စကြာဝဠာ အနားသတ်များအား ဖြတ်ကျ...

By Cillaniee

6.9K 836 44

Title: Flying Bird Hourglass Original Title: 飞鸟沙漏 Author: 天良永动机 Status: Completed (4 Chapters) Genre: BL, Rom... More

Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Discussion (Unicode)
Part 1 (Zawgyi)
Part 2 (Zawgyi)
Part 3 (Zawgyi)
Part 4 (Zawgyi)

Part 1 (Unicode)

3.1K 175 1
By Cillaniee

"သူက ကျွန်‌တော့်ကို ရှာဖို့ ထောင်နဲ့ချီတဲ့ တောင်တန်းနဲ့ မြစ်ပြင်ကို ဖြတ်သန်းလာခဲ့သည်။"

ကျွန်‌တော့်ချစ်သူရဲ့ အသုဘကို တက်ရောက်ခဲ့သည်။

ဒါပေမယ့် ဧည့်သည်တွေအားလုံးကပြောကြတာကတော့

သူတို့ကျွန်‌တော့်ကို မမြင်ဖူးဘူးတဲ့။

၁.

"နာမည်?"

"ယွီယင်းဝမ်"

"ချိန်းထားတာရှိလား"

"ဟုတ်ကဲ့၊ ဒေါက်တာယွီနဲ့ သုံးနာရီမှာပါ"

"ခနထိုင်ပါဦး၊ ဒေါက်တာယွီအခုလာပါလိမ့်မယ်"

ကျွန်တော်က နံရံနားက ခုံတစ်ခုမှာထိုင်ချလိုက်၏။ ထောင်လင်လမ်းမဆေးရုံကြီးကို ရောက်လာကတည်းက အချိန်မှန်ဆေးသောက်လေ့ရှိပြီး စိတ်ပညာရှင်အထူးကုနဲ့လည်း ရှားရှားပါးပါး ဆွေးနွေးတာမျိုး လုပ်လေ့ရှိသည်။

"မစ္စတာ ယွီ" ဒေါက်တာ ယွီက ကျွန်‌တော့်ကို ဂရုတစိုက်ကြည့်ရင်းပြောသည်။ သူ့မျက်ဝန်းထဲက အံ့သြမှုကိုတောင် ကျွန်တော်ခံစားနိုင်သည်။ "ဘာလို့ ဒီမှာရှိနေတာလဲ"

"ငါ..." ကျွန်တော် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်း အသံကို နှိမ့်ချလိုက်သည်။ "ဒီမှာပြောလို့ အဆင်မပြေဘူး။" ကျွန်တော်က ထူးဆန်းတာတစ်ခုပြောချင်နေတာ.. ဒီထောင်လင် ဆေးရုံနဲ့ပတ်သတ်ရင် ကျွန်တော်ပြောနေကျပုံစံပါပဲ။ ဒီဟာက စိတ်ကျန်းမာရေး ဆေးရုံဖြစ်ပြီးတော့ ပုံမှန် စိတ်ကျန်းမာရေး ဆေးခန်းတွေနဲ့ ကွာခြားသည်။

"အိုခေ... ငါ့ရုံးခန်းထဲသွားပြောရအောင်" ဒေါက်တာယွီက တံခါးကို တွန်းလိုက်ရင် ကျွန်‌တော့်ကို အထဲဝင်စေသည်။

ကျွန်တော်က ခေါင်းညွတ်လိုက်ရင်း သူ့နောက်ကို ခပ်သွက်သွက်လိုက်သွားသည်။ ကျွန်တော်က ဒီနှစ်မှာ ခြောက်ဆယ့်ငါးနှစ်ပြည့်မှာဖြစ်ပြီး ကျွန်‌တော့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေက သိပ်မကောင်းဘူး။ အကြီးမားဆုံး ပြသနာကတော့ စိတ်ပိုင်းဆိုင်ရာပါပဲ။ ကျွန်‌တော့်သူငယ်ချင်းက ကျွန်တော် အသက်ခုနစ်ဆယ်အထိမနေရတော့ဘူးပြောသည်။ ကျွန်တော်ကတော့ ပင်စင်ယူပြီးတာတောင် ဆက်နေနိုင်တာ ထူးဆန်းနေပြီလို့ ခံစားရသည်။

၂.

ကျွန်‌တော့်မှာ အကြောက်လွန်တဲ့ လက္ခဏာနဲ့အတူ ထင်ယောင်မှားရောဂါရှိသည်။

အရမ်းကို စိတ်လှုပ်ရှားသွားရင် ရောဂါထလာတတ်ပေမယ့် ကျွန်‌တော့်အတွက် အဲ့ဒါကပြသနာကြီး မဟုတ်ပါဘူး။ ပုံမှန် နွေးထွေးတဲ့ နေ့လည်ခင်းမှာတောင် ဒီလိုခံစားချက်ကြီးနဲ့ နိုးထလာဖူးသည်။

ကျွန်‌တော့်ရဲ့ စိတ်တစ်လွှာမှာ ဖုန်ထူထူတက်နေတဲ့ ဒီအမှတ်တရတွေကို ကျွန်တော်သာ သွားမရှာဖြစ်ခဲ့ရင် ကျွန်တော်က ခပ်ပျော်ပျော်နေတတ်‌တဲ့ လူကြီးတစ်ယောက်ပါပဲ။

ကံမကောင်းစွာနဲ့ပဲ ဒါကတကယ့်ကို ပြင်းထန်တဲ့ ဖျားနာမှုဖြစ်နေသည်။ ကျွန်‌တော့်ခံစားချက်တွေကို ဆွဲထားလို့လည်းမရသလို လွှတ်ချလို့လည်းမရဘူး။ ကျွန်‌တော့်ဦးနေှာက်က ထိန်းချုပ်အားနည်းသည်။ ကျွန်တော်သာ ဂရုမစိုက်မိရင် ရောဂါက ထဖောက်လာမှာပဲ။

ဒါကြောင့် ကျွန်တော်က ဒီဆေးရုံက ဒေါက်တာ ယွီဆီလာခဲ့တာ။ သူက ကျွန်‌တော့် စိတ်အခြေအနေတွေအတွက် တာဝန်ယူထားပေးသည်။

၃.

"ဘယ်လိုနေ‌သေးလဲ" ဒေါက်တာယွီက အေအေးဆေးဆေးရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ပျော်ရွှင်နေတဲ့လေသံနဲ့မေးသည်။

"ကျွန်တော် အသုဘတစ်ခုတက်ခဲ့တယ်" ဝိရောဒိနည်းနည်းနဲ့ ဒီကိစ္စကို ဘယ်လိုဖော်ပြရမလဲ မသိဘူး။ "ကျွန်တော် သူ့အသုဘ တက်ရောက်ခဲ့တယ်။"

"ဆိုလိုတာက..." ဒေါက်တာယွီရဲ့ မျက်နှာအမူအရာက ချက်ခြင်း အရေးကြီးတဲ့ဘက်ရောက်သွားသည်။ သူက ဆေးမှတ်တမ်းတွေကို ကြည့်လိုက်ပြီး ပြန်မေးလာ၏။ "ရုန်ချန်းရှန်ရဲ့ အသုဘလား"

"ဟုတ်တယ်" ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ "ရုန်ချန်ရှန်၊ အသက် ၆၈နှစ်။ နံပါတ် ၃၀၄၊ တိုက်နံပါတ် ၁၃၊ လင်နန်မင်ယွမ်၊ ရှောင်စန်းခရိုင်၊ ဟန်ကျိုးမှာ နေသည်။ သူက နှလုံးရောဂါနဲ့ သေခဲ့တာ"

"ဘာလို့ခင်ဗျား... မဟုတ်ဘူး... ဘယ်လိုလုပ် ခင်ဗျားက အဲ့ကိုရောက်သွားတာလဲ" ဒေါက်တာယွီက မေးသည်။

"ကျွန်တော် ဖိတ်စာရခဲ့တာ" ကျွန်တော်က ပြောပြီး စာတစ်စောင်ထုတ်ပြလိုက်သည်။

"ဒီမှာ"

ထောင့်မှန်ပုံစံ စာလေးက သဲနာရီပုံ ရှိတဲ့ ဖယောင်းနဲ့ပိတ်ခံထားရ၏။ ပြီးတော့ စာမှာက ခပ်ရှင်းရှင်း ဆွဲချက်တစ်ချို့နဲ့ ပျံသန်းနေတဲ့ ငှက်တွေပုံဆွဲချထားသည်။

ဒေါက်တာယွီက စာကိုယူလိုက်ပြီး တစ်ဝက်ဖွင့်လိုက်သည်။ ဝါကျင့်ကျင့်စာရွက်လေးဟာ နှစ်ပေါင်းများစွာက လာခဲ့လေသယောင်...

သူက ဒီစာထဲမှာ ဘာရေးထားလဲဆိုတာ ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။

[ ချစ်လှစွာသော ယင်းဝမ်]

၄.

ချစ်လှစွာ‌သော ယင်းဝမ်..

ဘယ်လိုလဲ...အဆင်ပြေလား...

ကိုယ်မင်း အချိန်မှန်စားပြီး၊ အချိန်မှန်လေ့ကျင့်ခန်းလုပ်ဖို့ မျှော်လင့်ပါတယ်။

ပြီးတော့...

မေ ၆ ရက်နေ့က ကိုယ့် အသုဘပဲ။

အနောက်တိုင်းဝတ်ဆုံ ဝတ်လာခဲ့နော်၊ ကိုယ်မင်းရဲ့ စင်ယော်ပုံနဲ့ လည်စည်းကို သဘောကျသည်။

ရုန်ချန်းရှန်

၅.

"စင်ယောက်ပုံနဲ့ လည်စည်း?"

ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော် အထက်တန်းဘွဲ့ယူတဲ့နေက ဝတ်ခဲ့တဲ့လည်စည်းပဲ" ကျွန်တော်ဘာလို့ အဲ့လည်စည်းကို ဒီလောက်ကြာအောင်သိမ်းထားလည်းမမှတ်မိတော့ဘူး။ နှစ်ပေါင်း ၅၀ကျော်ကြာပြီးရင်တော့ ကျွန်‌တော့်အဝတ်ဘီရိုရဲ့အောက်ဆုံးမှာ ရှိနေသည်။ အဲ့ဒါကို ဆွဲထုတ်ဖု့ိတောင် အချိန်ယူလိုက်ရသေးသည်။

"သူက ခင်ဗျားကို သိနေတာပဲ" ဒေါက်တာယွီက ပြောသည်။

သူကျွန်‌တော့်ကို သိသည်ဆိုတာ သံသယရှိစရာမလိုဘူး။ ဘာလို့သူက သူ့အသုဘကိုတက်ဖို့ ကျွန်‌တော့်ကို စာရေးပေးခဲ့ရတာလဲ။

ကျွန်တော်လည်း သူ့ကို သိခဲ့သည်။ လက်တွေ့ဘဝမှာတော့ မဟုတ်ဘူး။ ကျွန်‌တော့် ထင်ယောင်မှားထဲမှာ။

"ဒါပေမယ့်" ဒေါက်တာယွီက ကြောင်အနေသည်။ "မေ ၆ ရက်နေ့မှာ ရှောင်စန်းခရိုင်ဟန်ကျိုးမှာ ၆မဂ္ဂနိကျု့ ပြင်းအားရှိတဲ့ ငလျှင်လုပ်သွားသည်လေ။ ဘယ်လိုလုပ် အသုဘ ကျင်းပလို့ရမလဲ"

"ငလျှင်လား" ကျွန်တော် အံ့သြသွားသည်။ "ဘယ်က ငလျှင်လဲ"

၆.

မေ ၆ ရက်နေ့တုန်းက ရာသီဥတုက သာယာသည်။ ကြည်ပြာပြာကောင်းကင်ရယ်၊ ဖြူဖွေးစွတ်နေတဲ့ တိမ်တွေရယ်နဲ့ ခပ်သာသာတိုက်ခိုက်နေတဲ့ လေညှင်းတွေရှိသည်။ ကျွန်တော်က အထူးတလည် ဝတ်စားထားပြီး ရှန်ဟိုင်းလည်စည်းနဲ့ သေသပ်တဲ့ အနောက်တိုင်း ဝတ်စုံဝတ်ထားကာ ငယ်ရွယ်တဲ့ အချိန်ဆိုတော့လည်း အင်တာဗျူးဖြေဖို့ တက်ကြွစွာနဲ့ ရထားပေါ်ကို တက်လာခဲ့သည်။

ကျွန်တော်က တာ့လျင်မှာနေတာ။ ဘာလို့ဆို နွေးထွေးတဲ့ လေနဲ့ ပင်လယ်ကြီးကို သဘောကျသည်လေ။ ဒီမြို့က အကုန်ကိုက်ညီနေသည်။ ကျွန်‌တော့် တာ့လျင်မှာ နေပေမယ့် မြို့ထဲလည်ပတ်ဖို့တော့ အချိန်မရှိပါဘူး။ ဘာလို့ဆို ကျွန်‌တော့်အချိန်အများစုက ထောင်လင်လမ်းမ ဆေးရုံကြီးပေါ်မှာ ကုန်ဆုံးနေရလို့ပါပဲ။

ဆေးရုံက မက်မွန်ပင်တွေအများကြီးရှိတဲ့ ကျယ်ဝန်းတဲ့ နေရာတစ်ခုပါ။ ပန်းပွင့်ရာသီဆိုရင် ပွင့်ချိန်က အဲ့လောက်မကြာပေမယ့် ကျွန်‌တော့်အတွက်တော့ အိပ်နေစဥ်မှာ ရုန်ချန်းရှန်နဲ့ အတူရှိဖို့ ကျေးဇူးတင်ဖို့ လုံလောက်ပါပြီ။

ကျွန်တော်က သူ့အကြိုက် "Doctor Who" က သရုပ်ဆောင်တွေရဲ့ အင်တာဗျူး စီဒီကို ယူလာခဲ့သည်။ သူက ရူပဗေဒသင်တဲ့ တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်။ ကျွန်တော်လည်း ဒဿနိကသင်တဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ခါနီးအချိန်ပါပဲ။

ကျွန်တော်ကတော့ ဒီဖျားနာမှုကို မခံစားရခင်အချိန်ကာလလမို့ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်လျှမ်းနေသည်။ Kafka နဲ့ Camus ကြား ငြင်းခုံဆွေးနွေးမှုက အံ့မခန်းပါပဲ။

ကျွန်တော်က တရားစီရင်ရေးတွေပြည့်နှက်နေတဲ့ "လူစိမ်း"ဆိုတဲ့ စာအုပ်ကို ကိုင်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ "သူအမေကို မြေမြှုပ်တဲ့နေ့တုန်းက သူမငိုခဲ့ဘူး" Meursault က ငိုခဲ့သင့်သည်။ သူ့အမေရဲ့ သူ့အပေါ် ဘယ်လိုအရေးကြီးကြောင်းကို ကိုယ်ချင်းစားပြီးတော့ ဖြစ်ဖြစ်ပေါ့။

ကျွန်‌တော့်မျက်ဝန်းတွေကို ဖွင့်လိုက်တဲ့အချိန်မှာ ရုန်ချန်းရှန်က မက်မွန်ပင်အောက်မှာရပ်နေပြီး ကျွန်‌တော့်ကို ပြုံးကြည့်နေသည်။ "ပရော်ဖက်ဆာ ယွီ"

၇.

ပရော်ဖက်ဆာယွီက ကျွန်‌တော့် ဘဝရဲ့ တော်တော်များများကို ဖျက်ဆီးပြစ်ခဲ့သည်။

အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ပြီး အဖြူရောင်နှင်းဆီကို ဘယ်ဘက်အိတ်ကပ်မှာ ထိုးကာ အသုဘထဲကို ကျွန်တော်ဝင်လာခဲ့သည်။

အသုကက ဟိုတည်ခန်းထဲမှာရှိပြီးတော့ ဧည့်သည်တွေက လူးလာခေါက်ပြန်သွားနေကြသည်။ ကျွန်တော်သူ့ကို မမြင်ခင်အထိ လမ်းပျောက်နေတဲ့ သင်္ဘောတစ်စင်းလို လူတွေကြား ညှပ်နေခဲ့သည်။

အဖြူမည်းဓာတ်ပုံအလည်သူ ရှိနေသည်။ ကျွန်တော် သူ့နာမည်ကို ဖတ်လိုက်သည်။

"ရုန်ချန်းရှန်"

၈.

ကျွန်တော် အသုဘကို တစ်ခါမှ မတက်ဖူးဘူး။ ကျွန်‌တော့်မိဘတွေရဲ့ အသုဘကိုတောင် ကျွန်တော်မတက်ဖူးဘူး။

အဲ့ဒါက ကျွန်တော်သွေးအေးတာမဟုတ်ဘဲ မတက်ရောက်နိုင်ခဲ့တာ။ ထောင်လင်ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ကျွန်‌တော့်ဆွေမျိုးတွေက ကျွန်‌တော့်ကို ရွံစရာကောင်းတဲ့ အမှိုက်တစ်စလို မေ့သွားကြသည်။ သူတို့ခံစားချက်ကို ကျွန်တော်နားလည်နိုင်ပါသည်။ ဘယ်သူက စိတ်မကျန်းမာတဲ့ လူတစ်ယောက်ကို ဆွေမျိုးတော်ချင်မှာလဲ။

ကျွန်‌တော့််မိဘတွေသေတုန်းက ညီမတစ်ယောက်က သတင်းလာပြောပြသည်။ ကျွန်တော်က အဲ့တုန်းက ဆေးသောက်နေရဆဲဖြစ်ပြီး ကျွန်‌တော့််ခြေထောက်တွေက တိမ်တွေပေါ်မတ်တပ်ရပ်နေရသလိုမျိုး။ သူမက အပြစ်တင်ပြီး စိတ်ဆိုးသွားခဲ့သည်။

ကျွန်တော်က သူ့ကို တစ်ယောက်သောသူကို ချစ်မိသွားခဲ့သည် လို့ပြောလိုက်သည်။

မရှိတဲ့ လူတစ်ယောက်။

ကျွန်တော် ရုန်ချန်းရှန်ကို ချစ်ခဲ့သည်။

၉.

ကျွန်တော်နဲ့ ရုန်ချန်းရှန်က မှန်တစ်ချက်ခြားထားသလိုမျိုး။ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်ဆွဲထ ဘယ်တော့မှ ဖက်ထားနိုင်ကြမှာ မဟုတ်ဘူး။ သူက မှန်ကိုဖြတ်ပြီး ကျွန်‌တော့်ကို ပြုံးပြခဲ့သည်။

နွေဦးက တောက်ပနေတဲ့ ဧပြီလရဲ့ မက်မွန်ပွင့်ကြွေတွေလိုပါပဲ။

ကျွန်တော်သူ့ကို ချီးကျူးလို့ရသမျှနည်းနဲ့ ချီးကျူးဖို့ ဝန်မလေးပါဘူး။ ဒါပေမယ့် အဲ့ဒါက သူ့အတွက်တော့ တစ်ရာမှာ တစ်ပြားလိုနေဆဲပဲ။

နှစ်ပေါင်းနှစ်ဆယ်ကျော် ဆေးရုံတက်စဥ်အတွင်း ဆေးတွေက ကျွန့်တော့မှတ်ညာဏ်တစ်ချို့ကို ဖျက်ဆီးပစ်ခဲ့သည်။ ကျွန်တော်သူ့ကို ချစ်နေမှန်းပဲသိသည်။ ဘာလို့ သူ့ကို ချစ်ခဲ့မှန်းမသိတော့ဘူး။

ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံ‌ရေးက အိမ်မက်လိုပဲ။

သူ့ကို အိမ်မက်မက်ခဲ့သည်၊ ချစ်ခဲ့သည်။

သူကျွန်‌တော့်ကို ချစ်လားမချစ်လားတော့မသိဘူး။

ကျွန်တော်က ကမ်းခြေမှာသောင်တင်နေတဲ့ သစ်ကိုင်းခြောက်မှာ နားနေတဲ့ ကြောက်လန့်မဲ့ ငှက်တစ်ကောင်ပါပဲ။

၁၀.

"Hello, sir."

ကျွန်တော်လှည့်ကြည့်လိုက်တော့ ခပ်ငယ်ငယ်လူတစ်ယောက်က ကျွန်‌တော့်နောက်မှာ ရပ်နေသည်။ "ဘာကိစ္စရှိလို့လဲ"

"အားနာပေမယ့် ခင်ဗျားက မစ္စတာရုန်ရဲ့....?" သူမေးလာသည်။

ကျွန်တော်က ရုန်ချန်းရှန်အတွက် ဘယ်လိုလူလဲ။ သူကဘာလို့ ကျွန်‌တော့်ကို ဖိတ်စာပို့လာခဲ့ရတာလဲ။ ကျွန်တော်တို့ လက်တွေ့ဘဝမှာ တစ်ခါမှမတွေ့ဖူးပဲနဲ့လေ။ အရူးချင်ဆုံးအချိန်ကတော့ ကျွန်‌တော့်သူငယ်ချင်းတစ်ယောက်ကို ရုန်ချန်းရှန်အကြောင်း စုံစမ်းခိုင်းပေမယ့် ဘာမှထွက်မလာခဲ့ဘူး။

ရုန်ချန်းရှန်လို့ ခေါ်တဲ့လူတစ်ယောက်က ဒီကမ္ဘာကြီးထဲမှာ မရှိခဲ့ဘူး။

ဒါပေမယ့် အခုကျွန်တော်က ရုန်ချန်းရှန်ရဲ့ အသုဘကို ရောက်နေသည်။

သူက ဘယ်သူလဲ?

ကျွန်တော်ပြန်ဖြေလိုက်သည်။ "ငါ့နာမည် ယွီယင်းဝမ်"

လူငယ်ရဲ့ မျက်ခုံးတွေက ပင့်တက်သွားပြီး သစ်သားသေတ္တာလေးထုတ်ယူလာကာ ကျွန်‌တော့်လက်ထဲထည့်သည်။ "ကျွန်တော်က ပရော်ဖက်ဆာ ရုန်ရဲ့ လက်ထောက်ပါ။ သူမသေခင်က ခင်ဗျားကို ဒီသေတ္တာလေးပေးခိုင်းလိုက်လို့"

ကျွန်တော်က သစ်သားသေတ္တာလေးကို ယူလိုက်သည်။ အဲ့ဒါက သိပ်မကြီးဘဲ အလျားကလည်း လက်နှစ်သစ်ပဲ။ ခပ်လေးလေးရှိသည်။ "ကျေးဇူးပဲ"

၁၁.

"သူက ခင်ဗျားကို သေတ္တာတစ်ခုပေးလိုက်တယ်ပေါ့" ဒေါက်တာယွီကပြောသည်။

ကျွန်တော်ခေါင်းညိတ်လိုက်ရင်း "ဟုတ်တယ်"

"အသုဘမှာ မင်းသိတဲ့လူတစ်ယောက်ယောက်နဲ့များ တွေ့ခဲ့လား" ဒေါက်တာယွီကမေးသည်။

ကျွန်တော်က ခေါင်းခါယမ်းလိုက်ရင်း "ဟင့်အင်း သူတို့တစ်ယောက်မှ ကျွန်တော့်ကိုမသိသလို ကျွန်တော်လည်း သူတို့တစ်ယောက်ကိုမှမသိဘူး။"

"ဒါဆို ခင်ဗျားက ငလျှင်ဗဟိုကို သိတဲ့သူတစ်ယောက်မှမရှိတဲ့ အသုဘကို တက်ဖို့သွားခဲ့တာပေါ့" ဒေါက်တာယွီကပြောသည်။ "ဒါဖြစ်ခဲ့တယ်ဆိုတာသေချာလား။ လက်တွေ့အိမ်မက်များမက်နေတာလား"

ဒေါက်တာယွီရဲ့ကောက်ချက်ချမှုက ကျွန်‌တော့်စိတ်ပျက်မှုကို အတည်ပြုပေးလိုက်သည်။ "မသိဘူး၊ ဒါပေမယ့်..." ကျွန်တော် သစ်သားသေတ္တာလေးကို ထုတ်ယူလိုက်သည် "အဲ့ဒါက အမှန်ပဲ"

ဒေါက်တာယွီက သစ်သားသေတ္တာကို ဖွင့်လိုက်ပြီးထူးဆန်းတဲ့အမူအရာနဲ့ပြောသည်။ "သဲနာရီတစ်လုံးရှိနေတာပဲ"

"သိတယ်" ကျွန်တော်ကပြောသည်။ "ဘာလို့သူက သဲနာရီပေးရတာလဲ"

"ငါစိတ်ကျန်မာရေးအထူးကုလေ ပရော်ဖက်ဆာယွီ... စုံထောက်မဟုတ်ဘူး။" ဒေါက်တာယွီကပြောသည်။ သူက သေတ္တာကိုပြန်ပိတ်လိုက်ပြီး ကျွန်‌တော့်မေးလာ၏။ "ခုနောက်ပိုင်း အိပ်ရတာဘယ်လိုလဲ။"

"မဆိုးပါဘူး" ကျွန်တော်က သစ်သားသေတ္တာလေးကို စက္ကူအိတ်ထဲပြန်ထည့်လိုက်သည်။

"ခင်ဗျား ရုန်ချန်းရှန်အကြောင်း အိမ်မက်မက်သေးလား" သူကမေးသည်။

ကျွန်တော်က ခေါင်းယမ်းလိုက်ရင်း "သူ့အသုဘပြီးကတည်းက သူ့အကြောင်းမမက်တော့ဘူး"

ဒေါက်တာယွီက ခန့်မှန်းသည်။ "အသုဘက ဦးနှောက်ရဲ့ ကုသမှု အချက်ပြများလား"

ကျွန်တော်မဖြေရဲခဲ့ဘူး။ ကျွန်တော်က မတည်ရှိတဲ့အရာတစ်ခုနဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး ကျွန်‌တော့်တစ်ဘဝလုံးကို ရှာဖွေရင်းနဲ့ အချိန်ကုန်ခဲ့သည်။ အခု ဘာလို့ အဲ့ဒီအရာက နှုတ်ဆက်စကားဆိုသွားရတာလဲ။ ထောင်‌ပေါင်းများစွာသော မေးခွန်းတွေက ကျွန်‌တော့် နှလုံးသားထဲမှာ ဖုံးကွယ်နေသည်။ ကျွန်တော်မတ်တပ်ရပ်လိုက်ပြီး ဒေါက်တာယွီကို နှုတ်ဆက်လိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ခုတော့ ပြန်တော့မယ်။"

"ကောင်းပြီ။ လိုတာရှိရင် ဖုန်းဆက်လိုက်" ဒေါက်တာယွီကပြောသည်။ "ဂုဏ်ယူပါတယ် ပရော်ဖက်ဆာ ယွီ"

၁၂.

ကျွန်တော်က တကယ်တော့ ပျော်မနေပါဘူး။

ကျွန်တော်က ဝရံတာသေးသေးလေးမှာ ထိုင်နေရင်း ရေပန်းသေးသေးလေးနဲ့ ပန်းပင်တွေကို ရေလောင်းနေသည်။ တစ်ယောက်အိပ်ဆရာအခန်းကျဥ်းကျဥ်းလေးက ကျွန်‌တော့်တစ်ကိုယ်တည်းသမားအတွက် အတော်ပါပဲ။

ညီမက ပစ္စည်းတွေကို အချိန်တိုင်းယူလာပေးပြီး တူလေးကလည်း အတူတူပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ရုန်ချန်းရှန်က အိမ်မက်ထဲလာမရှိတော့တာနဲ့ အထီးကျန်တယ်လို့ ခံစားရသည်။

ဒီလူဆိုးကတော့... ကျွန်‌တော် ရေပန်းလေးကို ချထားလိုက်ပြီး သဲနာရီကို ကောက်ကိုင်ကာ အကြိမ်ပေါင်းများစွာ ထပ်ခါတစ်လဲလဲကြည့်လိုက်သည်။ ပြောင်သစ်သားသဲနာရီက မီးခိုရောင်သဲတွေနဲ့ ဘာမှထူးခြားမှုမရှိဘူး။ ကျွန်တော်က သဲနာရီကို နေရောင်ထဲမှာ ထောင်ကြည့်လိုက်ချိန်မှာတော့ သဲနာရီအောက်ခြေက ပါးလျတဲ့ အက်ကွဲရာလေးရှိတာကို တွေ့လိုက်ရသည်။

ဒါက ဘာများလဲ? ကြားထဲမှာ ကျွန်တော်လက်နှစ်ချောင်းကို အားစိုက်တွန်းလိုက်တော့ အနီရောင် ခလုတ်လေးပေါ်လာခဲ့သည်။ ဖန်ထဲက သဲတွေက ရုတ်တရက် အလေးချိန် မရှိတော့ဘဲ မြေကြီးဆွဲအားကို ဆန့်ကျင်စွာနဲ့ ပါးလျလျ အလယ်က ဖန်လည်ပင်းကို ဖြတ်ကာ အပေါ်ကို ဆန်တက်ကုန်ကြသည်။

ကျွန်‌တော့် မျက်ဝန်းရှေ့က မြင်ကွင်းတွေက ဖျက်ဆီးခံရပြီး ပြောင်းလဲကုန်သည်။ ကျယ်လောင်တဲ့ အသံကြားပြီးတဲ့နောက်မှာတော့ ကျွန်တော်ဘာမှ မခံစားရတော့ဘူး။

Continue Reading

You'll Also Like

1.3M 46.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.4M 235K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ကျောင်းသားဆိုး အယောင်ဆောင်) / (ကျောင်းသားဆိုး အယေ...
384K 44.6K 84
နွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမ...
1.2M 92.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.