Unicode
Jong In မနေ့ညက ဟိုတွေးဒီတွေးနဲ့ ညနက်မှအိပ်မိသော်လည်း စောစောနိုးလာခဲ့သည်။ အိပ်ရာမှထကာ အပျင်းကြောတစ်ချက်ဆွဲလိုက်ပြီး နာရီကို လှမ်းကြည့်တော့ မနက် ၇:၀၀နာရီ။
ဒီအချိန်ဆို Sehun အလုပ်သွားဖို့ ပြင်ဆင်နေဆဲသာဖြစ်လိမ့်မည်။ တစ်နေ့ တစ်နေ့ အတုတွေဝတ်ပြီး အိပ်နေရတာ Jong in အတွက် ငရဲကျနေသလိုပဲ။ အဲ့အတုတွေကို ရေချိုးတဲ့ အချိန်လေးပဲ ချွတ်ရတာမို့ ရေအား တဝကြီး ဇိမ်နဲ့ချိုးနေမိသည်။
Jong In ရေချိုးရင်း ရင်ဘတ်ကို ငုံ့ကြည့်မိတော့ နီရဲရဲ အစင်းရာတွေ။ ဒါတွေက ဟိုအတုတွေကို အချိန်ကြာကြာဝတ်ရာကနေ ရတဲ့ ရလဒ်ကလေးတွေပင်။
Jong in ထိုအစင်းရာတွေကို မြင်တိုင်း NaNaမကိုသာ နာနာကျိန်ဆဲမိသည်။
ဒါတွေဟာ ဒင်းမကောင်းလို့ ဖြစ်ရတာ
သူကတော့ သူ့ဟာမလေးနဲ့ ပျော်လို့ရွှင်လို့ ကိုယ့်မှာတော့ ဘယ်နေ့မိမလဲ ရင်တထိတ်ထိတ်နဲ့ ညတွေဆို ကောင်းကောင်းတောင် အိပ်မပျော်ဘူး ကြာရင်လုံးပါးပါးတော့မယ် ဟူး အခုတောင် လူကစိတ်ပင်ပန်းပြီးဝိတ်တွေကျသွားသလိုပဲ
'ဟူး'
Jong In သက်ပြင်းတစ်ချက်ချလိုက်ပြီး ရေပန်းကို ပိတ်ကာ အဝတ်လဲဖို့ပြင်လိုက်သည်။
ဒီအချိန်ဆို Sehun အလုပ်သွားလောက်ပြီထင်တယ်ဟု တွေးရင်းကနေ Jong In အကျင်္ီကြယ်သီးအား တပ်သည်။
ကြယ်သီးအား ပထမအကြိမ်တပ်သည်။ မရ။ ဒုတိယအကြိမ် အားပိုထည့်ကာ ဆွဲတပ်သည်။ ဒါလည်းမရသေး။ နောက်ဆုံး အသက်ပါအောင့်ကာ ဇွတ်ဆွဲကာ တပ်လိုက်မှပဲတော့ရသည်။
'ဘာတုန်းဟ အကျင်္ီတွေက ကျုံ့ကုန်တာလား ကျွတ် ကျွတ် အရည်အသွေးနိမ့်လိုက်တာ အသစ်သွားဝယ်ရမယ်'
Jong In ညည်းညည်းညူညူ ပြောလိုက်ပြီး ဆံပင်တုလေး သေချာတပ်ကာ အောက်ထပ်လို့ ဆင်းလာလိုက်သည်။
အောက်ထပ် ထမင်းစားခန်းတွင် အလုပ်သွားပြီထင်သော Oh Sehun က မိန့်မိန့်ကြီးထိုင်လျက်။သူသည်လည်း Jong in ကို ရုတ်တရပ် မြင်လိုက်တာမို့ ကြောင်သွားသည်ထင်သည်။ Jong In နာရီအား လှမ်းကြည့်တော့ မနက် ၈:၀၀နာရီ။
မျက်မှောင်တစ်ချက်ကျုံ့ လိုက်ရင်း သူ့ရှေ့ခုံမှာ ဝင် ထိုင်လိုက်တယ်။
'ရှစ်နာရီတောင်ထိုးနေပြီ အလုပ်မသွားသေးဘူးလား'
ပြောပြီးပြီးချင်း ရှေ့က မုန့်ပန်းကန်က ပေါင်မုန့်တစ်လုံးအား ပါးစပ်အပြည့်ထိုးသိပ်ထည့်လိုက်သည်။
'အင်း ကိုယ်အိပ်ရာထနောက်ကျသွားတယ် ဒါနဲ့ NaNaက ဒီနေ့အစောနိုးနေတာလား'
Jong In ခေါင်းသာညိတ်ပြလိုက်သည်။ ဘာလို့ဆို ပါးစပ်ထဲတွင် မုန့်တွေ ပြည့်နေတာကြောင့်။ Sehun က Jong In ကိုကြည့်ပြီး ခပ်ဖွဖွရယ်သည်။
'ဘယ်သူမှ လုမစားပါဘူးကွာ ဖြည်းဖြည်းစားပါ'
သိတယ်လေ ဘယ်သူမှ လုမစားမှန်း လာလုစားကြည့်ပါလား ထထိုးမှာ
ပြီးတော့ ပုံမှန်အတိုင်းစားနေတာပဲကို ဒီဘဲဘာတွေလာကြောင်ပြန်တာလဲ
Jong In ရှေ့ကလူအား မျက်မှောင်ကျုံ့ကာ အလိုမကျသလို ကြည့်လိုက်တယ်။ ထိုအခါ Sehun က အသံထွက်၍ပင် ရယ်လိုက်ကာသူ့ထိုင်ခုံဘေးသို့ လာထိုင်ရင်း Jong In ပါးအား ခပ်ဖွဖွဆွဲညှစ်သည်။
Jong In ရုတ်တရပ်ကြောင်အသွားကာ ဘာလုပ်ရမှန်းမသိတော့။ ပါးစပ်ထဲက ဝါးလက်စ ပေါင်မုန့်အား ဆက်မဝါးပဲ ငုံထားမိသည်။
'အော် ဒါနဲ့ လက်ထပ်မှတ်ပုံတင်က ကာယကံရှင်ကိုယ်တိုင် တင်မှဖြစ်မှာတဲ့ အဲ့တာ ကိုယ်အားတဲ့ တစ်ရက်သွားကျတာပေါ့'
'ဟင်'
Jong in ထိုကိစ္စအား အမြန်ပြန်စဉ်းစားလိုက်သည်။ အဲ့နေ့က သူလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီး လက်ထပ်မှတ်ပုံတင်ဖို့ အတွင်းရေးမှူးHanက ထွက်သွားတာမလား အခုထိမလုပ်ရသေးဘူးပဲကို။
ပြီးတော့ မှတ်ပုံတင်ဖို့က ကိုယ်ရေးအချက်အလက်တွေဖြည့်ရတာမလား။
အမလေး ငါတော့သေပန်းပွင့်တော့မှာပဲ
ပြီးတော့ လက်ထပ်မှတ်ပုံတင်ပြီးရင် ကွာရှင်းခွင့်တောင်းဖို့ ခက်တယ်တဲ့ ကြည့်နေတဲ့ Dramaကားထဲမှာပါတာပဲ
ဘယ်လိုပဲဖြစ်ဖြစ် မလုပ်ထားတာကောင်းတယ်
Jong In သူ့ဦးနှောက် သေးသေးလေးအား အလျင်အမြန် အလုပ်ပေးပြီးနောက် မျက်နှာအား အတင်နိုင်ဆုံး ပြုံးထားလိုက်သည်။
'Sehun လက်ထပ်မှတ်ပုံတင် လုပ်ဖို့ကလေ လောစရာမှမလိုတာ'
Jong In ထို့သို့ပြောပြီးမျက်တောင်လေးအား ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ
'တချို့ဆိုရင် ကလေးတွေရပြီးတဲ့အထိတောင်မလုပ်ရသေးတဲ့ လင်မယားတွေရှိတယ်လေ'
'အဲ့တာဆို NaNaက ကလေးတွေရပြီးမှ လုပ်ချင်တဲ့သဘောလား'
Oh Sehunစကားကြောင့် Jong In မျက်နှာနီရဲလို့သွားသည်။ ရှက်လို့တော့မဟုတ် ဒေါသထွက်၍ပင်။
ငါက ဘယ်အပေါက်က မွေးရမှာတုန်း ငတုံးကောင်ရဲ့ ကိုယ့်မယားကိုတောင် အထီးမှန်း အမမှန်းမသိတဲ့ကောင်
Jong Inစိတ်ထဲတွင် ထိုသို့အော်ဟစ်လိုက်သော်လည်း အပြင်တွင်တော့ အရှက်သည်းနေသော ဇနီးသဖွယ် ငြိမ်၍သာ နေလိုက်သည်။
'ဟုတ်ပါပြီ NaNaက အဲ့လိုဆိုတော့လဲ ကိုယ်မလောတော့ပါဘူး'
Oh Sehun တို့ ဒီလိုကျတော့လဲ လိမ္မာသားပဲ
Jong In သဘောကျစွာတွေးရင်း ရှေ့က မနက်စာအား ငုံ့စားလိုက်သည်။ Sehunကတော့ သူ့မျက်နှာကိုသာ ငေးမောလို့နေသည်။
'အာ ဒါနဲ့ ဒီနေ့အပြင်သွားဦးမယ်'
Sehun က ခေါင်းတစ်ချက်ညိတ်ကာ ပြန်ဖြေသည်။
'သွားလေ'
'အင်း အင်း'
'ဒါဆို ကိုယ်အလုပ်သွားတော့မယ်'
'အင်း လိုက်မပို့တော့ဘူးနော်'
Jong In တစ်ချက်လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။ Sehun က အိမ်ရှေ့ထွက်သွားပြီးမှ ထမင်းစားခန်းထဲသို့ အလောတကြီးပြန်ဝင်လာသည်။
'ဘာကျန်ခဲ့လို့လဲ'
Jong In Sehunအားလှမ်းမေးလိုက်သည်။
Sehun က သူ့အနားသို့ ခပ်မြန်မြန်လျှောက်လာကာ Jong In မျက်နှာထံငုံ့ကိုင်းလိုက်ရင်း Jong In နှုတ်ခမ်းဖူးဖူးအား သူ့နှုတ်ခမ်းပါးပါးတို့ဖြင့် ဖိကပ်လိုက်သည်။
'ချိုတယ်'
ခပ်ပြုံးပြုံးပြောလိုက်သည့် Sehun အပြုံးတို့က ထွက်ကာစ မနက်ခင်းနေရောင်ခြည်လိုပဲ လတ်ဆတ်တောက်ပလို့နေသည်။
Jong In မျက်နှာကတော့ နီရဲလို့နေသည်။ ဒေါသထွက်နေခြင်းကြောင့် မဟုတ်သည်ကတော့ သေချာပါသည်။
TBC
ဒါကို မရေးပဲထားတာ နှစ်ချီသွားပြီ အင်း ၂နှစ်လောက်ရှိပြီထင်တယ် plotတောင်မေ့သွားလို့ မနည်းပြန်စဉ်းစားထားရတယ်🤣
Zawgyi
Jong In မေန့ညက ဟိုေတြးဒီေတြးနဲ႔ ညနက္မွအိပ္မိေသာ္လည္း ေစာေစာႏိုးလာခဲ့သည္။ အိပ္ရာမွထကာ အပ်င္းေၾကာတစ္ခ်က္ဆဲြလိုက္ၿပီး နာရီကို လွမ္းၾကၫ့္ေတာ့ မနက္ ၇:၀၀နာရီ။
ဒီအခ်ိန္ဆို Sehun အလုပ္သြားဖို႔ ျပင္ဆင္ေနဆဲသာျဖစ္လိမ့္မည္။ တစ္ေန့ တစ္ေန့ အတုေတြဝတ္ၿပီး အိပ္ေနရတာ Jong in အတြက္ ငရဲက်ေနသလိုပဲ။ အဲ့အတုေတြကို ေရခ်ိဳးတဲ့ အခ်ိန္ေလးပဲ ခၽြတ္ရတာမို႔ ေရအား တဝႀကီး ဇိမ္နဲ႔ခ်ိဳးေနမိသည္။
Jong In ေရခ်ိဳးရင္း ရင္ဘတ္ကို ငံု႔ၾကၫ့္မိေတာ့ နီရဲရဲ အစင္းရာေတြ။ ဒါေတြက ဟိုအတုေတြကို အခ်ိန္ၾကာၾကာဝတ္ရာကေန ရတဲ့ ရလဒ္ကေလးေတြပင္။
Jong in ထိုအစင္းရာေတြကို ျမင္တိုင္း NaNaမကိုသာ နာနာက်ိန္ဆဲမိသည္။
ဒါေတြဟာ ဒင္းမေကာင္းလို႔ ျဖစ္ရတာ
သူကေတာ့ သူ႔ဟာမေလးနဲ႔ ေပ်ာ္လို႔ရႊင္လို႔ ကိုယ့္မွာေတာ့ ဘယ္ေန့မိမလဲ ရင္တထိတ္ထိတ္နဲ႔ ညေတြဆို ေကာင္းေကာင္းေတာင္ အိပ္မေပ်ာ္ဘူး ၾကာရင္လံုးပါးပါးေတာ့မယ္ ဟူး အခုေတာင္ လူကစိတ္ပင္ပန္းၿပီးဝိတ္ေတြက်သြားသလိုပဲ
'ဟူး'
Jong In သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ေရပန္းကို ပိတ္ကာ အဝတ္လဲဖို႔ျပင္လိုက္သည္။
ဒီအခ်ိန္ဆို Sehun အလုပ္သြားေလာက္ၿပီထင္တယ္ဟု ေတြးရင္းကေန Jong In အက်ႌၾကယ္သီးအား တပ္သည္။
ၾကယ္သီးအား ပထမအႀကိမ္တပ္သည္။ မရ။ ဒုတိယအႀကိမ္ အားပိုထၫ့္ကာ ဆဲြတပ္သည္။ ဒါလည္းမရေသး။ ေနာက္ဆံုး အသက္ပါေအာင့္ကာ ဇြတ္ဆဲြကာ တပ္လိုက္မွပဲေတာ့ရသည္။
'ဘာတုန္းဟ အက်ႌေတြက က်ဳံ႔ကုန္တာလား ကၽြတ္ ကၽြတ္ အရည္အေသြးနိမ့္လိုက္တာ အသစ္သြားဝယ္ရမယ္'
Jong In ညည္းညည္းၫူၫူ ေျပာလိုက္ၿပီး ဆံပင္တုေလး ေသခ်ာတပ္ကာ ေအာက္ထပ္လို႔ ဆင္းလာလိုက္သည္။
ေအာက္ထပ္ ထမင္းစားခန္းတြင္ အလုပ္သြားၿပီထင္ေသာ Oh Sehun က မိန႔္မိန႔္ႀကီးထိုင္လ်က္။သူသည္လည္း Jong in ကို ရုတ္တရပ္ ျမင္လိုက္တာမို႔ ေၾကာင္သြားသည္ထင္သည္။ Jong In နာရီအား လွမ္းၾကၫ့္ေတာ့ မနက္ ၈:၀၀နာရီ။
မ်က္ေမွာင္တစ္ခ်က္က်ဳံ႔ လိုက္ရင္း သူ႔ေရ႔ွခံုမွာ ဝင္ ထိုင္လိုက္တယ္။
'ရွစ္နာရီေတာင္ထိုးေနၿပီ အလုပ္မသြားေသးဘူးလား'
ေျပာၿပီးၿပီးခ်င္း ေရ႔ွက မုန႔္ပန္းကန္က ေပါင္မုန္႔တစ္လံုးအား ပါးစပ္အျပၫ့္ထိုးသိပ္ထၫ့္လိုက္သည္။
'အင္း ကိုယ္အိပ္ရာထေနာက္က်သြားတယ္ ဒါနဲ႔ NaNaက ဒီေန့အေစာႏိုးေနတာလား'
Jong In ေခါင္းသာညိတ္ျပလိုက္သည္။ ဘာလို႔ဆို ပါးစပ္ထဲတြင္ မုန႔္ေတြ ျပၫ့္ေနတာေၾကာင့္။ Sehun က Jong In ကိုၾကၫ့္ၿပီး ခပ္ဖြဖြရယ္သည္။
'ဘယ္သူမွ လုမစားပါဘူးကြာ ျဖည္းျဖည္းစားပါ'
သိတယ္ေလ ဘယ္သူမွ လုမစားမွန္း လာလုစားၾကၫ့္ပါလား ထထိုးမွာ
ၿပီးေတာ့ ပံုမွန္အတိုင္းစားေနတာပဲကို ဒီဘဲဘာေတြလာေၾကာင္ျပန္တာလဲ
Jong In ေရ႔ွကလူအား မ်က္ေမွာင္က်ဳံ႔ကာ အလိုမက်သလို ၾကၫ့္လိုက္တယ္။ ထိုအခါ Sehun က အသံထြက္၍ပင္ ရယ္လိုက္ကာသူ႔ထိုင္ခံုေဘးသို႔ လာထိုင္ရင္း Jong In ပါးအား ခပ္ဖြဖြဆဲြၫွစ္သည္။
Jong In ရုတ္တရပ္ေၾကာင္အသြားကာ ဘာလုပ္ရမွန္းမသိေတာ့။ ပါးစပ္ထဲက ဝါးလက္စ ေပါင္မုန႔္အား ဆက္မဝါးပဲ ငံုထားမိသည္။
'ေအာ္ ဒါနဲ႔ လက္ထပ္မွတ္ပံုတင္က ကာယကံရွင္ကိုယ္တိုင္ တင္မျွဖစ္မွာတဲ့ အဲ့တာ ကိုယ္အားတဲ့ တစ္ရက္သြားက်တာေပါ့'
'ဟင္'
Jong in ထိုကိစၥအား အျမန္ျပန္စဉ္းစားလိုက္သည္။ အဲ့ေန့က သူလက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးၿပီး လက္ထပ္မွတ္ပံုတင္ဖို႔ အတြင္းေရးမွဴးHanက ထြက္သြားတာမလား အခုထိမလုပ္ရေသးဘူးပဲကို။
ၿပီးေတာ့ မွတ္ပံုတင္ဖို႔က ကိုယ္ေရးအခ်က္အလက္ေတျြဖၫ့္ရတာမလား။
အမေလး ငါေတာ့ေသပန္းပြင့္ေတာ့မွာပဲ
ၿပီးေတာ့ လက္ထပ္မွတ္ပံုတင္ၿပီးရင္ ကြာရွင္းခြင့္ေတာင္းဖို႔ ခက္တယ္တဲ့ ၾကၫ့္ေနတဲ့ Dramaကားထဲမွာပါတာပဲ
ဘယ္လိုပဲျဖစ္ျဖစ္ မလုပ္ထားတာေကာင္းတယ္
Jong In သူ႔ဦးေနွာက္ ေသးေသးေလးအား အလ်င္အျမန္ အလုပ္ေပးၿပီးေနာက္ မ်က္ႏွာအား အတင္ႏိုင္ဆံုး ႃပံုးထားလိုက္သည္။
'Sehun လက္ထပ္မွတ္ပံုတင္ လုပ္ဖို႔ကေလ ေလာစရာမွမလိုတာ'
Jong In ထို႔သို႔ေျပာၿပီးမ်က္ေတာင္ေလးအား ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ကာ
'တခ်ိဳ႕ဆိုရင္ ကေလးေတြရၿပီးတဲ့အထိေတာင္မလုပ္ရေသးတဲ့ လင္မယားေတြရိွတယ္ေလ'
'အဲ့တာဆို NaNaက ကေလးေတြရၿပီးမွ လုပ္ခ်င္တဲ့သေဘာလား'
Oh Sehunစကားေၾကာင့္ Jong In မ်က္ႏွာနီရဲလို႔သြားသည္။ ရွက္လို႔ေတာ့မဟုတ္ ေဒါသထြက္၍ပင္။
ငါက ဘယ္အေပါက္က ေမြးရမွာတုန္း ငတံုးေကာင္ရဲ့ ကိုယ့္မယားကိုေတာင္ အထီးမွန္း အမမွန္းမသိတဲ့ေကာင္
Jong Inစိတ္ထဲတြင္ ထိုသို႔ေအာ္ဟစ္လိုက္ေသာ္လည္း အျပင္တြင္ေတာ့ အရွက္သည္းေနေသာ ဇနီးသဖြယ္ ၿငိမ္၍သာ ေနလိုက္သည္။
'ဟုတ္ပါၿပီ NaNaက အဲ့လိုဆိုေတာ့လဲ ကိုယ္မေလာေတာ့ပါဘူး'
Oh Sehun တို႔ ဒီလိုက်ေတာ့လဲ လိမၼာသားပဲ
Jong In သေဘာက်စြာေတြးရင္း ေရ႔ွက မနက္စာအား ငံု႔စားလိုက္သည္။ Sehunကေတာ့ သူ႔မ်က္ႏွာကိုသာ ေငးေမာလို႔ေနသည္။
'အာ ဒါနဲ႔ ဒီေန့အျပင္သြားဦးမယ္'
Sehun က ေခါင္းတစ္ခ်က္ညိတ္ကာ ျပန္ေျဖသည္။
'သြားေလ'
'အင္း အင္း'
'ဒါဆို ကိုယ္အလုပ္သြားေတာ့မယ္'
'အင္း လိုက္မပို႔ေတာ့ဘူးေနာ္'
Jong In တစ္ခ်က္လွၫ့္ၾကၫ့္ကာ ျပန္ေျဖလိုက္သည္။ Sehun က အိမ္ေရ႔ွထြက္သြားၿပီးမွ ထမင္းစားခန္းထဲသို႔ အေလာတႀကီးျပန္ဝင္လာသည္။
'ဘာက်န္ခဲ့လို႔လဲ'
Jong In Sehunအားလွမ္းေမးလိုက္သည္။
Sehun က သူ႔အနားသို႔ ခပ္ျမန္ျမန္ေလ်ွာက္လာကာ Jong In မ်က္ႏွာထံငံု႔ကိုင္းလိုက္ရင္း Jong In ႏႈတ္ခမ္းဖူးဖူးအား သူ႔ႏႈတ္ခမ္းပါးပါးတို႔ျဖင့္ ဖိကပ္လိုက္သည္။
'ခ်ိဳတယ္'
ခပ္ႃပံုးႃပံုးေျပာလိုက္သၫ့္ Sehun အႃပံုးတို႔က ထြက္ကာစ မနက္ခင္းေနေရာင္ျခည္လိုပဲ လတ္ဆတ္ေတာက္ပလို႔ေနသည္။
Jong In မ်က္ႏွာကေတာ့ နီရဲလို႔ေနသည္။ ေဒါသထြက္ေနျခင္းေၾကာင့္ မဟုတ္သည္ကေတာ့ ေသခ်ာပါသည္။
TBC