င္ေတာ့ဘူးထင္တယ္။"

ထိုလူ၏ရိသဲ့သဲ့စကားေၾကာင့္ ေအာ္ဒေရးေျခလွမ္းမ်ားရပ္သြားကာ ေနာက္လွည့္မၾကည့္ပဲႏွင့္ ခပ္မာမာေျပာလိုက္သည္။
"အမွန္ပဲ။ အထူးသျဖင့္ ခင္ဗ်ားလို လာဘ္စားတတ္တဲ့သူမ်ိဳးဆိုရင္ေပါ့။"
ထိုသို႔အနိုင္ပိုင္းကာ ေအာ္ဒေရးသည္ သူ႕လက္ေထာက္ႏွစ္ေယာက္ႏွင့္အတူ အေဆာက္အအုံေပၚကိုတက္လာခဲ့လိုက္သည္။ လွည့္မၾကည့္လိုက္ေသာ္ျငား အဲ့လူရႉးရႉးရွဲရွဲျဖစ္ကာ က်န္ခဲ့မည္ကို အတပ္သိေနပါသည္။

ထိုလူဟာ အသက္၅၀ရွိၿပီး ရဲအရာရွိတစ္ေယာက္ျဖစ္သည့္အျပင္ ေအာ္ဒေရးၾကည့္မရသည့္ ရဲဌာမွလူေတြအနက္မွ တစ္ေယာက္အပါအဝင္ျဖစ္သည္။  အရင္ကျဖစ္ပ်က္ခဲ့တဲ့ပရိပကၡထဲ၌ ထိုလူလည္းပါဝင္ခဲ့သည္။

ေအာ္ဒေရးႏွင့္ သူ႕လက္ေထာက္ႏွစ္ေယာက္ဟာ အေဆာက္အအုံအတြင္းရွိ ေလွကားကေန အေပၚဆုံးအထပ္ဆီကို တက္လာခဲ့ၾကသည္။ အခန္းတံခါးအနားေရာက္သည္ႏွင့္ ေယာက်္ားတစ္ေယာက္၏ငိုေႂကြးသံကို ၾကားလိုက္ရသည္ျဖစ္၍ ေအာ္ဒေရးမ်က္ေမွာင္ၾကဳတ္ကာ တံခါးကိုတြန္းဖြင့္ၾကည့္မိေလရာ သူ႕ကိုေနာက္ေက်ာေပးထားေသာ ေယာက်္ားတစ္ေယာက္၏ တသိမ့္သိမ့္တုန္ေနေသာေက်ာျပင္တစ္ခုႏွင့္အတူ ထိုေက်ာျပင္ႏွင့္ကြယ္ေနတာေၾကာင့္ ၾကမ္းျပင္ေပၚတြင္လဲေလ်ာင္းေနပုံရသည့္ မိန္းကေလးတစ္ေယာက္၏ေျခေထာက္မ်ားကိုသာ ျမင္လိုက္ရသည္။

ၾကည့္ရတာ ထိုမိန္းကေလးက ေသဆုံးသူျဖစ္ေပလိမ့္မည္။

ေအာ္ဒေရးဟာ ေျခလွမ္းမွန္မွန္ျဖင့္ ထိုေယာက်္ားဆီကို ေလွ်ာက္သြားလိုက္သည္။ နီးကပ္လာသည္ႏွင့္ ထိုေသဆုံးသူမိန္းကေလး၏ပုံပန္းသ႑ာန္ကို ရွင္းရွင္းလင္းလင္းျမင္လာရေလျဖစ္သည္။ ထိုမိန္းကေလး၏မ်က္လုံးအစုံမွာ မ်က္တြင္းထဲမွေငါထြက္မတတ္ပင္၊ ျပဴးက်ယ္လ်က္ရွိၿပီး ပါးစပ္ေပါက္မွာလဲ အာေခါင္ကိုျမင္ေနရသည္အထိ ပြင့္အာလ်က္ပင္။

ထိုအျခင္းအရာမ်ားေၾကာင့္ သူမသည္ အသတ္ခံရခါနီးတြင္ ထိတ္လန့္စရာတစ္ခုခုႀကဳံလိုက္ရတာေၾကာင့္ ျဖစ္မည္ဟု ေကာက္ခ်က္ခ်မိသည္။

ထိုမိန္းကေလး၏လည္ပင္းတြင္ေတာ့ ခရမ္းေရာင္သမ္းေနေသာ လက္ရာႀကီးႏွင့္အတူ ကန့္လန့္အေနအထားျဖင့္ ျပတ္ရွရာတစ္ခုရွိေနသည့္အျပင္ သူမ၏လည္တိုင္ႏွင့္ အခန္း၏ၾကမ္းျပင္ထက္တြင္ ေျခာက္ကပ္ေနေသာေသြးစေသြးနမ်ားႏွင့္ ေသြးကြက္မ်ားျပန့္က်ဲေနသည္ျဖစ္ရာ ထိုမိန္းကေလးေသဆုံးတာ နာရီေတာ္ေတာ္မ်ားမ်ားၾကာေနၿပီျဖစ္မွန္း ခန့္မွန္းသိလိုက္သည္။

"ကိုႀကီးမသြားခဲ့သင့္ဘူး...ကိုႀကီးသာ..မသြားခဲ့ရင္..ညီမေလး...ညီမေလးဒီလိုအျဖစ္ဆိုးနဲ႕ ႀကဳံရမွာမဟုတ္ဘူး...အားးး!!!"

ထိုအသံက ေအာ္ဒေရး၏အေတြးကြန္ရက္ကို ႏွောင့္ယွက္လိုက္သည္။ ေအာ္ဒေရးၾကည့္မိေတာ့ ေသဆုံးသူ၏အစ္ကိုျဖစ္သူဟာ ထိုအေလာင္းေဘးတြင္ ဒူးေထာက္လ်က္ရွိၿပီး ရင္ဘတ္ကိုလက္သီးဆုပ္ျဖင့္ အဆက္မျပတ္ထုရိုက္ေနသည့္အျပင္ အလြန္အက်ဴးငိုေႂကြးထားတာေၾကာင့္ မ်က္လုံးမ်ားမွာ နီရဲေဖာင္းမို႔ေနကာ မ်က္ႏွာတစ္ခုလုံး မ်က္ရည္မ်ားႏွင့္ ႏွပ္ရည္တို႔ျဖင့္ ေပေရေနတာေၾကာင့္ ေအာ္ဒေရးႏွာေခါင္းရႈံ႕မိသည္။ မသိစိတ္အရပင္ ေျခတစ္လွမ္းအေနာက္ဆုတ္ကာ အၾကည့္လႊဲဲလိုက္သည္။

အေၾကာင္းကေတာ့ ေအာ္ဒေရးဟာ အသန့္ႀကိဳက္သူျဖစ္တာေၾကာင့္ပင္။ သူကိုယ္တိုင္ကလည္း သန့္ရွင္းေအာင္ေနတတ္ၿပီး သူမ်ားေတြညစ္ပတ္တာျမင္ရင္လဲ စိတ္ထဲကေနအလိုလိုကို႐ြံရွာ၍ ညစ္ပတ္တဲ့သူေတြႏွင့္ ေဝးေဝးေရွာင္သည္။ သို႔ေသာ္ သူ၏အသန့္ႀကိဳက္ေရာဂါဟာ အေလာင္းေတြကိုျမင္ေတြ႕၊ ထိေတြ႕ရာတြင္ေတာ့ ေပၚထြက္မလာပါေခ်။

အခုလည္း လီယန္၏ပုံစံေၾကာင့္ ေအာ္ဒေရးတစ္ေယာက္ အန္မိမတတ္ပင္။

သို႔ေသာ္ သူဒါကိုရင္ဆိုင္မွရေပလိမ့္မည္။ အမႈမွန္ကို ေဖာ္ထုတ္ဖို႔ရန္အတြက္ တရားခံႏွင့္ပတ္သတ္ၿပီး သဲလြန္စေသးေသးေလးပဲျဖစ္ျဖစ္ သိရဖို႔ရာ ဒီလူ႕ကို အစ္ေအာက္ေမးၾကည့္မွရေပလိမ့္္မည္။

"အဟမ္း...ကိုယ္က စုံေထာက္ေအာ္ဒေရးပါ။ မင္းက ကိုယ္တို႔ဌာနဆီကို ဖုန္းဆက္အေၾကာင္းၾကားတဲ့တစ္ေယာက္ျဖစ္မယ္ထင္တယ္။"

ေအာ္ဒေရးတစ္ေယာက္ စိတ္ကိုတင္းကာ လီယန္ဆိုသူကို တည့္တည့္စိုက္ၾကည့္ကာ ေျပာလိုက္သည္။ လီယန္ဟာ မ်က္ရည္လည္႐ႊဲျဖင့္ ေအာ္ဒေရးကိုေမာ့ၾကည့္လာၿပီး စိတ္ဓာတ္က်စြာေျပာလာသည္။

"ကြၽန္ေတာ့္ညီမေလးကို သတ္သြားတဲ့တရားခံကို ရေအာင္ဖမ္းေပးပါ။ စုံေထာက္ႀကီး!"
လီယန္ဟာေျပာေနရင္းျဖင့္ သူ႕မ်က္ရည္ႏွင့္ႏွပ္ရည္ေတြကို သူဝတ္ထားေသာအက်ီျဖင့္ဆြဲသုတ္လိုက္တာကို ေအာ္ဒေရးျမင္လိုက္ရသည္။ ထို႔ေနာက္ သူဟာ ႐ုတ္တရက္ပင္ မတ္တပ္ထရပ္လာကာ ေအာ္ဒေရးလက္ကို သူ႕လက္ႏွစ္ဖက္ျဖင့္ဆြဲကိုင္ရင္း ေဆာက္တည္ရာမရေျပာလာခဲ့သည္။

"ညီမေလး..ကြၽန္ေတာ့္ညီမေလးက ငယ္ငယ္ေလးပဲရွိေသးတာ...ဘာလို႔မ်ားဒီလိုမ်ိဳးျဖစ္ရတာလဲ....မသိေတာ့ဘူး..."

ေအာ္ဒေရးဟာ သူ႕လက္ကိုကိုင္ထားေသာ လီယန္၏လက္ႏွစ္ဖက္ကို မသိမသာ႐ုန္းလိုက္ရင္း ယုံၾကည္မႈရွိရွိေျပာလာသည္။

"စိတ္မပူပါနဲ႕။ တရားခံကိုေသခ်ာေပါက္ဖမ္းေပးမွာပါ။ ဒါေပမယ့္ မင္းအကူအညီေတာ့လိုလိမ့္မယ္။"

"ကြၽန္ေတာ့္ဆီက?"
လီယန္ဟာ ေၾကကြဲဝမ္းနည္းရိပ္သန္းေနေသာမ်က္လုံးမ်ားျဖင့္ နားမလည္သလိုၾကည့္လာသည္။

ေအာ္ဒေရးေခါင္းၿငိမ့္ျပလိုက္သည္။
"ဟုတ္တယ္။ မင္းအတြက္ခက္ခဲမယ္ဆိုေပမယ့္ ဒီေန႕အျဖစ္အပ်က္အကုန္လုံးကို ကိုယ့္ကိုမင္းေျပာျပမွရလိမ့္မယ္။ အဲ့ဒါမွ တရားခံသဲလြန္စကို ရွာေတြ႕နိုင္မွာေလ.."

လီယန္က ေျဖးညွင္းစြာေခါင္းၿငိမ့္ျပလာၿပီး စတင္ေျပာလာေတာ့သည္။
"....ဒီေန႕ ကြၽန္ေတာ္အလုပ္မွာဂ်ဴတီက်တာမို႔လို႔ အိမ္ကေန အေစာႀကီးထြက္လာခဲ့တယ္။ စိတ္ထဲမွာတစ္ခုခုျဖစ္မယ္လို႔ ခံစားမိတာမို႔ အလုပ္မသြားဖို႔လုပ္ေပမယ့္ ညီမေလးက ကြၽန္ေတာ့္ကို သြားခိုင္းတာေၾကာင့္ ကြၽန္ေတာ္လဲသြားလိုက္ရတာပါ.."

"မင္းညီမမွာ ခ်စ္သူရည္းစားေတြဘာေတြမ်ားရွိလား။"

လီယန္ေခါင္းခါျပလိုက္သည္။
"ဟင့္အင္း၊ ညီမေလးက ကေလးစိတ္ပဲရွိေသးတာ။ ရည္းစားမေျပာနဲ႕ ေယာက်္ားေလးသူငယ္ခ်င္းေတာင္မရွိပါဘူး။"

"ဒါဆို...ဆက္ေျပာပါ။"

လီယန္က ျပတင္းေပါက္ဆီကို ေဆြးေဆြးေျမ့ေျမ့ၾကည့္ရင္း ဆက္ေျပာလာခဲ့သည္။
"ကြၽန္ေတာ္ ညီမေလးကိုတစ္ေယာက္တည္းထားခဲ့ၿပီးေတာ့ အလုပ္လာလိုက္မိတယ္။ အလုပ္မွာဘာလုပ္လုပ္အဆင္မေျပျဖစ္ေနခဲ့တာ။ စိတ္ထဲမွာ ခဲဆြဲထားသလို ေလးလံေနခဲ့တယ္။ လုံးဝအဆင္မေျပေတာ့တာေၾကာင့္ ညေနက်ေတာ့ သူငယ္ခ်င္းတစ္ေယာက္ကို ကြၽန္ေတာ္အကူအညီေတာင္းၿပီးေတာ့ အိမ္ကိုေစာေစာျပန္လာခဲ့တယ္..ကြၽန္ေတာ္တံခါးကိုဖြင့္မလို႔လုပ္ေပမယ့္ တံခါးကအထဲကေန ေလာ့ခ္ခ်ထားတာမို႔ ကြၽန္ေတာ္တံခါးေခါက္ၿပီး ညီမေလးကိုေခၚလိုက္တယ္ 'ညီမေလး၊ ကိုႀကီးျပန္လာၿပီေလ..တံခါးလာဖြင့္ပါဦး'ဆိုၿပီးေတာ့ေပါ့..."

"......."

"ပုံမွန္ဆိုရင္ ကြၽန္ေတာ့္ညီမေလးက သူမလုပ္လက္စကိုပစ္ၿပီး ခ်က္ခ်င္းေျပးလာၿပီးေတာ့ တံခါးလာဖြင့္ေပးတာ၊ ပါးစပ္ကလည္း ကိုႀကီးလို႔ ေခၚရင္းနဲ႕ေပါ့။ အခုေတာ့ ဘာအသံမွလည္းမၾကားရတဲ့အျပင္ အေတာ္ေလးတိတ္ဆိတ္ေနတာေၾကာင့္ ကြၽန္ေတာ္ရင္ထိတ္သြားတယ္။ ေျပာလို႔မရဘူးေလ၊ သူမမၾကားတာျဖစ္မယ္ဆိုၿပီးေတာ့ တံခါးထပ္ေခါက္လိုက္ေပမယ့္...ဘာတုံ႕ျပန္သံမွျပန္မလာခဲ့ဘူး။..."
လီယန့္အသံက ေျပာေနရင္းျဖင့္ တုန္ယင္လာခဲ့သည္။

"...."

"ကြၽန္ေတာ္စိုးရိမ္သြားတယ္။ သူမတစ္ခုခုမ်ားျဖစ္ေနမလား..ဆိုၿပီးေတာ့...စိုးရိမ္စိတ္ေတြမ်ားၿပီး ေဘာင္းဘီအိတ္ကပ္ထဲက အိမ္ေသာ့ကို တုန္ရင္ေနတဲ့လက္ေတြနဲ႕ ႏွိုက္လိုက္ၿပီး ေသာ့ေပါက္ထဲဝင္ေအာင္ မနည္းထိုးထည့္ၿပီး တံခါးကိုခ်က္ခ်င္းတြန္းဖြင့္လိုက္တယ္..."

"...အဲ့ဒီ့ေနာက္ေရာ?"
ေအာ္ဒေရးဟာ တုန္လႈပ္ေနေသာမ်က္ႏွာေပးျဖင့္ ေျပာလက္စစကားကို ဆက္မေျပာေတာ့ေသာလီယန္ကို ၾကည့္ကာေမးလိုက္သည္။

လီယန္က ဆက္မေျပာလာပဲ တုံ႕ဆိုင္းေနေသးသည္။ တစ္ခဏအၾကာမွ ၾကမ္းျပင္ေပၚရွိလီနာ့အေလာင္းကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ တံခါးမႀကီးအဝကိုၾကည့္ကာ ေျပာလာသည္။
"...ကြၽန္ေတာ္တံခါးကိုတြန္းဖြင့္လိုက္ေပမယ့္..တံခါးကပြင့္မလာခဲ့ဘူး...တံခါးဝမွာ တစ္ခုခုပိတ္ေနတဲ့အတိုင္းပဲ..ကြၽန္ေတာ္ဆက္တိုက္တြန္းေနေပမယ့္ တံခါးကပြင့္မလာခဲ့ဘူး..အဲ့ဒါနဲ႕ ကြၽန္ေတာ္လဲ လက္မေလွ်ာ့ပဲနဲ႕ တံခါးမႀကီးကို အားကုန္သုံးၿပီး ကုန္ပစ္လိုက္ေတာ့မွ တံခါးကဝုန္းခနဲပြင့္လာေပမယ့္....ကြၽန္ေတာ္ျမင္လိုက္ရတာက..."

ေအာ္ဒေရး၏လက္ေထာက္ႏွစ္ေယာက္ဟာ မသိစိတ္အရ တံခါးမႀကီးအဝကိုၾကည့္မိလိုက္ရာ တံခါးမႀကီးတြင္ ေပက်ံေနေသာ ေစးကပ္ကပ္ေသြးကြက္အေျခာက္မ်ားကို ျမင္လိုက္ရတာေၾကာင့္ ႏွစ္ေယာက္သားတစ္ေယာက္ကိုတစ္ေယာက္ၾကည့္မိၾကရင္း တံေတြးမ်ိဳခ်လိဳက္ၾကသည္။

"...ညီမေလးက ၾကမ္းျပင္ေပၚမွာ ေမွာက္လ်က္ႀကီးရွိေနတာ...ကြၽန္ေတာ္အရမ္းလန့္သြားတယ္..ေနာက္ေတာ့အသိဝင္လာၿပီး ညီမေလးဆီကိုေျပးသြားၿပီး ညီမေလးကိုပက္လက္လွန္လိုက္ေတာ့ ျမင္လိုက္ရတဲ့အရာက...ေသြး!"

လီယန္က မ်က္လုံးေတြျပဴးက်ယ္ကာ လက္ႏွစ္ဖက္ျဖင့္ သူ႕ေခါင္းေပၚကဆံပင္ေတြကို ခပ္ၾကမ္းၾကမ္းေဆာင့္ဆြဲေနရင္း ေသြး႐ူးေသြးတန္းေျပာလာသည္။
"ေသြးေတြဗ်!! ညီမေလးရဲ႕လည္ပင္းကေန ေသြးေတြစီးက်ေနတာ..သူမရဲ႕မ်က္လုံးေတြကလည္း ျပဴးက်ယ္ေနတာ....ခင္ဗ်ားတို႔သိလား..ကြၽန္ေတာ္တံခါးဘာလို႔ဖြင့္မရလဲဆိုတာေလ...ဘယ္ရမလဲ..ကြၽန္ေတာ့္ညီမေလးအေလာင္းက တံခါးဝမွာပိတ္ေနတာကိုး...ကြၽန္ေတာ္အားသုံးဖြင့္လိုက္ေတာ့မွ တံခါးပြင့္သြားၿပီး ညီမေလးရဲ႕အေလာင္းကလဲ ေ႐ြ႕သြားတာေပါ့.."

လီယန္ဟာေအာ္ဟစ္ေျပာဆိုေနရင္းျဖင့္ ေအာ္ဒေရး၏အက်ီေကာ္လံစကိုဆြဲကာ ေျပာလာျပန္သည္။
"ခင္ဗ်ားတို႔သိလား..သူမဘယ္ေလာက္ေတာင္ေၾကာက္ေနရွာမလဲ...သူမတစ္ေယာက္တည္းနာက်င္ေနခဲ့ရမွာ...သူမအေဖာ္မဲ့ေနမွာ...အဲ့လိုမျဖစ္ေအာင္ ကြၽန္ေတာ္..ကြၽန္ေတာ္လည္းလိုက္သြားရမယ္..ဟုတ္တယ္.."

႐ုတ္ျခည္းပင္ လီယန္ဟာ ေအာ္ဒေရး၏ခါးၾကားရွိေသနတ္ကို ဆြဲယူဖို႔လုပ္လာတာေၾကာင့္ ေအာ္ဒေရးဟာ လီယန့္ဂုတ္ပိုးကို တံေတာင္ဆစ္ျဖင့္ရိုက္ခ်လိဳက္ရင္း ေဘးနားတြင္ရွိေသာ ရဲသားေတြကိုကိုေျပာလာသည္။
"သူ႕ကို ေဆး႐ုံပို႔ထားလိုက္ပါ။ ၾကည့္ရတာ စိတ္ထိခိုက္လြန္ၿပီးေတာ့ အသိစိတ္လြတ္သြားပုံရတယ္။"

ထိုရဲသားတစ္ခ်ိဳ႕က လီယန့္ကိုသယ္ေဆာင္သြားၿပီးေနာက္
သူ႕လက္ေထာက္ႏွစ္ေယာက္ဟာ ေအာ္ဒေရးကိုၾကည့္ေနၾကသည္။
"ဒီအေဆာက္အအုံမွာ စီစီတီဗီမရွိဘူး..စီနီယာ"
တစ္ေယာက္ကေျပာလာသည္။

ေနာက္တစ္ေယာက္ကဝင္ေျပာလာျပန္သည္။
"ဒါေပမယ့္ ဒီအေဆာက္အအုံရဲ႕ထူးျခားခ်က္က တံခါးေတြကို ေသာ့ရွိမွဖြင့္လို႔ရတယ္ဆိုတာပဲ။"

"ေသဆုံးသူက လူသတ္သမားကို တံခါးဖြင့္ေပးလိုက္တာမ်ားလားး။"

"မျဖစ္နိုင္တာ။ တံခါးနားမွာ ႐ုန့္ရင္းဆန္ခတ္ျဖစ္တာမ်ိဳးမရွိဘူးေလ။ ၿပီးေတာ့ အခုနကတစ္ေယာက္ေျပာသြားတာကိုမွတ္မိတယ္မလား၊ ေသဆုံးသူက တံခါးကိုအထဲကေနေလာ့ခ္ခ်ထားတယ္တဲ့ေလ။"

"အဲ့ဒါဆိုရင္ တရားခံက ဘယ္လိုဝင္လာတာလဲ။ ၿပီးေတာ့ ဘယ္လိုထြက္သြားတာလဲ.."

"ျပတင္းေပါက္ကလဲမျဖစ္နိုင္ပါဘူး။ ၾကည့္ၾကည့္ေလ၊ အကုန္လုံးအေကာင္းအတိုင္းပဲ။ ၿပီးေတာ့ ဝရံတာလဲရွိတာလဲမဟုတ္ဘူး။ ခုန္ခ်လိဳက္တာနဲ႕ပြဲခ်င္းၿပီးပဲ။"
အမွန္ပင္၊ ၇ထပ်ဆိုသည့်အမြင့်က သိပ္မျမင့္ေသာ္ျငား ေအာက္ဖက္တြင္ ေက်ာက္တုံး၊ ေက်ာက္ခဲမ်ားသာရွိသည့္အတြက္ ျပဳတ္က်လာမည္ဆိုပါက အသက္ကိုျပန္ရနိုင္မည္မဟုတ္ပါ။

"မဟုတ္မွလြဲေရာ..."
တစ္ေယာက္က မ်က္လုံးမ်ားေမွးက်ဥ္းကာေျပာလာတာေၾကာင့္ ေနာက္တစ္ေယာက္က အလ်င္စလိုေမးလိုက္သည္။
"ဘာလဲ..ဘာလဲ.."

"ငါေျပာခ်င္တာက တရားခံက သရဲျဖစ္ရင္ျဖစ္၊ မဟုတ္ရင္ ကိုယ္ေပ်ာက္လူသားမ်ားျဖစ္ေနမလားလို႔ေလ.."

ထိုစကားေၾကာင့္ ေကာင္ေလးဟာ နရင္းပိတ္အုပ္ခံလိုက္ရသည္။
"မဟုတ္တာေတြေျပာမေနနဲ႕၊ ငါကေတာ့ ေသမင္းလို႔ပဲထင္တယ္...အခ်ိန္တန္လို႔ လာေခၚသြားတာျဖစ္မယ္...အသာတၾကည္ေခၚတုန္းက မလိုက္လို႔ဆိုၿပီး သတ္ပစ္လိုက္တာေနမွာ.."
ထို႔ေနာက္ ႏွစ္ေယာက္သားျငင္းဆန္ရင္း သတ္ပုတ္ၾကေတာ့သည္။

ေအာ္ဒေရးဟာ သူ႕လက္ေထာက္ႏွစ္ေယာက္ကိုၾကည့္ၿပီး သက္ျပင္းအသာခ်မိကာ ဖုန္းထုတ္ၾကည့္လိုက္သည္။(စီနီယာ..ရိုလန္တိုင္ဒါက အိမ္မွာပဲရွိေနပါတယ္။ ၿပီးေတာ့ စီနီယာလုပ္ခိုင္းတဲ့အတိုင္း သူ႕တစ္အိမ္လုံးေနရာအႏွံ႕မွာ လ်ိဳ႕ဝွက္စီစီတီဗီကင္မရာေတြ တပ္ထားခဲ့ပါတယ္။ စီနီယာ့ဖုန္းနဲ႕လည္း တစ္ခါတည္းခ်ိတ္ဆက္ၿပီးျဖစ္တာမို႔ စီနီယာၾကည့္ခ်င္တဲ့အခ်ိန္ၾကည့္လို႔ရပါတယ္)
ထိုမက္ေဆ့ခ်္ကိုဖတ္ၿပီးေနာက္ ေအာ္ဒေရးဟာ ေက်နပ္စြာၿပဳံးလိုက္မိေလသည္။

........

ေအာ္ဒေရးတို႔ေတြ ထိုအေလာင္းႏွင့္အလုပ္ရႈပ္ေနၿပီးေနာက္ အသီးသီးဌာနသို႔ျပန္သြားခၾကသည္။ ည၉နာရီေလာက္ျဖစ္မည္ထင္၏။ လူသူရွင္းလင္းေသာ အေဝးေျပးလမ္း၏ေဘးဖက္တစ္ေနရာရွိ ဓာတ္ဆီဆိုင္တစ္ဆိုင္တြင္ လူႏွစ္ေယာက္ရွိေနသည္။ ၾကည့္ရတာ ဝန္ထမ္းမ်ားျဖစ္ပုံရသည္။

"ခ်ာလီ...ငါအိမ္သာတက္ခ်င္လို႔ကြာ..မင္းဒီမွာေနခဲ့လို႔ရတယ္မလား။"
ခပ္ထြားထြားလူတစ္ေယာက္က ခ်ာလီအမည္ရွိခပ္ပိန္ပိန္တစ္ေယာက္ကိုေျပာလာသည္။ ခ်ာလီက ႏႈတ္ခမ္းတြန့္ကာ ေျပာလိုက္သည္။
"ေအး..သြားကြာ..ငါအဆင္ေျပတယ္။"

ထို႔ေနာက္ ထိုလူဟာ ထိုဓာတ္ဆီဆိုင္၏အေနာက္ဖက္ရွိ အိမ္သာထဲကို ဝင္သြားေတာ့သည္။ ခ်ာလီတစ္ေယာက္ သီခ်င္းေလးညည္းရင္း ဒူးေလးနန့္ကာ အေဝးေျပးလမ္းမႀကီးကို စိုက္ၾကည့္ေနသည္။

႐ုတ္တရက္ပင္၊ သူ႕ညာဘက္မ်က္လုံးေထာင့္ကေန အရိပ္မည္းတစ္ခုကိုျမင္လိုက္ရတာေၾကာင့္ ေခါင္းပါလွည့္ၾကည့္မိေတာ့ လူတစ္ေယာက္ပုံရိပ္ကိုျမင္လိုက္ရသည္။ ခ်ာလီဟာ ထိုလူရိပ္ကို ေသခ်ာၾကည့္ေနမိသည္။ သူႏွင့္ပို၍နီးကပ္လာသည္ႏွင့္ ထိုလူရိပ္မည္းမည္းဟာ သူ႕ဆီေလွ်ာက္လာေနတာကို အနည္းငယ္ရွင္းရွင္းလင္းလင္းျမင္လိုက္ရကာ ထိုလူ႕လက္ထဲမွ ေတာက္ပေနေသာေငြေရာင္ဓားတိုေလးကို ေတြ႕လိုက္တာေၾကာင့္ ခ်ာလီၾကက္ေသေသသြားသည္။ မ်က္စိမွားသည္ဟုထင္လိုက္ကာ မ်က္လုံးကိုပြတ္ၿပီးေသခ်ာၾကည့္မိေတာ့ သူျမင္တာမွန္မွန္းသိလိုက္ရသည္။

ခ်ာလီေနာက္လွည့္ကာ ျမန္ျမန္ေျပးလိုက္သည္။ အေနာက္ကိုလွည့္မၾကည့္ေတာ့ပဲႏွင့္ ကာေလရွိရာအိမ္သာဆီ တဟုန္ထိုးေျပးရင္းျဖင့္ ပါးစပ္ကလဲေအာ္ေခၚမိသည္။
"ကာေလ! ကာေလ!"

သို႔ေသာ္ ကာေလမွာ အိမ္သာထဲတြင္စိမ္ေျပနေျပထိုင္ေနသည့္အျပင္ နားၾကပ္တပ္ကာ သီခ်င္းအက်ယ္ႀကီးဖြင့္ထားတာေၾကာင့္ ခ်ာလီ့အသံကိုမၾကား။

ခ်ာလီတစ္ေယာက္ အိမ္သာနားေရာက္ခါနီးတြင္ အားတက္သြားကာ အိမ္သာတံခါးကိုေခါက္မည္အျပဳ၊ သူ၏ေျခေထာက္မ်ားဟာ အေနာက္ကိုျပန္ဆြဲခံလိုက္ရေတာ့သည္။

.
.
.
.
.
.
.

"အား! လႊတ္ေပးပါ! အားးးး!!!!"
ထိုအသံထြက္ေပၚလာအၿပီးတြင္ေတာ့ ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္သြားရျပန္သည္။
.
.
.
.
အခ်ိန္အေတာ္ၾကာၿပီးေနာက္တြင္ ကာေလတစ္ေယာက္အိမ္သာထဲမွထြက္လာခ်ိန္၌ ေျမႀကီးေပၚတြင္ ပုံပ်က္ပန္းပ်က္ေသဆုံးေနေသာ ခ်ာလီ၏အေလာင္းကိုသာ ေတြ႕လိုက္ရေတာ့သည္။

ထို႔ေနာက္ ေအာ္ဒေရးတို႔သည္ ဤအမႈကိုလိုက္ရျပန္သည္။ ကံေကာင္းတာက ဓာတ္ဆီဆိုင္တြင္စီစိတီဗီရွိၿပီး ကံမေကာင္းတာကေတာ့ တရားခံ၏မ်က္ႏွာကိုမျမင္ရတာပင္။ တရားခံဟာ အရင္အမႈေတြထဲကႏွင့္တစ္ေယာက္တည္းဆိုတာကိုေတာ့ ေအာ္ဒေရးသိေနပါသည္။

-------------

တစ္ရက္ၾကာၿပီးေနာက္တြင္ လူသတ္မႈႏွစ္ခုျဖစ္ပြားခဲ့ျပန္သည္။ တစ္ေယာက္ကေတာ့ ေဒစီဟုေခၚေသာ သတ္လတ္ပိုင္းအ႐ြယ္မိန္းမတစ္ေယာက္ျဖစ္ၿပီး ပန္းၿခံတစ္ခုတြင္ လည္ပင္းျပတ္လ်က္ေသဆုံးေနခဲ့တာျဖစ္သည္။

ေနာက္တစ္ေယာက္ကေတာ့ ကားလ္ဟုေခၚေသာ အထက္တန္းေက်ာင္းသားတစ္ေယာက္ျဖစ္ကာ စာၾကည့္တိုက္အတြင္း လည္ပင္းျပတ္ရွရာျဖင့္ ေသဆုံးလ်က္။

ေအာ္ဒေရးဟာ လူသတ္မႈေတြျဖင့္ အလုပ္ေတာ္ေတာ္ရႈပ္ေနသည့္အျပင္ တရားခံကိုပါမဖမ္းမိေလရာ မိုးထိမတတ္ေဒါသေပါက္ကြဲေနမိသည္။ သူ႕စိတ္ထဲတြင္ ရိုလန္တိုင္ဒါကို ဤအမႈမ်ား၏ လူသတ္တရားခံဟုယူဆထားေပမယ့္ ဖမ္းဝရမ္းထုတ္ဖို႔ရာသက္ေသလည္းမရွိ။ သူ႕အိမ္တြင္ တပ္ထားေသာစီစီတီဗီကေနလည္း မည္သည့္သက္ေသအေထာက္အထားမွမရလာတာေၾကာင့္ ေအာ္ဒေရးစိတ္တိုရသည္။ ေနာက္ဆုံးတြင္ေတာ့ စီဗယ္ကိုသာ ဖုန္းဆက္ရေတာ့သည္။

............

ရိုလန္တစ္ေယာက္ အတန္းတက္ဖို႔ အက်ီလဲေနသည္။ အခုဆိုရင္ သူႏွင့္ဒန္နီဟာ ပို၍ရင္းႏွီးလာၿပီျဖစ္သည္။ ဒန္နီႏွင့္ ေန႕တိုင္းဖုန္းေျပာျဖစ္သလို Video callလဲေျပာျဖစ္ၾကသည္။ တစ္ခါတစ္ေလက်ရင္ အျပင္ထြက္ၿပီးဒိတ္လုပ္ျဖစ္၏။

ကိုယ္လုံးၾကည့္မွန္၏ေဘးတြင္ လ်ိဳ႕ဝွက္တပ္ဆင္ထားေသာ စီစီတီဗီကို မသိမသာၾကည့္လိုက္ၿပီးေနာက္ စိတ္ထဲကေနေတြးလိုက္သည္။
'အခုဆို လူ၇ေယာက္သတ္ၿပီးသြားၿပီ၊'

အေၾကာင္းကေတာ့ ခ်ာလီဆိုသည့္လူေသသြားသည့္ညတြင္ အမည္မသိေဘာ့စ္ဟာ လူသုံးေယာက္သတ္ရန္ mailပို႔လာခဲ့သည္။ ထိုသုံးေယာက္ထဲမွ ႏွစ္ေယာက္ကိုသတ္ၿပီးသြားၿပီျဖစ္ရာ တစ္ေယာက္သတ္ဖို႔ပဲက်န္ေတာ့သည္။ ထိုတစ္ေယာက္ကိုသတ္ၿပီးသည္ႏွင့္ ၉ေယာက္ျပည့္ဖို႔ရန္ လူတစ္ေယာက္သာက်န္ေတာ့သည္။

'ဇာတ္လိုက္ေတာ့ ေခါင္းေျခာက္ေနေလာက္ၿပီ...ဟက္'

[ဟဟ၊ သူက မင္းကိုဖမ္းခ်င္ေနတာေလ။ ဒါေပမယ့္ သက္ေသကလဲမရွိေတာ့ မင္းကိုသတ္ပစ္ခ်င္ေနေလာက္ၿပီ။]

အရိုးေခါင္းစကားေၾကာင့္ ရိုလန္ႏႈတ္ခမ္းမသိမသာေကြးသြားသည္။
'ဆက္ႀကိဳးစားလိုက္ပါအုံး..ေအာ္ဒေရး'

ထို႔ေနာက္တြင္ ေက်ာင္းသားတို႔၏လုပ္ငန္းစဥ္အတိုင္း အတန္းထဲတြင္အိပ္ငိုက္ျခင္းျဖင့္ ျဖတ္သန္းရျပန္သည္။

---------

ညသန္းေခါင္ယံအခ်ိန္တြင္ ေသာမတ္တစ္ေယာက္ ထူးထူးဆန္းဆန္းတစ္ေရးနိုးလာကာ အိပ္ရာေဘးကို လက္ႏွင့္စမ္းၾကည့္မိေတာ့ ေအးစက္စက္အိပ္ရာခင္းကိုသာစမ္းမိတာေၾကာင့္ ေသာမတ္မ်က္လုံးမ်ားပြင့္လာရသည္။

ရစ္ခ်က္ဟာ ကုတင္ေပၚတြင္ရွိမေန။

ေသာမတ္အလုံးစုံနိုးသြားကာ ကုတင္ေပၚထထိုင္လိုက္သည္။ အခန္းထဲတြင္လည္း ရစ္ခ်က္ရွိမေနပါ။ ဒါေၾကာင့္ ၿခဳံထားသည့္ေစာင္ကိုဖယ္လိုက္ေတာ့ ႂကြက္သားသိပ္မရွိေသာ ခႏၶာကိုယ္အေပၚပိုင္းႏွင့္  ပိန္သြယ္သြယ္ေပါင္တံမ်ားေပၚလာရသည္။ အေၾကာင္းကေတာ့ ေသာမတ္ဟာ ညအိပ္ခ်ိန္တြင္ သူဝတ္ထားေသာ အက်ီႏွင့္ေဘာင္းဘီမ်ားကို သူ႕အလိုလိုခြၽတ္တတ္တာေၾကာင့္ ေသာမတ္တစ္ေယာက္ ညဘက္တြင္ boxerတစ္ထည္သာဝတ္ၿပီး အိပ္လာသည္မွာ အေတာ္အတန္ၾကာၿပီျဖစ္သည္။

ေသာမတ္တစ္ေယာက္ ကုတင္ေပၚကထလာကာ အခန္းထဲကထြက္လာလိုက္သည္။ ရစ္ခ်က္၏အရိပ္အေယာင္ကို လုံးဝမေတြ႕ရ။

ေသာမတ္စိတ္ရႈပ္ေထြးလာသည္။
'ဟိုေကာင္ဘယ္ေရာက္ေနတာလဲ??!'

ေသာမတ္အိမ္သာအခန္းတံခါးဖြင့္ၾကည့္လိုက္သည္။

မရွိ!

ေရခ်ိဳးခန္းတံခါးဖြင့္ၾကည့္သည္။

မရွိ!

မီးဖိုေခ်ာင္ထဲသြားၾကည့္သည္။

မရွိ!

ဘယ္ေနရာကိုပဲသြားရွာၾကည့္ၾကည့္...

မရွိ! မရွိ! မရွိ!

ေသာမတ္သည္ ရစ္ခ်က္ကိုစိတ္ပူလာရသည္။ ဒါေၾကာင့္ အျပင္ထြက္ရွာဖို႔စိတ္ကူးမိလိုက္ကာ အဝတ္အစားဝတ္ဖို႔အတြက္ သူ႕အခန္းထဲျပန္လာခဲ့သည္။

ေမွာင္မည္းေနတာေၾကာင့္ ေသာမတ္တစ္ေယာက္မီးခလုတ္ဖြင့္ကာ ဗီရိုကိုဖြင့္ဖို႔ရန္ အေနာက္ကိုလွည့္လိုက္သည္ႏွင့္ ျမင္လိုက္ရသည့္မ်က္ႏွာေၾကာင့္ ထိတ္လန့္သြားကာ ေအာ္ဆဲမိသည္။
"ဖာခ့္!! ခ်ီးပဲ...လန့္လိုက္တာကြာ.."

ေသာမတ္ဟာ ရင္ဘတ္ကိုအသာဖိထားရင္းျဖင့္ သူ႕ေရွ႕တြင္ရပ္ေနေသာ ရစ္ခ်က္ကိုၾကည့္ကာ ေမးလိုက္သည္။
"ေဟ့ေကာင္ရစ္ခ်က္? မင္းဒီအခ်ိန္ႀကီးဘာထလုပ္တာလဲ၊ ငါတစ္ေရးနိုးလာေတာ့ မင္းကိုမေတြ႕ေတာ့ တစ္အိမ္လုံးမွာလိုက္ရွာခဲ့တာ။ ဒါေပမယ့္မင္းကိုငါလုံးဝရွာမေတြ႕ေတာ့ အျပင္ထြက္ၿပီးလိုက္ရွာမလို႔လုပ္...."

ေသာမတ္ဆက္တိုက္ေျပာေနစဥ္မွာ ရစ္ခ်က္ကေတာ့ သူေျပာေနတဲ့စကားေတြကိုမၾကားသလိုပင္၊ အိပ္ရာဆီကိုေလွ်ာက္သြားတာေၾကာင့္ ေသာမတ္စိတ္တိုလာကာ ရစ္ခ်က္လက္ကိုဆြဲလိုက္မိသည္။ ထိုအခါ ရစ္ခ်က္သည္ သူ႕ကိုတစ္ခ်က္လွည့္ၾကည့္လာရာ ေသာမတ္တစ္ေယာက္ထိတ္လန့္သြားကာ လက္ကိုလႊတ္လိုက္မိရာမွ ရစ္ခ်က္တစ္ေယာက္ ကုတင္ေပၚတက္အိပ္သြားေတာ့သည္။

ေသာမတ္သည္ သူျမင္လိုက္ရေသာရစ္ခ်က္၏မ်က္လုံးထဲမွ သူစိမ္းဆန္ျခင္းႏွင့္ ရက္စက္ေသြးဆာေနမႈမ်ားကို ျမင္လိုက္ရတာေၾကာင့္ အံ့ၾသထိတ္လန့္သြားကာ လက္ကိုလႊတ္ေပးလိုက္မိတာပင္။

ရစ္ခ်က္က?...

သူရစ္ခ်က္ကို ဒီလိုပုံစံႏွင့္တစ္ခါမွမျမင္ဖူးေပ။ ရစ္ခ်က္ဟာ သူ႕ကို ဒီလိုမ်က္လုံးမ်ားျဖင့္မၾကည့္ဖူးေပ။ တကယ္ပဲ....

ထိုအခ်ိန္၌ အိပ္ေပ်ာ္ေနၿပီျဖစ္ေသာ ရစ္ခ်က္ကိုတစ္ခ်က္ၾကည့္လိုက္ရင္းျဖင့္ ေသာမတ္တစ္စုံတစ္ခုကိုေတြးမိလိုက္သည္။


မနက္ခင္းေနျမင့္မွသာ ေသာမတ္အိပ္ရာကနိုးလာသည္။ လိုက္ကာမ်ားဖြင့္ထားတာေၾကာင့္ အခန္းတစ္ခုလုံးလင္းထိန္ေနေလရာ ေသာမတ္မ်က္လုံးမ်ားေနေရာင္စူးသြားသည္။

ထို႔ေနာက္ အခန္းျပင္ထြက္လာခဲ့ေတာ့ မီးဖိုေခ်ာင္တြင္ထိုင္ေနေသာ ရစ္ခ်က္ကိုျမင္လိုက္ရသည္။
"ေခြးေကာင္၊ ဘာလိုငါ့ကိုမႏွိုးတာလဲ။"

"ေအာ..မင္းၾကည့္ရတာတစ္သက္လုံးမအိပ္ရေသးတဲ့ပုံေပၚေနလို႔ေလ.."
ရစ္ခ်က္က ေပါင္မုန့္စားေနရင္းျဖင့္ ခပ္ရႈရႈေျပာလာသည္။

ေသာမတ္မ်က္ျဖဴလွန္လိုက္သည္။ ထို႔ေနာက္ တစ္စုံတစ္ခုကိုသတိရသြားကာ ေမးလိုက္သည္။
"မင္းညက အိပ္ရာကထသြားေသးလား။"

ရစ္ခ်က္က ေမာ့ၾကည့္လာသည္။
"ဟင့္အင္း...ဘာလို႔လဲ"

ေသာမတ္ေခါင္းခါျပလိုက္သည္။
"ဘာမွမဟုတ္ပါဘူး။ ဒီအတိုင္းေမးၾကည့္တာ။"
ေသာမတ္ဟာ ရစ္ခ်က္ကိုအကဲခတ္လိုက္သည္။ ရစ္ခ်က္ဟာ ညကပုံစံႏွင့္လားလားမွမတူပါေခ်။

ေသာမတ္က ရစ္ခ်က္ဖုန္းကိုဆြဲယူကာ social mediaကိုဖြင့္ၾကည့္သည္။

"မင္းမ်က္ႏွာအရင္သစ္သင့္တယ္မဟုတ္ဘူးလား။"
ရစ္ခ်က္ကႏွာေခါင္းရႈံ႕ကာေျပာလာတာေၾကာင့္ ေသာမတ္တစ္ေယာက္ သတင္းေတြကိုၾကည့္ေနရင္းျဖင့္ ျပန္ေျဖလိုက္သည္။
"မင္းကိစၥသာမင္းလုပ္စမ္းပါ။"

ရစ္ခ်က္စိတ္တိုသြားကာ အဲ့ဒီ့boxerတစ္ထည္ႏွင့္အရွက္မရွိတဲ့ေကာင္ကို မ်က္ေစာင္းထိုးၿပီးေနာက္ သူ႕ေပါင္မုန႔္သူဆက္စားေနလိုက္ေတာ့သည္။

ေသာမတ္၏မ်က္လုံးမ်ားဟာ သတင္းတစ္ခုတြင္ ရပ္တန့္သြားရသည္။
(မေန႕ညသန္းေခါင္ယံေလာက္မွာ ေပ်ာက္ဆုံးသြားတဲ့ ကေလးေလးတစ္ေယာက္ကို ျမစ္ထဲတြင္ေရနစ္ေသဆုံးလ်က္ေတြ႕ရွိ။)

ေသာမတ္မ်က္ေမွာင္ၾကဳတ္မိသည္။ သန္းေခါင္ယံ? မေန႕ည?
သူရစ္ခ်က္ကိုၾကည့္လိုက္သည္။
'ထူးဆန္းတယ္...တစ္ခုခုေတာ့တစ္ခုခုပဲ'

မေန႕ညက ရစ္ခ်က္၏ပုံစံႏွင့္ ယခုလတ္တေလာျဖစ္ပြားခဲ့သည့္ လူသတ္မႈေတြကိုေတြးမိကာ အနည္းငယ္ဆက္စပ္မိသြားသည္။

ေသခ်ာသည္၊ မေန႕ညက သူျမင္လိုက္ရတာက ရစ္ခ်က္မဟုတ္ပဲ တစ္ျခားတစ္စုံတစ္ခုသာျဖစ္ေပလိမ့္မည္။
ရစ္ခ်က္ရဲ႕စိတ္ခြဲေတာ့မဟုတ္တန္ရာ။ ရစ္ခ်က္တြင္ ထိုေရာဂါမရွိတာေသခ်ာသည္။ ျဖစ္နိုင္တာက......ေသာမတ္ ရစ္ခ်က္ကို စူးစမ္းၾကည့္ေနရင္းျဖင့္...
'ရစ္ခ်က္ကိုယ္ထဲမွာ..တစ္ခုခုဝင္ပူးေနတာျဖစ္လိမ့္မယ္..'

--------

ရိုလန္ဟာ အမည္မသိbossထံမွ သူေနာက္ဆုံးသတ္ရမည့္targetအေၾကာင္း ေတြ႕လိုက္ရခ်ိန္တြင္ သူ၏အနီးတစ္ဝိုက္၌ ေၾကာက္မက္ဖြယ္အေငြ႕အသက္မ်ားျဖင့္ ဖုံးလႊမ္းသြားသည္မွာ လ်ိဳ႕ဝွက္ကင္မရာမ်ားကို အက္ကြဲေၾကာင္းထင္ေစသည္အထိပင္။

'မင္းေတာ့ အဆုံးသတ္ခ်ိန္ေရာက္ၿပီ...ဝိညာဥ္မ်ိဳတစ္ေဆ'

___________________________________________

I like...တန္းလန္း...ဟုတ္ကဲ့၊ ဇာတ္လမ္းကအခုမွစမွာပါ..ၿပီးဖို႔ကလည္း ၃၊ ၄ပိုင္းပဲလိုပါေတာ့တယ္..မင္းတို႔လိမၼာရင္ တနဂ္ႏြေေန႕အၿပီးတင္ေပးမယ္...Oh,Satanေမွ်ာ္ေနတဲ့သူေတြကေတာ့ ဒီArc3ၿပီးမွ စတင္ေပးမွာပါကြယ္....

--------------------------------=----------------------------------

Continue Reading

You'll Also Like

244K 18.6K 66
🐺Unicode🐍 Who is the murder??? #Monster Start Date: 4.4.2020 End Date: 16.7.2020 🐺Zawgyi🐍 Who is the murder??? #Monster Start Date: 4.4.2020 End...
703K 91.2K 59
Black-eyed Susan ဆိုတဲ့ ပန္​းရဲ႕ အဓိပၸါယ္​ကို သိလား စံု​ေထာက္​ႀကီး... Black-eyed Susan ပန္​းဟာ တရားမ်ွတမႈကို ကုိယ္​စားျပဳတယ္​တဲ့.. သူ႔ကို Flower of...
35.6K 5.3K 33
لە ڕۆژی هەینیدا چاویان بەیەک کەوت .. باس لە کچێکی ليکۆڵەر دەکات کە هاوسەرگیرت لەگەڵ کوڕێکی دەوڵەمەند و بەناوبانگ دەکات بەبێ ویستی خۆی لە ماوەی پەیوە...
861K 97.4K 200
Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတ...