Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 514K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 125

10.4K 1.1K 123
By MikkyLay1


Unicode
~~~~~~~~

တိကျသေချာတဲ့အမှုမရှိပဲ စွတ်ဆွဲမှုတွေနဲ့ Lion အားဖမ်းဝရမ်းထုတ်ကာ အချိန်တစ်ခုကြာမြင့်တဲ့ထိ ရှာဖွေမှုတွေ ရပ်မသွားခဲ့ဘူး … ပြည်သူတွေရဲ့ကြောက်စိတ်နဲ့ဖိအားပေးမှုတို့ကြောင့် Lion ( ရှန်ဖန်းဂူ ) ကိုအပြစ်သားတစ်ယောက်အဖြစ်သတ်မှတ်လိုက်ဖို့ လွယ်ကူသွားတယ် … ဒီကိစ္စကြောင့် နယ်စပ်မှာတောင်းကျန်းနေတဲ့အုပ်စုအား Lion ကဦးဆောင်နေတယ်ဆိုတဲ့ သတင်းမှားတွေက ဖြန့်စရာမလိုလောက်အောင် ပြန့်နှံ့သွားလေတယ် …

ယခုအိမ်တော်မှာ သခင်မကြီးတစ်ယောက်သာလျှင်ရှိနေပြီး ယောက်ျားနဲ့ဖခင်က အဖမ်းခံထားရကာ သားဖြစ်သူက ဝရမ်းပြေးဖြစ်နေပေမဲ့ သူမနည်းနည်းလေးမှ အင်အားလျော့နည်းပုံမပြပဲ ဖြစ်လာသမျှအရာအားလုံးကို ရင်ဆိုင်ဖို့အသင့်ပြင်ဆင်ထားတယ် …

သူမအသက်ရှင်သန်လာတဲ့တစ်လျှောက် ယခုလိုအခြေအနေမျိုးကို ကြိုတင်မှန်းစထားပြီးဖြစ်သလို သူမစိတ်ကိုလဲ အဆင်သင့်ပြင်ဆင်ထားပြီးပြီ … ယခုသူမအနားမှာရှိနေသူက ချူးလောင်ဝီနဲ့ချူးလောင်ရှန့်တို့သားအဖပင် …

" သခင်မလေး … သခင်လေးဖန်းဂူတို့သားအဖက လွတ်မြောက်နယ်မြေမှာ အန္တရာယ်ကင်းကင်းရှိနေပါတယ် "

အဖိုးလောင်ဝီရဲ့တင်ပြသံကြားတော့မှ သူမအသက်ရှူနိုင်တော့တယ် … ရှန်ဟွှာအပေါ်စွန်းထင်နေတဲ့အမဲကွက်ကြီးကို ဖြေရှင်းဖို့ သူမကြိုးစားရအုံးမယ် … ထိုစဉ် အိမ်တော်အတွင်းသို့ မဖိတ်ခေါ်ပဲ ဧည့်သည်တစ်ချို့ ရောက်ရှိလာကြတယ် … ရှန်ဟွှာရဲ့အစောင့်တွေနေရာမှာ ရဲတွေအစားထိုးထားပြီး သူမအားအိမ်အကျယ်ချုပ်အသွင်ချထားခြင်းပင် …

ဝင်လာသူကတော့ အရာရှိပတ်ဒိုမင်းနဲ့ ကျန်းရှာမေ့တို့ဖြစ်တယ် … သူတို့ဝင်လာတော့ ဘေးနားကအစောင့်တွေနဲ့ အဖိုးလောင်ဝီအား အပြင်ထွက်ဖို့အမိန့်ပေးလိုက်တယ် … အားလုံးရှင်းလင်းသွားတော့မှ ရှားမေ့က သခင်မမိုနန်းအားနှုတ်ဆက်လိုင်တယ် …

" မိုနန်းမတွေ့တာကြာပြီ … မင်းနေကောင်းရဲ့လား "

" လူကနေကောင်းပေမဲ့ စိတ်အခြေအနေကတော့မြင်တဲ့အတိုင်းပဲ "

သူမကတိုတိုနဲ့ပြတ်ပြတ်သာပြန်ဖြေလိုက်တယ် … အိုမီဂါဖြစ်တဲ့မိုနန်းက အယ်ဖာဖြစ်တဲ့ရှာမေ့နည်းသူသန်မာပြီး ငယ်စဉ်ကတည်းက ခင်မင်လာခဲ့ကြပေမဲ့ ရှန်ဟွှာနဲ့ကျန်းမတည့်တာကနေ သူတို့လဲကွဲကွာသွားခဲ့ကြတယ် … မိုနန်းကသန်မာပြီးထက်မြတ်တဲ့မိန်းမတစ်ယောက် ပြဿနာတွေကိုလဲရဲဝံ့စွာရင်ဆိုင်နိုင်သူ ဒါကြောင့်မို့ ရှာမေ့သူမကိုနည်းနည်းလေးမှအထင်သေးတဲ့စိတ်မျိုးမရှိဘူး … သူမရဲ့ယောက်ျားအပေါ်သစ္စာရှိမှုနဲ့မျိုးနွယ်စုကိုထိန်းသိမ်နိုင်မှုတွေကြောင့် ကမ္ဘာခြင်းကွဲနေတာတောင်မှ လေးစားမိတယ် …

" ဘာဆက်လုပ်မှာလဲ မိုနန်း … သူတို့ပုန်းနေတဲ့နေရာကိုပြောပြရင် ငါလဲမင်းကိုကူညီနိုင်လိမ့်မယ် "

ဒိုမင်းနဲ့ရှားမေ့က မင်းယွီကိုရှာဖွေဖို့အတွက် ရှန်ဟွှာသို့ရောက်လာခြင်းပင် … သူမမှာ ရှန်ဖန်းဂူကိုဖမ်းစီးဖို့အစီစဉ်မရှိပေ … မိုနန်းကလဲ သူ့သားရဲ့မိသားစုအားအပြည့်အဝကားကွယ်ပေးဖို့ဆုံးဖြတ်ထားတယ်  …

" သူတို့မှာဘာအပြစ်မှမရှိဘူးရှာမေ့ … ပြီးတော့ ခုစွတ်ဆွဲခံနေရတာရဲ့တစ်ဝက်ကအလိမ်အညာတွေကြီးပဲ … ဒါကိုမင်းအသိဆုံးပဲမဟုတ်လား … ငါ့သားရဲ့မိသားစုက ဘာအပြစ်တွေများရှိနေသေးလို့လဲ  "

" ငါတို့ကအရာရှိတွေဖြစ်တဲ့အတွက် အမှားလုပ်သူကိုတော့အပြစ်ပေးရမှာပဲ … Lion ဦးဆောင်တဲ့ လက်နတ်မှောင်ခိုလုပ်ငန်းတွေကြောင့် အပြစ်မဲ့ပြည်သူတွေဒုက္ခရောက်တာမျိုးရှိခဲ့ဖူးတယ် … ဒါတွေအတွက်ပြန်ပေးစပ်ရဖို့ကမလွဲမသေပဲ "

" အပြစ်ကြွေးတွေအတွက် လူ ၂ ယောက်ကိုဖမ်းစီးပြီးပြီပဲ မကျေနပ်သေးဘူးလား … ဒါမှမဟုတ် Lion ကမင်းတို့ရဲ့အဓိကသားကောင်ဖြစ်နေလို့လား … မင်းနာမည်ရချင်ယုံသပ်သပ်နဲ့ Lion ကိုဖမ်းစီးဖို့ကြိုးစားနေတာဆို ခုချက်ချင်းရပ်လိုက်ပါ "

မိုနန်းရဲ့စကားသံတွေထဲမှာ ပူလောင်မှုတွေကအထင်းသား … သူမကသန်မာတယ်ဆိုရင်တောင် မိခင်တစ်ယောက်ရဲ့သောကတွေကိုတော့ ဖုံးကွယ်ထား၍မရပေ … သူ့သားအပေါ်မဟုတ်မမှန်တဲ့စွတ်ဆွဲမှုတွေနဲ့ ဝရမ်းပြေးသပ်မှတ်ကာ ဖမ်းစီးဖို့ကြိုးစားနေတာတွေကို သူမလက်မခံနိုင်ပေ … ရှာမေ့က သက်ပြင်းဖွဖွချင်းရင်း ပြောလာတယ် …

" ခုချိန်မှာ မင်းရဲ့သောကတွေကို ငါခံစားပေးလို့ရတယ် … တစ်ချိန်ကငါကိုယ်တိုင်လဲ ငါ့အဖေနဲ့ယောက်ျား ခုလိုအခြေအနေဖြစ်နေတာကိုမြင်တွေ့ခဲ့ရတယ် … ဒါကသူတို့အပြစ်တွေမို့ အမှန်တရားကို ငါလက်ခံခဲ့တယ် … ဒါပေမဲ့ မင်းရဲ့သားကိုမင်းဒီတိုင်းလွှတ်ထားရင်သူ့ရဲ့ဒေါသနဲ့ထိန်းမနိုင်ဖြစ်ပြီး အမှားကနေအမှန်ဖြစ်ပြီး အမှုကဒိထပ်ကြီးသွားနိုင်တယ် "

" ခု ရှန်ဖန်းဂူက အရင်လိုမဟုတ်တော့ဘူး … သွေးရူးသွေးတမ်းနဲ့လျှောက်လုပ်မှာမဟုတ်ဘူး … သူ့အနားမှာ သူ့မိသားစုရှိတဲ့အတွက် သူပိုပြီးဂရုတစိုက်လှုပ်ရှားလိမ့်မယ် … ငါ့သားကိုငါယုံကြည့်တာမို့ မင်းဝင်မပါလဲဖြစ်တယ် "

" ဒါပေမဲ့ ရှန်ဖန်းဂူအနားမှာမင်းယွီနဲ့သားလေးရှိနေတာက သူ့အတွက်အားနည်းချက်ဖြစ်သွားနိုင်တယ် … ငါခုဒီကိုရောက်လာတာက မင်းနဲ့တိုင်ပင်ချင်လို့ပါ … ငါတို့ကတစ်လှေတည်းစီးတွေမဟုတ်ကြတော့ပေမဲ့ ငါတို့ရဲ့ဦးတည်ချက်ကတစ်မျိုးထည်းပဲ … မင်းကရှန်ဟွှာကိုမှားယွှင်းစွတ်ဆွဲမှုတွေကိုဖြေရှင်းချင်သလို ငါတို့ကလဲအမှန်တရားကိုရှာဖွေချင်တယ် … အမှောင်နဲ့အလင်းပြဿနာက ငါတို့ထင်သလောက်လွယ်လွယ်ဖြေရှင်းလို့မရဘူး … ဆက်ပြီးဘယ်လိုတိုက်ခိုက်မှုတွေနဲ့ကြုံလာရမလဲမသိနိုင်လို့ မင်းယွီနဲ့ လုယီလေးကို ရှန်ဖန်းဂူနားမှာထက် အန္တရာယ်ကင်းတဲ့နေရာမျိုးမှာထားစေချင်တယ် "

ထိုအခါတစ်ချိန်လုံးငြိမ်နေတဲ့ ဒိုမင်းကဝင်ပြောလာခဲ့တယ် …

" ကျွန်တော်ကဖခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော့သားကို အန္တရာယ်များတဲ့နေရာမှာ လွှတ်မထားချင်ဘူး … ခများတို့ရဲ့မျိုးဆက်လုယီလေးကလဲသူတို့ရဲ့ပြစ်မှတ်ဖြစ်နေနိုင်တယ် … ခုချိန်ရှန်ဖန်းဂူရဲ့ပခုံးပေါ်မှာ မိသားစုကိုကာကွယ်ပေးဖို့ဆိုတဲ့ကြီးလေးတဲ့တာဝန်ကိုထမ်းထားရရင် တိုက်ပွဲတွေနဲ့ကြုံရတဲ့အခါ သူကအင်အားကြီးပါတယ်ဆိုရင်တောင် ဟာကွက်တစ်ခုကတော့ရှိနေလိမ့်မယ် … ဒီလိုဆိုရင် ခများသားရောကျွန်တော့သားပါဒုက္ခရောက်ရလိမ့်မယ် "

" ရှင်ပြောတာလဲမှန်ပါတယ် ပတ်ဒိုမင်း … ဒါပေမဲ့ ရှန်ဖန်းဂူကသူခွင့်မပြုရင်အမေရင်းဖြစ်တဲ့ကျွန်မတောင်ဘာမှမလုပ်ပေးနိုင်ဘူး … သူ့ဆီကခွင့်ပြုချက်မရပဲ သူ့မိသားစုကိုခွဲရင် ဒိထက်ပိုပြီးအစပေါင်းများစွာပေါက်ကွဲသွားနိုင်တယ် … ဒါကြောင့်ကျွန်မသူတို့မိသားစုနဲ့ပတ်သပ်ပြီး ဘာအကြံမှမပေးနိုင်ဘူး "

ရှားမေ့က ဝင်ပြောလိုက်တယ် …

" ဒါဆို သူတို့ရှိမဲ့နေရာကိုရောပြောပြလို့ရမလား … ကိုယ်တိုင်ခွင့်တောင်းကြည့်မယ် "

" ကျွန်မမပြောပြနိုင်ဘူး ရှားမေ့ … မင်းရဲ့သားတောင်သူ့ရဲ့သူငယ်ချင်းကိုအပြည့်အဝယုံကြည်ပြီးကာကွယ်ပေးနေတာ မင်းကမိခင်ဖြစ်ပြီး ဘာကြောင့်နားလည်မပေးနိုင်တာလဲ … ရှန်ဖန်းဂူနဲ့မင်းယွီကို ခွဲခွာတာက မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး … ခုမင်းတို့လုပ်ရမှာက ရှန်ဟွှာအမှုကိုဖော်ထုတ်ဖို့ကြိုးစားတဲ့လူရဲ့နောက်ကြောင်းကိုလိုက်ပြီး ငါ့အဖေနဲ့ငါ့ယောက်ျား အပြစ်ရှိမရှိစစ်ဆေးရမှာ … သူတို့ကိုခုဘယ်မှာထားလဲဆိုတာတောင်ငါမသိရသေးဘူး "

" ကောင်းပြီ … မင်းဆီကအကူအညီမရတော့လဲ ငါတို့ဘာသာပဲ လှုပ်ရှားတော့မယ် …  မင်းမိသားစုကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်တယ် မိုနန်း "

ပြောပြီးနောက် ပတ်ဒိုမင်းနဲ့ရှားမေ့တို့ ထွက်ခွာသွားကြလေတော့တယ် … ဆွေးနွေးမှုကမအောင်မြင်ပေ … တစ်ဖက်ကလဲသားကိုပြန်ခေါ်ဖို့ကြိုးစားနေသလို တစ်ဖက်ကလဲသားရဲ့မိသားစုကိုကာကွယ်ဖို့ကြိုးစားနေတယ် … ဘယ်သူနိုင်နိုင် ပြဿနာဖြေရှင်းရမှာကတော့တစ်ခုထည်းပင် … အမှားအမှန်ကိုခွဲခြားနိုင်ကာ အမှောင်နဲ့အလင်းအမြန်ဆုံး သင့်မြတ်ရန်ပင် …

*

*

*

" ရှုမန်း မင်းဘာတွေလုပ်နေတာလဲ "

ပိုင်သခင်ကြီးက နားမလည်နိုင်စွာမေးမြန်းလိုက်တယ် … ခုဆိုရင် ပြဿနာတွေအားလုံးက ရှန်ဟွှာခေါင်းပေါ်ပုံကျနေပြီး အပြစ်တွေကိုပြန်ဆယ်နိုင်ဖို့မလွယ်ကူတော့ပေ … ပိုင်သခင်ကြီးက မကောင်မှုတွေလုပ်နေတဲ့အဓိကတရားခံကို ရှာဖွေချင်တာဖြစ်ပြီး ရှန်ဟွှာကထိုလူမဟုတ်မှန်းအသိအကျသိနေတယ် … ရှန်ဟွှာက သူ့အပေါ်သစ္စာဖောက်ဖူးခဲ့ပြီး သူ့မြေးနဲ့သားသမီးတွေကို ဒုက္ခရောက်အောင်လုပ်ခဲ့ပေမဲ့ သူ့တစ်ဘဝလုံးကိုပျက်စီးအောင် လုပ်ခဲ့သူကတော့ ရှန်ဟွှာရန်းမဟုတ်မှန်းသိနေတယ် …

" သခင်ကြီး "

ဂိုဝူးက သခင်ကြီးရဲ့နားတိုးတိုးလေးကပ်ကာပြောလိုက်တယ် …

" ရှန်ဟွှာရန်းနဲရှန်ကူးမန်က တရားရုံးချုပ်မှာပဲရှိနေသေးတယ် … ဒါပေမဲ့ရှေ့နေလိုက်ခွင့်မပေးဘူး … ရှန်ဖန်းဂူကိုလဲဝရမ်းထုတ်ထားပြီးသခင်မလေးကိုအကျယ်ချုပ်ချထားတယ် … ရှန်ကူးမန်နဲ့ရှန်ဟွှာရန်းကို သူတို့တစ်နေရာရာရွှေ့မယ်လို့လဲသတင်းကြားတယ် … သူတို့ကိုခေါ်သွားပြီးဘာလုပ်ဖို့ကြံနေလဲမသိဘူး "

ထိုအခါမှ ရှုမန်းက ဝင်ပြောလိုက်တယ် …

" သူတို့ကိုခေါ်သွားမဲ့နေရာ ကျွန်တော်သိတယ် "

" မင်း သူတို့ကိုဖမ်းဖို့ တကယ်ပဲကူညီပေးခဲ့တာလား "

" ဒီကိစ္စကကျွန်တော်တို့ဖြစ်စေချင်တဲ့အရာဆိုပေမဲ့ အားလုံးကအစောတလျှင်ဖြစ်သွားတယ် … ဒီပွဲမှာ ဘယ်သူနိုင်မလဲဆိုတာကိုတော့ အဆုံးသပ်မှာသိရမှာ "

အားလုံးကထင်ထားတာထက်စောသွားတယ် … ချန်းက ရှန်ဟွှာလိုခိုင်မာတဲ့အုပ်တံတိုင်းကိုဖြိုချဖို့ကြိုးစားနေပေမဲ့ အင်အားမသုံးလိုက်ရပဲ သူ့အလိုလိုပြိုကျလာတယ် … ခုသူလိုချင်တဲ့သားကောင်ကလဲအဆင်သင့်ရှိနေပြီ … လူတွေအားလုံးရဲ့အာရုံက ရှန်ဟွှာအပေါ်ရောက်နေပြီမို့ အရင်ကလောက်အလေးအနက်ထားစဉ်းစားပြီး ဟန်ဆောင်ပြနေစရာမလိုတော့ဘူး … သူ့ရဲ့ထောင်ခြောက်ထဲက ကြွက်ကအလိုလိုဝင်လာခဲ့ပြီ …

ပိုင်သခင်ကြီးက ရှုမန်းအား မေးလိုက်တယ် …

" မင်းနောက်ဆုံးအချိန်ထိ ရှန်ဟွှာကိုဒုက္ခရောက်မဲ့အရေး ကူညီပေးနေဦးမှာလား … မင်းပြောတော့ ချန်းကိုလက်စားချေချင်တာဆို "

" ကျွန်တော့ချန်းကိုကူညီပေးနေတာမဟုတ်ဘူး … ဒါပေမဲ့ကျွန်တော် ခုလိုလုပ်မှ သိချင်တာကိုသိခွင့်ရမှာ … ခုနောက်ဆုံးတာဝန်တစ်ခုပေးခံရတယ် "

" ဘာတွေထပ်ပြီးလုပ်ဦးမှာလဲ "

" သူတို့က ရှန်ဖန်းဂူကိုမြှားခေါ်ဖို့ မင်းယွီနဲ့ သူ့သားလေးကိုခေါ်လာခိုင်းတယ် "

သူတို့အသံကြားတော့ ရွာလူကြီးမျက်လုံးများပြူးသွားတယ် … ဟိုအရင်ကတွေ့ဆုံဖူးတဲ့သံယောဇင်ကြောင့် အပြစ်မဲ့တဲ့သားအဖကို မထိခိုက်စေချင်ပေ …

" မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ … သူတို့ကိုမထိနဲ့ … သူတို့မှာ ဘာအပြစ်မှမရှိဘူး "

" ဒါကကျွန်တော့အတွက် နောက်ဆုံးအခွင့်အရေးပဲ … ပြီးတော့ ဒီ Game ရဲ့အဆုံးသပ်လဲဖြစ်တယ် "

" ရှုမန်း … မင်းရှန်ဟွှာအပေါ်အငြှိုးထားရင်တောင်မှ အပြစ်မရှိတဲ့သားအဖကိုဓားစာခံအဖြစ်သုံးလို့မရဘူး … မင်းဆက်လုပ်နေမယ်ဆိုရင် ရန်အာကိုကုသပေးနေတာတွေရပ်ပြစ်မယ် … ငါတို့ဆေးတွေထပ်မပေးနိုင်တော့ဘူး "

ထိုအခါမှ ရှုမန်းငြိမ်ကျသွားတယ် … သူ့ရဲ့အကြည့်တွေက အခန်းထဲမှာ အိပ်စက်နေတဲ့ ရန်အာထံရောက်ရှိသွားတယ် … လူတစ်ယောက်ရဲ့အပြစ်ကြောင့် မဆိုင်တဲ့သူတွေခံနေရတာက မတရားဘူးတဲ့ … ဒီစကားတွေကိုအရင်ကအလေးမထားခဲ့ပေမဲ့ သူ့ကြောင့်ကျန်းမာရေးမကောင်းတဲ့ရန်အားကိုထိခိုက်စေတော့မှ ကိုယ်ချင်းစာတတ်လာတယ် …

" ကောင်းပြီ … ကျွန်တော်တစ်ခြားနည်းလမ်းပြောင်းကြည့်မယ် … ဒါကအလွယ်ဆုံးနဲ့အမြန်ဆုံးနည်းလမ်းပဲကို "

သူကသက်ပျင်းချလိုက်ပြီး ထိုနေရာကနေထွက်သွားတော့တယ် … ထိုအခါမှ ရွာလူကြီးလဲသက်ပြင်းချနိုင်ပြီး သခင်ကြီးနဲ့အတူ ရှန်ဟွှာကိစ္စအား ထပ်မံဆွေးနွေးနေလိုက်တယ် …

အခန်းထဲမှာတော့ ရန်အာအနားမှာ ရှုမန်းထိုင်နေပြီး တစ်နေ့တခြားအသားအရေလေးတွေ ဝင်းလပ်လာတဲ့ရန်အာအားငေးကြည့်နေမိတယ် … ခုဆိုဖြေးဖြေးချင်း ကျန်းမာလာသလို အစားလဲပုံမှန်စားလာပြီ … ဆေးအရှိန်ကြောင့် အိပ်ပျော်တဲ့အချိန်ကများနေသေးပေမဲ့ နိုးထလာလျှင်လဲ လူကောင်းတစ်ယောက်လိုပဲမို့ အနည်းငယ် စိတ်သက်သာရာရသွားတယ် …

" အကို "

" ရန်အာ "

နိုးနိုးချင်း ရှုမန်းကိုတွေ့လိုက်ရတာကြောင့် ရန်အာ အားရဝမ်းသာပွေ့ဖက်လိုက်တယ်  … တစ်ပတ်မှတစ်ခါလောက်သာတွေ့ခွင့်ရတာကြောင့် လွမ်းမပြေနိုင်ဖြစ်နေတယ် …

" နိုးပြီလား "

" အင်း "

" အားရှိအောင် တစ်ခုခုစားရအောင် "

လန်းဆန်းသွားအောင် ရန်အာအားအိမ်အပြင်သို့ခေါ်လာခဲ့တယ် … ခုဆိုဝှီးချဲမလိုတော့ပဲ တွဲပေးယုံနဲ့လျှောက်နိုင်နေပြီ … အပြင်ရောက်တော့ ခုံပေါ်မှာထိုင်ခိုင်းလိုက်ပြီး စားစရာတွေအဆင်သင့်ပြင်ဆင်ပေးလိုက်တယ် … ရန်အာစားနေတဲ့တစ်လျှောက်လုံး ရှုမန်း ငေးကြည့်နေပြီး သူ့ပုံစံနဲ့မတူညီအောင်ပင်ဂရုစိုက်ပေးနေတယ် …

" အကိုခုတလော ပြောင်းလဲသွားတယ်နော် … ကျွန်တော့ကိုမမုန်းတော့ဘူးလား "

" ကိုယ်မင်းကိုမုန်းရင် ဒီမှာထိုင်နေမှာတောင်မဟုတ်ဘူး "

" ဒါပေမဲ့ အကိုခုလိုလုပ်ပေနေတဲ့ပုံကထူးဆန်းတယ် … ကျွန်ရှက်တောင်လာပြီ "

ရှုမန်းအား ရန်အာအားငေးကြည့်နေပြီးနောက် သူ့ရဲ့နှုတ်ကနေ လေးနက်သောစကားများဆိုလာခဲ့တယ် …

" ရန်အာ … အကိုတို့ လက်ထပ်ရအောင် "

ရှုမန်းရဲ့ရုတ်တရပ်စကားကြောင့် ရန်အားလက်ထဲကဇွန်ပင်ပြုတ်ကျသွားတယ် …

" အကိုတကယ်ပြောတာလား "

" ကိုယ်စနေတာမဟုတ်ဘူး … ခုဆိုရင် ရှန်ဟွှာလဲ သူ့အပြစ်သူခံနေရပြီ … မကြာခင်မှာ ဒီကိစ္စကြီးကပြီးဆုံးတော့မယ် … အကိုအမှန်တရားကိုဖော်ထုတ်ပြီးရင် မင်းနဲ့လက်ထပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေသွားချင်တယ် … အရင်ကလောဘကြောင့်အပြစ်တွေလုပ်ခဲ့မိပေမဲ့ တကယ်ပျော်ရွှင်စေတာကပိုင်ဆိုင်မှုတွေလားအချစ်စစ်လားဆိုတာ ကိုယ်ခွဲခြားနိုင်ခဲ့ပြီ … ကိုယ့်ကိုတကယ်ပျော်ရွှင်စေတဲ့အရာက မင်းပဲရန်အာ "

ရန်အာတော်တော်နဲ့စကားပြန်မပြောနိုင်လောက်အောင်ပျော်ရွှင်နေမိတယ် …

" ဒါ … ဒါဆို အကိုကကျွန်တော်နဲ့အတူနေမှာပေါ့နော် … ဒီအလုပ်တွေကိုလဲစွန့်လွှတ်ပြီး အချိန်တိုင်း ကျွန်တော့အနားမှာပဲ ရှိနေမှာပေါ့နော် "

" ဒါပေါ့ … ဒီအလုပ်တွေက မကြာခင်အဆုံးသပ်ရတော့မှာ … အားလုံးပြီးဆုံးသွားရင် ကိုယ်မင်းဆီ ပြန်လာခဲ့မယ် "

ရန်အာပျော်လွန်း၍ ထလာကာ ရှုမန်ရင်ခွင်ကြား ဖက်သွယ်ပြီး ငိုကြွေးနေမိလေတော့တယ် … ရှုမန်းက စားပွဲပေါ်ကသူသောက်လက်စဘီယာဘူးအပေါ်ကကွင်းအားဖြုတ်လိုက်ပြီး သူ့ရင်ခွင်ထဲမှာငိုကြွေးနေတဲ့ ရန်အာလက်သန်း၌ စွပ်ပေးလိုက်တယ် …

" ခုကိုယ့်ဆီမှာ မင်းအတွက်လက်စွပ်သီးသန့်မလုပ်ရသေးဘူး … ကိုယ်အဲ့ဒါကိုအရင်ဆုံးပြင်ဆင်လာခဲ့သင့်တာ … ခုတော့ဒါလေးကိုပဲစရံအဖြစ်သဘောထားလိုက် … ပြီးရင်ကိုယ်မင်းအတွက် လက်ထပ်လက်စွပ်တစ်ကွင်း လုပ်ပေးမယ် "

ရန်အာက ရှုမန်းကိုယ်တိုင်စွပ်ပေးတဲ့ ကွင်းလေးအား ပျော်ရွှင်စွာ ငေးကြည့်နေပြီး …

" ရပြီ … ဒါနဲ့တင်အဆင်ပြေပါပြီ … လက်စွပ်တွေကအရေးမကြီးဘူး … ဒီလိုအချိန်မှာအကိုပေးတဲ့ဘယ်ပစ္စည်းမဆို ကျွန်တော့အတွက်အဖိုးတန်တယ် … ဒါကိုကျွန်တော်သိမ်းထားမယ် "

ပြောပြီးနောက် ရန်အာ သူ့လက်သန်းကကွင်းလေးအား တယုတယဖြင့်ရင်ခွင်ထဲ၌ ဆုတ်ကိုင်ထားလေတော့တယ် …

*

*

*

ချူးရှန့်တစ်ယောက် ရှန်ဝေအားအတွေ့မခံပေ … ယခုအချိန်ထိ အခန်းထဲကနေအပြင်မထွက်ပဲ တစ်ယောက်ထည်းနေနေတယ် … တစ်ခါတစ်ရံ ရှန်ဝေရဲ့မိခင်ဖြစ်သူက အစားအစာလာပို့ပေးရင်း သူမစကားပြောဖို့ကြိုးစားပေမဲ့ ချူးရှန့်ကလက်မခံပေ … တစ်ပတ်ခန့်မျှ ကြာမြင့်သည်ထိပင် …

' ဒေါက် … ဒေါက် '

" အကိုချူးရှန့် "

အသံက ဆုန်းချူရဲ့အသံဖြစ်ပြီး ချူးရှန့်အားအတော်ကြာတဲ့ထိအော်ခေါ်ကာ တံခါးဖွင့်ခိုင်းနေတယ် … ရက်အတော်ကြာတော့ ချူးရှန့်ဒါဏ်ရာတွေလဲသက်သာပျောက်ကင်းပြီး စိတ်အခြေအနေလဲ အနည်းငယ်ကောင်းမွန်လာတာကြောင့် ဆုန်းချူအားဝင်လာဖို့ခွင့်ပြုလိုက်တယ် … သူမက ချူးရှန့်ကိုမြင်တော့ အားရဝမ်းသားပြေးဝင်လာခဲ့တယ် …

" အကိုချူးရှန့် … အဆင်ပြေရဲ့လား "

" အင်း … မင်းဘယ်လိုရောက်လာတာလဲ "

" ကျွန်မအကိုတို့ကိုရှာနေတာ … ဒါပေမဲ့ဘယ်မှာမှမတွေ့ဘူး … အကိုချူးရှန့်ဒီမှာရှိနေတယ်ဆိုတာ ဘယ်သူမှမသိဘူး "

ချူးရှန့်က ရှန်ဝေသူ့အားဓားစာခံအဖြစ်ဖမ်းကာ သခင်ဖန်းဂူတို့ရှိနေမဲ့နေရာအားမေးလိမ့်မည်ဟုထင်နေခြင်းပင် … ယခုလိုဘယ်သူမှမသိဘူးဆိုတဲ့စကားကြားတော့မှ သူ့အားကျန်းမိသားစုက ဖွက်ပေးထားမှန်းသိသွားတော့တယ် …

" ငါ့ကိုစစ်မေးဖို့ဖမ်းထားကြတာမဟုတ်ဘူးလား "

" စစ်မေးဖို့ဆိုရင် ခုလိုအိမ်ထဲကအခန်းထဲမှာဖမ်းထားပါ့မလား … ထောင်ထဲမှာပဲထားမှာပေါ့ … ပြီးတော့ ဘယ်အရာရှိကမှ အကိုဒီမှာရှိမှန်းမသိဘူး … ခုဆို ရှန်ဖန်းဂူကိုဖမ်းဝရမ်းထုတ်ထားပြီးသခင်မကြီးကိုလဲအကျယ်ချုပ်ချထားတယ် … လွတ်နေသေးတာဆိုလို့ အကိုချူးရှန့်နဲ့ရှန်ဖန်းဂူပဲရှိတယ် "

ထိုအခါမှ ချူးရှန့်သက်ပြင်းချနိုင်တော့မယ် … ယာရှာရှိတာကြောင့် မင်းယွီလွတ်မြောက်နယ်မြေမှာအန္တရာယ်ကင်းကင်ရှိနေမယ်ဆိုတာ ယုံကြည်တယ် … ခုဆိုသခင်ဖန်းဂူလဲပြန်ရောက်ပြီး သူတို့အတူရှိနေလောက်ပြီ … ချူးရှန့်စိတ်အေးသွားတော့မှ နေရထိုင်ရအဆင်ပြေသွားတော့တယ် …

" ဒါနဲ့အကိုချူးရှန့်က က
အကိုမင်းယွီတို့ရှိတဲ့နေရာကိုသိလား "

" အကိုသိရင်တောင်ပြောပြလို့မရဘူး … ဒါကအသက်နဲ့ရင်းပြီးကာကွယ်ရမဲ့လျှို့ဝှက်ချက်မို့ပါ "

" ကျွန်မနားလည်ပါတယ် … သူတို့အန္တရာယ်ကင်းတယ်မဟုတ်လားဟင် "

" သူတို့အန္တရာယ်ကင်းတယ် … ဘယ်သူမှမနှောက်ယှက်နိုင်ဘူး "

" ဒီလိုဆိုကြေနပ်ပါပြီ … ကျွန်မအကို့ကိုယုံတယ် … မေမေက အရမ်းစိတ်ပူနေတာ … အမေသာသိရင်ဝမ်းသာနေမှာ  "

ပြီးနောက် ခနမျှငြိမ်သက်သွားပြီး သူမကဆက်၍မေးလိုက်တယ် …

" အမယာရှာရောဟင် … သူမရောအဆင်ပြေရဲ့လား "

" ယာရှာကအကို့ထက်တောင်သန်မာသေးတယ် … သူဘာမှမဖြစ်ဘူး "

ဆုန်းချူပြုံးသွားမိတယ် … သူမခုချိန်ထိယာရှာရဲ့သရုပ်မှန်ကိုမသိသေးပေမဲ့ ယာရှာကရှန်ဖန်းဂူနဲ့ပတ်သပ်နေမှန်းသူမ ရိပ်မိပြီးသားပင် … ဒီလိုအခြေအနေမျိုးမှာ သူမဆက်မမေးမြန်းတော့ပေ … ချူးရှန့်နဲ့စကားတွေဆိုပြီးနောက် အောက်ထက်ကိုဆင်လာဖို့ခေါ်လိုက်တယ် … သူ့အားအတင်းအကြပ်မေးမြန်းဖို့ ဖမ်းစီးထားတာမျိုးမဟုတ်ပဲ ဖွက်ပေးထားမှန်းသိလိုက်ရပြီးနောက် ချူးရှန့်မငြင်းဆန်တော့ပေ … ဆုန်းချူနဲ့အတူအောင်ထက်သို့ဆင်းလာခဲ့တယ် …

" သား … နောက်ဆုံးတော့ထွက်လာပြီပဲ … လာ "

အောက်ထပ်မှာ ရှန်ဝေရဲ့မိခင်တစ်ဦးတည်သာရှိနေပြီး သူမက ချူးရှန့်အားမြင်မြင်ချင်းအပြုံးလေးနဲ့စီးကြိုလိုက်တယ် … ချူးရှန့်အားနာမိပေမဲ့ ဘာစကားတစ်ခွန်းမှမပြောပဲငြိမ်သက်စွာထိုင်လိုက်တယ် …  ချူးရှန့်သူတို့အားအထင်လွဲမှားမိမှန်းသိလိုက်ရပေမဲ့ ခုချိန်ထိ ရှန်ဝေကိုတော့ ခွင့်မလွှတ်နိုင်သေးပေ … သခင်မကြီးက ချူးရှန်နေရတာအဆင်မပြေမှန်းသိနေ၍ ချူးရှန့်နဘေးမှာဝင်ထိုင်လိုက်ပြီး နှစ်သိမ့်ပေးလိုက်တယ် …


" သား ဘာမှမတွေးနဲ့ … လွတ်လွတ်လပ်လပ်ပဲနေ "

သူမကဖော်ရွေနေတာကြောင့် ချူးရှန့်ကမေးမြန်းလိုက်တယ် …

" ကျွန်တော့ကိုဘာကြောင့်ဖွက်ထားပေးတာလဲ "

သူမကညှင်သာစွာပင်ပြန်လည်မေးမြန်းလိုက်တယ် …

" ဒီအခြေအနေမျိုးမှာ သားက ဘယ်သွားချင်လို့လဲ "

" ကျွန်တော့်ကိုရဲလက်မအပ်ရင်လဲ ထွက်သွားခွင့်ပြုပါ "

" သားမေ့နေပြီလား … ရှန်ဝေကရဲပဲလေ … သူဖမ်းထားတဲ့လူကို အန်တီကဘယ်လိုလုပ် လွှတ်ပေးလို့ရမှာလဲ "

ထိုအခါ ဆုန်းချူကပါ ထောက်ခံပေးလာတယ် …

" ဟုတ်တယ် … ဒီအချိန်မှာအကိုထွက်သွားရင် နောက်ရောင်ခံလိုက်မဲ့လူတွေအများကြီး … အကိုကရောဒီကနေထွက်သွားပြီးရင် ဘာဆက်လုပ်မှာလဲ … နေဖို့အတွက်ရောနေရာရှိလို့လား … ရှန်ဟွှာကလဲအဓိကစောင့်ကြည့်နယ်မြေဖြစ်နေပြီ … ဒီမှာတိတ်တိတ်လေး နေနေတာကအကောင်းဆုံးပဲ "

" ဒါပေမဲ့ … "

" ဘာမှစိတ်မပူနဲ့ … သားပျော်အောင်ဘာမဆိုလုပ်ပေးမယ် … ဒီမှာပဲနေပါနော် … အန်တီသားလေးကိုစိတ်ဆိုးတေမှန်းသိပါတယ် … သူ့ဆီကဖြေရှင်းချက်လေးကို သားနားထောင်ကြည့်ပြီးမှ ဆုံးဖြတ်ပါ "

သူ့အပေါ်အလွန်ကောင်းပေးနေတဲ့ သခင်မကြီးကြောင့် ချူးရှန်ဆုံးဖြတ်ရခက်ခဲသွားတယ် … သူဒီအိမ်ကနေ ထွက်ပြေးခဲ့ရသ်တောင် သူပထမဆုံးသွားမိမှာက ရှန်ဖန်းဂူတို့ရှိတဲ့ကျွန်းကိုပင် … ဒီလိုဆိုရင် သူကနောက်ရောင်ခံလိုက်တဲ့လူတွေကိုလမ်းပြသလိုဖြစ်သွားလိမ့်မယ် … အပြင်မှာနေနေရင်လဲ သူတို့ကိစ္စတွေကအကုန်ပေါ်သွားပြီမို့ အမှောင်မှာရောအလင်းမှာပါလုံခြုံတဲ့နေရာဆိုတာ မရှိတော့ဘူး … ဒါကြောင့်မို့ သခင်ဘက်ကဆက်သွယ်လာတဲ့အချိန်ထိ ဒီနေရာကနေစောင့်နေရန် ဆုံးဖြတ်လိုက်တယ် …

" ကျွန်တော်ဒီမှာပဲ ဆက်နေပါ့မယ် … ဒါပေမဲ့တစ်ခုလောက် တောင်းဆိုလို့ရမလား "

" ဘာများလဲ … ပြောပါ "

ချူးရှန့်နေမယ်ဆိုတော့ ပျော်ရွှင်သွားပြီး သခင်မကြီးက စိတ်ဝင်တစား နားထောင်ပေးနေတယ် …

" ကျွန်တော်ခုချိန်မှာ သူ့အကြောင်းမကြားချင်ဘူး … ပြီးတော့ သူ့ကိုလဲမတွေ့ချင်သေးဘူး … အန်တီကူညီပေးနိုင်မလား … ကျွန်တော့ကိုသူလာမတွေ့နိုင်အောင်လုပ်ပေးပါ … ဒါမှကျွန်တော်ဆက်နေနိုင်မှာ "

" အန်တီသားအသည်းကွဲအောင် အန်တီကိုယ်တိုင်လုပ်ပေးစေချင်တာလား …   ဒါပေမဲ့ သားကခိုင်းတော့လဲ အန်တီလုပ်ပေးရမှာပေါ့ … ခုတော့သူမရှိတုန်း လိမ်လိမ်မာမာနဲ့အစားလေးစားလိုက်နော် "

ထိုအခါမှ ချူးရှန့်သဘောတူလိုက်ပြီး အစားဝင်အောင်စားတော့တယ် …  ဆုန်းချူပြန်သွားတဲ့ထိ ချူးရှန့်ပြုံးပြုံးရွှင်ရွှင်နဲ့ စကားတွေဆိုနေပြီးနောက် အနားယူဖို့ပြင်လိုက်တယ် …

" သား … ဒီညစောစောအိပ်မှာလား "

" ဟုတ် … ကျွန်တော် အခန်းထဲသွားတော့မယ် "

" ကောင်းကောင်းအနားယူနော် "

ချူးရှန့်သောကစိတ်တွေကြောင့် အိပ်မပျော်တဲ့နေ့တွေများခဲ့ပြီ … ဒီနေ့တော့ စိတ်ချမ်းသာသွားပြီး စောစောအိပ်ယာဝင်ခဲ့တယ် … ဘယ်လောက်တောင်အိပ်ပျော်သွားလဲဆိုရင် အိမ်မက်ထဲမှာ နတ်ပြည်ရောက်သွားသလို နွေးထွေးနေပြီး လုံခြုံမှုအပြည့်ရှိတဲ့အနွေးဓာတ်လေးတွေရရှိခဲ့တယ် … အရင်ကစိုးရိမ်ကြောင့်ကြမှုတွေ ပျောက်ကွယ်သွားပြီး အလွန်စိတ်သက်သာကာ ကြည်နူးမှုအပြည့်ပေးစွမ်းနေတယ် …

တဒုန်းဒုန်းခုန်နေတဲ့အသံတွေကဆူညံနေပြီး လေတိုက်သံလိုပြင်းပြပြအသံတွေကသူ့ရဲ့နားသို့ထိခပ်နေပြီး ပူနွေးနွေလေငွှေ့တွေရဲ့ထိတွေ့မှုကို ခံစားနေရတယ် … လက်တွေက လှုပ်ရှား၍မရပဲ ဖိနှိပ်ခံထားရသလို သူ့တစ်ကိုယ်လုံး ရေဘဝဲတစ်ကောင်ရစ်ပတ်ထားသည့်နယ် ခံစားနေရပြီး နောက်ဆုံး ချူးရှန့်အိမ်မက်ကနေ လန့်နိုးလာခဲ့တယ် … တကယ်တော့အိမ်မက်မဟုတ်ပဲ အပြင်၌ ဖက်သွယ်ခံထားရခြင်းပင် …

လေပူတွေက နီးကပ်နေတဲ့ ရှန်ဝေရဲ့အသက်ရှူသံတွေဖြစ်ပြီး တဒုန်းဒုန်းအသံက ရှန်ဝေရင်ဘက်ထဲကနှလုံးသားလေးရဲ့ ခုန်ပေါက်နေသံများပင် … ချူးရှန်အသိပြန်ဝင်လာတော့ ရုန်းကန်ထကာ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိ အိပ်မောကျနေတဲ့ ရှန်ဝေအား ကုတင်ပေါ်ကနေ ကန်ချပြစ်လိုက်တယ် … အကျနာသွားတဲ့ရှန်ဝေ ခါးကိုလက်နဲ့ထောက်ပြီး ညည်းညူနေတော့တယ် …

" အ့ … ကိုကို အရမ်းနာတယ်ဗျ  "

" မင်း … မင်းငါ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ "

" ဒါက ကျွန်တော့အခန်းလေ "

" ဟမ် "

ထိုအခါမှ ရှန်ဝေဘေးပတ်ဝန်းကျင်အားကြည့်လိုက်မိတယ် … သူအိပ်ယာမဝင်ခင်တုန်းက သခင်မကြီးက အခန်းပြောင်းဖို့ပြောပြီး ပိုပြီးသက်တောင့်သက်သာရှိကာ လေဝင်လေထွက်ကောင်းတဲ့ အခန်းမှာပြောင်းနေဖို့အကြံပေးပြီး သခင်မကြီးညွှန်ပြတဲ့အခန်းထဲသို့ဝင်လာမိခြင်းပင် … အခန်းက အလွန်သပ်ရပ်ကာ ဘာပစ္စည်မှများများစားစားရှိမနေ၍ အခန်းလွတ်ဟုထင်မိကာ စိတ်ချလက်ချအိပ်နေခြင်းပင် …

" ဒါပေမဲ့ မင်းအမေက ငါ့ကိုဒီမှာနေခိုင်းထားတာ "

" အော် … ဒါဆို မေမေကအကို့ကို ကျွန်တော်နဲ့အတူ နေစေချင်တာဖြစ်မယ် "

" မဖြစ်နိုင်တာ … မင်းငါ့ကိုလာမတွေ့ဖို့ပြောထားတယ် "

" ဘယ်မိဘက ကို့သားစိတ်ဆင်းရဲအောင်လုပ်မှာလဲ … အကိုမတွေးမိဘူးလား … ခုကျွန်တော်ကအကို့ကိုလာတွေ့တာမဟုတ်ဘူး အကိုကကျွန်တော့ကိုလာတွေ့တာလေ … မေမေလဲကတိတည်ခဲ့တာပဲ "

" မင်း "

မှန်နေတာမို့ ချူးရှန့်ဘာမှဆက်မပြောနိုင်တော့ပဲ ကုတင်ပေါ်ကနေဆင်းက အခန်းထဲကနေထွက်ဖို့ပြင်တော့ အခန်းတံခါးကဖွင့်မရပြန် … အပြင်က ကလန့်ချထားပုံပင် …

" အော် မေ့နေတာ … ကျွန်တော့အဖေက အိမ်လုံခြုံရေးအတွက် ညတိုင်းအပြင်ကနေကလန့်ချထားလေ့ရှိတယ် … မနက် ၆ နာရီထိုးမှပြန်ဖွင့်ပေးတာ … အကိုထွက်ချင်ရင် ၆ နာရီထိစောင့်ရမယ် "

" …… "

ချူးရှန်ဘာမှဆက်မပြောတော့ပဲ တံခါးအခြေမှာပဲ စောင့်ကြောင့်ထိုင်ချလိုက်တယ် … သူခုချိန်ထိ ရှန်ဝေနဲ့မျက်နှာချင်းဆိုင်ကာ ဖြေရှင်းဖို့အဆင်သင့်မဖြစ်သေးဘူး … ဘယ်လိုအကြောင်းပြချက်တွေရှိနေမလဲမသိနိုင်သလို ဖြစ်ပျက်သွားတဲ့အရာတွေက ပြန်လည်ပြင်ဆင်၍မရတာကြောင့် နားလည်ခွင့်လွှတ်ပေးနိုင်ဖို့ ခက်ခဲလွန်းလှတယ် … ရှန်ဝေသာ မမှားခဲ့ရင် ချူးရှန့်ဘယ်လိုအပြစ်ရှာလို့ရတော့မှာလဲ … သူကအနှေးနဲ့အမြန်ထွက်သွားရမဲ့သူပဲ … အန္တရာယ်ကြားက ရှန်ဟွှာကို အသက်ပေး ကာကွယ်ပေးရမှာမို့ အနာဂတ်တွေဆိုတာ စိတ်ကူးယဉ်၍ပင်မရပါ …

" အကို "

ရှန်ဝေရဲ့အသံကညှင်သာပြီး ရှောင်ဖို့ကြိုးစားနေတဲ့ ချူးရှန့်ပင် ဖြတ်ကနဲလှည့်ကြည့်မိသွားတယ် … မျက်ဝန်းတွေက ဝမ်းနည်းကြေကွဲကွာ မိမိအပြစ်ကိုဝန်ခံနေတဲ့ ခွေးပေါက်လေးပမာ သူ့အားစိုက်ကြည့်နေခြင်းကြောင့် ချူးရှန့်အကြည့်လွှဲလိုက်တယ် …

" မင်းအရေးမကြီးရင်နောက်မှပြော … ငါခုမင်းနဲ့စကားမပြောချင်သေးဘူး "

" ကျွန်တော်နားလည်ပါတယ် … အကိုအဆင်သင့်ဖြစ်တဲ့အချိန် ကျွန်တော်ရှင်းပြတာကိုနားထောင်ပေးပါ … ကျွန်တော်စောင့်နေပေးမယ် "

" အင်း … မင်ခုစကားမပြောပဲ ငြိမ်ငြိမ်လေးနေပေး "

" ကျွန်တော်အကို့ကိုရော ကြည့်နေလို့ရလား "

" ငါတားလို့ရော ရမှာမလို့လား … မင်းကြည့်ချင်တဲ့နေရာသာကြည့် … အသံပဲ မထွက်ပဲနေ "

ပြောပြီးနောက် ချူးရှန့် တံခါးအခြေမှာပဲလှဲကာ တံခါးအားမျက်နှာမူပြီးအိပ်လိုက်တယ် … ခနကြာတော့ သူ့ရဲ့ကိုယ်အားအနောက်ကနေပွေ့ချီလိုက်တာကြောင့် လှည့်ကြည့်လိုက်တော့ ရှန်ဝေပင် …

" မင်းဘာလုပ်ပြန်တာလဲ "

" အကိုပြောတဲ့ထဲမှာ မထိရဘူးလို့မှမပါတာ … အောက်ကအေးတယ် … ကုတင်ပေါ်ကိုတင်ပေးမယ် "

" ငါ့ကိုလွှတ် … ငါ့ခြေထောက်အကျိုးမဟုတ်ဘူး … သွားနိုင်တယ် "

" ဒါပေမဲ့ ကျွန်တော်ချီပေးချင်တယ် … အကိုငြိမ်ငြိမ်လေးပဲနေ "

ဘယ်သူက ရှန်ဝေရဲ့အားအင်ကိုယှဉ်ပြိုင်ပြီးရုန်းထွက်နိုင်လိမ့်မလဲ … မတူညီတဲ့ခွန်အားကြောင့် ချူးရှန့်ငြိမ်ငြိမ်လေးနေပြီး ရှန်ဝေကပွေ့ချီကာကုတင်ပေါ်တင်ပေးတာကို ခံယူနေမိတယ် … ပြီးသွားတော့ ရှန်ဝေက စောင်ခြုံပေးပြီး သူကိုယ်တိုင်လဲ ချူးရှန်နဘေးမှာ ဝင်လှဲလိုက်တယ် …

" မင်း … အောက်မှာအိပ် "

" အောက်ကအေးတယ် "

" ဒါဆိုငါအိပ်မယ် "

" အကိုလဲ မအိပ်ရဘူး "

ရှန်ဝေက ချူးရှန့်ထမရအောင် သူ့ရဲ့လက်မောင်းတွေနဲ့ဖမ်းချုပ်လိုက်တယ် … ချူးရှန်တစ်ယောက် ရှန်ဝေရင်ခွင်ထဲကနေ ရုန်းထွက်မရနိုင်တော့သလို ထိုသို့အလွန်နီးကပ်စွာလဲမနေနိုင်တာနဲ့ ရှန်ဝေအား လှည့်ကြည့်ကာ တိုးညှင်းစွာဆိုလိုက်တယ် …

" ငါမင်းနဲ့အတူမနေချင်ဘူး "

ရှန်ဝေမျက်ဝန်းတွေက ဝမ်းနည်းမှုတို့အထင်းသားပေါ်နေပေမဲ့ နှုတ်ခမ်းတွေကတော့ ပြုံးပြနေဆဲ … ချူးရှန့်အား သူ့ကြောင့် နည်းနည်းလေးမှ စိတ်ဆင်းရဲမခံစေချင်ပုံပင် … သူနာကျင်နေရင်တောင် ထိုနာကျင်မှုကိုအပြုံးလေးနဲ့ဖုံးကွယ်ထားမည့်သူမျိုး … ချူးရှန့်ပြောလိုက်တဲ့စကားတွေကိုမကြားလိုက်သလိုပင် လစ်လျှူရှုကာ ပြန်ဆိုလာတယ် …

" ရှူး … ညည့်နက်နေပြီ အကိုစကားမပြောနဲ့တော့ … ငြိမ်ငြိမ်လေးအိပ် … ကျွန်တော်ဖက်ထားပေးမယ် "

" …… "

* ငါမင်းနဲ့ခုလိုနေနေရင် နောက်ပိုင်း ငါပဲရွေးချယ်ဖို့ခက်ခဲလိမ့်မယ် ကျန်းရှန်ဝေ … *

ထိုညက ချူးရှန့် ရှန်ဝေရင်ခွင်ထဲမှာပဲ အိပ်ဆက်လိုက်ရတယ် … နောက်တစ်နေ့ရောက်တော့ တံခါးဖွင့်လို့ရတာနဲ့ ချူးရှန့်ချက်ချင်းသူ့ရဲ့အခန်းသို့ပြန်လာခဲ့တယ် … ဒီအိမ်မှာ ဆက်နေတာက သူ့အတွက် လုံခြုံပေမဲ့ ရှန်ဝေနဲ့ဆက်ဆံရေးကတော့ လွယ်ကူပါ့မလား မတွေးတတ်တော့ခြေ …

………………………………………………………

To Be Continued ……

Zawgyi
~~~~~~~

တိက်ေသခ်ာတဲ့အမႈမရွိပဲ စြတ္ဆြဲမႈေတြနဲ႕ Lion အားဖမ္းဝရမ္းထုတ္ကာ အခ်ိန္တစ္ခုၾကာျမင့္တဲ့ထိ ရွာေဖြမႈေတြ ရပ္မသြားခဲ့ဘူး … ျပည္သူေတြရဲ႕ေၾကာက္စိတ္နဲ႕ဖိအားေပးမႈတို႔ေၾကာင့္ Lion ( ရွန္ဖန္းဂူ ) ကိုအျပစ္သားတစ္ေယာက္အျဖစ္သတ္မွတ္လိုက္ဖို႔ လြယ္ကူသြားတယ္ … ဒီကိစၥေၾကာင့္ နယ္စပ္မွာေတာင္းက်န္းေနတဲ့အုပ္စုအား Lion ကဦးေဆာင္ေနတယ္ဆိုတဲ့ သတင္းမွားေတြက ျဖန႔္စရာမလိုေလာက္ေအာင္ ျပန႔္ႏွံ႕သြားေလတယ္ …

ယခုအိမ္ေတာ္မွာ သခင္မႀကီးတစ္ေယာက္သာလွ်င္ရွိေနၿပီး ေယာက္်ားနဲ႕ဖခင္က အဖမ္းခံထားရကာ သားျဖစ္သူက ဝရမ္းေျပးျဖစ္ေနေပမဲ့ သူမနည္းနည္းေလးမွ အင္အားေလ်ာ့နည္းပုံမျပပဲ ျဖစ္လာသမွ်အရာအားလုံးကို ရင္ဆိုင္ဖို႔အသင့္ျပင္ဆင္ထားတယ္ …

သူမအသက္ရွင္သန္လာတဲ့တစ္ေလွ်ာက္ ယခုလိုအေျခအေနမ်ိဳးကို ႀကိဳတင္မွန္းစထားၿပီးျဖစ္သလို သူမစိတ္ကိုလဲ အဆင္သင့္ျပင္ဆင္ထားၿပီးၿပီ … ယခုသူမအနားမွာရွိေနသူက ခ်ဴးေလာင္ဝီနဲ႕ခ်ဴးေလာင္ရွန႔္တို႔သားအဖပင္ …

" သခင္မေလး … သခင္ေလးဖန္းဂူတို႔သားအဖက လြတ္ေျမာက္နယ္ေျမမွာ အႏၲရာယ္ကင္းကင္းရွိေနပါတယ္ "

အဖိုးေလာင္ဝီရဲ႕တင္ျပသံၾကားေတာ့မွ သူမအသက္ရႉနိုင္ေတာ့တယ္ … ရွန္ဟႊာအေပၚစြန္းထင္ေနတဲ့အမဲကြက္ႀကီးကို ေျဖရွင္းဖို႔ သူမႀကိဳးစားရအုံးမယ္ … ထိုစဥ္ အိမ္ေတာ္အတြင္းသို႔ မဖိတ္ေခၚပဲ ဧည့္သည္တစ္ခ်ိဳ႕ ေရာက္ရွိလာၾကတယ္ … ရွန္ဟႊာရဲ႕အေစာင့္ေတြေနရာမွာ ရဲေတြအစားထိုးထားၿပီး သူမအားအိမ္အက်ယ္ခ်ဳပ္အသြင္ခ်ထားျခင္းပင္ …

ဝင္လာသူကေတာ့ အရာရွိပတ္ဒိုမင္းနဲ႕ က်န္းရွာေမ့တို႔ျဖစ္တယ္ … သူတို႔ဝင္လာေတာ့ ေဘးနားကအေစာင့္ေတြနဲ႕ အဖိုးေလာင္ဝီအား အျပင္ထြက္ဖို႔အမိန႔္ေပးလိုက္တယ္ … အားလုံးရွင္းလင္းသြားေတာ့မွ ရွားေမ့က သခင္မမိုနန္းအားႏႈတ္ဆက္လိုင္တယ္ …

" မိုနန္းမေတြ႕တာၾကာၿပီ … မင္းေနေကာင္းရဲ႕လား "

" လူကေနေကာင္းေပမဲ့ စိတ္အေျခအေနကေတာ့ျမင္တဲ့အတိုင္းပဲ "

သူမကတိုတိုနဲ႕ျပတ္ျပတ္သာျပန္ေျဖလိုက္တယ္ … အိုမီဂါျဖစ္တဲ့မိုနန္းက အယ္ဖာျဖစ္တဲ့ရွာေမ့နည္းသူသန္မာၿပီး ငယ္စဥ္ကတည္းက ခင္မင္လာခဲ့ၾကေပမဲ့ ရွန္ဟႊာနဲ႕က်န္းမတည့္တာကေန သူတို႔လဲကြဲကြာသြားခဲ့ၾကတယ္ … မိုနန္းကသန္မာၿပီးထက္ျမတ္တဲ့မိန္းမတစ္ေယာက္ ျပႆနာေတြကိုလဲရဲဝံ့စြာရင္ဆိုင္နိုင္သူ ဒါေၾကာင့္မို႔ ရွာေမ့သူမကိုနည္းနည္းေလးမွအထင္ေသးတဲ့စိတ္မ်ိဳးမရွိဘူး … သူမရဲ႕ေယာက္်ားအေပၚသစၥာရွိမႈနဲ႕မ်ိဳးႏြယ္စုကိုထိန္းသိမ္နိုင္မႈေတြေၾကာင့္ ကမာၻျခင္းကြဲေနတာေတာင္မွ ေလးစားမိတယ္ …

" ဘာဆက္လုပ္မွာလဲ မိုနန္း … သူတို႔ပုန္းေနတဲ့ေနရာကိုေျပာျပရင္ ငါလဲမင္းကိုကူညီနိုင္လိမ့္မယ္ "

ဒိုမင္းနဲ႕ရွားေမ့က မင္းယြီကိုရွာေဖြဖို႔အတြက္ ရွန္ဟႊာသို႔ေရာက္လာျခင္းပင္ … သူမမွာ ရွန္ဖန္းဂူကိုဖမ္းစီးဖို႔အစီစဥ္မရွိေပ … မိုနန္းကလဲ သူ႕သားရဲ႕မိသားစုအားအျပည့္အဝကားကြယ္ေပးဖို႔ဆုံးျဖတ္ထားတယ္  …

" သူတို႔မွာဘာအျပစ္မွမရွိဘူးရွာေမ့ … ၿပီးေတာ့ ခုစြတ္ဆြဲခံေနရတာရဲ႕တစ္ဝက္ကအလိမ္အညာေတြႀကီးပဲ … ဒါကိုမင္းအသိဆုံးပဲမဟုတ္လား … ငါ့သားရဲ႕မိသားစုက ဘာအျပစ္ေတြမ်ားရွိေနေသးလို႔လဲ  "

" ငါတို႔ကအရာရွိေတြျဖစ္တဲ့အတြက္ အမွားလုပ္သူကိုေတာ့အျပစ္ေပးရမွာပဲ … Lion ဦးေဆာင္တဲ့ လက္နတ္ေမွာင္ခိုလုပ္ငန္းေတြေၾကာင့္ အျပစ္မဲ့ျပည္သူေတြဒုကၡေရာက္တာမ်ိဳးရွိခဲ့ဖူးတယ္ … ဒါေတြအတြက္ျပန္ေပးစပ္ရဖို႔ကမလြဲမေသပဲ "

" အျပစ္ေႂကြးေတြအတြက္ လူ ၂ ေယာက္ကိုဖမ္းစီးၿပီးၿပီပဲ မေက်နပ္ေသးဘူးလား … ဒါမွမဟုတ္ Lion ကမင္းတို႔ရဲ႕အဓိကသားေကာင္ျဖစ္ေနလို႔လား … မင္းနာမည္ရခ်င္ယုံသပ္သပ္နဲ႕ Lion ကိုဖမ္းစီးဖို႔ႀကိဳးစားေနတာဆို ခုခ်က္ခ်င္းရပ္လိုက္ပါ "

မိုနန္းရဲ႕စကားသံေတြထဲမွာ ပူေလာင္မႈေတြကအထင္းသား … သူမကသန္မာတယ္ဆိုရင္ေတာင္ မိခင္တစ္ေယာက္ရဲ႕ေသာကေတြကိုေတာ့ ဖုံးကြယ္ထား၍မရေပ … သူ႕သားအေပၚမဟုတ္မမွန္တဲ့စြတ္ဆြဲမႈေတြနဲ႕ ဝရမ္းေျပးသပ္မွတ္ကာ ဖမ္းစီးဖို႔ႀကိဳးစားေနတာေတြကို သူမလက္မခံနိုင္ေပ … ရွာေမ့က သက္ျပင္းဖြဖြခ်င္းရင္း ေျပာလာတယ္ …

" ခုခ်ိန္မွာ မင္းရဲ႕ေသာကေတြကို ငါခံစားေပးလို႔ရတယ္ … တစ္ခ်ိန္ကငါကိုယ္တိုင္လဲ ငါ့အေဖနဲ႕ေယာက္်ား ခုလိုအေျခအေနျဖစ္ေနတာကိုျမင္ေတြ႕ခဲ့ရတယ္ … ဒါကသူတို႔အျပစ္ေတြမို႔ အမွန္တရားကို ငါလက္ခံခဲ့တယ္ … ဒါေပမဲ့ မင္းရဲ႕သားကိုမင္းဒီတိုင္းလႊတ္ထားရင္သူ႕ရဲ႕ေဒါသနဲ႕ထိန္းမနိုင္ျဖစ္ၿပီး အမွားကေနအမွန္ျဖစ္ၿပီး အမႈကဒိထပ္ႀကီးသြားနိုင္တယ္ "

" ခု ရွန္ဖန္းဂူက အရင္လိုမဟုတ္ေတာ့ဘူး … ေသြး႐ူးေသြးတမ္းနဲ႕ေလွ်ာက္လုပ္မွာမဟုတ္ဘူး … သူ႕အနားမွာ သူ႕မိသားစုရွိတဲ့အတြက္ သူပိုၿပီးဂ႐ုတစိုက္လႈပ္ရွားလိမ့္မယ္ … ငါ့သားကိုငါယုံၾကည့္တာမို႔ မင္းဝင္မပါလဲျဖစ္တယ္ "

" ဒါေပမဲ့ ရွန္ဖန္းဂူအနားမွာမင္းယြီနဲ႕သားေလးရွိေနတာက သူ႕အတြက္အားနည္းခ်က္ျဖစ္သြားနိုင္တယ္ … ငါခုဒီကိုေရာက္လာတာက မင္းနဲ႕တိုင္ပင္ခ်င္လို႔ပါ … ငါတို႔ကတစ္ေလွတည္းစီးေတြမဟုတ္ၾကေတာ့ေပမဲ့ ငါတို႔ရဲ႕ဦးတည္ခ်က္ကတစ္မ်ိဳးထည္းပဲ … မင္းကရွန္ဟႊာကိုမွားယႊင္းစြတ္ဆြဲမႈေတြကိုေျဖရွင္းခ်င္သလို ငါတို႔ကလဲအမွန္တရားကိုရွာေဖြခ်င္တယ္ … အေမွာင္နဲ႕အလင္းျပႆနာက ငါတို႔ထင္သေလာက္လြယ္လြယ္ေျဖရွင္းလို႔မရဘူး … ဆက္ၿပီးဘယ္လိုတိုက္ခိုက္မႈေတြနဲ႕ႀကဳံလာရမလဲမသိနိုင္လို႔ မင္းယြီနဲ႕ လုယီေလးကို ရွန္ဖန္းဂူနားမွာထက္ အႏၲရာယ္ကင္းတဲ့ေနရာမ်ိဳးမွာထားေစခ်င္တယ္ "

ထိုအခါတစ္ခ်ိန္လုံးၿငိမ္ေနတဲ့ ဒိုမင္းကဝင္ေျပာလာခဲ့တယ္ …

" ကြၽန္ေတာ္ကဖခင္ေကာင္းတစ္ေယာက္မျဖစ္ခဲ့ေပမဲ့ ဒီလိုအေျခအေနမ်ိဳးမွာ ကြၽန္ေတာ့သားကို အႏၲရာယ္မ်ားတဲ့ေနရာမွာ လႊတ္မထားခ်င္ဘူး … ခမ်ားတို႔ရဲ႕မ်ိဳးဆက္လုယီေလးကလဲသူတို႔ရဲ႕ျပစ္မွတ္ျဖစ္ေနနိုင္တယ္ … ခုခ်ိန္ရွန္ဖန္းဂူရဲ႕ပခုံးေပၚမွာ မိသားစုကိုကာကြယ္ေပးဖို႔ဆိုတဲ့ႀကီးေလးတဲ့တာဝန္ကိုထမ္းထားရရင္ တိုက္ပြဲေတြနဲ႕ႀကဳံရတဲ့အခါ သူကအင္အားႀကီးပါတယ္ဆိုရင္ေတာင္ ဟာကြက္တစ္ခုကေတာ့ရွိေနလိမ့္မယ္ … ဒီလိုဆိုရင္ ခမ်ားသားေရာကြၽန္ေတာ့သားပါဒုကၡေရာက္ရလိမ့္မယ္ "

" ရွင္ေျပာတာလဲမွန္ပါတယ္ ပတ္ဒိုမင္း … ဒါေပမဲ့ ရွန္ဖန္းဂူကသူခြင့္မျပဳရင္အေမရင္းျဖစ္တဲ့ကြၽန္မေတာင္ဘာမွမလုပ္ေပးနိုင္ဘူး … သူ႕ဆီကခြင့္ျပဳခ်က္မရပဲ သူ႕မိသားစုကိုခြဲရင္ ဒိထက္ပိုၿပီးအစေပါင္းမ်ားစြာေပါက္ကြဲသြားနိုင္တယ္ … ဒါေၾကာင့္ကြၽန္မသူတို႔မိသားစုနဲ႕ပတ္သပ္ၿပီး ဘာအႀကံမွမေပးနိုင္ဘူး "

ရွားေမ့က ဝင္ေျပာလိုက္တယ္ …

" ဒါဆို သူတို႔ရွိမဲ့ေနရာကိုေရာေျပာျပလို႔ရမလား … ကိုယ္တိုင္ခြင့္ေတာင္းၾကည့္မယ္ "

" ကြၽန္မမေျပာျပနိုင္ဘူး ရွားေမ့ … မင္းရဲ႕သားေတာင္သူ႕ရဲ႕သူငယ္ခ်င္းကိုအျပည့္အဝယုံၾကည္ၿပီးကာကြယ္ေပးေနတာ မင္းကမိခင္ျဖစ္ၿပီး ဘာေၾကာင့္နားလည္မေပးနိုင္တာလဲ … ရွန္ဖန္းဂူနဲ႕မင္းယြီကို ခြဲခြာတာက မွန္ကန္တဲ့လုပ္ရပ္မဟုတ္ဘူး … ခုမင္းတို႔လုပ္ရမွာက ရွန္ဟႊာအမႈကိုေဖာ္ထုတ္ဖို႔ႀကိဳးစားတဲ့လူရဲ႕ေနာက္ေၾကာင္းကိုလိုက္ၿပီး ငါ့အေဖနဲ႕ငါ့ေယာက္်ား အျပစ္ရွိမရွိစစ္ေဆးရမွာ … သူတို႔ကိုခုဘယ္မွာထားလဲဆိုတာေတာင္ငါမသိရေသးဘူး "

" ေကာင္းၿပီ … မင္းဆီကအကူအညီမရေတာ့လဲ ငါတို႔ဘာသာပဲ လႈပ္ရွားေတာ့မယ္ …  မင္းမိသားစုကံေကာင္းပါေစလို႔ပဲ ဆုေတာင္းေပးလိုက္တယ္ မိုနန္း "

ေျပာၿပီးေနာက္ ပတ္ဒိုမင္းနဲ႕ရွားေမ့တို႔ ထြက္ခြာသြားၾကေလေတာ့တယ္ … ေဆြးေႏြးမႈကမေအာင္ျမင္ေပ … တစ္ဖက္ကလဲသားကိုျပန္ေခၚဖို႔ႀကိဳးစားေနသလို တစ္ဖက္ကလဲသားရဲ႕မိသားစုကိုကာကြယ္ဖို႔ႀကိဳးစားေနတယ္ … ဘယ္သူနိုင္နိုင္ ျပႆနာေျဖရွင္းရမွာကေတာ့တစ္ခုထည္းပင္ … အမွားအမွန္ကိုခြဲျခားနိုင္ကာ အေမွာင္နဲ႕အလင္းအျမန္ဆုံး သင့္ျမတ္ရန္ပင္ …

*

*

*

" ရႈမန္း မင္းဘာေတြလုပ္ေနတာလဲ "

ပိုင္သခင္ႀကီးက နားမလည္နိုင္စြာေမးျမန္းလိုက္တယ္ … ခုဆိုရင္ ျပႆနာေတြအားလုံးက ရွန္ဟႊာေခါင္းေပၚပုံက်ေနၿပီး အျပစ္ေတြကိုျပန္ဆယ္နိုင္ဖို႔မလြယ္ကူေတာ့ေပ … ပိုင္သခင္ႀကီးက မေကာင္မႈေတြလုပ္ေနတဲ့အဓိကတရားခံကို ရွာေဖြခ်င္တာျဖစ္ၿပီး ရွန္ဟႊာကထိုလူမဟုတ္မွန္းအသိအက်သိေနတယ္ … ရွန္ဟႊာက သူ႕အေပၚသစၥာေဖာက္ဖူးခဲ့ၿပီး သူ႕ေျမးနဲ႕သားသမီးေတြကို ဒုကၡေရာက္ေအာင္လုပ္ခဲ့ေပမဲ့ သူ႕တစ္ဘဝလုံးကိုပ်က္စီးေအာင္ လုပ္ခဲ့သူကေတာ့ ရွန္ဟႊာရန္းမဟုတ္မွန္းသိေနတယ္ …

" သခင္ႀကီး "

ဂိုဝူးက သခင္ႀကီးရဲ႕နားတိုးတိုးေလးကပ္ကာေျပာလိုက္တယ္ …

" ရွန္ဟႊာရန္းနဲရွန္ကူးမန္က တရား႐ုံးခ်ဳပ္မွာပဲရွိေနေသးတယ္ … ဒါေပမဲ့ေရွ႕ေနလိုက္ခြင့္မေပးဘူး … ရွန္ဖန္းဂူကိုလဲဝရမ္းထုတ္ထားၿပီးသခင္မေလးကိုအက်ယ္ခ်ဳပ္ခ်ထားတယ္ … ရွန္ကူးမန္နဲ႕ရွန္ဟႊာရန္းကို သူတို႔တစ္ေနရာရာေ႐ႊ႕မယ္လို႔လဲသတင္းၾကားတယ္ … သူတို႔ကိုေခၚသြားၿပီးဘာလုပ္ဖို႔ႀကံေနလဲမသိဘူး "

ထိုအခါမွ ရႈမန္းက ဝင္ေျပာလိုက္တယ္ …

" သူတို႔ကိုေခၚသြားမဲ့ေနရာ ကြၽန္ေတာ္သိတယ္ "

" မင္း သူတို႔ကိုဖမ္းဖို႔ တကယ္ပဲကူညီေပးခဲ့တာလား "

" ဒီကိစၥကကြၽန္ေတာ္တို႔ျဖစ္ေစခ်င္တဲ့အရာဆိုေပမဲ့ အားလုံးကအေစာတလွ်င္ျဖစ္သြားတယ္ … ဒီပြဲမွာ ဘယ္သူနိုင္မလဲဆိုတာကိုေတာ့ အဆုံးသပ္မွာသိရမွာ "

အားလုံးကထင္ထားတာထက္ေစာသြားတယ္ … ခ်န္းက ရွန္ဟႊာလိုခိုင္မာတဲ့အုပ္တံတိုင္းကိုၿဖိဳခ်ဖိဳ႕ႀကိဳးစားေနေပမဲ့ အင္အားမသုံးလိုက္ရပဲ သူ႕အလိုလိုၿပိဳက်လာတယ္ … ခုသူလိုခ်င္တဲ့သားေကာင္ကလဲအဆင္သင့္ရွိေနၿပီ … လူေတြအားလုံးရဲ႕အာ႐ုံက ရွန္ဟႊာအေပၚေရာက္ေနၿပီမို႔ အရင္ကေလာက္အေလးအနက္ထားစဥ္းစားၿပီး ဟန္ေဆာင္ျပေနစရာမလိုေတာ့ဘူး … သူ႕ရဲ႕ေထာင္ေျခာက္ထဲက ႂကြက္ကအလိုလိုဝင္လာခဲ့ၿပီ …

ပိုင္သခင္ႀကီးက ရႈမန္းအား ေမးလိုက္တယ္ …

" မင္းေနာက္ဆုံးအခ်ိန္ထိ ရွန္ဟႊာကိုဒုကၡေရာက္မဲ့အေရး ကူညီေပးေနဦးမွာလား … မင္းေျပာေတာ့ ခ်န္းကိုလက္စားေခ်ခ်င္တာဆို "

" ကြၽန္ေတာ့ခ်န္းကိုကူညီေပးေနတာမဟုတ္ဘူး … ဒါေပမဲ့ကြၽန္ေတာ္ ခုလိုလုပ္မွ သိခ်င္တာကိုသိခြင့္ရမွာ … ခုေနာက္ဆုံးတာဝန္တစ္ခုေပးခံရတယ္ "

" ဘာေတြထပ္ၿပီးလုပ္ဦးမွာလဲ "

" သူတို႔က ရွန္ဖန္းဂူကိုျမႇားေခၚဖို႔ မင္းယြီနဲ႕ သူ႕သားေလးကိုေခၚလာခိုင္းတယ္ "

သူတို႔အသံၾကားေတာ့ ႐ြာလူႀကီးမ်က္လုံးမ်ားျပဴးသြားတယ္ … ဟိုအရင္ကေတြ႕ဆုံဖူးတဲ့သံေယာဇင္ေၾကာင့္ အျပစ္မဲ့တဲ့သားအဖကို မထိခိုက္ေစခ်င္ေပ …

" မင္းဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ … သူတို႔ကိုမထိနဲ႕ … သူတို႔မွာ ဘာအျပစ္မွမရွိဘူး "

" ဒါကကြၽန္ေတာ့အတြက္ ေနာက္ဆုံးအခြင့္အေရးပဲ … ၿပီးေတာ့ ဒီ Game ရဲ႕အဆုံးသပ္လဲျဖစ္တယ္ "

" ရႈမန္း … မင္းရွန္ဟႊာအေပၚအျငႇိုးထားရင္ေတာင္မွ အျပစ္မရွိတဲ့သားအဖကိုဓားစာခံအျဖစ္သုံးလို႔မရဘူး … မင္းဆက္လုပ္ေနမယ္ဆိုရင္ ရန္အာကိုကုသေပးေနတာေတြရပ္ျပစ္မယ္ … ငါတို႔ေဆးေတြထပ္မေပးနိုင္ေတာ့ဘူး "

ထိုအခါမွ ရႈမန္းၿငိမ္က်သြားတယ္ … သူ႕ရဲ႕အၾကည့္ေတြက အခန္းထဲမွာ အိပ္စက္ေနတဲ့ ရန္အာထံေရာက္ရွိသြားတယ္ … လူတစ္ေယာက္ရဲ႕အျပစ္ေၾကာင့္ မဆိုင္တဲ့သူေတြခံေနရတာက မတရားဘူးတဲ့ … ဒီစကားေတြကိုအရင္ကအေလးမထားခဲ့ေပမဲ့ သူ႕ေၾကာင့္က်န္းမာေရးမေကာင္းတဲ့ရန္အားကိုထိခိုက္ေစေတာ့မွ ကိုယ္ခ်င္းစာတတ္လာတယ္ …

" ေကာင္းၿပီ … ကြၽန္ေတာ္တစ္ျခားနည္းလမ္းေျပာင္းၾကည့္မယ္ … ဒါကအလြယ္ဆုံးနဲ႕အျမန္ဆုံးနည္းလမ္းပဲကို "

သူကသက္ပ်င္းခ်လိဳက္ၿပီး ထိုေနရာကေနထြက္သြားေတာ့တယ္ … ထိုအခါမွ ႐ြာလူႀကီးလဲသက္ျပင္းခ်နိဳင္ၿပီး သခင္ႀကီးနဲ႕အတူ ရွန္ဟႊာကိစၥအား ထပ္မံေဆြးေႏြးေနလိုက္တယ္ …

အခန္းထဲမွာေတာ့ ရန္အာအနားမွာ ရႈမန္းထိုင္ေနၿပီး တစ္ေန႕တျခားအသားအေရေလးေတြ ဝင္းလပ္လာတဲ့ရန္အာအားေငးၾကည့္ေနမိတယ္ … ခုဆိုေျဖးေျဖးခ်င္း က်န္းမာလာသလို အစားလဲပုံမွန္စားလာၿပီ … ေဆးအရွိန္ေၾကာင့္ အိပ္ေပ်ာ္တဲ့အခ်ိန္ကမ်ားေနေသးေပမဲ့ နိုးထလာလွ်င္လဲ လူေကာင္းတစ္ေယာက္လိုပဲမို႔ အနည္းငယ္ စိတ္သက္သာရာရသြားတယ္ …

" အကို "

" ရန္အာ "

နိုးနိုးခ်င္း ရႈမန္းကိုေတြ႕လိုက္ရတာေၾကာင့္ ရန္အာ အားရဝမ္းသာေပြ႕ဖက္လိုက္တယ္  … တစ္ပတ္မွတစ္ခါေလာက္သာေတြ႕ခြင့္ရတာေၾကာင့္ လြမ္းမေျပနိုင္ျဖစ္ေနတယ္ …

" နိုးၿပီလား "

" အင္း "

" အားရွိေအာင္ တစ္ခုခုစားရေအာင္ "

လန္းဆန္းသြားေအာင္ ရန္အာအားအိမ္အျပင္သို႔ေခၚလာခဲ့တယ္ … ခုဆိုဝွီးခ်ဲမလိုေတာ့ပဲ တြဲေပးယုံနဲ႕ေလွ်ာက္နိုင္ေနၿပီ … အျပင္ေရာက္ေတာ့ ခုံေပၚမွာထိုင္ခိုင္းလိုက္ၿပီး စားစရာေတြအဆင္သင့္ျပင္ဆင္ေပးလိုက္တယ္ … ရန္အာစားေနတဲ့တစ္ေလွ်ာက္လုံး ရႈမန္း ေငးၾကည့္ေနၿပီး သူ႕ပုံစံနဲ႕မတူညီေအာင္ပင္ဂ႐ုစိုက္ေပးေနတယ္ …

" အကိုခုတေလာ ေျပာင္းလဲသြားတယ္ေနာ္ … ကြၽန္ေတာ့ကိုမမုန္းေတာ့ဘူးလား "

" ကိုယ္မင္းကိုမုန္းရင္ ဒီမွာထိုင္ေနမွာေတာင္မဟုတ္ဘူး "

" ဒါေပမဲ့ အကိုခုလိုလုပ္ေပေနတဲ့ပုံကထူးဆန္းတယ္ … ကြၽန္ရွက္ေတာင္လာၿပီ "

ရႈမန္းအား ရန္အာအားေငးၾကည့္ေနၿပီးေနာက္ သူ႕ရဲ႕ႏႈတ္ကေန ေလးနက္ေသာစကားမ်ားဆိုလာခဲ့တယ္ …

" ရန္အာ … အကိုတို႔ လက္ထပ္ရေအာင္ "

ရႈမန္းရဲ႕႐ုတ္တရပ္စကားေၾကာင့္ ရန္အားလက္ထဲကဇြန္ပင္ျပဳတ္က်သြားတယ္ …

" အကိုတကယ္ေျပာတာလား "

" ကိုယ္စေနတာမဟုတ္ဘူး … ခုဆိုရင္ ရွန္ဟႊာလဲ သူ႕အျပစ္သူခံေနရၿပီ … မၾကာခင္မွာ ဒီကိစၥႀကီးကၿပီးဆုံးေတာ့မယ္ … အကိုအမွန္တရားကိုေဖာ္ထုတ္ၿပီးရင္ မင္းနဲ႕လက္ထပ္ၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႕ ေနသြားခ်င္တယ္ … အရင္ကေလာဘေၾကာင့္အျပစ္ေတြလုပ္ခဲ့မိေပမဲ့ တကယ္ေပ်ာ္႐ႊင္ေစတာကပိုင္ဆိုင္မႈေတြလားအခ်စ္စစ္လားဆိုတာ ကိုယ္ခြဲျခားနိုင္ခဲ့ၿပီ … ကိုယ့္ကိုတကယ္ေပ်ာ္႐ႊင္ေစတဲ့အရာက မင္းပဲရန္အာ "

ရန္အာေတာ္ေတာ္နဲ႕စကားျပန္မေျပာနိုင္ေလာက္ေအာင္ေပ်ာ္႐ႊင္ေနမိတယ္ …

" ဒါ … ဒါဆို အကိုကကြၽန္ေတာ္နဲ႕အတူေနမွာေပါ့ေနာ္ … ဒီအလုပ္ေတြကိုလဲစြန႔္လႊတ္ၿပီး အခ်ိန္တိုင္း ကြၽန္ေတာ့အနားမွာပဲ ရွိေနမွာေပါ့ေနာ္ "

" ဒါေပါ့ … ဒီအလုပ္ေတြက မၾကာခင္အဆုံးသပ္ရေတာ့မွာ … အားလုံးၿပီးဆုံးသြားရင္ ကိုယ္မင္းဆီ ျပန္လာခဲ့မယ္ "

ရန္အာေပ်ာ္လြန္း၍ ထလာကာ ရႈမန္ရင္ခြင္ၾကား ဖက္သြယ္ၿပီး ငိုေႂကြးေနမိေလေတာ့တယ္ … ရႈမန္းက စားပြဲေပၚကသူေသာက္လက္စဘီယာဘူးအေပၚကကြင္းအားျဖဳတ္လိုက္ၿပီး သူ႕ရင္ခြင္ထဲမွာငိုေႂကြးေနတဲ့ ရန္အာလက္သန္း၌ စြပ္ေပးလိုက္တယ္ …

" ခုကိုယ့္ဆီမွာ မင္းအတြက္လက္စြပ္သီးသန႔္မလုပ္ရေသးဘူး … ကိုယ္အဲ့ဒါကိုအရင္ဆုံးျပင္ဆင္လာခဲ့သင့္တာ … ခုေတာ့ဒါေလးကိုပဲစရံအျဖစ္သေဘာထားလိုက္ … ၿပီးရင္ကိုယ္မင္းအတြက္ လက္ထပ္လက္စြပ္တစ္ကြင္း လုပ္ေပးမယ္ "

ရန္အာက ရႈမန္းကိုယ္တိုင္စြပ္ေပးတဲ့ ကြင္းေလးအား ေပ်ာ္႐ႊင္စြာ ေငးၾကည့္ေနၿပီး …

" ရၿပီ … ဒါနဲ႕တင္အဆင္ေျပပါၿပီ … လက္စြပ္ေတြကအေရးမႀကီးဘူး … ဒီလိုအခ်ိန္မွာအကိုေပးတဲ့ဘယ္ပစၥည္းမဆို ကြၽန္ေတာ့အတြက္အဖိုးတန္တယ္ … ဒါကိုကြၽန္ေတာ္သိမ္းထားမယ္ "

ေျပာၿပီးေနာက္ ရန္အာ သူ႕လက္သန္းကကြင္းေလးအား တယုတယျဖင့္ရင္ခြင္ထဲ၌ ဆုတ္ကိုင္ထားေလေတာ့တယ္ …

*

*

*

ခ်ဴးရွန႔္တစ္ေယာက္ ရွန္ေဝအားအေတြ႕မခံေပ … ယခုအခ်ိန္ထိ အခန္းထဲကေနအျပင္မထြက္ပဲ တစ္ေယာက္ထည္းေနေနတယ္ … တစ္ခါတစ္ရံ ရွန္ေဝရဲ႕မိခင္ျဖစ္သူက အစားအစာလာပို႔ေပးရင္း သူမစကားေျပာဖို႔ႀကိဳးစားေပမဲ့ ခ်ဴးရွန႔္ကလက္မခံေပ … တစ္ပတ္ခန႔္မွ် ၾကာျမင့္သည္ထိပင္ …

' ေဒါက္ … ေဒါက္ '

" အကိုခ်ဴးရွန႔္ "

အသံက ဆုန္းခ်ဴရဲ႕အသံျဖစ္ၿပီး ခ်ဴးရွန႔္အားအေတာ္ၾကာတဲ့ထိေအာ္ေခၚကာ တံခါးဖြင့္ခိုင္းေနတယ္ … ရက္အေတာ္ၾကာေတာ့ ခ်ဴးရွန႔္ဒါဏ္ရာေတြလဲသက္သာေပ်ာက္ကင္းၿပီး စိတ္အေျခအေနလဲ အနည္းငယ္ေကာင္းမြန္လာတာေၾကာင့္ ဆုန္းခ်ဴအားဝင္လာဖို႔ခြင့္ျပဳလိုက္တယ္ … သူမက ခ်ဴးရွန႔္ကိုျမင္ေတာ့ အားရဝမ္းသားေျပးဝင္လာခဲ့တယ္ …

" အကိုခ်ဴးရွန႔္ … အဆင္ေျပရဲ႕လား "

" အင္း … မင္းဘယ္လိုေရာက္လာတာလဲ "

" ကြၽန္မအကိုတို႔ကိုရွာေနတာ … ဒါေပမဲ့ဘယ္မွာမွမေတြ႕ဘူး … အကိုခ်ဴးရွန႔္ဒီမွာရွိေနတယ္ဆိုတာ ဘယ္သူမွမသိဘူး "

ခ်ဴးရွန႔္က ရွန္ေဝသူ႕အားဓားစာခံအျဖစ္ဖမ္းကာ သခင္ဖန္းဂူတို႔ရွိေနမဲ့ေနရာအားေမးလိမ့္မည္ဟုထင္ေနျခင္းပင္ … ယခုလိုဘယ္သူမွမသိဘူးဆိုတဲ့စကားၾကားေတာ့မွ သူ႕အားက်န္းမိသားစုက ဖြက္ေပးထားမွန္းသိသြားေတာ့တယ္ …

" ငါ့ကိုစစ္ေမးဖို႔ဖမ္းထားၾကတာမဟုတ္ဘူးလား "

" စစ္ေမးဖို႔ဆိုရင္ ခုလိုအိမ္ထဲကအခန္းထဲမွာဖမ္းထားပါ့မလား … ေထာင္ထဲမွာပဲထားမွာေပါ့ … ၿပီးေတာ့ ဘယ္အရာရွိကမွ အကိုဒီမွာရွိမွန္းမသိဘူး … ခုဆို ရွန္ဖန္းဂူကိုဖမ္းဝရမ္းထုတ္ထားၿပီးသခင္မႀကီးကိုလဲအက်ယ္ခ်ဳပ္ခ်ထားတယ္ … လြတ္ေနေသးတာဆိုလို႔ အကိုခ်ဴးရွန႔္နဲ႕ရွန္ဖန္းဂူပဲရွိတယ္ "

ထိုအခါမွ ခ်ဴးရွန႔္သက္ျပင္းခ်နိဳင္ေတာ့မယ္ … ယာရွာရွိတာေၾကာင့္ မင္းယြီလြတ္ေျမာက္နယ္ေျမမွာအႏၲရာယ္ကင္းကင္ရွိေနမယ္ဆိုတာ ယုံၾကည္တယ္ … ခုဆိုသခင္ဖန္းဂူလဲျပန္ေရာက္ၿပီး သူတို႔အတူရွိေနေလာက္ၿပီ … ခ်ဴးရွန႔္စိတ္ေအးသြားေတာ့မွ ေနရထိုင္ရအဆင္ေျပသြားေတာ့တယ္ …

" ဒါနဲ႕အကိုခ်ဴးရွန႔္က က
အကိုမင္းယြီတို႔ရွိတဲ့ေနရာကိုသိလား "

" အကိုသိရင္ေတာင္ေျပာျပလို႔မရဘူး … ဒါကအသက္နဲ႕ရင္းၿပီးကာကြယ္ရမဲ့လွ်ို႔ဝွက္ခ်က္မို႔ပါ "

" ကြၽန္မနားလည္ပါတယ္ … သူတို႔အႏၲရာယ္ကင္းတယ္မဟုတ္လားဟင္ "

" သူတို႔အႏၲရာယ္ကင္းတယ္ … ဘယ္သူမွမေႏွာက္ယွက္နိုင္ဘူး "

" ဒီလိုဆိုေၾကနပ္ပါၿပီ … ကြၽန္မအကို႔ကိုယုံတယ္ … ေမေမက အရမ္းစိတ္ပူေနတာ … အေမသာသိရင္ဝမ္းသာေနမွာ  "

ၿပီးေနာက္ ခနမွ်ၿငိမ္သက္သြားၿပီး သူမကဆက္၍ေမးလိုက္တယ္ …

" အမယာရွာေရာဟင္ … သူမေရာအဆင္ေျပရဲ႕လား "

" ယာရွာကအကို႔ထက္ေတာင္သန္မာေသးတယ္ … သူဘာမွမျဖစ္ဘူး "

ဆုန္းခ်ဴၿပဳံးသြားမိတယ္ … သူမခုခ်ိန္ထိယာရွာရဲ႕သ႐ုပ္မွန္ကိုမသိေသးေပမဲ့ ယာရွာကရွန္ဖန္းဂူနဲ႕ပတ္သပ္ေနမွန္းသူမ ရိပ္မိၿပီးသားပင္ … ဒီလိုအေျခအေနမ်ိဳးမွာ သူမဆက္မေမးျမန္းေတာ့ေပ … ခ်ဴးရွန႔္နဲ႕စကားေတြဆိုၿပီးေနာက္ ေအာက္ထက္ကိုဆင္လာဖို႔ေခၚလိုက္တယ္ … သူ႕အားအတင္းအၾကပ္ေမးျမန္းဖို႔ ဖမ္းစီးထားတာမ်ိဳးမဟုတ္ပဲ ဖြက္ေပးထားမွန္းသိလိုက္ရၿပီးေနာက္ ခ်ဴးရွန႔္မျငင္းဆန္ေတာ့ေပ … ဆုန္းခ်ဴနဲ႕အတူေအာင္ထက္သို႔ဆင္းလာခဲ့တယ္ …

" သား … ေနာက္ဆုံးေတာ့ထြက္လာၿပီပဲ … လာ "

ေအာက္ထပ္မွာ ရွန္ေဝရဲ႕မိခင္တစ္ဦးတည္သာရွိေနၿပီး သူမက ခ်ဴးရွန႔္အားျမင္ျမင္ခ်င္းအၿပဳံးေလးနဲ႕စီးႀကိဳလိုက္တယ္ … ခ်ဴးရွန႔္အားနာမိေပမဲ့ ဘာစကားတစ္ခြန္းမွမေျပာပဲၿငိမ္သက္စြာထိုင္လိုက္တယ္ …  ခ်ဴးရွန႔္သူတို႔အားအထင္လြဲမွားမိမွန္းသိလိုက္ရေပမဲ့ ခုခ်ိန္ထိ ရွန္ေဝကိုေတာ့ ခြင့္မလႊတ္နိုင္ေသးေပ … သခင္မႀကီးက ခ်ဴးရွန္ေနရတာအဆင္မေျပမွန္းသိေန၍ ခ်ဴးရွန႔္နေဘးမွာဝင္ထိုင္လိုက္ၿပီး ႏွစ္သိမ့္ေပးလိုက္တယ္ …

" သား ဘာမွမေတြးနဲ႕ … လြတ္လြတ္လပ္လပ္ပဲေန "

သူမကေဖာ္ေ႐ြေနတာေၾကာင့္ ခ်ဴးရွန႔္ကေမးျမန္းလိုက္တယ္ …

" ကြၽန္ေတာ့ကိုဘာေၾကာင့္ဖြက္ထားေပးတာလဲ "

သူမကညွင္သာစြာပင္ျပန္လည္ေမးျမန္းလိုက္တယ္ …

" ဒီအေျခအေနမ်ိဳးမွာ သားက ဘယ္သြားခ်င္လို႔လဲ "

" ကြၽန္ေတာ့္ကိုရဲလက္မအပ္ရင္လဲ ထြက္သြားခြင့္ျပဳပါ "

" သားေမ့ေနၿပီလား … ရွန္ေဝကရဲပဲေလ … သူဖမ္းထားတဲ့လူကို အန္တီကဘယ္လိုလုပ္ လႊတ္ေပးလို႔ရမွာလဲ "

ထိုအခါ ဆုန္းခ်ဴကပါ ေထာက္ခံေပးလာတယ္ …

" ဟုတ္တယ္ … ဒီအခ်ိန္မွာအကိုထြက္သြားရင္ ေနာက္ေရာင္ခံလိုက္မဲ့လူေတြအမ်ားႀကီး … အကိုကေရာဒီကေနထြက္သြားၿပီးရင္ ဘာဆက္လုပ္မွာလဲ … ေနဖို႔အတြက္ေရာေနရာရွိလို႔လား … ရွန္ဟႊာကလဲအဓိကေစာင့္ၾကည့္နယ္ေျမျဖစ္ေနၿပီ … ဒီမွာတိတ္တိတ္ေလး ေနေနတာကအေကာင္းဆုံးပဲ "

" ဒါေပမဲ့ … "

" ဘာမွစိတ္မပူနဲ႕ … သားေပ်ာ္ေအာင္ဘာမဆိုလုပ္ေပးမယ္ … ဒီမွာပဲေနပါေနာ္ … အန္တီသားေလးကိုစိတ္ဆိုးေတမွန္းသိပါတယ္ … သူ႕ဆီကေျဖရွင္းခ်က္ေလးကို သားနားေထာင္ၾကည့္ၿပီးမွ ဆုံးျဖတ္ပါ "

သူ႕အေပၚအလြန္ေကာင္းေပးေနတဲ့ သခင္မႀကီးေၾကာင့္ ခ်ဴးရွန္ဆုံးျဖတ္ရခက္ခဲသြားတယ္ … သူဒီအိမ္ကေန ထြက္ေျပးခဲ့ရသ္ေတာင္ သူပထမဆုံးသြားမိမွာက ရွန္ဖန္းဂူတို႔ရွိတဲ့ကြၽန္းကိုပင္ … ဒီလိုဆိုရင္ သူကေနာက္ေရာင္ခံလိုက္တဲ့လူေတြကိုလမ္းျပသလိုျဖစ္သြားလိမ့္မယ္ … အျပင္မွာေနေနရင္လဲ သူတို႔ကိစၥေတြကအကုန္ေပၚသြားၿပီမို႔ အေမွာင္မွာေရာအလင္းမွာပါလုံၿခဳံတဲ့ေနရာဆိုတာ မရွိေတာ့ဘူး … ဒါေၾကာင့္မို႔ သခင္ဘက္ကဆက္သြယ္လာတဲ့အခ်ိန္ထိ ဒီေနရာကေနေစာင့္ေနရန္ ဆုံးျဖတ္လိုက္တယ္ …

" ကြၽန္ေတာ္ဒီမွာပဲ ဆက္ေနပါ့မယ္ … ဒါေပမဲ့တစ္ခုေလာက္ ေတာင္းဆိုလို႔ရမလား "

" ဘာမ်ားလဲ … ေျပာပါ "

ခ်ဴးရွန႔္ေနမယ္ဆိုေတာ့ ေပ်ာ္႐ႊင္သြားၿပီး သခင္မႀကီးက စိတ္ဝင္တစား နားေထာင္ေပးေနတယ္ …

" ကြၽန္ေတာ္ခုခ်ိန္မွာ သူ႕အေၾကာင္းမၾကားခ်င္ဘူး … ၿပီးေတာ့ သူ႕ကိုလဲမေတြ႕ခ်င္ေသးဘူး … အန္တီကူညီေပးနိုင္မလား … ကြၽန္ေတာ့ကိုသူလာမေတြ႕နိုင္ေအာင္လုပ္ေပးပါ … ဒါမွကြၽန္ေတာ္ဆက္ေနနိုင္မွာ "

" အန္တီသားအသည္းကြဲေအာင္ အန္တီကိုယ္တိုင္လုပ္ေပးေစခ်င္တာလား …   ဒါေပမဲ့ သားကခိုင္းေတာ့လဲ အန္တီလုပ္ေပးရမွာေပါ့ … ခုေတာ့သူမရွိတုန္း လိမ္လိမ္မာမာနဲ႕အစားေလးစားလိုက္ေနာ္ "

ထိုအခါမွ ခ်ဴးရွန႔္သေဘာတူလိုက္ၿပီး အစားဝင္ေအာင္စားေတာ့တယ္ …  ဆုန္းခ်ဴျပန္သြားတဲ့ထိ ခ်ဴးရွန႔္ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႕ စကားေတြဆိုေနၿပီးေနာက္ အနားယူဖို႔ျပင္လိုက္တယ္ …

" သား … ဒီညေစာေစာအိပ္မွာလား "

" ဟုတ္ … ကြၽန္ေတာ္ အခန္းထဲသြားေတာ့မယ္ "

" ေကာင္းေကာင္းအနားယူေနာ္ "

ခ်ဴးရွန႔္ေသာကစိတ္ေတြေၾကာင့္ အိပ္မေပ်ာ္တဲ့ေန႕ေတြမ်ားခဲ့ၿပီ … ဒီေန႕ေတာ့ စိတ္ခ်မ္းသာသြားၿပီး ေစာေစာအိပ္ယာဝင္ခဲ့တယ္ … ဘယ္ေလာက္ေတာင္အိပ္ေပ်ာ္သြားလဲဆိုရင္ အိမ္မက္ထဲမွာ နတ္ျပည္ေရာက္သြားသလို ေႏြးေထြးေနၿပီး လုံၿခဳံမႈအျပည့္ရွိတဲ့အေႏြးဓာတ္ေလးေတြရရွိခဲ့တယ္ … အရင္ကစိုးရိမ္ေၾကာင့္ၾကမႈေတြ ေပ်ာက္ကြယ္သြားၿပီး အလြန္စိတ္သက္သာကာ ၾကည္ႏူးမႈအျပည့္ေပးစြမ္းေနတယ္ …

တဒုန္းဒုန္းခုန္ေနတဲ့အသံေတြကဆူညံေနၿပီး ေလတိုက္သံလိုျပင္းျပျပအသံေတြကသူ႕ရဲ႕နားသို႔ထိခပ္ေနၿပီး ပူေႏြးေႏြေလေငႊ႕ေတြရဲ႕ထိေတြ႕မႈကို ခံစားေနရတယ္ … လက္ေတြက လႈပ္ရွား၍မရပဲ ဖိႏွိပ္ခံထားရသလို သူ႕တစ္ကိုယ္လုံး ေရဘဝဲတစ္ေကာင္ရစ္ပတ္ထားသည့္နယ္ ခံစားေနရၿပီး ေနာက္ဆုံး ခ်ဴးရွန႔္အိမ္မက္ကေန လန႔္နိုးလာခဲ့တယ္ … တကယ္ေတာ့အိမ္မက္မဟုတ္ပဲ အျပင္၌ ဖက္သြယ္ခံထားရျခင္းပင္ …

ေလပူေတြက နီးကပ္ေနတဲ့ ရွန္ေဝရဲ႕အသက္ရႉသံေတြျဖစ္ၿပီး တဒုန္းဒုန္းအသံက ရွန္ေဝရင္ဘက္ထဲကႏွလုံးသားေလးရဲ႕ ခုန္ေပါက္ေနသံမ်ားပင္ … ခ်ဴးရွန္အသိျပန္ဝင္လာေတာ့ ႐ုန္းကန္ထကာ ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိ အိပ္ေမာက်ေနတဲ့ ရွန္ေဝအား ကုတင္ေပၚကေန ကန္ခ်ျပစ္လိုက္တယ္ … အက်နာသြားတဲ့ရွန္ေဝ ခါးကိုလက္နဲ႕ေထာက္ၿပီး ညည္းၫူေနေတာ့တယ္ …

" အ့ … ကိုကို အရမ္းနာတယ္ဗ်  "

" မင္း … မင္းငါ့အခန္းထဲ ဘယ္လိုေရာက္ေနတာလဲ "

" ဒါက ကြၽန္ေတာ့အခန္းေလ "

" ဟမ္ "

ထိုအခါမွ ရွန္ေဝေဘးပတ္ဝန္းက်င္အားၾကည့္လိုက္မိတယ္ … သူအိပ္ယာမဝင္ခင္တုန္းက သခင္မႀကီးက အခန္းေျပာင္းဖို႔ေျပာၿပီး ပိုၿပီးသက္ေတာင့္သက္သာရွိကာ ေလဝင္ေလထြက္ေကာင္းတဲ့ အခန္းမွာေျပာင္းေနဖို႔အႀကံေပးၿပီး သခင္မႀကီးၫႊန္ျပတဲ့အခန္းထဲသို႔ဝင္လာမိျခင္းပင္ … အခန္းက အလြန္သပ္ရပ္ကာ ဘာပစၥည္မွမ်ားမ်ားစားစားရွိမေန၍ အခန္းလြတ္ဟုထင္မိကာ စိတ္ခ်လက္ခ်အိပ္ေနျခင္းပင္ …

" ဒါေပမဲ့ မင္းအေမက ငါ့ကိုဒီမွာေနခိုင္းထားတာ "

" ေအာ္ … ဒါဆို ေမေမကအကို႔ကို ကြၽန္ေတာ္နဲ႕အတူ ေနေစခ်င္တာျဖစ္မယ္ "

" မျဖစ္နိုင္တာ … မင္းငါ့ကိုလာမေတြ႕ဖို႔ေျပာထားတယ္ "

" ဘယ္မိဘက ကို႔သားစိတ္ဆင္းရဲေအာင္လုပ္မွာလဲ … အကိုမေတြးမိဘူးလား … ခုကြၽန္ေတာ္ကအကို႔ကိုလာေတြ႕တာမဟုတ္ဘူး အကိုကကြၽန္ေတာ့ကိုလာေတြ႕တာေလ … ေမေမလဲကတိတည္ခဲ့တာပဲ "

" မင္း "

မွန္ေနတာမို႔ ခ်ဴးရွန႔္ဘာမွဆက္မေျပာနိုင္ေတာ့ပဲ ကုတင္ေပၚကေနဆင္းက အခန္းထဲကေနထြက္ဖို႔ျပင္ေတာ့ အခန္းတံခါးကဖြင့္မရျပန္ … အျပင္က ကလန႔္ခ်ထားပုံပင္ …

" ေအာ္ ေမ့ေနတာ … ကြၽန္ေတာ့အေဖက အိမ္လုံၿခဳံေရးအတြက္ ညတိုင္းအျပင္ကေနကလန႔္ခ်ထားေလ့ရွိတယ္ … မနက္ ၆ နာရီထိုးမွျပန္ဖြင့္ေပးတာ … အကိုထြက္ခ်င္ရင္ ၆ နာရီထိေစာင့္ရမယ္ "

" …… "

ခ်ဴးရွန္ဘာမွဆက္မေျပာေတာ့ပဲ တံခါးအေျခမွာပဲ ေစာင့္ေၾကာင့္ထိုင္ခ်လိဳက္တယ္ … သူခုခ်ိန္ထိ ရွန္ေဝနဲ႕မ်က္ႏွာခ်င္းဆိုင္ကာ ေျဖရွင္းဖို႔အဆင္သင့္မျဖစ္ေသးဘူး … ဘယ္လိုအေၾကာင္းျပခ်က္ေတြရွိေနမလဲမသိနိုင္သလို ျဖစ္ပ်က္သြားတဲ့အရာေတြက ျပန္လည္ျပင္ဆင္၍မရတာေၾကာင့္ နားလည္ခြင့္လႊတ္ေပးနိုင္ဖို႔ ခက္ခဲလြန္းလွတယ္ … ရွန္ေဝသာ မမွားခဲ့ရင္ ခ်ဴးရွန႔္ဘယ္လိုအျပစ္ရွာလို႔ရေတာ့မွာလဲ … သူကအေႏွးနဲ႕အျမန္ထြက္သြားရမဲ့သူပဲ … အႏၲရာယ္ၾကားက ရွန္ဟႊာကို အသက္ေပး ကာကြယ္ေပးရမွာမို႔ အနာဂတ္ေတြဆိုတာ စိတ္ကူးယဥ္၍ပင္မရပါ …

" အကို "

ရွန္ေဝရဲ႕အသံကညွင္သာၿပီး ေရွာင္ဖို႔ႀကိဳးစားေနတဲ့ ခ်ဴးရွန႔္ပင္ ျဖတ္ကနဲလွည့္ၾကည့္မိသြားတယ္ … မ်က္ဝန္းေတြက ဝမ္းနည္းေၾကကြဲကြာ မိမိအျပစ္ကိုဝန္ခံေနတဲ့ ေခြးေပါက္ေလးပမာ သူ႕အားစိုက္ၾကည့္ေနျခင္းေၾကာင့္ ခ်ဴးရွန႔္အၾကည့္လႊဲလိုက္တယ္ …

" မင္းအေရးမႀကီးရင္ေနာက္မွေျပာ … ငါခုမင္းနဲ႕စကားမေျပာခ်င္ေသးဘူး "

" ကြၽန္ေတာ္နားလည္ပါတယ္ … အကိုအဆင္သင့္ျဖစ္တဲ့အခ်ိန္ ကြၽန္ေတာ္ရွင္းျပတာကိုနားေထာင္ေပးပါ … ကြၽန္ေတာ္ေစာင့္ေနေပးမယ္ "

" အင္း … မင္ခုစကားမေျပာပဲ ၿငိမ္ၿငိမ္ေလးေနေပး "

" ကြၽန္ေတာ္အကို႔ကိုေရာ ၾကည့္ေနလို႔ရလား "

" ငါတားလို႔ေရာ ရမွာမလို႔လား … မင္းၾကည့္ခ်င္တဲ့ေနရာသာၾကည့္ … အသံပဲ မထြက္ပဲေန "

ေျပာၿပီးေနာက္ ခ်ဴးရွန႔္ တံခါးအေျခမွာပဲလွဲကာ တံခါးအားမ်က္ႏွာမူၿပီးအိပ္လိုက္တယ္ … ခနၾကာေတာ့ သူ႕ရဲ႕ကိုယ္အားအေနာက္ကေနေပြ႕ခ်ီလိုက္တာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ရွန္ေဝပင္ …

" မင္းဘာလုပ္ျပန္တာလဲ "

" အကိုေျပာတဲ့ထဲမွာ မထိရဘူးလို႔မွမပါတာ … ေအာက္ကေအးတယ္ … ကုတင္ေပၚကိုတင္ေပးမယ္ "

" ငါ့ကိုလႊတ္ … ငါ့ေျခေထာက္အက်ိဳးမဟုတ္ဘူး … သြားနိုင္တယ္ "

" ဒါေပမဲ့ ကြၽန္ေတာ္ခ်ီေပးခ်င္တယ္ … အကိုၿငိမ္ၿငိမ္ေလးပဲေန "

ဘယ္သူက ရွန္ေဝရဲ႕အားအင္ကိုယွဥ္ၿပိဳင္ၿပီး႐ုန္းထြက္နိုင္လိမ့္မလဲ … မတူညီတဲ့ခြန္အားေၾကာင့္ ခ်ဴးရွန႔္ၿငိမ္ၿငိမ္ေလးေနၿပီး ရွန္ေဝကေပြ႕ခ်ီကာကုတင္ေပၚတင္ေပးတာကို ခံယူေနမိတယ္ … ၿပီးသြားေတာ့ ရွန္ေဝက ေစာင္ၿခဳံေပးၿပီး သူကိုယ္တိုင္လဲ ခ်ဴးရွန္နေဘးမွာ ဝင္လွဲလိုက္တယ္ …

" မင္း … ေအာက္မွာအိပ္ "

" ေအာက္ကေအးတယ္ "

" ဒါဆိုငါအိပ္မယ္ "

" အကိုလဲ မအိပ္ရဘူး "

ရွန္ေဝက ခ်ဴးရွန႔္ထမရေအာင္ သူ႕ရဲ႕လက္ေမာင္းေတြနဲ႕ဖမ္းခ်ဳပ္လိုက္တယ္ … ခ်ဴးရွန္တစ္ေယာက္ ရွန္ေဝရင္ခြင္ထဲကေန ႐ုန္းထြက္မရနိုင္ေတာ့သလို ထိုသို႔အလြန္နီးကပ္စြာလဲမေနနိုင္တာနဲ႕ ရွန္ေဝအား လွည့္ၾကည့္ကာ တိုးညွင္းစြာဆိုလိုက္တယ္ …

" ငါမင္းနဲ႕အတူမေနခ်င္ဘူး "

ရွန္ေဝမ်က္ဝန္းေတြက ဝမ္းနည္းမႈတို႔အထင္းသားေပၚေနေပမဲ့ ႏႈတ္ခမ္းေတြကေတာ့ ၿပဳံးျပေနဆဲ … ခ်ဴးရွန႔္အား သူ႕ေၾကာင့္ နည္းနည္းေလးမွ စိတ္ဆင္းရဲမခံေစခ်င္ပုံပင္ … သူနာက်င္ေနရင္ေတာင္ ထိုနာက်င္မႈကိုအၿပဳံးေလးနဲ႕ဖုံးကြယ္ထားမည့္သူမ်ိဳး … ခ်ဴးရွန႔္ေျပာလိုက္တဲ့စကားေတြကိုမၾကားလိုက္သလိုပင္ လစ္လ်ႉရႈကာ ျပန္ဆိုလာတယ္ …

" ရႉး … ညည့္နက္ေနၿပီ အကိုစကားမေျပာနဲ႕ေတာ့ … ၿငိမ္ၿငိမ္ေလးအိပ္ … ကြၽန္ေတာ္ဖက္ထားေပးမယ္ "

" …… "

* ငါမင္းနဲ႕ခုလိုေနေနရင္ ေနာက္ပိုင္း ငါပဲေ႐ြးခ်ယ္ဖို႔ခက္ခဲလိမ့္မယ္ က်န္းရွန္ေဝ … *

ထိုညက ခ်ဴးရွန႔္ ရွန္ေဝရင္ခြင္ထဲမွာပဲ အိပ္ဆက္လိုက္ရတယ္ … ေနာက္တစ္ေန႕ေရာက္ေတာ့ တံခါးဖြင့္လို႔ရတာနဲ႕ ခ်ဴးရွန႔္ခ်က္ခ်င္းသူ႕ရဲ႕အခန္းသို႔ျပန္လာခဲ့တယ္ … ဒီအိမ္မွာ ဆက္ေနတာက သူ႕အတြက္ လုံၿခဳံေပမဲ့ ရွန္ေဝနဲ႕ဆက္ဆံေရးကေတာ့ လြယ္ကူပါ့မလား မေတြးတတ္ေတာ့ေျခ …

………………………………………………………

To Be Continued ……

Continue Reading

You'll Also Like

344K 34.8K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
440K 10.7K 114
This is my first translation. It is not my own.
196K 4.8K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
135K 19.9K 111
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...