Game Of Life

By ChitNge4

89.1K 5.4K 204

ကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ... More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
10
11
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 (end)
Xiao's part

12

2.6K 185 9
By ChitNge4

Unicode
"ဟား...ဟေ့ကောင် ရှောင်ကျန့် ဘယ်လိုဖြစ်လို့ပုလင်းလိုက်မော့နေတာလဲ ဒုက္ခပဲကွာ ယွိပင်းတားဦးလေ ဘာဖြစ်တာလဲဆိုတော့လဲမပြောဘူး..."

ခွက်နဲ့တစ်ခွက်ပြီးတစ်ခွက်သောက်တာ အားမရတဲ့အဆုံး ပုလင်းလိုက်ကောက်မော့တော့ ကျိုးချန်ရဲ့ဆူဆူပူပူအသံထွက်လို့လာသည်...ဒီလောက်အရည်တွေသောက်တာတောင် ရင်ထဲကအလုံးကြီးကကျမသွားဘူး....

"လွှတ်ထားလိုက်ပါကွာ သူပြောချင်တဲ့အချိန် တားလို့တောင်ရလို့ တာကျိုးသလို ဒလဟောလွှတ်တာသိသားနဲ့"

"ယွိပင်း...မင်းသိလား ဒီကောင်ကျိုးချန်လေ "

"အင်း ကျိုးချန်ဘာဖြစ်လဲ "

"အီး ဟီး....ကျိုးချန်ကယောကျ်ားချင်းကြိုက်နေတာတဲ့ ရွှတ်..."

ပြောလဲပြော ငိုလဲငို...အဲဒါပဲ သန်မာချင်တဲ့အယောင်ဆောင်ရှောင်ကျန့်ဆိုတာ အရက်မူးရင်အကုန်ပေါ်တာ တော်သေးတယ်တော်ရုံမမူးတတ်တဲ့သူမလို့ အခုတော်တော်ရေချိန်ကိုက်တဲ့သဘောပေါ့....

"သိတယ်လေ အဲဒါဘာဖြစ်လဲ "

"သိတယ် မင်းသိနေတယ်... မာမားရေ ယွိပင်းကသိနေတယ်တဲ့ ဟင့်ဟင့်.. သားကိုမပြောဘူး တော်ပီမင်းနဲ့စကားမပြောတော့ဘူး "

"ကျိုးချန်မင်းသိလား..."

"အမ်..ဘာကိုလဲ "

"အဲကောင်ယွိပင်းကလေ ငါ့ယောကျ်ားရဲ့လက်ထောက်ကိုကြိုက်နေတာတဲ့လေ "

"အေး...သိတယ်လေ "

ယွိပင်းရှောင်ကျန့်ရုံးခန်းဆီ ချောင်းပေါက်မတတ်လာတော့ မရရအောင်မေးရင်သိသွားခဲ့တာပင်...

"အီး...ဟီးဟီး မင်းလဲသိပြန်ပီလား ပါပါးရေ သားကိုမပြောကျဘူး မင်းကိုလဲစကားမပြောတော့ဘူး ဟင့်...ရွှတ်..."

"ဟာ..ရှောင်ကျန့် ငါတို့၃ယောက်စလုံး တစ်ယောက်အကြောင်းတစ်ယောက်ဖုံးကွယ်ထားတာမှမရှိတာ သိတာပေါ့ကွ "

"ဟင့်..ဟုတ်တယ်နော် "

ငိုနေရင်းကနေရုတ်တရက်ကြီး အသံတိတ်သွားကာ တည်ငြိမ်သွားတဲ့ရှောင်ကျန့်ကို ၂ယောက်သားဘာလုပ်မလဲစောင့်ကြည့်နေလိုက်သည်...

"ဒီနေ့လေ..."

"အင်းပြော ဘာဖြစ်လဲ"

" ဒီနေ့ငါ စာချုပ်တခုလက်မှတ်ထိုးခဲ့တယ် ငါအောင်မြင်အောင်လုပ်ရမယ် "

"အင်း."

"ရိပေါ် ကအဲ့ကောင်မလေးနဲ့ ရယ်ပြီးစကားပြောနေတာ ငါ့ရင်တွေနာလိုက်တာ..."

"အမ် ရိပေါ်ကလား ဘယ်သူနဲ့လဲ "

"ကိုရီယားကုမ္ပဏီက Mrs.ဟန်နာနဲ့ အရင်ထဲကအသိတွေထင်တယ် စကားတွေပြောတာများ ရိပေါ်မဟုတ်ဘူးလို့တောင်ထင်ရတယ် သူတို့၂ယောက်တခုခုများပတ်သက်နေလားမသိဘူး..."

"နေဦး Mrs.ဟန်နာ...Villaဆောက်မဲ့ ကုမ္ပဏီက ဟန်နာလား "

"အင်း "

"သူတောင်စားလေး..မစုံစမ်းဘူး မလေ့လာဘူး ဟန်နာကလက်ထပ်ပြီးသားလေ ယွိပင်းပြောပြလိုက် "

"ဟုတ်တယ်ရှောင်ကျန့် ဟန်နာကလက်ထပ်ပြီးသား ပြီးတော့သူလက်ထပ်ခဲ့တာက တရုတ်မလေးတစ်ယောက် "

ရှောင်ကျန့်အံသြသွားတော့သည်... သူလုံးဝမထင်ထားခဲ့တာ ဟန်နာရဲ့ပုံစံက လုပ်ငန်းရှင်မိန်းခလေးပီပီသသရဲရင့်တယ် ဖြတ်လတ်တယ် ကျော့မော့လှပတယ် လုံးဝမထင်နိုင်စရာပဲလေ...

ဒါဆို ရိပေါ်နဲ့ကမဟုတ်ဘူးပေါ့...ဝိုး ရိပေါ်သူ့အနားကထွက်မသွားသေးဘူးပဲ ဒါပေမဲ့တနေ့နေ့မှာထွက်သွားခဲ့ရင်ရောငါဘယ်လိုလုပ်ရမလဲ သူငါ့အနားကထွက်သွားခဲ့ရင်... ငါ ... သေသွားနိုင်တယ်..

ရှောင်ကျန့် မျက်စိရှေ့မှာရှိနေတဲ့ ပုလင်းထဲရှိတာအကုန်မော့ချလိုက်တော့သည်....

....................................

ရှောင်ကျန့်ရုံးခန်းထဲစာရင်းတွေစစ်နေတုန်း ဖုန်းလာ၍ကိုင်လိုက်တော့... He peng

"ဟလို... ရှောင်ကျန့် "

"အင်း ပြော he peng "

"ဒီSunday ပြိုင်ပွဲရှိတယ် ငါတို့အသင်းနဲ့ W အသင်းနဲ့ အဲဒါမင်းလာခဲ့ပါလား "

"Sundayလား လောလောဆယ်တော့ ဘာမှမရှိသေးဘူး နီးမှအလုပ်ပေါ်လာရင်တော့ မပြောတတ်ဘူး မားရင်လာခဲ့ပါ့မယ် "

"အင်းပါ ယွိပင်းနဲ့ကျိုးချန်ကို ခေါ်ချင်ပေမဲ့ သူတို့က Wပရိတ်သတ်တွေ မင်းကတော့ငါ့ပရိတ်သတ်လုပ်မယ်မလား "

"ဒါပေါ့ ငါ့သူငယ်ချင်းပဲ ငါအားပေးမှာပေါ့ကွာ.. သူတို့ကိုလဲစိတ်မဆိုးပါနဲ့ "

"အင်းပါ..မင်းလာဖြစ်အောင်တော့လာခဲ့နော် ငါမင်းတို့အတွက် VIP လက်မှတ်လုပ်ထားပေးတယ် "

"အင်း..."

ရိပေါ်ရုံးခန်းထဲဝင်မလို့ရှိသေး ကြားလိုက်ရတဲ့စကားကြောင့် တံခါးလက်ကိုင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်မိသည်....

"အကိုရိပေါ် ဘာလိုအပ်လို့လဲ... "

"ဟမ် အော့... ဖန်ရှင်း "

"ဟုတ်ကဲ့ "

"sundayညသွားမဲ့ ဆွစ်ဇလန်ခရီးစဉ်ကို မနက်ဖြန်ညလက်မှတ်ဖြတ်ထား မင်းလိုက်ဖို့မလိုတော့ဘူး ရှောင်ကျန့်နဲ့သွားမယ် စနေနေ့မှ ငါအရေးကြီးခရီးထွက်ရလို့ မယှဥ်ပြိုင်နိုင်ကြောင်းပြောလိုက်... "

"Ok "

....................

"ဟမ်...အခုချက်ခြင်းကြီးလား"

"အင်းလေ... "

"ဝမ်ရိပေါ် နိုင်ငံခြားခရီးသွားတဲ့ကိစ္စ တစ်ရက်လောက်ကြိုပြောလို့မရဘူးလား မင်းဟာက ၆နာရီလေယာဉ်ကို ၅နာရီခွဲမှပြောတယ်"

"ရှောင်ကျန့်ရာ နားညီးလိုက်တာ အခုရုံးကနေလေယာဉ်ကွင်းကိုတန်းသွားမယ် ၅မိနစ်အချိန်ရတယ် စာရွက်စာတန်းတွေအကုန် ဖန်ရှင်းပြင်ထားပီးသား "

"ငါအသုံးဆောင်တွေကရော.. "

"ဖန်ရှင်းကိုယူခိုင်းထားတယ် Passport ပါရင်ပီးနေတဲ့ဟာကို "

"ပြီးတာပဲ ဟိုရောက်မှ ဟိုဟာမပါရမလား ဒီဟာမပါရမလား ပြောကြည့်တရုတ်ပြန်ရောက်လာအောင် ကန်ပြစ်မယ် "

"ဟားဟား ဟားဟား "

ဒီခရီးစဉ်လေးက ရယ်မောခြင်းတွေနဲ့အတူ သူတို့၂ယောက်ရဲ့ပထမဦးဆုံးခရီးစဉ်လေးပင်...

.........................
နာရီအားဖြင့် ၁၀နာရီကျော်လောက်လာရတဲ့ဒီခရီးက တော်ယုံတော့မဟုတ်...ဆောင်းဦးရာသီဖြစ်လို့ ဆွစ်ဇလန်ကိုရောက်တာနဲ့ အေးစိမ့်စိမ့်ရာသီဥတုကိုခံစားလိုက်ရသည်...

"ရိပေါ် အရမ်းနေလို့ကောင်းတယ်နော် "

"အင်း. "

လေဆိပ်မှာကြိုတင်ချိတ်ထားတဲ့Hotelကကားလာကြိုပေးသည်...လိုချင်သည့်Familyခန်းကို ဘိုကင်လုပ်ထားတာကြောင့် ချောချောမွေ့မွေ့ပင်...

"အား...နေလို့ကောင်းလိုက်တာ "

အခန်းထဲရောက်တာနဲ့ အိပ်ယာပေါ်မှာ ကလေးတစ်ယောက်လို လှိမ့်နေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး ရိပေါ်ပြုံးလိုက်မိသည်....

"ရှောင်ကျန့် ငါရေချိုးလိုက်ဦးမယ် ပြီးရင်မင်းချိုး နေ့လည်စာသွားစားကြမယ် "

''ပြီးရော သွားချိုး ''

ရိပေါ်ရေချိုးခန်းထဲဝင်သွားတာနဲ့ ရှောင်ကျန့် Laptopထုတ်ကာ networkချိတ်လိုက်သည်..
သူ့သူငယ်ချင်း၂ယောက်ကိုမပြောခဲ့ရဘူးလေ သိရောသိပြီးပြီလားမသိဘူး...

လိုင်းဖွင့်တာနဲ့ အကောင့်ထဲဝင်လိုက်တော့ မီးစိမ်းနေဆဲမလို့...Group chat ထဲဝင်လိုက်တာ

"ဟေ့ကောင်တွေ..မနက်အစောကြီးဘာထလုပ်ကြတာလဲ"
ဒီမှာကနေ့လည်ရောက်နေပေမဲ့ ကွာခြားနေတဲ့စံတော်ချိန်အရ တရုတ်မှာမနက်၅နာရီကျော်ပဲရှိဦးမည်...

"ဒီနေ့က ပိတ်ရက်လေ ဘေးဘေ ငါနဲ့ကျိုးချန် ညလုံးပေါက်ဂိမ်းဆော့နေတာ မင်းကရော မနက်အစောကြီးဘာထလုပ် ''

ယွိပင်းစကားအရ သူတို့မသိသေးဘူးပေါ့...

ရှောင်ကျန့် အိပ်ယာပေါ်တက်ကာစောင်ထဲဝင်ပြီး အခုမှထပုံစံနဲ့ Vdo call ခေါ်လိုက်သည်...

laptop မျက်နှာပြင်မှာ ဟို၂ကောင်ရုပ်ကြီးပေါ်လာတာနဲ့...
"ငါမင်းတို့ကိုသတိရလို့ ငါအိမ်မက်မက်တယ် "

"ဘာမက်လဲ "

"ငါ့အိမ်မက်ထဲမှာ ငါကလေ ဒီလိုလှပတဲ့ ဆွစ်ဇလန်ကြီးကိုရောက်နေပြီး မင်းတို့ကဂိမ်းဆော့လို့မျက်ကွင်းညိုတဲ့မျက်နှာနဲ့ ငါ့ကိုပြူးကြည့်နေကြတယ်တဲ့လေ...

ရှောင်ကျန့်ကုတင်ခေါင်းရင်း လိုက်ကာကြီးကိုဖွင့်ပြီး ရှုခင်းကိုပြကာပြောလိုက်သည်မို့ သူပြောသလိုပဲ ၂ယောက်သား အံ့သြကာပြူးကြည့်နေကြတော့သည်...

"ရှောင်ကျန့် သူတောင်းစား ဘယ်တုန်းကရောက်သွားတာတုန်း အဲဒါကြောင့်ကျိုးချန်ကိုတောင်ပြောနေတာ ရှောင်ကျန့်ပျောက်ချက်သားကောင်းနေတယ်လို့ "

"ဟားဟား. မနေ့ကရုတ်တရက်ကြီးလေဆိပ်ဆင်းဖို့မိနစ်အလိုမှသိရတာ..."

"အဲဒါကိုဖုန်းတချက်မဆက်ဘူး ယွိပင်းငါတို့သူပြန်လာရင်နှိပ်ဆက်ရမယ် မှတ်ထား "

"ဆက်ချိန်ကိုမရလိုက်ဘူး "

"သာယာနေတယ်ပေါ့...ဒါနဲ့ရှောင်ကျန့် Switရဲ့အလှပတွေနဲ့ မင်းနဲ့ရိပေါ်နဲ့ အဟိ..အရမ်းတွေ Roမှာသိလား"

"ခွေးကောင် ကျိုးချန် ဒါပဲတွေးနေ တော်ပီးဒါပဲ ရိပေါ်ရေချိုးပြီးလောက်ပြီထွက်လာတော့မယ် "

"အေးပါကွာ.." "ok"

....................
ရိပေါ်နဲ့ ရှောင်ကျန့် နေ့လည်စာစားဖို့ ဟိုတယ်ကြီးရဲ့စားသောက်ဆိုင်ကိုဆင်းလာတော့သည်....

ရှုခင်းကောင်းတဲ့တနေရာမှထိုင်ပြီး အစားသောက်များမှာကာ စောင့်နေတုန်း....

"Hello ဒီက ရှောင်ကျန့်မဟုတ်လား"

ရုတ်တရက်ကောင်မလေးတစ်ယောက်နှုတ်ဆက်၍ ကြည့်လိုက်တော့...
"အိုး...Lily ဟုတ်တယ်မလား "

"ဟုတ်တာပေါ့ မှတ်မိနေတယ်ပေါ့ ယူ့ကို ဒီမှာတွေ့ရလိမ့်မယ်လို့မထင်ထားဘူး "

"အတူတူပဲ... "

လီလီဆိုတာ ကနေဒါမှာတုန်းကသူ့ကိုကြံခဲ့တဲ့သူတွေထဲကတယောက်ပေါ့.. လှပတယ်.ထက်မြတ်တယ်.ယောကျ်ားလေးတွေကိုမြူစွယ်တဲ့နေရာမှာဂုဏ်ထူးထွက်တယ်.သူကြံရင်သူ့လက်ကလွတ်တဲ့သူ ရှာမှရှား.ရှောင်ကျန့်အပါပေါ့...

အခုသူ့အကြည့်တွေက ဝမ်ရိပေါ်ဆိုတဲ့သူ့အမျိုးသားလေးဆီမှာ...

လီလီ မင်းဘာတွေကြံနေတာလဲ....

ရှောင်ကျန့်တွေးနေတုန်း..
"ဒီက..."

"အော့ ရိပေါ်ပါ ရှောင်ကျန့်ရဲ့ညီ...."

*ညီ... ညီတဲ့လားဝမ်လေးရာ *

"အိုး  ရှောင်ကျန့်မှာညီရှိတာ အိုင်မသိခဲ့ဘူး တွေ့ရတာဝမ်းသာပါတယ်နော် အိုင်ကရှောင်ကျန့်ရဲ့ Fri lilyပါ "

"တွေ့ရတာဝမ်းသာပါတယ်"

*ငါတော့ဝမ်းမသာဘူး ဝမ်လေး ငါရှောင်ထွက်နိုင်တဲ့ကျော့ကွင်းကို မင်းမိသွားတာလား ဒါမှမဟုတ် မင်းကိုယ်တိုင် ကျော့ကွင်းတခုဖန်တီးနေတာလား *

"လီလီ နေ့လည်စာစားပြီးသွားပီလား မစားရသေးရင် တခါတည်းတူတူစားလိုက်ပါလား "

"အဲလိုရလား.. "

"ရတာပေါ့...ရတယ်မလား ရှောင်ကျန့်..."

"အင်း..."

*Plz ကျန့်ကော...ဘယ်လိုခံစားရလဲဆိုတာ ငါစမ်းသပ်ပါရစေ အကယ်၍များ သဝန်တိုတဲ့အရိပ်ယောင်တွေ့ခဲ့ရင် ကျန့်ကောကိုဖွင့်ပြောပြီးအပိုင်သိမ်းချင်လို့ပါ *

ရိပေါ်နဲ့လီလီ အပြန်လှန်စကားပြောနေကြဆဲ ရှောင်ကျန့်ကိုကြည့်လိုက်တော့ တည်ငြိမ်တဲ့မျက်နှာထားနဲ့ အစားကိုသာအာရုံစိုက်နေတော့သည်....

...................................
၁၇.၇.၂၀၂၁

ဒါဒါတွေဂရုစိုက်ကြပါနော်အပြင်ထွက်ရင်maskတပ်ပါ😷...ခုတလော ကျန့်ကောနဲ့တိတိသတင်းတွေကြောင့် ခံစားချက်ကမကောင်းဘူး🤧

Zawgyi
"ဟား...ေဟ့ေကာင္ ေရွာင္က်န့္ ဘယ္လိုျဖစ္လို႔ပုလင္းလိုက္ေမာ့ေနတာလဲ ဒုကၡပဲကြာ ယြိပင္းတားဦးေလ ဘာျဖစ္တာလဲဆိုေတာ့လဲမေျပာဘူး..."

ခြက္နဲ႕တစ္ခြက္ၿပီးတစ္ခြက္ေသာက္တာ အားမရတဲ့အဆုံး ပုလင္းလိုက္ေကာက္ေမာ့ေတာ့ က်ိဳးခ်န္ရဲ႕ဆူဆူပူပူအသံထြက္လို႔လာသည္...ဒီေလာက္အရည္ေတြေသာက္တာေတာင္ ရင္ထဲကအလုံးႀကီးကက်မသြားဘူး....

"လႊတ္ထားလိုက္ပါကြာ သူေျပာခ်င္တဲ့အခ်ိန္ တားလို႔ေတာင္ရလို႔ တာက်ိဳးသလို ဒလေဟာလႊတ္တာသိသားနဲ႕"

"ယြိပင္း...မင္းသိလား ဒီေကာင္က်ိဳးခ်န္ေလ "

"အင္း က်ိဳးခ်န္ဘာျဖစ္လဲ "

"အီး ဟီး....က်ိဳးခ်န္ကေယာက်္ားခ်င္းႀကိဳက္ေနတာတဲ့ ႐ႊတ္..."

ေျပာလဲေျပာ ငိုလဲငို...အဲဒါပဲ သန္မာခ်င္တဲ့အေယာင္ေဆာင္ေရွာင္က်န့္ဆိုတာ အရက္မူးရင္အကုန္ေပၚတာ ေတာ္ေသးတယ္ေတာ္႐ုံမမူးတတ္တဲ့သူမလို႔ အခုေတာ္ေတာ္ေရခ်ိန္ကိုက္တဲ့သေဘာေပါ့....

"သိတယ္ေလ အဲဒါဘာျဖစ္လဲ "

"သိတယ္ မင္းသိေနတယ္... မာမားေရ ယြိပင္းကသိေနတယ္တဲ့ ဟင့္ဟင့္.. သားကိုမေျပာဘူး ေတာ္ပီမင္းနဲ႕စကားမေျပာေတာ့ဘူး "

"က်ိဳးခ်န္မင္းသိလား..."

"အမ္..ဘာကိုလဲ "

"အဲေကာင္ယြိပင္းကေလ ငါ့ေယာက်္ားရဲ႕လက္ေထာက္ကိုႀကိဳက္ေနတာတဲ့ေလ "

"ေအး...သိတယ္ေလ "

ယြိပင္းေရွာင္က်န့္႐ုံးခန္းဆီ ေခ်ာင္းေပါက္မတတ္လာေတာ့ မရရေအာင္ေမးရင္သိသြားခဲ့တာပင္...

"အီး...ဟီးဟီး မင္းလဲသိျပန္ပီလား ပါပါးေရ သားကိုမေျပာက်ဘဴး မင္းကိုလဲစကားမေျပာေတာ့ဘူး ဟင့္...႐ႊတ္..."

"ဟာ..ေရွာင္က်န့္ ငါတို႔၃ေယာက္စလုံး တစ္ေယာက္အေၾကာင္းတစ္ေယာက္ဖုံးကြယ္ထားတာမွမရွိတာ သိတာေပါ့ကြ "

"ဟင့္..ဟုတ္တယ္ေနာ္ "

ငိုေနရင္းကေန႐ုတ္တရက္ႀကီး အသံတိတ္သြားကာ တည္ၿငိမ္သြားတဲ့ေရွာင္က်န့္ကို ၂ေယာက္သားဘာလုပ္မလဲေစာင့္ၾကည့္ေနလိုက္သည္...

"ဒီေန႕ေလ..."

"အင္းေျပာ ဘာျဖစ္လဲ"

" ဒီေန႕ငါ စာခ်ဳပ္တခုလက္မွတ္ထိုးခဲ့တယ္ ငါေအာင္ျမင္ေအာင္လုပ္ရမယ္ "

"အင္း."

"ရိေပၚ ကအဲ့ေကာင္မေလးနဲ႕ ရယ္ၿပီးစကားေျပာေနတာ ငါ့ရင္ေတြနာလိုက္တာ..."

"အမ္ ရိေပၚကလား ဘယ္သူနဲ႕လဲ "

"ကိုရီယားကုမၸဏီက Mrs.ဟန္နာနဲ႕ အရင္ထဲကအသိေတြထင္တယ္ စကားေတြေျပာတာမ်ား ရိေပၚမဟုတ္ဘူးလို႔ေတာင္ထင္ရတယ္ သူတို႔၂ေယာက္တခုခုမ်ားပတ္သက္ေနလားမသိဘူး..."

"ေနဦး Mrs.ဟန္နာ...Villaေဆာက္မဲ့ ကုမၸဏီက ဟန္နာလား "

"အင္း "

"သူေတာင္စားေလး..မစုံစမ္းဘူး မေလ့လာဘူး ဟန္နာကလက္ထပ္ၿပီးသားေလ ယြိပင္းေျပာျပလိုက္ "

"ဟုတ္တယ္ေရွာင္က်န့္ ဟန္နာကလက္ထပ္ၿပီးသား ၿပီးေတာ့သူလက္ထပ္ခဲ့တာက တ႐ုတ္မေလးတစ္ေယာက္ "

ေရွာင္က်န့္အံၾသသြားေတာ့သည္... သူလုံးဝမထင္ထားခဲ့တာ ဟန္နာရဲ႕ပုံစံက လုပ္ငန္းရွင္မိန္းခေလးပီပီသသရဲရင့္တယ္ ျဖတ္လတ္တယ္ ေက်ာ့ေမာ့လွပတယ္ လုံးဝမထင္နိုင္စရာပဲေလ...

ဒါဆို ရိေပၚနဲ႕ကမဟုတ္ဘူးေပါ့...ဝိုး ရိေပၚသူ႕အနားကထြက္မသြားေသးဘူးပဲ ဒါေပမဲ့တေန႕ေန႕မွာထြက္သြားခဲ့ရင္ေရာငါဘယ္လိုလုပ္ရမလဲ သူငါ့အနားကထြက္သြားခဲ့ရင္... ငါ ... ေသသြားနိုင္တယ္..

ေရွာင္က်န့္ မ်က္စိေရွ႕မွာရွိေနတဲ့ ပုလင္းထဲရွိတာအကုန္ေမာ့ခ်လိဳက္ေတာ့သည္....

....................................

ေရွာင္က်န့္႐ုံးခန္းထဲစာရင္းေတြစစ္ေနတုန္း ဖုန္းလာ၍ကိုင္လိုက္ေတာ့... He peng

"ဟလို... ေရွာင္က်န့္ "

"အင္း ေျပာ he peng "

"ဒီSunday ၿပိဳင္ပြဲရွိတယ္ ငါတို႔အသင္းနဲ႕ W အသင္းနဲ႕ အဲဒါမင္းလာခဲ့ပါလား "

"Sundayလား ေလာေလာဆယ္ေတာ့ ဘာမွမရွိေသးဘူး နီးမွအလုပ္ေပၚလာရင္ေတာ့ မေျပာတတ္ဘူး မားရင္လာခဲ့ပါ့မယ္ "

"အင္းပါ ယြိပင္းနဲ႕က်ိဳးခ်န္ကို ေခၚခ်င္ေပမဲ့ သူတို႔က Wပရိတ္သတ္ေတြ မင္းကေတာ့ငါ့ပရိတ္သတ္လုပ္မယ္မလား "

"ဒါေပါ့ ငါ့သူငယ္ခ်င္းပဲ ငါအားေပးမွာေပါ့ကြာ.. သူတို႔ကိုလဲစိတ္မဆိုးပါနဲ႕ "

"အင္းပါ..မင္းလာျဖစ္ေအာင္ေတာ့လာခဲ့ေနာ္ ငါမင္းတို႔အတြက္ VIP လက္မွတ္လုပ္ထားေပးတယ္ "

"အင္း..."

ရိေပၚ႐ုံးခန္းထဲဝင္မလို႔ရွိေသး ၾကားလိုက္ရတဲ့စကားေၾကာင့္ တံခါးလက္ကိုင္ကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္မိသည္....

"အကိုရိေပၚ ဘာလိုအပ္လို႔လဲ... "

"ဟမ္ ေအာ့... ဖန္ရွင္း "

"ဟုတ္ကဲ့ "

"sundayညသြားမဲ့ ဆြစ္ဇလန္ခရီးစဥ္ကို မနက္ျဖန္ညလက္မွတ္ျဖတ္ထား မင္းလိုက္ဖို႔မလိုေတာ့ဘူး ေရွာင္က်န့္နဲ႕သြားမယ္ စေနေန႕မွ ငါအေရးႀကီးခရီးထြက္ရလို႔ မယွဥ္ၿပိဳင္နိုင္ေၾကာင္းေျပာလိုက္... "

"Ok "

....................

"ဟမ္...အခုခ်က္ျခင္းႀကီးလား"

"အင္းေလ... "

"ဝမ္ရိေပၚ နိုင္ငံျခားခရီးသြားတဲ့ကိစၥ တစ္ရက္ေလာက္ႀကိဳေျပာလို႔မရဘူးလား မင္းဟာက ၆နာရီေလယာဥ္ကို ၅နာရီခြဲမွေျပာတယ္"

"ေရွာင္က်န့္ရာ နားညီးလိုက္တာ အခု႐ုံးကေနေလယာဥ္ကြင္းကိုတန္းသြားမယ္ ၅မိနစ္အခ်ိန္ရတယ္ စာ႐ြက္စာတန္းေတြအကုန္ ဖန္ရွင္းျပင္ထားပီးသား "

"ငါအသုံးေဆာင္ေတြကေရာ.. "

"ဖန္ရွင္းကိုယူခိုင္းထားတယ္ Passport ပါရင္ပီးေနတဲ့ဟာကို "

"ၿပီးတာပဲ ဟိုေရာက္မွ ဟိုဟာမပါရမလား ဒီဟာမပါရမလား ေျပာၾကည့္တ႐ုတ္ျပန္ေရာက္လာေအာင္ ကန္ျပစ္မယ္ "

"ဟားဟား ဟားဟား "

ဒီခရီးစဥ္ေလးက ရယ္ေမာျခင္းေတြနဲ႕အတူ သူတို႔၂ေယာက္ရဲ႕ပထမဦးဆုံးခရီးစဥ္ေလးပင္...

.........................
နာရီအားျဖင့္ ၁၀နာရီေက်ာ္ေလာက္လာရတဲ့ဒီခရီးက ေတာ္ယုံေတာ့မဟုတ္...ေဆာင္းဦးရာသီျဖစ္လို႔ ဆြစ္ဇလန္ကိုေရာက္တာနဲ႕ ေအးစိမ့္စိမ့္ရာသီဥတုကိုခံစားလိုက္ရသည္...

"ရိေပၚ အရမ္းေနလို႔ေကာင္းတယ္ေနာ္ "

"အင္း. "

ေလဆိပ္မွာႀကိဳတင္ခ်ိတ္ထားတဲ့Hotelကကားလာႀကိဳေပးသည္...လိုခ်င္သည့္Familyခန္းကို ဘိုကင္လုပ္ထားတာေၾကာင့္ ေခ်ာေခ်ာေမြ႕ေမြ႕ပင္...

"အား...ေနလို႔ေကာင္းလိုက္တာ "

အခန္းထဲေရာက္တာနဲ႕ အိပ္ယာေပၚမွာ ကေလးတစ္ေယာက္လို လွိမ့္ေနတဲ့ ေရွာင္က်န့္ကိုၾကည့္ၿပီး ရိေပၚၿပဳံးလိုက္မိသည္....

"ေရွာင္က်န့္ ငါေရခ်ိဳးလိုက္ဦးမယ္ ၿပီးရင္မင္းခ်ိဳး ေန႕လည္စာသြားစားၾကမယ္ "

''ၿပီးေရာ သြားခ်ိဳး ''

ရိေပၚေရခ်ိဳးခန္းထဲဝင္သြားတာနဲ႕ ေရွာင္က်န့္ Laptopထုတ္ကာ networkခ်ိတ္လိုက္သည္..
သူ႕သူငယ္ခ်င္း၂ေယာက္ကိုမေျပာခဲ့ရဘူးေလ သိေရာသိၿပီးၿပီလားမသိဘူး...

လိုင္းဖြင့္တာနဲ႕ အေကာင့္ထဲဝင္လိုက္ေတာ့ မီးစိမ္းေနဆဲမလို႔...Group chat ထဲဝင္လိုက္တာ

"ေဟ့ေကာင္ေတြ..မနက္အေစာႀကီးဘာထလုပ္ၾကတာလဲ"
ဒီမွာကေန႕လည္ေရာက္ေနေပမဲ့ ကြာျခားေနတဲ့စံေတာ္ခ်ိန္အရ တ႐ုတ္မွာမနက္၅နာရီေက်ာ္ပဲရွိဦးမည္...

"ဒီေန႕က ပိတ္ရက္ေလ ေဘးေဘ ငါနဲ႕က်ိဳးခ်န္ ညလုံးေပါက္ဂိမ္းေဆာ့ေနတာ မင္းကေရာ မနက္အေစာႀကီးဘာထလုပ္ ''

ယြိပင္းစကားအရ သူတို႔မသိေသးဘူးေပါ့...

ေရွာင္က်န့္ အိပ္ယာေပၚတက္ကာေစာင္ထဲဝင္ၿပီး အခုမွထပုံစံနဲ႕ Vdo call ေခၚလိုက္သည္...

laptop မ်က္ႏွာျပင္မွာ ဟို၂ေကာင္႐ုပ္ႀကီးေပၚလာတာနဲ႕...
"ငါမင္းတို႔ကိုသတိရလို႔ ငါအိမ္မက္မက္တယ္ "

"ဘာမက္လဲ "

"ငါ့အိမ္မက္ထဲမွာ ငါကေလ ဒီလိုလွပတဲ့ ဆြစ္ဇလန္ႀကီးကိုေရာက္ေနၿပီး မင္းတို႔ကဂိမ္းေဆာ့လို႔မ်က္ကြင္းညိုတဲ့မ်က္ႏွာနဲ႕ ငါ့ကိုျပဴးၾကည့္ေနၾကတယ္တဲ့ေလ...

ေရွာင္က်န့္ကုတင္ေခါင္းရင္း လိုက္ကာႀကီးကိုဖြင့္ၿပီး ရႈခင္းကိုျပကာေျပာလိုက္သည္မို႔ သူေျပာသလိုပဲ ၂ေယာက္သား အံ့ၾသကာျပဴးၾကည့္ေနၾကေတာ့သည္...

"ေရွာင္က်န့္ သူေတာင္းစား ဘယ္တုန္းကေရာက္သြားတာတုန္း အဲဒါေၾကာင့္က်ိဳးခ်န္ကိုေတာင္ေျပာေနတာ ေရွာင္က်န့္ေပ်ာက္ခ်က္သားေကာင္းေနတယ္လို႔ "

"ဟားဟား. မေန႕က႐ုတ္တရက္ႀကီးေလဆိပ္ဆင္းဖို႔မိနစ္အလိုမွသိရတာ..."

"အဲဒါကိုဖုန္းတခ်က္မဆက္ဘူး ယြိပင္းငါတို႔သူျပန္လာရင္ႏွိပ္ဆက္ရမယ္ မွတ္ထား "

"ဆက္ခ်ိန္ကိုမရလိုက္ဘူး "

"သာယာေနတယ္ေပါ့...ဒါနဲ႕ေရွာင္က်န့္ Switရဲ႕အလွပေတြနဲ႕ မင္းနဲ႕ရိေပၚနဲ႕ အဟိ..အရမ္းေတြ Roမွာသိလား"

"ေခြးေကာင္ က်ိဳးခ်န္ ဒါပဲေတြးေန ေတာ္ပီးဒါပဲ ရိေပၚေရခ်ိဳးၿပီးေလာက္ၿပီထြက္လာေတာ့မယ္ "

"ေအးပါကြာ.." "ok"

....................
ရိေပၚနဲ႕ ေရွာင္က်န့္ ေန႕လည္စာစားဖို႔ ဟိုတယ္ႀကီးရဲ႕စားေသာက္ဆိုင္ကိုဆင္းလာေတာ့သည္....

ရႈခင္းေကာင္းတဲ့တေနရာမွထိုင္ၿပီး အစားေသာက္မ်ားမွာကာ ေစာင့္ေနတုန္း....

"Hello ဒီက ေရွာင္က်န့္မဟုတ္လား"

႐ုတ္တရက္ေကာင္မေလးတစ္ေယာက္ႏႈတ္ဆက္၍ ၾကည့္လိုက္ေတာ့...
"အိုး...Lily ဟုတ္တယ္မလား "

"ဟုတ္တာေပါ့ မွတ္မိေနတယ္ေပါ့ ယူ႕ကို ဒီမွာေတြ႕ရလိမ့္မယ္လို႔မထင္ထားဘူး "

"အတူတူပဲ... "

လီလီဆိုတာ ကေနဒါမွာတုန္းကသူ႕ကိုႀကံခဲ့တဲ့သူေတြထဲကတေယာက္ေပါ့.. လွပတယ္.ထက္ျမတ္တယ္.ေယာက်္ားေလးေတြကိုျမဴစြယ္တဲ့ေနရာမွာဂုဏ္ထူးထြက္တယ္.သူႀကံရင္သူ႕လက္ကလြတ္တဲ့သူ ရွာမွရွား.ေရွာင္က်န့္အပါေပါ့...

အခုသူ႕အၾကည့္ေတြက ဝမ္ရိေပၚဆိုတဲ့သူ႕အမ်ိဳးသားေလးဆီမွာ...

လီလီ မင္းဘာေတြႀကံေနတာလဲ....

ေရွာင္က်န့္ေတြးေနတုန္း..
"ဒီက..."

"ေအာ့ ရိေပၚပါ ေရွာင္က်န့္ရဲ႕ညီ...."

*ညီ... ညီတဲ့လားဝမ္ေလးရာ *

"အိုး ေရွာင္က်န့္မွာညီရွိတာ အိုင္မသိခဲ့ဘူး ေတြ႕ရတာဝမ္းသာပါတယ္ေနာ္ အိုင္ကေရွာင္က်န့္ရဲ႕ Fri lilyပါ "

"ေတြ႕ရတာဝမ္းသာပါတယ္"

*ငါေတာ့ဝမ္းမသာဘူး ဝမ္ေလး ငါေရွာင္ထြက္နိုင္တဲ့ေက်ာ့ကြင္းကို မင္းမိသြားတာလား ဒါမွမဟုတ္ မင္းကိုယ္တိုင္ ေက်ာ့ကြင္းတခုဖန္တီးေနတာလား *

"လီလီ ေန႕လည္စာစားၿပီးသြားပီလား မစားရေသးရင္ တခါတည္းတူတူစားလိုက္ပါလား "

"အဲလိုရလား.. "

"ရတာေပါ့...ရတယ္မလား ေရွာင္က်န့္..."

"အင္း..."

*Plz က်န့္ေကာ...ဘယ္လိုခံစားရလဲဆိုတာ ငါစမ္းသပ္ပါရေစ အကယ္၍မ်ား သဝန္တိုတဲ့အရိပ္ေယာင္ေတြ႕ခဲ့ရင္ က်န့္ေကာကိုဖြင့္ေျပာၿပီးအပိုင္သိမ္းခ်င္လို႔ပါ *

ရိေပၚနဲ႕လီလီ အျပန္လွန္စကားေျပာေနၾကဆဲ ေရွာင္က်န့္ကိုၾကည့္လိုက္ေတာ့ တည္ၿငိမ္တဲ့မ်က္ႏွာထားနဲ႕ အစားကိုသာအာ႐ုံစိုက္ေနေတာ့သည္....

...................................
၁၇.၇.၂၀၂၁

ဒါဒါေတြဂ႐ုစိုက္ၾကပါေနာ္အျပင္ထြက္ရင္maskတပ္ပါ😷...ခုတေလာ က်န့္ေကာနဲ႕တိတိသတင္းေတြေၾကာင့္ ခံစားခ်က္ကမေကာင္းဘူး

Continue Reading

You'll Also Like

14.5K 525 27
စည်း? ဒါဟာခင်ဗျားနားမကပ်နိုင်အောင်ကံကြမ္မာကဖန်ဆင်းထားတဲ့ကြိုးတစ်ခုသာသာပဲ
795K 29.4K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
298K 14.6K 94
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
214K 9.6K 59
Orm Kornnaphat's feelings for Lingling Sirilak have undergone a transformation over time. Initially, at the age of 11, Orm held an unromantic, platon...