အပိုင္း ၈
Zawgyi
Taxi ေတာင္ ေကာင္းေကာင္းမရပ္ရေသးခင္ ခ်ီ႐ႈိ႕ယြမ္ ခရီးသည္ခံုေပၚ ပိုက္ဆံ အထပ္လိုက္ ပစ္တင္လိုက္ၿပီး ကားထဲက တဟုန္ထိုးေျပးထြက္သြားတယ္။
က်င္းတင္ရဲ႕ဝင္ေပါက္မွာ မီးအျပင္အဆင္ကို အေသးစိတ္အလွဆင္ ထားၿပီး ျမင္သူတကာရဲ႕ အာရံုကိုညႇဳိ႕ငင္ဖမ္းစားတယ္။ ခ်ီ႐ႈိ႕ယြမ္ အသက္ကို ခပ္ျပင္းျပင္း ႐ႈသြင္းလိုက္ၿပီး ကိုယ္ေနဟန္ထားကို အေကာင္းဆံုးျပင္ကာ အထဲကို ဝင္လိုက္တယ္။
" မဂၤလာပါ႐ွင္။ အသင္းဝင္ကဒ္ေလး တစ္ခ်က္ေလာက္ျပပါ။ "
သာယာနာေပ်ာ္ဖြယ္ ညိွဳ႕ဓာတ္ပါတဲ့ အသံေလးနဲ႔ ဧည့္ႀကိဳလွလွေလးက ေျပာတယ္။
" ကြၽန္ေတာ္ အသင္းဝင္ကဒ္အသစ္ လုပ္ခ်င္လို႔ပါ။ "
ခ်ီ႐ႈိ႕ယြမ္ ျပန္ေျဖလိုက္တယ္။
" အသင္းဝင္ဖို႔ ႀကိဳဆိုပါတယ္႐ွင္။ ႏွစ္စဥ္ေၾကးက ယြမ္႐ွစ္သိန္းပါ။ ထပ္ေပးရမယ့္ အသင္းဝင္ေၾကးကေတာ့ ယြမ္႐ွစ္ေသာင္းပါ။ ကဒ္လုပ္ဖို႔အတြက္ ဒီဘက္ကိုႂကြေပးပါ။ "
ဧည့္ႀကိဳမိန္းကေလးက အေ႐ွ႕က ေကာင္တာဆီ ေအးေအးေဆးေဆးေလ်ွာက္သြားတယ္။ ခ်ီ႐ႈိ႕ယြမ္လည္း သူ႔ေနာက္လိုက္သြားရင္း ဘယ္လို ေ႐ွာင္ထြက္ၿပီး အထဲဝင္ရမလဲ ေတြးေတာေနတယ္။ အဲ့ဒီအခ်ိန္မွာပဲ သူသိတဲ့လူတစ္ေယာက္ကို ေတြ႔လိုက္တယ္။
သူ႔နာမည္က ဘာပါလိမ့္။ သူမွတ္မိေအာင္ ခက္ခက္ခဲခဲ စဥ္းစားလိုက္ရတယ္။
" လင္းက်ီ "
လူေကာင္ထြားထြားနဲ႔လူက လွည့္ၾကည့္ၿပီး သူ႔ဆီေလ်ွာက္လာတယ္။
" လူမွားတယ္ထင္လို႔၊ တကယ္ပဲ မင္းကို။ "
ခ်ီ႐ႈိ႕ယြမ္ ရင္းရင္းႏွီးႏွီး ျပံဳးျပရင္းေျပာတယ္။
လင္းက်ီကေတာ့ ဘာေျပာရမွန္းမသိ ျဖစ္ေနတယ္။
" မင္းဒီမွာ႐ွိေနတာ တကယ္ေကာင္းတယ္။ "
ခ်ီ႐ႈိ႕ယြမ္ သူ႔ပုခံုးကို လပ္ျပင္းျပင္း ပုတ္လိုက္တယ္။
" ငါ့ အသင္းဝင္ကဒ္ က်န္ခဲ့လို႔ အထဲဘယ္လိုဝင္ရမလဲ စိုးရိမ္ေနတာ။ "
လင္းက်ီ အခုထိဘာေျပာရမွန္း မသိေသး။
" ဒီလိုလုပ္ကြာ။ "
ခ်ီ႐ႈိ႕ယြမ္ သူ႔လက္ကို လင္းက်ီ ပုခံုးေပၚတင္လိုက္တယ္။
" ငါ့ကို မင္းနဲ႔အတူ အထဲေခၚေပး။ "
သူ႔လက္ကို ရုတ္တရက္ ပုတ္ထုတ္ခံလိုက္ရတယ္။ ခ်ီ႐ႈိ႕ယြမ္ သူ႔ပုခံုး နာသြားလို႔ ပြတ္လိုက္တယ္။
သူ႔ကို မေက်မနပ္စိုက္ၾကည့္ေနတဲ့ လူထြားေကာင္ကို ခ်ီ႐ႈိ႕ယြမ္ျကည့္လိုက္တယ္။
" အခုမွ ခင္ဗ်ားကို မွတ္မိတယ္။ ဒီမွာ လီေကာကို လာ႐ွာတာလား။ "
" ေ႐ွာင္းလီကို လာ႐ွာတယ္? "
ဒီတစ္ခါ ဆြ႔ံအသြားရသူက ခ်ီ႐ႈိ႕ယြမ္ျဖစ္တယ္။
လင္းက်ီ အခ်က္ျပလိုက္တာနဲ႔ လူႏွစ္ေယာက္ ေရာက္လာၿပီး ခ်ီ႐ႈိ႕ယြမ္ကို က်င္းတင္ရဲ႕ အျပင္ဘက္ကို ဆြဲေခၚသြားတယ္။
လင္းက်ီက ရန္လိုတဲ့အၾကည့္နဲ႔ၾကည့္ရင္း သူတို႔ေနာက္က လိုက္လာၿပီး သူ႔ရဲ႕ ခက္ထန္တဲ့ ေလသံနဲ႔ တမင္ေျပာလိုက္တယ္။
" ခင္ဗ်ားက ေက်ာင္းမွာစာပဲသင္တာ။ ဒီလို အဆင့္ျမင့္ club ကိုလာဖို႔ ပိုက္ဆံ ဘယ္က႐ွိမွာလဲ။ လီေကာရဲ႕ ပိုင္နက္ထဲလာၿပီး လီေကာကို ျပႆနာလာ႐ွာတာပဲေနမွာ။ ေဟ့လူ၊ ခင္ဗ်ားကို သတိေပးလိုက္မယ္။ လီေကာနဲ႔ ေ႐ွာင္းယန္က ေဆြခန္းမ်ိဳးခန္း ျဖတ္ၿပီးၿပီ။ ခင္ဗ်ား လိုခ်င္တာ႐ွိရင္ ကိုယ့္ဟာကို ေ႐ွာင္းယန္ကို သြား႐ွာ။ ခင္ဗ်ားကို ထပ္ေတြ႔ရင္ ေတြ႔တာနဲ႔ ႐ိုက္သတ္ပစ္မယ္။ ...
သြားၾကစို႔။ "
ခ်ီ႐ႈိ႕ယြမ္ကိုကိုင္ထားတဲ့လူႏွစ္ေယာက္က သူ႔ကို ေျမျပင္ေပၚ ေဆာင့္တြန္းၿပီး လင္းက်ီ ေနာက္ကေန က်င္းတင္ထဲဝင္သြားတယ္။
" ေ႐ွာင္းလီ ပိုင္နက္...... "
ခ်ီ႐ႈိ႕ယြမ္တတြတ္တြတ္ေရရြတ္ရင္း စိတ္႐ႈပ္ေထြးေနတဲ့ အမူအရာနဲ႔ ေျမျပင္ေပၚကေန အားယူၿပီး ထလိုက္တယ္။ သူဖုန္းကို ျမန္ျမန္ထုတ္လိုက္ၿပီး contact list ထဲက ေ႐ွာင္းလီရဲ႕ဖုန္းနံပါတ္ကို ႐ွာတယ္။ ထပ္ၿပီး မဆက္သြယ္ေတာ့ဘူးလို႔ ေတြးထားေပမယ့္ ဒီဖုန္းနံပါတ္ကို သူမဖ်က္ပစ္ႏိုင္ခဲ့ဘူး။
သူ ဖုန္းကိုင္ပါ့မလား။ ကူေရာကူညီပါ့မလား။ ဟိုေန႔က ေတြ႔တုန္းကလည္း ဘာသိဘာသာနဲ႔။ အခုလည္း အဲ့လိုပဲဆို ငါဘယ္လုိလုပ္ရမလဲ။ က်န္႔ေ႐ွာင္းက်ဴးကို ဒုကၡေပးတာ သူ....သူမ်ားလား။
ေမ်ွာ္လင့္တႀကီးနဲ႔ ဖုန္းေခၚလိုက္ရင္း က်န္႔ေ႐ွာင္းက်ဴးေရာ အခုဘယ္လိုျဖစ္ေနၿပီလဲလို႔ ေတြးေနမိတယ္။ ေနာက္ဆံုးေတာ့ Call Button ကိုႏွိပ္လိုက္တယ္။ ဖုန္းကိုင္ထားတဲ့ လက္ေခ်ာင္းေတြကေတာ့ မထင္ထားပဲ တုန္ယင္လ်က္.....
ဖုန္းက တစ္ဖက္ကို ဝင္သြားၿပီ။
" ဟဲလို။ "
တည္ၿငိမ္ၿပီး ျသဇာၿငိမ့္ေညာင္းတဲ့ ေ႐ွာင္းလီရဲ႕ အသံက သူ႔နားထဲကို စီးဝင္လာတယ္။
" ေ႐ွာင္းလီ၊ ကြၽန္ေတာ္ ခ်ီ႐ႈိ႕ယြမ္ပါ။ "
" ခဏေနာ္..."
ဖုန္းခ်သြားတယ္။
ဒီလိုျဖစ္သြားတဲ့အတြက္ ခ်ီ႐ႈိ႕ယြမ္စိတ္အားငယ္သြားတယ္။ ေခါင္းငိုက္စိုက္ခ်လ်က္ သူ႔ဖုန္းသူ ျပန္မၾကည့္ရဲဘူး ျဖစ္ေနတယ္။ ေျပာမျပတတ္တဲ့ အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ သူ႔ရင္ထဲမွာ ခံစားခ်က္ေပါင္း ေသာင္းေျပာင္းေထြလာရဲ႕ လႊမ္းမိုးခံရၿပီး ရင္တထိတ္ထိတ္ တုန္ေနတယ္။
" ဆရာခ်ီ။ "
အ့ံျသစရာေကာင္းစြာ ေရွာင္းလီရဲ႕အသံကို သူ႔နားထဲ ၾကားရျပန္တယ္။ ခ်ီ႐ႈိ႕ယြမ္အ့ံအားသင့္လ်က္ ေခါင္းေမာ့ၾကည့္လိုက္တယ္။
ေ႐ွာင္းလီက အေနာက္တိုင္းဝတ္စံုကို ဝတ္ဆင္ထားတယ္။ က်င္းတင္ရဲ႕ ခမ္းနားတဲ့ဝင္ေပါက္ကေနထြက္လာၿပီး
" ဆရာခ်ီ၊ ေစာေစာကပဲ လင္းက်ီက ကြၽန္ေတာ့္ကို ေျပာျပတယ္။ သူက အဲ့လိုပဲ စိတ္လက္မာန္နဲ႔။ သူ႔ကို စိတ္မ႐ွိပါနဲ႔ ခင္ဗ်ာ။ "
" ရပါတယ္။ "
ေ႐ွာင္းလီကို ေသခ်ာစိုက္ၾကည့္ရင္း ခ်ီ႐ႈိ႕ယြမ္ ေျပာလိုက္တယ္။
ဒီလို စူးစူး႐ွ႐ွ မ်က္လံုးေတြနဲ႔ စိုက္ၾကည့္ခံရေတာ့ ေ႐ွာင္းလီ နည္းနည္း ေနရခက္လာတယ္။
" ကြၽန္ေတာ့္ကို ႐ွာေနတာလား။ ဘာမ်ားျဖစ္လို႔လဲဗ်။ ေ႐ွာင္းယန္က...."
" မဟုတ္ဘူး။ "
ခ်ီ႐ႈိ႕ယြမ္ သူ႔ကိုယ္သူ စိတ္ထဲ ႀကိတ္ရယ္လိုက္တယ္။
အင္းေပါ့။ ေ႐ွာင္းယန္ေၾကာင့္လို႔ပဲ ထင္မွာေပါ့။
" ကြၽန္ေတာ္ တျခားအကူအညီ လိုလို႔ပါ။ "
-----------------------------------------
အပိုင်း ၈
Unicode
Taxi တောင် ကောင်းကောင်းမရပ်ရသေးခင် ချီရှို့ယွမ် ခရီးသည်ခုံပေါ် ပိုက်ဆံ အထပ်လိုက် ပစ်တင်လိုက်ပြီး ကားထဲက တဟုန်ထိုးပြေးထွက်သွားတယ်။
ကျင်းတင်ရဲ့ဝင်ပေါက်မှာ မီးအပြင်အဆင်ကို အသေးစိတ်အလှဆင် ထားပြီး မြင်သူတကာရဲ့ အာရုံကိုညှို့ငင်ဖမ်းစားတယ်။ ချီရှို့ယွမ် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်ပြီး ကိုယ်နေဟန်ထားကို အကောင်းဆုံးပြင်ကာ အထဲကို ဝင်လိုက်တယ်။
" မင်္ဂလာပါရှင်။ အသင်းဝင်ကဒ်လေး တစ်ချက်လောက်ပြပါ။ "
သာယာနာပျော်ဖွယ် ညှို့ဓာတ်ပါတဲ့ အသံလေးနဲ့ ဧည့်ကြိုလှလှလေးက ပြောတယ်။
" ကျွန်တော် အသင်းဝင်ကဒ်အသစ် လုပ်ချင်လို့ပါ။ "
ချီရှို့ယွမ် ပြန်ဖြေလိုက်တယ်။
" အသင်းဝင်ဖို့ ကြိုဆိုပါတယ်ရှင်။ နှစ်စဉ်ကြေးက ယွမ်ရှစ်သိန်းပါ။ ထပ်ပေးရမယ့် အသင်းဝင်ကြေးကတော့ ယွမ်ရှစ်သောင်းပါ။ ကဒ်လုပ်ဖို့အတွက် ဒီဘက်ကိုကြွပေးပါ။ "
ဧည့်ကြိုမိန်းကလေးက အရှေ့က ကောင်တာဆီ အေးအေးဆေးဆေးလျှောက်သွားတယ်။ ချီရှို့ယွမ်လည်း သူ့နောက်လိုက်သွားရင်း ဘယ်လို ရှောင်ထွက်ပြီး အထဲဝင်ရမလဲ တွေးတောနေတယ်။ အဲ့ဒီအချိန်မှာပဲ သူသိတဲ့လူတစ်ယောက်ကို တွေ့လိုက်တယ်။
သူ့နာမည်က ဘာပါလိမ့်။ သူမှတ်မိအောင် ခက်ခက်ခဲခဲ စဉ်းစားလိုက်ရတယ်။
" လင်းကျီ "
လူကောင်ထွားထွားနဲ့လူက လှည့်ကြည့်ပြီး သူ့ဆီလျှောက်လာတယ်။
" လူမှားတယ်ထင်လို့၊ တကယ်ပဲ မင်းကို။ "
ချီရှို့ယွမ် ရင်းရင်းနှီးနှီး ပြုံးပြရင်းပြောတယ်။
လင်းကျီကတော့ ဘာပြောရမှန်းမသိ ဖြစ်နေတယ်။
" မင်းဒီမှာရှိနေတာ တကယ်ကောင်းတယ်။ "
ချီရှို့ယွမ် သူ့ပုခုံးကို လပ်ပြင်းပြင်း ပုတ်လိုက်တယ်။
" ငါ့ အသင်းဝင်ကဒ် ကျန်ခဲ့လို့ အထဲဘယ်လိုဝင်ရမလဲ စိုးရိမ်နေတာ။ "
လင်းကျီ အခုထိဘာပြောရမှန်း မသိသေး။
" ဒီလိုလုပ်ကွာ။ "
ချီရှို့ယွမ် သူ့လက်ကို လင်းကျီ ပုခုံးပေါ်တင်လိုက်တယ်။
" ငါ့ကို မင်းနဲ့အတူ အထဲခေါ်ပေး။ "
သူ့လက်ကို ရုတ်တရက် ပုတ်ထုတ်ခံလိုက်ရတယ်။ ချီရှို့ယွမ် သူ့ပုခုံး နာသွားလို့ ပွတ်လိုက်တယ်။
သူ့ကို မကျေမနပ်စိုက်ကြည့်နေတဲ့ လူထွားကောင်ကို ချီရှို့ယွမ်ကြည့်လိုက်တယ်။
" အခုမှ ခင်ဗျားကို မှတ်မိတယ်။ ဒီမှာ လီကောကို လာရှာတာလား။ "
" ရှောင်းလီကို လာရှာတယ်? "
ဒီတစ်ခါ ဆွံ့အသွားရသူက ချီရှို့ယွမ်ဖြစ်တယ်။
လင်းကျီ အချက်ပြလိုက်တာနဲ့ လူနှစ်ယောက် ရောက်လာပြီး ချီရှို့ယွမ်ကို ကျင်းတင်ရဲ့ အပြင်ဘက်ကို ဆွဲခေါ်သွားတယ်။
လင်းကျီက ရန်လိုတဲ့အကြည့်နဲ့ကြည့်ရင်း သူတို့နောက်က လိုက်လာပြီး သူ့ရဲ့ ခက်ထန်တဲ့ လေသံနဲ့ တမင်ပြောလိုက်တယ်။
" ခင်ဗျားက ကျောင်းမှာစာပဲသင်တာ။ ဒီလို အဆင့်မြင့် club ကိုလာဖို့ ပိုက်ဆံ ဘယ်ကရှိမှာလဲ။ လီကောရဲ့ ပိုင်နက်ထဲလာပြီး လီကောကို ပြဿနာလာရှာတာပဲနေမှာ။ ဟေ့လူ၊ ခင်ဗျားကို သတိပေးလိုက်မယ်။ လီကောနဲ့ ရှောင်းယန်က ဆွေခန်းမျိုးခန်း ဖြတ်ပြီးပြီ။ ခင်ဗျား လိုချင်တာရှိရင် ကိုယ့်ဟာကို ရှောင်းယန်ကို သွားရှာ။ ခင်ဗျားကို ထပ်တွေ့ရင် တွေ့တာနဲ့ ရိုက်သတ်ပစ်မယ်။ ...
သွားကြစို့။ "
ချီရှို့ယွမ်ကိုကိုင်ထားတဲ့လူနှစ်ယောက်က သူ့ကို မြေပြင်ပေါ် ဆောင့်တွန်းပြီး လင်းကျီ နောက်ကနေ ကျင်းတင်ထဲဝင်သွားတယ်။
" ရှောင်းလီ ပိုင်နက်...... "
ချီရှို့ယွမ်တတွတ်တွတ်ရေရွတ်ရင်း စိတ်ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ မြေပြင်ပေါ်ကနေ အားယူပြီး ထလိုက်တယ်။ သူဖုန်းကို မြန်မြန်ထုတ်လိုက်ပြီး contact list ထဲက ရှောင်းလီရဲ့ဖုန်းနံပါတ်ကို ရှာတယ်။ ထပ်ပြီး မဆက်သွယ်တော့ဘူးလို့ တွေးထားပေမယ့် ဒီဖုန်းနံပါတ်ကို သူမဖျက်ပစ်နိုင်ခဲ့ဘူး။
သူ ဖုန်းကိုင်ပါ့မလား။ ကူရောကူညီပါ့မလား။ ဟိုနေ့က တွေ့တုန်းကလည်း ဘာသိဘာသာနဲ့။ အခုလည်း အဲ့လိုပဲဆို ငါဘယ်လိုလုပ်ရမလဲ။ ကျန့်ရှောင်းကျူးကို ဒုက္ခပေးတာ သူ....သူများလား။
မျှော်လင့်တကြီးနဲ့ ဖုန်းခေါ်လိုက်ရင်း ကျန့်ရှောင်းကျူးရော အခုဘယ်လိုဖြစ်နေပြီလဲလို့ တွေးနေမိတယ်။ နောက်ဆုံးတော့ Call Button ကိုနှိပ်လိုက်တယ်။ ဖုန်းကိုင်ထားတဲ့ လက်ချောင်းတွေကတော့ မထင်ထားပဲ တုန်ယင်လျက်.....
ဖုန်းက တစ်ဖက်ကို ဝင်သွားပြီ။
" ဟဲလို။ "
တည်ငြိမ်ပြီး သြဇာငြိမ့်ညောင်းတဲ့ ရှောင်းလီရဲ့ အသံက သူ့နားထဲကို စီးဝင်လာတယ်။
" ရှောင်းလီ၊ ကျွန်တော် ချီရှို့ယွမ်ပါ။ "
" ခဏနော်..."
ဖုန်းချသွားတယ်။
ဒီလိုဖြစ်သွားတဲ့အတွက် ချီရှို့ယွမ်စိတ်အားငယ်သွားတယ်။ ခေါင်းငိုက်စိုက်ချလျက် သူ့ဖုန်းသူ ပြန်မကြည့်ရဲဘူး ဖြစ်နေတယ်။ ပြောမပြတတ်တဲ့ အကြောင်းပြချက်အချို့ကြောင့် သူ့ရင်ထဲမှာ ခံစားချက်ပေါင်း သောင်းပြောင်းထွေလာရဲ့ လွှမ်းမိုးခံရပြီး ရင်တထိတ်ထိတ် တုန်နေတယ်။
" ဆရာချီ။ "
အံ့သြစရာကောင်းစွာ ရှောင်းလီရဲ့အသံကို သူ့နားထဲ ကြားရပြန်တယ်။ ချီရှို့ယွမ်အံ့အားသင့်လျက် ခေါင်းမော့ကြည့်လိုက်တယ်။
ရှောင်းလီက အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတယ်။ ကျင်းတင်ရဲ့ ခမ်းနားတဲ့ဝင်ပေါက်ကနေထွက်လာပြီး
" ဆရာချီ၊ စောစောကပဲ လင်းကျီက ကျွန်တော့်ကို ပြောပြတယ်။ သူက အဲ့လိုပဲ စိတ်လက်မာန်ပါနဲ့။ သူ့ကို စိတ်မရှိပါနဲ့ ခင်ဗျာ။ "
" ရပါတယ်။ "
ရှောင်းလီကို သေချာစိုက်ကြည့်ရင်း ချီရှို့ယွမ် ပြောလိုက်တယ်။
ဒီလို စူးစူးရှရှ မျက်လုံးတွေနဲ့ စိုက်ကြည့်ခံရတော့ ရှောင်းလီ နည်းနည်း နေရခက်လာတယ်။
" ကျွန်တော့်ကို ရှာနေတာလား။ ဘာများဖြစ်လို့လဲဗျ။ ရှောင်းယန်က...."
" မဟုတ်ဘူး။ "
ချီရှို့ယွမ် သူ့ကိုယ်သူ စိတ်ထဲ ကြိတ်ရယ်လိုက်တယ်။
အင်းပေါ့။ ရှောင်းယန်ကြောင့်လို့ပဲ ထင်မှာပေါ့။
" ကျွန်တော် တခြားအကူအညီ လိုလို့ပါ။ "