chapter 8

1K 165 77
                                    

Unicode

ဆောနူတစ်ယောက် ငုတ်တုတ်ထိုင်ရင်း မြက်ပင်ပိစိလေးတွေကို ထိုင်နှုတ်နေသည်။ အဘွားအိမ်မှာသွား‌နေတဲ့ ၂ပတ်အတွင်း မနက်နိုးကတည်းက ညနေအထိ ခြံအလုပ်တွေကို မနားမနေဘဲ လုပ်သည်။ ပေါက်တူးဆွ၊ အသီးဆွတ်၊ ပင်ကိုင်းဖြတ် စသဖြင့် အဖေက ဘေးက ကြည့်ကြပ်ပေးရင်း ဆောနူက အကုန်လုပ်သည်။ နားနားပြီးလုပ်တာဆိုတော့ သူ့အတွက်လည်း အဆင်လည်းပြေသည်။ ပုံမှန်အတိုင်းဆို အဖေနဲ့ အဘိုးသာလုပ်ရတဲ့ အလုပ်တွေကို ဆောနူတစ်ယောက်တည်းလုပ်နေတာမို့ အဖေနဲ့အဘိုးအတွက် သက်သာသည်ပြောရမည်။ ဘာကိုမှ မတွေးချင်တာမို့ အလုပ်တွေကိုဖိစီးအောင်သာ တစ်မျိုးပြီးတစ်မျိုး ဖိလုပ်နေခဲ့သည်။ ဖုန်းကိုလည်းစက်ပိတ်ပြီး အိမ်မှာ ထားခဲ့တာမို့ အရင်လိုဖုန်းနှင့်အချိန်ဖြုန်းစရာမရှိတော့ လုပ်စရာမရှိတဲ့အချိန်တွေမှာဆို မြက်ပင်ပိစိကလေးတွေကို တနုတ်နုတ်နှင့် ဆွဲနုတ်နေရတာကသာ ဆောနူအတွက် အပျင်းပြေစရာ အကျင့်တစ်ခုလိုဖြစ်နေသည်။

တစ်ခါတစ်လေ မြက်နှုတ်ရင်း ထွက်လာတတ်တဲ့ တီကောင်နဲ့ ပိုးကောင်အချို့ကိုလည်း တုတ်နဲ့ထိုးသတ်လိုက်သေးသည်။ ချက်ချင်း မသေဘဲ တွန့်လိမ်တွန့်လိမ်နဲ့ ထပြေးတဲ့အခါမျိုးဆို ခြေထောက်နဲ့ဖိခြေနင်းပစ်တတ်သေးသည်။
ကင်ဆောနူတို့က အားလပ်ရက်မှာ ကုသိုလ်ကို ရှယ်ယူတာအဲ့လို။

အဘွားနဲ့က သိပ်တော့အဆင်မပြေလှ။ အဆင်မပြေလှဆို အဘွားက လူကြီးပီပီ ပေါက်ပေါက်သိပ်ဖောက်သည်။ တစ်ခါတစ်လေမှာ တရားချသလို တစ်ခါတစ်လေမှာတော့ အတင်းပြောသည်။ အတင်းကလည်း တခြားသူအကြောင်းမဟုတ်၊ သူ့ချွေးမ ၊ ဆောနူအမေမကောင်းကြောင်း။
တတ်လည်းတတ်နိုင်တယ် အမေဖြစ်သူရဲ့အတင်းကို သားကိုပြောသည်တဲ့ ဘယ်လောက်မိုက်လိုက်တဲ့ အဘွားလည်းဆိုတာ။ ထိုအခါ ဆောနူနှင့် စကားများကာ ပရိပက္ခ ဖြစ်ရသည်။

အဘွားနဲ့ အမေက ချွေးမနဲ့ယောက္ခမ ပီပီ မတည့်ကြ။ အဘွားက အမေ့အပေါ်ဆို နှိပ်စက်လွန်းသည် ရက်စက်လွန်းသည်။ ဘယ်လောက်ထိလဲဆို ဆောနူရဲ့အစ်မကိုမွေးပြီး ၂ရက်အကြာမှာတင် သွေးနုသည် အမေဖြစ်သူကို အဝတ်တပုံတပင် လျှော်ခိုင်းရုံမကလို့ ခြံအလုပ်တွေကို တစ်ယောက်တည်းလုပ်စေခဲ့သည် တဲ့။ ထို့ကြောင့်လည်း အမေက နောက်ပိုင်းမှာ နို့ဆက်မထွက်တော့တာမို့ အစ်မဖြစ်သူက နို့ဘူးနှင့် ကြီးခဲ့ရသည်အထိ။

anagapesis [ sunki ]Where stories live. Discover now