chapter 14

809 139 99
                                    

Unicode

"ယန်းဂျောင်းဝန်း ငါကဘာလို့ မင်းအိပ်ရာထဲကို ရောက်နေရတာလဲ"

နီခီက သူ၏ အဝတ်မကပ်သည့် ကိုယ်ကို စောင်ဖြင့် ဆွဲခြုံရင်း မနက်စာပြင်နေတဲ့ ဂျောင်းဝန်းကို ဒေါမောနှင့် မေးလာသည်။ ဂျောင်းဝန်းက သူ့ကိုလှည့်မကြည့်ဘဲ လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေသည်မို့ နီခီတစ်ယောက် စိတ်တိုတိုဖြင့် ဂျောင်းဝန်းရှိရာဆီ ထ လာရတော့သည်။

အဝတ်မကပ်သည့် ကိုယ်တွင် ဘောင်းဘီအနီ တစ်ထည်တည်းသာ ကျန်သည်။

ဂျောင်းဝန်းရဲ့ ပုခုံးကို ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင်စေရင်း

"ယန်းဂျောင်းဝန်း ငါမေးနေတယ်လေ"

"ငါက ဘာလို့ မင်းအိပ်ရာ‌ထဲမှာလဲလို့"

ထိုအခါမှ ဂျောင်းဝန်းက သူ့ဆီ ကြည့်လာသည်။ ထို့နောက် နှုတ်ခမ်းကို ကိုက်ရင်း ပုံမှန်လုပ်နေကျအတိုင်း လက်တစ်ဖက်ကနေ နီခီ့ကို နားရင်းလှမ်းအုပ်လိုက်သည်။ နီခီက ကျဉ်တက်သွားတဲ့ သူ့နောက်စေ့ကို ကိုင်ရင်း ဘုကြည့်ကြည့်လာသည်။

"အိမ်တောင် မပြန်နိုင်ဘဲ မူးပြီးလဲနေတာလေ သူတောင်းစားရဲ့"

နီခီက မျက်လုံးကို အပေါ်လှန်ရင်း စဉ်းစားနေဟန်တူသည်။ တောင်ရောက် မြောက်ရောက် မျက်လုံးအနေအထားအရ ညက ကိစ္စ ဘာမှမှတ်မိပုံလည်း မပေါ်။ သူကြာကြာတွေးမနေဘဲ ခေါင်းကိုသာ ခါယမ်းပစ်လိုက်သည်။

"ငါ့အဝတ်တွေကရော ဘယ်လိုဖြစ်တာလဲ"

"မဟုတ်မှလွဲရော မင်း ငါမူးနေတုန်း မဟုတ်တရုတ် အခွင့်ကောင်းယူပြီး..."

နောက် လက်တစ်ဖက်က သူ၏ နားရင်းဆီထပ်ရောက်မလာခင် နီခီက ဂျောင်းဝန်းရဲ့ လက်ကို ဖမ်းဆွဲထားလိုက်သည်။

"အန်ဖက်စို့သေတဲ့အထိ ဒီတိုင်းထားလိုက်ရမှာ"

"ခွေးကောင်က ကျေးဇူးကိုမတင်ဘူး"

နီခီက အိမ်နောက်ဖေးဆီ လှမ်းကြည့်လိုက်တော့ တဝုန်းဝုန်းလည်နေတဲ့ အဝတ်လျှော်စက်အရ သူ့အဝတ်တွေ ထည့်လျှော်ထားသည် ဟု ယူဆလိုက်သည်။ ထို့နောက် ဆွဲကိုင်ထားတဲ့ လက်ကို လွှတ်ပေးလိုက်ပြီး...

anagapesis [ sunki ]Where stories live. Discover now