အတိတ်မေ့နေသောကျောင်းလူဆိုးလေး...

By Cora0411

402K 38.9K 1.2K

This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... More

//Description//
//Chapter 1//
//Chapter 2//
//Chapter 3//
//Chapter 4//
//Chapter 5//
//Chapter 6//
//Chapter 7//
//Chapter 8.1//
//Chapter 8.2//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.1//
//Chapter 11.2//
//Chapter 12.1//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 15//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.1//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//

//Chapter 12.2//

5K 1.2K 36
By Cora0411

Unicode

ဖုန်းချပြီးနောက် ကျန်းယွမ်ပိုင် သူ့ဘောပင်အား တစ်ဖန်ပြန်ကိုင်လိုက်သည်။ ရှီပုဖန်က သူ့အား ခပ်သွက်သွက်တစ်ချက်ကြည့်ပြီးနောက် သူ့ခေါင်းကို တစ်ဖန်ပြန်ငုံ့လိုက်၏။ သို့သော်ငြား သူ့နှုတ်ခမ်းထောင့်လေးတွေက ကွေးတက်သွားခဲ့သည်။

ဆယ်မိနစ်ကြာပြီးနောက် ရှီပုဖန်က ပြောလာလေသည်
“ ငါပြီးသွားပြီ။ မင်းစစ်လို့ရတယ်”

ကျန်းယွမ်ပိုင် ယင်းကို သူ့ဆီကနေ ယူလိုက်တော့ အမှားသေးသေးလေးတချို့တလေကိုတွေ့လိုက်ရာ တစ်ဖက်လူအား ရှင်းပြပေးလိုက်ချင်မိသည်။ သို့ပေတည်း သူမော့ကြည့်လိုက်တဲ့အချိန်မှာ ရှီပုဖန်က ကော့တက်နေတဲ့နှုတ်ခမ်းတွေဖြင့် သူ့ဘက်အား လျှောက်လာသည်ကို ရုတ်ခြည်းသတိပြုလိုက်မိ၏။

“ ကိုးနာရီတောင်ကျော်နေပြီပဲ။ မင်းဗိုက်ဆာနေပြီလား? ”

“ ဒါဆိုလဲ ကန်တင်းသွားပြီး အဲ့မှာ စားစရာတွေရှိသေးလား သွားကြည့်ရအောင်လေ”

“ ဘာလို့ကန်တင်းကိုသွားမှာလဲ? အပြင်ထွက်စားရအောင်။ မင်းBBQစားချင်လား? ”

ကျန်းယွမ်ပိုင်တုံ့ဆိုင်းနေတဲ့အချိန် ရှီပုဖန်က နူးညံ့စွာပြောလိုက်သည်
“ မင်းဘာတွေကြောက်နေတာလဲ..ငါပြီးရင် မင်းကိုကျောင်းကိုပြန်ပို့ပေးပါ့မယ် ဒါမှမဟုတ် အိမ်ပြန်မယ်ဆိုရင်တောင် ပြန်ပို့ပေးမယ်”

“ ဒါဆိုလဲ ငါတို့စားပြီးတဲ့အခါကျ ငါ့ပါးကိုပဲ လာကြိုခိုင်းလိုက်တော့မယ် ”

ရှီပုဖန်တွင် ငြင်းဆန်စရာမရှိပေ။

ကျန်းယွမ်ပိုင်ကို သူ့မိဘတွေက ဒီလိုအပြင်စာတွေ မစားခိုင်းတဲ့အတွက် သူBBQမစားရတာ အတော်ကြာနေပြီပင်။ ကျန်းယွမ်ပိုင်တွင်လည်း ပုံမှန်သတ်မှတ်ထားတဲ့မုန့်ဖိုး ရှိလေသည်။ သူ့ကိုမုန့်ဖိုးပေးတဲ့အချိန်တိုင်း ချင်ယင်းက သူဘယ်မှာသုံးလိုက်လဲဆိုတာ ပြန်မေးလေ့ရှိ၏။

ကျန်းယွမ်ပိုင်က သူ့အိတ်ကပ်ထဲကနေ သူရှီပုဖန်၏ဆေးရုံစရိတ်ရှင်းပေးဖို့ စီစဉ်ထားတဲ့ပိုက်ဆံကို ယူရင်း ပြောလိုက်သည်
“ ဒီနေ့ ငါမင်းကိုဝယ်ကျွေးမယ် ”

ဒီအတန်းဖော်လေးမှာ သူ့ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိနေတာပဲ။

“ ရတာပေါ့ ” ရှီပုဖန်ပြန်ပြောလိုက်သည်။

သူထိုသို့ပြောလိုက်ပေမဲ့ ကျန်းယွမ်ပိုင်ဗိုက်ပြည့်သွားပြီး ပိုက်ဆံရှင်းဖို့ပြင်တဲ့အချိန်မှာ ဆိုင်ရှင်က ရှီပုဖန်အား ညွှန်ပြ၍ ဆိုလာချေတော့သည်
“ ပိုက်ဆံကို သူရှင်းပေးပြီးသွားပြီ။ ရော့ဒီမှာ၊ ပြန်အမ်းငွေ ”

ကျန်းယွမ်ပိုင် ပိုက်ဆံကိုယူလိုက်ပြီး စိတ်ရှုပ်ထွေးနေမိသည်။ သူတစ်ဖက်ကိုလှည့်ကာ သူ့ပိုက်ဆံအားထုတ်၍ ပြန်အမ်းငွေနဲ့အတူ ရှီပုဖန်အားပေးလိုက်သည်။

“ ငါမင်းကိုကျွေးမယ်လို့ ပြောထားပြီးသားလေ”

ရှီပုဖန်က ရယ်ရင်းဖြင့် ပြောလိုက်၏
“ မင်းငါ့ကိုဝယ်ကျွေးမှာကို ငါခွင့်ပြုလိုက်ရင် ငါ့မျက်နှာရှိမှာမဟုတ်တော့ဘူး။ မင်းမတွေးမိဘူးလား?”

ရှီပုဖန်က အတော်လေးထူးဆန်းတယ်လို့ ကျန်းယွမ်ပိုင်တွေးမိသည်။ နောက်ဆုံးမှာတော့ ရှီပုဖန်က လက်ကျန်အအေးကို လက်စသတ်လိုက်ပြီး ပါးစပ်သုတ်ကာ ပြောလာသည်
“ အခုအိမ်ပြန်ကြရအောင် ”

သူ့ကိုမှီဖို့ ကျန်းယွမ်ပိုင်မှာ ခြေလှမ်းကျဲကြီးတွေဖြင့် လျှောက်နေရသည်။

“ ငါ့ပိုက်ဆံမယူဘူးဆိုရင်တောင် အနည်းဆုံး ပြန်အမ်းငွေကိုတော့ ပြန်ယူအုံးလေ”

“ မင်းပဲယူထားလိုက် ” ရှီပုဖန်ကဆက်လျှောက်သွားကာ လမ်းဘေးမှာရပ်ပြီး သူ့ဖုန်းကိုနှိပ်လိုက်သည်။ ကျန်းယွမ်ပိုင် ပိုက်ဆံအားကိုင်ထားရင်း ဘာလုပ်ရမယ်မှန်းမသိတော့ပေ။ သူ ဦးနှောက်ခြောက်နေသောလေသံဖြင့် ပြောလိုက်သည်
“ မင်းဘာလို့ ငါ့ကိုပိုက်ဆံပေးရတာလဲ? ”

ရှီပုဖန်ကပြောလာ၏
“ ငါမင်းကို အလိုလိုက်ချင်လို့လေ”

ကျန်းယွမ်ပိုင် မပျော်ရွှင်စွာဖြင့်ပြောလိုက်သည်
“ မင်းငါ့ကို 34ယွမ်နဲ့ အလိုလိုက်ချင်နေတာလား? “

ရှီပုဖန်တစ်ဖက်ကိုလှည့်ကာ သူ့အား ကြည့်လိုက်သည်။

လမ်းမီးတွေကမှိန်ဖျော့နေပြီး လမ်းပေါ်မှာလည်း ယာဉ်ကြောပိတ်ဆို့လို့နေလျက်။ အဆုံးသတ်မရှိတဲ့ကားမီးရောင်တွေဟာ ကောင်းကင်ရဲ့အရောင်နှင့် ကွဲလွဲလို့နေလေသည်။ ကျန်းယွမ်ပိုင် ကောင်းကင်ယံရဲ့တောက်ပဝင်းလက်သောအရောင်တွေအား ငေးစိုက်ကြည့်နေရင်း အလင်းရောင်က သူ့ပေါ်ဖြာကျနေတာမို့ သူ့ကြည့်ရတာ ပိုမိုခံ့ညားလာသလိုပင်။ ရှီပုဖန်ရဲ့လည်စေ့က နိမ့်ချည်မြင့်ချည်လှုပ်ရှားသွားပြီး သြရှရှအသံဖြင့် အမေးဆိုလိုက်သည်
“ ဒါဆို မင်းကဘယ်လောက်လိုချင်လဲ? ”

ဒါက သူဘယ်လောက်လိုချင်လဲဆိုတဲ့ ပြဿနာမဟုတ်ဘူးလေ?

ကျန်းယွမ်ပိုင်ပြောလိုက်၏
“ ငါမင်းရဲ့ ပိုက်ဆံကိုမလိုချင်ပါဘူး ”

သူ ရှီပုဖန်ဆီလျှောက်သွား၍ ပိုက်ဆံပြန်ပေးဖို့ပြင်လိုက်တဲ့အချိန် ရှီပုဖန်က ရုတ်တရက်ကြီး ယွမ်ရာတန်အချို့ကို ထုတ်ယူကာ ၎င်းအားဖြန့်လိုက်၏။ တွန့်ကြေနေသောပိုက်ဆံအား ကမ်းပေးကာ ပြောလာတော့သည်
“ ငါ့လက်ထဲမှာ ငွေသားက လောလောဆယ်ဒီလောက်ပဲရှိတယ်။ ဒါကိုအရင်ယူထားလိုက်၊ ငါနောက်မှမင်းကို ထပ်လွှဲပေးလိုက်မယ် ”

ကျန်းယွမ်ပိုင်က အလိုအလျောက်အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပေမဲ့ ရှီပုဖန်က လက်ဆန့်ထုတ်ကာ သူ့အား သူ့လက်မောင်းတွေထဲ တစ်ဖန်ထပ်မံဖက်ထားလိုက်ပြန်သည်။ ရှီပုဖန်က သူ့လည်ပင်းအနောက်ဘက်ကို လက်တစ်ဖက်နှင့်ဖိ၍ သူ့ကျောပွတ်အိတ်ကို တစ်ချက်ကြည့်ကာ ပိုက်ဆံတွေကို ဘေးအိတ်ထဲသို့ ထိုးထည့်လိုက်သည်။ သူအဲ့လိုလုပ်ပြီးတဲ့နောက်မှာ ကျန်းယွမ်ပိုင်အား ပွေ့ဖက်လိုက်ပြီး သူ့ခေါင်းကို တစ်ဖက်လူရဲ့လည်ပင်းထက် နစ်မြုပ်ထားလိုက်သည်။ သူပြုံးကာပြောလိုက်၏
“ မင်းဒီနေ့ BBQအနံ့လေးမွှေးနေတယ် ”

“ ??? ”

ကျန်းယွမ်ပိုင် ကြက်သီးထလာတာကို ခံစားလိုက်ရသည်။ ဒါကမဟုတ်သေးဘူးလေ။ သူဒီအကြောင်းကို ပိုတွေးလေလေ တစ်ခုခုမှားနေတယ်လို့ ပိုပြီးတွေးမိလေလေပင်။

သူ မြန်မြန်ဆန်ဆန်ပဲလက်ဆန့်ထုတ်ကာ ရှီပုဖန်ကို တွန်းထုတ်လိုက်ပေမဲ့ ရှီပုဖန်က အရမ်းသန်မာလွန်းနေကာ တုတ်တုတ်ပင်မလှုပ်ချေ။ သူ ကျန်းယွမ်ပိုင်ရဲ့ နား,နားမှာ နူးညံ့စွာဖြင့် တိုးသက်သက်ရယ်မောလိုက်ပြီး သူ၏အနည်းငယ်အေးစက်နေတဲ့နှာခေါင်းက တစ်ဖက်လူရဲ့နားဖျားလေးကို ပွတ်တိုက်မိလို့သွားလေသည်။ သူဆွဲဆောင်ဖြားယောင်းသောအသံဖြင့် ပြောလိုက်၏
“ ဒါက မင်းရဲ့ ကိုယ့်ကိုဆွဲဆောင်တဲ့နည်းလမ်းလား? ”

ကျန်းယွမ်ပိုင် စိတ်ရှုပ်ထွေးပြီးရှော့ခ်ရနေချိန်မှာ ရှီပုဖန်က နောက်ဆုံးတော့သူ့အားလွှတ်ပေးလိုက်သည်။ သူတစ်ဖက်ကိုလှည့်လိုက်တော့ ကားမည်းတစ်စီးက သူတို့ဘက်ကို ဦးတည်၍လာနေလေသည်။ ကားက အလွန်ဈေးကြီးတဲ့ပုံပေါ်ပြီး သူတို့အရှေ့မှာရပ်သွား၏။ ရှီပုဖန်က ကားတံခါးကို သွားဖွင့်လိုက်ပြီး တစ်ဖက်လူအား မေးဆတ်ပြလိုက်ကာ
“ ကားထဲဝင် ”

“ ငါ..ငါကအိမ်ပြန်မှာ”

“ ငါမင်းကို လိုက်ပို့ပေးမယ် ”

ကျန်းယွမ်ပိုင်က ကားကိုစိုက်ကြည့်လိုက်ပြီးနောက် ရှီပုဖန်အား ငေးကြည့်လိုက်မိသည်။ သူခြေတစ်ဖက်ကြွလိုက်ပေမဲ့ ပြန်ချလိုက်၏။ သူ့ခြေထောက်တွေက တုန်ယင်နေလျက်ဖြင့် သူပြောလိုက်သည်
“ ငါ့ဘာသာငါပြန်နိုင်ပါတယ်”

ရှီပုဖန် မျက်ခုံးပင့်လိုက်ပြီး
“ ဒီလောက်နောက်ကျနေမှ အိမ်ကို မင်းဘာသာမင်းဘယ်လိုပြန်မှာလဲ? ”

“ တက်စီ ခေါ်..ခေါ်လိုက်မယ် ”

ရှီပုဖန်က လျှောက်လာပေမဲ့ ကျန်းယွမ်ပိုင်က အလိုအလျောက် အနောက်တစ်လှမ်းဆုတ်လိုက်မိသည်။ သူ ရုတ်ခြည်းပင် ကျန်းယွမ်ပိုင်ရဲ့လက်ကောက်ဝတ်အား ဆွဲကိုင်ကာ ဆွဲခေါ်လိုက်ပြီး ပြောလိုက်၏
“ မင်းတစ်ယောက်တည်းပြန်မှာကို ငါစိတ်မချဘူး။ ဒါကြောင့် လိမ်လိမ်မာမာနဲ့ ကားထဲဝင်လိုက်ပါကွာ ”

ကျန်းယွမ်ပိုင်က စိတ်လှုပ်ရှား၊ကြောက်လန့်စွာနဲ့ပဲ ကားထဲထိုးသွင်းခြင်းခံလိုက်ရသည်။

“မင်းကျောင်းကိုပြန်မှာလား? အိမ်ကိုပြန်မှာလား? ”
ရှီပုဖန်မေးလိုက်သည်။

“ အိမ်ပြန်မယ်...” ကျန်းယွမ်ပိုင် သူ့ရှပ်အင်္ကျီအနားစကို လုံးခြေနေလိုက်ပြီး မျက်မှောင်ခပ်ရေးရေးကြုတ်ထားလိုက်မိသည်။ ရှီပုဖန် ဘေးဘက်ကိုမှီကာ သူ့အားကြည့်နေရင်း မပြုံးဘဲမနေနိုင်တော့
“ ကောင်းပြီလေ၊ အိမ်ပြန်ကြစို့ ”

ကျန်းယွမ်ပိုင် ခေါင်းငုံ့၍ သူ့မျက်ခုံးတို့အားကြုတ်လိုက်သည်။

ရှီပုဖန်က သူ့နားဖျားလေးကို ဆိတ်နေရင်း သူ့အာရုံကိုလည်း တစ်ဖက်လူအပေါ်မှာ ထားထားလိုက်လေသည်။ ခေတ္တမျှကြာပြီးနောက် သူဆက်မထိန်းထားနိုင်တော့ဘဲ ခိုးပြုံးရန် ပြတင်းပေါက်ဘက်လှည့်လိုက်၏။

ကားက လျင်မြန်စွာပဲရပ်တန့်သွားကာ ကျန်းယွမ်ပိုင်က သူ့အား ခပ်သွက်သွက်ပင် နှုတ်ဆက်စကားပြောပြီး ကားထဲမှထွက်လိုက်သည်။

သူ့ရှေ့မှာ ရေပန်းတစ်ခုရှိနေပြီး သူကစကျင်ကျောက်ပြားတွေပေါ်မှာ ခြေချထားလို့နေသည်။ ဘေးနှစ်ဖက်မှာ အမည်မသိတဲ့အပင်စိမ်းစိမ်းတွေ၊ ပန်းပွင့်တွေနဲ့ပြည့်လို့နေတဲ့ ဥယျာဉ်တစ်ခုရှိလို့နေသည်။ ကျန်းယွမ်ပိုင်ရဲ့ရှေ့တည့်တည့်မှာ သူ့အတွက် တံခါးဖွင့်ပေးထားသည့် အထက်တန်းဆန်လှတဲ့ဇိမ်ခံခြံဝင်းကြီးတစ်ခု ရှိလေ၏……

ရှင်းရှင်းလင်းလင်းကိုပဲ ဒါကသူ့အိမ်မဟုတ်လေဘူး။

သူတစ်ဖက်လှည့်ကာ ရှီပုဖန်ကိုကြည့်လိုက်တော့ တစ်ဖက်လူက အံ့သြနေတဲ့အမူအရာကို ပြုလုပ်လို့နေသည်။ သူအချိန်ကိုငုံ့ကြည့်၍ ပြောလိုက်သည်မှာတော့
“ မင်းခုနတုန်းက အန်ကယ်လျိုကို မင်းရဲ့လိပ်စာ မပြောပြလိုက်ဘူးလား? “

“...”

“ အခုက ဉာဥ့်နက်နေပြီဆိုတော့ မင်းမိဘတွေလဲ အိပ်နေလောက်ပြီ။ ဒီလိုဆိုရင်ရောဘယ်လိုလဲ? ဒီညတော့ ငါ့နေရာမှာပဲ အိပ်လိုက်တော့၊ မနက်ဖြန်ကျ ငါနဲ့တူတူ ကျောင်းကိုသွားကြမယ်လေ။ အဲ့လိုဆိုဘယ်လိုနေလဲ? ”

“...”

ကျန်းယွမ်ပိုင် တည်ငြိမ်ချင်ယောင်ဆောင်လိုက်ပြီး သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်၏။

**

စာရေးသူမှာ ပြောစရာရှိတယ် :

ရှီကော : လိမ္မာလှတဲ့ယုန်ဖြူလေး၊ တံခါးဖွင့်တော့ ဖွင့်လိုက်တော့

ယွမ်ယွမ် : မဖွင့်ဘူး၊ မဖွင့်ဘူး၊ လုံးဝမဖွင့်ဘူး။ မင်းက မကောင်းတဲ့အကောင်ကြီးပဲ

______________________________

Zawgyi

ဖုန္းခ်ၿပီးေနာက္ က်န္းယြမ္ပိုင္ သူ႕ေဘာပင္အား တစ္ဖန္ျပန္ကိုင္လိုက္သည္။ ရွီပုဖန္က သူ႕အား ခပ္သြက္သြက္တစ္ခ်က္ၾကည့္ၿပီးေနာက္ သူ႕ေခါင္းကို တစ္ဖန္ျပန္ငုံ႕လိုက္၏။ သို႔ေသာ္ျငား သူ႕ႏႈတ္ခမ္းေထာင့္ေလးေတြက ေကြးတက္သြားခဲ့သည္။

ဆယ္မိနစ္ၾကာၿပီးေနာက္ ရွီပုဖန္က ေျပာလာေလသည္
“ ငါၿပီးသြားၿပီ။ မင္းစစ္လို႔ရတယ္”

က်န္းယြမ္ပိုင္ ယင္းကို သူ႕ဆီကေန ယူလိုက္ေတာ့ အမွားေသးေသးေလးတခ်ိဳ႕တေလကိုေတြ႕လိုက္ရာ တစ္ဖက္လူအား ရွင္းျပေပးလိုက္ခ်င္မိသည္။ သို႔ေပတည္း သူေမာ့ၾကည့္လိုက္တဲ့အခ်ိန္မွာ ရွီပုဖန္က ေကာ့တက္ေနတဲ့ႏႈတ္ခမ္းေတြျဖင့္ သူ႕ဘက္အား ေလွ်ာက္လာသည္ကို ႐ုတ္ျခည္းသတိျပဳလိုက္မိ၏။

“ ကိုးနာရီေတာင္ေက်ာ္ေနၿပီပဲ။ မင္းဗိုက္ဆာေနၿပီလား? ”

“ ဒါဆိုလဲ ကန္တင္းသြားၿပီး အဲ့မွာ စားစရာေတြရွိေသးလား သြားၾကည့္ရေအာင္ေလ”

“ ဘာလို႔ကန္တင္းကိုသြားမွာလဲ? အျပင္ထြက္စားရေအာင္။ မင္းBBQစားခ်င္လား? ”

က်န္းယြမ္ပိုင္တုံ႕ဆိုင္းေနတဲ့အခ်ိန္ ရွီပုဖန္က ႏူးညံ့စြာေျပာလိုက္သည္
“ မင္းဘာေတြေၾကာက္ေနတာလဲ..ငါၿပီးရင္ မင္းကိုေက်ာင္းကိုျပန္ပို႔ေပးပါ့မယ္ ဒါမွမဟုတ္ အိမ္ျပန္မယ္ဆိုရင္ေတာင္ ျပန္ပို႔ေပးမယ္”

“ ဒါဆိုလဲ ငါတို႔စားၿပီးတဲ့အခါက် ငါ့ပါးကိုပဲ လာႀကိဳခိုင္းလိုက္ေတာ့မယ္ ”

ရွီပုဖန္တြင္ ျငင္းဆန္စရာမရွိေပ။

က်န္းယြမ္ပိုင္ကို သူ႕မိဘေတြက ဒီလိုအျပင္စာေတြ မစားခိုင္းတဲ့အတြက္ သူBBQမစားရတာ အေတာ္ၾကာေနၿပီပင္။ က်န္းယြမ္ပိုင္တြင္လည္း ပုံမွန္သတ္မွတ္ထားတဲ့မုန႔္ဖိုး ရွိေလသည္။ သူ႕ကိုမုန႔္ဖိုးေပးတဲ့အခ်ိန္တိုင္း ခ်င္ယင္းက သူဘယ္မွာသုံးလိုက္လဲဆိုတာ ျပန္ေမးေလ့ရွိ၏။

က်န္းယြမ္ပိုင္က သူ႕အိတ္ကပ္ထဲကေန သူရွီပုဖန္၏ေဆး႐ုံစရိတ္ရွင္းေပးဖို႔ စီစဥ္ထားတဲ့ပိုက္ဆံကို ယူရင္း ေျပာလိုက္သည္
“ ဒီေန႕ ငါမင္းကိုဝယ္ေကြၽးမယ္ ”

ဒီအတန္းေဖာ္ေလးမွာ သူ႕ကိုယ္ပိုင္စည္းမ်ဥ္းေတြ ရွိေနတာပဲ။

“ ရတာေပါ့ ” ရွီပုဖန္ျပန္ေျပာလိုက္သည္။

သူထိုသို႔ေျပာလိုက္ေပမဲ့ က်န္းယြမ္ပိုင္ဗိုက္ျပည့္သြားၿပီး ပိုက္ဆံရွင္းဖို႔ျပင္တဲ့အခ်ိန္မွာ ဆိုင္ရွင္က ရွီပုဖန္အား ၫႊန္ျပ၍ ဆိုလာေခ်ေတာ့သည္
“ ပိုက္ဆံကို သူရွင္းေပးၿပီးသြားၿပီ။ ေရာ့ဒီမွာ၊ ျပန္အမ္းေငြ ”

က်န္းယြမ္ပိုင္ ပိုက္ဆံကိုယူလိုက္ၿပီး စိတ္ရႈပ္ေထြးေနမိသည္။ သူတစ္ဖက္ကိုလွည့္ကာ သူ႕ပိုက္ဆံအားထုတ္၍ ျပန္အမ္းေငြနဲ႕အတူ ရွီပုဖန္အားေပးလိုက္သည္။

“ ငါမင္းကိုေကြၽးမယ္လို႔ ေျပာထားၿပီးသားေလ”

ရွီပုဖန္က ရယ္ရင္းျဖင့္ ေျပာလိုက္၏
“ မင္းငါ့ကိုဝယ္ေကြၽးမွာကို ငါခြင့္ျပဳလိုက္ရင္ ငါ့မ်က္ႏွာရွိမွာမဟုတ္ေတာ့ဘူး။ မင္းမေတြးမိဘူးလား?”

ရွီပုဖန္က အေတာ္ေလးထူးဆန္းတယ္လို႔ က်န္းယြမ္ပိုင္ေတြးမိသည္။ ေနာက္ဆုံးမွာေတာ့ ရွီပုဖန္က လက္က်န္အေအးကို လက္စသတ္လိုက္ၿပီး ပါးစပ္သုတ္ကာ ေျပာလာသည္
“ အခုအိမ္ျပန္ၾကရေအာင္ ”

သူ႕ကိုမွီဖို႔ က်န္းယြမ္ပိုင္မွာ ေျခလွမ္းက်ဲႀကီးေတြျဖင့္ ေလွ်ာက္ေနရသည္။

“ ငါ့ပိုက္ဆံမယူဘူးဆိုရင္ေတာင္ အနည္းဆုံး ျပန္အမ္းေငြကိုေတာ့ ျပန္ယူအုံးေလ”

“ မင္းပဲယူထားလိုက္ ” ရွီပုဖန္ကဆက္ေလွ်ာက္သြားကာ လမ္းေဘးမွာရပ္ၿပီး သူ႕ဖုန္းကိုႏွိပ္လိုက္သည္။ က်န္းယြမ္ပိုင္ ပိုက္ဆံအားကိုင္ထားရင္း ဘာလုပ္ရမယ္မွန္းမသိေတာ့ေပ။ သူ ဦးေႏွာက္ေျခာက္ေနေသာေလသံျဖင့္ ေျပာလိုက္သည္
“ မင္းဘာလို႔ ငါ့ကိုပိုက္ဆံေပးရတာလဲ? ”

ရွီပုဖန္ကေျပာလာ၏
“ ငါမင္းကို အလိုလိုက္ခ်င္လို႔ေလ”

က်န္းယြမ္ပိုင္ မေပ်ာ္႐ႊင္စြာျဖင့္ေျပာလိုက္သည္
“ မင္းငါ့ကို 34ယြမ္နဲ႕ အလိုလိုက္ခ်င္ေနတာလား? “

ရွီပုဖန္တစ္ဖက္ကိုလွည့္ကာ သူ႕အား ၾကည့္လိုက္သည္။

လမ္းမီးေတြကမွိန္ေဖ်ာ့ေနၿပီး လမ္းေပၚမွာလည္း ယာဥ္ေၾကာပိတ္ဆို႔လို႔ေနလ်က္။ အဆုံးသတ္မရွိတဲ့ကားမီးေရာင္ေတြဟာ ေကာင္းကင္ရဲ႕အေရာင္ႏွင့္ ကြဲလြဲလို႔ေနေလသည္။ က်န္းယြမ္ပိုင္ ေကာင္းကင္ယံရဲ႕ေတာက္ပဝင္းလက္ေသာအေရာင္ေတြအား ေငးစိုက္ၾကည့္ေနရင္း အလင္းေရာင္က သူ႕ေပၚျဖာက်ေနတာမို႔ သူ႕ၾကည့္ရတာ ပိုမိုခံ့ညားလာသလိုပင္။ ရွီပုဖန္ရဲ႕လည္ေစ့က နိမ့္ခ်ည္ျမင့္ခ်ည္လႈပ္ရွားသြားၿပီး ၾသရွရွအသံျဖင့္ အေမးဆိုလိုက္သည္
“ ဒါဆို မင္းကဘယ္ေလာက္လိုခ်င္လဲ? ”

ဒါက သူဘယ္ေလာက္လိုခ်င္လဲဆိုတဲ့ ျပႆနာမဟုတ္ဘူးေလ?

က်န္းယြမ္ပိုင္ေျပာလိုက္၏
“ ငါမင္းရဲ႕ ပိုက္ဆံကိုမလိုခ်င္ပါဘူး ”

သူ ရွီပုဖန္ဆီေလွ်ာက္သြား၍ ပိုက္ဆံျပန္ေပးဖို႔ျပင္လိုက္တဲ့အခ်ိန္ ရွီပုဖန္က ႐ုတ္တရက္ႀကီး ယြမ္ရာတန္အခ်ိဳ႕ကို ထုတ္ယူကာ ၎အားျဖန႔္လိုက္၏။ တြန႔္ေၾကေနေသာပိုက္ဆံအား ကမ္းေပးကာ ေျပာလာေတာ့သည္
“ ငါ့လက္ထဲမွာ ေငြသားက ေလာေလာဆယ္ဒီေလာက္ပဲရွိတယ္။ ဒါကိုအရင္ယူထားလိုက္၊ ငါေနာက္မွမင္းကို ထပ္လႊဲေပးလိုက္မယ္ ”

က်န္းယြမ္ပိုင္က အလိုအေလ်ာက္အေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္ေပမဲ့ ရွီပုဖန္က လက္ဆန႔္ထုတ္ကာ သူ႕အား သူ႕လက္ေမာင္းေတြထဲ တစ္ဖန္ထပ္မံဖက္ထားလိုက္ျပန္သည္။ ရွီပုဖန္က သူ႕လည္ပင္းအေနာက္ဘက္ကို လက္တစ္ဖက္ႏွင့္ဖိ၍ သူ႕ေက်ာပြတ္အိတ္ကို တစ္ခ်က္ၾကည့္ကာ ပိုက္ဆံေတြကို ေဘးအိတ္ထဲသို႔ ထိုးထည့္လိုက္သည္။ သူအဲ့လိုလုပ္ၿပီးတဲ့ေနာက္မွာ က်န္းယြမ္ပိုင္အား ေပြ႕ဖက္လိုက္ၿပီး သူ႕ေခါင္းကို တစ္ဖက္လူရဲ႕လည္ပင္းထက္ နစ္ျမဳပ္ထားလိုက္သည္။ သူၿပဳံးကာေျပာလိုက္၏
“ မင္းဒီေန႕ BBQအနံ႕ေလးေမႊးေနတယ္ ”

“ ??? ”

က်န္းယြမ္ပိုင္ ၾကက္သီးထလာတာကို ခံစားလိုက္ရသည္။ ဒါကမဟုတ္ေသးဘူးေလ။ သူဒီအေၾကာင္းကို ပိုေတြးေလေလ တစ္ခုခုမွားေနတယ္လို႔ ပိုၿပီးေတြးမိေလေလပင္။

သူ ျမန္ျမန္ဆန္ဆန္ပဲလက္ဆန႔္ထုတ္ကာ ရွီပုဖန္ကို တြန္းထုတ္လိုက္ေပမဲ့ ရွီပုဖန္က အရမ္းသန္မာလြန္းေနကာ တုတ္တုတ္ပင္မလႈပ္ေခ်။ သူ က်န္းယြမ္ပိုင္ရဲ႕ နား,နားမွာ ႏူးညံ့စြာျဖင့္ တိုးသက္သက္ရယ္ေမာလိုက္ၿပီး သူ၏အနည္းငယ္ေအးစက္ေနတဲ့ႏွာေခါင္းက တစ္ဖက္လူရဲ႕နားဖ်ားေလးကို ပြတ္တိုက္မိလို႔သြားေလသည္။ သူဆြဲေဆာင္ျဖားေယာင္းေသာအသံျဖင့္ ေျပာလိုက္၏
“ ဒါက မင္းရဲ႕ ကိုယ့္ကိုဆြဲေဆာင္တဲ့နည္းလမ္းလား? ”

က်န္းယြမ္ပိုင္ စိတ္ရႈပ္ေထြးၿပီးေရွာ့ခ္ရေနခ်ိန္မွာ ရွီပုဖန္က ေနာက္ဆုံးေတာ့သူ႕အားလႊတ္ေပးလိုက္သည္။ သူတစ္ဖက္ကိုလွည့္လိုက္ေတာ့ ကားမည္းတစ္စီးက သူတို႔ဘက္ကို ဦးတည္၍လာေနေလသည္။ ကားက အလြန္ေဈးႀကီးတဲ့ပုံေပၚၿပီး သူတို႔အေရွ႕မွာရပ္သြား၏။ ရွီပုဖန္က ကားတံခါးကို သြားဖြင့္လိုက္ၿပီး တစ္ဖက္လူအား ေမးဆတ္ျပလိုက္ကာ
“ ကားထဲဝင္ ”

“ ငါ..ငါကအိမ္ျပန္မွာ”

“ ငါမင္းကို လိုက္ပို႔ေပးမယ္ ”

က်န္းယြမ္ပိုင္က ကားကိုစိုက္ၾကည့္လိုက္ၿပီးေနာက္ ရွီပုဖန္အား ေငးၾကည့္လိုက္မိသည္။ သူေျခတစ္ဖက္ႂကြလိုက္ေပမဲ့ ျပန္ခ်လိဳက္၏။ သူ႕ေျခေထာက္ေတြက တုန္ယင္ေနလ်က္ျဖင့္ သူေျပာလိုက္သည္
“ ငါ့ဘာသာငါျပန္နိုင္ပါတယ္”

ရွီပုဖန္ မ်က္ခုံးပင့္လိုက္ၿပီး
“ ဒီေလာက္ေနာက္က်ေနမွ အိမ္ကို မင္းဘာသာမင္းဘယ္လိုျပန္မွာလဲ? ”

“ တက္စီ ေခၚ..ေခၚလိုက္မယ္ ”

ရွီပုဖန္က ေလွ်ာက္လာေပမဲ့ က်န္းယြမ္ပိုင္က အလိုအေလ်ာက္ အေနာက္တစ္လွမ္းဆုတ္လိုက္မိသည္။ သူ ႐ုတ္ျခည္းပင္ က်န္းယြမ္ပိုင္ရဲ႕လက္ေကာက္ဝတ္အား ဆြဲကိုင္ကာ ဆြဲေခၚလိုက္ၿပီး ေျပာလိုက္၏
“ မင္းတစ္ေယာက္တည္းျပန္မွာကို ငါစိတ္မခ်ဘဴး။ ဒါေၾကာင့္ လိမ္လိမ္မာမာနဲ႕ ကားထဲဝင္လိုက္ပါကြာ ”

က်န္းယြမ္ပိုင္က စိတ္လႈပ္ရွား၊ေၾကာက္လန႔္စြာနဲ႕ပဲ ကားထဲထိုးသြင္းျခင္းခံလိုက္ရသည္။

“မင္းေက်ာင္းကိုျပန္မွာလား? အိမ္ကိုျပန္မွာလား? ”
ရွီပုဖန္ေမးလိုက္သည္။

“ အိမ္ျပန္မယ္...” က်န္းယြမ္ပိုင္ သူ႕ရွပ္အကၤ်ီအနားစကို လုံးေျခေနလိုက္ၿပီး မ်က္ေမွာင္ခပ္ေရးေရးၾကဳတ္ထားလိုက္မိသည္။ ရွီပုဖန္ ေဘးဘက္ကိုမွီကာ သူ႕အားၾကည့္ေနရင္း မၿပဳံးဘဲမေနနိုင္ေတာ့
“ ေကာင္းၿပီေလ၊ အိမ္ျပန္ၾကစို႔ ”

က်န္းယြမ္ပိုင္ ေခါင္းငုံ႕၍ သူ႕မ်က္ခုံးတို႔အားၾကဳတ္လိုက္သည္။

ရွီပုဖန္က သူ႕နားဖ်ားေလးကို ဆိတ္ေနရင္း သူ႕အာ႐ုံကိုလည္း တစ္ဖက္လူအေပၚမွာ ထားထားလိုက္ေလသည္။ ေခတၱမွ်ၾကာၿပီးေနာက္ သူဆက္မထိန္းထားနိုင္ေတာ့ဘဲ ခိုးၿပဳံးရန္ ျပတင္းေပါက္ဘက္လွည့္လိုက္၏။

ကားက လ်င္ျမန္စြာပဲရပ္တန႔္သြားကာ က်န္းယြမ္ပိုင္က သူ႕အား ခပ္သြက္သြက္ပင္ ႏႈတ္ဆက္စကားေျပာၿပီး ကားထဲမွထြက္လိုက္သည္။

သူ႕ေရွ႕မွာ ေရပန္းတစ္ခုရွိေနၿပီး သူကစက်င္ေက်ာက္ျပားေတြေပၚမွာ ေျခခ်ထားလို႔ေနသည္။ ေဘးႏွစ္ဖက္မွာ အမည္မသိတဲ့အပင္စိမ္းစိမ္းေတြ၊ ပန္းပြင့္ေတြနဲ႕ျပည့္လို႔ေနတဲ့ ဥယ်ာဥ္တစ္ခုရွိလို႔ေနသည္။ က်န္းယြမ္ပိုင္ရဲ႕ေရွ႕တည့္တည့္မွာ သူ႕အတြက္ တံခါးဖြင့္ေပးထားသည့္ အထက္တန္းဆန္လွတဲ့ဇိမ္ခံၿခံဝင္းႀကီးတစ္ခု ရွိေလ၏……

ရွင္းရွင္းလင္းလင္းကိုပဲ ဒါကသူ႕အိမ္မဟုတ္ေလဘူး။

သူတစ္ဖက္လွည့္ကာ ရွီပုဖန္ကိုၾကည့္လိုက္ေတာ့ တစ္ဖက္လူက အံ့ၾသေနတဲ့အမူအရာကို ျပဳလုပ္လို႔ေနသည္။ သူအခ်ိန္ကိုငုံ႕ၾကည့္၍ ေျပာလိုက္သည္မွာေတာ့
“ မင္းခုနတုန္းက အန္ကယ္လ်ိဳကို မင္းရဲ႕လိပ္စာ မေျပာျပလိုက္ဘူးလား? “

“...”

“ အခုက ဉာဥ့္နက္ေနၿပီဆိုေတာ့ မင္းမိဘေတြလဲ အိပ္ေနေလာက္ၿပီ။ ဒီလိုဆိုရင္ေရာဘယ္လိုလဲ? ဒီညေတာ့ ငါ့ေနရာမွာပဲ အိပ္လိုက္ေတာ့၊ မနက္ျဖန္က် ငါနဲ႕တူတူ ေက်ာင္းကိုသြားၾကမယ္ေလ။ အဲ့လိုဆိုဘယ္လိုေနလဲ? ”

“...”

က်န္းယြမ္ပိုင္ တည္ၿငိမ္ခ်င္ေယာင္ေဆာင္လိုက္ၿပီး သူ႕ႏႈတ္ခမ္းေတြကို တင္းတင္းေစ့လိုက္၏။

**

စာေရးသူမွာ ေျပာစရာရွိတယ္ :

ရွီေကာ : လိမၼာလွတဲ့ယုန္ျဖဴေလး၊ တံခါးဖြင့္ေတာ့ ဖြင့္လိုက္ေတာ့

ယြမ္ယြမ္ : မဖြင့္ဘူး၊ မဖြင့္ဘူး၊ လုံးဝမဖြင့္ဘူး။ မင္းက မေကာင္းတဲ့အေကာင္ႀကီးပဲ

Continue Reading

You'll Also Like

942K 106K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
554K 75.4K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
806K 66.8K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
259K 27.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ