၃၃.
အချစ်က အဲ့ဒီအချိန်မှာ ဘာမဆိုဖြစ်နိုင်သည်။ အချိန်တိုင်းက အငွေ့လေးလိုမျိုးကိုမှ မီးပန်းတွေ ထပေါက်သွားတာမျိုး...
"ရှည်ကြာတဲ့ ချစ်ခြင်းရဲ့ လျို့ဝှက်ချက်တစ်ခုက အမြဲသစ်လွင်အောင်ထားတာပဲ" ရုန်ချန်းရှန်ကပြောသည်။
ကျွန်တော်ပြောကိုပြောရမယ်။ သူက လုပ်ခဲ့ကြောင်း။
ကျွန်တော့်ရဲ့ ဘဝနောက်ဆုံးနေ့မတိုင်ခင်အထိ သူက ကျွန်တော့်ကို အံ့သြအောင်လုပ်နိုင်တုန်းပဲ။
သူက ကျွန်တော့်ဘဝမှာ ကခုန်နေတဲ့ မီးတောက်တစ်ပွင့်...
၃၄.
ကျွန်တော် အနီရောင် ခလုတ်ကိုနှိပ်လိုက်တော့ သဲနာရီက နောက်ဆုံးအချိန်ကို ပြန်ပို့ခဲ့သည်။
၃၅.
"ပရော်ဖက်ဆာရုန်... ဒီမှာ"
ကျွန်တော်က ဓာတ်ခွဲခန်းရဲ့ အပြင်မှာ ရပ်ထားပြီး ရုန်ချန်းရှန်ကို သေချာကြည့်နေမိသည်။ သူက မငယ်တော့ဘူး။ သူ့အသက်က ငါးဆယ်ကျော်ပြီ။ သူ့မျက်ဝန်းထောင့်တွေမှာ ခပ်တွန့်တွန့်အရေပြားတွေများနေပြီ။
သူက စမ်းသပ်ဖန်ပြွန်ကိုကောက်ယူပြီး ခေါင်းညိတ်ပြသည်။ "ကျေးဇူး" သူက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ငေးသွားသည်။ "ယင်းဝမ်?"
"အခု ဘယ်နှစ်နှစ်လဲ" ကျွန်တော်မေးလိုက်၏။
"၅၉" သူပြန်ဖြေသည်။
"မထင်ရဘူးနော်" ကျွန်တော်ကပြောသည်။ "မင်းက ခန့်ညားနေတုန်းပဲ"
"တကယ်လား" သူကရယ်သည်။ "မင်း ငါ့ကို လာမတွေ့တာတောင် ကြာပြီ။"
"မင်းရဲ့ ချိုမြိန်တဲ့အချိန်တွေကို ငါ့ရဲ့ လူငယ်ဘဝနဲ့ မကုန်ဆုံးစေချင်ရုံပါ" ကျွန်တော်က ပုခုံးတစ်ချက်တွန့်လိုက်ပြီး ဖြတ်လျှောက်လာသည်။ "ငါဒီကို တစ်ခုခုပေးချင်လို့လာတာ" ကျွန်တော်လက်ဖွင့်ပြလိုက်တော့ သဲနာရီက ကျွန်တော့်လက်ထဲမှ လဲလျောင်းနေသည်။ သဲကတော့ တစ်ပွင့်မှမကျန်တော့ဘူး။
သူက သဲနာရီကိုကောက်ကိုင်ရင်းမေးလာ၏။ "ဘာလဲ ဒါက"
"ငါမင်းကို လာတွေ့လို့ရအောင် မင်းပို့ပေးလိုက်တဲ့ တစ်ခုခုပေါ့" ကျွန်တော်ပြောသည်။ "မင်းက ငါ့ထက် အရင်ထွက်သွားရမှာ"
"ဘယ်တော့လဲ" သူမေးသည်။
"မေ ၆ရက်၊ မင်း အသက် ၆၈ ပြည့်တဲ့နေ့" ကျွန်တော်ပြောပြသည်။ "ငါ...." ကျွန်တော် သူ့လည်ပင်းနောက်က သံစလေးကို ရုတ်တရက်တွေ့လိုက်ရသည်။ "ဒါ ဘာကြီးလဲ"
သူ့အမူအရာက သဘာဝမကျစွာပြောင်းသွားသည်။ "ဘာမှမဟုတ်ဘူး"
ကျွန်တော် သူ့လည်ပင်းနောက်ကို စမ်းကြည့်တော့ သံစက လည်ပင်းထဲကို နှစ်ဝင်နေသည်။ "မင်းပြောတော့ လူတစ်ယောက်က တူညီတဲ့ ကြိမ်နှုန်းကို ဖွင့်ချနိုင်သည်ဆိုရင် တစ်ခြားကမ္ဘာက လူတစ်ယောက်နဲ့တွေ့နိုင်သည်ဆို... ဒါက ကြိမ်နှုန်းထုတ်လုပ်ရေးကရိယာပေါ့"
သူက ကျွန်တော့်ကို လန့်ဖြတ်ပြီးကြည့်သည်။ "မင်း ဒဿနိကလေ့လာနေတာလား။ ရူပဗေဒလေ့လာနေတာလား"
"ငါက မင်းရဲ့ အတော်ဆုံးကျောင်းသားလေ" ကျွန်တော်ပြောသည်။ "မင်း ဒါကြီးကို နှစ်ပေါင်း ၂၀လုံး ဝတ်ထားတာလား"
"ငါက ဒါကို မင်းနဲ့စတွေ့ကတည်က ဝတ်ထားတာ" သူကပြောသည်။ "သိပ်မခံစားရပါဘူး"
ကျွန်တော်သူ့မျက်ဝန်းတွေကို မနှောက်ယှက်ဘဲ ငေးကြည့်မိသည်။
သူက တီးတိုးပြောသည်။ "စထည့်ခါစတော့ နည်းနည်းနာတာပေါ့။ ငါ့ ကိုယ်ခန္ဓာစာမေးပွဲအတွက် မအောင်တာကလွဲရင် အကုန်အဆင်ပြေပါတယ်။"
"မင်းက သံစတစ်ခုကို မင်းခေါင်းထဲပစ်ထည့်ထားတာလေ" ကျွန်တော့်အသံက မြင့်လာသည်။
"မင်းလည်း စိတ်ရောဂါကုဆေးရုံမှာ မင်းရဲ့ဘဝတစ်ဝက်လောက်ကို ဖြုန်းတီးလိုက်ရတာပဲလေ" သူက ပြန်အော်သည်။
ကောင်းပြီ။ ကျွန်တော်အရမ်းဒေါသထွက်သွားပြီး လှည့်ထွက်သွားလိုက်တော့ သူက ကျွန်တော့်လက်ကို ဆွဲကိုင်ထားသည်။ "မသွားပါနဲ့" သူကပြောသည် "မင်း အခုသွားရင် ပြန်လာလို့မရတော့ဘူးမလား"
"ငါမသိဘူး.... သုတေသနပြုလုပ်သူက မင်းလေ" ကျွန်တော်က သူ့ကို သက်ပြင်းနက်နက်ချလိုက်သည်။ "ငါက ဒီကို နှုတ်ဆက်ဖို့လာတာ"
၃၆.
ကျွန်တော့်ဘဝအဆုံးသတ်ခါနီးပြီလို့ ခံစားရသည်။ မီးတောက်လေးက နောက်ဆုံးအကြိမ်ထတောက်သလိုမျိုး....
ဒီတစ်ခါကတော့ ရုန်ချန်းရှန်က ၅၉နှစ်ပဲရှိသေးသည်။ သူက ကောင်းကောင်းနေထိုင်ပြီး ၅၆နှစ်အရွယ် လူကြီးတစ်ယာက်အနေနဲ့ ပြောစရာတွေအများကြီးရှိသည်။
အာ... နောက်ဆုံးတော့ ကျွန်တော် ရုန်ချန်းရှန်စိတ်အခြေအနေမကောင်းလဲဆိုတာ သိလိုက်သည်။
သူက ဒီနေ့မှာ တစ်ယောက်ယောက်သေသွားသည်လို့ပြောခဲ့သည်။ ဘယ်သူလဲတော့ မပြောခဲ့ဘူး။
ကျွန်တော်သေတာကို သူမြင်ခဲ့တာပဲ။
၃၇.
သူကျွန်တော့်ကို သံသယဝင်စွာကြည့်သည်။ "နှုတ်ဆက်တာ?"
"ငါက ၆၇နှစ်မှာ" ကျွန်တော်ပြောသည်။ "ငါနှစ်ပေါင်းသုံးဆယ် နေပြီးတဲ့နောက်မှာ ငါနှလုံးသားက ထဖောက်လာတယ် ပြီးတော့..." ကျွန်တော် ခနရပ်ထားလိုက်သည်။ "မင်းက ငါ့ထက်နှစ်နှစ်စောသွားခဲ့တာ"
"မင်းက မင်းရဲ့လက်ထောက်ကို ဒီသဲနာရီကို မင်းရဲ့ အသုဘမှာ ငါ့ကိုပေးဖို့ မှာထားခဲ့တယ်။" ကျွန်တော်က ဆက်ပြောသည်။ "အဲ့ဒီနေ့ ငါ့ကမ္ဘာရဲ့ ဟန်ကျိုးမှာ ပြင်းအား ၆ရှိတဲ့ ငလျှင်တစ်ခု လှုပ်ခတ်ခဲ့တယ်လေ"
သူကပြောသည်။ "ငါမြို့နှစ်ခုကို လမ်းဖောက်လိုက်တာလား"
"အင်း၊ မင်းကမ္ဘာက ဟန်ကျိုးနဲ့ ငါ့ကမ္ဘာက ဟန်ကျိုးက ပေါင်းစည်းသွားတယ်။ ငါမင်းရဲ့ အသုဘကို တက်ခဲ့တယ်။" ကျွန်တော်ကပြောပြသည်။ "သဲနာရီက ငါကို အတိတ်က မင်းကို မြင်နိုင်အောင်လို့ ကူညီပေးခဲ့တာ။ မင်း က တကယ့်ကို ဖန်တီးခဲ့သူပဲ။"
"ငါဆိုတဲ့အတိုင်းပဲ" သူက သူ့ကိုယ်သူ ကျေနပ်စွာပြောသည်။
မင်းလုပ်ခဲ့တယ်.,... တကယ်ကြီးကို မင်းလုပ်ခဲ့တာ...
၃၈.
"ဒါက ငါ့ရဲ့နောက်ဆုံး ကူးပြောင်းခြင်းပဲ။ မင်းဘာလိုချင်လဲ" ကျွန်တော်သူ့ကိုမေးလိုက်သည်။
" ကိုယ့်ကို Shamanism အကြောင်းပြောပြ" သူကပြန်ဖြေသည်။
"မင်း အတည်ပြောနေတာလား" သူစိတ်လွတ်သွားတာများလားလို့ တွေးလိုက်မိသည်။
သူက ရယ်သည်။ "ဒါဆိုဘာလို့မေးနေသေးလဲ... လာ... ကိုယ့်ကို နမ်း"
ညာဘက်မျက်ခုံးပေါ်က ငှက်မွှေးပုံအမာရွတ်က နှလုံးသားထဲစိုက်ဝင်သည်။ ကျွန်တော်က ပင်လယ်ကမ်းစပ်မှာ သောင်တင်နေတဲ့သစ်ကိုင်းခြောက်မှာနားတဲ့ ငှတ်တစ်ကောင်မဟုတ်ဘူး။ ရုန်ချန်းရှန်လက်ထဲက စွန်လေးတစ်ခု....
သူက အချိန်နဲ့နေရာကို ကျော်ဖြတ်ပြီး ကျွန်တော့်ကို ကြည့်သည်။ ကျွန်တော်က သူ့ရဲ့ စကြာဝဠာအနားသတ်တွေကို ဖြတ်ကျော်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပါပဲ။
၃၉.
ကျွန်တော့်လက်တွေက တစ်လက်မပြီးတစ်လက်မ ဖျော့တော့လာ၏။ ကျွန်တော်ပြန်ရမယ့် အချိန်ရောက်လာပြီထင်သည်။
သူက ကျွန်တော့်လက်ကိုဆွဲကိုင်ပေမယ့် လေထုပါးပါးလေးကိုပဲ ဆုတ်ကိုင်မိသွားသည်။
ကျွန်တော်သူ့နားနားကို ကပ်ပြီး တီးတိုးပြောလိုက်သည်။
"ဝေါ် အိုက် နီ"
၄၀.
ကျွန်တော်က သူ့အသုဘကို တက်ပြီး သူက သဲနာရီလေး ချန်ထားပေးခဲ့သည်။
သူက ကျွန်တော့် ဘဝနောက်ဆုံးအချိန်ကို လာကြည့်ချိန်မှာ ကျွန်တော်က သူ့ကို သဲနာရီပြန်ပေးခဲ့သည်။
ကျွန်တော်တို့က ကမ္ဘာနှစ်ခု ကြားက အသွားအပြန်ရှိတဲ့ မဖျက်ဆီးနိုင်တဲ့ Mobius လက်စွပ်လေး တစ်ကွင်းဖြစ်လာသည်။
၄၁.
ကျွန်တော့် အသက် ၆၅ မှာ ဖိတ်စာတစ်စောင် လက်ခံရရှိခဲ့သည်။
ရုန်ချန်းရှန် ဆုံးပြီ။
-ပြီးပါပြီ-