Zawgyi
သံတိုင္ေတြၾကားထဲမွာ တစ္ေယာက္ထဲစကားေျပာရင္း ရယ္လိုက္ ငိုလိုက္လုပ္ေနတဲ့ က်င္းဟိုင္ကိုၾကည့္ၿပီး ဝမ္စစ္ရန္စိတ္ပ်က္စြာျဖင့္ ေခါင္းခါမိသည္။ အဲ့ဒီေန႔က အဖမ္းခံရမွာစိုးလို႔ ထြက္ေျပးသြားတဲ့က်င္းဟိုင္ကို နယ္စပ္ဘက္မွာဖမ္းမိတယ္ဆိုလို႔ လာၾကည့္ခ်ိန္မွာ ျမင္လိုက္ရတဲ့က်င္းဟိုင္ရဲ႕ပံုစံေၾကာင့္ သူေတာ္ေတာ္အံ့ၾသရသည္။
ဆရာဝန္ေတြေျပာစကားအရ ဦးေခါင္းကဒဏ္ရာကိုေဆးမထည့္ပဲထားရာကေန ဦးေႏွာက္ထဲကိုပိုးဝင္သြားတာမို႔ ဦးေႏွာက္ခ်ိဳ႕ယြင္းသြားသည္တဲ့ေလ။ ေ႐ွာင္းက်န္႔ဆီကေန အေၾကာင္းစံုၾကားကတည္းက အားကိုးရတဲ့တပည့္ေတြကို က်င္းဟိုင္ကိုေနရာအႏွံ႔မွာ႐ွာဖို႔လႊတ္ထားတာမို႔ ေပၚေပၚထင္ထင္သြားလာလို႔မရတာေၾကာင့္ ေဆးရံုမသြားျဖစ္ခဲ့ပံုပင္။
ေသြးသားမေတာ္စပ္ေပမယ့္ ကေလးဘဝထဲက ကိုယ္ကိုယ္တိုင္ျပဳစုပ်ိဳးေထာင္လာရတဲ့ကေလးမို႔ အခုလိုျမင္ရေတာ့စိတ္မေကာင္းျဖစ္ေပမယ့္ ဒဏ္ရာဒဏ္ခ်က္ေတြအျပည့္နဲ႔ ေဆးရံုရဲ႕ကုတင္ထက္မွာလဲေလ်င္းေနတဲ့အားဝမ္ေလးရဲ႕ပံုစံကိုျပန္ျမင္ေယာင္မိခ်ိန္မွာေတာ့ မ်က္စိေ႐ွ႕မွာျမင္ေနရတဲ့က်င္းဟိုင္ကို ကိုယ္တိုင္သတ္ပစ္ခ်င္စိတ္ေတြဟာတဖြားဖြား။
ဒီေန႔လို အေျခအေနေတြျဖစ္လာမယ္မွန္းသာႀကိဳသိမယ္ဆိုရင္ အားဝမ္ေလးတစ္ႏွစ္ျပည့္ေမြးေန႔တုန္းက ႐ွန္ဟိုင္းကမိဘမဲ့ေဂဟာမွာအလွဴသြားလုပ္ျဖစ္မွာမဟုတ္သလို ျပန္ခါနီး အားဝမ္ေလးရဲ႕မာမီေျခေထာက္ကိုဖက္ၿပီး သူ႔ကိုေမြးစားဖို႔ ငိုယိုၿပီးေတာင္းပန္တဲ့ ၁၀ႏွစ္သားအရြယ္က်င္းဟိုင္ဆိုတဲ့ကေလးကိုသနားၿပီး ေခၚလာျဖစ္မွာလည္းမဟုတ္ဘူး။
အဲ့ဒီ့ေန႔က က်င္းဟိုင္ကိုေမြးစားဖို႔သေဘာတူလိုက္ၿပီး စာရြက္စာတမ္းေတြလုပ္ေနတုန္း က်င္းဟိုင္ကကေလးအငယ္ေတြကိုအႏိူင္က်င့္တတ္တဲ့အက်င့္႐ွိေၾကာင္း သတိေပးသလိုကပ္ၿပီးေျပာတဲ့ဆရာမရဲ႕စကားေၾကာင့္ အိမ္ကိုေခၚလာတဲ့အထိစိတ္ထဲမတင္မက်ျဖစ္ေနေပမယ့္ အားဝမ္ေလးကိုဂ႐ုစိုက္လြန္းတဲ့က်င္းဟိုင္ေၾကာင့္ အမႈမဲ့အမွတ္မဲ့ပင္သေဘာထားကာ က်င္းဟိုင္ေျပာစကားေတြကိုယံုၿပီး အားဝမ္ကိုဂ႐ုမစိုက္မိတာ သူတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္စလံုးရဲ႕မဟာအမွားပဲ။
ေမြးစားတယ္ဆိုၿပီး ကေလးမ်က္ႏွာငယ္မွာစိုးတာမို႔ ဝမ္မ်ိဳး႐ိုးအျဖစ္ခံယူေစကာ သားအရင္းအခ်ာပမာပ်ိဳးေထာင္လာခဲ့ေပမယ့္ ဘယ္လိုအေၾကာင္းအရာမ်ိဳးကမ်ား က်င္းဟိုင္အေတြးထဲ အခုလိုအ႐ိုင္းဆန္တဲ့စိတ္ေတြ ကိန္းေအာင္းေစခဲ့ေလသလဲ။
သူမသိေအာင္ ေနာက္ကြယ္မွာ ႐ွယ္ယာ႐ွင္ေတြနဲ႔ခိုးေတြ႔ၿပီး စည္းရံုးသိမ္းသြင္းတဲ့အေၾကာင္းေတြ ျပန္ၾကားမိေပမယ့္ က်င္းဟိုင္လိုကေလးမ်ိဳးကအဲ့လိုေတာ့ မလုပ္ေလာက္ပါဘူးေလဆိုၿပီး စိတ္ေျဖခဲ့ရတာ။ ေနာက္ပိုင္းက်င္းဟိုင္ပံုစံက မူမမွန္ျဖစ္လာတာေၾကာင့္ စံုစမ္းၾကည့္ရာမွ က်င္းဟိုင္တာဝန္ယူထားတဲ့projectတစ္ခုက လိုအပ္တဲ့ပမာဏထက္ေငြအသံုးမ်ားေနတာေၾကာင့္ မလြဲမေ႐ွာင္သာေခၚၿပီးသတိေပးလိုက္ေတာ့ က်င္းဟိုင္ကၾကံရာမရတဲ့အဆံုး အားဝမ္ေလးကိုျပႆနာေတြထဲဆြဲထည့္လိုက္ပံုပင္။
"ဝင္ေတြ႔သြားဦးမလားMr.wang"
အရာ႐ွိရဲ႕အေမးစကားကို ေခါင္းခါျပၿပီးသာ တံု႔ျပန္ၿပီးထိုေနရာကေန လွည့္ထြက္လာခဲ့ၿပီးမွ တစ္စံုတစ္ခုကိုသတိရမိသြားတာေၾကာင့္
"သူ႔ကိုဒီထဲကေန တစ္သက္လံုးထြက္မလာေစခ်င္ဘူး"
••••••••••••
"အန္ကယ္တကယ္ေျပာေနတာလား အဲ့တာဆို ကြၽန္ေတာ္အခုခ်က္ခ်င္းသြားမွျဖစ္မယ္"
"သူအဲ့ဒီကေနထြက္လာလို႔မရေအာင္ အန္ကယ္လုပ္ခဲ့ၿပီးၿပီ.."
"ဒါေပမယ့္ အန္ကယ္..."
"အားဝမ္ရဲ႕အေဖတစ္ေယာက္အေနနဲ႔ အခုခ်ိန္မွာက်င္းဟိုင္ကိုအမႈန္႔ႀကိတ္ပစ္ခ်င္စိတ္က မင္းထက္မပိုရင္ေတာင္ မေလ်ာ့ဘူးဆိုတာေတာ့ေသခ်ာတယ္ ဒါေပမယ့္ စိတ္ေဖာက္ျပန္ေနတဲ့သူတစ္ေယာက္ကို ဘယ္လိုမ်ားထပ္ၿပီးအျပစ္ေပးရမလဲ"
"ဘယ္လို ဝမ္က်င္းဟိုင္က စိတ္ေဖာက္ျပန္သြားတယ္ဟုတ္လားအန္ကယ္"
ေလွကားေပၚကအဆင္း ဧည့္ခန္းထဲကၾကားလိုက္ရတဲ့အသံေၾကာင့္ ရိေပၚအနည္းငယ္တုန္လႈပ္သြားခ်င္တဲ့စိတ္ကိုထိန္းကာ ေလွကားလက္ရမ္းကိုကိုင္ထားမိသည္။ ေၾကာက္ေနတာမ်ိဳးမဟုတ္ေပမယ့္ ဒီလူ႔နာမည္ၾကားရင္ အလိုလိုတုန္လႈပ္လာသည္။ အဲ့ဒီေန႔က ရိေပၚကိုအၿငိဳးတႀကီး႐ိုက္ႏွက္ေနတဲ့ပံုရိပ္ေတြ ၿပီးေတာ့ ရီေပၚကိုအတင္းခ်ဳပ္ၿပီးယုတ္မာဖို႔ၾကံစည္ေနတဲ့လူႏွစ္ေယာက္။ ရင္ဘတ္တစ္ေနရာက ဆူးၿပီးေအာင့္လာသလို တဒိန္းဒိန္းျမည္ေနတဲ့ႏွလံုးခုန္သံကလည္း နားထဲတစ္ဆထက္တစ္ဆက်ယ္ေလာင္လာသေယာင္။
"အားဝမ္ေလး ဘာျဖစ္တာလဲ အသက္ကိုမွန္မွန္႐ွဴ..မာမီေျပာတာၾကားရလား..အားဝမ္.."
ေလွကားရင္းနားက ဝမ္ကေတာ္ရဲ႕အလန္႔တၾကားေအာ္သံေၾကာင့္ ေ႐ွာင္းက်န္႔တို႔ႏွစ္ဦးအေျပးအလႊားသြားၾကည့္မိေတာ့ ေလွကားလက္ရမ္းကိုကိုင္ကာေတာင့္ေတာင့္ကေလးရပ္လို႔ မ်က္ႏွာျပင္တစ္ခုလံုး နီရဲေနတဲ့ရိေပၚက အသိစိတ္လြတ္ေနသူတစ္ေယာက္လို တစ္ေနရာထဲကိုသာစူးစိုက္လို္႔ၾကည့္ေနေလသည္။
"ရိေပၚ ကိုယ့္ကိုၾကည့္ ဘာမွမျဖစ္ေတာ့ဘူး ကိုယ္႐ွိတယ္ေလေနာ္.."
မ်က္ႏွာဖူးဖူးေလးကို လက္ႏွစ္ဖက္ျဖင့္အုပ္ကိုင္ကာ အၾကည့္ခ်င္းဆံုေစေတာ့ မ်က္ရည္အဝိုင္းသားျဖင့္ေ႐ွာင္းက်န္႔ကို ေတြေတြေလးျပန္ၾကည့္္လာတာမို႔ ေ႐ွာင္းက်န္႔ရဲ႕မ်က္ဝန္းေတြဟာလည္း စိုစြတ္လာရသည္။ ခ်က္ခ်င္းဆိုသလို ေ႐ွာင္းက်န္႔ရင္ခြင္ထဲၿပိဳက်လာကာ သတိမ႐ွိေတာ့တဲ့ခႏၶာကိုယ္ေလးကို ၾကမ္းျပင္ေပၚမေရာက္ခင္ ေပြ႔ခ်ီကာ အခန္းထဲထိေခၚသြားေပးရသည္။
ရိေပၚႏိုးလာေတာ့ ေ႐ွာင္းက်န္႔အပါအဝင္ အားလံုးကရိေပၚကိုစိုးရိမ္တႀကီးၾကည့္ေနၾကတာမို႔ ရိေပၚစိတ္ပ်က္စြာမ်က္ႏွာကို တစ္ဖက္သို႔လွည့္ထားမိသည္။ ရိေပၚကို သနားေနၾကျပန္ပါၿပီ။ ဒီအေျခအေနႀကီးကေန ဘယ္ေတာ့မ်ားမွ လြတ္ေျမာက္ႏိူင္ပါ့မလဲ။ ရိေပၚကိုသနားစရာသတၱဝါလိုသေဘာထားၿပီး ဂ႐ုစိုက္ေပးေနၾကတဲ့သူေတြ။ တစ္ခ်ိန္ရိေပၚအမွားလုပ္မိတဲ့အခါ အလိုလိုပ်က္ျပယ္သြားမယ့္ အေယာင္ေဆာင္ဂ႐ုစိုက္မႈေတြကို တကယ္ကိုမုန္းပါတယ္။
"ကြၽန္ေတာ္ တစ္ေယာက္ထဲေနခ်င္တယ္.."
မ်က္လံုးမွိတ္ထားရာမွ တျဖည္းျဖည္းနဲ႔ေဝးကြာသြားတဲ့ ေျခသံေတြကို နားမေထာင္ပါပဲ အတိုင္းသားၾကားေနရသည္။ အခန္းထဲအပ္က်သံပင္မၾကားေတာ့တာေၾကာင့္ အေနာက္ကိုအသာေလးလွည့္ၾကည့္မိေတာ့ ဆိုဖာမွာလက္ပိုက္ၿပီးရိေပၚကိုထိုင္ၾကည့္ေနတဲ့မ်ိဳး႐ိုးေ႐ွာင္းနဲ႔လူ။
တစ္ဖက္ကိုလွည့္အိပ္ေနရာကေန မဝံ့မရဲျဖင့္လည္ျပန္လွည့္ၾကည့္လာတဲ့အေကာင္ေပါက္က ေ႐ွာင္းက်န္႔ကိုျမင္ေတာ့မ်က္လံုးေလးျပဴးသြားၿပီးမွ တစ္ဖက္ကိုအျမန္လွည့္သြားသည္။
"တစ္ေယာက္ထဲေနခ်င္တယ္လို႔ေျပာၿပီးၿပီကို နားမပါဘူးလား"
"အင္း ေနေလ မင္းေျပာတဲ့အတိုင္းကိုယ္ကဒီေန႔ နားနဲ႔မ်က္စိကိုအိမ္မွာခဏထားခဲ့တာမို႔ ဒီအခန္းထဲမင္းလြတ္လြတ္ေနလို႔ရတယ္"
"အ႐ွက္မ႐ွိလိုက္တာ.."
ဆူပုတ္ပုတ္နဲ႔ ေစာင္ကိုေခါင္းအထိလံုေအာင္ဆြဲျခံဳၿပီး တစ္ဖက္ကိုျပန္လွည့္သြားတဲ့ေကာင္ေလးက ခဏၾကာေတာ့အသက္႐ွဴသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္သြားတာမို႔ ကုတင္ေပၚမွာတင္ပါးလႊဲထိုင္ကာ ဂြမ္းေစာင္ထူထူကို ရင္ဘတ္နားအထိအသာဆြဲခ်ကာ ေခါင္းအံုးျဖဴျဖဴထက္မ်က္ႏွာႏွစ္လို႔ အိပ္ေပ်ာ္ေနတဲ့ကေလးငယ္ကို ျမတ္ႏိုးစြာတစိမ့္စိမ့္ထိုင္ၾကည့္ေနမိသည္။
အိပ္ေပ်ာ္ေနခ်ိန္မို႔သာ အဝထိုင္ၾကည့္လို႔ရတဲ့ ေ႐ွာင္းက်န္႔ရဲ႕ဝမ္ပူတင္းေလးက က်န္တဲ့အခ်ိန္ေတြဆို မ်က္ႏွာခ်င္းေတာင္အဆိုင္ခံတာမဟုတ္ဘူး။ ေ႐ွာင္းက်န္႔လိုလူက ဒါမ်ိဳးနဲ႔ပဲထိုက္တန္တာမဟုတ္လား။
ေ႐ွာင္းက်န္႔အျဖစ္က ရယ္ေတာ့ရယ္ရသား။ လြတ္တဲ့ပူတင္းက ပိုခ်ိဳတယ္ဆိုသလိုပဲ။ တစ္ခ်ိန္ကေ႐ွာင္းက်န္႔အနားေတာက္တဲ့ေလးလိုတြယ္ကပ္ေနတတ္တဲ့ အထက္တန္းေက်ာင္းသားေလးဝမ္ရိေပၚကို ရက္ရက္စက္စက္အေဝးကိုတြန္းပို႔ပစ္ခဲ့ၿပီး အခုမွျပန္လိုခ်င္ေနပါသတဲ့ေလ။
ရိေပၚရဲ႕ပါးျပင္ဥဥမွာ ခပ္ေရးေရးက်န္ေနေသးတဲ့ အညိဳမဲစြဲရာေတြကို ခပ္ဖြဖြပြတ္သပ္ေပးေနရင္း ေဘာင္းဘီအိတ္ထဲကဖုန္းကျမည္လာတာမို႔ အျမန္ကိုင္လိုက္ရင္း ေလသံခပ္အုပ္အုပ္ျဖင့္သာျပန္ေျဖလိုက္သည္။
"ေကာင္းၿပီ ငါေျပာထားတဲ့အတိုင္း ေသခ်ာမွာလိုက္လား"
".........."
"ဟုတ္ၿပီ"
ဖုန္းက်သြားတာနဲ႔ ေ႐ွာင္းက်န္႔ရဲ႕ႏႈတ္ခမ္းပါးတစ္စံုဟာ အေပၚသို႔ေကြးၫြတ္သြားသည္။ ေလာကႀကီးက မင္းအတြက္မမွ်တဘူးဆိုရင္ ကိုယ္ကမွ်တေအာင္စီမံေပးရမွာေပါ့။
အိပ္ေပ်ာ္ေနတဲ့ေကာင္ေလးရဲ႕နဖူးေပၚမွာ ေဝ့ဝဲက်ေနတဲ့ဆံသားႏုႏုေတြကို သပ္တင္ေပးလိုက္ေတာ့ ေပၚလာတဲ့နဖူးျပင္က်ယ္က်ယ္ေပၚ အနမ္းဖြဖြေႁခြကာ ကုတင္ေပၚေခါင္းတင္ၿပီး မ်က္ႏွာဖူးဖူးလံုးလံုးေလးကို ေငးေနမိသည္။ အခုအခ်ိန္မွာ မ်က္လံုးကိုမွိတ္ၿပီး အေမွာင္ယံထဲတိုးဝင္မယ့္အစား ျမတ္နိုးရတဲ့ အလွတရားေလးကိုေငးရင္းသာ ႐ွည္လ်ားလွတဲ့ညအခ်ိန္ကို အလွဆင္လိုသည္။
••••••••••••••
"ရိေပၚ ခဏေစာင့္ဦးေနာ္.."
ရိေပၚထမင္းစားခန္းကိုဝင္လိုက္တာနဲ႔ မီးဖိုေခ်ာင္ထဲကအေျပးအလႊားထြက္လာတဲ့ေ႐ွာင္းက်န္႔က ေအပရြန္အျဖဴေရာင္ႀကီးဝတ္လို႔ ဘာေတြျပာယာခတ္ေနမွန္းမသိ စကားတိုတိုေျပာၿပီး မီးဖိုေခ်ာင္ထဲျပန္ဝင္သြားျပန္သည္။ ခဏၾကာေတာ့ ေ႐ွာင္းက်န္႔ကဗန္းတစ္ခုေပၚမွာ ေႂကြပန္းကန္လံုးအျဖဴေလးတင္ၿပီးယူလာေလသည္။
ရိေပၚအေ႐ွ႕မွာခ်ေပးလိုက္တဲ့ အေငြ႔တေထာင္းေထာင္းထေနတဲ့ပန္းကန္လံုးျဖဴျဖဴထဲမွာ ဖက္ထုပ္လွလွေလးေတြပါဝင္တဲ့ ဖက္ထုပ္ျပဳတ္ေပၚမွာနံနံပင္ခပ္မ်ားမ်ားထည့္ေပးထားသည္က ပနံသင့္စြာ။
"ျမည္းၾကည့္ေလ အားဝမ္ေလး ေ႐ွာင္းက်န္႔ကသားအတြက္ဆိုၿပီး မနက္အေစာႀကီးထဲကထၿပီး လုပ္ေပးထားရတာ"
မာမီ့ရဲ႕ေျပာစကားေၾကာင့္ ဂုတ္ကိုပြတ္ကာ ခပ္ႀကီးႀကီးေ႐ွ႕သြားႏွစ္ေခ်ာင္းေပၚသည္အထိ ရယ္ျပေနတဲ့ေ႐ွာင္းက်န္႔ေၾကာင့္ ေ႐ွ႕မွာ႐ွိတဲ့ဖက္ထုပ္ျပဳတ္ပန္းကန္ကိုယူကာ ေ႐ွာင္းက်န္႔မ်က္ႏွာကိုတည့္တည့္ၾကည့္လို႔ ပန္းကန္ထဲကဖက္ထုပ္ေလးေတြ ေနရာက်ယ္က်ယ္ဝန္းဝန္းရေစရန္အလို႔ငွါ အနားမွာ႐ွိတဲ့ေဘစင္ထဲကို သေဘာထားႀကီးစြာနဲ႔ေလာင္းခ်ေပးလိုက္သည္။
"ဒါဘာလုပ္တာလဲ အားဝမ္"
"သူစိမ္းတစ္ေယာက္လုပ္ထားတာကို ကြၽန္ေတာ္မွမစားခ်င္တာ"
ရိေပၚစကားအဆံုး မ်က္ႏွာအပ်က္ပ်က္အယြင္းယြင္းျဖစ္သြားတဲ့ေ႐ွာင္းက်န္႔က အခုလိုတံု႔ျပန္မႈမ်ိဳးကို ေမွ်ာ္လင့္မထားသည့္ပံု။ ဒီေလာက္ေလးနဲ႔ အရမ္းခံစားျပမေနစမ္းနဲ႔ ေ႐ွာင္းက်န္႔...။ ေက်ာင္းမတက္ခင္ အေျပးအလႊားခင္ဗ်ားရဲ႕စားပြဲေပၚတင္ေပးတဲ့green teaေတြကို စိတ္ပ်က္သလိုၾကည့္ၿပီး ခင္ဗ်ားသူငယ္ခ်င္းဆီကိုပစ္ေပးတဲ့ျမင္ကြင္းကို ေန႔တိုင္းအကြယ္ကေနေခ်ာင္းၾကည့္ၿပီး လူမသိသူမသိနာက်င္ခဲ့ရတဲ့ ကြၽန္ေတာ့္ထက္စာရင္ခင္ဗ်ားက ကံေကာင္းပါေသးတယ္။ အနည္းဆံုးေတာ့ အခုခင္ဗ်ားဘက္မွာလူႀကီးေတြအကုန္လံုး႐ွိေနတယ္မဟုတ္လား။
ဝမ္စစ္ရန္ေလွကားေပၚကဆင္းလာေတာ့ မဲ့ျပံဳးျပံဳးၿပီးအေပၚကိုတက္သြားတဲ့အားဝမ္က သူ႔ကိုပင္ျမင္ဟန္မတူ။ ထမင္းစားခန္းအဝမွာမ်က္ႏွာမသာမယာျဖင့္ရပ္ေနတဲ့ ဇနီးျဖစ္သူေၾကာင့္ ျပာျပာသလဲလဲေမးမိေတာ့ ထမင္းစားခန္းထဲကေဘစင္ကိုငံု႔ၿပီးၾကည့္ေနတဲ့ေ႐ွာင္းက်န္႔ကို ေမးေငါ့ျပကာ က်ိဳးေၾကာင္းစံုလင္ကို႐ွင္းျပလာသည္။
ေခတ္လူငယ္ေတြနဲ႔ေတာ့ ခက္ၿပီ။ သူသိရသေလာက္ အရင္က အားဝမ္ေလးကေ႐ွာင္းက်န္႔ကို သေဘာက်တယ္ ဒါေပမယ့္ ေ႐ွာင္းက်န္႔ကအားဝမ္ကိုသေဘာမက်ဘူး။ အခုေ႐ွာင္းက်န္႔က အားဝမ္ကိုသေဘာက်တဲ့အခါ အားဝမ္ကေ႐ွာင္းက်န္႔ကိုသေဘာမက်ေတာ့ျပန္ဘူး။
ေ႐ွာင္းက်န္႔ဆိုတဲ့လူငယ္ မိမိတို႔သားေလးအေပၚမွာထားတဲ့ သေဘာထားကိုေတာ့ မခ်ီးက်ဴးပဲမေနႏိူင္။ မနက္မိုးလင္းကေန မိုးခ်ဳပ္အထိ တစ္ခါတစ္ေလ ညအိပ္ေနၿပီးပါ အားဝမ္ေလးဆိုးသမွ်ကို သည္းခံေပးေနတဲ့ေ႐ွာင္းက်န္႔က Daytoyရဲ႕ဥကၠဌဆိုတာပင္ ယံုခ်င္စရာမ႐ွိ။ သူနဲ႔လည္းsummer projectကိုပူးေပါင္းလုပ္ခဲ့ဖူးတာမို႔ လူခ်င္းေသခ်ာမေတြ႔ဖူးေပမယ့္ ေ႐ွာင္းဥကၠဌရဲ႕ဂုဏ္သတင္းေတြအျမဲလိုလိုၾကားေနက်ျဖစ္သည္။
"ကိုယ္ ေ႐ွာင္းက်န္႔နဲ႔စကားေျပာစရာ႐ွိလို႔ ဟြားခဏေလာက္အျပင္ထြက္ေပး"
ဇနီးျဖစ္သူ ထမင္းစားခန္းထဲကထြက္သြားေတာ့မွ အေ႐ွ႕မွာထိုင္ေနတဲ့ ေ႐ွာင္းက်န္႔ကိုေသခ်ာၾကည့္ကာ
"မင္းငါ့သားကို ဘယ္လိုသေဘာထားလဲ"
"...ဗ်ာ.."
ပကတိအျပစ္ကင္းစင္တဲ့မ်က္ႏွာမ်ိဳးနဲ႔ အူေၾကာင္ေၾကာင္လုပ္ေနတဲ့ မေတာ္ရေသးတဲ့သမတ္ေလာင္းကို မ်က္ေမွာင္က်ဳတ္ၿပီးၾကည့္လိုက္ေတာ့မွ
"ကြၽန္ေတာ္ ရိေပၚကိုတကယ္ျမတ္ႏိုးတာပဲ အန္ကယ္"
အရင္စေမးတဲ့သူကသူကိုယ္တိုင္ျဖစ္ျပီး တကယ္တမ္းေ႐ွာင္းက်န္႔ေျဖလိုက္တဲ့အခါ မ်က္ႏွာပူရသူကလည္း သူသာလွ်င္ျဖစ္တယ္။ ဒီစကားေလာက္နဲ႔ မ်က္ႏွာပူလို႔မျဖစ္ေပဘူး ေမးသင့္တာေတာ့အကုန္ေမးရမွာပဲ။
"မင္းရဲ႕သေဘာထားက တစ္သက္လံုးမေျပာင္းဘူးဆိုတာေသခ်ာလား..။ အန္ကယ္ဒီလိုေမးတာကို တစ္မ်ိဳးေတာ့မထင္ေစခ်င္ဘူး။ မင္းတို႔ႏွစ္ေယာက္လံုးက ေယာက်ၤားေလးေတြဆိုေတာ့..."
"အန္ကယ္ေတြးပူေနတာသဘာဝက်ပါတယ္..။ စိတ္ခ်ပါ ကြၽန္ေတာ္ကစကားေတြအမ်ားႀကီးမေျပာတတ္ေပမယ့္ ရိေပၚအျမဲတမ္းေပ်ာ္ေနေစရမယ္လို႔ ကြၽန္ေတာ္ကတိေပးပါတယ္"
ယံုၾကည္ခ်က္႐ွိ႐ွိနဲ႔ေျပာလာတဲ့ ေ႐ွာင္းက်န္႔ကိုေခါင္းၿငိမ့္ျပၿပီး ျပံဳးခ်င္ေနတဲ့မ်က္ႏွာကိုထိန္းကာ ထိုေနရာမွထြက္လာလိုက္သည္။ ေ႐ွာင္းက်န္႔ရဲ႕ဒီပံုစံကိုျမင္ေတာ့ လြန္ခဲ့တဲ့၂၅ႏွစ္ေလာက္က လီဟြားရဲ႕ပါးပါးကိုသြားေတြ႔တုန္းက သူ႔ရဲ႕ပံုစံကိုေတာင္ျမင္ေယာင္လာမိသလို။ ဒီေလာက္ဆို အားဝမ္ေလးအတြက္စိတ္ခ်ရေလာက္ပါၿပီ။
ေ႐ွာင္းက်န္႔ဆိုတဲ့ေကာင္ေလးက တကယ္မလြယ္ဘူး။ ဝမ္စစ္ရန္ၾကားမိတာ မေန႔က က်င္းဟိုင္ကိုအက်ဥ္းခ်ထားတဲ့အခန္းကို လူသတ္မႈနဲ႔အသစ္ေရာက္လာတဲ့တစ္ေယာက္က က်င္းဟိုင္ကိုေတာ္ေတာ္အႏိူင္က်င့္ပံုပင္။ ေထာင္မွဴးေတြကေတာင္ သိရက္နဲ႔လႊတ္ထားပံုအရ အဲ့ဒီလူကိုလႊတ္ေပးလိုက္တဲ့သူက ေ႐ွာင္းက်န္႔ဆိုတာေမးစရာပင္မလို။
•••••••••••••.
"အားဝမ္ ျမန္ျမန္လာ မာမီတို႔ေနာက္က်ေနၿပီ"
ဒီေန႔မွ ထူးထူးဆန္းဆန္း ညေနဘက္ေရာက္မွအျပင္အတူသြားဖို႔ေတာင္းဆိုလာတဲ့မာမီက ဘယ္ကိုသြားမွာလဲေမးေတာ့လည္း ေရေရရာရာမေျဖပဲ ထိုေနရာကိုေရာက္ဖို႔ကိုသာ အလ်င္လိုေနပံုေပၚတာမို႔ ရိေပၚလည္းဘာမွမေျပာပဲ ကားအျပင္ဘက္ကိုေငးရင္းသာ လိုက္လာခဲ့လိုက္ေတာ့သည္။
ဟိုတစ္ေန႔က ကိစၥျဖစ္ၿပီးထဲက ေ႐ွာင္းက်န္႔နဲ႔မေတြ႔ရတာ၃ရက္ေလာက္႐ွိၿပီျဖစ္သည္။ ေတာ္ေတာ္ဇြဲမ႐ွိတဲ့လူ။ ဒါလည္း ေကာင္းတာပါပဲ။ သူ႔ကိုမေတြ႔ေတာ့ ရိေပၚလည္းစိတ္မ႐ႈပ္ရေတာ့ဘူးေပါ့။ အေတြးနယ္ခ်ဲ႕ရင္း ပန္းျခံတစ္ခုေ႐ွ႕မွာကားရပ္လိုက္တာေၾကာင့္ မာမီ့ကိုလွမ္းၾကည့္လိုက္ေတာ့ တစ္ခ်က္ျပံဳးျပကာ ရိေပၚကိုလက္ဆြဲလို႔ ကားေပၚကအတင္းဆင္းခိုင္းျပန္သည္။
"အားဝမ္ ဒီမွာခဏေနခဲ့ေနာ္ မာမီကိစၥေလး႐ွိလို႔"
ရိေပၚကိုေသခ်ာမွာကာ ေမာင္းသူေနရာကိုျပန္ဝင္ထိုင္လိုက္တဲ့မာမီက သြားခါနီး'အားဝမ္ေလး က်ားယို႔´ဆိုၿပီးေျပာသြားေသးသည္။ မာမီဘာေတြလုပ္ေနတာလဲ နားကိုမလည္ေတာ့ဘူး။ ထြက္သြားတဲ့ကားကို လိုက္ၾကည့္ေနရင္း ရိေပၚေဘာင္းဘီစကတင္းခနဲျဖစ္သြားတာေၾကာင့္ ငံု႔ၾကည့္လိုက္ေတာ့ ရိေပၚေဘာင္းဘီစကိုဆြဲၿပီး သူနဲ႔လိုက္ခဲ့ဖို႔အမူအယာနဲ႔ျပေနတဲ့ ငါးႏွစ္သားအရြယ္ကေလးေလးတစ္ေယာက္။
ေယာင္နနျဖင့္ လိုက္လာရင္း ခပ္ႀကီးႀကီးသစ္ပင္အေ႐ွ႕ေရာက္ေတာ့ ရိေပၚကိုထားခဲ့ကာ ထြက္ေျပးသြားတဲ့ကေလးေလးက လွမ္းေခၚတာေတာင္လွည့္မၾကည့္။ ဒီေန႔ၾကံဳရသမွ်ေတြက အထူးအဆန္းေတြခ်ည္းျဖစ္ေနတာမို႔ စိတ္႐ႈပ္႐ႈပ္ျဖင့္ေခါင္းကဆံပင္ေတြကိုဆြဲဖြလိုက္မိသည္။
ဟိုၾကည့္ဒီၾကည့္လုပ္ေနရင္း ရိေပၚအေ႐ွ႕ကသစ္ပင္ကျဖတ္ခနဲ မီးလံုးေလးေတြလင္းလာတာမို႔ အနည္းငယ္ေတာ့လန္႔သြားရသည္။ ေနပါဦး...ေသခ်ာၾကည့္မွ အပင္ရဲ႕အကိုင္းေတြကေန တြဲေလာင္းခ်ထားတဲ့ ဖဲႀကိဳးအျဖဴေလးေတြရဲ႕အဆံုးသတ္မွာ တစ္ခုခုခ်ိတ္ဆြဲထားသလားလို႔။ အနားကိုသြားကာ ဖဲႀကိဳးျဖဴေလးတစ္စကိုလွမ္းဆြဲလိုက္ေတာ့ ရိေပၚအိပ္ေပ်ာ္ေနတဲ့ပံုေလး။ အံ့အားသင့္စြာနဲ႔ ေနာက္ထပ္ဖဲႀကိဳးေလးေတြကိုလိုက္ၾကည့္ေတာ့ ရိေပၚသိေအာင္႐ိုက္ထားတဲ့ပံုေတြေရာ မသိေအာင္ခိုး႐ိုက္ထားတဲ့ပံုေတြေရာနဲ႔အတူ ေတာင္းပန္ပါတယ္ဆိုတဲ့ စာသားေလးေတြ။
"ရိေပၚ..."
အေနာက္ပါးကေခၚသံနဲ႔အတူ ပိုလို႕နီးကပ္လာတဲ့ေျခသံဖြဖြေၾကာင့္ မယံုၾကည္ႏိူင္စြာနဲ႔ အေနာက္ကိုလွည့္ၾကည့္လိုက္မိသည္။ ႐ွပ္အက်ႌအျဖဴေရာင္ကို style pantအျဖဴနဲ႔တြဲဝတ္ၿပီး ရိေပၚဆီကိုေလွ်ာက္လာတဲ့ေ႐ွာင္းက်န္႔က အျဖဴေရာင္နတ္သားတစ္ပါးအလား။
အက်ႌလက္ကိုတံေတာင္ဆစ္အထိ ေခါက္တင္ထားတာမို႔ က်ဴးလစ္ပန္းအျဖဴေရာင္ေလးတစ္ပြင့္ကိုင္လာတဲ့ လက္ဖ်ံေၾကာတစ္ေလွ်ာက္ေသြးေၾကာစိမ္းေလးေတြကထင္းလို႔။
"အရာရာတိုင္းအတြက္ ေတာင္းပန္ပါတယ္ ရိေပၚ။ ၿပီးေတာ့ အရမ္းခ်စ္တယ္..ကိုယ့္ရဲ႕အခ်စ္ေတြကို လက္ခံေပးႏိူင္မလား..."
အခုခ်ိန္ထိ ေၾကာင္အၿပီးရပ္ေနတဲ့ ရိေပၚကိုရႊန္းရႊန္းစားစားၾကည့္လို႔ က်ဴးလစ္ပန္းအျဖဴေရာင္ေလးကမ္းေပးတဲ့ ေ႐ွာင္းက်န္႔မ်က္ဝန္းထဲမွာ ေမွ်ာ္လင့္ခ်က္ေတြအျပည့္ျမင္ေနရသလို။ ေဘးပတ္ဝန္းက်င္ကို လွမ္းအကဲခတ္လိုက္ေတာ့ ျဖတ္သြားျဖတ္လာအခ်ိဳ႕က ရိေပၚဘာျပန္ေျဖမလဲဆိုတာ သိခ်င္ေနတဲ့ပံုျဖင့္ ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနၾကတာမို႔ ရိေပၚကိုမ်က္ေတာင္မခတ္တမ္းၾကည့္ေနတဲ့ ေ႐ွာင္းက်န္႔ရဲ႕မ်က္လံုးကိုေတ့ဆိုင္ၾကည့္ကာ
"ဟင့္အင္း..လက္မခံႏိူင္ဘူး..."
liveၾကည့္ေနလို႔ ေနာက္က်သြားတဲ့အတြက္ေသြ႔ပုခ်ီပါ....Btwေနာက္တစ္ပိုင္းဆိုဇာတ္သိမ္းပါၿပီေနာ္ ဒီေတာ့ဝမ္ဝမ္ေလးကိုျပန္ေခ်ခိုင္းပါဆိုတဲ့သူေတြ ဟင္း....ဟင္း...ဟင္း
#fah🦄
Unicode
သံတိုင်တွေကြားထဲမှာ တစ်ယောက်ထဲစကားပြောရင်း ရယ်လိုက်ငိုလိုက်လုပ်နေတဲ့ ကျင်းဟိုင်ကိုကြည့်ပြီး ဝမ်စစ်ရန်စိတ်ပျက်စွာဖြင့်ခေါင်းခါမိသည်။ အဲ့ဒီနေ့က အဖမ်းခံရမှာစိုးလို့ ထွက်ပြေးသွားတဲ့ကျင်းဟိုင်ကို နယ်စပ်ဘက်မှာဖမ်းမိတယ်ဆိုလို့ လာကြည့်ချိန်မှာ မြင်လိုက်ရတဲ့ကျင်းဟိုင်ရဲ့ပုံစံကြောင့်သူတော်တော်အံ့သြရသည်။
ဆရာဝန်တွေပြောစကားအရဦးခေါင်းကဒဏ်ရာကိုဆေးမထည့်ပဲထားရာကနေ ဦးနှောက်ထဲကိုပိုးဝင်သွားတာမို့ ဦးနှောက်ချို့ယွင်းသွားသည်တဲ့လေ။ရှောင်းကျန့်ဆီကနေ အကြောင်းစုံကြားကတည်းက အားကိုးရတဲ့တပည့်တွေကို ကျင်းဟိုင်ကိုနေရာအနှံ့မှာရှာဖို့လွှတ်ထားတာမို့ပေါ်ပေါ်ထင်ထင်သွားလာလို့မရတာကြောင့်ဆေးရုံမသွားဖြစ်ခဲ့ပုံပင်။
သွေးသားမတော်စပ်ပေမယ့်ကလေးဘဝထဲက ကိုယ်ကိုယ်တိုင်ပြုစုပျိုးထောင်လာရတဲ့ကလေးမို့ အခုလိုမြင်ရတော့စိတ်မကောင်းဖြစ်ပေမယ့်ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ဆေးရုံရဲ့ကုတင်ထက်မှာလဲလျေင်းနေတဲ့အားဝမ်လေးရဲ့ပုံစံကိုပြန်မြင်ယောင်မိချိန်မှာတော့ မျက်စိရှေ့မှာမြင်နေရတဲ့ကျင်းဟိုင်ကို ကိုယ်တိုင်သတ်ပစ်ချင်စိတ်တွေဟာတဖွားဖွား။
ဒီနေ့လို အခြေအနေတွေဖြစ်လာမယ်မှန်းသာကြိုသိမယ်ဆိုရင်အားဝမ်လေးတစ်နှစ်ပြည့်မွေးနေ့တုန်းက ရှန်ဟိုင်းကမိဘမဲ့ဂေဟာမှာအလှူသွားလုပ်ဖြစ်မှာမဟုတ်သလို ပြန်ခါနီးအားဝမ်လေးရဲ့မာမီခြေထောက်ကိုဖက်ပြီး သူ့ကိုမွေးစားဖို့ ငိုယိုပြီးတောင်းပန်တဲ့ ၁၀နှစ်သားအရွယ်ကျင်းဟိုင်ဆိုတဲ့ကလေးကိုသနားပြီးခေါ်လာဖြစ်မှာလည်းမဟုတ်ဘူး။
အဲ့ဒီ့နေ့ကကျင်းဟိုင်ကိုမွေးစားဖို့သဘောတူလိုက်ပြီး စာရွက်စာတမ်းတွေလုပ်နေတုန်း ကျင်းဟိုင်ကကလေးအငယ်တွေကိုအနိူင်ကျင့်တတ်တဲ့အကျင့်ရှိကြောင်း သတိပေးသလိုကပ်ပြီးပြောတဲ့ဆရာမရဲ့စကားကြောင့်အိမ်ကိုခေါ်လာတဲ့အထိစိတ်ထဲမတင်မကျဖြစ်နေပေမယ့်အားဝမ်လေးကိုဂရုစိုက်လွန်းတဲ့ကျင်းဟိုင်ကြောင့်အမှုမဲ့အမှတ်မဲ့ပင်သဘောထားကာ ကျင်းဟိုင်ပြောစကားတွေကိုယုံပြီး အားဝမ်ကိုဂရုမစိုက်မိတာ သူတို့ဇနီးမောင်နှံနှစ်ယောက်စလုံးရဲ့မဟာအမှားပဲ။
မွေးစားတယ်ဆိုပြီး ကလေးမျက်နှာငယ်မှာစိုးတာမို့ ဝမ်မျိုးရိုးအဖြစ်ခံယူစေကာ သားအရင်းအချာပမာပျိုးထောင်လာခဲ့ပေမယ့်ဘယ်လိုအကြောင်းအရာမျိုးကများ ကျင်းဟိုင်အတွေးထဲ အခုလိုအရိုင်းဆန်တဲ့စိတ်တွေ ကိန်းအောင်းစေခဲ့လေသလဲ။
သူမသိအောင်နောက်ကွယ်မှာ ရှယ်ယာရှင်တွေနဲ့ခိုးတွေ့ပြီး စည်းရုံးသိမ်းသွင်းတဲ့အကြောင်းတွေ ပြန်ကြားမိပေမယ့်ကျင်းဟိုင်လိုကလေးမျိုးကအဲ့လိုတော့ မလုပ်လောက်ပါဘူးလေဆိုပြီး စိတ်ဖြေခဲ့ရတာ။နောက်ပိုင်းကျင်းဟိုင်ပုံစံက မူမမှန်ဖြစ်လာတာကြောင့်စုံစမ်းကြည့်ရာမှ ကျင်းဟိုင်တာဝန်ယူထားတဲ့projectတစ်ခုကလိုအပ်တဲ့ပမာဏထက်ငွေအသုံးများနေတာကြောင့်မလွဲမရှောင်သာခေါ်ပြီးသတိပေးလိုက်တော့ ကျင်းဟိုင်ကကြံရာမရတဲ့အဆုံး အားဝမ်လေးကိုပြဿနာတွေထဲဆွဲထည့်လိုက်ပုံပင်။
"ဝင်တွေ့သွားဦးမလားMr.wang"
အရာရှိရဲ့အမေးစကားကိုခေါင်းခါပြပြီးသာ တုံ့ပြန်ပြီးထိုနေရာကနေ လှည့်ထွက်လာခဲ့ပြီးမှ တစ်စုံတစ်ခုကိုသတိရမိသွားတာကြောင့်
"သူ့ကိုဒီထဲကနေ တစ်သက်လုံးထွက်မလာစေချင်ဘူး"
••••••••••••
"အန်ကယ်တကယ်ပြောနေတာလား အဲ့တာဆို ကျွန်တော်အခုချက်ချင်းသွားမှဖြစ်မယ်"
"သူအဲ့ဒီကနေထွက်လာလို့မရအောင်အန်ကယ်လုပ်ခဲ့ပြီးပြီ.."
"ဒါပေမယ့်အန်ကယ်..."
"အားဝမ်ရဲ့အဖေတစ်ယောက်အနေနဲ့ အခုချိန်မှာကျင်းဟိုင်ကိုအမှုန့်ကြိတ်ပစ်ချင်စိတ်က မင်းထက်မပိုရင်တောင်မလျော့ဘူးဆိုတာတော့သေချာတယ်ဒါပေမယ့်စိတ်ဖောက်ပြန်နေတဲ့သူတစ်ယောက်ကို ဘယ်လိုများထပ်ပြီးအပြစ်ပေးရမလဲ"
"ဘယ်လို ဝမ်ကျင်းဟိုင်က စိတ်ဖောက်ပြန်သွားတယ်ဟုတ်လားအန်ကယ်"
လှေကားပေါ်ကအဆင်း ဧည့်ခန်းထဲကကြားလိုက်ရတဲ့အသံကြောင့်ရိပေါ်အနည်းငယ်တုန်လှုပ်သွားချင်တဲ့စိတ်ကိုထိန်းကာလှေကားလက်ရမ်းကိုကိုင်ထားမိသည်။ကြောက်နေတာမျိုးမဟုတ်ပေမယ့်ဒီလူ့နာမည်ကြားရင်အလိုလိုတုန်လှုပ်လာသည်။ အဲ့ဒီနေ့က ရိပေါ်ကိုအငြိုးတကြီးရိုက်နှက်နေတဲ့ပုံရိပ်တွေ ပြီးတော့ ရီပေါ်ကိုအတင်းချုပ်ပြီးယုတ်မာဖို့ကြံစည်နေတဲ့လူနှစ်ယောက်။ရင်ဘတ်တစ်နေရာက ဆူးပြီးအောင့်လာသလို တဒိန်းဒိန်းမြည်နေတဲ့နှလုံးခုန်သံကလည်း နားထဲတစ်ဆထက်တစ်ဆကျယ်လောင်လာသယောင်။
"အားဝမ်လေး ဘာဖြစ်တာလဲ အသက်ကိုမှန်မှန်ရှူ..မာမီပြောတာကြားရလား..အားဝမ်.."
လှေကားရင်းနားက ဝမ်ကတော်ရဲ့အလန့်တကြားအော်သံကြောင့်ရှောင်းကျန့်တို့နှစ်ဦးအပြေးအလွှားသွားကြည့်မိတော့လှေကားလက်ရမ်းကိုကိုင်ကာတောင့်တောင့်ကလေးရပ်လို့ မျက်နှာပြင်တစ်ခုလုံး နီရဲနေတဲ့ရိပေါ်က အသိစိတ်လွတ်နေသူတစ်ယောက်လို တစ်နေရာထဲကိုသာစူးစိုက်လို့်ကြည့်နေလေသည်။
"ရိပေါ် ကိုယ့်ကိုကြည့်ဘာမှမဖြစ်တော့ဘူး ကိုယ်ရှိတယ်လေနော်.."
မျက်နှာဖူးဖူးလေးကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ အကြည့်ချင်းဆုံစေတော့ မျက်ရည်အဝိုင်းသားဖြင့်ရှောင်းကျန့်ကိုတွေတွေလေးပြန်ကြည့််လာတာမို့ရှောင်းကျန့်ရဲ့မျက်ဝန်းတွေဟာလည်း စိုစွတ်လာရသည်။ ချက်ချင်းဆိုသလိုရှောင်းကျန့်ရင်ခွင်ထဲပြိုကျလာကာ သတိမရှိတော့တဲ့ခန္ဓာကိုယ်လေးကို ကြမ်းပြင်ပေါ်မရောက်ခင်ပွေ့ချီကာ အခန်းထဲထိခေါ်သွားပေးရသည်။
ရိပေါ်နိုးလာတော့ရှောင်းကျန့်အပါအဝင်အားလုံးကရိပေါ်ကိုစိုးရိမ်တကြီးကြည့်နေကြတာမို့ ရိပေါ်စိတ်ပျက်စွာမျက်နှာကို တစ်ဖက်သို့လှည့်ထားမိသည်။ ရိပေါ်ကို သနားနေကြပြန်ပါပြီ။ ဒီအခြေအနေကြီးကနေ ဘယ်တော့များမှ လွတ်မြောက်နိူင်ပါ့မလဲ။ ရိပေါ်ကိုသနားစရာသတ္တဝါလိုသဘောထားပြီး ဂရုစိုက်ပေးနေကြတဲ့သူတွေ။ တစ်ချိန်ရိပေါ်အမှားလုပ်မိတဲ့အခါ အလိုလိုပျက်ပြယ်သွားမယ့်အယောင်ဆောင်ဂရုစိုက်မှုတွေကို တကယ်ကိုမုန်းပါတယ်။
"ကျွန်တော်တစ်ယောက်ထဲနေချင်တယ်.."
မျက်လုံးမှိတ်ထားရာမှ တဖြည်းဖြည်းနဲ့ဝေးကွာသွားတဲ့ခြေသံတွေကို နားမထောင်ပါပဲ အတိုင်းသားကြားနေရသည်။ အခန်းထဲအပ်ကျသံပင်မကြားတော့တာကြောင့်အနောက်ကိုအသာလေးလှည့်ကြည့်မိတော့ ဆိုဖာမှာလက်ပိုက်ပြီးရိပေါ်ကိုထိုင်ကြည့်နေတဲ့မျိုးရိုးရှောင်းနဲ့လူ။
တစ်ဖက်ကိုလှည့်အိပ်နေရာကနေ မဝံ့မရဲဖြင့်လည်ပြန်လှည့်ကြည့်လာတဲ့အကောင်ပေါက်ကရှောင်းကျန့်ကိုမြင်တော့မျက်လုံးလေးပြူးသွားပြီးမှ တစ်ဖက်ကိုအမြန်လှည့်သွားသည်။
"တစ်ယောက်ထဲနေချင်တယ်လို့ပြောပြီးပြီကို နားမပါဘူးလား"
"အင်းနေလေ မင်းပြောတဲ့အတိုင်းကိုယ်ကဒီနေ့ နားနဲ့မျက်စိကိုအိမ်မှာခဏထားခဲ့တာမို့ ဒီအခန်းထဲမင်းလွတ်လွတ်နေလို့ရတယ်"
"အရှက်မရှိလိုက်တာ.."
ဆူပုတ်ပုတ်နဲ့စောင်ကိုခေါင်းအထိလုံအောင်ဆွဲခြုံပြီး တစ်ဖက်ကိုပြန်လှည့်သွားတဲ့ကောင်လေးက ခဏကြာတော့အသက်ရှူသံမှန်မှန်ဖြင့်အိပ်ပျော်သွားတာမို့ကုတင်ပေါ်မှာတင်ပါးလွှဲထိုင်ကာဂွမ်းစောင်ထူထူကို ရင်ဘတ်နားအထိအသာဆွဲချကာခေါင်းအုံးဖြူဖြူထက်မျက်နှာနှစ်လို့ အိပ်ပျော်နေတဲ့ကလေးငယ်ကို မြတ်နိုးစွာတစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။
အိပ်ပျော်နေချိန်မို့သာ အဝထိုင်ကြည့်လို့ရတဲ့ရှောင်းကျန့်ရဲ့ဝမ်ပူတင်းလေးက ကျန်တဲ့အချိန်တွေဆို မျက်နှာချင်းတောင်အဆိုင်ခံတာမဟုတ်ဘူး။ရှောင်းကျန့်လိုလူက ဒါမျိုးနဲ့ပဲထိုက်တန်တာမဟုတ်လား။
ရှောင်းကျန့်အဖြစ်က ရယ်တော့ရယ်ရသား။ လွတ်တဲ့ပူတင်းက ပိုချိုတယ်ဆိုသလိုပဲ။ တစ်ချိန်ကရှောင်းကျန့်အနားတောက်တဲ့လေးလိုတွယ်ကပ်နေတတ်တဲ့ အထက်တန်းကျောင်းသားလေးဝမ်ရိပေါ်ကို ရက်ရက်စက်စက်အဝေးကိုတွန်းပို့ပစ်ခဲ့ပြီး အခုမှပြန်လိုချင်နေပါသတဲ့လေ။
ရိပေါ်ရဲ့ပါးပြင်ဥဥမှာ ခပ်ရေးရေးကျန်နေသေးတဲ့ အညိုမဲစွဲရာတွေကို ခပ်ဖွဖွပွတ်သပ်ပေးနေရင်းဘောင်းဘီအိတ်ထဲကဖုန်းကမြည်လာတာမို့ အမြန်ကိုင်လိုက်ရင်းလေသံခပ်အုပ်အုပ်ဖြင့်သာပြန်ဖြေလိုက်သည်။
"ကောင်းပြီ ငါပြောထားတဲ့အတိုင်းသေချာမှာလိုက်လား"
".........."
"ဟုတ်ပြီ"
ဖုန်းကျသွားတာနဲ့ရှောင်းကျန့်ရဲ့နှုတ်ခမ်းပါးတစ်စုံဟာအပေါ်သို့ကွေးညွတ်သွားသည်။လောကကြီးက မင်းအတွက်မမျှတဘူးဆိုရင်ကိုယ်ကမျှတအောင်စီမံပေးရမှာပေါ့။
အိပ်ပျော်နေတဲ့ကောင်လေးရဲ့နဖူးပေါ်မှာဝေ့ဝဲကျနေတဲ့ဆံသားနုနုတွေကို သပ်တင်ပေးလိုက်တော့ပေါ်လာတဲ့နဖူးပြင်ကျယ်ကျယ်ပေါ် အနမ်းဖွဖွခြွေကာ ကုတင်ပေါ်ခေါင်းတင်ပြီး မျက်နှာဖူးဖူးလုံးလုံးလေးကိုငေးနေမိသည်။ အခုအချိန်မှာ မျက်လုံးကိုမှိတ်ပြီး အမှောင်ယံထဲတိုးဝင်မယ့်အစား မြတ်နိုးရတဲ့အလှတရားလေးကိုငေးရင်းသာ ရှည်လျားလှတဲ့ညအချိန်ကို အလှဆင်လိုသည်။
••••••••••••••
"ရိပေါ် ခဏစောင့်ဦးနော်.."
ရိပေါ်ထမင်းစားခန်းကိုဝင်လိုက်တာနဲ့ မီးဖိုချောင်ထဲကအပြေးအလွှားထွက်လာတဲ့ရှောင်းကျန့်ကအေပရွန်အဖြူရောင်ကြီးဝတ်လို့ ဘာတွေပြာယာခတ်နေမှန်းမသိ စကားတိုတိုပြောပြီး မီးဖိုချောင်ထဲပြန်ဝင်သွားပြန်သည်။ ခဏကြာတော့ရှောင်းကျန့်ကဗန်းတစ်ခုပေါ်မှာကြွေပန်းကန်လုံးအဖြူလေးတင်ပြီးယူလာလေသည်။
ရိပေါ်အရှေ့မှာချပေးလိုက်တဲ့ အငွေ့တထောင်းထောင်းထနေတဲ့ပန်းကန်လုံးဖြူဖြူထဲမှာ ဖက်ထုပ်လှလှလေးတွေပါဝင်တဲ့ ဖက်ထုပ်ပြုတ်ပေါ်မှာနံနံပင်ခပ်များများထည့်ပေးထားသည်က ပနံသင့်စွာ။
"မြည်းကြည့်လေ အားဝမ်လေးရှောင်းကျန့်ကသားအတွက်ဆိုပြီး မနက်အစောကြီးထဲကထပြီး လုပ်ပေးထားရတာ"
မာမီ့ရဲ့ပြောစကားကြောင့်ဂုတ်ကိုပွတ်ကာ ခပ်ကြီးကြီးရှေ့သွားနှစ်ချောင်းပေါ်သည်အထိ ရယ်ပြနေတဲ့ရှောင်းကျန့်ကြောင့်ရှေ့မှာရှိတဲ့ဖက်ထုပ်ပြုတ်ပန်းကန်ကိုယူကာရှောင်းကျန့်မျက်နှာကိုတည့်တည့်ကြည့်လို့ ပန်းကန်ထဲကဖက်ထုပ်လေးတွေနေရာကျယ်ကျယ်ဝန်းဝန်းရစေရန်အလို့ငှါ အနားမှာရှိတဲ့ဘေစင်ထဲကို သဘောထားကြီးစွာနဲ့လောင်းချပေးလိုက်သည်။
"ဒါဘာလုပ်တာလဲ အားဝမ်"
"သူစိမ်းတစ်ယောက်လုပ်ထားတာကို ကျွန်တော်မှမစားချင်တာ"
ရိပေါ်စကားအဆုံး မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်သွားတဲ့ရှောင်းကျန့်က အခုလိုတုံ့ပြန်မှုမျိုးကိုမျှော်လင့်မထားသည့်ပုံ။ ဒီလောက်လေးနဲ့ အရမ်းခံစားပြမနေစမ်းနဲ့ရှောင်းကျန့်...။ကျောင်းမတက်ခင်အပြေးအလွှားခင်ဗျားရဲ့စားပွဲပေါ်တင်ပေးတဲ့green teaတွေကိုစိတ်ပျက်သလိုကြည့်ပြီး ခင်ဗျားသူငယ်ချင်းဆီကိုပစ်ပေးတဲ့မြင်ကွင်းကိုနေ့တိုင်းအကွယ်ကနေချောင်းကြည့်ပြီး လူမသိသူမသိနာကျင်ခဲ့ရတဲ့ ကျွန်တော့်ထက်စာရင်ခင်ဗျားက ကံကောင်းပါသေးတယ်။ အနည်းဆုံးတော့ အခုခင်ဗျားဘက်မှာလူကြီးတွေအကုန်လုံးရှိနေတယ်မဟုတ်လား။
ဝမ်စစ်ရန်လှေကားပေါ်ကဆင်းလာတော့ မဲ့ပြုံးပြုံးပြီးအပေါ်ကိုတက်သွားတဲ့အားဝမ်က သူ့ကိုပင်မြင်ဟန်မတူ။ထမင်းစားခန်းအဝမှာမျက်နှာမသာမယာဖြင့်ရပ်နေတဲ့ ဇနီးဖြစ်သူကြောင့်ပြာပြာသလဲလဲမေးမိတော့ ထမင်းစားခန်းထဲကဘေစင်ကိုငုံ့ပြီးကြည့်နေတဲ့ရှောင်းကျန့်ကိုမေးငေါ့ပြကာ ကျိုးကြောင်းစုံလင်ကိုရှင်းပြလာသည်။
ခေတ်လူငယ်တွေနဲ့တော့ ခက်ပြီ။ သူသိရသလောက်အရင်က အားဝမ်လေးကရှောင်းကျန့်ကို သဘောကျတယ်ဒါပေမယ့်ရှောင်းကျန့်ကအားဝမ်ကိုသဘောမကျဘူး။ အခုရှောင်းကျန့်က အားဝမ်ကိုသဘောကျတဲ့အခါ အားဝမ်ကရှောင်းကျန့်ကိုသဘောမကျတော့ပြန်ဘူး။
ရှောင်းကျန့်ဆိုတဲ့လူငယ် မိမိတို့သားလေးအပေါ်မှာထားတဲ့ သဘောထားကိုတော့ မချီးကျူးပဲမနေနိူင်။ မနက်မိုးလင်းကနေ မိုးချုပ်အထိ တစ်ခါတစ်လေ ညအိပ်နေပြီးပါ အားဝမ်လေးဆိုးသမျှကို သည်းခံပေးနေတဲ့ရှောင်းကျန့်က Daytoyရဲ့ဥက္ကဌဆိုတာပင်ယုံချင်စရာမရှိ။ သူနဲ့လည်းsummer projectကိုပူးပေါင်းလုပ်ခဲ့ဖူးတာမို့ လူချင်းသေချာမတွေ့ဖူးပေမယ့်ရှောင်းဥက္ကဌရဲ့ဂုဏ်သတင်းတွေအမြဲလိုလိုကြားနေကျဖြစ်သည်။
"ကိုယ်ရှောင်းကျန့်နဲ့စကားပြောစရာရှိလို့ ဟွားခဏလောက်အပြင်ထွက်ပေး"
ဇနီးဖြစ်သူ ထမင်းစားခန်းထဲကထွက်သွားတော့မှ အရှေ့မှာထိုင်နေတဲ့ရှောင်းကျန့်ကိုသေချာကြည့်ကာ
"မင်းငါ့သားကို ဘယ်လိုသဘောထားလဲ"
"...ဗျာ.."
ပကတိအပြစ်ကင်းစင်တဲ့မျက်နှာမျိုးနဲ့ အူကြောင်ကြောင်လုပ်နေတဲ့ မတော်ရသေးတဲ့သမတ်လောင်းကို မျက်မှောင်ကျုတ်ပြီးကြည့်လိုက်တော့မှ
"ကျွန်တော်ရိပေါ်ကိုတကယ်မြတ်နိုးတာပဲ အန်ကယ်"
အရင်စမေးတဲ့သူကသူကိုယ်တိုင်ဖြစ်ပြီးတကယ်တမ်းေရှာင်းကျန့်ဖြေလိုက်တဲ့အခါ မျက်နှာပူရသူကလည်း သူသာလျှင်ဖြစ်တယ်။ ဒီစကားလောက်နဲ့ မျက်နှာပူလို့မဖြစ်ပေဘူးမေးသင့်တာတော့အကုန်မေးရမှာပဲ။
"မင်းရဲ့သဘောထားက တစ်သက်လုံးမပြောင်းဘူးဆိုတာသေချာလား..။ အန်ကယ်ဒီလိုမေးတာကို တစ်မျိုးတော့မထင်စေချင်ဘူး။ မင်းတို့နှစ်ယောက်လုံးကယောင်္ကျားလေးတွေဆိုတော့..."
"အန်ကယ်တွေးပူနေတာသဘာဝကျပါတယ်..။ စိတ်ချပါ ကျွန်တော်ကစကားတွေအများကြီးမပြောတတ်ပေမယ့်ရိပေါ်အမြဲတမ်းပျော်နေစေရမယ်လို့ ကျွန်တော်ကတိပေးပါတယ်"
ယုံကြည်ချက်ရှိရှိနဲ့ပြောလာတဲ့ရှောင်းကျန့်ကိုခေါင်းငြိမ့်ပြပြီး ပြုံးချင်နေတဲ့မျက်နှာကိုထိန်းကာ ထိုနေရာမှထွက်လာလိုက်သည်။ရှောင်းကျန့်ရဲ့ဒီပုံစံကိုမြင်တော့ လွန်ခဲ့တဲ့၂၅နှစ်လောက်က လီဟွားရဲ့ပါးပါးကိုသွားတြ႔ေတုန်းက သူ့ရဲ့ပုံစံကိုတောင်မြင်ယောင်လာမိသလို။ဒီလောက်ဆို အားဝမ်လေးအတွက်စိတ်ချရလောက်ပါပြီ။
ရှောင်းကျန့်ဆိုတဲ့ကောင်လေးက တကယ်မလွယ်ဘူး။ ဝမ်စစ်ရန်ကြားမိတာ မနေ့က ကျင်းဟိုင်ကိုအကျဉ်းချထားတဲ့အခန်းကို လူသတ်မှုနဲ့အသစ်ရောက်လာတဲ့တစ်ယောက်က ကျင်းဟိုင်ကိုတော်တော်အနိူင်ကျင့်ပုံပင်။ထောင်မှူးတွေကတောင်သိရက်နဲ့လွှတ်ထားပုံအရ အဲ့ဒီလူကိုလွှတ်ပေးလိုက်တဲ့သူကရှောင်းကျန့်ဆိုတာမေးစရာပင်မလို။
•••••••••••••.
"အားဝမ်မြန်မြန်လာ မာမီတို့နောက်ကျနေပြီ"
ဒီနေ့မှ ထူးထူးဆန်းဆန်း ညနေဘက်ရောက်မှအပြင်အတူသွားဖို့တောင်းဆိုလာတဲ့မာမီက ဘယ်ကိုသွားမှာလဲမေးတော့လည်းရေရေရာရာမဖြေပဲ ထိုနေရာကိုရောက်ဖို့ကိုသာ အလျင်လိုနေပုံပေါ်တာမို့ ရိပေါ်လည်းဘာမှမပြောပဲ ကားအပြင်ဘက်ကိုငေးရင်းသာ လိုက်လာခဲ့လိုက်တော့သည်။
ဟိုတစ်နေ့က ကိစ္စဖြစ်ပြီးထဲကရှောင်းကျန့်နဲ့မတွေ့ရတာ၃ရက်လောက်ရှိပြီဖြစ်သည်။တော်တော်ဇွဲမရှိတဲ့လူ။ ဒါလည်းကောင်းတာပါပဲ။ သူ့ကိုမတွေ့တော့ ရိပေါ်လည်းစိတ်မရှုပ်ရတော့ဘူးပေါ့။ အတွေးနယ်ချဲ့ရင်း ပန်းခြံတစ်ခုရှေ့မှာကားရပ်လိုက်တာကြောင့်မာမီ့ကိုလှမ်းကြည့်လိုက်တော့ တစ်ချက်ပြုံးပြကာ ရိပေါ်ကိုလက်ဆွဲလို့ ကားပေါ်ကအတင်းဆင်းခိုင်းပြန်သည်။
"အားဝမ်ဒီမှာခဏနေခဲ့နော်မာမီကိစ္စလေးရှိလို့"
ရိပေါ်ကိုသေချာမှာကာမောင်းသူနေရာကိုပြန်ဝင်ထိုင်လိုက်တဲ့မာမီက သွားခါနီး'အားဝမ်လေး ကျားယို့´ဆိုပြီးပြောသွားသေးသည်။ မာမီဘာတွေလုပ်နေတာလဲ နားကိုမလည်တော့ဘူး။ ထွက်သွားတဲ့ကားကို လိုက်ကြည့်နေရင်း ရိပေါ်ဘောင်းဘီစကတင်းခနဲဖြစ်သွားတာကြောင့်ငုံ့ကြည့်လိုက်တော့ ရိပေါ်ဘောင်းဘီစကိုဆွဲပြီး သူနဲ့လိုက်ခဲ့ဖို့အမူအယာနဲ့ပြနေတဲ့ ငါးနှစ်သားအရွယ်ကလေးလေးတစ်ယောက်။
ယောင်နနဖြင့်လိုက်လာရင်းခပ်ကြီးကြီးသစ်ပင်အရှေ့ရောက်တော့ ရိပေါ်ကိုထားခဲ့ကာ ထွက်ပြေးသွားတဲ့ကလေးလေးက လှမ်းခေါ်တာတောင်လှည့်မကြည့်။ ဒီနေ့ကြုံရသမျှတွေက အထူးအဆန်းတွေချည်းဖြစ်နေတာမို့ စိတ်ရှုပ်ရှုပ်ဖြင့်ခေါင်းကဆံပင်တွေကိုဆွဲဖွလိုက်မိသည်။
ဟိုကြည့်ဒီကြည့်လုပ်နေရင်း ရိပေါ်အရှေ့ကသစ်ပင်ကဖြတ်ခနဲ မီးလုံးလေးတွေလင်းလာတာမို့ အနည်းငယ်တော့လန့်သွားရသည်။နေပါဦး...သေချာကြည့်မှအပင်ရဲ့အကိုင်းတွေကနေ တွဲလောင်းချထားတဲ့ ဖဲကြိုးအဖြူလေးတွေရဲ့အဆုံးသတ်မှာ တစ်ခုခုချိတ်ဆွဲထားသလားလို့။ အနားကိုသွားကာ ဖဲကြိုးဖြူလေးတစ်စကိုလှမ်းဆွဲလိုက်တော့ ရိပေါ်အိပ်ပျော်နေတဲ့ပုံလေး။ အံ့အားသင့်စွာနဲ့နောက်ထပ်ဖဲကြိုးလေးတွေကိုလိုက်ကြည့်တော့ ရိပေါ်သိအောင်ရိုက်ထားတဲ့ပုံတွေရော မသိအောင်ခိုးရိုက်ထားတဲ့ပုံတွေရောနဲ့အတူတောင်းပန်ပါတယ်ဆိုတဲ့ စာသားလေးတွေ။
"ရိပေါ်..."
အနောက်ပါးကခေါ်သံနဲ့အတူ ပိုလို့နီးကပ်လာတဲ့ခြေသံဖွဖွကြောင့်မယုံကြည်နိူင်စွာနဲ့ အနောက်ကိုလှည့်ကြည့်လိုက်မိသည်။ ရှပ်အင်္ကျီအဖြူရောင်ကို style pantအဖြူနဲ့တွဲဝတ်ပြီး ရိပေါ်ဆီကိုလျှောက်လာတဲ့ရှောင်းကျန့်က အဖြူရောင်နတ်သားတစ်ပါးအလား။
အင်္ကျီလက်ကိုတံတောင်ဆစ်အထိခေါက်တင်ထားတာမို့ ကျူးလစ်ပန်းအဖြူရောင်လေးတစ်ပွင့်ကိုင်လာတဲ့ လက်ဖျံကြောတစ်လျှောက်သွေးကြောစိမ်းလေးတွေကထင်းလို့။
"အရာရာတိုင်းအတွက်တောင်းပန်ပါတယ်ရိပေါ်။ ပြီးတော့ အရမ်းချစ်တယ်..ကိုယ့်ရဲ့အချစ်တွေကို လက်ခံပေးနိူင်မလား..."
အခုချိန်ထိကြောင်အပြီးရပ်နေတဲ့ ရိပေါ်ကိုရွှန်းရွှန်းစားစားကြည့်လို့ ကျူးလစ်ပန်းအဖြူရောင်လေးကမ်းပေးတဲ့ရှောင်းကျန့်မျက်ဝန်းထဲမှာမျှော်လင့်ချက်တွေအပြည့်မြင်နေရသလို။ဘေးပတ်ဝန်းကျင်ကို လှမ်းအကဲခတ်လိုက်တော့ ဖြတ်သွားဖြတ်လာအချို့က ရိပေါ်ဘာပြန်ဖြေမလဲဆိုတာ သိချင်နေတဲ့ပုံဖြင့်ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာမို့ရိပေါ်ကိုမျက်တောင်မခတ်တမ်းကြည့်နေတဲ့ရှောင်းကျန့်ရဲ့မျက်လုံးကိုတေ့ဆိုင်ကြည့်ကာ
"ဟင့်အင်း..လက်မခံနိူင်ဘူး..."
liveကြည့်နေလို့နောက်ကျသွားတဲ့အတွက်သွေ့ပုချီပါ....Btwနောက်တစ်ပိုင်းဆိုဇာတ်သိမ်းပါပြီနော်ဒီတော့ဝမ်ဝမ်လေးကိုပြန်ချေခိုင်းပါဆိုတဲ့သူတွေ ဟင်း....ဟင်း...ဟင်း
#fah🦄