I Ran Away After The Rich Old...

By HoolyMo

354K 50.4K 2.3K

Title: I Ran Away After The Rich Old Man Was Pregnant With My Child Author: 云织 Start Date: July 1, 2021 More

Description
IRAATROMWPWMC(1)
IRAATROMWPWMC(2)
IRAATROMWPWMC(3)
IRAATROMWPWMC(4)
IRAATROMWPWMC(5)
IRAATROMWPWMC(6)
IRAATROMWPWMC(7)
IRAATROMWPWMC(8)
IRAATROMWPWMC(9)
IRAATROMWPWMC(10)
IRAATROMWPWMC(11)
IRAATROMWPWMC(12)
IRAATROMWPWMC(13)
IRAATROMWPWMC(14)
IRAATROMWPWMC(15)
IRAATROMWPWMC(16)
IRAATROMWPWMC(17.1)
IRAATROMWPWMC(17.2)
IRAATROMWPWMC(19)
IRAATROMWPWMC(20)
IRAATROMWPWMC(21)
IRAATROMWPWMC(22)
IRRATROMWPWMC(23)
IRAATROMWPWMC(24)
IRAATROMWPWMC(25)
IRAATROMWPWMC(26)
IRAATROMWPWMC(27)
IRAATROMWPWMC(28)
IRAATROMWPWMC(29)
IRAATROMWPWMC(30)
IRAATROMWPWMC(31)
IRAATROMWPWMC(32)
IRAATROMWPWMC(33)
IRAATROMWPWMC(34)
IRAATROMWPWMC(35)
IRAATROMWPWMC(36)
IRAATROMWPWMC(37)
IRAATROMWPWMC(38)
IRAATROMWPWMC(39.1)
IRAATROMWPWMC(39.2)
IRAATROMWPWMC(40)
IRAATROMWPWMC(41)
IRAATROMWPWMC(42.1)
IRAATROMWPWMC(42.2)
IRAATROMWPWMC(43.1)
IRAATROMWPWMC(43.2)
IRAATROMWPWMC(44)
IRAATROMWPWMC(45.1)
IRAATROMWPWMC(45.2)
IRAATROMWPWMC(46)
IRAATROMWPWMC(47)
IRAATROMWPWMC(48)
IRAATROMWPWMC(49)
IRAATROMWPWMC(50)
IRAATROMWPWMC(51)
IRAATROMWPWMC(52)
IRAATROMWPWMC(53)
IRAATROMWPWMC(54)
IRAATROMWPWMC(55)
IRAATROMWPWMC(56)
IRAATROMWPWMC(57)
IRAATROMWPWMC(58)
IRAATROMWPWMC(59)
IRAATROMWPWMC(60-1)
IRAATROMWPWMC(60.2)
IRAATROMWPWMC(61.1)
IRAATROMWPWMC(61.2)
IRAATROMWPWMC(62.1)
IRAATROMWPWMC(62.2)
IRAATROMWPWMC(63)
IRAATROMWPWMC(64)
IRAATROMWPWMC(65)
IRAATROMWPWMC(66)
IRAATROMWPWMC(67.1)
IRAATROMWPWMC(67.2)
IRAATROMWPWMC(68)
IRAATROMWPWMC(69)
IRAATROMWPWMC(70.1)

IRAATROMWPWMC(18)

5.3K 837 58
By HoolyMo

[Unicode]

သူတို့နှစ်ယောက်လုံးက မကောင်းတာလုပ်မိပြီလို့ တွေးမိလိုက်ကြတယ်။

ကုရိရှင်းကသူ့ဖင်အောက်ရောက်နေတဲ့ တစ်သျှူးထုပ်ကိုဆွဲယူလိုက်ပြီး စိုနေတဲ့အကွက်ကိုသုတ်လိုက်တယ်။ သူအားထည့်ပြီးသုတ်လေ ပိုပြီးထင်ရှားလာလေဖြစ်နေတယ်။
(လုမင်ရှီက အိပ်နေရင်းသွားရည်ကျမိတယ်ဆိုပြီး ရှက်သလိုဖြစ်နေတာပါ ဟိုတစ်ယောက်ကတော့ အိပ်မက်ထဲမှာ လုမင်ရှီနဲ့ လုပ်ခဲ့ကြတယ်ဆိုတာမက်ပြီးလန့်နိုးတော့ပေါင်ကြားမှာအကွက်တွေ့ရော သူလဲလန့်ရှာမှာပေါ့လေ - _ -)

လုမင်ရှီကမျက်နှာပူပူနဲ့ကြည့်နေလိုက်တယ်။ သူကခေါင်းကိုငုံ့ထားပြီး ကုရိရှင်းသတိမထားမိအောင်ခိုးကြည့်လိုက်တယ်။

ကုရိရှင်းကပိုသုတ်ပစ်လေ အကွက်ကပိုပိုကြီးလာလေနဲ့ နောက်ဆုံးတော့ ဆက်သုတ်ဖို့မလုပ်တော့ပဲလျစ်လျူ ရှုဖို့ဆုံးဖြတ်လိုက်တယ်။ သူကတင်ပလ္လင်ခွေထားတဲ့ခြေထောက်ကိုသတိလက်လွတ်အောက်ချလိုက်ပြီး သဘာဝအတိုင်းခြောက်ပါစေဆိုပြီးပစ်ထားလိုက်တော့သည်။

သူတို့ရဲ့ဇိမ်ခံကားက ညနေခင်းကြီးမှာပြင်းပြင်းထန်ထန်မောင်းနေခဲ့တယ်။ ကားသမားက ဖြစ်နေတာတွေကိုသိနေခဲ့ပေမယ့် ဘာစကားတစ်ခွန်းမှမပြောခဲ့ပဲ မျက်မမြင်တစ်ယောက်လို တိုးတိုးတိတ်တိတ်နဲ့ကားပဲမောင်းနေခဲ့လေသည်။

ကုရိရှင်းက ကားထဲကနေအပြင်ဘက်ရှိ LEDကြော်ငြာဆိုင်းဘုတ်တွေကိုကြည့်နေချိန် သူ့ကိုယ်သူပြန်မြင်လိုက်ရလေသည်။

" . . . "
ကုရိရှင်းကမနေနိုင်တော့ပဲစကားစလိုက်သည်။
"မစ္စတာ လု"

သူ့အခုပုံစံက တကယ်ကိုစိတ်မချမ်းမသာဖြစ်နေတဲ့ပုံပင်။

"ကျွန်တော်က ခင်ဗျားနဲ့ပြန်လိုက်ခဲ့ဖို့တောင်သဘောတူခဲ့ပြီး ကားပေါ်တောင်ရောက်နေပြီလေ။ ဘာလို့ထုတ်ထားတဲ့ဆုငွေ ကျွန်တော့်ကိုတိုက်ရိုက်မပေးရတာလဲဗျ?"

လုမင်ရှီက ခဏလောက်တွေဝေသွားတယ်။ သူပြောနေတာက ယုတ္တိရှိတယ်လို့လဲ ခံစားလိုက်ရသည်။

"မင်းကအဲ့ပိုက်ဆံကိုယူပြီးဘာလုပ်မှာလဲ?"

ကုရိရှင်းကခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီး
"လုပ်ချင်တဲ့ဟာအများစုပေါ့။ ကျွန်တော်လုပ်နိုင်တဲ့ သက်တော်စောင့်တို့ လုံခြုံရေးတို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးရတာမျိူးတွေ။ ဒါပေမယ့် ကလေးထိန်းကတော့ အရင်ကတစ်ခါမှလုပ်ဖို့မကြိုးစားဖူးလို့ ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုတာ မသေချာဘူး"

တကယ်လို့ လုမင်ရှီက သူ့ကိုကလေးထိန်းအဖြစ်ငှားရန် ယွမ်သန်း၂၀ပေးဖို့ဆန္ဒရှိခဲ့လျှင်တောင် သူ့ရဲ့အဓိကအလုပ်ကိုထိခိုက်မှုမရှိသေးသရွေ့ ဒီအခ်ျိန်ပိုင်းအလုပ်ကိုလုပ်ဖို့သူစဉ်းစားမိလိမ့်မည်။ အမှန်ပြောရရင် ညတွင်းချင်းဈေးကြီးအရက်၂၈ပုလင်း မှာသောက်နိုင်တဲ့လင်းရူလိုဧည့်သည်မျိူးက အနည်းငယ်သာရှိသည်။ ဒီတော့ နေ့တိုင်း ၈၀၀၀၀လောက်ရဖို့ဆိုတာမဖြစ်နိုင်ဘူး။

လုမင်ရှီက ကလပ်တွေကိုရှာရင်းရရှိခဲ့တဲ့ သူသိထားတဲ့အချက်အလက်တွေကိုသတိရသွားသည်။ ဒီစောက်ကလေးတော့ ဒါတွေကသူပြောသလောက် ရိုးသားမယ်မထင်ဘူး။

"သက်တော်စောင့်တို့ လုံခြုံရေးတို့ ထိန်းသိမ်းစောင့်ရှောက်ပေးရတာမျိူးတွေလား?"
လုမင်ရှီကခေါင်းညိမ့်ရင်းဆက်ပြောလိုက်တယ်။
"ငါမှန်းတာမမှားဘူးဆိုရင် အဲ့ထဲမှာ ဝိုင်တွေ အီစီကလီစကားပြောတာတွေနဲ့ အိပ်တာတွေပါမယ်ထင်တယ်"

ကုရိရှင်းဆွံ့အသွားသည်။ သူကအရမ်းအံ့သြနေဟန်နဲ့ လုမင်ရှီကိုမေးလိုက်တယ်။
"မစ္စတာလုရော ဘယ်လိုဝန်ဆောင်မှုမျိူးအလိုရှိပါသလဲ?"

လုမင်ရှီ : . . .
လုမင်ရှီကအေးအေးဆေးဆေးပြောလိုက်တယ်။
"မလိုဘူး. . .မင်းတွေးတာများသွားပြီ"

ကုရိရှင်းကသူ့ကိုသံသယရှိရှိကြည့်လိုက်တယ်။
"ကျွန်တော်ကအရမ်းထူးခြားတာနော်...ငွေရဖို့အဲ့ဒါတွေကိုအားကိုးတာမျိူးတဲ့လား? မဟုတ်တာတွေ ကျွန်တော်က ကိုယ်သဘောကျတဲ့ပါတနာအချောလေးတွေကိုပဲ လက်ခံတွေ့ဆုံတာ...ပိုက်ဆံရဖို့မလိုဘူး"

ကုရိရှင်းရဲ့အဘိဓာန်မှာ လိင်ကိစ္စအရည်အချင်းကောင်းမှုဆို ထိပ်ဆုံးကပဲ။ သူ့ရဲ့လိင်ကိစ္စကျွမ်းကျင်မှုကိုသက်သေပြဖို့ အကောင်းဆုံးဟိုတယ်တွေမှာငွေအတော်ဖြုန်းတီးခဲ့လေသည်။ ပါတနာရဲ့အရည်အချင်းကကောင်းတယ်ဆိုရင် သူကဈေးကြီးတဲ့ခရီးစရိတ်တွေကိုတောင် လိုလိုလားလားပေးခဲ့သည်။

ကုရိရှင်းစကားပြောလို့ပြီးသွားတဲ့အခါ လုမင်ရှီကိုခေါင်းအစခြေအဆုံးကြည့်လိုက်တယ်။

လုမင်ရှီရဲ့ခေါင်းကတော်တော်ကျိန်းနေပြီ။ သူကလမ်းတစ်လျှောက်လုံး အချိန်တော်တော်ကြာအောင်ထိန်းလာခဲ့ရတာ။ ဒီအချိန်မှာတော့ တကယ်အိမ်သာကို ပြေးသွားလိုက်ချင်နေပြီ။

"တကယ်လို့ မစ္စတာလုဆန္ဒရှိမယ်ဆိုရင်"
ကုရိရှင်းကစပ်ဖြဲဖြဲပြုံးလိုက်တယ်။
"Topတစ်ယောက်အနေနဲ့ ဝန်ဆောင်မှုနည်းနည်းလောက်ပေးနိုင်ပါတယ်"

လုမင်ရှီက ကုရိရှင်းကိုကြည့်လိုက်တယ်။

ကလေးဘဝတည်းကမြင်လာခဲ့ရတဲ့ဒီမျက်နှာလှလှလေးက ရိုင်းစိုင်းတဲ့အသုံးအနှုန်းမဟုတ်ပေမယ့်အဲ့လိုသဘောရှိတဲ့စကားတွေပြောနေပြီး မျက်လုံးတွေမှာလဲ ရှင်းရှင်းလင်းလင်းလှောင်ပြောင်တဲ့အကြည့်တွေရှိနေတာကို သူတွေ့လိုက်ရတာက လုမင်ရှီကိုအိမ်သာပိုသွားချင်လာအောင်လုပ်နေသလိုဖြစ်နေတယ်။

* * *
လုမင်ရှီပြန်ရောက်တဲ့အချိန်မှာ ကြော်ငြာထားတာတွေအားလုံးကိုဖျက်ခိုင်းလိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကုရိရှင်းက ရန်မြို့တော်မှာတော်တော်လေးနာမည်ကြီးသွားခဲ့ပြီ။ ပထမဆုံးနေ့ ဆောက်လုပ်ရေးဆီကိုသတင်းပို့ဖို့သွားခဲ့ချိန်မှာ ရှိသမျှလူတိုင်းရဲ့အာရုံစိုက်မှုကိုရခဲ့တယ်။

ကုရိရှင်းရဲ့ကိုယ်ရေးကိုယ်တာအသစ်နဲ့ပတ်သက်တဲ့ ပါးစပ်ပြောဇာတ်လမ်း ဗားရှင်းအမျိူးမျိူးထွက်လာပြီး သတင်းအဖြစ်ပြန့်သွားခဲ့တယ်။

လူကြိုက်အများဆုံးတစ်ခုက ဒီကိစ္စတွေမဖြစ်ခင်မှာ ကုရိရှင်းဟာ လင်းယွဲ့ဆီမှာလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံခဲ့ရတယ်ဆိုတဲ့ကောလဟာလပါပဲ။

ဒီမှာဆိုရင်တော့ကျန်တဲ့အတင်းအဖျင်းတွေကိုတွေ့ရမှာဖြစ်ပါတယ်။

"ငယ်ရွယ်တဲ့သခင်လေး ကုရိရှင်းက အစတည်းကလုမိသားစုရဲ့ချွေးမဖြစ်ပေမယ့်လည်း စိတ်ကူးယဉ်ဆန်ပြီးချောမောတဲ့လင်းယွဲ့နဲ့ ဧည့်ခံပွဲတော်တော်များများမှာတွေ့ဆုံခဲ့တာတဲ့"

"လုရှောင် (လုမင်ရှီ)က အလွန်အကျွံပုံသွင်းခံထားရတဲ့ပုံစံဖြစ်နေပြီး ငယ်ရွယ်တဲ့သခင်လေးကုရိရှင်းကို ဂရုမစိုက်ပဲနေခဲ့တယ်။ လင်းရှောင် (လင်းယွဲ့)က ပုဂ္ဂိုလ်ရေးအရလည်းနူးညံ့သိမ်မွေ့တဲ့စကားတွေပြောခဲ့ပြီး သခင်လေးရဲ့နှစ်ပေါင်းများစွာသော့ခတ်ခံထားရတဲ့နှလုံးသားကိုဖွင့်လိုက်နိုင်သွားတာ"

"ဒါပေမယ့်လည်း လင်းရှောင်က သခင်လေးကုကိုချဉ်းကပ်ခဲ့တယ်ဆိုတာ သူတို့လင်းမိသားစုပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ထားတဲ့လုရှောင်ကိုလက်စားချေနိုင်ဖို့တဲ့"

"ဖြူ ဖြူ စင်စင်သခင်လေးကုရဲ့ နှလုံးသားကိုရပြီးတာနဲ့ လင်းရှောင်ကသူ့ကိုစွန့်ပစ်ထားခဲ့တာဆိုပဲ"

"သခင်လေးကကြောက်လန့်တကြားနဲ့ထွက်သွားပြီး ကလပ်ကိုကဖို့ရောက်သွားတယ်တဲ့...
အဲ့ဒီမှာ ဟေးရှောင် (ဟေးချဲ့)နဲ့တွေ့ပြီး ကာကွယ်ပေးတာခံလိုက်ရတာလို့ကြားတယ်"

"ဟေးရှောင်က သခင်လေးကုကိုမြင်မြင်ချင်းချစ်မိသွားတယ်။ သခင်လေးဆီမှာဖြစ်ပျက်ခဲ့သမျှတွေကိုကြားတဲ့အခါ လက်စားချေဖို့ဆုံးဖြတ်လိုက်ပြီး လင်းရှောင်ကို မုဒိန်းကျင့်ခိုင်းဖို့ လူဆိုးဂိုဏ်းကလူတွေကိုပါ ရှာပြီးလွှတ်လိုက်တယ်တဲ့"

"သနားဖို့ကောင်းတဲ့သခင်လေးကုက လင်းရှောင်ကိုချစ်နေတုန်းဖြစ်ပြီး ဟေးရှောင်ရဲ့လုပ်ရပ်တွေကိုသိသွားတဲ့အချိန်မှာ ဒီဝမ်းနည်းစိတ်ပျက်ဖို့ကောင်းတဲ့ရန်မြို့တော်ကိုထားခဲ့ပြီး ထွက်သွားခဲ့တာ"

"သခင်လေးကုထွက်သွားတဲ့အခါကျမှ ဟေးရှောင်လည်းနောင်တရသွားတာ။ လင်းရှောင်ကလည်း သူ့ကြောင့်နာကျင်ခံစားခဲ့ရတဲ့ကောင်လေးအကြောင်းသိသွားခဲ့ပြီး သူကိုယ်တိုင်လဲနာကျင်ခံစားခဲ့ရတယ်။ သူကအတိတ်ကအမှားတွေကိုပြင်ဖို့ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ လုရှောင်ကလည်း သခင်လေးကုအပေါ်မှာ သူလျစ်လျူ ရှုခဲ့တာတွေကိုသတိထားမိသွားပြီး သခင်လေးဆီကိုစိတ်ပြန်လည်လာ...."

"အခုဆို သခင်လေးကုလည်း ရန်မြို့တော်ကိုပြန်လာခဲ့ပြီး လုမိသားစုဆီကိုပြန်သွားပြီ။ ဒီအချိန်မှာ ဖြစ်နိုင်တာက လုရှောင်ကလက်သွက်ခြေသွက်နဲ့ လက်ဦးသွားတာပဲ။ ဒါပေမယ့် တစ်ချိန်လုံးတိတ်တိတ်လေးစောင့်နေခဲ့ကြတဲ့ လင်းရှောင်နဲ့ ဟေးရှောင်တို့ကလည်း ဘယ်တော့မှလက်လျှော့ကြမှာမဟုတ်ဘူး"

"ချစ်ခြင်းမေတ္တာနဲ့အမုန်းတရားကြားမှာ ရုန်းကန်နေရတဲ့ သုံးပွင့်ဆိုင်မှုမှာ ဘယ်တစ်ယောက်ကပျော်ရွှင်ရတဲ့အဆုံးသတ်ကိုရမယ်ထင်လဲ?"

ကုရိရှင်းကဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကလူတွေပြောသမျှကိုနားထောင်ပြီး နက်နက်နဲနဲတွေးနေမိတယ်။

အတင်းအဖျင်းကိုနားထောင်ရတာကပုံစံတစ်ခု။
ဒါပေမယ့်....
ကိုယ့်အကြောင်းအတင်းအဖျင်းကိုနားထောင်ရတာကြီးက နောက်ပုံစံတစ်ခု။
နားထောင်ရတဲ့ခံစားချက်က အချင်းချင်းတူမနေဘူးဟ!

သူကလည်ချောင်းရှင်းလိုက်ပြီး ကောလဟာလတွေကိုငြင်းဖို့ဆုံးဖြတ်လိုက်တယ်။
"အဟမ်း"

လုပ်ငန်းခွင်ထဲကလူတွေက သူတို့ဆွေးနွေးနေတဲ့တစ်လျှောက်လုံး ကုရိရှင်းကိုမမြင်ခဲ့ကြဘူး။ အခုအဟမ်းလိုက်မှ ထမင်းပန်းကန်ကိုင်ပြီးထောင့်မှာထိုင်နေတဲ့သူ့ကိုတွေ့လိုက်ကြခြင်းပါ။ ဒီလူငယ်လေးက ဒဏ္ဌာရီထဲမှာ၃ပွင့်ဆိုင်တိုက်ခိုက်ပြီးလုခဲ့ကြတဲ့ချောမောတဲ့သခင်လေး...သူကရှက်ရွံ့မှုကြောင့်ချွေးအနည်းငယ်ထွက်နေတယ်။ သူကပန်းကန်အကြီးကြီးတစ်လုံးကိုကိုင်ထားပြီး တစ်ယောက်တည်းထီးထီးကြီးထိုင်နေခဲ့တာပါ။ သူ့ခြေထောက်အောက်နားမှာလဲ ဆောက်လုပ်ရေးထဲမှာတွေ့ရလေ့ရှိတဲ့လုံခြုံရေးဦးထုပ်တစ်လုံးချထားတယ်။

ပြောင်းရွှေ့အလုပ်သမားတွေနဲ့ပြည့်နေတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်နေလည်း ကိစ္စမရှိဘူး။ သူ့ရဲ့ကိုယ်နေဟန်ထား ဒါမှမဟုတ် သူ့ကိုယ်ပေါ်မှာကိရိယာတန်ဆာပလာတွေသယ်ထားတာတောင် ကျွမ်းကျင်မှုအပြည့်နဲ့အလုပ်လုပ်နိုင်ပုံက လေးစားဖွယ်ရာကောင်းလှသည်။

ဒီအလုပ်ခွင်မှာအသားကျဖို့ ကုရိရှင်းအတွက်အချိန်တစ်ရက်ပဲလိုပါတယ်။

တစ်ပတ်အကြာ လုမင်ရှီကစီမံကိန်းမန်နေဂျာကိုခေါ်ပြီးကုရိရှင်းအကြောင်းမေးတဲ့အခါ မန်နေဂျာကမျက်ရည်ကျမတတ် တင်ပြခဲ့တယ်။

"ကုရှောင် (ကုရိရှင်း) ရောက်လာကတည်းက အလုပ်သမားတွေရဲ့စိတ်အားထက်သန်မှုကနှစ်ဆဖြစ်သွားပြီး လုပ်အားလည်း၅၀ရာခိုင်နှုန်းတက်သွားတယ်။ အလုပ်သမားတွေက အလုပ်ကိုနောက်မကျတော့သလို စောလည်းမပြန်ကြတော့ဘူး။ ပုံမှန်ဆို ရက်၁၂၀လုပ်ရမယ့်စီမံကိန်းက အခုရက်၅၀နဲ့ပြီးသွားတယ်!! ရက်၅၀တည်းနဲ့!!"

"စီမံကိန်းကမ်းလှမ်းမှုလုပ်ငန်းတွေက အတော်ကိုအဆင်ပြေပြီးတိုးတက်နေပြီ။ ဈေးကွက်လူကြိုက်များမှုလဲ ထိပ်ဆုံးမှာ။ အခုဆို မရေတွက်နိုင်တဲ့ဖုန်းခေါ်မှုတွေကနေ့တိုင်းလိုလိုပဲ!! ဂူရှောင်ကြောင့် မူလအမြတ်အစွန်းမျှော်မှန်းမှုကို ၁၀၀ရာခိုင်နှုန်းအထိတိုးလိုက်နိုင်ခဲ့တယ်!!"

"ဘော့စ်!! ကုရှောင်ကိုဆောက်လုပ်ရေးမှာနေခွင့်ပြုမှဖြစ်မယ်နော်!! နော်လို့!"

မန်နေဂျာကစကားပြောပြီး လက်ကိုင်ပုဝါလေး နှာခေါင်းမှာအုပ်လိုက်ပြီး နှပ်ညှစ်လိုက်ပါသတဲ့။

* * *
ဒီနေ့က ကုရိရှင်းအတွက်ကလေးထိန်းအဖြစ်အချိန်ပိုင်းလုပ်ရမယ့်ပထမဆုံးရက်ဖြစ်သည်။ လုမင်ရှီက ပိုက်ဆံက်ုတကယ်လျှော့ချလိုက်ပေမယ့် လစာကိုလည်းပြန်တိုးပေးခဲ့သေးသည်။ ကုရိရှင်းက သဘောတူညီချက်တွေကိုပျော်ပျော်ပဲလက်ခံလိုက်ပြီး အလုပ်တွေပြီးတဲ့အခါ လုအိမ်တော်ကိုပြန်လာခဲ့တယ်။

ဒီနေ့လုမင်ရှီအလုပ်မှာအလွန်ပင်ပန်းခဲ့သည်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွက ခေါင်းမာစွာအငြင်းပွားမှုတွေလုပ်ခဲ့လေရာ အဆုံးသတ်တွင်သူအနိုင်ရခဲ့သော်လည်း စိတ်ဖိစီးမှုဒဏ်အတော်ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူကျန်းမာရေးမကောင်းတာကိုသိပြီး တမင်တကာဒီအကြိမ်မှာသူ့ကိုပိုပင်ပန်းအောင်လုပ်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြသည်။

လုမင်ရှီကအိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး မအီမသာခံစားနေရတယ်။ သူ့ခန္ဓာကိုယ်နဲ့စိတ် နှစ်ခုလုံးရဲ့ဖိစီးမှုကြောင့် ဝန်ထုပ်ဝန်ပိုးနှစ်ဆဖြစ်နေခဲ့တယ်။

သူက ကားသမားနှိုးလိုက်မှနိုးလာခဲ့တယ်။
"သူဌေး ကျွန်တော်တို့ပြန်ရောက်ပြီ"
ကားသမားစိတ်ပူနေခဲ့ပြီးမေးလိုက်တယ်။
"ကျွန်တော် ကူတွဲပေးဖို့လိုသေးလား?"

လုမင်ရှီကခေါင်းခါလိုက်ပြီး လှေကားအတိုင်းတက်သွားလိုက်တယ်။

အိမ်ထဲတွင် ကုရိရှင်းသည်ဆောက်လုပ်ရေးကပြန်ရောက်ရောက်ချင်း ရေချိူးခဲ့တယ်။ သူက bathrobe ကိုကောက်ဝတ်လိုက်ပြီးရေချိူးခန်းထဲကပြန်အထွက်မှာ ခြေသံတွေကြားလိုက်ရတယ်။

နံရံထောင့်နားကိုသွားကြည့်လိုက်တဲ့အခါ လှေကားလက်တန်းကိုအသေအချာကိုင်ပြီးတစ်ထစ်ချင်းတက်လာတဲ့လုမင်ရှီနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ရတယ်။

သူကခြေတုန်လက်တုန်နဲ့ဘာဖြစ်နေတာလဲ?

သူသိထားတာမမှားဘူးဆိုရင် လုမင်ရှီအသက်က ၉၂မဟုတ်ပဲ ၂၉နှစ်ပါ...သူ့ရဲ့အကောင်းဆုံးအသက်အခြားဖြစ်ပြီး အကောင်းဆုံးအနေအထားမှာရှိနေရမှာလေ....

သူ့ကိုကြည့်ရတာ ဘယ်လိုလုပ်ဒီပုံစံဖြစ်နေတာလဲ?

အကြီးအကဲအဖြစ်နေရတာက အုတ်ခဲသယ်ရတဲ့လူထက်ပိုပင်ပန်းရတယ်ထင်တယ်။

ကုရိရှင်းကနေ့တိုင်းအုတ်ခဲသယ်နေတာတောင် အားအပြည့်နဲ့ဖျတ်လတ်တက်ကြွနေတုန်းပဲ။

ဒီနှစ်ခုကိုနှိုင်းယှဉ်ကြည့်ရင် သူကလုမင်ရှီကိုကူညီမပေးနိုင်ပေမယ့် အနည်းငယ်တော့သနားမိလေသည်။

လုမင်ရှီက ကုရိရှင်းကိုမမြင်ပဲ သူ့ဘာသာလှေကားကိုကြိုးစားတက်နေရတယ်။ နောက်ဆုံးခြေလှမ်းကို သူလှမ်းလိုက်နိုင်ခဲ့အပြီးမှာ စိတ်အေးသွားပြီးသက်ပြင်းပင်ချလိုက်မိသည်။ ရုတ်တရက် သူ့ခေါင်းကမိုက်ခနဲဖြစ်သွားသည်။

သူကအနီးနားကလက်တန်းကိုဆွဲလိုက်ချင်ပေမယ့် တကယ်ဆွဲမိလိုက်တာကတော့ ကုရိရှင်းရဲ့ကော်လံကို...

ကော်လံအဆွဲခံလိုက်ရသောကုရိရှင်း : ( ° -- °#)

အခုသူ့ကိုယ်ပေါ်မှာရှိနေတာက ပုံမှန်အင်္ကျီမဟုတ်တဲ့ bathrobe ( - _ - )

[Zawgyi]

သူတို႔နွစ္ေယာက္လံုးက မေကာင္းတာလုပ္မိျပီလို႔ ေတြးမိလိုက္ၾကတယ္။

ကုရိရွင္းကသူ႔ဖင္ေအာက္ေရာက္ေနတဲ့ တစ္သ်ွဴ းထုပ္ကိုဆြဲယူလိုက္ၿပီး စိုေနတဲ့အကြက္ကိုသုတ္လိုက္တယ္။ သူအားထည့္ၿပီးသုတ္ေလ ပိုၿပီးထင္ရွားလာေလျဖစ္ေနတယ္။
(လုမင္ရွီက အိပ္ေနရင္းသြားရည္က်မိတယ္ဆိုၿပီး ရွက္သလိုျဖစ္ေနတာပါ ဟိုတစ္ေယာက္ကေတာ့ အိပ္မက္ထဲမွာ လုမင္ရွီနဲ႔ လုပ္ခဲ့ၾကတယ္ဆိုတာမက္ၿပီးလန္႔နိုးေတာ့ေပါင္ၾကားမွာအကြက္ေတြ႕ေရာ သူလဲလန္႔ရွာမွာေပါ့ေလ - _ -)

လုမင္ရွီကမ်က္နွာပူပူနဲ႔ၾကည့္ေနလိုက္တယ္။ သူကေခါင္းကိုငံု႔ထားၿပီး ကုရိရွင္းသတိမထားမိေအာင္ခိုးၾကည့္လိုက္တယ္။

ကုရိရွင္းကပိုသုတ္ပစ္ေလ အကြက္ကပိုပိုႀကီးလာေလနဲ႔ ေနာက္ဆံုးေတာ့ ဆက္သုတ္ဖို႔မလုပ္ေတာ့ပဲလ်စ္လ်ဴ ရႈဖို႔ဆံုးျဖတ္လိုက္တယ္။ သူကတင္ပလႅင္ေခြထားတဲ့ေျခေထာက္ကိုသတိလက္လြတ္ေအာက္ခ်လိုက္ၿပီး သဘာဝအတိုင္းေျခာက္ပါေစဆိုၿပီးပစ္ထားလိုက္ေတာ့သည္။

သူတို႔ရဲ႕ဇိမ္ခံကားက ညေနခင္းႀကီးမွာျပင္းျပင္းထန္ထန္ေမာင္းေနခဲ့တယ္။ ကားသမားက ျဖစ္ေနတာေတြကိုသိေနခဲ့ေပမယ့္ ဘာစကားတစ္ခြန္းမွမေျပာခဲ့ပဲ မ်က္မျမင္တစ္ေယာက္လို တိုးတိုးတိတ္တိတ္နဲ႔ကားပဲေမာင္းေနခဲ့ေလသည္။

ကုရိရွင္းက ကားထဲကေနအျပင္ဘက္ရွိ LEDေၾကာ္ျငာဆိုင္းဘုတ္ေတြကိုၾကည့္ေနခ်ိန္ သူ႔ကိုယ္သူျပန္ျမင္လိုက္ရေလသည္။

" . . . "
ကုရိရွင္းကမေနနိုင္ေတာ့ပဲစကားစလိုက္သည္။
"မစၥတာ လု"

သူ႔အခုပံုစံက တကယ္ကိုစိတ္မခ်မ္းမသာျဖစ္ေနတဲ့ပံုပင္။

"ကြၽန္ေတာ္က ခင္ဗ်ားနဲ႔ျပန္လိုက္ခဲ့ဖို႔ေတာင္သေဘာတူခဲ့ၿပီး ကားေပၚေတာင္ေရာက္ေနၿပီေလ။ ဘာလို႔ထုတ္ထားတဲ့ဆုေငြ ကြၽန္ေတာ့္ကိုတိုက္ရိုက္မေပးရတာလဲဗ်?"

လုမင္ရွီက ခဏေလာက္ေတြေဝသြားတယ္။ သူေျပာေနတာက ယုတၱိရွိတယ္လို႔လဲ ခံစားလိုက္ရသည္။

"မင္းကအဲ့ပိုက္ဆံကိုယူၿပီးဘာလုပ္မွာလဲ?"

ကုရိရွင္းကေခါင္းတဆတ္ဆတ္ၿငိမ့္လိုက္ၿပီး
"လုပ္ခ်င္တဲ့ဟာအမ်ားစုေပါ့။ ကြၽန္ေတာ္လုပ္နိုင္တဲ့ သက္ေတာ္ေစာင့္တို႔ လံုၿခံဳေရးတို႔နဲ႔ ထိန္းသိမ္းေစာင့္ေရွာက္ေပးရတာမ်ိဴ းေတြ။ ဒါေပမယ့္ ကေလးထိန္းကေတာ့ အရင္ကတစ္ခါမွလုပ္ဖို႔မႀကိဳးစားဖူးလို႔ ေကာင္းေကာင္းလုပ္နိုင္ပါ့မလားဆိုတာ မေသခ်ာဘူး"

တကယ္လို႔ လုမင္ရွီက သူ႔ကိုကေလးထိန္းအျဖစ္ငွားရန္ ယြမ္သန္း၂၀ေပးဖို႔ဆႏၵရွိခဲ့လ်ွင္ေတာင္ သူ႔ရဲ႕အဓိကအလုပ္ကိုထိခိုက္မႈမရွိေသးသေ႐ြ႕ ဒီအခ်္ိန္ပိုင္းအလုပ္ကိုလုပ္ဖို႔သူစဥ္းစားမိလိမ့္မည္။ အမွန္ေျပာရရင္ ညတြင္းခ်င္းေစ်းႀကီးအရက္၂၈ပုလင္း မွာေသာက္နိုင္တဲ့လင္းရူလိုဧည့္သည္မ်ိဴ းက အနည္းငယ္သာရွိသည္။ ဒီေတာ့ ေန႔တိုင္း ၈၀၀၀၀ေလာက္ရဖို႔ဆိုတာမျဖစ္နိုင္ဘူး။

လုမင္ရွီက ကလပ္ေတြကိုရွာရင္းရရွိခဲ့တဲ့ သူသိထားတဲ့အခ်က္အလက္ေတြကိုသတိရသြားသည္။ ဒီေစာက္ကေလးေတာ့ ဒါေတြကသူေျပာသေလာက္ ရိုးသားမယ္မထင္ဘူး။

"သက္ေတာ္ေစာင့္တို႔ လံုၿခံဳေရးတို႔ ထိန္းသိမ္းေစာင့္ေရွာက္ေပးရတာမ်ိဴ းေတြလား?"
လုမင္ရွီကေခါင္းညိမ့္ရင္းဆက္ေျပာလိုက္တယ္။
"ငါမွန္းတာမမွားဘူးဆိုရင္ အဲ့ထဲမွာ ဝိုင္ေတြ အီစီကလီစကားေျပာတာေတြနဲ႔ အိပ္တာေတြပါမယ္ထင္တယ္"

ကုရိရွင္းဆြံ႕အသြားသည္။ သူကအရမ္းအံ့ၾသေနဟန္နဲ႔ လုမင္ရွီကိုေမးလိုက္တယ္။
"မစၥတာလုေရာ ဘယ္လိုဝန္ေဆာင္မႈမ်ိဴ းအလိုရွိပါသလဲ?"

လုမင္ရွီ : . . .
လုမင္ရွီကေအးေအးေဆးေဆးေျပာလိုက္တယ္။
"မလိုဘူး. . .မင္းေတြးတာမ်ားသြားၿပီ"

ကုရိရွင္းကသူ႔ကိုသံသယရွိရွိၾကည့္လိုက္တယ္။
"ကြၽန္ေတာ္ကအရမ္းထူးျခားတာေနာ္...ေငြရဖို႔အဲ့ဒါေတြကိုအားကိုးတာမ်ိဴ းတဲ့လား? မဟုတ္တာေတြ ကြၽန္ေတာ္က ကိုယ္သေဘာက်တဲ့ပါတနာအေခ်ာေလးေတြကိုပဲ လက္ခံေတြ႕ဆံုတာ...ပိုက္ဆံရဖို႔မလိုဘူး"

ကုရိရွင္းရဲ႕အဘိဓာန္မွာ လိင္ကိစၥအရည္အခ်င္းေကာင္းမႈဆို ထိပ္ဆံုးကပဲ။ သူ႔ရဲ႕လိင္ကိစၥကြၽမ္းက်င္မႈကိုသက္ေသျပဖို႔ အေကာင္းဆံုးဟိုတယ္ေတြမွာေငြအေတာ္ျဖဳန္းတီးခဲ့ေလသည္။ ပါတနာရဲ႕အရည္အခ်င္းကေကာင္းတယ္ဆိုရင္ သူကေစ်းႀကီးတဲ့ခရီးစရိတ္ေတြကိုေတာင္ လိုလိုလားလားေပးခဲ့သည္။

ကုရိရွင္းစကားေျပာလို႔ၿပီးသြားတဲ့အခါ လုမင္ရွီကိုေခါင္းအစေျခအဆံုးၾကည့္လိုက္တယ္။

လုမင္ရွီရဲ႕ေခါင္းကေတာ္ေတာ္က်ိန္းေနၿပီ။ သူကလမ္းတစ္ေလ်ွာက္လံုး အခ်ိန္ေတာ္ေတာ္ၾကာေအာင္ထိန္းလာခဲ့ရတာ။ ဒီအခ်ိန္မွာေတာ့ တကယ္အိမ္သာကို ေျပးသြားလိုက္ခ်င္ေနၿပီ။

"တကယ္လို႔ မစၥတာလုဆႏၵရွိမယ္ဆိုရင္"
ကုရိရွင္းကစပ္ၿဖဲၿဖဲၿပံဳးလိုက္တယ္။
"Topတစ္ေယာက္အေနနဲ႔ ဝန္ေဆာင္မႈနည္းနည္းေလာက္ေပးနိုင္ပါတယ္"

လုမင္ရွီက ကုရိရွင္းကိုၾကည့္လိုက္တယ္။

ကေလးဘဝတည္းကျမင္လာခဲ့ရတဲ့ဒီမ်က္နွာလွလွေလးက ရိုင္းစိုင္းတဲ့အသံုးအနႈန္းမဟုတ္ေပမယ့္အဲ့လိုသေဘာရွိတဲ့စကားေတြေျပာေနၿပီး မ်က္လံုးေတြမွာလဲ ရွင္းရွင္းလင္းလင္းေလွာင္ေျပာင္တဲ့အၾကည့္ေတြရွိေနတာကို သူေတြ႕လိုက္ရတာက လုမင္ရွီကိုအိမ္သာပိုသြားခ်င္လာေအာင္လုပ္ေနသလိုျဖစ္ေနတယ္။

* * *
လုမင္ရွီျပန္ေရာက္တဲ့အခ်ိန္မွာ ေၾကာ္ျငာထားတာေတြအားလံုးကိုဖ်က္ခိုင္းလိုက္တယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ကုရိရွင္းက ရန္ၿမိဳ႕ေတာ္မွာေတာ္ေတာ္ေလးနာမည္ႀကီးသြားခဲ့ၿပီ။ ပထမဆံုးေန႔ ေဆာက္လုပ္ေရးဆီကိုသတင္းပို႔ဖို႔သြားခဲ့ခ်ိန္မွာ ရွိသမ်ွလူတိုင္းရဲ႕အာရံုစိုက္မႈကိုရခဲ့တယ္။

ကုရိရွင္းရဲ႕ကိုယ္ေရးကိုယ္တာအသစ္နဲ႔ပတ္သက္တဲ့ ပါးစပ္ေျပာဇာတ္လမ္း ဗားရွင္းအမ်ိဴ းမ်ိဴ းထြက္လာၿပီး သတင္းအျဖစ္ျပန္႔သြားခဲ့တယ္။

လူႀကိဳက္အမ်ားဆံုးတစ္ခုက ဒီကိစၥေတြမျဖစ္ခင္မွာ ကုရိရွင္းဟာ လင္းယြဲ႕ဆီမွာလိင္ပိုင္းဆိုင္ရာအနိုင္က်င့္ခံခဲ့ရတယ္ဆိုတဲ့ေကာလဟာလပါပဲ။

ဒီမွာဆိုရင္ေတာ့က်န္တဲ့အတင္းအဖ်င္းေတြကိုေတြ႕ရမွာျဖစ္ပါတယ္။

"ငယ္႐ြယ္တဲ့သခင္ေလး ကုရိရွင္းက အစတည္းကလုမိသားစုရဲ႕ေခြၽးမျဖစ္ေပမယ့္လည္း စိတ္ကူးယဥ္ဆန္ၿပီးေခ်ာေမာတဲ့လင္းယြဲ႕နဲ႔ ဧည့္ခံပြဲေတာ္ေတာ္မ်ားမ်ားမွာေတြ႕ဆံုခဲ့တာတဲ့"

"လုေရွာင္ (လုမင္ရွီ)က အလြန္အကြၽံပံုသြင္းခံထားရတဲ့ပံုစံျဖစ္ေနၿပီး ငယ္႐ြယ္တဲ့သခင္ေလးကုရိရွင္းကို ဂရုမစိုက္ပဲေနခဲ့တယ္။ လင္းေရွာင္ (လင္းယြဲ႕)က ပုဂိၢဳလ္ေရးအရလည္းႏူးညံ့သိမ္ေမြ့တဲ့စကားေတြေျပာခဲ့ၿပီး သခင္ေလးရဲ႕နွစ္ေပါင္းမ်ားစြာေသာ့ခတ္ခံထားရတဲ့နွလံုးသားကိုဖြင့္လိုက္နိုင္သြားတာ"

"ဒါေပမယ့္လည္း လင္းေရွာင္က သခင္ေလးကုကိုခ်ဥ္းကပ္ခဲ့တယ္ဆိုတာ သူတို႔လင္းမိသားစုပိုင္ဆိုင္မႈေတြကို သိမ္းပိုက္ထားတဲ့လုေရွာင္ကိုလက္စားေခ်နိုင္ဖို႔တဲ့"

"ျဖဴ ျဖဴ စင္စင္သခင္ေလးကုရဲ႕ နွလံုးသားကိုရၿပီးတာနဲ႔ လင္းေရွာင္ကသူ႔ကိုစြန္႔ပစ္ထားခဲ့တာဆိုပဲ"

"သခင္ေလးကေၾကာက္လန္႔တၾကားနဲ႔ထြက္သြားၿပီး ကလပ္ကိုကဖို႔ေရာက္သြားတယ္တဲ့...
အဲ့ဒီမွာ ေဟးေရွာင္ (ေဟးခ်ဲ့)နဲ႔ေတြ႕ၿပီး ကာကြယ္ေပးတာခံလိုက္ရတာလို႔ၾကားတယ္"

"ေဟးေရွာင္က သခင္ေလးကုကိုျမင္ျမင္ခ်င္းခ်စ္မိသြားတယ္။ သခင္ေလးဆီမွာျဖစ္ပ်က္ခဲ့သမ်ွေတြကိုၾကားတဲ့အခါ လက္စားေခ်ဖို႔ဆံုးျဖတ္လိုက္ၿပီး လင္းေရွာင္ကို မုဒိန္းက်င့္ခိုင္းဖို႔ လူဆိုးဂိုဏ္းကလူေတြကိုပါ ရွာၿပီးလႊတ္လိုက္တယ္တဲ့"

"သနားဖို႔ေကာင္းတဲ့သခင္ေလးကုက လင္းေရွာင္ကိုခ်စ္ေနတုန္းျဖစ္ၿပီး ေဟးေရွာင္ရဲ႕လုပ္ရပ္ေတြကိုသိသြားတဲ့အခ်ိန္မွာ ဒီဝမ္းနည္္းစိတ္ပ်က္ဖို႔ေကာင္းတဲ့ရန္ၿမိဳ႕ေတာ္ကိုထားခဲ့ၿပီး ထြက္သြားခဲ့တာ"

"သခင္ေလးကုထြက္သြားတဲ့အခါက်မွ ေဟးေရွာင္လည္းေနာင္တရသြားတာ။ လင္းေရွာင္ကလည္း သူ႔ေၾကာင့္နာက်င္ခံစားခဲ့ရတဲ့ေကာင္ေလးအေၾကာင္းသိသြားခဲ့ၿပီး သူကိုယ္တိုင္လဲနာက်င္ခံစားခဲ့ရတယ္။ သူကအတိတ္ကအမွားေတြကိုျပင္ဖို႔ဆံုးျဖတ္လိုက္တယ္။ အဲ့ဒီအခ်ိန္မွာ လုေရွာင္ကလည္း သခင္ေလးကုအေပၚမွာ သူလ်စ္လ်ဴ ရႈခဲ့တာေတြကိုသတိထားမိသြားၿပီး သခင္ေလးဆီကိုစိတ္ျပန္လည္လာ...."

"အခုဆို သခင္ေလးကုလည္း ရန္ၿမိဳ႕ေတာ္ကိုျပန္လာခဲ့ၿပီး လုမိသားစုဆီကိုျပန္သြားၿပီ။ ဒီအခ်ိန္မွာ ျဖစ္နိုင္တာက လုေရွာင္ကလက္သြက္ေျခသြက္နဲ႔ လက္ဦးသြားတာပဲ။ ဒါေပမယ့္ တစ္ခ်ိန္လံုးတိတ္တိတ္ေလးေစာင့္ေနခဲ့ၾကတဲ့ လင္းေရွာင္နဲ႔ ေဟးေရွာင္တို႔ကလည္း ဘယ္ေတာ့မွလက္ေလ်ွာ႔ၾကမွာမဟုတ္ဘူး"

"ခ်စ္ျခင္းေမတၱာနဲ႔အမုန္းတရားၾကားမွာ ရုန္းကန္ေနရတဲ့ သံုးပြင့္ဆိုင္မႈမွာ ဘယ္တစ္ေယာက္ကေပ်ာ္႐ႊင္ရတဲ့အဆံုးသတ္ကိုရမယ္ထင္လဲ?"

ကုရိရွင္းကေဆာက္လုပ္ေရးလုပ္ငန္းခြင္ထဲကလူေတြေျပာသမ်ွကိုနားေထာင္ၿပီး နက္နက္နဲနဲေတြးေနမိတယ္။

အတင္းအဖ်င္းကိုနားေထာင္ရတာကပံုစံတစ္ခု။
ဒါေပမယ့္....
ကိုယ့္အေၾကာင္းအတင္းအဖ်င္းကိုနားေထာင္ရတာႀကီးက ေနာက္ပံုစံတစ္ခု။
နားေထာင္ရတဲ့ခံစားခ်က္က အခ်င္းခ်င္းတူမေနဘူးဟ!

သူကလည္ေခ်ာင္းရွင္းလိုက္ၿပီး ေကာလဟာလေတြကိုျငင္းဖို႔ဆံုးျဖတ္လိုက္တယ္။
"အဟမ္း"

လုပ္ငန္းခြင္ထဲကလူေတြက သူတို႔ေဆြးေႏြးေနတဲ့တစ္ေလ်ွာက္လံုး ကုရိရွင္းကိုမျမင္ခဲ့ၾကဘူး။ အခုအဟမ္းလိုက္မွ ထမင္းပန္းကန္ကိုင္ၿပီးေထာင့္မွာထိုင္ေနတဲ့သူ႔ကိုေတြ႕လိုက္ၾကျခင္းပါ။ ဒီလူငယ္ေလးက ဒဏၭာရီထဲမွာ၃ပြင့္ဆိုင္တိုက္ခိုက္ၿပီးလုခဲ့ၾကတဲ့ဲေခ်ာေမာတဲ့သခင္ေလး...သူကရွက္႐ြံ႕မႈေၾကာင့္ေခြၽးအနည္းငယ္ထြက္ေနတယ္။ သူကပန္းကန္အႀကီးႀကီးတစ္လံုးကိုကိုင္ထားၿပီး တစ္ေယာက္တည္းထီးထီးႀကီးထိုင္ေနခဲ့တာပါ။ သူ႔ေျခေထာက္ေအာက္နားမွာလဲ ေဆာက္လုပ္ေရးထဲမွာေတြ႕ရေလ့ရွိတဲ့လံုၿခံဳေရးဦးထုပ္တစ္လံုးခ်ထားတယ္။

ေျပာင္းေ႐ႊ့အလုပ္သမားေတြနဲ႔ျပည့္ေနတဲ့ေဆာက္လုပ္ေရးလုပ္ငန္းခြင္ျဖစ္ေနလည္း ကိစၥမရွိဘူး။ သူ႔ရဲ႕ကိုယ္ေနဟန္ထား ဒါမွမဟုတ္ သူ႔ကိုယ္ေပၚမွာကိရိယာတန္ဆာပလာေတြသယ္ထားတာေတာင္ ကြၽမ္းက်င္မႈအျပည့္နဲ႔အလုပ္လုပ္နိုင္ပံုက ေလးစားဖြယ္ရာေကာင္းလွသည္။

ဒီအလုပ္ခြင္မွာအသားက်ဖို႔ ကုရိရွင္းအတြက္အခ်ိန္တစ္ရက္ပဲလိုပါတယ္။

တစ္ပတ္အၾကာ လုမင္ရွီကစီမံကိန္းမန္ေနဂ်ာကိုေခၚၿပီးကုရိရွင္းအေၾကာင္းေမးတဲ့အခါ မန္ေနဂ်ာကမ်က္ရည္က်မတတ္ တင္ျပခဲ့တယ္။

"ကုေရွာင္ (ကုရိရွင္း) ေရာက္လာကတည္းက အလုပ္သမားေတြရဲ႕စိတ္အားထက္သန္မႈကနွစ္ဆျဖစ္သြားၿပီး လုပ္အားလည္း၅၀ရာခိုင္နႈန္းတက္သြားတယ္။ အလုပ္သမားေတြက အလုပ္ကိုေနာက္မက်ေတာ့သလို ေစာလည္းမျပန္ၾကေတာ့ဘူး။ ပံုမွန္ဆို ရက္၁၂၀လုပ္ရမယ့္စီမံကိန္းက အခုရက္၅၀နဲ႔ၿပီးသြားတယ္!! ရက္၅၀တည္းနဲ႔!!"

"စီမံကိန္းကမ္းလွမ္းမႈလုပ္ငန္းေတြက အေတာ္ကိုအဆင္ေျပၿပီးတိုးတက္ေနၿပီ။ ေစ်းကြက္လူႀကိဳက္မ်ားမႈလဲ ထိပ္ဆံုးမွာ။ အခုဆုိ မေရတြက္နိုင္တဲ့ဖုန္းေခၚမႈေတြကေန႔တိုင္းလိုလိုပဲ!! ဂူေရွာင္ေၾကာင့္ မူလအျမတ္အစြန္းေမ်ွာ္မွန္းမႈကို ၁၀၀ရာခိုင္နႈန္းအထိတိုးလိုက္နိုင္ခဲ့တယ္!!"

"ေဘာ့စ္!! ကုေရွာင္ကိုေဆာက္လုပ္ေရးမွာေနခြင့္ျပဳမွျဖစ္မယ္ေနာ္!! ေနာ္လို႔!"

မန္ေနဂ်ာကစကားေျပာၿပီး လက္ကိုင္ပုဝါေလး နွာေခါင္းမွာအုပ္လိုက္ၿပီး နွပ္ညႇစ္လိုက္ပါသတဲ့။

* * *
ဒီေန႔က ကုရိရွင္းအတြက္ကေလးထိန္းအျဖစ္အခ်ိန္ပိုင္းလုပ္ရမယ့္ပထမဆံုးရက္ျဖစ္သည္။ လုမင္ရွီက ပိုက္ဆံက္ုတကယ္ေလ်ွာ႔ခ်လိုက္ေပမယ့္ လစာကိုလည္းျပန္တိုးေပးခဲ့ေသးသည္။ ကုရိရွင္းက သေဘာတူညီခ်က္ေတြကိုေပ်ာ္ေပ်ာ္ပဲလက္ခံလိုက္ၿပီး အလုပ္ေတြၿပီးတဲ့အခါ လုအိမ္ေတာ္ကိုျပန္လာခဲ့တယ္။

ဒီေန႔လုမင္ရွီအလုပ္မွာအလြန္ပင္ပန္းခဲ့သည္။ ဒါရိုက္တာဘုတ္အဖြဲ႕ဝင္တြက ေခါင္းမာစြာအျငင္းပြားမႈေတြလုပ္ခဲ့ေလရာ အဆံုးသတ္တြင္သူအနိုင္ရခဲ့ေသာ္လည္း စိတ္ဖိစီးမႈဒဏ္အေတာ္ခံစားလိုက္ရသည္။ တစ္စံုတစ္ေယာက္က သူက်န္းမာေရးမေကာင္းတာကိုသိၿပီး တမင္တကာဒီအႀကိမ္မွာသူ႔ကိုပိုပင္ပန္းေအာင္လုပ္နိုင္ဖို႔ အတတ္နိုင္ဆံုးႀကိဳးစားခဲ့ၾကသည္။

လုမင္ရွီကအိမ္ျပန္တဲ့လမ္းတစ္ေလ်ွာက္လံုး မအီမသာခံစားေနရတယ္။ သူ႔ခနၶာကိုယ္နဲ႔စိတ္ နွစ္ခုလံုးရဲ႕ဖိစီးမႈေၾကာင့္ ဝန္ထုပ္ဝန္ပိုးနွစ္ဆျဖစ္ေနခဲ့တယ္။

သူက ကားသမားနွိုးလိုက္မွနိုးလာခဲ့တယ္။
"သူေဌး ကြၽန္ေတာ္တို႔ျပန္ေရာက္ၿပီ"
ကားသမားစိတ္ပူေနခဲ့ၿပီးေမးလိုက္တယ္။
"ကြၽန္ေတာ္ ကူတြဲေပးဖို႔လိုေသးလား?"

လုမင္ရွီကေခါင္းခါလိုက္ၿပီး ေလွကားအတိုင္းတက္သြားလိုက္တယ္။

အိမ္ထဲတြင္ ကုရိရွင္းသည္ေဆာက္လုပ္ေရးကျပန္ေရာက္ေရာက္ခ်င္း ေရခ်ိဴ းခဲ့တယ္။ သူက bathrobe ကိုေကာက္ဝတ္လိုက္ၿပီးေရခ်ိဴ းခန္းထဲကျပန္အထြက္မွာ ေျခသံေတြၾကားလိုက္ရတယ္။

နံရံေထာင့္နားကိုသြားၾကည့္လိုက္တဲ့အခါ ေလွကားလက္တန္းကိုအေသအခ်ာကိုင္ၿပီးတစ္ထစ္ခ်င္းတက္လာတဲ့လုမင္ရွီနဲ႔ မ်က္နွာခ်င္းဆိုင္ေတြ႕လိုက္ရတယ္။

သူကေျခတုန္လက္တုန္နဲ႔ဘာျဖစ္ေနတာလဲ?

သူသိထားတာမမွားဘူးဆိုရင္ လုမင္ရွီအသက္က ၉၂မဟုတ္ပဲ ၂၉နွစ္ပါ...သူ႔ရဲ႕အေကာင္းဆံုးအသက္အျခားျဖစ္ၿပီး အေကာင္းဆံုးအေနအထားမွာရွိေနရမွာေလ....

သူ႔ကိုၾကည့္ရတာ ဘယ္လိုလုပ္ဒီပံုစံျဖစ္ေနတာလဲ?

အႀကီးအကဲအျဖစ္ေနရတာက အုတ္ခဲသယ္ရတဲ့လူထက္ပိုပင္ပန္းရတယ္ထင္တယ္။

ကုရိရွင္းကေန႔တိုင္းအုတ္ခဲသယ္ေနတာေတာင္ အားအျပည့္နဲ႔ဖ်တ္လတ္တက္ႂကြေနတုန္းပဲ။

ဒီနွစ္ခုကိုနွိုင္းယွဥ္ၾကည့္ရင္ သူကလုမင္ရွီကိုကူညီမေပးနိုင္ေပမယ့္ အနည္းငယ္ေတာ့သနားမိေလသည္။

လုမင္ရွီက ကုရိရွင္းကိုမျမင္ပဲ သူ႔ဘာသာေလွကားကိုႀကိဳးစားတက္ေနရတယ္။ ေနာက္ဆံုးေျခလွမ္းကို သူလွမ္းလိုက္နိုင္ခဲ့အၿပီးမွာ စိတ္ေအးသြားၿပီးသက္ျပင္းပင္ခ်လိုက္မိသည္။ ရုတ္တရက္ သူ႔ေခါင္းကမိုက္ခနဲျဖစ္သြားသည္။

သူကအနီးနားကလက္တန္းကိုဆြဲလိုက္ခ်င္ေပမယ့္ တကယ္ဆြဲမိလိုက္တာကေတာ့ ကုရိရွင္းရဲ႕ေကာ္လံကို...

ေကာ္လံအဆြဲခံလိုက္ရေသာကုရိရွင္း : ( ° -- °#)

အခုသူ႔ကိုယ္ေပၚမွာရွိေနတာက ပံုမွန္အက်ၤ ီမဟုတ္တဲ့ bathrobe ( - _ - )

Continue Reading

You'll Also Like

3.3M 214K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.1M 48.5K 60
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
208K 7.8K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
553K 56K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...