"ဘာလို့လဲဆိုတော့......"
ရင်ခုန်ချင်းများနှင့်အတူ Chanyeolပြောလာမဲ့စကားကို စောင့်နေသည်။
"အင်း..ဘာလို့လဲ"
ထပ်ပြီးမေးကြည့်လိုက်တော့လဲ ပြောစရာရှိမပြောသေးဘဲပြုံးပြီးပြန်ကြည့်နေတာကြောင့်Baekhyunစိတ်တိုသွားသည်။
"တကယ်ဘဲ သိချင်တာလား"
"သိချင်လို့မေးတာပေါ့ မသိချင်ရင်မေးပါ့မလား"
Baekhyunကနှုတ်ခမ်းလေးထော်ကာ ဆူပုတ်ပုတ်ကလေးနဲ့ဆိုတော့ Chanyeolရင်ထဲ ကလိကလိနဲ့။
"ဟုတ်ပါပြီ ကိုယ်ပြောမယ်နော် သေချာနားထောင်"
"အင်း ပြော"
အသက်ကိုပြင်းပြင်းရှူထုတ်ပြီး Chanyeolစကားစလိုက်သည်။
"တကယ်တော့ ကိုယ်က..."
Beep Beep
"တကယ်တော့.."
Beep Beep
"ကိုယ်က.."
Beep Beep
"ကိုယ်....ကျစ်!"
"ကယ် Mr.Parkရယ် ဖုန်းအရင်ကိုင်လိုက်ပါနော် ပြီးမှဆက်ပြော"
တစ်ခွန်းပြောတိုင်း ထထမြည်လာတဲ့ဖုန်းကြောင့်Chanyeolထိုဖုန်းအားGravityအပြင်ဘက်ထိတောင် လွတ်ပစ်ချင်သွားသည်။
"အင်း ခဏ"
Baekhyunအားပြော၍ အိတ်ကပ်ထဲကဖုန်းအားထုတ်ကာ ကိုင်လိုက်သည်။
"ပြော ပြော"
ဆူအောင့်အောင့်နဲ့မျက်မှောင်ကြီးကျုံ့ကာပြောနေတဲ့ChanyeolအားBaekhyunပြုံးစိစိနဲ့ကြည့်နေသည်။
"CEO Park...CEO Park"
"ဘာတုန်း "
"ကျွန်မတို့ CEO Parkကိုလိုက်ရှာနေတာ Companyအနှံ့ဘဲ ရုံးခန်းမှာလက်မှတ်ထိုးနေတာ မဟုတ်လား ဘယ်ပျောက်သွားတာလဲဟင်"
"ဘာလဲ ငါက အခုအပြင်ရောက်နေတာ အတွင်းရေးမှူးချွဲမသိဘူးလား"
"ဟင့်အင်း သိရအောင် CEO Parkကကျွန်မကိုဘာမှမှမပြောခဲ့တာလေ ပြီးေတာ့ကျွန်မဖုန်းဆက်နေတာကြာပြီ ဖုန်းကဆက်မရဘူး"
ဟုတ်သားဘဲ...ငါလဲ လာချင်စောနဲ့လာလိုက်တာ ဘယ်သူမှအသိမပေးခဲ့မိဘူး..ပြီးတော့မိသားစုနဲ့ပျော်နေတာ ဖုန်းလာမှန်းတောင်မသိဘူး...သေလိုက်တော့Chanyeolရေ။
ကိုယ်အပြစ်ကို ကိုယ်သိတဲ့Chanyeolကတော့ ဘာမှထပ်မဆိုတော့ဘဲ အဓိကအကြောင်းရင်းသာမေးလိုက်သည်။
"ထားပါ ဘာကစ္စလဲ"
"ဘာကိစ္စရမှာလဲ CEO Parkရော ဟုတ်ရဲ့လား ဒီနေ့Landonကဧည့်သည်ကလာပြီး Brandအကြောင်းလေ့လာမှာလေ "
"ဘာ!"
"အဲ့တာ အမြန်ဆံုးပြန်လာခဲ့ပါ သူကရောက်တော့မယ်တဲ့ခုနကဖုန်းဆက်တယ်"
"ဘယ်လို ဟုတ်ပြီ ဟုတ်ပြီ ငါအခုပြန်လာခဲ့မယ် အားလုံးကိုအဆင်သင့်လုပ်ခိုင်းလိုက်"
"အားလုံးကအဆင်သင့်ဖြစ်နေပြီ အဆင်သင့်မဖြစ်သေးတာ CEO Parkဘဲကျန်တော့တယ်"
"အော် ဟုတ်လား အင်း အင်း ငါလာပြီ ဒါဘဲ"
ဖုန်းကိုချပြီး သူ့အားပြုံးကာကြည့်နေတဲ့Baekhyunပုခုံးအား ဆုတ်ကိုင်လိုက်တော့ မျက်လုံးလေးပြူးကာပြန်ကြည့်သည်။
"ကိုယ် အရေးကြီးလုပ်စရာရှိလို့သွားပြီ နောက်မှဘဲဆက်ပြောတော့မယ် "
"အင်း ကျွန်တော်ကော လိုက်ခဲ့ရအုံးမလား"
"ရတယ် မင်းက အမျိုးတွေနဲ့ပျော်ပျော်နေခဲ့ ကိုယ်သွားပြီနော် အန်တီတို့ကိုနှုတ်ဆက်တယ်လို့ပြောပေး"
"ဟုတ်"
ခြေတံရှည်တွေကိုအသုံးချရင်း ပြေးလွှားကာ ကားထဲဝင်သွားတဲ့Chanyeolအားထွက်သွားသည့်တိုင်Baekhyunငေးကြည့်နေမိသည်။
"ဟိတ် ဘာရပ်လုပ်နေတာလဲ နင့်Mr.Parkရော"
"သွားပြီ"
Chanyeolထွက်သွားတဲ့ဘက်ကို မော့ပြလျက်ပြောလိုက်သည်။
------------
"Thank you"
Chanyeolအရှေ့ကဧည့်သည်အား လက်ဆွဲနှုတ်ဆက်လျက် ပြောလိုက်သည်။
"Ok Thanks see you next time"
"Ok bye"
ကားထဲသို့ ပို့ပြီးနောက်မှာတော့ ဧည့်သည်ရဲ့ကားလေးCompanyကနေထွက်ခွာသွားခဲ့သည်။
Chanyeol ထွက်ခွာသွားတဲ့ကားလေးအား ကြည့်၍ လှည့်လိုက်တော့ သူ့အားမကြည်ကြည့်နဲ့စိုက်ကြည့်နေတဲ့ အတွင်းရေးမှူးချွဲကိုမြင်သွားတာကြောင့် ချောင်းတစ်ချက်ဟန့်လျက်ခပ်တည်တည်နဲ့ မေးလိုက်သည်။
"ဘာလဲ"
အတွင်းရေးမှူးချွဲကမျက်လုံးကိုကျဉ်းလိုက်ရင်းChanyeolကိုစိုက်ကြည့်ကာ ခေါင်းတစ်ခါခါနဲ့ထွက်သွားသည်။
Chanyeolလဲကြောင်တောင်တောင်ဖြစ်ကာ အနောက်ကလိုက်ဖို့လုပ်တော့ ဆတ်ကနဲလှည့်ကြည့်လာတဲ့ အတွင်းရေးမှူးချွဲကြောင့် လန့်သွားပြီး အနောက်ကိုပင် ခြေသုံးလှမ်းလောက်ဆုတ်လိုက်ရသည်။
"နောက်ခါ အပြင်သွားမယ်ဆို ကျွန်မကိုပြောခဲ့"
"အင်း...အင်းပါ"
အတွင်းရေးမှူးချွဲက ပြောသွားပြီးနောက် Chanyeolကိုထားခဲ့ကာCompanyထဲသို့ဝင်သွားသည်။
Chanyeolလဲ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်လောက်ဝှေ့ကြည့်ပြီးနောက် Companyထဲသို့ဝင်လိုက်သည်။
-------------
"သေချာတယ် သူဌေးလေးကနင့်ကိုသဘောကျနေတာ"
"ဟာ မမ ဘာတွေလာပြောနေတာလဲ ပေါက်ပေါက်ရှာရှာ"
"ပေါက်ပေါက်ရှာရှာမဟုတ်ဘူး အတည်..ငါ့ရဲ့ အမှောင်အာရုံကနေ ခန့်မှန်းနေရတယ်"
အမဖြစ်သူက မေးစေ့အား လက်နဲ့ပွတ်ရင်းပြောနေတာကြောင့် Baekhyunဘေးနားကခေါင်းအုံးအားယူပြီးပေါက်လိုက်သည်။
"အိပ်ယာခင်းတာကူညီဖော်မရဘဲ လိုက်နှောင့်ယှက်နေတယ် goလိုက်တော့"
"အိုဟို...သားသားလေးက မာမားကို နှင်လွှတ်တယ်ပေါ့ ဘာလဲရှက်လို့လား"
"သွားစမ်းပါ ကောင်လေးပစ်ခံရလို့ ရူးသွားပြီလား"
"တိတ်စမ်း"
Baekhyunကပါးစပ်ကိုလက်နဲ့အုပ်ရင်းရယ်နေတာကြောင့် အမဖြစ်သူကမျက်စောင်းထိုးလိုက်သည်။
"အတိတ်ဆိုးတွေပြန်ဖော်မနေနဲ့ ငါကသူ့ကိုပြန်ပြီးတောင်ကျေးဇူးတင်ရမှာ"
"ဘာလို့"
"ဟော်..သူထားခဲ့လို့ ငါဒီဘဝရောက်လာတာလေ"
"ဘာလဲ ဘဲပစ်ခံဘဝလား"
"ကျစ်!တိတ်စမ်း ငါပြောချင်တဲ့ဘဝကfojushiလေ ဟဲဟဲ"
"ဘာလဲ အဲ့တာက "
"အို အင်နိုးစန့်လေးဘဲ ငါ့မောင်က ..ထားပါ ဒါတွေသိဖို့မလိုဘူး အရေးကြီးတာ သူဌေးလေးကိုဘယ်လိုမြင်လဲ"
"ယောကျာ်းလေးလို့မြင်တယ်"
Baekhyunအဖြေကြောင့် အမဖြစ်သူ စိတ်လေသွားရင်း နဖူးကို ပက်ကနဲရိုက်ချလိုက်ကာ ပြောသည်။
"ငါပြောချင်တာက သူ့ကို ဘယ်လိုသဘောရလဲ သဘောကျလား နင့်ရဲ့typeလား"
"အယ် မမ ဘာတွေမေးနေတာလဲ"
အမဖြစ်သူရဲ့စကားကြောင့် Baekhyunမျက်နှာရဲကနဲဖြစ်သွားပြီး အမဖြစ်သူအားမကြည့်တော့ဘဲ ဘေးတွေကိုလိုက်လျှောက်ကြည့်နေသည်။
"ရှက်မနေနဲ့ ငါကနင်တို့အခြေအနေကိုသိပြီးသား သူဌေးလေးကလည်း နင့်ကိုသဘောကျနေတာ ပြော နင်ကရော"
"မမရယ် သွားပါတော့ မဟုတ်တာတွေမမေးနေနဲ့ မနက်ကျွန်တော်အလုပ်သွားရမယ်"
"အယ် သူဌေးလေးကို လွမ်းနေတာမလား စောစောအိပ်ပြီး မြန်မြန်တွေ့ချင်နေပြီမလား အယ် အယ်"
"ကယ် သွားပါတော့ဆိုဗျာ"
"ဟဲ့ ခဏလေး ငါပြောတာမပြီးသေးဘူး"
အမဖြစ်သူကလက်ညိုးထိုးကာ
စတော့Baekhyunမျက်နှာနှစ်စပင်ရဲတတ်လာလျက် အမဖြစ်သူအား အခန်းပြင်သို့တိုးလွှတ်ရင်း တံခါးပိတ်လိုက်တော့သည်။
"ပြောချင်ရင်လဲ အဲ့မှာတစ်ယောက်ထဲပြောနေ ကျွန်တော်တော့အိပ်ပြီ"
Baekhyunအခန်းပြင်ကအမအား အော်လျက်ပြောပြီး ကုတင်ပေါ်တက်ကာ လှဲလိုက်သည်။
"အေ့ပါ အေ့ပါ လုပ်ထားအုံး ပြီးမှ အကူအညီလိုမှ မမရယ်ကူညီပါအုံးဆိုပြီး လာမပြောနဲ့ ဟက် ဆော်တီးဘဲ"
ခြေသံတစ်ချို့ကြားပြီးတိတ်ဆိတ်သွားတာကြောင့် အမဖြစ်သူထွက်သွားပြီးဟုတွေးရင်းBaekhyunမျက်လုံးကိုမှိတ်လိုက်တော့ နေ့ခင်းကအဖြစ်အပျက်အား မျက်လုံးထဲဝင်လာတော့ ဆတ်ကနဲမျက်လုံးကိုဖွင့်ရင်း အခုန်မြန်လာတဲ့နှလုံးသားရှိတဲ့ ဘယ်ဘက်ရင်ဘက်အား လက်ဖြင့်ဖိလျက် အသက်ဖြည်းဖြည်းရှူနေရသည်။
"ဟူးးးး စိတ်ထိန်းစိတ်ထိန်း မမပြောတာကို ခေါင်းထဲထည့်မနေနဲ့ Mr.Parkကငါ့ကို...နိုးနိုး မဖြစ်နိုင်ဘူး ဟူးး အိပ်တော့ အိပ်တော့"
မျက်လုံးကိုစုံမှိတ်လျက်ပင် ခေါင်းထိ စောင်ခြုံလျက် Baekhyunအိပ်လိုက်သည်။
--------------
"Morning!"
Baekhyumကောင်တာကဝန်ထမ်းနှစ်ယောက်အားနှုတ်ဆက်တော့ အပြုံးနဲ့အတူ ထိုဝန်ထမ်းနှစ်ယောက်ကပြန်နှုတ်ဆက်လာသည်။
"Morningပါ"
"Mr.Parkရောက်ပြီလား"
Baekhyunအမေးကို ဝန်ထမ်းတစ်ယောက်ကဖြေလိုက်သည်။
"ဟုတ် ရောက်တာ မကြာသေးဘူး"
"အော် အိုကေ အိုကေ"
Baekhyunကထိုသို့ပြောပြီး ဝန်ထမ်းနှစ်ယောက်အား လက်ပြလျက် ထွက်သွားဖို့အလုပ်
"Hello! Park Chanyeolနဲ့တွေ့လို့ရမလား"
အနောက်ကကြားလိုက်ရတဲ့အသံကြောင့်Baekhyunလှည့်ကြည့်လိုက်တော့ ဂါဝန်ကိုယ်ကျပ််ကိုဝတ်ဆင်ထားလျက် နီညိုရောင် ဆံပင်အခွေတို့ကို မြင့်မြင့်စီးထားတဲ့ အမျိုးသမီးအားတွေ့လိုက်ရသည်။
"ရှင် ဘယ်သူများလဲ"
"ဒို့က သူ့ရဲ့သူငယ်ချင်းပါ သူနဲ့တွေ့ချင်လို့"
"ရှင် CEO Parkကိုကြိုဆက်သွယ်ပြီးပြီလားရှင့်"
"ဟင့်အင်း သူ့ကိုအံ့ဩသွားအောင်လုပ်ချင်လို့"
"ရှင်"
"ဟို ကျွန်တော်နဲ့လိုက်ခဲ့ပါလား ကျွန်တော်ကMr.Parkရဲ့လက်ထောက် Byun Baekhyunပါ"
Baekhyunက သူမနားလာပြီးမိတ်ဆက်တော့ သူမကပြုံးပြလျက်
"ဒို့က Crystalပါ"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့ ဒါဆို ဒို့မင်းနဲ့လိုက်ခဲ့မယ်နော်"
"ဟုတ်ကဲ့...ကျွန်တော်ခေါ်သွားလိုက်မယ်"
"ကျေးဇူးပါ Baekhyun"
Baekhyunဝန်ထမ်းတွေဘက်အားလှည့်၍ပြောပြီး ထိုအမျိုးသမီးအားChanyeolဆီသို့ခေါ်သွားသည်။
Elevatorထဲဝင်သွားသည့်တိုင်နှစ်ယောက်သားတိတ်ဆိတ်နေကြသည်။မကြာသေး သူမဘက်ကစကားစလာသည်။
"မင်းကChanyeolရဲ့လက်ထောက်ပေါ့"
"ဟုတ်"
"အော်..."
ထိုလောက်သာဆို၍ ပြန်လည်တိတ်ဆိတ်သွားကြပြန်သည်။
သွားလိုသည့်အထပ်ရောက်တော့ နှစ်ယောက်သားထွက်လာကြရင်း ရုံးခန်းဆီသို့လျှောက်ခဲ့ကြသည်။
တံခါးကိုစိုက်ကြည့်လျက် Baekhyunအားမျှော်နေတဲ့Chanyeolကတော့ တံခါးချပ်ပွင့်သည်နဲ့ချက်ချင်းပင် ထိုင်နေရာမှထရပ်ကာ ကြည့်လိုက်ကာပြောလိုက်သည်။
"Baekhyun ဘယ်လိုလုပ် ကြာ..."
"ပြန်တွေ့ရတာဝမ်းသာပါတယ် Chanyeol"
အရင်ဝင်လာတဲ့သူဟာBaekhyunမဟုတ်ဘဲ အမျိုးသမီးတစ်ဦးဖြစ်နေပြီး ထိုအမျိုးသမီးအားမြင်ပြီးနောက် Chanyeolမျက်မှောင်ကျုံ့ကာ စိုက်ကြည့်လျက်
"Crystal!"
နောက်မှဝင်လာတဲ့Baekhyunကတော့Chanyeolနဲ့ထိုအမျိုးသမီးအားကြောင်တောင်တောင်နဲ့ကြည့်နေသည်။
----TBC
"ဘာလို႔လဲဆိုေတာ့......"
ရင္ခုန္ခ်င္းမ်ားႏွင့္အတူ Chanyeolေျပာလာမဲ့စကားကို ေစာင့္ေနသည္။
"အင္း..ဘာလို႔လဲ"
ထပ္ၿပီးေမးၾကည့္လိုက္ေတာ့လဲ ေျပာစရာရွိမေျပာေသးဘဲၿပဳံးၿပီးျပန္ၾကည့္ေနတာေၾကာင့္Baekhyunစိတ္တိုသြားသည္။
"တကယ္ဘဲ သိခ်င္တာလား"
"သိခ်င္လို႔ေမးတာေပါ့ မသိခ်င္ရင္ေမးပါ့မလား"
Baekhyunကႏႈတ္ခမ္းေလးေထာ္ကာ ဆူပုတ္ပုတ္ကေလးနဲ႕ဆိုေတာ့ Chanyeolရင္ထဲ ကလိကလိနဲ႕။
"ဟုတ္ပါၿပီ ကိုယ္ေျပာမယ္ေနာ္ ေသခ်ာနားေထာင္"
"အင္း ေျပာ"
အသက္ကိုျပင္းျပင္းရႉထုတ္ၿပီး Chanyeolစကားစလိုက္သည္။
"တကယ္ေတာ့ ကိုယ္က..."
Beep Beep
"တကယ္ေတာ့.."
Beep Beep
"ကိုယ္က.."
Beep Beep
"ကိုယ္....က်စ္!"
"ကယ္ Mr.Parkရယ္ ဖုန္းအရင္ကိုင္လိုက္ပါေနာ္ ၿပီးမွဆက္ေျပာ"
တစ္ခြန္းေျပာတိုင္း ထထျမည္လာတဲ့ဖုန္းေၾကာင့္Chanyeolထိုဖုန္းအားGravityအျပင္ဘက္ထိေတာင္ လြတ္ပစ္ခ်င္သြားသည္။
"အင္း ခဏ"
Baekhyunအားေျပာ၍ အိတ္ကပ္ထဲကဖုန္းအားထုတ္ကာ ကိုင္လိုက္သည္။
"ေျပာ ေျပာ"
ဆူေအာင့္ေအာင့္နဲ႕မ်က္ေမွာင္ႀကီးက်ဳံ႕ကာေျပာေနတဲ့ChanyeolအားBaekhyunၿပဳံးစိစိနဲ႕ၾကည့္ေနသည္။
"CEO Park...CEO Park"
"ဘာတုန္း "
"ကြၽန္မတို႔ CEO Parkကိုလိုက္ရွာေနတာ Companyအႏွံ႕ဘဲ ႐ုံးခန္းမွာလက္မွတ္ထိုးေနတာ မဟုတ္လား ဘယ္ေပ်ာက္သြားတာလဲဟင္"
"ဘာလဲ ငါက အခုအျပင္ေရာက္ေနတာ အတြင္းေရးမႉးခြၽဲမသိဘူးလား"
"ဟင့္အင္း သိရေအာင္ CEO Parkကကြၽန္မကိုဘာမွမွမေျပာခဲ့တာေလ ၿပီးေတာ့ကြၽန္မဖုန္းဆက္ေနတာၾကာၿပီ ဖုန္းကဆက္မရဘူး"
ဟုတ္သားဘဲ...ငါလဲ လာခ်င္ေစာနဲ႕လာလိုက္တာ ဘယ္သူမွအသိမေပးခဲ့မိဘူး..ၿပီးေတာ့မိသားစုနဲ႕ေပ်ာ္ေနတာ ဖုန္းလာမွန္းေတာင္မသိဘူး...ေသလိုက္ေတာ့Chanyeolေရ။
ကိုယ္အျပစ္ကို ကိုယ္သိတဲ့Chanyeolကေတာ့ ဘာမွထပ္မဆိုေတာ့ဘဲ အဓိကအေၾကာင္းရင္းသာေမးလိုက္သည္။
"ထားပါ ဘာကစၥလဲ"
"ဘာကိစၥရမွာလဲ CEO Parkေရာ ဟုတ္ရဲ႕လား ဒီေန႕Landonကဧည့္သည္ကလာၿပီး Brandအေၾကာင္းေလ့လာမွာေလ "
"ဘာ!"
"အဲ့တာ အျမန္ဆံုးျပန္လာခဲ့ပါ သူကေရာက္ေတာ့မယ္တဲ့ခုနကဖုန္းဆက္တယ္"
"ဘယ္လို ဟုတ္ၿပီ ဟုတ္ၿပီ ငါအခုျပန္လာခဲ့မယ္ အားလုံးကိုအဆင္သင့္လုပ္ခိုင္းလိုက္"
"အားလုံးကအဆင္သင့္ျဖစ္ေနၿပီ အဆင္သင့္မျဖစ္ေသးတာ CEO Parkဘဲက်န္ေတာ့တယ္"
"ေအာ္ ဟုတ္လား အင္း အင္း ငါလာၿပီ ဒါဘဲ"
ဖုန္းကိုခ်ၿပီး သူ႕အားၿပဳံးကာၾကည့္ေနတဲ့Baekhyunပုခုံးအား ဆုတ္ကိုင္လိုက္ေတာ့ မ်က္လုံးေလးျပဴးကာျပန္ၾကည့္သည္။
"ကိုယ္ အေရးႀကီးလုပ္စရာရွိလို႔သြားၿပီ ေနာက္မွဘဲဆက္ေျပာေတာ့မယ္ "
"အင္း ကြၽန္ေတာ္ေကာ လိုက္ခဲ့ရအုံးမလား"
"ရတယ္ မင္းက အမ်ိဳးေတြနဲ႕ေပ်ာ္ေပ်ာ္ေနခဲ့ ကိုယ္သြားၿပီေနာ္ အန္တီတို႔ကိုႏႈတ္ဆက္တယ္လို႔ေျပာေပး"
"ဟုတ္"
ေျခတံရွည္ေတြကိုအသုံးခ်ရင္း ေျပးလႊားကာ ကားထဲဝင္သြားတဲ့Chanyeolအားထြက္သြားသည့္တိုင္Baekhyunေငးၾကည့္ေနမိသည္။
"ဟိတ္ ဘာရပ္လုပ္ေနတာလဲ နင့္Mr.Parkေရာ"
"သြားၿပီ"
Chanyeolထြက္သြားတဲ့ဘက္ကို ေမာ့ျပလ်က္ေျပာလိုက္သည္။
------------
"Thank you"
Chanyeolအေရွ႕ကဧည့္သည္အား လက္ဆြဲႏႈတ္ဆက္လ်က္ ေျပာလိုက္သည္။
"Ok Thanks see you next time"
"Ok bye"
ကားထဲသို႔ ပို႔ၿပီးေနာက္မွာေတာ့ ဧည့္သည္ရဲ႕ကားေလးCompanyကေနထြက္ခြာသြားခဲ့သည္။
Chanyeol ထြက္ခြာသြားတဲ့ကားေလးအား ၾကည့္၍ လွည့္လိုက္ေတာ့ သူ႕အားမၾကည္ၾကည့္နဲ႕စိုက္ၾကည့္ေနတဲ့ အတြင္းေရးမႉးခြၽဲကိုျမင္သြားတာေၾကာင့္ ေခ်ာင္းတစ္ခ်က္ဟန႔္လ်က္ခပ္တည္တည္နဲ႕ ေမးလိုက္သည္။
"ဘာလဲ"
အတြင္းေရးမႉးခြၽဲကမ်က္လုံးကိုက်ဥ္းလိုက္ရင္းChanyeolကိုစိုက္ၾကည့္ကာ ေခါင္းတစ္ခါခါနဲ႕ထြက္သြားသည္။
Chanyeolလဲေၾကာင္ေတာင္ေတာင္ျဖစ္ကာ အေနာက္ကလိုက္ဖို႔လုပ္ေတာ့ ဆတ္ကနဲလွည့္ၾကည့္လာတဲ့ အတြင္းေရးမႉးခြၽဲေၾကာင့္ လန႔္သြားၿပီး အေနာက္ကိုပင္ ေျခသုံးလွမ္းေလာက္ဆုတ္လိုက္ရသည္။
"ေနာက္ခါ အျပင္သြားမယ္ဆို ကြၽန္မကိုေျပာခဲ့"
"အင္း...အင္းပါ"
အတြင္းေရးမႉးခြၽဲက ေျပာသြားၿပီးေနာက္ Chanyeolကိုထားခဲ့ကာCompanyထဲသို႔ဝင္သြားသည္။
Chanyeolလဲ ေဘးပတ္ဝန္းက်င္ကိုတစ္ခ်က္ေလာက္ေဝွ႕ၾကည့္ၿပီးေနာက္ Companyထဲသို႔ဝင္လိုက္သည္။
-------------
"ေသခ်ာတယ္ သူေဌးေလးကနင့္ကိုသေဘာက်ေနတာ"
"ဟာ မမ ဘာေတြလာေျပာေနတာလဲ ေပါက္ေပါက္ရွာရွာ"
"ေပါက္ေပါက္ရွာရွာမဟုတ္ဘူး အတည္..ငါ့ရဲ႕ အေမွာင္အာ႐ုံကေန ခန႔္မွန္းေနရတယ္"
အမျဖစ္သူက ေမးေစ့အား လက္နဲ႕ပြတ္ရင္းေျပာေနတာေၾကာင့္ Baekhyunေဘးနားကေခါင္းအုံးအားယူၿပီးေပါက္လိုက္သည္။
"အိပ္ယာခင္းတာကူညီေဖာ္မရဘဲ လိုက္ေႏွာင့္ယွက္ေနတယ္ goလိုက္ေတာ့"
"အိုဟို...သားသားေလးက မာမားကို ႏွင္လႊတ္တယ္ေပါ့ ဘာလဲရွက္လို႔လား"
"သြားစမ္းပါ ေကာင္ေလးပစ္ခံရလို႔ ႐ူးသြားၿပီလား"
"တိတ္စမ္း"
Baekhyunကပါးစပ္ကိုလက္နဲ႕အုပ္ရင္းရယ္ေနတာေၾကာင့္ အမျဖစ္သူကမ်က္ေစာင္းထိုးလိုက္သည္။
"အတိတ္ဆိုးေတြျပန္ေဖာ္မေနနဲ႕ ငါကသူ႕ကိုျပန္ၿပီးေတာင္ေက်းဇူးတင္ရမွာ"
"ဘာလို႔"
"ေဟာ္..သူထားခဲ့လို႔ ငါဒီဘဝေရာက္လာတာေလ"
"ဘာလဲ ဘဲပစ္ခံဘဝလား"
"က်စ္!တိတ္စမ္း ငါေျပာခ်င္တဲ့ဘဝကfojushiေလ ဟဲဟဲ"
"ဘာလဲ အဲ့တာက "
"အို အင္နိုးစန႔္ေလးဘဲ ငါ့ေမာင္က ..ထားပါ ဒါေတြသိဖို႔မလိုဘူး အေရးႀကီးတာ သူေဌးေလးကိုဘယ္လိုျမင္လဲ"
"ေယာက်ာ္းေလးလို႔ျမင္တယ္"
Baekhyunအေျဖေၾကာင့္ အမျဖစ္သူ စိတ္ေလသြားရင္း နဖူးကို ပက္ကနဲရိုက္ခ်လိဳက္ကာ ေျပာသည္။
"ငါေျပာခ်င္တာက သူ႕ကို ဘယ္လိုသေဘာရလဲ သေဘာက်လား နင့္ရဲ႕typeလား"
"အယ္ မမ ဘာေတြေမးေနတာလဲ"
အမျဖစ္သူရဲ႕စကားေၾကာင့္ Baekhyunမ်က္ႏွာရဲကနဲျဖစ္သြားၿပီး အမျဖစ္သူအားမၾကည့္ေတာ့ဘဲ ေဘးေတြကိုလိုက္ေလွ်ာက္ၾကည့္ေနသည္။
"ရွက္မေနနဲ႕ ငါကနင္တို႔အေျခအေနကိုသိၿပီးသား သူေဌးေလးကလည္း နင့္ကိုသေဘာက်ေနတာ ေျပာ နင္ကေရာ"
"မမရယ္ သြားပါေတာ့ မဟုတ္တာေတြမေမးေနနဲ႕ မနက္ကြၽန္ေတာ္အလုပ္သြားရမယ္"
"အယ္ သူေဌးေလးကို လြမ္းေနတာမလား ေစာေစာအိပ္ၿပီး ျမန္ျမန္ေတြ႕ခ်င္ေနၿပီမလား အယ္ အယ္"
"ကယ္ သြားပါေတာ့ဆိုဗ်ာ"
"ဟဲ့ ခဏေလး ငါေျပာတာမၿပီးေသးဘူး"
အမျဖစ္သူကလက္ညိုးထိုးကာ
စေတာ့Baekhyunမ်က္ႏွာႏွစ္စပင္ရဲတတ္လာလ်က္ အမျဖစ္သူအား အခန္းျပင္သို႔တိုးလႊတ္ရင္း တံခါးပိတ္လိုက္ေတာ့သည္။
"ေျပာခ်င္ရင္လဲ အဲ့မွာတစ္ေယာက္ထဲေျပာေန ကြၽန္ေတာ္ေတာ့အိပ္ၿပီ"
Baekhyunအခန္းျပင္ကအမအား ေအာ္လ်က္ေျပာၿပီး ကုတင္ေပၚတက္ကာ လွဲလိုက္သည္။
"ေအ့ပါ ေအ့ပါ လုပ္ထားအုံး ၿပီးမွ အကူအညီလိုမွ မမရယ္ကူညီပါအုံးဆိုၿပီး လာမေျပာနဲ႕ ဟက္ ေဆာ္တီးဘဲ"
ေျခသံတစ္ခ်ိဳ႕ၾကားၿပီးတိတ္ဆိတ္သြားတာေၾကာင့္ အမျဖစ္သူထြက္သြားၿပီးဟုေတြးရင္းBaekhyunမ်က္လုံးကိုမွိတ္လိုက္ေတာ့ ေန႕ခင္းကအျဖစ္အပ်က္အား မ်က္လုံးထဲဝင္လာေတာ့ ဆတ္ကနဲမ်က္လုံးကိုဖြင့္ရင္း အခုန္ျမန္လာတဲ့ႏွလုံးသားရွိတဲ့ ဘယ္ဘက္ရင္ဘက္အား လက္ျဖင့္ဖိလ်က္ အသက္ျဖည္းျဖည္းရႉေနရသည္။
"ဟူးးးး စိတ္ထိန္းစိတ္ထိန္း မမေျပာတာကို ေခါင္းထဲထည့္မေနနဲ႕ Mr.Parkကငါ့ကို...နိုးနိုး မျဖစ္နိုင္ဘူး ဟူးး အိပ္ေတာ့ အိပ္ေတာ့"
မ်က္လုံးကိုစုံမွိတ္လ်က္ပင္ ေခါင္းထိ ေစာင္ၿခဳံလ်က္ Baekhyunအိပ္လိုက္သည္။
--------------
"Morning!"
Baekhyumေကာင္တာကဝန္ထမ္းႏွစ္ေယာက္အားႏႈတ္ဆက္ေတာ့ အၿပဳံးနဲ႕အတူ ထိုဝန္ထမ္းႏွစ္ေယာက္ကျပန္ႏႈတ္ဆက္လာသည္။
"Morningပါ"
"Mr.Parkေရာက္ၿပီလား"
Baekhyunအေမးကို ဝန္ထမ္းတစ္ေယာက္ကေျဖလိုက္သည္။
"ဟုတ္ ေရာက္တာ မၾကာေသးဘူး"
"ေအာ္ အိုေက အိုေက"
Baekhyunကထိုသို႔ေျပာၿပီး ဝန္ထမ္းႏွစ္ေယာက္အား လက္ျပလ်က္ ထြက္သြားဖို႔အလုပ္
"Hello! Park Chanyeolနဲ႕ေတြ႕လို႔ရမလား"
အေနာက္ကၾကားလိုက္ရတဲ့အသံေၾကာင့္Baekhyunလွည့္ၾကည့္လိုက္ေတာ့ ဂါဝန္ကိုယ္က်ပ္္ကိုဝတ္ဆင္ထားလ်က္ နီညိုေရာင္ ဆံပင္အေခြတို႔ကို ျမင့္ျမင့္စီးထားတဲ့ အမ်ိဳးသမီးအားေတြ႕လိုက္ရသည္။
"ရွင္ ဘယ္သူမ်ားလဲ"
"ဒို႔က သူ႕ရဲ႕သူငယ္ခ်င္းပါ သူနဲ႕ေတြ႕ခ်င္လို႔"
"ရွင္ CEO Parkကိုႀကိဳဆက္သြယ္ၿပီးၿပီလားရွင့္"
"ဟင့္အင္း သူ႕ကိုအံ့ဩသြားေအာင္လုပ္ခ်င္လို႔"
"ရွင္"
"ဟို ကြၽန္ေတာ္နဲ႕လိုက္ခဲ့ပါလား ကြၽန္ေတာ္ကMr.Parkရဲ႕လက္ေထာက္ Byun Baekhyunပါ"
Baekhyunက သူမနားလာၿပီးမိတ္ဆက္ေတာ့ သူမကၿပဳံးျပလ်က္
"ဒို႔က Crystalပါ"
"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္"
"ဟုတ္ကဲ့ ဒါဆို ဒို႔မင္းနဲ႕လိုက္ခဲ့မယ္ေနာ္"
"ဟုတ္ကဲ့...ကြၽန္ေတာ္ေခၚသြားလိုက္မယ္"
"ေက်းဇူးပါ Baekhyun"
Baekhyunဝန္ထမ္းေတြဘက္အားလွည့္၍ေျပာၿပီး ထိုအမ်ိဳးသမီးအားChanyeolဆီသို႔ေခၚသြားသည္။
Elevatorထဲဝင္သြားသည့္တိုင္ႏွစ္ေယာက္သားတိတ္ဆိတ္ေနၾကသည္။မၾကာေသး သူမဘက္ကစကားစလာသည္။
"မင္းကChanyeolရဲ႕လက္ေထာက္ေပါ့"
"ဟုတ္"
"ေအာ္..."
ထိုေလာက္သာဆို၍ ျပန္လည္တိတ္ဆိတ္သြားၾကျပန္သည္။
သြားလိုသည့္အထပ္ေရာက္ေတာ့ ႏွစ္ေယာက္သားထြက္လာၾကရင္း ႐ုံးခန္းဆီသို႔ေလွ်ာက္ခဲ့ၾကသည္။
တံခါးကိုစိုက္ၾကည့္လ်က္ Baekhyunအားေမွ်ာ္ေနတဲ့Chanyeolကေတာ့ တံခါးခ်ပ္ပြင့္သည္နဲ႕ခ်က္ခ်င္းပင္ ထိုင္ေနရာမွထရပ္ကာ ၾကည့္လိုက္ကာေျပာလိုက္သည္။
"Baekhyun ဘယ္လိုလုပ္ ၾကာ..."
"ျပန္ေတြ႕ရတာဝမ္းသာပါတယ္ Chanyeol"
အရင္ဝင္လာတဲ့သူဟာBaekhyunမဟုတ္ဘဲ အမ်ိဳးသမီးတစ္ဦးျဖစ္ေနၿပီး ထိုအမ်ိဳးသမီးအားျမင္ၿပီးေနာက္ Chanyeolမ်က္ေမွာင္က်ဳံ႕ကာ စိုက္ၾကည့္လ်က္
"Crystal!"
ေနာက္မွဝင္လာတဲ့Baekhyunကေတာ့Chanyeolနဲ႕ထိုအမ်ိဳးသမီးအားေၾကာင္ေတာင္ေတာင္နဲ႕ၾကည့္ေနသည္။
----TBC