ဗီလိန်ကငါ့Systemကို၀င်စီးသွား...

Av Berry_Xin

89.9K 14.3K 578

This novel is not mine.I'm just translated it for fun.If there is something wrong about my translation,then... Mer

Description
Chapter-1.1{Arc 1}
Chapter-1.2
Explanation about System
Chapter-2.1
Chapter-2.2
Chapter-3.2
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Notice
Chapter-11
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Not update‼️
Chapter-23
Chapter-24
Chapter-25{Arc 1 End}
Chapter-26{Arc 2}

Chapter-3.1

2.8K 561 22
Av Berry_Xin


Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


ဂူရှီးယွီ ငါးကင်၃ပွဲလောက်စားပီးတာတောင် ကျီချင်ရောက်မလာခဲ့ဘူး။
သူဘေလ်ရှင်းမို့ ၀ိတ်တာကိုခေါ်လိုက်တော့ ၀ိတ်တာလေးက "လူကြီးမင်း စားပီးရင်ပိုက်ဆံရှင်းဖို့မလိုတော့ဘူးဗျ၊ကျသင့်ငွေအကုန်ရှင်းထားပီးပါပီခမျ"

"ရှင်းထားပီးပီ ဟလား"
၀ိတ်တာလေးကယဥ်ကျေးစွာနဲ့"
ကျီမျိုးရိုးနဲ့လူကြီးမင်းက ဒီနေ့ ဒီက လူကြီးမင်းစားသမျှ ကျသင့်ငွေအကုန်လုံးသူရှင်းမယ်လို့ပြောထားလို့ပါဗျ"
ဂူရှီးယွီက သူ့ဖုန်းထဲမှာပိုက်ဆံအများရီးမရှိတော့လို့ အိမ်ကရှာဖွေလို့ရသမျှပိုက်ဆံအကုန်ကောက်ထည့်လာတာ။(T/N ၀ါးတီးဆွဲမို့ပါ😆)

သူ၀ိတ်တာကိုသေချာအောင်မေးလိုက်ည်"အာ့ဆို ကျနော်ဒီနေ့ဘယ်လောက်စားစား အကုန်လုံးမစ္စတာကျီ ရှင်းမယ်ဆိုတာ သေချာလား"
"ဟုတ်ပါတယ်ခမျာ"
မိနစ်အနဲငယ်ကြာတော့ မီနူးထဲမှာရှိတဲ့ ဟင်းလျာအားလုံး ကောက်မှာလိုက်တယ်"ဒါတွေအကုန် ပါဆယ်ထုပ်ပေးလိုက်ပါ"
၀ိတ်တာ-".....ကောင်းပါပီ"

ဂူရှီးယွီက ဒါတွေအားလုံး သူစားဖို့မဟုတ်ပါဘူး။
အချို့ကို လမ်းဘေးကမြောင်းသန့်ရှင်းရေးလုပ်နေတဲ့ စည်ပင်၀န်ထမ်းတွေကိုပေးလိုက်သလို လမ်းပေါ်ကစက္ကူတွေလိုက်ကောက်နေတဲ့ အဘိုးအိုကိုလည်းပေးလိုက်ပါတယ်။
စက္ကူကောက်နေတဲ့ အဘိုးအိုဟာ စိတ်လှုပ်ရှားစွာနဲ့မော့ကြည့်လိုက်ပီး
"ကျေးဇူးတင်ပါတယ် ကောင်လေးရယ်
မင်းက အရမ်းစိတ်ထားကောင်းတာပဲ"

ဂူရှီးယွီကလည်း ဖော်ရွေတဲ့လေသံနဲ့"ကျနော့ကိုကျေးဇူးတင်ဖို့မလိုပါဘူးဗျာ၊အဲ့ဒါ ကျီချင်လို့ခေါ်တဲ့လူကြီးမင်း၀ယ်ကျွေးတာပါ"
ဂူရှီးယွီ ဌာနချုပ်မှာအလုပ်လုပ်တာကြာပီ။ဒီလိုမျိုးတခါမှ သူ့နောက်ကြောင်းမြန်မြန်စုံစမ်းနိုင်တဲ့သူဆိုတာမရှိဘူး။
ကျီချင်က ပထမဆုံးသောသူပဲ။(T/N သူလိန်လီနာအစားလာတွေ့တာ မိသွားတာကိုဆိုလိုတာပါ)

"ဥ ဥက္ကဌ ကျီ ၊ကျနော်တို့ချင်မိသားစုဘက်က ဆောက်လုပ်ရေးကုန်ကျစရိတ်နဲ့ပတ်သက်တာ ရှင်းပီးပီ။ဖုန်းမင် လုပ်ငန်းနဲ့အငြိအစွန်းတွေ ဘာမှမရှိပါဘူးဗျာ"
ချင်ကျင်းက သူ့ဘော်ဒါတသိုက်နဲ့ကလပ်မှာကဲပီး အပြန်မှာဆွဲဆောင်မှုရှိတဲ့ကောင်လေး၂ယောက်နဲ့အတူ သာယာလှတဲ့အပြာရောင်ညလေး ဆင်နွှဲဖို့စီစဥ်ထားတာ။
ရုတ်တရက်ကြီး အနက်ရောင်၀တ်စုံပြည့်၀တ်ထားတဲ့ လူတစုကသူ့ကိုအပြင်းအထန်ရိုက်နှက်ပီး ဆွဲခေါ်လာခဲ့သည်။လောလောဆယ်တော့ ဖုန်းမင်လုပ်ငန်းစုရဲ့လက်ရှိဥက္ကဌရှေ့မှောက်ကို ရောက်နေတာပဲဖြစ်သည်။

ခုံမှာထိုင်နေတဲ့သူက ဘာမှမပြောဘဲသူ့ကိုကြည့်နေသည်။ထိုလူမျက်နှာပေါ်မှာ အပြုံးရေးရေးလေးရှိနေပီး သူ့အမူအရာက အတော်လေးကျေနပ်နေပုံရသည်။
ချင်ကျင်းရဲ့အပြာရောင်ဆိုးထားတဲ့ဆံပင်အောက်မှာချွေးတွေ ဘူးသီးလုံးလောက်ကျနေသည်။
သူကြမ်းပြင်တွင်ဒူးထောက်နေပီး ရှေ့ကလူရဲ့အကြည့်အောက်တွင် တုန်လှုပ်နေသည်။အရိုက်ခံထားရသောနာကျင်မှုတွေပင် ဘယ်နေရာရောက်သွားမှန်းမသိ။

သူအကြာရီးတွေးနေပေမယ့်လည်း ကျီချင်ကိုရန်စထားခြင်း မရှိသည်တော့သေချာပါသည်။
နံဘေးတွင် ရပ်နေသောကျင်းခဲ့မှာ ဖော်ဖော်ရွေရွေဖြင့်"ဒုတိယသခင်လေးချင် မစိုးရိမ်ပါနဲ့။ဥက္ကဌကျီက ခင်များနဲ့ဆွေးနွေးစရာလေးရှိလို့ ဖိတ်လိုက်တာပါ"
ချင်ကျင်းဟာ နာကျင်နေတဲ့သူ့လက်မောင်းကိုပွတ်လိုက်သည်။ဒါက ဆွေးနွေးစရာရှိလို့ ဖိတ်တဲ့ပုံလားဟ?

ကျင်းခဲ့က အချက်အလက်တချို့ပါတဲ့ဖိုင်ကိုသူ့ရှေ့ချပေးလိုက်သည်"ကျနော်ကြားတာတော့ ဒုတိယသခင်လေးက ဒီလူနဲ့လက်ထပ်တော့မယ်ဆို"
ချင်ကျင်းဟာ တချက်ကြည့်လိုက်ပီးနောက် အရာအားလုံးနားလည်သွားတော့သည်။

အဲ့ဒါဂူရွှင်ရဲ့သား ဂူရှီးယွီမလား?

"မီးခိုးရောင်၀တ်စုံလေးကမဆိုးဘူးပဲ၊ဘရင်းလည်းစစ်တယ်ရယ်။ဒုသခင်လေးမြင်ရင် အရမ်းသဘောကျမှာပဲ"
ဒီနေ့က ချင်ကျင်းနဲ့ဂူရှီးယွီ လက်ထပ်မှတ်ပုံတင်ရုံးသွားပီး လက်ထပ်စာချုပ်သွားလုပ်မယ့်နေ့။
ဂူရွှင်နဲ့ ရွှီချိုင်ထင်းက ဂူရှီးယွီထက်ပင်တက်ကြွနေကာ စောစောစီးစီးသူ့အခန်းကိုလာပီး အ၀တ်အစားတွေပြင်ဆင်ပေးနေတယ်။

ဂူရွှင်ဟာ အိမ်မှာရှိတဲ့တစီးတည်းသောကားရဲ့ သော့ကိုပေးလိုက်ပီး"ငါမင်းကို ဒီနေ့တရက် ဒီကားပေးလိုက်မယ်။သခင်လေးစိတ်တိုင်းကျအောင်ပြုစုပေးလိုက် ကြားလား။
သူဘာပြောပြောလုပ်ပေးလိုက်"
ရွှီချိုင်ထင်းက ဂူရွှင်ရဲ့လက်မောင်းကိုဆွဲပီးတိုးတိုးလေးပြောလိုက်သည်"သူလက်ထပ်စာချုပ်လုပ်ပီးတာကို ဘော့စ်ယန်နဲ့သွားမတွေ့ခင် ကျွန်မတို့အတည်မပြုသင့်ဘူးလား"

ဂူရွှင်မျက်မှောင်ကျုံ့လိုက်ပီး"ငါတို့ဘယ်လိုလုပ်ရမှာတုန်း၊ဘော့စ်ယန်က စိတ်ရှည်တဲ့လူမဟုတ်ဘူးကွ။
လူတော်တော်များများက သူ့ကိုတွေ့ချင်ပေမယ့် အခွင့်အရေးမရှိဘူး။
အခုငါတို့ပရော့ဂျက်ကိုကြည့်ကြည့်မယ်ဆိုတာ တော်တော်ကံကောင်းနေပီ။
ဒီလိုရွှေပေါင်လုံးကြီးကို ဖက်ထားသင့်တယ်"

"အားယွီက အသက်၂၀ပဲရှိသေးပေမယ့်သူကဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပိုဦးစားပေးရမယ်ဆိုတာ သိတော့သိတယ်မလား၊ငါတို့စိတ်ပျက်အောင်တော့မလုပ်လောက်ဘူးမလား"ဂူရွှင်က ရွှီချိုင်ထင်းကိုပြောနေပေမယ့် အကြည့်တွေကဂူရှီးယွီဆီပဲရောက်နေသည်။
ဂူရှီးယွီက ကားသော့ကိုယူလိုက်ပီးတည်တည်ငြိမ်ငြိမ်နဲ့"စိတ်မပူပါနဲ့ အဖေ​အကုန်ရှင်းပြလို့ သားနားလည်နေပါပီ"

ဂူရွှင်ဟာစိုးရိမ်စိတ်တွေများပီး နဖူးရေတောင်တွန့်နေသည်။ထို့နောက်သူကကြင်ကြင်နာနာနဲ့စကားအနဲငယ်ပြောပီး
ရွှီချိုင်ထင်းကိုခေါ်ကာ တက္ကစီပေါ်တက်သွားသည်။
ဂူရှီးယွီက အ၀တ်အစားလဲထားပီးပီဖြစ်၍ မှတ်ပုံတင်ရုံးမသွားခင် သူ့Laptopလေးအရင် ပြင်တဲ့ဆိုင်ပို့ရန် စီစဥ်လိုက်သည်။

"မင်းLaptopကအဲ့လိုအခြေအနေတောက်ရောက်အောင် မြေကြီးပေါ်၉၉ခါလောက်ရိုက်ခွဲထားလေရော့သလား။
ကျနော်ပြင်ကြည့်မယ်ဗျာ၊ဒါမယ့်တခုတော့ရှိတယ်။ပြင်လို့ရပေမယ့် ပိုက်ဆံအများရီးကုန်မှာ။
တကယ်လို့ပြင်ကြည့်ပီးမရဘူးဆိုရင်လည်း အဲ့ပမာဏပဲပေးရမယ်။
ဘယ်လိုလဲ ပြင်ကြည့်မှာလား"
ပြင်တဲ့သူက ကားနဲ့အကြိတ်ခံထားရသလိုဖြစ်နေသည့် Laptopကိုအပြန်ပြန်အလှန်ကြည့်ပီးပြောသည်။

ဂူရှီးယွီဘာမှမပြောဘဲ အိတ်ထဲကဘဏ်စာအုပ်ကိုထုတ်ပီး ပြင်ခအတွက်လွှဲပေးလိုက်သည်။
မနေ့ညက သူ့ဘဏ်အကောင့်ကိုစစ်ဆေးထားသည်၊ယွမ်နဲနဲလောက်ကျန်သေးသည်ကိုတွေ့၍ သူအလုပ်တခုရှာဖို့တော့လုံလောက်မည်ထင်ပါသည်။

ဒီLaptopက မူလကိုယ်ပိုင်ရှင်ရဲ့ပိုင်ဆိုင်မှုလေး၊အဲ့ထဲမှာ အသုံး၀င်တဲ့အချက်အလက်တွေရှိနိုင်သည်။
သူရသမျှအချက်အလက်တွေ စစ်ကြည့်ရမည်။
ဒါမှမူလကိုယ်နဲ့ ပစ်မှတ်နဲ့ဘယ်လိုတွေပတ်သက်ပီး ဘယ်လိုလုပ်ဒီအခြေအနေရောက်သွားလဲ သိနိုင်မှာ။(T/N မှတ်မိတယ်မလား ယွီလေးစရောက်တုန်းက ဟိုကြေးစား၃ယောက်သူ့ကိုသတ်ဖို့လုပ်တာလေ)

Systemကပေးတဲ့အချက်အလက်တွေမှာ ပစ်မှတ်နဲ့မူလကိုယ်ပတ်သက်မှုရှိမရှိဆိုတာမပါဘူး၊အချက်အလက်တွေက သိပ်မပြည့်စုံသလိုပဲ။
တကယ်လို့ သူ့ကိုသတ်ချင်တဲ့လူကပစ်မှတ်သာမဟုတ်ဘူးဆိုရင်တော့ အကြောင်းအရာတွေကပိုပီးရှုပ်ထွေးလာပီ။
ဆိုင်ပိုင်ရှင်နဲ့စကားအနဲငယ်ပြောပီးနောက် သူ့ဖုန်းထဲတွင်လက်ထပ်မှတ်ပုံတင်ရုံးတည်နေရာကိုရိုက်ထည့်လိုက်ပီး ဆိုင်မှထွက်လာခဲ့သည်။


"ဒါကိုယ်ရိုက်ခဲ့သမျှ ဓာတ်ပုံတွေထဲမှာအခန့်ဆုံးပဲ"
"ဟမ်?ဒီထဲမှာ ကျွန်မဖောင်းကားနေတာပဲ၊မိတ်ကပ်လည်းသေချာမလိမ်းခဲ့ရဘူး"
"ဓာတ်ပုံထဲမှာ မင်းနဲ့ကိုယ်၂ယောက်လိုက်ဖက်ညီနေရင်ရပီပေါ့"

လက်ထပ်မှတ်ပုံတင်ရုံးရှေ့တွင် အခုလေးတင်လက်ထပ်စာချုပ်လုပ်လာတဲ့ လူငယ်စုံတွဲ၁တွဲ အီစီကလီလုပ်နေတာကို ဘေးကဖြတ်သွားတဲ့ဂူရှီးယွီကြားလိုက်ရသည်။
စုံတွဲလိုက် လာတဲ့လူတွေကြားထဲမှာ သူတယောက်တည်းငေါင်ငေါင်ရီးရပ်နေသည်။
သူဖုန်းထဲမှဂူရွှင်နဲ့အပြန်အလှန်ပြောထားတာကြည့်ပီးမှ သူ့ကိုချင်ကျင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ မပြောပြဖူးတာသိလိုက်ရသည်။
ဂူရှီးယွီက သိပ်တော့ဂရုမစိုက်ပါဘူး။
ဘာဖြစ်ဖြစ် သူ့မိသားစုကသူ့ကိုထိုးကျွေးဖို့ပဲသိတာလေ။
သူလည်း ချင်ကျင်းရဲ့ပုံပန်းသဏ္ဍာန်ကိုသိနေတယ်လို့ ထင်နေကြတာဖြစ်မယ်။

သူအင်တာနက်ပေါ်မှာ ချင်ကျင်းရဲ့ဓာတ်ပုံအချို့ရှာဖို့လုပ်နေစဥ်မှာပဲ သူ့ရှေ့မြင်ကွင်းထဲကို အနက်ရောင်သားရေဖိနပ်တရံ ၀င်ရောက်လာသည်။
"ဂူရှီးယွီလား"သူတဖက်လူရဲ့ပုံစံကိုမမြင်ရသေးခင် ထိုလူ၏အေးစက်ပီးရင်းနှီးသလိုဖြစ်နေတဲ့အသံကိုကြားလိုက်ရသည်။

_ _ _ _ _ _ _ _ _

ဒန် တန့် တန်
ဘယ်သူလဲလို့ မှန်းကြည့်ကြပါအူး
O(≧▽≦)O
Take care guys💓

Zawgyi

ဗီလိန္ကအႀကံၾကီးတဲ့ေဘာ့စ္


ဂူရွီးယြီ ငါးကင္၃ပြဲေလာက္စားပီးတာေတာင္ က်ီခ်င္ေရာက္မလာခဲ့ဘူး။
သူေဘလ္ရွင္းမို႔ ဝိတ္တာကိုေခၚလိုက္ေတာ့ ဝိတ္တာေလးက "လူႀကီးမင္း စားပီးရင္ပိုက္ဆံရွင္းဖို႔မလိုေတာ့ဘူးဗ်၊က်သင့္ေငြအကုန္ရွင္းထားပီးပါပီခမ်"

"ရွင္းထားပီးပီ ဟလား"
ဝိတ္တာေလးကယဥ္ေက်းစြာနဲ႔"
က်ီမ်ိဳးရိုးနဲ႔လူႀကီးမင္းက ဒီေန့ ဒီက လူႀကီးမင္းစားသမ်ွ က်သင့္ေငြအကုန္လံုးသူရွင္းမယ္လို႔ေျပာထားလို႔ပါဗ်"
ဂူရွီးယြီက သူ႔ဖုန္းထဲမွာပိုက္ဆံအမ်ားရီးမရိွေတာ့လို႔ အိမ္ကရွာေဖြလို႔ရသမ်ွပိုက္ဆံအကုန္ေကာက္ထည့္လာတာ။(T/N ဝါးတီးဆြဲမို႔ပါ😆)

သူဝိတ္တာကိုေသခ်ာေအာင္ေမးလိုက္ည္"အာ့ဆို က်ေနာ္ဒီေန့ဘယ္ေလာက္စားစား အကုန္လံုးမစၥတာက်ီ ရွင္းမယ္ဆိုတာ ေသခ်ာလား"
"ဟုတ္ပါတယ္ခမ်ာ"
မိနစ္အနဲငယ္ၾကာေတာ့ မီႏူးထဲမွာရိွတဲ့ ဟင္းလ်ာအားလံုး ေကာက္မွာလိုက္တယ္"ဒါေတြအကုန္ ပါဆယ္ထုပ္ေပးလိုက္ပါ"
ဝိတ္တာ-".....ေကာင္းပါပီ"

ဂူရွီးယြီက ဒါေတြအားလံုး သူစားဖို႔မဟုတ္ပါဘူး။
အခ်ိဳ႕ကို လမ္းေဘးကေျမာင္းသန္႔ရွင္းေရးလုပ္ေနတဲ့ စည္ပင္၀န္ထမ္းေတြကိုေပးလိုက္သလို လမ္းေပၚကစကၠူေတြလိုက္ေကာက္ေနတဲ့ အဘိုးအိုကိုလည္းေပးလိုက္ပါတယ္။
စကၠူေကာက္ေနတဲ့ အဘိုးအိုဟာ စိတ္လႈပ္ရွားစြာနဲ႔ေမာ့ၾကည့္လိုက္ပီး
"ေက်းဇူးတင္ပါတယ္ ေကာင္ေလးရယ္
မင္းက အရမ္းစိတ္ထားေကာင္းတာပဲ"

ဂူရွီးယြီကလည္း ေဖာ္ေရြတဲ့ေလသံနဲ႔"က်ေနာ့ကိုေက်းဇူးတင္ဖို႔မလိုပါဘူးဗ်ာ၊အဲ့ဒါ က်ီခ်င္လို႔ေခၚတဲ့လူႀကီးမင္း၀ယ္ေကြၽးတာပါ"
ဂူရွီးယြီ ဌာနခ်ဳပ္မွာအလုပ္လုပ္တာၾကာပီ။ဒီလိုမ်ိဳးတခါမွ သူ႔ေနာက္ေၾကာင္းျမန္ျမန္စံုစမ္းႏိုင္တဲ့သူဆိုတာမရိွဘူး။
က်ီခ်င္က ပထမဆံုးေသာသူပဲ။(T/N သူလိန္လီနာအစားလာေတြ့တာ မိသြားတာကိုဆိုလိုတာပါ)

"ဥ ဥကၠဌ က်ီ ၊က်ေနာ္တို႔ခ်င္မိသားစုဘက္က ေဆာက္လုပ္ေရးကုန္က်စရိတ္နဲ႔ပတ္သက္တာ ရွင္းပီးပီ။ဖုန္းမင္ လုပ္ငန္းနဲ႔အၿငိအစြန္းေတြ ဘာမွမရိွပါဘူးဗ်ာ"
ခ်င္က်င္းက သူ႔ေဘာ္ဒါတသိုက္နဲ႔ကလပ္မွာကဲပီး အျပန္မွာဆြဲေဆာင္မႈရိွတဲ့ေကာင္ေလး၂ေယာက္နဲ႔အတူ သာယာလွတဲ့အျပာေရာင္ညေလး ဆင္ႏႊဲဖို႔စီစဥ္ထားတာ။
ရုတ္တရက္ႀကီး အနက္ေရာင္၀တ္စံုျပည့္၀တ္ထားတဲ့ လူတစုကသူ႔ကိုအျပင္းအထန္ရိုက္ႏွက္ပီး ဆြဲေခၚလာခဲ့သည္။ေလာေလာဆယ္ေတာ့ ဖုန္းမင္လုပ္ငန္းစုရဲ့လက္ရိွဥကၠဌေရ႔ွေမွာက္ကို ေရာက္ေနတာပဲျဖစ္သည္။

ခံုမွာထိုင္ေနတဲ့သူက ဘာမွမေျပာဘဲသူ႔ကိုၾကည့္ေနသည္။ထိုလူမ်က္ႏွာေပၚမွာ အၿပံဳးေရးေရးေလးရိွေနပီး သူ႔အမူအရာက အေတာ္ေလးေက်နပ္ေနပံုရသည္။
ခ်င္က်င္းရဲ့အျပာေရာင္ဆိုးထားတဲ့ဆံပင္ေအာက္မွာေခြၽးေတြ ဘူးသီးလံုးေလာက္က်ေနသည္။
သူၾကမ္းျပင္တြင္ဒူးေထာက္ေနပီး ေရ႔ွကလူရဲ့အၾကည့္ေအာက္တြင္ တုန္လႈပ္ေနသည္။အရိုက္ခံထားရေသာနာက်င္မႈေတြပင္ ဘယ္ေနရာေရာက္သြားမွန္းမသိ။

သူအၾကာရီးေတြးေနေပမယ့္လည္း က်ီခ်င္ကိုရန္စထားျခင္း မရိွသည္ေတာ့ေသခ်ာပါသည္။
နံေဘးတြင္ ရပ္ေနေသာက်င္းခဲ့မွာ ေဖာ္ေဖာ္ေရြေရျြဖင့္"ဒုတိယသခင္ေလးခ်င္ မစိုးရိမ္ပါနဲ႔။ဥကၠဌက်ီက ခင္မ်ားနဲ႔ေဆြးေနြးစရာေလးရိွလို႔ ဖိတ္လိုက္တာပါ"
ခ်င္က်င္းဟာ နာက်င္ေနတဲ့သူ႔လက္ေမာင္းကိုပြတ္လိုက္သည္။ဒါက ေဆြးေနြးစရာရိွလို႔ ဖိတ္တဲ့ပံုလားဟ?

က်င္းခဲ့က အခ်က္အလက္တခ်ိဳ႕ပါတဲ့ဖိုင္ကိုသူ႔ေရ႔ွခ်ေပးလိုက္သည္"က်ေနာ္ၾကားတာေတာ့ ဒုတိယသခင္ေလးက ဒီလူနဲ႔လက္ထပ္ေတာ့မယ္ဆို"
ခ်င္က်င္းဟာ တခ်က္ၾကည့္လိုက္ပီးေနာက္ အရာအားလံုးနားလည္သြားေတာ့သည္။

အဲ့ဒါဂူရႊင္ရဲ့သား ဂူရွီးယြီမလား?

"မီးခိုးေရာင္၀တ္စံုေလးကမဆိုးဘူးပဲ၊ဘရင္းလည္းစစ္တယ္ရယ္။ဒုသခင္ေလးျမင္ရင္ အရမ္းသေဘာက်မွာပဲ"
ဒီေန့က ခ်င္က်င္းနဲ႔ဂူရွီးယြီ လက္ထပ္မွတ္ပံုတင္ရံုးသြားပီး လက္ထပ္စာခ်ဳပ္သြားလုပ္မယ့္ေန့။
ဂူရႊင္နဲ႔ ရႊီခ်ိဳင္ထင္းက ဂူရွီးယြီထက္ပင္တက္ႂကြေနကာ ေစာေစာစီးစီးသူ႔အခန္းကိုလာပီး အ၀တ္အစားေတျြပင္ဆင္ေပးေနတယ္။

ဂူရႊင္ဟာ အိမ္မွာရိွတဲ့တစီးတည္းေသာကားရဲ့ ေသာ့ကိုေပးလိုက္ပီး"ငါမင္းကို ဒီေန့တရက္ ဒီကားေပးလိုက္မယ္။သခင္ေလးစိတ္တိုင္းက်ေအာင္ျပဳစုေပးလိုက္ ၾကားလား။
သူဘာေျပာေျပာလုပ္ေပးလိုက္"
ရႊီခ်ိဳင္ထင္းက ဂူရႊင္ရဲ့လက္ေမာင္းကိုဆြဲပီးတိုးတိုးေလးေျပာလိုက္သည္"သူလက္ထပ္စာခ်ဳပ္လုပ္ပီးတာကို ေဘာ့စ္ယန္နဲ႔သြားမေတြ့ခင္ ကြၽန္မတို႔အတည္မျပဳသင့္ဘူးလား"

ဂူရႊင္မ်က္ေမွာင္က်ံဳ႔လိုက္ပီး"ငါတို႔ဘယ္လိုလုပ္ရမွာတုန္း၊ေဘာ့စ္ယန္က စိတ္ရွည္တဲ့လူမဟုတ္ဘူးကြ။
လူေတာ္ေတာ္မ်ားမ်ားက သူ႔ကိုေတြ့ခ်င္ေပမယ့္ အခြင့္အေရးမရိွဘူး။
အခုငါတို႔ပေရာ့ဂ်က္ကိုၾကည့္ၾကည့္မယ္ဆိုတာ ေတာ္ေတာ္ကံေကာင္းေနပီ။
ဒီလိုေရႊေပါင္လံုးႀကီးကို ဖက္ထားသင့္တယ္"

"အားယြီက အသက္၂၀ပဲရိွေသးေပမယ့္သူကျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုပိုၪီးစားေပးရမယ္ဆိုတာ သိေတာ့သိတယ္မလား၊ငါတို႔စိတ္ပ်က္ေအာင္ေတာ့မလုပ္ေလာက္ဘူးမလား"ဂူရႊင္က ရႊီခ်ိဳင္ထင္းကိုေျပာေနေပမယ့္ အၾကည့္ေတြကဂူရွီးယြီဆီပဲေရာက္ေနသည္။
ဂူရွီးယြီက ကားေသာ့ကိုယူလိုက္ပီးတည္တည္ၿငိမ္ၿငိမ္နဲ႔"စိတ္မပူပါနဲ႔ အေဖ​အကုန္ရွင္းျပလို႔ သားနားလည္ေနပါပီ"

ဂူရႊင္ဟာစိုးရိမ္စိတ္ေတြမ်ားပီး နဖူးေရေတာင္တြန္႔ေနသည္။ထို႔ေနာက္သူကၾကင္ၾကင္နာနာနဲ႔စကားအနဲငယ္ေျပာပီး
ရႊီခ်ိဳင္ထင္းကိုေခၚကာ တကၠစီေပၚတက္သြားသည္။
ဂူရွီးယြီက အ၀တ္အစားလဲထားပီးပီျဖစ္၍ မွတ္ပံုတင္ရံုးမသြားခင္ သူ႔Laptopေလးအရင္ ျပင္တဲ့ဆိုင္ပို႔ရန္ စီစဥ္လိုက္သည္။

"မင္းLaptopကအဲ့လိုအေျခအေနေတာက္ေရာက္ေအာင္ ေျမၾကီးေပၚ၉၉ခါေလာက္ရိုက္ခြဲထားေလေရာ့သလား။
က်ေနာ္ျပင္ၾကည့္မယ္ဗ်ာ၊ဒါမယ့္တခုေတာ့ရိွတယ္။ျပင္လို႔ရေပမယ့္ ပိုက္ဆံအမ်ားရီးကုန္မွာ။
တကယ္လို႔ျပင္ၾကည့္ပီးမရဘူးဆိုရင္လည္း အဲ့ပမာဏပဲေပးရမယ္။
ဘယ္လိုလဲ ျပင္ၾကည့္မွာလား"
ျပင္တဲ့သူက ကားနဲ႔အႀကိတ္ခံထားရသလိုျဖစ္ေနသည့္ Laptopကိုအျပန္ျပန္အလွန္ၾကည့္ပီးေျပာသည္။

ဂူရွီးယြီဘာမွမေျပာဘဲ အိတ္ထဲကဘဏ္စာအုပ္ကိုထုတ္ပီး ျပင္ခအတြက္လႊဲေပးလိုက္သည္။
မေန့ညက သူ႔ဘဏ္အေကာင့္ကိုစစ္ေဆးထားသည္၊ယြမ္နဲနဲေလာက္က်န္ေသးသည္ကိုေတြ့၍ သူအလုပ္တခုရွာဖို႔ေတာ့လံုေလာက္မည္ထင္ပါသည္။

ဒီLaptopက မူလကိုယ္ပိုင္ရွင္ရဲ့ပိုင္ဆိုင္မႈေလး၊အဲ့ထဲမွာ အသံုး၀င္တဲ့အခ်က္အလက္ေတြရိွႏိုင္သည္။
သူရသမ်ွအခ်က္အလက္ေတြ စစ္ၾကည့္ရမည္။
ဒါမွမူလကိုယ္နဲ႔ ပစ္မွတ္နဲ႔ဘယ္လိုေတြပတ္သက္ပီး ဘယ္လိုလုပ္ဒီအေျခအေနေရာက္သြားလဲ သိႏိုင္မွာ။(T/N မွတ္မိတယ္မလား ယြီေလးစေရာက္တုန္းက ဟိုေၾကးစား၃ေယာက္သူ႔ကိုသတ္ဖို႔လုပ္တာေလ)

Systemကေပးတဲ့အခ်က္အလက္ေတြမွာ ပစ္မွတ္နဲ႔မူလကိုယ္ပတ္သက္မႈရိွမရိွဆိုတာမပါဘူး၊အခ်က္အလက္ေတြက သိပ္မျပည့္စံုသလိုပဲ။
တကယ္လို႔ သူ႔ကိုသတ္ခ်င္တဲ့လူကပစ္မွတ္သာမဟုတ္ဘူးဆိုရင္ေတာ့ အေၾကာင္းအရာေတြကပိုပီးရႈပ္ေထြးလာပီ။
ဆိုင္ပိုင္ရွင္နဲ႔စကားအနဲငယ္ေျပာပီးေနာက္ သူ႔ဖုန္းထဲတြင္လက္ထပ္မွတ္ပံုတင္ရံုးတည္ေနရာကိုရိုက္ထည့္လိုက္ပီး ဆိုင္မွထြက္လာခဲ့သည္။


"ဒါကိုယ္ရိုက္ခဲ့သမ်ွ ဓာတ္ပံုေတြထဲမွာအခန္႔ဆံုးပဲ"
"ဟမ္?ဒီထဲမွာ ကြၽန္မေဖာင္းကားေနတာပဲ၊မိတ္ကပ္လည္းေသခ်ာမလိမ္းခဲ့ရဘူး"
"ဓာတ္ပံုထဲမွာ မင္းနဲ႔ကိုယ္၂ေယာက္လိုက္ဖက္ညီေနရင္ရပီေပါ့"

လက္ထပ္မွတ္ပံုတင္ရံုးေရ႔ွတြင္ အခုေလးတင္လက္ထပ္စာခ်ဳပ္လုပ္လာတဲ့ လူငယ္စံုတြဲ၁တြဲ အီစီကလီလုပ္ေနတာကို ေဘးကျဖတ္သြားတဲ့ဂူရွီးယြီၾကားလိုက္ရသည္။
စံုတြဲလိုက္ လာတဲ့လူေတြၾကားထဲမွာ သူတေယာက္တည္းေငါင္ေငါင္ရီးရပ္ေနသည္။
သူဖုန္းထဲမွဂူရႊင္နဲ႔အျပန္အလွန္ေျပာထားတာၾကည့္ပီးမွ သူ႔ကိုခ်င္က်င္းနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြ မေျပာျပဖူးတာသိလိုက္ရသည္။
ဂူရွီးယြီက သိပ္ေတာ့ဂရုမစိုက္ပါဘူး။
ဘာျဖစ္ျဖစ္ သူ႔မိသားစုကသူ႔ကိုထိုးေကြၽးဖို႔ပဲသိတာေလ။
သူလည္း ခ်င္က်င္းရဲ့ပံုပန္းသ႑ာန္ကိုသိေနတယ္လို႔ ထင္ေနၾကတာျဖစ္မယ္။

သူအင္တာနက္ေပၚမွာ ခ်င္က်င္းရဲ့ဓာတ္ပံုအခ်ိဳ႕ရွာဖို႔လုပ္ေနစဥ္မွာပဲ သူ႔ေရ႔ျွမင္ကြင္းထဲကို အနက္ေရာင္သားေရဖိနပ္တရံ ၀င္ေရာက္လာသည္။
"ဂူရွီးယြီလား"သူတဖက္လူရဲ့ပံုစံကိုမျမင္ရေသးခင္ ထိုလူ၏ေအးစက္ပီးရင္းႏွီးသလိုျဖစ္ေနတဲ့အသံကိုၾကားလိုက္ရသည္။

_ _ _ _ _ _ _ _ _

ဒန္ တန္႔ တန္
ဘယ္သူလဲလို႔ မွန္းၾကည့္ၾကပါအူး
O(≧▽≦)O
Take care guys💓

Fortsätt läs

Du kommer också att gilla

10.1K 333 27
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
1.9M 126K 82
ကိုယ့္ကိုမခ်စ္ဘူး အႀကိမ္ႀကိမ္ေျပာလည္း ကိုယ္ကေတာ့ ေနာင့္ကိုအၿမဲခ်စ္သြားမွာ❣️
3.1M 237K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
3.6M 535K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...