๐™‡๐™š๐™œ๐™š๐™ฃ๐™™ ๐™Š๐™› ๐™“๐™ž๐™–๐™ค...

By Mari__Zhang

52.4K 5K 103

Collaboration With @M_May8 Yizhan ๐Ÿ’šโค... แ‹ Not Translation โŒ Historical แ€กแ€”แ€ฑแ€”แ€ฒแ€ทแ€•แ€ฏแ€ถแ€–แ€ฑแ€ฌแ€บแ€‘แ€ฌแ€ธแ€แ€ฒแ€ท Rebirth/Revenge T... More

( 1 )
( 2 )
( 3 )
( 4 )
( 5 )
( 6 )
( 7 )
( 8 )
( 10 )
Collaboration with Author
( 11 )
( 12 )
( 13 )
( 14 )
( 15 ) Epilogue

( 9 )

2.9K 339 11
By Mari__Zhang

" ကြင်ယာတော် "

" မင်းသမီး "

ဥယျာဉ်တော်အတွင်းက လေသာဆောင်မှာ ဗျပ်စောင်းတီးခပ်နေတဲ့ ကြင်ယာတော်လေးနဲ့ လေသာဆောင်အတွင်း ဝင်ရောက်လာတဲ့ တာ့ရီရှန်းစန်း။တစ်ပတ်အတွင်း တာ့ရီရှန်းစန်းအနေနဲ့ ကြင်ယာတော်လေးနဲ့ ရင်းနှီးလာပြီဖြစ်တယ်။သိပ်လှတဲ့ ကြင်ယာတော်က ချန်ဦးရီးတော်ရဲ့ မွေးစားကလေးဆိုပေမဲ့ ချန်ဦးရီးတော်လို သိမ်မွေ့ပြီး စိတ်သဘောထားနူးညံ့တယ်။နန်းတွင်းမှာ နေရတဲ့ ရက်တွေကလည်း သိပ်မဆိုးလှပါဘူး။အထူးသဖြင့် ကြင်ယာတော်ရှိလို့ သိပ်အထီးမကျန်သလို ခံစားရတယ်။ကြင်ယာတော်ကို သူ့မောင်လေးလို ချစ်ခင်မိတယ်။

" ကြင်ယာတော် ပျင်းလို့ ဗျပ်စောင်းတီးနေတာလား "

" အဲ့လိုတော့လဲ မဟုတ်ပါဘူး။ဒီလိုပဲ ဒီကြင်ယာတော်က သံစဥ်လေးတွေ စပ်ကြည့်နေတာပါ "

" ကြင်ယာတော်က တာ့ရှန်းပြည်ရဲ့ စုံတွဲတေးသွား တီးတတ်လား "

" နည်းနည်းပါ ချန်ဦးရီးတော်က သင်ပေးဖူးပါတယ် "

" ဒါဆို တီးခတ်ကြည့်ပါလား ရှန်းအာက နားဆင်ချင်လို့ပါ "

" ကောင်းပါပြီ "

စုံတွဲတေးသွားရဲ့ သာယာလှတဲ့ အသံက ဥယျာဉ်တော်အတွင်း ပျံ့နှံ့နေတယ်။တာ့ရီရှန်းစန်းကလည်း တာ့ရှန်းပြည်ရဲ့ စုံတွဲတေးသွားကို နားဆင်ရလို့ ဝမ်းသာနေတယ်။တေးသွားကို ပုံဖော်ရင်း ကျန့်က တာ့ရှန်းမင်းသမီးကို ကြည့်ပြီး ပြုံးယောင်သမ်းမိတယ်။ဒီမင်းသမီးက သူ့ကို ခင်တွယ်နေတာ ကျန့်သတိထားမိတယ်။ဦးရီးတော်ကို ကြိုက်နေလို့ တမင်အရေးပေးတာ မဟုတ်မှန်းသတိထားမိတယ်။တာ့ရီရှန်းစန်းက နန်းတွင်းကို ရောက်နေတာ တစ်ပတ်ကျော်လောက်ရှိပြီဆိုပေမဲ့ ဝမ်မင်းကြီးက သူ့ကို လျစ်လျူရှုထားပြီး မိဖုရားအဖြစ်မြှောက်မဲ့အကြောင်းကို မကြေညာသေးဘူး။ အတိတ်ကဖြစ်ရပ်တွေနဲ့ ဖြေးဖြေးချင်းကွဲလွဲနေတာကို ကျန့်သတိထားမိတယ်။တာ့ရီရှန်းစန်းက အခုချိန်ထိ တာ့ရှန်းပြည်ရဲ့ မင်းသမီးအနေနဲ့ပဲ ရှိနေသေးတယ်။

ကျန့်အနေနဲ့ အတိတ်ကလို ချန်ဦးရီးတော်ကို မသေဆုံးစေချင်ဘူး။တာ့ရီရှန်းစန်းအပေါ် ဘယ်လိုသဘောထားကြောင်း မသိသေးပေမဲ့ တာ့ရီရှန်းစန်းက ချန်ဦးရီးတော်ရဲ့ လက်တွဲဖော်အနေနဲ့ သင့်လျော်တယ်။စိတ်သဘောထားဖြူစင်ပြီး ချောမောလှပတဲ့ မင်းသမီးတစ်ပါးအနေနဲ့ အေးချမ်းတည်ငြိမ်တဲ့ တာ့ရီရှန်းစန်းက ချန်ဦးရီးတော်ရဲ့ဝမ်ဖေးနေရာအတွက် သိပ်အဆင်ပြေတယ်။

တေးသွားပြီးဆုံးတဲ့နောက်မှာ ကျန့်အတွက် စားဖိုဆောင်က အချိုပွဲပို့ဆောင်တဲ့ အစေခံရောက်လာတယ်။မုန့်ချိုရဲ့ အနံ့ကိုရတယ်ဆိုရင်ပဲ ကျန့်ပျို့ချင်သလိုအန်သချင်သလို ဖြစ်လာတယ်။

* ဝေါ့ *

အန်ချင်သလို ပျို့တက်လာတဲ့ ဆန္ဒက လည်ချောင်းကို အဆင်မပြေဖြစ်စေတယ်။

" ကျန့််အာ အဆင်ပြေရဲ့လား "

ချွေးစို့လာတဲ့ နှဖူးကို ပဝါလေးနဲ့ ဖြေးဖြေးချင်းသုတ်ပေးရင်း တာ့ရီရှန်းစန်းက အပျိုတော်တွေကို အမိန့်ပေးတယ်။

" သမားတော်ခေါ်လာခဲ့ကြ "

" ဟုတ်ကဲ့ပါ မင်းသမီး "

ကျန့်သတိရမိသွားတယ်။သူပြန်မွေးဖွားတာ နှစ်ပတ်ကျော်ရှိနေပြီ။ ဝမ်မင်းကြီးနဲ့ တစ်ညတာက သုံးပတ်ကျော်နေပြီမို့ သူ့ဗိုက်ထဲ သားတော်လေးဝင်လာပြီ ဖြစ်တယ်။

လေသာဆောင်ကနေ ဖြည်းဖြည်းချင်းထပြီး တာ့ရီရှန်းစန်းအကူအညီနဲ့ မနီးမဝဖြစ်တဲ့ သီးသန့်ကြင်ယာတော်နန်းဆောင်ကို ရောက်လာတယ်။တာ့ရီရှန်းစန်းက မသင့်တော်တာကြောင့် အဆောင်အပြင်ဘက်မှာပဲ ကျန်ရစ်ပြီး သမားတော်စစ်ဆေးနေတာကို စောင့်နေတယ်။

" ကြင်ယာတော် ခုတလော ဆက်တိုက်မူးဝေနေတာမျိုးရှိပါသလား "

" ဆက်တိုက်တော့ မဟုတ်ပေမဲ့ ခဏခဏမူးနေတာမျိုးရှိတယ်။အစာစားချင်စိတ်မရှိဘူး။ အနံ့ရရင် အော့အန်ချင်တယ် "

" ဂုဏ်ပြုပါတယ် မယ်မယ် မယ်မယ့်မှာ မင်းကြီးရဲ့ရင်သွေးငယ်လေး ရှိနေကြောင်းပါ "

" တကယ်လား "

" မှန်ပါတယ်မယ်မယ် ဒါဆို ကျွန်တော်မျိုး မင်းကြီးကို သွားလျှောက်တင်လိုက်ပါတော့မယ် "

" အင်း သွားတော့ "

သမားတော်ကြီးက အဆောင်ပြင်ကို ထွက်လာရင်း စောင့်ဆိုင်းနေတဲ့ တာ့ရီရှန်းစန်းကို တွေ့တယ်။

" သမားတော်ကြီး ကြင်ယာတော်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ "

" ကြင်ယာတော်က မင်းကြီးရဲ့ ရင်သွေးငယ်ကို လွယ်ထားရတာကြောင့်ပါ "

" ဝမ်းသာစရာသတင်းပဲ သွား အရှင်မင်းကြီးကို လျှောက်တင်လိုက် "

" ဟုတ်ကဲ့ပါ မင်းသမီး "

သမားတော်ကြီး ပြန်ထွက်သွားတော့မှ အဆောင်အတွင်းကို တာ့ရီရှန်းစန်းဝင်ရောက်လာတယ်။

" မင်းသမီး မပြန်သေးဘူးလား "

" အဆောင်ရှေ့မှာစောင့်နေတာ ကိုယ်ဝန်ရှိလာပြီဆိုတော့ ဂရုစိုက်နေနော် "

" ဟုတ်ကဲ့ပါ မင်းသမီး "

မထွက်သေးတဲ့ ဗိုက်ကလေးကို ပွတ်သတ်ရင်း ကျန့်က ပြုံးနေတယ်။ဆုံးရှုံးလိုက်ရတဲ့ သူ့သားတော်လေးကို သူကိုယ်တိုင် ပြန်မွေးဖွားရတော့မယ် ဆိုတဲ့အသိက သူ့ကိုပျော်ရွှင်စေတယ်။

တစ်ဖက်မှာလည်း

" မင်းကြီး နန်းတွင်းသမားတော်ကြီးက ဝင်ခွင့်တောင်းနေပါတယ် "

" ဝင်ခဲ့ "

" သမားတော်ကြီး ကြွပါ "

" မင်းကြီးကို ဂါဝရပြုပါတယ် "

" ထပါ ဘာကိစ္စလဲ "

" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ် ကြင်ယာတော်မယ်မယ်မှာ အရှင့်ရင်သွေးငယ် ရှိနေကြောင်းပါ "

" ဘယ်လို "

" ဟုတ်ပါတယ်မင်းကြီး ရင်သွေးငယ်ကို ကြင်ယာတော်လွယ်ထားရကြောင်းပါ "

" အခုချက်ချင်း ကြင်ယာတော် နန်းဆောင်ကိုကြွမယ် "

အလောတကြီး လျှောက်သွားတဲ့ မင်းကြီးရဲ့ ခြေလှမ်းတွေနောက် ကုန်းကုန်းတွေလိုက်ပါလာတယ်။

________________Legend of Xiao__________________

Tuesday မှာတင်လိုက်ပြီမလို့ Weekly Update Schedule ကဒီတစ်ပတ်အတွက်ပြီးသွားပါပြီ။ Thursday မှာမလာတော့ပါဘူး။

#SpringDay_Zhan
( 27 , July, 2021 )
#Mari__Zhang

//////////////////

" ၾကင္ယာေတာ္ "

" မင္းသမီး "

ဥယ်ာဥ္ေတာ္အတြင္းက ေလသာေဆာင္မွာ ဗ်ပ္ေစာင္းတီးခပ္ေနတဲ့ ၾကင္ယာေတာ္ေလးနဲ႔ ေလသာေဆာင္အတြင္း ဝင္ေရာက္လာတဲ့ တာ့ရီရွန္းစန္း။တစ္ပတ္အတြင္း တာ့ရီရွန္းစန္းအေနနဲ႔ ၾကင္ယာေတာ္ေလးနဲ႔ ရင္းႏွီးလာၿပီျဖစ္တယ္။သိပ္လွတဲ့ ၾကင္ယာေတာ္က ခ်န္ဦးရီးေတာ္ရဲ႕ ေမြးစားကေလးဆိုေပမဲ့ ခ်န္ဦးရီးေတာ္လို သိမ္ေမြ႕ၿပီး စိတ္သေဘာထားႏူးညံ့တယ္။နန္းတြင္းမွာ ေနရတဲ့ ရက္ေတြကလည္း သိပ္မဆိုးလွပါဘူး။အထူးသျဖင့္ ၾကင္ယာေတာ္ရွိလို႔ သိပ္အထီးမက်န္သလို ခံစားရတယ္။ၾကင္ယာေတာ္ကို သူ႔ေမာင္ေလးလို ခ်စ္ခင္မိတယ္။

" ၾကင္ယာေတာ္ ပ်င္းလို႔ ဗ်ပ္ေစာင္းတီးေနတာလား "

" အဲ့လိုေတာ့လဲ မဟုတ္ပါဘူး။ဒီလိုပဲ ဒီၾကင္ယာေတာ္က သံစဥ္ေလးေတြ စပ္ၾကည့္ေနတာပါ "

" ၾကင္ယာေတာ္က တာ့ရွန္းျပည္ရဲ႕ စုံတြဲေတးသြား တီးတတ္လား "

" နည္းနည္းပါ ခ်န္ဦးရီးေတာ္က သင္ေပးဖူးပါတယ္ "

" ဒါဆို တီးခတ္ၾကည့္ပါလား ရွန္းအာက နားဆင္ခ်င္လို႔ပါ "

" ေကာင္းပါၿပီ "

စုံတြဲေတးသြားရဲ႕ သာယာလွတဲ့ အသံက ဥယ်ာဥ္ေတာ္အတြင္း ပ်ံ႕ႏွံ႔ေနတယ္။တာ့ရီရွန္းစန္းကလည္း တာ့ရွန္းျပည္ရဲ႕ စုံတြဲေတးသြားကို နားဆင္ရလို႔ ဝမ္းသာေနတယ္။ေတးသြားကို ပုံေဖာ္ရင္း က်န္႔က တာ့ရွန္းမင္းသမီးကို ၾကည့္ၿပီး ၿပဳံးေယာင္သမ္းမိတယ္။ဒီမင္းသမီးက သူ႔ကို ခင္တြယ္ေနတာ က်န္႔သတိထားမိတယ္။ဦးရီးေတာ္ကို ႀကိဳက္ေနလို႔ တမင္အေရးေပးတာ မဟုတ္မွန္းသတိထားမိတယ္။တာ့ရီရွန္းစန္းက နန္းတြင္းကို ေရာက္ေနတာ တစ္ပတ္ေက်ာ္ေလာက္ရွိၿပီဆိုေပမဲ့ ဝမ္မင္းႀကီးက သူ႔ကို လ်စ္လ်ဴရႈထားၿပီး မိဖုရားအျဖစ္ေျမႇာက္မဲ့အေၾကာင္းကို မေၾကညာေသးဘူး။ အတိတ္ကျဖစ္ရပ္ေတြနဲ႔ ေျဖးေျဖးခ်င္းကြဲလြဲေနတာကို က်န္႔သတိထားမိတယ္။တာ့ရီရွန္းစန္းက အခုခ်ိန္ထိ တာ့ရွန္းျပည္ရဲ႕ မင္းသမီးအေနနဲ႔ပဲ ရွိေနေသးတယ္။

က်န္႔အေနနဲ႔ အတိတ္ကလို ခ်န္ဦးရီးေတာ္ကို မေသဆုံးေစခ်င္ဘူး။တာ့ရီရွန္းစန္းအေပၚ ဘယ္လိုသေဘာထားေၾကာင္း မသိေသးေပမဲ့ တာ့ရီရွန္းစန္းက ခ်န္ဦးရီးေတာ္ရဲ႕ လက္တြဲေဖာ္အေနနဲ႔ သင့္ေလ်ာ္တယ္။စိတ္သေဘာထားျဖဴစင္ၿပီး ေခ်ာေမာလွပတဲ့ မင္းသမီးတစ္ပါးအေနနဲ႔ ေအးခ်မ္းတည္ၿငိမ္တဲ့ တာ့ရီရွန္းစန္းက ခ်န္ဦးရီးေတာ္ရဲ႕ဝမ္ေဖးေနရာအတြက္ သိပ္အဆင္ေျပတယ္။

ေတးသြားၿပီးဆုံးတဲ့ေနာက္မွာ က်န္႔အတြက္ စားဖိုေဆာင္က အခ်ိဳပြဲပို႔ေဆာင္တဲ့ အေစခံေရာက္လာတယ္။မုန္႔ခ်ိဳရဲ႕ အနံ႔ကိုရတယ္ဆိုရင္ပဲ က်န္႔ပ်ိဳ႕ခ်င္သလိုအန္သခ်င္သလို ျဖစ္လာတယ္။

* ေဝါ့ *

အန္ခ်င္သလို ပ်ိဳ႕တက္လာတဲ့ ဆႏၵက လည္ေခ်ာင္းကို အဆင္မေျပျဖစ္ေစတယ္။

" က်န့္္အာ အဆင္ေျပရဲ႕လား "

ေခြၽးစို႔လာတဲ့ ႏွဖူးကို ပဝါေလးနဲ႔ ေျဖးေျဖးခ်င္းသုတ္ေပးရင္း တာ့ရီရွန္းစန္းက အပ်ိဳေတာ္ေတြကို အမိန္႔ေပးတယ္။

" သမားေတာ္ေခၚလာခဲ့ၾက "

" ဟုတ္ကဲ့ပါ မင္းသမီး "

က်န္႔သတိရမိသြားတယ္။သူျပန္ေမြးဖြားတာ ႏွစ္ပတ္ေက်ာ္ရွိေနၿပီ။ ဝမ္မင္းႀကီးနဲ႔ တစ္ညတာက သုံးပတ္ေက်ာ္ေနၿပီမို႔ သူ႔ဗိုက္ထဲ သားေတာ္ေလးဝင္လာၿပီ ျဖစ္တယ္။

ေလသာေဆာင္ကေန ျဖည္းျဖည္းခ်င္းထၿပီး တာ့ရီရွန္းစန္းအကူအညီနဲ႔ မနီးမဝျဖစ္တဲ့ သီးသန္႔ၾကင္ယာေတာ္နန္းေဆာင္ကို ေရာက္လာတယ္။တာ့ရီရွန္းစန္းက မသင့္ေတာ္တာေၾကာင့္ အေဆာင္အျပင္ဘက္မွာပဲ က်န္ရစ္ၿပီး သမားေတာ္စစ္ေဆးေနတာကို ေစာင့္ေနတယ္။

" ၾကင္ယာေတာ္ ခုတေလာ ဆက္တိုက္မူးေဝေနတာမ်ိဳးရွိပါသလား "

" ဆက္တိုက္ေတာ့ မဟုတ္ေပမဲ့ ခဏခဏမူးေနတာမ်ိဳးရွိတယ္။အစာစားခ်င္စိတ္မရွိဘူး။ အနံ႔ရရင္ ေအာ့အန္ခ်င္တယ္ "

" ဂုဏ္ျပဳပါတယ္ မယ္မယ္ မယ္မယ့္မွာ မင္းႀကီးရဲ႕ရင္ေသြးငယ္ေလး ရွိေနေၾကာင္းပါ "

" တကယ္လား "

" မွန္ပါတယ္မယ္မယ္ ဒါဆို ကြၽန္ေတာ္မ်ိဳး မင္းႀကီးကို သြားေလွ်ာက္တင္လိုက္ပါေတာ့မယ္ "

" အင္း သြားေတာ့ "

သမားေတာ္ႀကီးက အေဆာင္ျပင္ကို ထြက္လာရင္း ေစာင့္ဆိုင္းေနတဲ့ တာ့ရီရွန္းစန္းကို ေတြ႕တယ္။

" သမားေတာ္ႀကီး ၾကင္ယာေတာ္ရဲ႕ အေျခအေန ဘယ္လိုရွိလဲ "

" ၾကင္ယာေတာ္က မင္းႀကီးရဲ႕ ရင္ေသြးငယ္ကို လြယ္ထားရတာေၾကာင့္ပါ "

" ဝမ္းသာစရာသတင္းပဲ သြား အရွင္မင္းႀကီးကို ေလွ်ာက္တင္လိုက္ "

" ဟုတ္ကဲ့ပါ မင္းသမီး "

သမားေတာ္ႀကီး ျပန္ထြက္သြားေတာ့မွ အေဆာင္အတြင္းကို တာ့ရီရွန္းစန္းဝင္ေရာက္လာတယ္။

" မင္းသမီး မျပန္ေသးဘူးလား "

" အေဆာင္ေရွ႕မွာေစာင့္ေနတာ ကိုယ္ဝန္ရွိလာၿပီဆိုေတာ့ ဂ႐ုစိုက္ေနေနာ္ "

" ဟုတ္ကဲ့ပါ မင္းသမီး "

မထြက္ေသးတဲ့ ဗိုက္ကေလးကို ပြတ္သတ္ရင္း က်န္႔က ၿပဳံးေနတယ္။ဆုံးရႈံးလိုက္ရတဲ့ သူ႔သားေတာ္ေလးကို သူကိုယ္တိုင္ ျပန္ေမြးဖြားရေတာ့မယ္ ဆိုတဲ့အသိက သူ႔ကိုေပ်ာ္႐ႊင္ေစတယ္။

တစ္ဖက္မွာလည္း

" မင္းႀကီး နန္းတြင္းသမားေတာ္ႀကီးက ဝင္ခြင့္ေတာင္းေနပါတယ္ "

" ဝင္ခဲ့ "

" သမားေတာ္ႀကီး ႂကြပါ "

" မင္းႀကီးကို ဂါဝရျပဳပါတယ္ "

" ထပါ ဘာကိစၥလဲ "

" အရွင္မင္းႀကီးကို ဂုဏ္ျပဳပါတယ္ ၾကင္ယာေတာ္မယ္မယ္မွာ အရွင့္ရင္ေသြးငယ္ ရွိေနေၾကာင္းပါ "

" ဘယ္လို "

" ဟုတ္ပါတယ္မင္းႀကီး ရင္ေသြးငယ္ကို ၾကင္ယာေတာ္လြယ္ထားရေၾကာင္းပါ "

" အခုခ်က္ခ်င္း ၾကင္ယာေတာ္ နန္းေဆာင္ကိုႂကြမယ္ "

အေလာတႀကီး ေလွ်ာက္သြားတဲ့ မင္းႀကီးရဲ႕ ေျခလွမ္းေတြေနာက္ ကုန္းကုန္းေတြလိုက္ပါလာတယ္။

________________Legend of Xiao__________________

Tuesday မွာတင္လိုက္ၿပီမလို႔ Weekly Update Schedule ကဒီတစ္ပတ္အတြက္ၿပီးသြားပါၿပီ။ Thursday မွာမလာေတာ့ပါဘူး။

#SpringDay_Zhan
( 27 , July, 2021 )
#Mari__Zhang

Continue Reading

You'll Also Like

562K 8.9K 124
You can clearly tell who my favorite drivers are....
1.1M 41K 85
As a Jedi padawan, gaining a Master is like a dream come true. It's one step closer to reaching knighthood, and then to reaching Master. But that dr...
56.2K 2.4K 37
โ•ฐโ”ˆโžค *โ‹†โ ๐ข'๐ฆ ๐ง๐จ๐ญ ๐ฃ๐จ๐ข๐ง๐ข๐ง๐  ๐ฒ๐จ๐ฎ๐ซ ๐ฉ๐š๐œ๐ค, ๐๐ฎ๐ฆ๐›๐š๐ฌ๐ฌ; ๐š๐ง๐ ๐ข'๐ฆ ๐ฆ๐จ๐ฌ๐ญ ๐œ๐ž๐ซ๐ญ๐š๐ข๐ง๐ฅ๐ฒ ๐ง๐จ๐ญ ๐ ๐จ๐ง๐ง๐š ๐ญ๐š๐ค๐ž ๐จ๐ซ๐๐ž๏ฟฝ...