အတိတ်မေ့နေသောကျောင်းလူဆိုးလေး...
By Cora0411
401K 38.8K 1.2K
This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... More
//Description//
//Chapter 1//
//Chapter 2//
//Chapter 3//
//Chapter 4//
//Chapter 5//
//Chapter 6//
//Chapter 7//
//Chapter 8.1//
//Chapter 8.2//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.1//
//Chapter 11.2//
//Chapter 12.2//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 15//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.1//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//
//Chapter 12.1//
4.9K 1.2K 14
By Cora0411
Unicode
ရှီပုဖန်က လောင်ရှီးဘေးကနေ ပတ်လျှောက်သွားကာ အတန်းထဲကနေထွက်သွားလေပြီး သူ့ကြည့်ရတာ အတန်းထဲမှာ ထပ်နေမဲ့အစီအစဉ်မရှိတော့ပုံပင်။
ချုံးကျင့်နဲ့ ကျန်သူတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ယဲ့လျန်က သာမန်ကာလျှံကာပင် ထရပ်လိုက်ပြီး ရှီပုဖန်နောက်ကလိုက်သွားချိန်မှာ ကျန်တဲ့နှစ်ယောက်ကတော့ စားပွဲပေါ်မှောက်ကာ ဆက်အိပ်နေလေသည်။
ကျန်းယွမ်ပိုင် တိတ်ဆိတ်စွာနဲ့ လောင်ရှီးကို ကြည့်ရန် လှည့်လိုက်သည်။ လျန်ရှိုးသယ်က ခေါင်းယမ်းကာ စက္ကူလုံးတွေကို ဆရာတွေဟောပြောတဲ့တစ်ယောက်စာစင်မြင့်ပေါ်တင်လိုက်ပြီး စာဆက်သင်လိုက်၏။
သင်ခန်းစာတွေကိုနားထောင်ရင်းနဲ့ ကျန်းယွမ်ပိုင်အတန်ငယ်စိတ်ရှုပ်လာမိသည်။ သူစက္ကူလုံးကို တစ်ချက်တောင်မကြည့်ခဲ့တဲ့အတွက် ရှီပုဖန် ဘာရေးထားမှန်း သူမသိလေဘူး။ သို့တစေ ရှီပုဖန်ရဲ့အပြုံးက ဆိုးသွမ်းပြီးလှောင်ပြောင်နေသလို ခံစားချက်မျိုး သူရနေလေသည်။
ကျန်းယွမ်ပိုင် ခေါင်းငုံ့ကာ စာလိုက်ရေးနေရင်း အနည်းငယ်ဝမ်းနည်းသလို ခံစားလိုက်ရသည်။ ဘာကြောင့် ရှီပုဖန်က ရုတ်တရက်ကြီးဒေါသထွက်သွားရတာလဲ? သူ့ကိုအတန်းချိန်မှာ မနှောင့်ယှက်ဖို့အကြောင်းကို သူတို့အရင်ထဲကပြောပြီးသားလေ။ ထပ်ပြောရရင် သူက ကျန်းယွမ်ပိုင်ရဲ့ထိုင်ခုံဖော်ဖြစ်လာအောင် ဒုတိယနေရာကိုအရယူမယ်လို့တောင် ပြောခဲ့သေးတယ်လေ။
သူ ဘာလို့ သူ့စကားတွေကို ပြန်ရုပ်သိမ်းသွားရတာလဲ?
သို့ပေတည်း ဘာတွေပဲဖြစ်ဖြစ် သူအတန်းမှာ အာရုံစိုက်ဖို့လိုသေးလေသည်။ သို့ဖြစ်ရာ မိနစ်အနည်းငယ်လောက်ကြာပြီးတဲ့နောက် ကျန်းယွမ်ပိုင် ထိုခံစားချက်တွေအား သူ့စိတ်အနောက်ဘက်ထဲသို့ ပစ်ထားလိုက်တော့၏။
အတန်းပြီးခါနီးမှာ ရှီပုဖန်က ပြန်ရောက်လာသည်။ သူတံခါးဆီ ဖြောင့်ဖြောင့်တန်းတန်းလျှောက်လာပြီး လောင်ရှီးကိုပြုံးပြကာ ပြောလိုက်သည်
“အတန်းပြီးဖို့ သုံးမိနစ်လောက်ပဲ လိုတော့တာဆိုတော့ ကျွန်တော့်ရဲ့စက္ကူလုံးတွေကို ပြန်ပေးလို့ရနိုင်မလား? ”
လျန်ရှိုးသယ် သူ့အား ယူသွားဖို့ ညွှန်ပြလိုက်ပြီး ရှီပုဖန်က စက္ကူလုံးတွေကို ဆွဲယူလိုက်၏။ လူတိုင်းရဲ့သိချင်စိတ်တွေပြည့်နေတဲ့ အကြည့်အောက်မှာပဲ သူ့ခုံမှာပြန်ထိုင်လိုက်သည်။
ခေါင်းလောင်းမြည်သွားကာ အတန်းပြီးဆုံးသွားကြောင်း အချက်ပြနေလေသည်။
လျန်ရှိုးသယ်က သူတို့ဘက်ကို နေမထိထိုင်မသာဖြစ်စွာဖြင့် ကြည့်လိုက်သည်။ သို့သော်ငြား ရှီပုဖန်ဟာ အခုချိန်မှာ ယဉ်ယဉ်ကျေးကျေးပြုမူနေတာမို့ သူက သွားပြီးပြဿနာရှာဖို့လည်း တကယ်ကိုမဖြစ်နိုင်ဘူးလေ။ သို့အတွက် အရင်ဆုံး သူ့စာအုပ်တွေကို ဆွဲယူကာ အခန်းထဲမှထွက်သွားလိုက်ရင်း တစ်စုံတစ်ခုဖြစ်ခဲ့ပါက လောင်ရှီးတွေကို အချိန်မီလာပြောဖို့ ရှေ့ဆုံးတန်းရှိကျောင်းသားတွေအား သတိပေးလိုက်သည်။
ရှီပုဖန်က ကျန်းယွမ်ပိုင်အား ရိုက်လိုက်မှာကို သူအတော်လေးစိုးရမ်နေမိ၏။
သူစိုးရိမ်တာကို မပြောလေနှင့်ဦး၊ ကျန်းယွမ်ပိုင်လည်းပဲ ကြောက်နေမိသည်။ ခုနက ရှီပုဖန်ထိုင်လိုက်တဲ့အခိုက်မှာ သူစီးကရက်နံ့ဖျော့ဖျော့ကို ရလိုက်လေသည်။ သူ ရှီပုဖန်စိတ်ဆိုးအောင် ဘာလုပ်မိမှန်း မသိလေဘူး..ရှီပုဖန်က သူနဲ့သူငယ်ချင်းအဖြစ်ကနေ ရပ်တန့်တော့မလားဆိုတာ သူသိချင်မိသည်။ တစ်ဖက်လူက သူတို့သူငယ်ချင်းဆက်ဆံရေးကို ရပ်တန့်ချင်တာက ကိစ္စမရှိပေမဲ့ ထိုသို့မလုပ်ခင် သူအရိုက်ခံရမှာအား စိုးထိတ်နေမိသည်။
သူတုံ့ဆိုင်းစွာပင် အနောက်ကိုလှည့်လိုက်ပြီး အတန်းချိန်တွင်းမှာ ရှီပုဖန်က သူ့ကိုဘာကြောင့်ခေါ်တာလဲဆိုတာအား မေးချင်နေမိခဲ့သည်။ သို့ပေတည်း တစ်ဖက်လူအိပ်နေမှန်း သူသတိပြုမိလိုက်သည်။ ထို့ကြောင့် သူပြန်လှည့်ဖို့သာရှိတော့၏။
နေ့ခင်းခေါင်းလောင်းမြည်တဲ့အချိန်ထိ ရှီပုဖန်က အိပ်နေလေသည်။ သူထလာကာ မတ်မတ်ထိုင်လိုက်ပြီး တစ်ဖက်လူရဲ့ခေါင်းနောက်ဘက်ကို စိုက်ကြည့်လိုက်သည်။
အတန်းထဲရှိ ကျောင်းသားတွေအားလုံးက ကန်တင်းဆီကို အလျင်အမြန်သုတ်ခြေတင်နေကြသည်။ ကျန်းယွမ်ပိုင်စာအုပ်တွေသိမ်းနေတဲ့အချိန်မှာ သူ့နောက်မှ လှုပ်ရှားမှုတွေကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်နေလိုက်သည်။ ရှီပုဖန်ထိုင်ခုံကနေ မတ်တပ်ရပ်လိုက်တာနဲ့ သူတစ်မဟုတ်ချင်းပင် ပြုံးပြလိုက်သည်။ သူ့ရဲ့နက်မှောင်တဲ့မျက်လုံးလေးတွေက ခွေးပေါက်လေးတစ်ကောင်ရဲ့မျက်လုံးလေးတွေနဲ့ အတိအကျကိုတူနေလေ၏။
“ငါတို့ကန်တင်းမှာ စားကြမလား? ဒါမှမဟုတ် ငါ့ကို မင်းအတွက် စားစရာယူလာပေးစေချင်လား? "
ကျန်းယွမ်ပိုင် သူ့စာအုပ်တွေကို ချထားလိုက်ပြီး ရှီပုဖန်ရဲ့ခြေလှမ်းတွေနောက် အမြန်အမီလိုက်လေသည်။
" ငါတို့ကန်တင်းမှာပဲ စားကြမယ်လေ "
သူ့ရဲ့တောင့်တင်းနေတဲ့ အမူအရာက ယုန်လေးတစ်ကောင်နဲ့တူနေလေပြီး ရှီပုဖန်လက်ဆန့်ထုတ်ကာ တစ်ဖက်လူကို သူ့လက်မောင်းတွေထဲဆွဲသွင်းလိုက်သည်။
" မင်းဘာတွေကြောက်နေတာလဲ? ငါမင်းကိုမရိုက်ပါဘူး "
ကျန်းယွမ်ပိုင် မျက်မှောင်ကျုံ့လိုက်ပြီး
" မင်းသင်္ချာအချိန်တုန်းက ငါ့ကိုဘာပြောချင်တာလဲ? "
စီးကရက်သောက်ပြီးတဲ့နောက်မှာတော့ ရှီပုဖန်က စိတ်ငြိမ်သွားလေပြီ။ ကျန်းယွမ်ပိုင်က ဒီတိုင်း သာမန်ကာလျှံကာပြောလိုက်တာပင်။ အဆုံးမှာတော့ သူက ဘာမှတ်ဉာဏ်မှမရှိလို့သာ ထိလွယ်ရှလွယ်ဖြစ်နေခဲ့တာပင်။ သို့ဖြစ်ရာ သူပြောလိုက်၏
" အနာဂတ်မှာ ငါတို့ကလေးတစ်ယောက်ဖန်တီးဖို့ ငါတို့ရဲ့မျိုးရိုးဗီဇကို သုံးလို့ရနိုင်တယ်။ ကလေးက မင်းရဲ့မျိုးရိုးနာမည်ကိုပဲယူယူ ငါ့ရဲ့မျိုးရိုးကိုပဲယူယူ ငါ့အတွက်ကိစ္စမရှိဘူး။ ဒါပေမဲ့ သူတို့က သေချာပေါက် ချမ်းသာတဲ့ဒုတိယမျိုးဆက်လေးတွေ ဖြစ်လာမှာပဲ"
" ဘာကြီး ?"
ကျန်းယွမ်ပိုင် နှေးကွေးစွာစဉ်းစားနေပြီး သူ့ကိုနားလည်မှုလွဲသွားတော့သည်။
" သဘာဝကို တုပဖန်တီးထားတဲ့ကလေးတွေမှာ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေရော ရှိလာမှာလား ?"
ရှီပုဖန်ကရယ်မောလိုက်ပြီး
"မင်းကဉာဏ်ကောင်းထက်မြက်ပြီးတော့ ငါက သာမန်ထက်လွန်ကဲတယ်လေ။ ကလေးက သေချာပေါက် ထက်မြက်ပြီး ပုံမှန်ထက်ထူးခြားချောမောနေမှာပဲ၊ ဘာအကြောင်းနဲ့မှစိုးရိမ်စရာ မရှိဘူး "
ဒီနေ့ခေတ်သူငယ်ချင်းကောင်းတွေက ကလေးတွေကိုပါ အတူတူမွေးတာကိုကြိုက်ကြတာလား ကျန်းယွမ်ပိုင်မသိပေမဲ့ သူယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းညိတ်ပြလိုက်ဆဲပင်။
" ဒါပေမဲ့ အဲ့ဒါက ပိုက်ဆံတွေအများကြီးကုန်လောက်တယ် "
"စိတ်မပူပါနဲ့ မင်းရဲ့ကောင်လေးမှာ ပိုက်ဆံတွေရှိပါတယ် "
ဘာကောင်လေးလဲ? ကျန်းယွမ်ပိုင်ထံတွင် မေးခွန်းများစွာ ရှိလာလေသည်။
သို့သော်ငြားလည်း ဒါကကောင်းလေသည်။ အနည်းဆုံးတော့ ရှီပုဖန်က သူ့အားထပ်မံဒေါသမထွက်တော့၊ သူ့ကိုရိုက်ဖို့လည်း မပြင်ဆင်တော့သလို သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးကိုလည်း အဆုံးသတ်မှာ မဟုတ်တော့ပေ။ ကျန်းယွမ်ပိုင်က အတော်လေးကျေးဇူးတင်နေမိပြီး ညနေခင်းစာကြည့်ချိန်ကို တူတူတက်ရန် ရှီပုဖန်၏ကမ်းလှမ်းမှုအား သဘောတူလိုက်၏။
ညနေခင်းစာကြည့်ချိန်မှာ လူအများကြီးမရှိတော့ပေ။ အဓိကအားဖြင့် အဆင့်ကောင်းတဲ့ ကျောင်းသားများသာရှိနေပြီး ဆရာတွေကလည်း ရံဖန်ရံခါမှ အတန်းထဲဝင်လာတတ်သည်။ ကျန်းယွမ်ပိုင်က ရှီပုဖန်နဲ့မျက်နှာချင်းဆိုင် ထိုင်နေပြီး သူနားမလည်တဲ့မေးခွန်းတွေကို ညင်သာစွာဖြင့် ရှင်းပြနေသည်။ အမှန်တကယ်တော့ ရှီပုဖန်လည်းပဲ အလွန်ဉာဏ်ကောင်း၏။ သူကလူမှုရေးဘာသာရပ်တွေမှာ သိပ်မတော်ပေမဲ့ သင်္ချာမှာတော့ အရည်အချင်းရှိသည်။ ကျန်းယွမ်ပိုင်က မွန်းလွဲတုန်းက သူဝယ်ခဲ့တဲ့ Milk teaကို တစ်ငုံသောက်လိုက်ပြီး သူ့ရဲ့လေ့ကျင့်ခန်းတွေကို စလုပ်တော့သည်။
စာရွက်နဲ့ဘောပင်ထိတဲ့အသံကိုသာလျှင် ကြားရလေ၏။ ဖြည်းညင်းစွာပင် ညနေခင်းရောက်လာပြီး အတန်းထဲမှကျောင်းသားတွေကလည်း တဖြည်းဖြည်းနဲ့ အားလုံးထွက်ခွာသွားကြသည်။ နောက်ဆုံးတစ်ယောက်မပြန်ခင်မှာ သူ ကျန်းယွမ်ပိုင်ကိုပြောခဲ့လိုက်သည်
" မင်းတို့ပြန်ရင် တံခါးကိုသော့ခတ်ဖို့ မမေ့ကြနဲ့နော် "
ကျန်းယွမ်ပိုင်လည်း လျင်မြန်စွာပင် ပြန်ဖြေလိုက်ပြီး အခန်းထဲရှီ နာရီကိုကြည့်လိုက်သည်။ ညကိုးနာရီထိုးတော့မယ်ဆိုတာ သတိပြုမိလိုက်ပြီး လူတိုင်းကလည်း သူတို့ရဲ့အဆောင်ခန်းဆီ အနားယူဖို့ ပြန်ကုန်ကြလေပြီ။ သူအလိုအလျောက် ပုစ္ဆာဖြေရှင်းနေတဲ့ရှီပုဖန်ဆီကို အကြည့်ရောက်သွားပြီး တစ်ဖက်လူအား စာကိုအာရုံစူးစိုက်နေတဲ့ပုံစံနဲ့ မြင်တွေ့ရတာ အတော်လေးရှားသည်။ သို့အတွက် ဤဈာန်ဝင်စားမှုကနေ တစ်ဖက်လူအား သူမနှောင့်ယှက်လိုက်ချင်ပေ။
သူခေါင်းငုံ့ကာ ဖုန်းကိုကြည့်လိုက်တော့ သူ့အမေထံမှ သူဘယ်နေရာမှာလဲဆိုတာကို မေးထားတဲ့မက်ဆေ့ချ်အနည်းငယ်ရောက်နေတာအား သတိထားမိလိုက်သည်။ နောက်ဆုံးတစ်ခုက လွန်ခဲ့တဲ့သုံးမိနစ်ကဖြစ်ပြီး သူမတုံ့ပြန်နိုင်သေးခင်မှာဘဲ ချင်ယင်းက သူ့ကိုဖုန်းခေါ်လာသည်။ကျန်းယွမ်ပိုင် ဖုန်းဖြေဖို့တစ်ဖက်ကိုလှည့်လိုက်ကာ
" မား "
" ဘယ်အချိန်ရှိနေပြီလဲ? သားမှာ ဒီနေ့ပြန်လာဖို့ရောအစီအစဉ်ရှိရဲ့လား? "
ကျန်းယွမ်ပိုင် အခုထိဈာန်ဝင်စားနေဆဲဖြစ်သည့် ရှီပုဖန်ကို တစ်ချက်ကြည့်လိုက်ကာ တောင့်တင်းစွာဖြင့်ပြောလိုက်သည်
" အရမ်းနောက်ကျနေပြီဆိုတော့ ကျွန်တော်အဆောင်မှာပဲ အိပ်လိုက်တော့မယ် "
သူ့အမေက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်တာကြောင့် သူမပြောလိုက်၏
" ကောင်းပြီလေ။ သားပြန်လာချင်ရင် ဖုန်းဆက်လိုက်၊ သားရဲ့ပါးကိုလာကြိုခိုင်းလိုက်မယ် "
_____________________________
Zawgyi
" ဘာကြီး ?"
" မား "
Continue Reading
You'll Also Like
1.6M 67.2K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
2.2K 176 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
772K 64.6K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
13.1K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...