anagapesis [ sunki ]

By minigarden_yanghee

20.5K 2.6K 729

"ကျေးဇူးပြုပြီး ငါနဲ့ပဲ ပြန်တွဲလို့မရဘူးလား နီခီ" "အဲ့စကားကို ကျွန်တော်ကအရင်ပြောမယ်လို့ ပြောခဲ့တယ်လေ ဆောနူ" More

intro
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 11
chapter 12
chapter 13
chapter 14
chapter 15
April Fool
chapter 16

chapter 10

873 142 54
By minigarden_yanghee

Unicode

တစ်လနေမယ်လို့ ပြောထားပြီးမှ နောက်နေ့မှာအဘွားဆီက တစ်ချိုးတည်းပြေးပြီးပြန်သွားတဲ့ ဆောနူကို အဘွားကတော့ အံ့ဩတကြီးနဲ့။

အံ့ဩစရာတော့မရှိပါဘူး ရည်းစားရသွားတော့လည်း ဖုန်းလေးကိုင်လိုက်၊ တစ်နေကုန်တီတီတာတာလေးတွေပြောလိုက်နဲ့ တစ်စက္ကန့်လေးမှခွဲပြီးမနေချင်တာ သဘာဝပဲမလား။
အဘွားခြံထွက် စပျစ်သီးအချို့နဲ့ စတော်ဘယ်ရီသီးအချို့ကို ထည့်ပေးလိုက်တာမို့ ဆောနူအတွက် အိမ်အပြန်လမ်းဟာ နိဗ္ဗာန်သဖွယ်။

"ကင်ဆောနူ ခဏလာထိုင်အုံး"

အထုပ်ကြီးအထုပ်ငယ်ဆွဲရင်း အိမ်ထဲဝင်လာတဲ့ဆောနူကို မာမားက စီးပြီး ခေါ်လိုက်တာမို့ ဆောနူကိုယ်အနည်းငယ်သိမ့်တုန်သွားရသည်။ ကင်ဆောနူ လို့ ခေါ်လိုက်တာနဲ့ ပြဿနာတစ်ခုခု စတော့မည် ဆိုတာကို ဆောနူသိပါသည်။ ဆွဲလက်စအထုပ်တွေကို နေရာမှာ ချလိုက်ရင်း လွယ်ထားတဲ့လွယ်အိတ်ကို ခုံပေါ်တင်လိုက်သည်။ တစ်ခုခုကို မာမားသိသွားပြီဆိုတဲ့ စိတ်က ဒူးမခိုင်ချင်အောင်ဖြစ်လာသည်။

သူ့ဆီလှည့်ကြည့်မနေဘဲ မီးပူတိုက်နေတဲ့မာမား နားကို တဖြည်းဖြည်းကပ်သွားလိုက်သည်။ အမေဖြစ်သူက စိတ်မကြည်ရင် မီးပူတိုက်နေတတ်သည်မို့ မီးပူတိုက်တိုင်း နည်းနည်းတော့လန့်သည်။

"မာမား ဘာပြော.. မလို့လဲ"

မဝံ့မရဲမေးလိုက်တော့ အမေက တိုက်လက်စမီးပူကို ဘေးက အပူခံစတီးဖရိန်ပေါ် တင်လိုက်သည်။

"ပြော... နင့်အဘွား ဘာတွေအတင်းချလိုက်သေးလဲ?"

ထိုတော့မှ ဆောနူရင်ထဲက အလုံးကြီးကျသွားသလို။ တော်ပါသေးတယ် ရီခီနဲ့သူ့ကိစ္စကို သိသွားပြီထင်တာ။ ထိုတော့မှ ဖြီးဖြန်းလိုက်ရင်း

"ဘာမှမပြောပါဘူး မာမားရဲ့ ဒီတစ်ခေါက်က သားက ခြံထဲဆင်းနေတာဆိုတော့ သူနဲ့စကားပြောချိန်မရှိဘူး"

ထိုတော့မှ အမေက မယုံသလိုနဲ့ မျက်လွှာကိုလှန်ကြည့်သည်။ ခေါင်းပြန်ငြိမ့်ပြလိုက်တော့မှ

"ရပြီ သွားနားတော့ သား လျှော်စရာရှိရင် တစ်ခါတည်း လျှော်စက်ထဲထည့်ခဲ့"

"ပြီးတော့ တစ်ခုခုပေးလိုက်ရင် ရေဆေးပြီး ရေခဲသေတ္တာထဲထည့်ထားလိုက် မာမားမစားဘူး နင့်‌အဖေနဲ့ အစ်မပြန်လာရင်ကျွေးလိုက်"

'ဟုတ်' တစ်ခွန်းဆိုကာ ထွက်သွား‌တဲ့ သားငယ်ရဲ့ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချမိသည်။ ထို့နောက် တိုက်လက်စအထည်ကိုခေါက်လိုက်ရင်း မီးပူတိုက်ခြင်းဆီသို့။

=====

"အားးးးး အဲ့လိုရုတ်တရက်ကြီး ဖုန်းချသွားလို့ဘယ်ဖြစ်မလဲ ကျွန်တော်ချစ်တယ်ဆိုတာ မပြောရသေးဘူးလေ"

"ဆောနူ... ကျေးဇူးပြုပြီး ဖုန်းကိုင်ပါ။ ကျွန်တော့ကို ရူးအောင်မလုပ်သွားပါနဲ့"

"ကျွန်တော် ရင်တွေဘယ်လောက်ဆူနေလဲသိလား"

"ဆောနူ... ကျွန်တော်လည်း ဆောနူကို ချစ်တယ်လို့"

"ဆောနူ... ကျွန်တော်ချစ်တယ်လို့ ကျေးဇူးပြုပြီး မပျောက်သွားပါနဲ့"

နှစ်ပတ်လုံးလုံး ထောင်ချီအောင် ပို့ထားခဲ့တဲ့ စာလေးတွေကို ဖတ်ရင်း မျက်ရည်ကျမိသည်။ အချစ်ခံရတယ်ဆိုတာ ဒီလိုခံစားချက်မျိုးလား?

"ဆောနူ... ကျွန်တော်လွမ်းရလွန်းလို့ ရူးတော့မယ်ထင်တယ်"

စာတွေကြားထဲမှာတော့ မျက်ရည်တွဲလဲခိုနေတဲ့ selcaအချို့...

စာအစအဆုံးဖတ်ပြီးတဲ့နောက်မှာတော့ ဆောနူ ငိုချလိုက်သည်။ ဒီလိုတွေမှန်းမသိခဲ့ဘဲ ရီခီက သူ့ကိုမချစ်ဘူးထင်လို့ မေ့ပစ်ဖို့တောင်ကြိုးစားခဲ့တာ။
တော်သေးတာပေါ့... ရီခီသာ မနေ့က လိုက်မလာခဲ့ရင် စိတ်ပြတ်ပြီးအခါမှ ဒီအကြောင်းတွေသိရရင် သူနဲ့တစ်သက်လုံးဝေးတော့မှာ..။

"ဟောလ်... seen???"

"ပြန်ရောက်တာမပြောဘူးနော်"

ချက်ချင်းဝင်လာတဲ့ မက်ဆေ့ကိုဖတ်ရင်း မျက်ရည်တွေကို ပင့်သုတ်လိုက်သည်။

"အခုပဲ ရောက်ပြီးစာတွေဖတ်နေလို့ပါ ရီခီရယ်..."

typing... ဆိုတဲ့စာသားလေးကို ကြည့်ရင်း အိပ်ရာပေါ်ကို မှောက်လှဲချလိုက်တော့ ရင်ဘတ်နဲ့ အိပ်ရာကပ်သွားတဲ့အချိန်မှာ တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံကို ခံစားလို့ရပါသည်။ စတွေ့တဲ့နေ့ကတည်းက ခုထိ ရီခီ နဲ့ ပတ်သက်ရင် သူ့ရင်ခုန်သံက အမြဲလတ်ဆတ်သည်၊ တွဲခါစမို့လို့လည်း ဖြစ်မည်။ ဒါမှမဟုတ် ငယ်ရွယ်တဲ့အချစ်အတွက် ဒါမျိုးက ပုံမှန်ဖြစ်မည်ထင်သည်။

"ဆောနူ ဆောနူ..."

ဆောနူရဲ့နာမည်ကို ကျယ်လောင်စွာအော်ခေါ်နေရင်း လှေကားကို တဒုန်းဒုန်းမြည်အောင်တက်လာတဲ့ မာမားအသံကို ကြားတော့ ရုတ်တရက်စိတ်ပူသွားပြီး ဖုန်းကိုကုတင်ပေါ်ပစ်ချလိုက်သည်။ သူတံခါးမဖွင့်ခင်မှာပဲ ဖွင့်ဝင်လာတဲ့အမေဖြစ်သူကြောင့် အနောက်ကိုဆုတ်လိုက်သည်။ မာမားမျက်နှာက ဖြူဖျော့နေပြီး မျက်ခုံးတွေတွန့်ချိုးရင်း မျက်ရည်တွေဝိုင်းနေသည်၊ တစ်ကိုယ်လုံးဟာလည်း တုန်လို့ယင်လို့။

"မင်းအစ်မ အက်စီးဒန့်ဖြစ်လို့တဲ့ သားရယ်..."

ဆောနူနားထဲမိုးကြိုးပစ်ချလိုက်သလို၊

"အခု.. ဆွန်းချောန်းက ဆေးရုံမှာတင်ထားတယ်တဲ့"

မာမားက ငိုချလိုက်ရင်း ဆောနူရဲ့လက်တွေကို ဖမ်းဆုတ်လာသည်။

"သားမှာ.. သားမှာ စုထားတဲ့ငွေ ဘယ်လောက်ရှိလဲဟင်?"

အသံတွေက အက်ကွဲနေပါရင်း အားနာစိတ်တွေစွက်နေသည်။ ဘယ်မိဘက သားသမီးဆီက ပိုက်ဆံကို လွယ်လွယ်ကူကူ တောင်းရက်လို့လဲ။

"မာမား... လိုက်သွားရမှာမို့"

အမေဖြစ်သူရဲ့လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ရင်း

"၆သိန်းလောက်ရှိမယ်၊ ယူသွားလိုက်မာမား"

ထို့နောက် ကုတင်အောက်ဆီကိုဝင်လိုက်ရင်း သေတ္တာလေးတစ်ခုကိုထုတ်လာသည်။ ထိုအတွင်းမှာတော့ ဝက်ပုံစံ စုဘူးလေး၊ လွန်ခဲ့တဲ့ 2နှစ်တုန်းက မွေးနေ့လက်ဆောင်အဖြစ် ယန်းဟီကပေးခဲ့ခြင်းဖြစ်သည်။ နှမြောတသ ဖြစ်မိပေမဲ့ အစ်မဖြစ်သူအတွက်မို့ နှစ်ခါမစဉ်းစားနိုင်တော့။

ခွမ်း

ဝက်စုဘူးလေးဟာ ပုံစံတောင် မပေါ်တော့အောင် ကြမ်းပြင်မှာ တစ် စ စီ။

ကြားထဲက တိုလီမိုလီ အကြွေသေးသေးလေးတွေကိုကအစ မခြွင်းမချန်ဘဲ အမေဖြစ်သူရဲ့လက်ထဲကို ထည့်ပေးလိုက်သည်။

"အခုသွားမှာလား သားလည်းလိုက်ခဲ့မယ်"

"သားမလိုက်နဲ့ နေခဲ့ နေကသိပ်ကောင်းတာမှမဟုတ်တာ
မင်းအ‌ဖေကို အဘွားအိမ်က ကားယူခဲ့ဖို့ မှာထားတယ်"

"တစ်ခုခုလိုရင် မာမားဖုန်း-ဖုန်းဆက်မယ်"

မာမားက ရှိုက်သံတွေကြားကနေ စကားကိုခပ်သွက်သွက်ပြောရင်း ဆင်းသွားသည်။ ကားသံကြားတဲ့အချိန်မှာ ဆောနူက အမြန်ပြေးဆင်းခဲ့ပေမဲ့ ကားကထွက်သွားနှင့်ပြီဖြစ်သည်။ တစ်ယောက်တည်းရှိတဲ့အချိန်မှာမှ အိမ်က သာမန်ထက်ပိုပြီး တိတ်ဆိတ်သွားသလို၊ ဆောနူ အရုပ်ကြိုးပြတ်ထိုင်ရင်း မှိုင်နေမိသည်၊ တစ်ဦးတည်းရှိတဲ့ အစ်မ ဘာမှမဖြစ်သွားဖို့ ဆုတောင်းရင်း၊ မာမားရော ပါပါး ပါ လမ်းခရီးဘေးကင်းဖို့ဆုတောင်းရင်း။

=====

မိုးနှင်းသံ တဖျောက်ဖျောက်

ကုတင်ပေါ်ကလူကတော့ အခန်းကိုအမှောင်ချရင်း ဒူးတုပ်ထိုင်နေသည်။
ထိုခဏမှာ သူငိုကောင်းငိုနေလိမ့်မည်၊ တုန်ရီကောင်းတုန်ရီနေလိမ့်မည်။
သို့သော် သူ့ကိုယ်သူပင် ဘာဖြစ်နေလဲ ဆိုတာသေချာမသိ။

ကုတင်ပေါ်က ဖုန်းဆီက မီး တဖျက်ဖျက်လင်းကာ ဖုန်းဝင်လာသည်မို့ ဆောနူ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို" လို့ ကြိုးစားထူးကြည့်ပေမဲ့ အသံကထွက်မလာ။
နောက်တော့ တစ်ဖက်ကသာ ပြောချင်ရာပြောပြီး ဖုန်းချသွားသည်။ ထိုအချိန်ထိ ဆောနူက ငူငိုင်ငိုင်နဲ့ကျန်ခဲ့သည်။

"မာမားတို့ နောက်၂ရက်လောက်နေမှ ပြန်လာခဲ့မယ်"

"အားနာပေမဲ့ စားစရာရှိတာကို ကိုယ့်ဘာသာကိုယ်ပဲ လုပ်စားလိုက်ပါနော်"

အစ်မဖြစ်သူရဲ့အခြေအနေကို မေးလိုက်ဖို့ ကြိုးစားပေမဲ့ တစ်နေကုန် ငိုထားလွန်းလို့ ထွက်မလာတော့တဲ့အသံက မေးခွန်းတွေကို လည်ချောင်းမှာသာ တစ်ဆို့နေစေခဲ့သည်။

တစ်ဖန်ပြန်ဝင်လာတဲ့ ဖုန်းကို ဆောနူ ကြည့်လိုက်တော့ သူ့ရဲ့ တစ်ယောက်သောသူဆီက။ ခပ်မြန်မြန်ပဲ ဖုန်းကိုကိုင်လိုက်ရင်း ကင်မရာကို သူ့မျက်နှာရှေ့မှာ ထားလိုက်သည်။ တစ်ဖက်က ခပ်နွေးနွေးအသံကို ကြားတော့ သူပြုံးမိလိုက်သေးသည်။

"ဆောနူ အမှောင်ထဲ ဘာလုပ်နေတာလဲ တစ်နေကုန်စာပို့တာလဲမကြည့်ဘူး"

တစ်ဖက်က လူက ဖုန်းအလင်းရောင်ကြောင့်သာ အနည်းငယ်မြင်နေရတဲ့ ဆောနူရဲ့ မျက်နှာကို စူးစိုက်ကြည့်နေသည်။ ချက်ချင်းဆိုသလို စိတ်ပူသွားဟန်နဲ့

"ဟမ်... ဆောနူ ငို-ငိုထားတာလား"

ထိုအခါမှ မျက်ရည်စတွေခြောက်နေပြီးသား ဆောနူက ထပ်မံငိုချလိုက်တော့သည်။ လူဆိုတာ ကိုယ့်ရဲ့မှီတည်ရာဆီရောက်တဲ့အခါ ထိန်းထားသမျှတွေ လွှတ်ချတတ်ကြတယ်မလား။

"ဆောနူ... ဘေဘီ ဘာဖြစ်တာလဲ ကို့ ကိုပြော"

=====

"ဘာမှမဖြစ်ပါဘူး ဆောနူ ရဲ့... ‌မာမားအသံက အခု အဆင်ပြေနေတယ်မလား ၊ မမလည်း အဆင်ပြေလောက်မှာပါ ဟုတ်တယ်မလား"

ဆောနူက တစ်ချက်တစ်ချက်ရှိုက်နေသေးရင်း ခေါင်းကိုငြိမ့်သည်။ ရီခီပြောတာကို ထောက်ခံတဲ့သဘော။

"အခုဘာစားပြီးပြီလဲ"

ဆိုတော့မှ ဆောနူ သတိရသည်။ သူနေ့လယ်ကတည်းက ဘာမှမစားရသေး၊ နေ့လည်က စားမလို့အောက်ထပ်ခဏဆင်းကြည့်ခဲ့ပေမဲ့ ဘာဆိုဘာမှမရှိတာတစ်ကြောင်း၊ ဘာမှထွေထွေထူးထူး မလုပ်ချင်တာတစ်ကြောင်းကြောင့် ဘာမှမစားဘဲ ထိုင်မှိုင်နေခဲ့ခြင်းဖြစ်သည်။ တစ်ချက်တစ်ချက် အသိစိတ်လွတ်သွားတဲ့အခါမျိုးတွေမှာတော့ သူငိုကောင်း ငိုနေမိခဲ့မှာပေါ့။

ဆောနူက ခေါင်းကိုတွင်တွင်ခါလိုက်သည်။

"ကျစ်... ဟာဗျာ ဒီကလေး..."

တစ်ဖက်က စိတ်ညစ်ညူးဟန်နဲ့ ဖုန်းချသွားတော့ ဆောနူက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကျန်နေခဲ့သည်။ မိုးတွေက သည်းသထက် သည်းလာသည်မို့ ပြတင်းပေါက်ဆီက ဝင်လာတဲ့လေအဝှေ့ဟာ ခန္ဓာကိုယ်ဆီရောက်တာနဲ့ ကြက်သီးတွေက ဖြန်းခနဲ။ ဖုန်းစခရင်ကိုသာ ငေးရင်း ပြန်ခေါ်ရနိုးနိုး မခေါ်ရနိုးနိုး နဲ့ ကြောင်နေမိစဉ်မှာပဲ တစ်ဖန်ပြန်ဝင်လာတဲ့ဖုန်းကို ပြန်ကိုင်လိုက်သည်။ မိုးသည်းကြောင့် တစ်ဖက်နားကို ပိတ်ရင်း အာရုံစိုက်နားထောင်လိုက်တော့...

"အောက်ဆင်းခဲ့... အိမ်ရှေ့မှာစောင့်နေတယ်"

ဆောနူအလျင်အမြန်ပြေးဆင်းခဲ့သည်။ အားပျော့နေတဲ့ခြေထောက်တွေက ရီခီ့ဆီသွားဖို့အတွက်တော့ အားသန်နေခဲ့သည်ထင်ပါသည်။ တံခါးအဖွင့်မှာ တိုက်ချလိုက်တဲ့ လေစိမ်းအေးအေးက သူ့အရှေ့ကလူလောက်ပင် သူ့အပေါ် တုန်လှုပ်နိုင်ခြင်းမပြုနိုင်။ မျက်လုံးပေါ်အုပ်နေတဲ့ စိုရွှဲနေတဲ့ ဆံပင်တွေအရ ဘာမှမဆောင်းဘဲ မိုးရေထဲ ပြေးလာခဲ့တယ်ဆိုတာကို သူသိပါသည်။ နှုတ်ခမ်းတွေက တဆက်ဆက်တုန်နေပြီး ရေဝ ထားသည့်နှယ် ပြာနှမ်းနေသည်။ ထို့နောက် လက်ထဲက အထုတ်ကို ဆောနူဆီကမ်းပေးလာသည်။

"ဘေဘီ... စား ဖို့"

=====

ဆောနူက စိုနေတဲ့ခေါင်းကို သေချာခြောက်အောင် dryerနဲ့မှုတ်ပေးနေရင်း ရီခီကတော့ ဆောနူအခန်းကို တစ်ခုချင်းသေချာလိုက်ကြည့်နေသည်။ သူထိုင်နေတဲ့ထိုင်ခုံတစ်ခုနဲ့အတူ ရှေ့က စာအုပ်အချို့တင်ထားတဲ့ စားပွဲတစ်ခုရယ်၊ ဘေးမှာက စာအုပ်စင်အသေးတစ်ခု၊ စာအုပ်စင်အသေးရဲ့ဘေး ထောင့်ဘက်အခြမ်းမှာတော့ စာအုပ်စင်အကြီးတစ်ခု။ ဘေးဘက် နံရံကပ်ထားတဲ့ဆီမှာတော့ ဆောနူရဲ့အဝတ်အစား ‌ဗီဒိုတစ်ခုနဲ့အတူ ကပ်လျက်က ဆောနူရဲ့ဆုတံဆိပ်အချို့ နဲ့ အရုပ်တစ်ချို့ ထည့်ထားတဲ့ မှန်ဗီဒိုတစ်ခု၊ အောက်ထပ်အကန့် တစ်ခုနှစ်ခုဆီမှာ စာအုပ်အချို့ရှိသေးသည်။ တော်တော်လေး စာလုပ်တဲ့သူပါလားလို့ တွေးမိသေးသည်။ အင်းပေါ့... အဲ့တာကြောင့်လည်း ဆောနူက ထိပ်ဆုံးကျောင်းသားဖြစ်နေပြီး ဖွန်ပတ်ကြောင်နေခဲ့တဲ့ သူကတော့ ဘိတ်ဆုံးကျောင်းသားဖြစ်နေခဲ့တာပေါ့။ အမှန်အတိုင်း ပြောရရင် ဆောနူသူ့ကိုမသိခင်ကတည်းက သူကအရင် ဆောနူကိုသိနေခဲ့တာဖြစ်သည်။ ဟိုးအရင်ကတည်းက... ဟိုးအရင်ဆို ဆောနူသူ့ကိုသတိမထားမိခင်၊ သူ ဂျောင်းဝန်းနဲ့စ မတွေ့ခင်ကတည်းက။

"ရပြီ ခြောက်သွားပြီ ရီခီ"

=====

မီးရောင်မှိန်ပြပြမှာ မသဲမကွဲမြင်နေရတဲ့ ဆောနူမျက်နှာကို ကြည့်မိတော့ မျက်ရည်စတွေဝိုင်းနေသည် ထင်သည်။ ခါးမှာသိုင်းထားတဲ့ လက်ကို အထက်နားဆီ ကိုခပ်ဖွဖွ အုပ်ကိုင်လိုက်သည်။

"စိတ်မပူနဲ့တော့နော်... ကို ရှိနေတာပဲ အိပ်လိုက်တော့"

သူ့အသံက ခပ်တိုးတိုးဖြစ်နေပေမဲ့ ရင်ခွင်ထဲ‌က ကောင်လေးကြားနိုင်ရုံလောက်တော့ ကျယ်လောက်ပါသည်။ ရင်ခွင်ထဲကကောင်လေးက သူ့ရဲ့ရင်ခွင်ဆီ ပိုတိုးဝင်လာတော့ လုံလောက်တဲ့အနွေးဓာတ်ရအောင် ပိုတိုးဖက်ထားလိုက်သည်။ ဒီနေ့ညမှာ သူပေးခဲ့တဲ့ရင်‌ငွေ့ရော သူရခဲ့တဲ့အနွေးဓာတ်ကပါ အနွေးဆုံးဖြစ်နေလိမ့်မည်။

"ရပ်ပစ်လိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ ကျွန်တော်မရတော့ဘူး ဆောနူ"

"ကျွန်တော် မှားနေပြီ ထင်တယ်..."

"တကယ်လို့ ကျွန်တော်မှားနေပြီဆိုရင်တောင် ဒါတွေအကုန်လုံးက ဆောနူကို အဆုံးရှုံးမခံနိုင်တော့လို့ ဆိုတာ နားလည်ပေးစေချင်တယ်"

"အချိန်တစ်ခုရောက်တဲ့အခါ... ပြဿနာတွေဖြစ်လာခဲ့ရင် ကျွန်တော့ကိုပဲ ယုံပေးပြီး ကျွန်တော့ကိုပဲ ကြည့်ပေးလို့ရမလား"

"ဘာမှမယုံကြည်ရင်တောင်လေ... ကျွန်တော်က ဆောနူကို တကယ်ချစ်တာပါ ဆိုတာလေးတော့ယုံပေး"

"ကျွန်တော်က ဆောနူကို အကြောင်းပြချက်မရှိချစ်သွားခဲ့တာဖြစ်ပြီးတော့ ဘယ်သူ့နေရာမှာမှ အစားထိုးခဲ့တာ မဟုတ်ဘူးဆိုတာလေး..."

"ကျွန်တော့ကို ယုံမယ်မလားဆောနူ"

သူစကား‌တွေဆက်တိုက်ပြောနေပေမဲ့ ရင်ခွင်ထဲက ကောင်လေးကတော့ ဘာမှမသိအောင် မှေးစက်နေခဲ့ပြီးဖြစ်သည်။ ထော်ထွက်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို တစ်ချက်ငုံ့နမ်းလိုက်ရင်း ချစ်ရတဲ့ကလေးငယ် အိပ်မက်လှလှ မက်‌စေဖို့ တောင်းဆုပြုမိသည်။ သူ့အနေနဲ့ကတော့ ဒီကောင်လေး အနားမှာရှိတာနဲ့တင် ဒီထက်လှတဲ့အိပ်မက်တွေ မရှိနိုင်တော့တာမို့။

"ချစ်တယ်... ဆောနူ"

အကယ်၍ သူဟာ ဘာကိုမှ ယုံချင်စရာမကောင်းတဲ့သူဖြစ်နေခဲ့ရင်တောင် ဆောနူအပေါ်ထားခဲ့တဲ့ စိတ်ရင်းကိုတော့ ယုံစေချင်ခဲ့ပါသည်။ ဒီစကားတွေကို ဆောနူ ကြားနိုင်ဖို့မျှော်လင့်ရင်း...။

အသံပိတ်ထားခဲ့တဲ့ ဖုန်းလေးဟာ ကိုင်သူမဲ့စွာ တစ်ညလုံးအကြာကြီး မြည်နေခဲ့ရင်း အကြိမ်ကြိမ်ရင်းနှီးခဲ့ဖူးသား contact nameလေးတစ်ခုဟာလည်း စခရင်ပေါ်မှာ အကြိမ်ကြိမ်ပေါ်လာခဲ့ရင်း...။

တစ်ဖက်မှာတော့ မိုးခြိမ်းသံတွေကြား ကြောက်လန့်နေခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ ဖြေသူမရှိတဲ့ဖုန်းကို အကြိမ်ကြိမ်ခေါ်ရင်း ကြောက်လန့်လွန်းလို့ တုန်ရီနေခဲ့သည်။ သူ့ပုံစံက စိတ်ရောဂါသည် လိုမျိုး။

"နီခီ... ဘယ်တွေသွားနေတာလဲ ကောင်လေးရယ်"

-☔-

A/N : နောက်၂ပိုင်းလောက် ရောက်တဲ့အခါမှာတော့ ဇာတ်လမ်းရုပ်လုံးပေါ်ပါပြီလို့။ ဒီနေ့ရေးရတဲ့အပိုင်းကို သိပ်အားမရပါဘူး။
wild flowersကတော့ ပလော့ပြောင်းလိုက်တာမှာ ဆက်ရေးနေရင်း လမ်းပျောက်နေပါတယ် :') အဲ့တာလေးကတော့ ကြာပါအုံးမယ်လို့ ဟီးး

အားလုံးပဲဂရုစိုက်ကြပါ မီကတော့ အနံ့မရတော့ပါဘူး❤️

Zawgyi

တစ္လေနမယ္လို႔ ေျပာထားၿပီးမွ ေနာက္ေန႔မွာအဘြားဆီက တစ္ခ်ိဳးတည္းေျပးၿပီးျပန္သြားတဲ့ ေဆာႏူကို အဘြားကေတာ့ အံ့ဩတႀကီးနဲ႔။

အံ့ဩစရာေတာ့မရွိပါဘူး ရည္းစားရသြားေတာ့လည္း ဖုန္းေလးကိုင္လိုက္၊ တစ္ေနကုန္တီတီတာတာေလးေတြေျပာလိုက္နဲ႔ တစ္စကၠန႔္ေလးမွခြဲၿပီးမေနခ်င္တာ သဘာဝပဲမလား။
အဘြားၿခံထြက္ စပ်စ္သီးအခ်ိဳ႕နဲ႔ စေတာ္ဘယ္ရီသီးအခ်ိဳ႕ကို ထည့္ေပးလိုက္တာမို႔ ေဆာႏူအတြက္ အိမ္အျပန္လမ္းဟာ နိဗၺာန္သဖြယ္။

"ကင္ေဆာႏူ ခဏလာထိုင္အုံး"

အထုပ္ႀကီးအထုပ္ငယ္ဆြဲရင္း အိမ္ထဲဝင္လာတဲ့ေဆာႏူကို မာမားက စီးၿပီး ေခၚလိုက္တာမို႔ ေဆာႏူကိုယ္အနည္းငယ္သိမ့္တုန္သြားရသည္။ ကင္ေဆာႏူ လို႔ ေခၚလိုက္တာနဲ႔ ျပႆနာတစ္ခုခု စေတာ့မည္ ဆိုတာကို ေဆာႏူသိပါသည္။ ဆြဲလက္စအထုပ္ေတြကို ေနရာမွာ ခ်လိုက္ရင္း လြယ္ထားတဲ့လြယ္အိတ္ကို ခုံေပၚတင္လိုက္သည္။ တစ္ခုခုကို မာမားသိသြားၿပီဆိုတဲ့ စိတ္က ဒူးမခိုင္ခ်င္ေအာင္ျဖစ္လာသည္။

သူ႔ဆီလွည့္ၾကည့္မေနဘဲ မီးပူတိုက္ေနတဲ့မာမား နားကို တျဖည္းျဖည္းကပ္သြားလိုက္သည္။ အေမျဖစ္သူက စိတ္မၾကည္ရင္ မီးပူတိုက္ေနတတ္သည္မို႔ မီးပူတိုက္တိုင္း နည္းနည္းေတာ့လန႔္သည္။

"မာမား ဘာေျပာ.. မလို႔လဲ"

မဝံ့မရဲေမးလိုက္ေတာ့ အေမက တိုက္လက္စမီးပူကို ေဘးက အပူခံစတီးဖရိန္ေပၚ တင္လိုက္သည္။

"ေျပာ... နင့္အဘြား ဘာေတြအတင္းခ်လိုက္ေသးလဲ?"

ထိုေတာ့မွ ေဆာႏူရင္ထဲက အလုံးႀကီးက်သြားသလို။ ေတာ္ပါေသးတယ္ ရီခီနဲ႔သူ႔ကိစၥကို သိသြားၿပီထင္တာ။ ထိုေတာ့မွ ၿဖီးျဖန္းလိုက္ရင္း

"ဘာမွမေျပာပါဘူး မာမားရဲ့ ဒီတစ္ေခါက္က သားက ၿခံထဲဆင္းေနတာဆိုေတာ့ သူနဲ႔စကားေျပာခ်ိန္မရွိဘူး"

ထိုေတာ့မွ အေမက မယုံသလိုနဲ႔ မ်က္လႊာကိုလွန္ၾကည့္သည္။ ေခါင္းျပန္ၿငိမ့္ျပလိုက္ေတာ့မွ

"ရၿပီ သြားနားေတာ့ သား ေလၽွာ္စရာရွိရင္ တစ္ခါတည္း ေလၽွာ္စက္ထဲထည့္ခဲ့"

"ၿပီးေတာ့ တစ္ခုခုေပးလိုက္ရင္ ေရေဆးၿပီး ေရခဲေသတၱာထဲထည့္ထားလိုက္ မာမားမစားဘူး နင့္‌အေဖနဲ႔ အစ္မျပန္လာရင္ေကၽြးလိုက္"

'ဟုတ္' တစ္ခြန္းဆိုကာ ထြက္သြား‌တဲ့ သားငယ္ရဲ့ေက်ာျပင္ကို ၾကည့္ရင္း သက္ျပင္းခ်မိသည္။ ထို႔ေနာက္ တိုက္လက္စအထည္ကိုေခါက္လိုက္ရင္း မီးပူတိုက္ျခင္းဆီသို႔။

=====

"အားးးးး အဲ့လို႐ုတ္တရက္ႀကီး ဖုန္းခ်သြားလို႔ဘယ္ျဖစ္မလဲ ကၽြန္ေတာ္ခ်စ္တယ္ဆိုတာ မေျပာရေသးဘူးေလ"

"ေဆာႏူ... ေက်းဇူးျပဳၿပီး ဖုန္းကိုင္ပါ။ ကၽြန္ေတာ့ကို ႐ူးေအာင္မလုပ္သြားပါနဲ႔"

"ကၽြန္ေတာ္ ရင္ေတြဘယ္ေလာက္ဆူေနလဲသိလား"

"ေဆာႏူ... ကၽြန္ေတာ္လည္း ေဆာႏူကို ခ်စ္တယ္လို႔"

"ေဆာႏူ... ကၽြန္ေတာ္ခ်စ္တယ္လို႔ ေက်းဇူးျပဳၿပီး မေပ်ာက္သြားပါနဲ႔"

ႏွစ္ပတ္လုံးလုံး ေထာင္ခ်ီေအာင္ ပို႔ထားခဲ့တဲ့ စာေလးေတြကို ဖတ္ရင္း မ်က္ရည္က်မိသည္။ အခ်စ္ခံရတယ္ဆိုတာ ဒီလိုခံစားခ်က္မ်ိဳးလား?

"ေဆာႏူ... ကၽြန္ေတာ္လြမ္းရလြန္းလို႔ ႐ူးေတာ့မယ္ထင္တယ္"

စာေတြၾကားထဲမွာေတာ့ မ်က္ရည္တြဲလဲခိုေနတဲ့ selcaအခ်ိဳ႕...

စာအစအဆုံးဖတ္ၿပီးတဲ့ေနာက္မွာေတာ့ ေဆာႏူ ငိုခ်လိုက္သည္။ ဒီလိုေတြမွန္းမသိခဲ့ဘဲ ရီခီက သူ႔ကိုမခ်စ္ဘူးထင္လို႔ ေမ့ပစ္ဖို႔ေတာင္ႀကိဳးစားခဲ့တာ။
ေတာ္ေသးတာေပါ့... ရီခီသာ မေန႔က လိုက္မလာခဲ့ရင္ စိတ္ျပတ္ၿပီးအခါမွ ဒီအေၾကာင္းေတြသိရရင္ သူနဲ႔တစ္သက္လုံးေဝးေတာ့မွာ..။

"ေဟာလ္... seen???"

"ျပန္ေရာက္တာမေျပာဘူးေနာ္"

ခ်က္ခ်င္းဝင္လာတဲ့ မက္ေဆ့ကိုဖတ္ရင္း မ်က္ရည္ေတြကို ပင့္သုတ္လိုက္သည္။

"အခုပဲ ေရာက္ၿပီးစာေတြဖတ္ေနလို႔ပါ ရီခီရယ္..."

typing... ဆိုတဲ့စာသားေလးကို ၾကည့္ရင္း အိပ္ရာေပၚကို ေမွာက္လွဲခ်လိုက္ေတာ့ ရင္ဘတ္နဲ႔ အိပ္ရာကပ္သြားတဲ့အခ်ိန္မွာ တဒုတ္ဒုတ္ခုန္ေနတဲ့ ရင္ခုန္သံကို ခံစားလို႔ရပါသည္။ စေတြ႕တဲ့ေန႔ကတည္းက ခုထိ ရီခီ နဲ႔ ပတ္သက္ရင္ သူ႔ရင္ခုန္သံက အျမဲလတ္ဆတ္သည္၊ တြဲခါစမို႔လို႔လည္း ျဖစ္မည္။ ဒါမွမဟုတ္ ငယ္ရြယ္တဲ့အခ်စ္အတြက္ ဒါမ်ိဳးက ပုံမွန္ျဖစ္မည္ထင္သည္။

"ေဆာႏူ ေဆာႏူ..."

ေဆာႏူရဲ့နာမည္ကို က်ယ္ေလာင္စြာေအာ္ေခၚေနရင္း ေလွကားကို တဒုန္းဒုန္းျမည္ေအာင္တက္လာတဲ့ မာမားအသံကို ၾကားေတာ့ ႐ုတ္တရက္စိတ္ပူသြားၿပီး ဖုန္းကိုကုတင္ေပၚပစ္ခ်လိုက္သည္။ သူတံခါးမဖြင့္ခင္မွာပဲ ဖြင့္ဝင္လာတဲ့အေမျဖစ္သူေၾကာင့္ အေနာက္ကိုဆုတ္လိုက္သည္။ မာမားမ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး မ်က္ခုံးေတြတြန႔္ခ်ိဳးရင္း မ်က္ရည္ေတြဝိုင္းေနသည္၊ တစ္ကိုယ္လုံးဟာလည္း တုန္လို႔ယင္လို႔။

"မင္းအစ္မ အက္စီးဒန႔္ျဖစ္လို႔တဲ့ သားရယ္..."

ေဆာႏူနားထဲမိုးႀကိဳးပစ္ခ်လိုက္သလို၊

"အခု.. ဆြန္းေခ်ာန္းက ေဆး႐ုံမွာတင္ထားတယ္တဲ့"

မာမားက ငိုခ်လိုက္ရင္း ေဆာႏူရဲ့လက္ေတြကို ဖမ္းဆုတ္လာသည္။

"သားမွာ.. သားမွာ စုထားတဲ့ေငြ ဘယ္ေလာက္ရွိလဲဟင္?"

အသံေတြက အက္ကြဲေနပါရင္း အားနာစိတ္ေတြစြက္ေနသည္။ ဘယ္မိဘက သားသမီးဆီက ပိုက္ဆံကို လြယ္လြယ္ကူကူ ေတာင္းရက္လို႔လဲ။

"မာမား... လိုက္သြားရမွာမို႔"

အေမျဖစ္သူရဲ့လက္ကို ျပန္လည္ဆုပ္ကိုင္လိုက္ရင္း

"၆သိန္းေလာက္ရွိမယ္၊ ယူသြားလိုက္မာမား"

ထို႔ေနာက္ ကုတင္ေအာက္ဆီကိုဝင္လိုက္ရင္း ေသတၱာေလးတစ္ခုကိုထုတ္လာသည္။ ထိုအတြင္းမွာေတာ့ ဝက္ပုံစံ စုဘူးေလး၊ လြန္ခဲ့တဲ့ 2ႏွစ္တုန္းက ေမြးေန႔လက္ေဆာင္အျဖစ္ ယန္းဟီကေပးခဲ့ျခင္းျဖစ္သည္။ ႏွေျမာတသ ျဖစ္မိေပမဲ့ အစ္မျဖစ္သူအတြက္မို႔ ႏွစ္ခါမစဥ္းစားနိုင္ေတာ့။

ခြမ္း

ဝက္စုဘူးေလးဟာ ပုံစံေတာင္ မေပၚေတာ့ေအာင္ ၾကမ္းျပင္မွာ တစ္ စ စီ။

ၾကားထဲက တိုလီမိုလီ အေႂကြေသးေသးေလးေတြကိုကအစ မႁခြင္းမခ်န္ဘဲ အေမျဖစ္သူရဲ့လက္ထဲကို ထည့္ေပးလိုက္သည္။

"အခုသြားမွာလား သားလည္းလိုက္ခဲ့မယ္"

"သားမလိုက္နဲ႔ ေနခဲ့ ေနကသိပ္ေကာင္းတာမွမဟုတ္တာ
မင္းအ‌ေဖကို အဘြားအိမ္က ကားယူခဲ့ဖို႔ မွာထားတယ္"

"တစ္ခုခုလိုရင္ မာမားဖုန္း-ဖုန္းဆက္မယ္"

မာမားက ရွိုက္သံေတြၾကားကေန စကားကိုခပ္သြက္သြက္ေျပာရင္း ဆင္းသြားသည္။ ကားသံၾကားတဲ့အခ်ိန္မွာ ေဆာႏူက အျမန္ေျပးဆင္းခဲ့ေပမဲ့ ကားကထြက္သြားႏွင့္ၿပီျဖစ္သည္။ တစ္ေယာက္တည္းရွိတဲ့အခ်ိန္မွာမွ အိမ္က သာမန္ထက္ပိုၿပီး တိတ္ဆိတ္သြားသလို၊ ေဆာႏူ အ႐ုပ္ႀကိဳးျပတ္ထိုင္ရင္း မွိုင္ေနမိသည္၊ တစ္ဦးတည္းရွိတဲ့ အစ္မ ဘာမွမျဖစ္သြားဖို႔ ဆုေတာင္းရင္း၊ မာမားေရာ ပါပါး ပါ လမ္းခရီးေဘးကင္းဖို႔ဆုေတာင္းရင္း။

=====

မိုးႏွင္းသံ တေဖ်ာက္ေဖ်ာက္

ကုတင္ေပၚကလူကေတာ့ အခန္းကိုအေမွာင္ခ်ရင္း ဒူးတုပ္ထိုင္ေနသည္။
ထိုခဏမွာ သူငိုေကာင္းငိုေနလိမ့္မည္၊ တုန္ရီေကာင္းတုန္ရီေနလိမ့္မည္။
သို႔ေသာ္ သူ႔ကိုယ္သူပင္ ဘာျဖစ္ေနလဲ ဆိုတာေသခ်ာမသိ။

ကုတင္ေပၚက ဖုန္းဆီက မီး တဖ်က္ဖ်က္လင္းကာ ဖုန္းဝင္လာသည္မို႔ ေဆာႏူ ဖုန္းကိုင္လိုက္သည္။

"ဟယ္လို" လို႔ ႀကိဳးစားထူးၾကည့္ေပမဲ့ အသံကထြက္မလာ။
ေနာက္ေတာ့ တစ္ဖက္ကသာ ေျပာခ်င္ရာေျပာၿပီး ဖုန္းခ်သြားသည္။ ထိုအခ်ိန္ထိ ေဆာႏူက ငူငိုင္ငိုင္နဲ႔က်န္ခဲ့သည္။

"မာမားတို႔ ေနာက္၂ရက္ေလာက္ေနမွ ျပန္လာခဲ့မယ္"

"အားနာေပမဲ့ စားစရာရွိတာကို ကိုယ့္ဘာသာကိုယ္ပဲ လုပ္စားလိုက္ပါေနာ္"

အစ္မျဖစ္သူရဲ့အေျခအေနကို ေမးလိုက္ဖို႔ ႀကိဳးစားေပမဲ့ တစ္ေနကုန္ ငိုထားလြန္းလို႔ ထြက္မလာေတာ့တဲ့အသံက ေမးခြန္းေတြကို လည္ေခ်ာင္းမွာသာ တစ္ဆို႔ေနေစခဲ့သည္။

တစ္ဖန္ျပန္ဝင္လာတဲ့ ဖုန္းကို ေဆာႏူ ၾကည့္လိုက္ေတာ့ သူ႔ရဲ့ တစ္ေယာက္ေသာသူဆီက။ ခပ္ျမန္ျမန္ပဲ ဖုန္းကိုကိုင္လိုက္ရင္း ကင္မရာကို သူ႔မ်က္ႏွာေရွ႕မွာ ထားလိုက္သည္။ တစ္ဖက္က ခပ္ေႏြးေႏြးအသံကို ၾကားေတာ့ သူျပဳံးမိလိုက္ေသးသည္။

"ေဆာႏူ အေမွာင္ထဲ ဘာလုပ္ေနတာလဲ တစ္ေနကုန္စာပို႔တာလဲမၾကည့္ဘူး"

တစ္ဖက္က လူက ဖုန္းအလင္းေရာင္ေၾကာင့္သာ အနည္းငယ္ျမင္ေနရတဲ့ ေဆာႏူရဲ့ မ်က္ႏွာကို စူးစိုက္ၾကည့္ေနသည္။ ခ်က္ခ်င္းဆိုသလို စိတ္ပူသြားဟန္နဲ႔

"ဟမ္... ေဆာႏူ ငို-ငိုထားတာလား"

ထိုအခါမွ မ်က္ရည္စေတြေျခာက္ေနၿပီးသား ေဆာႏူက ထပ္မံငိုခ်လိုက္ေတာ့သည္။ လူဆိုတာ ကိုယ့္ရဲ့မွီတည္ရာဆီေရာက္တဲ့အခါ ထိန္းထားသမၽွေတြ လႊတ္ခ်တတ္ၾကတယ္မလား။

"ေဆာႏူ... ေဘဘီ ဘာျဖစ္တာလဲ ကို႔ ကိုေျပာ"

=====

"ဘာမွမျဖစ္ပါဘူး ေဆာႏူ ရဲ့... ‌မာမားအသံက အခု အဆင္ေျပေနတယ္မလား ၊ မမလည္း အဆင္ေျပေလာက္မွာပါ ဟုတ္တယ္မလား"

ေဆာႏူက တစ္ခ်က္တစ္ခ်က္ရွိုက္ေနေသးရင္း ေခါင္းကိုၿငိမ့္သည္။ ရီခီေျပာတာကို ေထာက္ခံတဲ့သေဘာ။

"အခုဘာစားၿပီးၿပီလဲ"

ဆိုေတာ့မွ ေဆာႏူ သတိရသည္။ သူေန႔လယ္ကတည္းက ဘာမွမစားရေသး၊ ေန႔လည္က စားမလို႔ေအာက္ထပ္ခဏဆင္းၾကည့္ခဲ့ေပမဲ့ ဘာဆိုဘာမွမရွိတာတစ္ေၾကာင္း၊ ဘာမွေထြေထြထူးထူး မလုပ္ခ်င္တာတစ္ေၾကာင္းေၾကာင့္ ဘာမွမစားဘဲ ထိုင္မွိုင္ေနခဲ့ျခင္းျဖစ္သည္။ တစ္ခ်က္တစ္ခ်က္ အသိစိတ္လြတ္သြားတဲ့အခါမ်ိဳးေတြမွာေတာ့ သူငိုေကာင္း ငိုေနမိခဲ့မွာေပါ့။

ေဆာႏူက ေခါင္းကိုတြင္တြင္ခါလိုက္သည္။

"က်စ္... ဟာဗ်ာ ဒီကေလး..."

တစ္ဖက္က စိတ္ညစ္ညဴးဟန္နဲ႔ ဖုန္းခ်သြားေတာ့ ေဆာႏူက ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ က်န္ေနခဲ့သည္။ မိုးေတြက သည္းသထက္ သည္းလာသည္မို႔ ျပတင္းေပါက္ဆီက ဝင္လာတဲ့ေလအေဝွ႕ဟာ ခႏၶာကိုယ္ဆီေရာက္တာနဲ႔ ၾကက္သီးေတြက ျဖန္းခနဲ။ ဖုန္းစခရင္ကိုသာ ေငးရင္း ျပန္ေခၚရနိုးနိုး မေခၚရနိုးနိုး နဲ႔ ေၾကာင္ေနမိစဥ္မွာပဲ တစ္ဖန္ျပန္ဝင္လာတဲ့ဖုန္းကို ျပန္ကိုင္လိုက္သည္။ မိုးသည္းေၾကာင့္ တစ္ဖက္နားကို ပိတ္ရင္း အာ႐ုံစိုက္နားေထာင္လိုက္ေတာ့...

"ေအာက္ဆင္းခဲ့... အိမ္ေရွ႕မွာေစာင့္ေနတယ္"

ေဆာႏူအလ်င္အျမန္ေျပးဆင္းခဲ့သည္။ အားေပ်ာ့ေနတဲ့ေျခေထာက္ေတြက ရီခီ့ဆီသြားဖို႔အတြက္ေတာ့ အားသန္ေနခဲ့သည္ထင္ပါသည္။ တံခါးအဖြင့္မွာ တိုက္ခ်လိုက္တဲ့ ေလစိမ္းေအးေအးက သူ႔အေရွ႕ကလူေလာက္ပင္ သူ႔အေပၚ တုန္လႈပ္နိုင္ျခင္းမျပဳနိုင္။ မ်က္လုံးေပၚအုပ္ေနတဲ့ စိုရႊဲေနတဲ့ ဆံပင္ေတြအရ ဘာမွမေဆာင္းဘဲ မိုးေရထဲ ေျပးလာခဲ့တယ္ဆိုတာကို သူသိပါသည္။ ႏႈတ္ခမ္းေတြက တဆက္ဆက္တုန္ေနၿပီး ေရဝ ထားသည့္ႏွယ္ ျပာႏွမ္းေနသည္။ ထို႔ေနာက္ လက္ထဲက အထုတ္ကို ေဆာႏူဆီကမ္းေပးလာသည္။

"ေဘဘီ... စား ဖို႔"

=====

ေဆာႏူက စိုေနတဲ့ေခါင္းကို ေသခ်ာေျခာက္ေအာင္ dryerနဲ႔မႈတ္ေပးေနရင္း ရီခီကေတာ့ ေဆာႏူအခန္းကို တစ္ခုခ်င္းေသခ်ာလိုက္ၾကည့္ေနသည္။ သူထိုင္ေနတဲ့ထိုင္ခုံတစ္ခုနဲ႔အတူ ေရွ႕က စာအုပ္အခ်ိဳ႕တင္ထားတဲ့ စားပြဲတစ္ခုရယ္၊ ေဘးမွာက စာအုပ္စင္အေသးတစ္ခု၊ စာအုပ္စင္အေသးရဲ့ေဘး ေထာင့္ဘက္အျခမ္းမွာေတာ့ စာအုပ္စင္အႀကီးတစ္ခု။ ေဘးဘက္ နံရံကပ္ထားတဲ့ဆီမွာေတာ့ ေဆာႏူရဲ့အဝတ္အစား ‌ဗီဒိုတစ္ခုနဲ႔အတူ ကပ္လ်က္က ေဆာႏူရဲ့ဆုတံဆိပ္အခ်ိဳ႕ နဲ႔ အ႐ုပ္တစ္ခ်ိဳ႕ ထည့္ထားတဲ့ မွန္ဗီဒိုတစ္ခု၊ ေအာက္ထပ္အကန္႔ တစ္ခုႏွစ္ခုဆီမွာ စာအုပ္အခ်ိဳ႕ရွိေသးသည္။ ေတာ္ေတာ္ေလး စာလုပ္တဲ့သူပါလားလို႔ ေတြးမိေသးသည္။ အင္းေပါ့... အဲ့တာေၾကာင့္လည္း ေဆာႏူက ထိပ္ဆုံးေက်ာင္းသားျဖစ္ေနၿပီး ဖြန္ပတ္ေၾကာင္ေနခဲ့တဲ့ သူကေတာ့ ဘိတ္ဆုံးေက်ာင္းသားျဖစ္ေနခဲ့တာေပါ့။ အမွန္အတိုင္း ေျပာရရင္ ေဆာႏူသူ႔ကိုမသိခင္ကတည္းက သူကအရင္ ေဆာႏူကိုသိေနခဲ့တာျဖစ္သည္။ ဟိုးအရင္ကတည္းက... ဟိုးအရင္ဆို ေဆာႏူသူ႔ကိုသတိမထားမိခင္၊ သူ ေဂ်ာင္းဝန္းနဲ႔စ မေတြ႕ခင္ကတည္းက။

"ရၿပီ ေျခာက္သြားၿပီ ရီခီ"

=====

မီးေရာင္မွိန္ျပျပမွာ မသဲမကြဲျမင္ေနရတဲ့ ေဆာႏူမ်က္ႏွာကို ၾကည့္မိေတာ့ မ်က္ရည္စေတြဝိုင္းေနသည္ ထင္သည္။ ခါးမွာသိုင္းထားတဲ့ လက္ကို အထက္နားဆီ ကိုခပ္ဖြဖြ အုပ္ကိုင္လိုက္သည္။

"စိတ္မပူနဲ႔ေတာ့ေနာ္... ကို ရွိေနတာပဲ အိပ္လိုက္ေတာ့"

သူ႔အသံက ခပ္တိုးတိုးျဖစ္ေနေပမဲ့ ရင္ခြင္ထဲ‌က ေကာင္ေလးၾကားနိုင္႐ုံေလာက္ေတာ့ က်ယ္ေလာက္ပါသည္။ ရင္ခြင္ထဲကေကာင္ေလးက သူ႔ရဲ့ရင္ခြင္ဆီ ပိုတိုးဝင္လာေတာ့ လုံေလာက္တဲ့အေႏြးဓာတ္ရေအာင္ ပိုတိုးဖက္ထားလိုက္သည္။ ဒီေန႔ညမွာ သူေပးခဲ့တဲ့ရင္‌ေငြ႕ေရာ သူရခဲ့တဲ့အေႏြးဓာတ္ကပါ အေႏြးဆုံးျဖစ္ေနလိမ့္မည္။

"ရပ္ပစ္လိုက္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားေပမဲ့ ကၽြန္ေတာ္မရေတာ့ဘူး ေဆာႏူ"

"ကၽြန္ေတာ္ မွားေနၿပီ ထင္တယ္..."

"တကယ္လို႔ ကၽြန္ေတာ္မွားေနၿပီဆိုရင္ေတာင္ ဒါေတြအကုန္လုံးက ေဆာႏူကို အဆုံးရႈံးမခံနိုင္ေတာ့လို႔ ဆိုတာ နားလည္ေပးေစခ်င္တယ္"

"အခ်ိန္တစ္ခုေရာက္တဲ့အခါ... ျပႆနာေတြျဖစ္လာခဲ့ရင္ ကၽြန္ေတာ့ကိုပဲ ယုံေပးၿပီး ကၽြန္ေတာ့ကိုပဲ ၾကည့္ေပးလို႔ရမလား"

"ဘာမွမယုံၾကည္ရင္ေတာင္ေလ... ကၽြန္ေတာ္က ေဆာႏူကို တကယ္ခ်စ္တာပါ ဆိုတာေလးေတာ့ယုံေပး"

"ကၽြန္ေတာ္က ေဆာႏူကို အေၾကာင္းျပခ်က္မရွိခ်စ္သြားခဲ့တာျဖစ္ၿပီးေတာ့ ဘယ္သူ႔ေနရာမွာမွ အစားထိုးခဲ့တာ မဟုတ္ဘူးဆိုတာေလး..."

"ကၽြန္ေတာ့ကို ယုံမယ္မလားေဆာႏူ"

သူစကား‌ေတြဆက္တိုက္ေျပာေနေပမဲ့ ရင္ခြင္ထဲက ေကာင္ေလးကေတာ့ ဘာမွမသိေအာင္ ေမွးစက္ေနခဲ့ၿပီးျဖစ္သည္။ ေထာ္ထြက္ေနတဲ့ ႏႈတ္ခမ္းဖူးဖူးေလးကို တစ္ခ်က္ငုံ႔နမ္းလိုက္ရင္း ခ်စ္ရတဲ့ကေလးငယ္ အိပ္မက္လွလွ မက္‌ေစဖို႔ ေတာင္းဆုျပဳမိသည္။ သူ႔အေနနဲ႔ကေတာ့ ဒီေကာင္ေလး အနားမွာရွိတာနဲ႔တင္ ဒီထက္လွတဲ့အိပ္မက္ေတြ မရွိနိုင္ေတာ့တာမို႔။

"ခ်စ္တယ္... ေဆာႏူ"

အကယ္၍ သူဟာ ဘာကိုမွ ယုံခ်င္စရာမေကာင္းတဲ့သူျဖစ္ေနခဲ့ရင္ေတာင္ ေဆာႏူအေပၚထားခဲ့တဲ့ စိတ္ရင္းကိုေတာ့ ယုံေစခ်င္ခဲ့ပါသည္။ ဒီစကားေတြကို ေဆာႏူ ၾကားနိုင္ဖို႔ေမၽွာ္လင့္ရင္း...။

အသံပိတ္ထားခဲ့တဲ့ ဖုန္းေလးဟာ ကိုင္သူမဲ့စြာ တစ္ညလုံးအၾကာႀကီး ျမည္ေနခဲ့ရင္း အႀကိမ္ႀကိမ္ရင္းႏွီးခဲ့ဖူးသား contact nameေလးတစ္ခုဟာလည္း စခရင္ေပၚမွာ အႀကိမ္ႀကိမ္ေပၚလာခဲ့ရင္း...။

တစ္ဖက္မွာေတာ့ မိုးၿခိမ္းသံေတြၾကား ေၾကာက္လန႔္ေနခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ဟာ ေျဖသူမရွိတဲ့ဖုန္းကို အႀကိမ္ႀကိမ္ေခၚရင္း ေၾကာက္လန႔္လြန္းလို႔ တုန္ရီေနခဲ့သည္။ သူ႔ပုံစံက စိတ္ေရာဂါသည္ လိုမ်ိဳး။

"နီခီ... ဘယ္ေတြသြားေနတာလဲ ေကာင္ေလးရယ္"

-☔-

A/N : ေနာက္၂ပိုင္းေလာက္ ေရာက္တဲ့အခါမွာေတာ့ ဇာတ္လမ္း႐ုပ္လုံးေပၚပါၿပီလို႔။ ဒီေန႔ေရးရတဲ့အပိုင္းကို သိပ္အားမရပါဘူး။
wild flowersကေတာ့ ပေလာ့ေျပာင္းလိုက္တာမွာ ဆက္ေရးေနရင္း လမ္းေပ်ာက္ေနပါတယ္ :') အဲ့တာေလးကေတာ့ ၾကာပါအုံးမယ္လို႔ ဟီးး

အားလုံးပဲဂ႐ုစိုက္ၾကပါ မီကေတာ့ အနံ့မရေတာ့ပါဘူး❤️

Continue Reading

You'll Also Like

36.3K 4.5K 41
I don't wanna be right .
481K 65.9K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
57.4K 4.4K 61
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
40.5K 2.9K 72
ဖတ်ကြည့်နော်😉😉