❣❣အို...ဦးနော်❣❣

By kaunglaygipsy

298K 14.2K 452

မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ... More

Ep-1
Ep-2
Ep-3
Ep-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part -16
part-17
part-18
part-19
part-20
part-21
part-22
part-23
part-24
part-25
part-26
part-27
part-28
part-29
part-30
part-31
part-32
part-33
part-34
part-35
part-36
part-37
part-38
part-39
part-40
part-41
part42
part-43
part-44
part-45
part-47
part-48
part-49
part-50
part-51
part-52
final-part
တောင်းပန်ခြင်း

part-46

3.5K 166 5
By kaunglaygipsy

Unicode

"မင်း ဒီကို ဘာလာလုပ်တာလဲကလေးမ ဒီနေရာက မင်းလာမဲ့နေရာမဟုတ်ဘူးနော်"

ကားပေါ်မှဆင်းလို့ အိမ်ထဲသို့ဝင်ကာရှိသေး လှိုက်လှိုက်လှဲလှဲနှင့်ဆီးကာကြိုဆိုလိုက်သော အသံတစ်ခုကြောင့် သူမနှုတ်ခမ်းတို့အနည်းငယ်တော့ ပြုံးသွားရလေသည်။

ဒီလိုပဲဖြစ်​ရမယ်လေ...ကျမလာခဲ့တယ်ဆိုတာကလည်း ဒီစကားလုံးတွေကြားချင်လို့မဟုတ်ပါလား....တစ်နည်းအားဖြင့် ဒီပွဲမှာ ရှုံးတော့မဲ့ သူတို့အတွက် ဒီစကားလုံးက အကောင်းဆုံးလက်နက်တို့ပေ...

"အိုး....ကြမ်းလှချည်လား အန်တီရဲ့ စိတ်လေးလည်လျော့ပါအုံး ကိုယ့်အိမ်ကို တကူးတက လာလည်တဲ့ ဧည့်သည်ကို ဒီလိုပဲဆက်ဆံရလား...."

" ဘာလဲ မောင့်ကို အန်တီ့သားကမရလိုက်ဘဲနဲ့ ကျမကပဲပြန်ရသွားလို့လားအန်တီ"

ဒေါသတရားများ ထွက်ပေါ်သည်အထိ မဟားတရားစောင်းချိတ်ကာ ပြောဆိုလာသော ထိုကလေးမ စကားတို့က သိပ်ကို ခံပြင်းစရာကောင်းလှသည်မို့ ကုလားထိုင်ပေါ်တွင် ထိုင်နေသော သူမ အလိုလို မတ်တပ်ရပ် မိသွားလေသည်။

"မင်းနဲ့မဆိုင်တာတွေ မပြောချင်စမ်းပါနဲ့ ကလေးမ ၊ မင်း အခု ဒီကိုလာတာ ဘာကိစ္စလဲဆိုတာသာ မြန်မြန်ပြော"

"ကောင်းပါပြီ ရှင် ဒါနဲ့ ဒီထိုင်ခုံမှာ ကျမထိုင်လို့တော့ရတယ်မလား အန်တီ"

ပေါင်လည်အထက် ဝဲပျံကာကျနေသောဆံနွယ်စတို့အား လက်ကလေးနှစ်ဖက်ဖြင့် အသာဆွဲဖွရင်း
​ပါးချိုင့်လေးနှစ်ဖက်ထွက်ပေါ်သည်အထိ  ခပ်ဟဟ​လေးပြုံးပြနေသော ထိုကလေးမက သူ့ရှေ့တွင်ရှိနေသော ထိုင်ခုံတွင်ထိုင်ရန်အတွက် သူမအား ခွင့်တောင်းလို့လာလေသည်။

အိမ်ထဲသို့ စဝင်ကတည်းက တစ်ချက်မှပင်မမဲ့သွားဘဲ ပြုံးမြဲသာ ပြုံးနေသော ထိုကလေးမက ဒီအိမ်ကို ကောင်းသောလာခြင်းမျိုးနဲ့ လာခဲ့မှန်းမဟုတ်သည်ကို သူမသိသော်လည်း ထိုင်ရန်ကိုအတွက်တော့ စိတ်မပါလက်မပါဖြင့်သာ ဒေါ်အမရာတစ်ယောက်  ခွင့်ပြုရပေအုံးမည်။

"ထိုင်ပါ ကလေးမ... တို့ကအဲ့လောက်ထိတော့ မရိုင်းသေးပါဘူး "

"ကောင်းပါပြီရှင်..."

သူမခွင့်ပြုလိုက်သည်နှင့်တပြိုင်နက်
ခေါ်မည့်သူမရှိပါဘဲနှင့် အိမ်ထဲသို့ မျက်နှာပြောင်တိုက်ကာ ဝင်လာသောထို ကလေးမက အိမ်ရှေ့ဧည်းခန်းရှိ ကုလားထိုင်တစ်လုံးပေါ်တွင်အသာဝင်ထိုင်လိုက်ရင်း တစ်အိမ်လုံးအား ကျီးကန်းတောက်မှောက်သည့်မျက်လုံးမျိုးနှင့်ပတ်ကြည့်လို့​နေ​လေသည်။

"​​အော်...ဒါနဲ့ အဆိုးလေးရော မမြင်မိပါလား အန်တီ"


"ဟုတ်တယ်သူဖျားနေတယ် ...."

"အော် ဒါကြောင့်ကို"

"ကဲ ကလေးမ ညည်း​ပြောစရာရှိတာ မြန်မြန်ပြောအေ ပြောပြီးတာနဲ့ဒီအိမ်ကမြန်မြန်သာ ပြန်လိုက်တော့"

"အဟက်...ဘာလို့လဲ အန်တီရဲ့"

"ဘာလို့လဲဆိုတော့ ညည်းကို စောင့်ပြီးတကူးတကဧည့်ခံဖို့ ကျုပ်မှာအချိန်တွေ အဲ့သလောက်မပေါလို့ပေါ့အေ...ကျုပ်မို့လို ညည်းလို လူကို ဒီလောက်ထိ သည်းခံနေတာ ... မီးဖိုးထဲက အငယ်မသာ မတော်လို့ အပြင် ထွက်လာရင် ကျုပ်လိုပုံစံမျိုး ညည်းကို ဒီအတိုင်းကြီး ဧည့်ခံနေမှာမဟုတ်ဘူး"

ဖီးကြမ်းမနိုင်တိုင်း ရခိုင်မဲနေသော ထိုအန်တီကြီးက ထိုင်ရာကနေ သူမအား ဒေါသမျက်လုံးများနှင့် စူးစိုက်စွာကြည့်နေလေသည်။

အခြားမိန်းမသားတစ်ယောက်အတွက် သိပ်ကြောက်စရာ ကောင်းလှသော ဒီမျက်လုံးတွေက သူမအတွက်တော့ ရယ်စရာ ဟာသတစ်ပုဒ်လိုပင်။

ဒါကို ဘယ်လိုခေါ်ရမလဲ ရှုံးမဲ မည်းတယ်လို့လားရယ်....အဟက်

"Oh. ..my god ကြောက်စရာ ကြီးပါလား အေးပေါ့လေ တောသူ​တွေဆိုတော့လည်း ရိုင်းတာကတော့ မဆန်းပါဘူးလေ နားလည်ပေးရမှာပေါ့"

"ဒီမှာ... ဒီမှာ တော်ကလည်း ကျုပ်အိမ်ကိုကျူးကျူးကျော်ကျော်ဝင်လာသေးတယ် ပြီးတော့လည်း ကျုပ်တို့သားအမိကို စော်ကားနေတယ်ဆိုတော့ တော်နည်းနည်းတော့ မလွန်လွန်းဘူးလား"

ခပ်လှမ်းလှမ်းဆီမှ လွင့်ထွက်လာသော အသံတို့ကြောင့် ဒေါ်အရာတစ်ယောက် သူ့အနောက်ဆီသို့ လှည့်ကြည့်လိုက်လေတော့ သူမ ထင်ထားသည့်အတိုင်း မီးဖိုထဲမှ သမီးငယ်က မွှေလက်စ သစ်သားယောင်းမကြီးကို ကိုင်ရင်း သူတို့ရှိရာ အိမ်ရှေ့ဆီသို့ ဒုန်းဆိုင်းကာထွက်လာလေသည်။

"သမီးငယ် ...သမီးလေး စိတ်လျော့ စိတ်လျော့"

"မေမေအသာနေစမ်းပါတော် ဒီကောင်မ တအားကို စောင်းထနေတာ သမီးက ဒီအတိုင်းရပ်ကြည့်နေရမှာလားမေမေရဲ့ အလကား လင်ခိုးမ..."

"ဘာရှင့်...ရှင်ဘာပြောလိုက်တယ်"

"မကြားဘူးလား မကြားရင်  နောက်တစ်ခါ ကျုပ်ထပ်ပြောလိုက်မယ် လင်ခိုးမ "

"သမီး..."

"ရှင်...ရှင် တရားလွန်လာပြီနော် ကျမ ကဘယ်သူ့ယောကျာ်းကိုမှမခိုးထားဘူး"

"အော်...ေအးပေါ့လေ သူခိုးက ခိုးတယ်လို့တော့ ဘယ်ပြောပါ့မလဲ"

မိမိစကားတစ်ချက်ကြောင့် အရှိုက်ထိသွားသော ထိုအမျိုးသမီးက မျက်နှာကြီးနီရဲကာဖြင့်သာ တစ်ရှူးရှူးတရှဲရှဲနှင့် ဒေါသတို့ထွက်နေလေရဲ့..

"ဒါနဲ့ နေပါအုံး တော်က ဘာကိစ္စရှိလို့ ဒီအိမ်ကို နောက်တစ်ခါပြန်လာရတာတုန်း..."

"အသိပေးစရာ ကိစ္စတစ်ခုရှိလို့ လာခဲ့တာ သိပ်လာချင်နေတယ်လို့တော့ မထင်လိုက်နဲ့"

"အေးပေါ့လေ အရှက်မရှိတဲ့သူဆိုတော့လည်း သူများယောကျာ်းကို ကြောင်တောင်နှိုက်ပြီးတာတောင် မျက်နှာ မပူဘဲနဲ့ လာရဲသေးတာပေါ့ ဆိုစမ်းပါအုံး တော့ကိစ္စက ဘာများတုန်း"

မိမိအား အငယ်အနှောင်းတစ်ယောက်ပမာ နှုတ်ခမ်းတလန် ပန်းတလန်နှင့် ရန်တွေ့ချင်တိုင်ရန်တွေ့နေသော  ထိုတောသူမ မကြာတော့မည့်အချိန်အတွင်းမှာ သူမအားအရှုံးကြီးရှုံးရပေတော့မည်။

ကြည့်ကြသေးတာပေါ့ တောသူမရယ်..ကျမပြောမဲ့စကားတွေကြောင့်...ရှင်ကပဲဆက်ပြောနိုင်မလား ကျမက ဟားတိုက်ပြီးရယ်နိုင်အုံးမလားဆိုတာကို စောင့်ကြည့်ရသေးတာပေါ့....ဟွန့်

"ကဲ ရှင်မပြောဘူးလား ရှင်မပြောရင်လည်း ဒီကနေမြန်မြန်သာ ပြန်လိုက်တော့တော် ကျမတို့မှာ ရှင့်ကို ဧည့်ခံစရာ အချိန်မရှိဘူး"

"အိုး...လောလှရီလား ရှင်ရယ် ဖြေးဖြေးပေါ့ ....ဒါနဲ့ ရှင်တို့စိတ်ခိုင်ပါတယ်နော်"

"ဘာလို့...."

"ကျမအခုပြောမဲ့စကားက ရှင်တို့အတွက် သွေးပျက်စရာ ကောင်းလွန်းလို့"

"မလိုပါဘူး...ရှင်ပြောစရာရှိတာသာ ဆက်ပြော.... ကျမတို့က တောသူတွေ ရှင့်တို့လောက်တော့ အသည်းမနုဘူး"

"ကောင်းပါပြီရှင် ဒါဆိုလည်းကျမပြောတော့မယ်နော် မနက်ဖြန် ကျမနဲ့မောင် လက်ထပ်တော့မယ်"

"ဘာ....ညည်း...ညည်းဘာပြောလိုက်တယ်"

"ဘာလဲ ရှင် မကြားသေးဘူးလား မကြားသေးရင် နောက်တစ်ခါ ကျမ ထပ်ပြောလိုက်မယ် ကျမနဲ့မောင် လက်ထပ်တော့မယ်"

အိမ်အောက်ထပ်ဆီမှ ဆူညံဆူညံအသံများကြောင့် မိဘုတ်အား တွဲကာဖြင့်သာ ထိုနေရာသို့ ကြိုးစားကာ လျောက်လှမ်းလာသော အဆိုးတစ်ယောက် ရုတ်တရက်ဆိုသလို  အမှတ်မထင် ကြားလိုက်ရသည့် စကားတစ်ခွန်းကြောင့် သူ့နှလုံးသွေးတို့ရပ်တန့်သွားသည်အထိ ကြောင်အသွားခဲ့ရလေသည်။

" ဦးကလက်ထက်တော့မယ်ဟုတ်...ဟုတ်လား"

တိတ်တဆိတ် ငြိမ်သက်သွားသော အခန်းထက် တိုးတိတ်စွာ ထွက်ပေါ်လာသော စကားသံသဲ့သဲ့က သူတို့သုံးဦးလုံး၏ စကားသံတို့အား ဆက်မပြောနိုင်လောက်အောင်ရပ်တန့်သွားခဲ့လေသည်။

"သား...သားလေး နေလည်းမကောင်းသေးဘဲနဲ့ ဘာလို့အောက်ထဲဆင်းလာတာတုန်း သားရယ် အခန်းထဲပြန်မှပေါ့ ဘာလာအမေလိုက်ပို့ပေးမယ်"

"ဟင့်အင်း...ဟင့်အင်း သားမသွားဘူး...ဦး...ဦးလက်ထပ်တော့မယ်တဲ့ မေမေရဲ့....ဦးလက်ထပ်တော့မယ်တဲ့... အီး"

"မမ...မမပြောတော့ ဦးကို ခေါ်ပေးမယ်ဆို အခု...အခု ဦးက လက်ထပ်တော့မယ်တဲ့...အ....အ..အ"

"အဆိုး...အဆိုး သတိထားလေဟယ်"

"အဆိုး....အဆိုးလို့..လုပ်ပါအုံး ကြီးမေရေ ဒီမှာ အဆိုးခေါ်မရတော့ဘူးတော့....အီး"

"သား...သားလေး....အမေ့သားလေး"

"မောင်လေး...မောင်လေး"

အခန်းထဲ၌ ဆူညံသွားသော အသံများအကြား ကြမ်းပြင်ထက်သို့ လဲကျသွားသူက အဆိုးဆိုပေမဲ့ ထိုင်ခုံနေရာလေး၌ပင် ကြောင်အအရပ်ကြည့်နေမိသူက သူမပင်တည်း။

ကြမ်းပြင်ထက်၌ သတိမေ့နေသော ထိုအကောင်ပေါက်လေးက သူမအရင်တုန်းကတွေ့ခဲ့ဖူးသည့် ချစ်စရာကောင်းပါတယ်ဆိုသည့်  အဆိုးလေးတဲ့။

ဝဝကစ်ကစ်  အဆိုးဆိုသည့်ကောင်လေးနှင့်မတူအောင်  များစွာမှ ပိန်လှီသွားခဲ့သည့် ထိုကလေးငယ်က ယခုအချိန်ထိ မောင့်ကိုစောင့်နေတုန်းတဲ့လား။

"သမီး...သမီးငယ်"

"ရှင်..မေမေ"

"ဂိုဒေါင်ထဲက ဆိုင်ကယ်ထုတ်ပြီးတော့  ဟိုဘက်ရွာက ဆရာဝန် အမြန်သွားခေါ်ချည်သိလာယ.."

"ဟုတ်..ဟုတ်မေမေ"

"မိဘုတ် သမီး"

"ရှင် ကြီးတော်ကြီး ကျုပ်ဘာလုပ်ပေးရမလဲ"

"သမီးက ကြီးတော်ကြီးနဲ့ သူ့ကိုအိပ်ရာပေါ်ကူတွဲပေးနော်"

"ဟုတ်..ဟုတ်"

"နေနေနေ ဘယ်သူမှဘယ်မှမသွား​ကြနဲ့ သူ့ကို ကျမကြည့်ပေးမယ် အခုတော့ သူ့ကို ဟိုနားက ခုတင်ပေါ်တွဲတင်ပေးထား"

ပြောပြောဆိုဆိုနှင့် အဆိုးလေးအား ဝင်တွဲလာသော ထိုအမျိုးသမီးကြောင့် မငယ်တို့ သုံးယောက်စလုံးခဗျာ ကြောင်အအလေးနှင့်သာ ရပ်ကြည့်နေမိလေသည်။

"ဟော်တော် ဘာရပ်ကြည့်နေကြတာတုန်း လာကူတွဲပေးကြလေ"

"အော်...အေးအေး လာ..လာလာကြ"

"ဟို ညီမလေး.... ညီမလေးက သူ့ကိုလာမတွဲနဲ့နော် "

အဆိုးအား တွဲရန်ပြင်နေသော မိမိအား လာမတွဲရန် လှမ်းပြောလိုက်သော သူမကြောင့် မိဘုတ်ခဗျာ အောင့်သက်သက်ကြီးဖြစ်သွားရလေသည်။

"ဘာလို့ ကျုပ်က မတွဲရမှာလည်းတော်ရဲ့"

"ညီမလေးကမတွဲလည်းရတယ် ကားပေါ်ကအမ ဆေးအိတ် အမည်းလေးကိုသာ အမြန်သွားယူပေးသိလား"

"ဟုတ်...ဟုတ်"

မိမိပြောလိုက်သည်ဆိုလျှင်ဖြင့်တပြိုင်နက် လှစ်ကနဲဆို ပြေးထွက်သွားသော ထိုကမလေးမနောက်တွင်တော့ အဆိုးကိုယ်အား ကုတင်ပေါ်သို့ သုံးယောက်တွဲ၍တင်လိုက်လေသည်။

"အန်တီ...အန်တီ ရပြီ အဲ့နားမှာ  ချလိုက် ဖြည်းဖြည်းချင်းချနော် ဖြည်းဖြည်းချင်း ချ"

"အေးအေး..သမီးလေး"

ကုတင်ပေါ်သို့ အသင့်ရောက်ရှိပြီဖြစ်သွားသော ထိုကလေးငယ်အား သူမကြည့်တာနှင့်ပင်အတတ်သိနေသည် ထိုကလေးငယ် အားအလွန်ပြတ်နေပါပြီ။

"အမ...အမ ဒီအိတ်လေးလားရှင့်"

"အော် အေးအေးဟုတ်တယ် ညီမလေး ​ပေး​ပေး...အမကိုပေး ဒါနဲ့ သူလေး ထမင်းမစားတာ ဘယ်နှစ်ရက်လောက်ရှိပြီလဲအန်တီ"

ဆေးအိတ်ထဲမှ နားကြပ်နဲ့တူသည့် ခပ်ရှည်ရှည်အရာကြီးကိုဆွဲထုတ်ရင်း သားရင်ဘတ်တလျောက် ဟိုထောက်လိုက်ဒီထောက်လိုက်လုပ်ရင်းမေးလိုက်သော ထိုကလေးမကြောင့် သူမ မှတ်မိသလောက်ကိုသာ ပြောလိုက်သည်။

"ဒီနေ့နဲ့ ဆိုလေးရက်ရှိပြီ သမီး"

"အော်....ဟုတ်ပြီ ဟုတ်ပြီ ဒီရက်ပိုင်း ထမင်းအပြင် တခြား ဘာ​တွေကိုရော သူစားသေးလဲ အန်တီ"

"မနေ့ကတော့ မန်ကျီးသီး စားချင်တယ်ပြောလို့ ရွာထိပ်က မန်ကျီ​  ပင်ကနေ ခူးကျွေးလိုက်သေးတယ် "

"သူ့အ​ပြင် တခြားဟာတွေရော စားသေးလား"

"ဟင့်အင်း ကြီးတော်မှတ်မိသလောက်ဆိုရင်တော့ အဲ့တာကလွဲလို့ ဘာမှမစားဘူးသမီးရဲ့"

"ဟုတ်ပြီ... ရပြီရပြီ....ဒါနဲ့ အန်ရော အန်သေးလား"

"မအန်ပါဘူး..."

"ဟာ ကြီးတော်ကြီးကလည်း ဘာလို့မအန်ရမှာတုန်း အခုနတုန်းကတောင် အန်သေးတယ်လေ"

"ဟေ ဟုတ်လို့လား သမီးရဲ့"

"ဟုတ်တာမှ ဟုတ်ဟုတ်နဲ့တောင်မြည်သေး တကတည်း မုန့်ဟင်းခါးအနံနံလို့တဲ့ အန်လိုက်တာမှ တဝေါ့ဝေါ့နဲ့"

"သူက မုန့်ဟင်းခါး မကြိုက်လို့လား ညီမရဲ့"

"ဘယ်ရမှာတော်ရယ် ကျုပ်မောင်လေး က မုန့်ဟင်းခါးဆို အသေကြိုက်တာတော့ ၊ အခုမှ ဘယ်လိုဖြစ်နေမှန်းကိုမသိ..."

တပေါက် တပေါက်ပြောနေသော သူ့တို့အကြား သူလေးကို စမ်းသပ်ရင်း အလိုလို ပြုံးမိလာသူက သူမ...

အပြုံး....ဟန်ဆောင်မှုကင်းမဲ့သော ထိုအပြုံးကို မည်သူမှ နားမလည် နိုင်ကြပေမဲ့လည်း ထိုအပြုံးလေးကတော့ အချိန်တစ်ခုကြာအောင် ပြုံးမြဲပင်တည်း။

Zawgyi

"မင္း ဒီကို ဘာလာလုပ္တာလဲကေလးမ ဒီေနရာက မင္းလာမဲ့ေနရာမဟုတ္ဘူးေနာ္"

ကားေပၚမွဆင္းလို႔ အိမ္ထဲသို႔ဝင္ကာရွိေသး လွိုက္လွိုက္လွဲလွဲႏွင့္ဆီးကာႀကိဳဆိုလိုက္ေသာ အသံတစ္ခုေၾကာင့္ သူမႏႈတ္ခမ္းတို႔အနည္းငယ္ေတာ့ ၿပဳံးသြားရေလသည္။

ဒီလိုပဲျဖစ္​ရမယ္ေလ...က်မလာခဲ့တယ္ဆိုတာကလည္း ဒီစကားလုံးေတြၾကားခ်င္လို႔မဟုတ္ပါလား....တစ္နည္းအားျဖင့္ ဒီပြဲမွာ ရႈံးေတာ့မဲ့ သူတို႔အတြက္ ဒီစကားလုံးက အေကာင္းဆုံးလက္နက္တို႔ေပ...

"အိုး....ၾကမ္းလွခ်ည္လား အန္တီရဲ႕ စိတ္ေလးလည္ေလ်ာ့ပါအုံး ကိုယ့္အိမ္ကို တကူးတက လာလည္တဲ့ ဧည့္သည္ကို ဒီလိုပဲဆက္ဆံရလား...."

" ဘာလဲ ေမာင့္ကို အန္တီ့သားကမရလိုက္ဘဲနဲ႕ က်မကပဲျပန္ရသြားလို႔လားအန္တီ"

ေဒါသတရားမ်ား ထြက္ေပၚသည္အထိ မဟားတရားေစာင္းခ်ိတ္ကာ ေျပာဆိုလာေသာ ထိုကေလးမ စကားတို႔က သိပ္ကို ခံျပင္းစရာေကာင္းလွသည္မို႔ ကုလားထိုင္ေပၚတြင္ ထိုင္ေနေသာ သူမ အလိုလို မတ္တပ္ရပ္ မိသြားေလသည္။

"မင္းနဲ႕မဆိုင္တာေတြ မေျပာခ်င္စမ္းပါနဲ႕ ကေလးမ ၊ မင္း အခု ဒီကိုလာတာ ဘာကိစၥလဲဆိုတာသာ ျမန္ျမန္ေျပာ"

"ေကာင္းပါၿပီ ရွင္ ဒါနဲ႕ ဒီထိုင္ခုံမွာ က်မထိုင္လို႔ေတာ့ရတယ္မလား အန္တီ"

ေပါင္လည္အထက္ ဝဲပ်ံကာက်ေနေသာဆံႏြယ္စတို႔အား လက္ကေလးႏွစ္ဖက္ျဖင့္ အသာဆြဲဖြရင္း
​ပါးခ်ိဳင့္ေလးႏွစ္ဖက္ထြက္ေပၚသည္အထိ  ခပ္ဟဟ​ေလးၿပဳံးျပေနေသာ ထိုကေလးမက သူ႕ေရွ႕တြင္ရွိေနေသာ ထိုင္ခုံတြင္ထိုင္ရန္အတြက္ သူမအား ခြင့္ေတာင္းလို႔လာေလသည္။

အိမ္ထဲသို႔ စဝင္ကတည္းက တစ္ခ်က္မွပင္မမဲ့သြားဘဲ ၿပဳံးၿမဲသာ ၿပဳံးေနေသာ ထိုကေလးမက ဒီအိမ္ကို ေကာင္းေသာလာျခင္းမ်ိဳးနဲ႕ လာခဲ့မွန္းမဟုတ္သည္ကို သူမသိေသာ္လည္း ထိုင္ရန္ကိုအတြက္ေတာ့ စိတ္မပါလက္မပါျဖင့္သာ ေဒၚအမရာတစ္ေယာက္  ခြင့္ျပဳရေပအုံးမည္။

"ထိုင္ပါ ကေလးမ... တို႔ကအဲ့ေလာက္ထိေတာ့ မရိုင္းေသးပါဘူး "

"ေကာင္းပါၿပီရွင္..."

သူမခြင့္ျပဳလိုက္သည္ႏွင့္တၿပိဳင္နက္
ေခၚမည့္သူမရွိပါဘဲႏွင့္ အိမ္ထဲသို႔ မ်က္ႏွာေျပာင္တိုက္ကာ ဝင္လာေသာထို ကေလးမက အိမ္ေရွ႕ဧည္းခန္းရွိ ကုလားထိုင္တစ္လုံးေပၚတြင္အသာဝင္ထိုင္လိုက္ရင္း တစ္အိမ္လုံးအား က်ီးကန္းေတာက္ေမွာက္သည့္မ်က္လုံးမ်ိဳးႏွင့္ပတ္ၾကည့္လို႔​ေန​ေလသည္။

"​​ေအာ္...ဒါနဲ႕ အဆိုးေလးေရာ မျမင္မိပါလား အန္တီ"


"ဟုတ္တယ္သူဖ်ားေနတယ္ ...."

"ေအာ္ ဒါေၾကာင့္ကို"

"ကဲ ကေလးမ ညည္း​ေျပာစရာရွိတာ ျမန္ျမန္ေျပာေအ ေျပာၿပီးတာနဲ႕ဒီအိမ္ကျမန္ျမန္သာ ျပန္လိုက္ေတာ့"

"အဟက္...ဘာလို႔လဲ အန္တီရဲ႕"

"ဘာလို႔လဲဆိုေတာ့ ညည္းကို ေစာင့္ၿပီးတကူးတကဧည့္ခံဖို႔ က်ဳပ္မွာအခ်ိန္ေတြ အဲ့သေလာက္မေပါလို႔ေပါ့ေအ...က်ဳပ္မို႔လို ညည္းလို လူကို ဒီေလာက္ထိ သည္းခံေနတာ ... မီးဖိုးထဲက အငယ္မသာ မေတာ္လို႔ အျပင္ ထြက္လာရင္ က်ဳပ္လိုပုံစံမ်ိဳး ညည္းကို ဒီအတိုင္းႀကီး ဧည့္ခံေနမွာမဟုတ္ဘူး"

ဖီးၾကမ္းမနိုင္တိုင္း ရခိုင္မဲေနေသာ ထိုအန္တီႀကီးက ထိုင္ရာကေန သူမအား ေဒါသမ်က္လုံးမ်ားႏွင့္ စူးစိုက္စြာၾကည့္ေနေလသည္။

အျခားမိန္းမသားတစ္ေယာက္အတြက္ သိပ္ေၾကာက္စရာ ေကာင္းလွေသာ ဒီမ်က္လုံးေတြက သူမအတြက္ေတာ့ ရယ္စရာ ဟာသတစ္ပုဒ္လိုပင္။

ဒါကို ဘယ္လိုေခၚရမလဲ ရႈံးမဲ မည္းတယ္လို႔လားရယ္....အဟက္

"Oh. ..my god ေၾကာက္စရာ ႀကီးပါလား ေအးေပါ့ေလ ေတာသူ​ေတြဆိုေတာ့လည္း ရိုင္းတာကေတာ့ မဆန္းပါဘူးေလ နားလည္ေပးရမွာေပါ့"

"ဒီမွာ... ဒီမွာ ေတာ္ကလည္း က်ဳပ္အိမ္ကိုက်ဴးက်ဴးေက်ာ္ေက်ာ္ဝင္လာေသးတယ္ ၿပီးေတာ့လည္း က်ဳပ္တို႔သားအမိကို ေစာ္ကားေနတယ္ဆိုေတာ့ ေတာ္နည္းနည္းေတာ့ မလြန္လြန္းဘူးလား"

ခပ္လွမ္းလွမ္းဆီမွ လြင့္ထြက္လာေသာ အသံတို႔ေၾကာင့္ ေဒၚအရာတစ္ေယာက္ သူ႕အေနာက္ဆီသို႔ လွည့္ၾကည့္လိုက္ေလေတာ့ သူမ ထင္ထားသည့္အတိုင္း မီးဖိုထဲမွ သမီးငယ္က ေမႊလက္စ သစ္သားေယာင္းမႀကီးကို ကိုင္ရင္း သူတို႔ရွိရာ အိမ္ေရွ႕ဆီသို႔ ဒုန္းဆိုင္းကာထြက္လာေလသည္။

"သမီးငယ္ ...သမီးေလး စိတ္ေလ်ာ့ စိတ္ေလ်ာ့"

"ေမေမအသာေနစမ္းပါေတာ္ ဒီေကာင္မ တအားကို ေစာင္းထေနတာ သမီးက ဒီအတိုင္းရပ္ၾကည့္ေနရမွာလားေမေမရဲ႕ အလကား လင္ခိုးမ..."

"ဘာရွင့္...ရွင္ဘာေျပာလိုက္တယ္"

"မၾကားဘူးလား မၾကားရင္  ေနာက္တစ္ခါ က်ဳပ္ထပ္ေျပာလိုက္မယ္ လင္ခိုးမ "

"သမီး..."

"ရွင္...ရွင္ တရားလြန္လာၿပီေနာ္ က်မ ကဘယ္သူ႕ေယာက်ာ္းကိုမွမခိုးထားဘူး"

"ေအာ္...ေအးေပါ့ေလ သူခိုးက ခိုးတယ္လို႔ေတာ့ ဘယ္ေျပာပါ့မလဲ"

မိမိစကားတစ္ခ်က္ေၾကာင့္ အရွိုက္ထိသြားေသာ ထိုအမ်ိဳးသမီးက မ်က္ႏွာႀကီးနီရဲကာျဖင့္သာ တစ္ရႉးရႉးတရွဲရွဲႏွင့္ ေဒါသတို႔ထြက္ေနေလရဲ႕..

"ဒါနဲ႕ ေနပါအုံး ေတာ္က ဘာကိစၥရွိလို႔ ဒီအိမ္ကို ေနာက္တစ္ခါျပန္လာရတာတုန္း..."

"အသိေပးစရာ ကိစၥတစ္ခုရွိလို႔ လာခဲ့တာ သိပ္လာခ်င္ေနတယ္လို႔ေတာ့ မထင္လိုက္နဲ႕"

"ေအးေပါ့ေလ အရွက္မရွိတဲ့သူဆိုေတာ့လည္း သူမ်ားေယာက်ာ္းကို ေၾကာင္ေတာင္ႏွိုက္ၿပီးတာေတာင္ မ်က္ႏွာ မပူဘဲနဲ႕ လာရဲေသးတာေပါ့ ဆိုစမ္းပါအုံး ေတာ့ကိစၥက ဘာမ်ားတုန္း"

မိမိအား အငယ္အႏွောင္းတစ္ေယာက္ပမာ ႏႈတ္ခမ္းတလန္ ပန္းတလန္ႏွင့္ ရန္ေတြ႕ခ်င္တိုင္ရန္ေတြ႕ေနေသာ  ထိုေတာသူမ မၾကာေတာ့မည့္အခ်ိန္အတြင္းမွာ သူမအားအရႈံးႀကီးရႈံးရေပေတာ့မည္။

ၾကည့္ၾကေသးတာေပါ့ ေတာသူမရယ္..က်မေျပာမဲ့စကားေတြေၾကာင့္...ရွင္ကပဲဆက္ေျပာနိုင္မလား က်မက ဟားတိုက္ၿပီးရယ္နိုင္အုံးမလားဆိုတာကို ေစာင့္ၾကည့္ရေသးတာေပါ့....ဟြန့္

"ကဲ ရွင္မေျပာဘူးလား ရွင္မေျပာရင္လည္း ဒီကေနျမန္ျမန္သာ ျပန္လိုက္ေတာ့ေတာ္ က်မတို႔မွာ ရွင့္ကို ဧည့္ခံစရာ အခ်ိန္မရွိဘူး"

"အိုး...ေလာလွရီလား ရွင္ရယ္ ေျဖးေျဖးေပါ့ ....ဒါနဲ႕ ရွင္တို႔စိတ္ခိုင္ပါတယ္ေနာ္"

"ဘာလို႔...."

"က်မအခုေျပာမဲ့စကားက ရွင္တို႔အတြက္ ေသြးပ်က္စရာ ေကာင္းလြန္းလို႔"

"မလိုပါဘူး...ရွင္ေျပာစရာရွိတာသာ ဆက္ေျပာ.... က်မတို႔က ေတာသူေတြ ရွင့္တို႔ေလာက္ေတာ့ အသည္းမႏုဘူး"

"ေကာင္းပါၿပီရွင္ ဒါဆိုလည္းက်မေျပာေတာ့မယ္ေနာ္ မနက္ျဖန္ က်မနဲ႕ေမာင္ လက္ထပ္ေတာ့မယ္"

"ဘာ....ညည္း...ညည္းဘာေျပာလိုက္တယ္"

"ဘာလဲ ရွင္ မၾကားေသးဘူးလား မၾကားေသးရင္ ေနာက္တစ္ခါ က်မ ထပ္ေျပာလိုက္မယ္ က်မနဲ႕ေမာင္ လက္ထပ္ေတာ့မယ္"

အိမ္ေအာက္ထပ္ဆီမွ ဆူညံဆူညံအသံမ်ားေၾကာင့္ မိဘုတ္အား တြဲကာျဖင့္သာ ထိုေနရာသို႔ ႀကိဳးစားကာ ေလ်ာက္လွမ္းလာေသာ အဆိုးတစ္ေယာက္ ႐ုတ္တရက္ဆိုသလို  အမွတ္မထင္ ၾကားလိုက္ရသည့္ စကားတစ္ခြန္းေၾကာင့္ သူ႕ႏွလုံးေသြးတို႔ရပ္တန့္သြားသည္အထိ ေၾကာင္အသြားခဲ့ရေလသည္။

" ဦးကလက္ထက္ေတာ့မယ္ဟုတ္...ဟုတ္လား"

တိတ္တဆိတ္ ၿငိမ္သက္သြားေသာ အခန္းထက္ တိုးတိတ္စြာ ထြက္ေပၚလာေသာ စကားသံသဲ့သဲ့က သူတို႔သုံးဦးလုံး၏ စကားသံတို႔အား ဆက္မေျပာနိုင္ေလာက္ေအာင္ရပ္တန့္သြားခဲ့ေလသည္။

"သား...သားေလး ေနလည္းမေကာင္းေသးဘဲနဲ႕ ဘာလို႔ေအာက္ထဲဆင္းလာတာတုန္း သားရယ္ အခန္းထဲျပန္မွေပါ့ ဘာလာအေမလိုက္ပို႔ေပးမယ္"

"ဟင့္အင္း...ဟင့္အင္း သားမသြားဘူး...ဦး...ဦးလက္ထပ္ေတာ့မယ္တဲ့ ေမေမရဲ႕....ဦးလက္ထပ္ေတာ့မယ္တဲ့... အီး"

"မမ...မမေျပာေတာ့ ဦးကို ေခၚေပးမယ္ဆို အခု...အခု ဦးက လက္ထပ္ေတာ့မယ္တဲ့...အ....အ..အ"

"အဆိုး...အဆိုး သတိထားေလဟယ္"

"အဆိုး....အဆိုးလို႔..လုပ္ပါအုံး ႀကီးေမေရ ဒီမွာ အဆိုးေခၚမရေတာ့ဘူးေတာ့....အီး"

"သား...သားေလး....အေမ့သားေလး"

"ေမာင္ေလး...ေမာင္ေလး"

အခန္းထဲ၌ ဆူညံသြားေသာ အသံမ်ားအၾကား ၾကမ္းျပင္ထက္သို႔ လဲက်သြားသူက အဆိုးဆိုေပမဲ့ ထိုင္ခုံေနရာေလး၌ပင္ ေၾကာင္အအရပ္ၾကည့္ေနမိသူက သူမပင္တည္း။

ၾကမ္းျပင္ထက္၌ သတိေမ့ေနေသာ ထိုအေကာင္ေပါက္ေလးက သူမအရင္တုန္းကေတြ႕ခဲ့ဖူးသည့္ ခ်စ္စရာေကာင္းပါတယ္ဆိုသည့္  အဆိုးေလးတဲ့။

ဝဝကစ္ကစ္  အဆိုးဆိုသည့္ေကာင္ေလးႏွင့္မတူေအာင္  မ်ားစြာမွ ပိန္လွီသြားခဲ့သည့္ ထိုကေလးငယ္က ယခုအခ်ိန္ထိ ေမာင့္ကိုေစာင့္ေနတုန္းတဲ့လား။

"သမီး...သမီးငယ္"

"ရွင္..ေမေမ"

"ဂိုေဒါင္ထဲက ဆိုင္ကယ္ထုတ္ၿပီးေတာ့  ဟိုဘက္႐ြာက ဆရာဝန္ အျမန္သြားေခၚခ်ည္သိလာယ.."

"ဟုတ္..ဟုတ္ေမေမ"

"မိဘုတ္ သမီး"

"ရွင္ ႀကီးေတာ္ႀကီး က်ဳပ္ဘာလုပ္ေပးရမလဲ"

"သမီးက ႀကီးေတာ္ႀကီးနဲ႕ သူ႕ကိုအိပ္ရာေပၚကူတြဲေပးေနာ္"

"ဟုတ္..ဟုတ္"

"ေနေနေန ဘယ္သူမွဘယ္မွမသြား​ၾကနဲ႕ သူ႕ကို က်မၾကည့္ေပးမယ္ အခုေတာ့ သူ႕ကို ဟိုနားက ခုတင္ေပၚတြဲတင္ေပးထား"

ေျပာေျပာဆိုဆိုႏွင့္ အဆိုးေလးအား ဝင္တြဲလာေသာ ထိုအမ်ိဳးသမီးေၾကာင့္ မငယ္တို႔ သုံးေယာက္စလုံးခဗ်ာ ေၾကာင္အအေလးႏွင့္သာ ရပ္ၾကည့္ေနမိေလသည္။

"ေဟာ္ေတာ္ ဘာရပ္ၾကည့္ေနၾကတာတုန္း လာကူတြဲေပးၾကေလ"

"ေအာ္...ေအးေအး လာ..လာလာၾက"

"ဟို ညီမေလး.... ညီမေလးက သူ႕ကိုလာမတြဲနဲ႕ေနာ္ "

အဆိုးအား တြဲရန္ျပင္ေနေသာ မိမိအား လာမတြဲရန္ လွမ္းေျပာလိုက္ေသာ သူမေၾကာင့္ မိဘုတ္ခဗ်ာ ေအာင့္သက္သက္ႀကီးျဖစ္သြားရေလသည္။

"ဘာလို႔ က်ဳပ္က မတြဲရမွာလည္းေတာ္ရဲ႕"

"ညီမေလးကမတြဲလည္းရတယ္ ကားေပၚကအမ ေဆးအိတ္ အမည္းေလးကိုသာ အျမန္သြားယူေပးသိလား"

"ဟုတ္...ဟုတ္"

မိမိေျပာလိုက္သည္ဆိုလွ်င္ျဖင့္တၿပိဳင္နက္ လွစ္ကနဲဆို ေျပးထြက္သြားေသာ ထိုကမေလးမေနာက္တြင္ေတာ့ အဆိုးကိုယ္အား ကုတင္ေပၚသို႔ သုံးေယာက္တြဲ၍တင္လိုက္ေလသည္။

"အန္တီ...အန္တီ ရၿပီ အဲ့နားမွာ  ခ်လိဳက္ ျဖည္းျဖည္းခ်င္းခ်ေနာ္ ျဖည္းျဖည္းခ်င္း ခ်"

"ေအးေအး..သမီးေလး"

ကုတင္ေပၚသို႔ အသင့္ေရာက္ရွိၿပီျဖစ္သြားေသာ ထိုကေလးငယ္အား သူမၾကည့္တာႏွင့္ပင္အတတ္သိေနသည္ ထိုကေလးငယ္ အားအလြန္ျပတ္ေနပါၿပီ။

"အမ...အမ ဒီအိတ္ေလးလားရွင့္"

"ေအာ္ ေအးေအးဟုတ္တယ္ ညီမေလး ​ေပး​ေပး...အမကိုေပး ဒါနဲ႕ သူေလး ထမင္းမစားတာ ဘယ္ႏွစ္ရက္ေလာက္ရွိၿပီလဲအန္တီ"

ေဆးအိတ္ထဲမွ နားၾကပ္နဲ႕တူသည့္ ခပ္ရွည္ရွည္အရာႀကီးကိုဆြဲထုတ္ရင္း သားရင္ဘတ္တေလ်ာက္ ဟိုေထာက္လိုက္ဒီေထာက္လိုက္လုပ္ရင္းေမးလိုက္ေသာ ထိုကေလးမေၾကာင့္ သူမ မွတ္မိသေလာက္ကိုသာ ေျပာလိုက္သည္။

"ဒီေန႕နဲ႕ ဆိုေလးရက္ရွိၿပီ သမီး"

"ေအာ္....ဟုတ္ၿပီ ဟုတ္ၿပီ ဒီရက္ပိုင္း ထမင္းအျပင္ တျခား ဘာ​ေတြကိုေရာ သူစားေသးလဲ အန္တီ"

"မေန႕ကေတာ့ မန္က်ီးသီး စားခ်င္တယ္ေျပာလို႔ ႐ြာထိပ္က မန္က်ီ​  ပင္ကေန ခူးေကြၽးလိုက္ေသးတယ္ "

"သူ႕အ​ျပင္ တျခားဟာေတြေရာ စားေသးလား"

"ဟင့္အင္း ႀကီးေတာ္မွတ္မိသေလာက္ဆိုရင္ေတာ့ အဲ့တာကလြဲလို႔ ဘာမွမစားဘူးသမီးရဲ႕"

"ဟုတ္ၿပီ... ရၿပီရၿပီ....ဒါနဲ႕ အန္ေရာ အန္ေသးလား"

"မအန္ပါဘူး..."

"ဟာ ႀကီးေတာ္ႀကီးကလည္း ဘာလို႔မအန္ရမွာတုန္း အခုနတုန္းကေတာင္ အန္ေသးတယ္ေလ"

"ေဟ ဟုတ္လို႔လား သမီးရဲ႕"

"ဟုတ္တာမွ ဟုတ္ဟုတ္နဲ႕ေတာင္ျမည္ေသး တကတည္း မုန့္ဟင္းခါးအနံနံလို႔တဲ့ အန္လိုက္တာမွ တေဝါ့ေဝါ့နဲ႕"

"သူက မုန့္ဟင္းခါး မႀကိဳက္လို႔လား ညီမရဲ႕"

"ဘယ္ရမွာေတာ္ရယ္ က်ဳပ္ေမာင္ေလး က မုန့္ဟင္းခါးဆို အေသႀကိဳက္တာေတာ့ ၊ အခုမွ ဘယ္လိုျဖစ္ေနမွန္းကိုမသိ..."

တေပါက္ တေပါက္ေျပာေနေသာ သူ႕တို႔အၾကား သူေလးကို စမ္းသပ္ရင္း အလိုလို ၿပဳံးမိလာသူက သူမ...

အၿပဳံး....ဟန္ေဆာင္မႈကင္းမဲ့ေသာ ထိုအၿပဳံးကို မည္သူမွ နားမလည္ နိုင္ၾကေပမဲ့လည္း ထိုအၿပဳံးေလးကေတာ့ အခ်ိန္တစ္ခုၾကာေအာင္ ၿပဳံးၿမဲပင္တည္း။

Continue Reading

You'll Also Like

235K 40.4K 102
[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ င...
29.5K 2.6K 104
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
230K 47.7K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
298K 14.2K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...