The Same as {Completed}💛

By EiThu1020

10.2K 1.2K 121

Jaehyuk ရဲ့အမေကြောင့် တစ်အိမ်ထဲတူတူနေရတဲ့ Jaehyuk နဲ့ Asahi JaeHyuk က သူနဲ့ opposite type ဆိုပြီးAsahi အမြဲငြ... More

The Same as P1 Unicode
The Same as P1 Zg
The Same as p-2 uni
The Same as P3 uni
The Same as P3 ZG
The Same as p-4 Uni
The Same as p-4 ZG
The Same as P-5 Uni
The Same as P-5 ZG
The Same as P-6 Uni
The Same as P-6 ZG
The Same as P-7 Uni
The Same as P-7 ZG
The Same as P-8 Uni
The Same as P-8 ZG
The Same as P-9 Uni
The Same as P-9 ZG
The Same as...the end Uni
The Same as...the end ZG

The same as p-2 zg

361 18 0
By EiThu1020

ရောက်ပါပြီ JaeHyuk မနက်တိုင်းလာစားနေကျဆိုင်

"အကို ခါတိုင်းလိုပဲ မှာမှာလား "

"နေအုံး ဒီနေ့ 2 ပွဲလုပ်ပေး ပါဆယ်ပါတစ်ခါထဲထုပ်လိုက် "

စားပွဲထိုးမလေးက ခေါင်းငြိမ့်ပြကာ Jaehyuk အတွက် ပါဆယ်နှစ်ထုပ်သွားပြင်ပေးနေသည်
ဒီနေ့မှမှိုင်နေသော JaeHyuk ကြောင့်
ဆိုင်ပိုင်ရှင် Yoshi ကမနေသာမထိုင်သာ ခုံမှာလာထိုင်ရင်းစကားစလိုက်သည်

"ညီက ဒီနေ့မျက်နှာမကောင်းသလိုပဲ ဘာတွေအဆင်မပြေတာရှိလာလည်း အကို့ကိုရင်ဖွင့်လို့ရတယ်နော်
ပါဆယ်2ထုပ်မှာတယ်ဆိုတော့ ကောင်မလေးအတွက်ရောထင်တယ်"

"မဟုတ်ပါဘူးအကိုရာ...နယ်က ကျွန်တော့်အမေလေ
ကျွန်တော်နဲ့အတူနေဖို့အဖော်ဆိုပြီး အဖော်တစ်ယောက်လွှတ်ပေးလိုက်တယ်လေ "

"မင်းနဲ့အဆင်မပြေဘူးဆိုပါတော့ "

"ကျွန်တော်နဲ့က ပုံစံချင်းမတူဘူးဗျ အခုလည်းမနက်စာမချက်တတ်ဘဲ မီးဖိုထဲဝင်နေတယ်တဲ့ တစ်အိမ်လုံးမီးမလောင်ကုန်တာကံကောင်း အပြင်မှာထွက်မစားချင်ဘူးတဲ့"

"ဟားဟား....မင်းကအဲ့တာကြောင့် ပါဆယ် 2 ထုပ်ထုပ်ပြီးအိမ်ပြန်မယ်ပေါ့ ဒီမှာစားပြီးမှသူ့အတွက်ဝယ်သွားလည်းရတာပဲ"

"သူစောင့်နေတာကြာရင် ဗိုက်ဆာနေမှာပေါ့ Hyung ရ"

ဆင်ခြေကေးနေတဲ့ Jaehyuk ကို Yoshi ကပြုံးပြီး
စိတ်မပူတာလည်းမဟုတ်ဘဲနဲ့ဆိုတဲ့အကြည့်နဲ့ကြည့်နေသည်

"အကို့နာမည်က Jaehyuk ပါ... အကိုက ဒီဆိုင်ပိုင်ရှင် အမြဲကောင်တာထိုင်နေတော့ သိမယ်ထင်တယ် "

"ဟုတ်..ကျွန်တော်သတိထားမိပါတယ် ကျွန်တော်က Jaehyuk ပါ YoonJaeHyuk. "

"ရပါပြီရှင့်.. "

"ကျွန်တော်ပြန်တော့မယ် Hyung"

"အင်း အဆင်ပြေပါစေ JaeHyuk "

Asahi JaeHyuk ထွက်သွားထဲက ဧည့်ခန်းထဲထိုင်ကာ ဂိမ်းဆော့နေသည်
ခါတိုင်းလည်း မနက်စာကိုနောက်ကျမှစားတတ်သူမို့
ဗိုက်အရမ်းဆာနေတာမျိုးလည်းမဖြစ်

သိပ်မကြာပါဘူး အိမ်ရှေ့မှာကားရပ်သံကြားရတာကြောင့် Jaehyuk ပြန်လာပြီဆိုတာ သူသိလိုက်သည်
ပြန်ဝင်လာပါပြီ အပြင်သွားစားမို့ဆိုက်ကြီးဂိုက်ကြီးဝတ်ထားတဲ့ Jaehyuk
လက်ထဲမှာက ပါဆယ်နှစ်ထုပ်နှင့်.....

"မနက်စာစားလို့ရပြီ စားတတ်မယ်ထင်တာပဲ"

"ငါကအစားချေးများပေမယ့် အဆင်ပြေပါတယ်"

*ဟူး အစားချေးများသေးတယ်တဲ့ Jaehyuk ရေ..မင်းတော့အဖော်ရတာလား ခလေးမွေးစားဖို့ရလာတာလားပဲ *

" နောက်ခါငါ့အတွက် ဝယ်ရင် အစပ်နည်းနည်းလျှော့ဝယ်ပေးပါလား ပြီးတော့ အငံပါလျှော့ထည့်ခိုင်း မျက်နှာအဖုတွေထွက်မှာစိုးလို့
ဟို... တစ်လက်စထဲ ခေါက်ဆွဲထုတ်လေးပါ ဝယ်ထားပါလား.
အဆာပြေစားလို့ရတယ် "

"အင်း..ဘာထပ်မှာစရာရှိသေးလည်း "

"ခုထိတော့ဒီလောက်ပါဘဲ နောက်တော့...ဟို"

"ဘာလဲ"

"မင်းအမေခုနကဖုန်းဆက်တယ် Jaehyuk အပြင်သွားတိုင်းလိုက်သွားရမယ်တဲ့ "

"အဟက်...သိပ်ပျော်နေတယ်ပေါ့ ဒါမဲ့ငါမပျော်ဘူး စိတ်တော်တော်ရှုပ်တယ် "

Jaehyuk ချက်ချင်းထထွက်လာကာ အခန်းထဲသာပြန်ထိုင်နေသည်
ဘယ်သူကတော့ သဘောမကျတဲ့သူနဲ့ အတူနေချင်မှာလည်း
သဘောမကျတဲ့သူလို့ပြောတာထက်စာရင် အဖော်မလိုချင်ပဲအဖော်ဆိုတာကြီးကရှိနေတော့ ဘယ်လိုလုပ်နေသားကျမှာလည်း

"ဟားး.....!....ဟားးး!..... မလိုချင်ဘူး.... မကြိုက်ဘူး"

ဆံပင်ထဲလက်နှစ်ဖက်ကိုထိုးဆွကာ စိတ်ပေါ့သွားသည်ထိ ငိုချလိုက်သည်
ထို့နောက် ကုတင်ပေါ်မှာပင်ပင်ပန်းပြီးအိပ်ပျော်သွားသည်

Asahi လည်း Jaehyuk ထ့က်သွားသည်ကို စိတ်ထဲတစ်ခုခုခံစားမိပေမယ့် သူ့လိုစကားနည်းတဲ့သူအတွက်တော့ တစ်ခုခုကိုပြေပြေလည်လည်ပြောဖို့လည်းအဆင်မပြေတာကြောင့်
Jaehyuk အခန်းရှေ့သွားကာ ကပ်နားထောင်ကြည့်တော့ Jaehyuk ရဲ့အောသံငိုသံတွေကိုကြားနေရသည်
ထို့ကြောင့်ခြံထဲဆင်းကာ Jaehyuk အမေဆီဖုန်းဆက်လိုက်သည်

"အန်တီ ကျွန်တော်တောင်းပန်ပါတယ် ဟို....အဆင်မပြေလောက်ဘူးထင်တယ်"

"သားရယ်ခနလေးသီးခံပေးပါနော် အန်တီ့သားကနည်းနည်းဇီဇာကြောင်တယ် "

"ဟိုကျွန်တော်က အဆင်ပြေပေမယ့် သူ့အတွက်အဆင်မပြေလောက်ဘူးထင်လို့ပါ "

"အဲ့တာဆို သားစိတ်မပူနဲ့ သူကအဲ့လိုပဲ အစမို့လို့ပါ ပြီးရင်အဆင်ပြေသွားလိမ့်မယ် အန်တီ့ကိုယုံနော် "

"ဟုတ် "

Asahi လည်း Jaehyuk အမေကအကူအညီတောင်းလို့သာ
အတူလာနေရတယ် တစ်ဖက်လူကိုလည်းအားနာနေရပြန်တယ်

*ဟူး..ဘာပဲဖြစ်ဖြစ် ဖိုက်တင်း အဆာဟိ*

Asahi လည်းကိုယ့်ကိုယ်ကိုယ်အားပေးကာ အိမ်ထဲပြန်ဝင်လာသည်
ထို့နောက်စိတ်ကူးပေါက်သည်နှင့် ဖုန်းထုတ်ကာ သူတို့နေတဲ့နေရာနဲ့အနီးဆုံးက online food deli ကိုရှာလိုက်သည်
ထို့နောက် အမဲနံရိုးပြုတ်ဟင်းရည်နှင့် ထမင်းသုတ် နှစ်ပွဲကို နေ့လည်စာအမှီမှာယူလိုက်သည်

သိပ်မကြာပါ ပါဆယ်ရောက်လာသည်ထင်သည် ခြံရှေ့မှာဘဲလ်တီးသံကြောင့် ခြံရှေ့ပြေးထွက်လာသည်

"အစားမှာထားတာဟုတ်ပါတယ်နော် "

"ဟုတ်ကဲ့ ကျွန်တော်ပါ "

လက်ထဲက ပါဆယ်ထုတ်ကိုကြည့်ကာ မီးဖိုချောင်းသို့ယူလာပြီး
ပန်းကန်ထဲထည့်ကာ နေ့လည်စာပြင်ဆင်ပြီးနောက်
Jaehyuk ကို ထမင်းစားခေါ်ရန် အပေါ်ထပ်တက်လာခဲ့သည်

"ဒေါက်..ဒေါက် Jaehyuk ရေ နိုးပြီလား နေ့လည်စာပြင်ထားတယ် ထွက်လာခဲ့အုံးနော်"

ခနအကြာတွင် Jaehyuk တံခါးဖွင့်ပြီးထွက်လာသည်
T shirt အနက်ရောင်လက်တိုနှင့် ဒူးအုပ်ဘောင်းဘီကိုပေါ့ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်

"နေ့လည်စာလား မင်းဘာသာလုပ်တာလား သွားဝယ်တာလား "

"Online ကမှာလိုက်တာ "

Asahi ရဲ့အဖြေကို မတုံ့ပြန်ပဲ Jaehyuk ရှေ့ကနေဆင်းသွားသည်
ထမင်းစားခန်းရောက်တော့ ပြင်ဆင်ထားတာတွေကစားချင်စရာကောင်းတာကြောင့်
စားပွဲရဲ့ တစ်ဖက်တစ်ချက်မှာထိုင်လိုက်သည်

Asahi လည်းတစ်ဖက်ခုံမှာဝင်ထိုင်ကာ
နေ့လည်စာကိုအတူစားခဲ့ကြသည်
Asahi က မြိန်မြိန်ရှက်ရှက်စားနေသော Jaehyuk ကိုကြည့်ကာ ပါးချိုင့်တစ်ဖက်ချိုင့်ဝင်သွားသည်ထိ ပြုံးမိလိုက်သည်

Jaehyuk က Asahi ပြုံးနေတာကိုမြင်သွားပြီး

"ဘာလည်းအဆိပ်ခပ်ထားလို့လား "

"မဟုတ်ပါဘူး မနက်ကကောင်းကောင်းမစားခဲ့ဘူးမလား အခုအများကြီးစားပါ"

Asahi ကပြောကာ ဆက်စားနေလိုက်သည်
Jaehyuk က ပထမဆုံးမြင်လိုက်ရတဲ့ Asahi ရဲ့အပြုံးကြောင့်
စားလက်စတောင် ဆက်မစားနိုင်ဘဲ တစ်ခုခုကိုတွေကြည့်နေမိသည်
Asahi ကမြင်တော့

"စားလေ ငါ့ပါးမှာဘာပေနေလို့လည်း ခုနလိုပဲများများစား"

"အင်း"

"မင်းနဲ့ငါက သက်တူရွယ်တူတွေပဲ သာမန်သူတွေလို သူငယ်ချင်းဖြစ်လို့မရဘူးလား "

Asahi အမေးကြောင့် Jaehyuk စဉ်းစားရပြန်သည်
Asahi က ရိပ်မိသည်ထင်ပါရဲ့

"ရတယ် အဲ့တာကအရေးမကြီးဘူး ဒီတိုင်းပြောလိုက်တာ ဆက်စား"

Jaehyuk နေ့လည်စာစားပြီးနောက်ခြံထဲဆင်းကာ JeongWoo ဆီဖုန်းဆက်လိုက်သည်
JeongWoo ကိုဖြစ်ကြောင်းကုန်စင်ပြောပြပြီးနောက်...

"သူက ငါနဲ့သူငယ်ချင်းဖြစ်ချင်တယ်တဲ့ "

"Hyung ရယ် သူကနယ်ကနေလာရတဲ့သူပါ
Hyung တောင်အဲ့လောက်စိတ်ညစ်နေရင် သူဆိုပိုတောင်စိတ်ညစ်ရအုံးမယ် နေရာသစ် မှာ မရင်းနှီးတဲ့လူနဲ့တူတူနေရတာလေ "

"JeongWoo ပိတ်ရက်ကျရင် Hyung အိမ်လာခဲ့ပါလား နည်းနည်းအပေါင်းအသင်းဖွဲ့ရင်ပိုအဆင်ပြေမလားလို့"

"အင်း လာခဲ့မယ်လေ Haruto ပါ ခေါ်ခဲ့မယ်"

"အင်း..ဒါပဲနော်"

ခြံထဲမှာ ကောင်းကင်ကိုမော့ကြည့်ရင်းထိုင်နေသော Jaehyuk
အခန်းပြတင်းပေါက်ကနေလှမ်းကြည့်နေသော ကောင်လေးတစ်ယောက်ရှိနေတာကိုတော့ သိလမ့်မည်မထင်....

___________________________________

Hwanie လေး update တယ်နော်
Jaesahi ကိုလေးကိုဆက်ပြီးချစ်ပေးကြပါအုံး
အပန်းမကြီးရင်ကြယ်လေးဖိခဲ့ပေးပါလား😪

Love you all readernim😘

Continue Reading

You'll Also Like

4.1M 259K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
14.6K 707 25
SLBTSလေးရဲ့plotအကျဉ်းလေးက..., အသက်20သာရှိသေးတဲ့ တက္ကသိုလ် ကျောင်းသားတစ်ယောက် သူ့ဘဝမှာ အချစ်ဆိုတာတခါမှတွေ့ကြုံမခံစားဖူးဘူး ဒါပေမဲ့ တစ်နေ့မှာတော့ ထူးဆ...
12.2K 408 13
တစ်ချိန်ကကျွန်တော့ရင်ကိုလှုတ်ခတ်သွားစေခဲ့တဲ့လူတစ်ယောက်... ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံ ဘယ်လိုအခြေအနေမျိုးနဲ့ ပြန်တွေ့ရမယ်ဆိုတာကျွန်တော်မသိနိုင်ပေမ...
21.1K 540 40
A curious little Alien goes snooping, where he wasn't supposed too, and gets teleported to earth, where he meets his soulmate <333 [I drew the Cover...