#Unicode
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ လူကြီးနဲ့လင်းရာလည်း အရင်ကထက် ပိုခင်လာခဲ့သည်။
"မောင်လင်းရာတို့များ ဂစ်တာလေး တစ်ရက်လာသင်ပြီး နောက်နေ့ မလာတော့ဘူးနော်။ အဲ့လို သင်ယူချင်စိတ် အပြည့်ရှိတာ"
"လက်နာတယ်ကွ ထူးခြားရ။ ငါ့မှာ ဂစ်တာသင်ပြီး ပြန်လာတော့ လက်တွေက ပစ္စည်းတွေတောင် မကိုင်နိုင်တော့ဘူး"
"ဪ . . . အေးပါ။ ဂစ်တာသင်တာ လက်နာတယ်ဆိုတော့ . . . အေးအေး . . . ဂစ်တာတီးတတ်တဲ့သူတွေက လက်မနာဘဲ တတ်လာတဲ့အတိုင်း။ မသိရင် သူတစ်ယောက်ထဲ နာသလိုလို"
"ငါ မတီးတတ်ချင်တော့ဘူး"
"အင်း ကောင်းပါ့ ကောင်းပါ့"
လင်းရာကို ရွဲ့နေတဲ့ ထူးခြားကြောင့် ပြုံးမိရသည်။ တစ်ခုခုဆို လင်းရာထက် သူတို့က ပိုပြီး စိတ်အားထက်သန်ကြသည်။ စိတ်အားထက်သန်မှုက သူတို့ကိစ္စတွေမှာတော့မဟုတ် လင်းရာကိစ္စတွေမှာပင် ဖြစ်သည်။
စကားပြောနေတုန်းမှာ မမားဆီက ဖုန်းလာတော့ လင်းရာ အမြန်ကိုင်လိုက်ရသည်။ မမားက ဒီလိုအချိန်မျိုးမှာ ဖုန်းခေါ်တတ်သည် မဟုတ်။
"မမား"
"သားသား မမား အိမ်ပြန်လိုက်ဦးမယ်နော်"
"ဟင် ဗြုန်းစားကြီးပါ့လား မမား"
"ဟုတ်တယ် သားသား။ ဖေဖေ နေသိပ်မကောင်းဘူးပြောလို့"
"သားပါ ပြန်လိုက်ခဲ့မယ်လေ"
"နေ . . . နေ . . . သားသား။ အရမ်း နေမကောင်းတာမဟုတ်ဘူး ပန်းဖျား ဖျားတာ။ အရမ်းစိတ်ပူစရာမလိုဘူး။ သားသားက ကျောင်းပိတ်မှ ပြန်လာခဲ့နော်"
"ခုပြန်လိုက်ခဲ့လို့ မရဘူးလား မမကလည်း"
"ကျောင်းတက်ရဦးမယ်လေ။ ခုမှ တနင်္လာပဲ ရှိသေးတာ။ ကျောင်းအများကြီး ပျက်လို့မဖြစ်ဘူး။ ကျောင်းပိတ်မှလာခဲ့"
"ဟုတ်"
မမားနဲ့ ဖုန်းချပြီး ဖေဖေ့ကို ဖုန်းလှမ်းဆက်ရသည်။ မမားက လင်းရာ စိတ်ပူမှာဆိုးလို့ ပန်းဖျား ဖျားတယ်ဆိုပြီး ညာကောင်း ညာနိုင်ပေသည်။
"ဟဲလို"
"သားသား ဘာလို့ ဖုန်းဆက်တာလဲ။ ကျောင်းမတက်ဘူးလား"
"တက်ရတယ် ဖေဖေ။ ဆရာမ မလာသေးလို့"
"ဪ . . . "
"ဖေဖေ နေမကောင်းဘူးဆို"
"အင်း ဟုတ်တယ်။ အရမ်းကြီး နေမကောင်းတာတော့ မဟုတ်ပါဘူးသားရဲ့။ ပင်ပန်းပြီး ဖျားတာ"
"ဪ . . . မမားက ပြန်မလို့တဲ့။ သားကြတော့ အိမ်ပြန်မလိုက်ခိုင်းဘူး။ ဖေဖေများ တအားဖြစ်နေလားဆိုပြီး စိတ်ပူလို့"
"မဖြစ်ပါဘူး သားရာ။ သမီးကိုတောင် ဖေဖေက ပြန်မလာနဲ့လို့ ပြောထားတာ။ သိတဲ့အတိုင်း မင်းမမားက စိတ်ပူတတ်တာဆိုတော့ ချက်ချင်းပြန်လာမယ် လုပ်နေတာ။ သားကတော့ ကျောင်းပိတ်ရက်မှ ပြန်လာခဲ့နော်"
"ဟုတ် ဖေဖေ ကျန်းမာရေး ဂရုစိုက်နော်။ အမြန် နေကောင်းအောင် ပြန်လုပ်ပေးပါ"
"ဟုတ်ကဲ့ပါဗျာ။ သားမမကို ခဏနေ ဖိုးအောင် လာခေါ်လိမ့်မယ်။ ဘာထည့်ပေးလိုက်ရဦးမလဲ"
"ဟင့်အင် ဘာမှထည့်မပေးပါနဲ့ ဖေဖေ"
"အင်း ဒါပဲနော် သားသား။ ဖေဖေ့ကို အရမ်းစိတ်မပူနဲ့"
"ဟုတ်"
ဖေဖေနဲ့စကားပြောပြီး ဖုန်းချလိုက်တော့ လူကြီးက အနားရောက်လာလေသည်။ ကော်ရစ်တာရဲ့ဘေးက ပြတင်းတံခါးပေါက်မှာ ထိုင်တာမို့ လူကြီးက တံခါးဘေးမှာ လာရပ်လေသည်။
"ဘေဘီ မျက်နှာလည်း မကောင်းပါ့လား။ ဘာလို့လဲ"
"ဖေဖေ နေမကောင်းလို့တဲ့"
"ဟုတ်လား။ ဘာဖြစ်တာတဲ့လဲ။ စိုးရိမ်ရလား"
"စိုးတော့ မစိုးရိမ်ရဘူး။ ပင်ပန်းပြီး ဖျားတာလို့တော့ ပြောတယ်"
"အင်း။ နေ့ခင်း အတန်ချိန်များလား"
"ဒီနေ့ သင်္ချာတီချယ်က နေမကောင်းလို့ ကျောင်းမလာဘူးဆိုတော့ နေ့ခင်းဘက် နှစ်ချိန်အားတယ်။ နှစ်ချိန်ပဲ တက်ရမှာ"
"အဲ့ဒါဆို နေ့ခင်းကြ ကိုယ်နဲ့လိုက်ခဲ့"
"ဘယ်ကိုလဲ"
"ကညင်ဆည်ကို ရောက်ဖူးလား"
"ဟင့်အင် မရောက်ဖူးသေးဘူး"
"အင်း နေ့ခင်းကြ ကိုယ်လိုက်ပို့မယ်"
"အာ့ဆို သာထူးတို့ ထူးခြားတို့ကိုပါ ပြောလိုက်ဦးမယ်"
"အာ မပြောနဲ့။ ဘေဘီနဲ့ကိုယ် နှစ်ယောက်ထဲ သွားကြမယ်။ နောက်မှ တစ်ခါထပ်ပြီး သူတို့နဲ့ တူတူသွားနော်။ ဒီတစ်ခါတော့ ကိုယ်တို့နှစ်ယောက်ထဲ သွားရအောင်"
"ဟုတ်"
နေ့လည် ထမင်းစားပြီးတော့ သာထူးတို့အလစ်မှာ ခိုးထွက်ပြီး လူကြီးနောက်ကို လိုက်ခဲ့လိုက်သည်။ ကညင်ဆည်ကိုသွားဖို့ လင်းရာတို့အိမ်ကိုပြန်ရသည့် လမ်းဘက်က သွားရပေသည်။ လင်းရာတို့ မြို့ကိုတော့ မရောက်ပေ။
ငဝန်တံတားအသစ်ကိုရောက်တော့ ဆိုင်ကယ် ခဏရပ်ပြီး တံတားပေါ်မှာ ဓာတ်ပုံရိုက်ဖြစ်ကြည်သည်။ လူကြီးကို ရိုက်ပေးရသည်ဆိုလျှင် ပိုမှန်ပေမည်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသည့် လူကြီးက မော်ဒယ်ရှုံးအောင်လည်း Post အမျိုးမျိုး ပေးတတ်ပြန်ပါသေးသည်။
ကညင်ဆည်ကို သွားရာ လမ်းတစ်လျှောက်တွင် မတ်စောက်သည့် အတက်အဆင်းများ ရှိသလို သစ်ပင်များနှင့် စိမ်းစိုနေသည့် တောင်များလည်းရှိပါသည်။ ကညင်ဆည်နားသို့ ရောက်ခါနီးလေ သစ်ရိပ်ဝါးရိပ်ရဲ့ အေးမြမှုကို ခံစားရလေဖြစ်သည်။
"KANYIN
DAM PROJECT
⬅️4(1/2) mile"
လို့ ရေးထိုးထားတဲ့ ကျောက်ပြားဆိုင်းဘုတ်ကြီး အကြီးကြီးကို ရောက်တဲ့အခါ ဆိုင်းဘုတ်ညွှန်ပြရာ လမ်းလေးကို ဆက်ပြီးတော့ ဝင်သွားရပါသေးသည်။
အဝင်လမ်းလေးက မြေနီလမ်းလေးဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်မှာ ကျွန်းပင်များ စီတန်းစိုက်ထားသည်မို့ စိမ်းစို၍ လှပလွန်းပါသည်။
ကညင်ဆည်ကိုရောက်ဖို့ရာ တောင်းကုန်း တောင်ဆင်းလေးများကို ဖြတ်သန်းရပေသည်။ ကညင်ဆည်သို့ရောက်သည့်အခါ လာရကျိုးနပ်ရချည်ရဲ့လို့ ပြောမိသည်အထိ လှပလွန်းတဲ့ ပန်းချီကားတစ်ချပ်ကို မြင်တွေ့ရမှာပါ။
တောင်းကုန်းပေါ်မှာ တည်ရှိသည့် ကညင်ဆည်ရဲ့ ဘေးပတ်ပတ်လည်မှာ တောင်များက ဝန်းရံထားပေသည်။ တောင်ပေါ်မှာရှိသည့် ကညင်ဆည်သို့ တက်ရသည့်လမ်းလေးကစ လှပလွန်းပါသည်။
သိပ်လှတဲ့ မျှော်စင်ကြီးမှာ ဓာတ်ပုံရိုက်လျှင်လည်း အထာကျကျရိုက်နိုင်သလို ဆည်ဘောင်ဘေးမှာရှိသည့် ကျောက်တုန်းကြီးများပေါ်တက်ကာ တောတောင်ကြီးများကို နောက်ခံထား၍ ရှုခင်းလှလှဖြင့်လည်း ဓာတ်ပုံရိုက်နိုင်ပေသည်။
ဆည်ပေါ်မှာ တည်ထားသည့် စေတီကလည်း ကြည်ညိုစရာ ကောင်လွန်းလှပါသည်။
ဓာတ်ပုံလှလှလေးများ ရိုက်နိုင်သည့် သဘာဝရှုခင်းများလည်းရှိသလို လှည်းဘီးလေးတွေနှင့် အလှဆင်ပေးထားသည့် အနားယူ အပန်းဖြေရသည့် နေရာလေးတွင် ဓာတ်ပုံလှလှလေးများ ရိုက်လို့ရအောင်လည်း စီစဉ်ပေးထားပါသည်။
ရေတံခွန်သဖွယ် စီးကျနေသည့် ဆည်နေရာတွင် ရေကစားလို့လည်း ရပေသည်။ ဘေးတွင်တော့ ကျောက်တုန်း ကျောက်ခဲများနှင့် စမ်းချောင်းသဖွယ် ဖြစ်နေပေသည်။
"လူကြီး"
"ဟင်"
"ကျွန်တော်တို့ ဟိုးက ရေတံခွန်လို စီးကျနေတဲ့အောက်က စမ်းချောင်းလေးမှာ ရေကစားရအောင်"
"အင်း သွားမယ်လေ"
အောက်သို့ ခက်ခက်ခဲခဲဖြင့် ဆင်းလာခဲ့ပြီး ရေစပ်လေးတွင် ထိုင်လိုက်ကြသည်။ ထိုနေရာလေးကလည်း လှလွန်းသဖြင့် ဓာတ်ပုံရိုက်ဖြစ်ပြန်ပါသည်။
ရေစပ်နားက ကျောက်တုံးလေးပေါ်မှာ ခဏထိုင်နေတုန်း လူကြီးကို မေးကြည့်မိသည်။
"လူကြီး"
"ဟင်"
"မမားနဲ့ ဘာလို့ လမ်းခွဲခဲ့ကြတာလဲ"
"ခင်လေးက ကိုယ့်ကို သည်းမခံနိုင်တော့တဲ့အဆုံး ထားပစ်ခဲ့တာ"
"မမားက လူကြီးကို ဘာလို့ထားခဲ့တာလဲ"
"ကိုယ့်အမှားတွေပါ။ အဲ့အချိန်တုန်းက ငယ်သေးတော့ တလွဲမာနတွေ ထားခဲ့မိတာ။ ကိုယ်က အပေါင်းအသင်း အရမ်းများတယ်။ မိန်းကလေးအပေါင်းအသင်းတွေနဲ့လည်း ယောင်္ကျားလေးသူငယ်ချင်းတွေလိုပဲ လက်ပွန်းတတီးနေတယ်။ မိန်းကလေးတွေနဲ့ အရမ်းကြီး ပူးပူးကပ်ကပ်ပေါင်းမိတဲ့အခါ တခြားသူတွေကပြောကြတယ် ဘုန်းစစ်ပိုင်က ခင်သစ္စာနဲ့တွဲနေရင်း တခြားမိန်းကလေးတွေနဲ့လည်း တပူးပူး တတွဲတွဲနဲ့ ခြေရှုပ်နေတယ်ပေါ့။ အခြားသူတွေ ပြောတဲ့ အဲ့လိုစကားတွေကို ကြားလာတဲ့အခါတိုင်း ခင်လေးက ကိုယ့်ကို အဲ့ဒီမိန်းကလေးတွေနဲ့ မပေါင်းဖို့ပြောတယ်။ သူငယ်ချင်း အချင်းချင်းပေါင်းတာကို မပေါင်းဖို့ပြောတဲ့ ခင်လေးရဲ့စကားကို ကိုယ်က လက်မခံနိုင်ခဲ့ဘူးလေ။ သူငယ်ချင်း အချင်းချင်းပေါင်းတာကို ဒီလောက်လေးတောင် နားမလည်နိုင်ဘူးလားဆိုပြီး အဲ့ဒီ့အချိန်က ခင်လေးကို အရမ်းစိတ်ဆိုးခဲ့တာ"
"အင်း"
"ခင်လေး ဘက်ကကြည့်ပြန်တော့လည်း လူတစ်ယောက်ထဲရဲ့ စကားမဟုတ်ဘူးလေ။ လူတွေအများကြီးက ပြောကြတဲ့စကားကိုမှ တစ်ခါထဲလည်း မဟုတ်ဘူး အကြိမ်ကြိမ်ကြားခဲ့ရတာဆိုတော့ အထင်လွဲစရာတွေ ဖြစ်လာခဲ့တယ်။ ကိုယ်သူ့ကို မချစ်ဘူးလို့ထင်ပြီး အကြိမ်ကြိမ် ငိုခဲ့ရတယ်လို့ ပြောတယ်။ ပြီးတော့ သူ့စကားကို အလေးအနက် မထားဘဲ အဲ့ဒီ မိန်းကလေးနဲ့ ဆက်ပေါင်းနေလို့ တခြားသူတွေက ကိုယ်နဲ့အဲ့ဒီ့ မိန်းကလေး မရိုးသားဘူးလို့ သူ့ကိုလာပြောကြတဲ့အခါတိုင်း သူစိတ်ဆင်းရဲပြီး ငိုခဲ့ရတယ်တဲ့လေ။ အဲ့ဒါကြောင့် ကိုယ်နဲ့ပတ်သက်တဲ့ စိတ်ဆင်းရဲမှုကို ထပ်ပြီး မခံစားနိုင်တော့လို့ လမ်းခွဲပါရစေလို့ ပြောလာတယ်"
". . ."
"အဲ့အချိန်က သူငယ်ချင်းနဲ့တောင် လိုက်သဝန်တိုပြီး နားလည်မှု မပေးနိုင်တဲ့သူကို ဆက်မတွဲရလည်း ဘာမှမဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ကိုယ်သူ့ကို လမ်းခွဲပေးခဲ့တယ်။ ကိုယ့်ကိုယ်ကို ပြင်ကြည့်မယ်လို့ မစဉ်းစားဘဲ ခင်လေးကို နားလည်မှု မပေးနိုင်တဲ့သူလို့ တွေးခဲ့မိတာ။ ပြီးတော့ အဲ့အချိန်က ခင်လေးနဲ့ ပြတ်သွားလည်း အရမ်းကြီး မခံစားရလောက်ပါဘူးလို့ ထင်ခဲ့မိတာလည်း ပါတယ်။ ပြီးတော့ ကိုယ့်အတွေးကကြတော့ ကိုယ်က ခင်လေးတစ်ယောက်ထဲကိုပဲ ချစ်တာ။ တစ်ခြားမိန်းကလေးတွေနဲ့ မဖောက်ပြန်သလို တစ်ခြားမိန်းကလေးတွေကိုလည်း စိတ်မဝင်စားဘူး။ ဒါ့ကြောင့် ကိုယ်လိပ်ပြာ ကိုယ်လုံတယ်။ သူများပြောတိုင်း လိုက်ပြုပြင်စရာမလိုဘူးပေါ့ အဲ့လို တွေးခဲ့တာ။ ပြီးတော့ ကိုယ်က တစ်ဖက်လူသိအောင် ချစ်မပြတတ်ခဲ့ဘူး။ ကိုယ်အရမ်းချစ်တယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ပဲသိတယ်။ ဂရုလည်း မစိုက်ခဲ့မိဘူး။ ပေါ့ပျက်ပျက်နေခဲ့တာ။ သူလည်း သူအဆင်ပြေသလိုနေ။ ကိုယ်လည်း ကိုယ်အဆင်ပြေသလိုနေမယ်။ အရေးကြီးတာက ကိုယ်တို့နှစ်ယောက် ချစ်နေဖို့ပဲ လိုတယ်လို့ တွေးခဲ့တာ။ ခင်လေးကကြ ကိုယ့်အချစ်ကို သူဘယ်တုန်းကမှ မခံစားခဲ့ရဘူးတဲ့။ သူ့ကို ကိုယ်ချစ်တယ်ဆိုတဲ့ ခံစားချက်ကို ကိုယ်ကမပေးခဲ့ဘူးတဲ့။ နောက်ဆုံးထိ သူ့ကို ကိုယ်မချစ်ခဲ့ဘူးလို့ပဲ သူတွေးခဲ့တာ"
"အင်း"
"ချစ်သူတွေ ဖြစ်ခဲ့ကြပေမယ့် ရင်ထဲမှာပဲချစ်ပြီး လက်တွေ့မှာ ဂရုမစိုက်ခဲ့သလို သူ့စကားတွေကိုလည်း နားမထောင်မိခဲ့ဘူး။ သူစိတ်ချမ်းသာအောင်လို့လည်း ကိုယ့်ကိုယ်ကို မပြုပြင် မပြောင်းလဲ မိခဲ့ဘူး။ အဓိကက ချစ်နေဖို့ပဲလိုတယ်ဆိုတဲ့ ကိုယ်ရဲ့ မဟာLogicကြီးကြောင့် မဟာအမှားကြီး မှားခဲ့ပြီး ထားခဲ့ခံရတာ။ ကိုယ်သူ့ကို ဒီနှစ်ကျောင်းအပ်တဲ့ အချိန်အထိ မမေ့နိုင်ခဲ့ဘူး"
"ခုရော"
"မေ့နိုင်တာထက် အဆင်ပြေသွားတာပါ"
"မမားက လူကြီးကို အရမ်းချစ်ခဲ့တာ"
"ကိုယ့်ထက် မိသားစုကို ပိုချစ်တာပါ"
"ဟင်"
"ဟုတ်တယ် ကိုယ့်ကို လမ်းခွဲစကားပြောတော့ သူပြောခဲ့တယ်။ နင့်အတွက် အချိန်ပေးပြီး ခံစားမနေနိုင်ဘူးတဲ့။ နင့်အတွက် ကြေကွဲပေးခဲ့ရတာ ဒီလောက်ဆို လုံလောက်ပြီတဲ့။ ငါ့နင့်အတွက် ခံစားနေရတဲ့အချိန် ငါ့မိသားစုကို ဂရုစိုက်ပေးဖို့ လျစ်ဟာသွားမှာဆိုးလို့ ဒီလောက်အထိပဲ နင့်အတွက် ခံစားပါရစေတဲ့။ နင့်အတွက် ခံစားနေရတဲ့ ငါ့ကိုကြည့်ပြီး ငါ့မိသားစု စိတ်မကောင်း ဖြစ်နေရမှာကို မကြိုက်ဘူးတဲ့။ အဲ့ကြောင့် ငါတို့ ဒီမှာတင် ရပ်လိုက်ကြရအောင်လို့ ကိုယ့်ကိုပြောခဲ့တာ"
"မမားက ဖေဖေနဲ့ကျွန်တော့်ရှေ့မှာ ဘယ်တုန်းကမှ မျက်ရည်မကျခဲ့ဘူး။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်မှာဆိုးလို့တဲ့။ ဝမ်းသာမျက်ရည်တောင် မကျခဲ့ဘူး။ ဝမ်းသာလို့ မျက်ရည်ကျခဲ့ရင်တောင် ရင်ထဲမကောင်း ဖြစ်သွားမှာဆိုးလို့တဲ့လေ။ အဲ့လောက်ထိ ဖေဖေနဲ့ကျွန်တော်က သူ့ဘဝဖြစ်ခဲ့တာ"
"ဘေဘီ အရမ်းကံကောင်းတယ်"
"အင်း ကျွန်တော်သိတာပေါ့။ အဲ့ဒါကြောင့်လည်း မမားက ကျွန်တော့်ဘဝဖြစ်ခဲ့တာ"
"အင်းးးး အားကျတယ်"
"ဒါနဲ့ လူကြီးက မမားနဲ့ပြတ်တော့ ရည်းစားတွေအများကြီးထားခဲ့သေးတယ်မို့လား"
"အင်း ခင်လေးကို စိတ်နာပြီး ရွဲ့တွဲခဲ့တာ"
"ထပ်ပြီး ချစ်ခဲ့သေးလား"
"ဟင့်အင် ထပ်တော့မချစ်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ထပ်ချစ်ကြည့်ဖို့ ကြိုးစားနေတုန်းပဲ။ ဒါပေမဲ့ ဒီတစ်ခါ ချစ်သူထားရင် ဘာပဲဖြစ်ဖြစ် ကိုယ်မင်းကို အရမ်းချစ်တယ်ဆိုတာ ယုံပေးပါလို့ပြောတော့မယ်။ ကိုယ်ဘယ်လိုပဲနေနေ ဘယ်သူတွေ ဘယ်လိုပဲထင်ထင် ကိုယ်ချစ်တာ မင်းတစ်ယောက်ထဲကိုပါ ဆိုတာကိုတော့ အမြဲယုံကြည်ပေးပါလို့ တောင်းဆိုတော့မယ်"
လူကြီးက လင်းရာကို ကြည့်ပြောနေသလို ခံစားရသည်မို့ အာခေါင်တွေ ခြောက်သွေ့သလို ခံစားလာရသည်။
"လူကြီး ကျွန်တော် ရေဆော့ချင်တယ်"
"အင်း အရမ်းတော့ မဆော့နဲ့။ အောက်မှာ ကျောက်ခဲ အချွန်လေးတွေရှိတယ် ထိုးမိမယ်နော်။ သတိထားပြီး ဆော့"
"ဟုတ်"
ကျောင်းဝတ်စုံရဲ့အောက်မှာ ဒူးကျဘောင်းဘီနဲ့ စွပ်ကြယ် အင်္ကျီရှိတာမို့ အပေါ်က ကျောင်းယူနီဖောင်းကို ချွတ်လိုက်ပြီး ရေထဲဆင်းလိုက်ပါသည်။ ရေတံခွန်လေးက အရှိန်နဲ့ စီးကျလာတဲ့ ရေအောက်တည့်တည့်မှာထိုင်ပြီး ရေကို စိမ်ပြေ နပြေ ချိုးနေလိုက်သည်။
အင်္ကျီအပိုမပါသည့် လူကြီးကတော့ ရေမဆော့ဘဲ ကမ်းစပ်လေးမှာပဲ ထိုင်နေခဲ့ပါသည်။
"ဘေဘီ တော်ပြီ။ အအေးပတ်နေမယ် ဒီကိုပြန်လာခဲ့တော့"
လူကြီးက သူရှိရာကို ပြန်လာခဲ့ဖို့ ပြောလာသည်မို့ လင်းရာ ပြန်လာခဲ့လိုက်သည်။
"အ"
ရေထဲမှာ ထိုင်နေတာ ကြာသွား၍ထင် ခြေထောက်တွေနူးနေပြီး ကျောက်ခဲချွန်လေးနှင့် ခြစ်မိသွားသည့်အခါ အသားပဲ့သွားပြီး သွေးများထွက်လာလေသည်။
"ခြေထောက်ကို ဆူးမိပြီလားဘေဘီ"
"အင်း"
မျက်နှာလေး ရှုံးမဲ့ကာဆိုလိုက်တော့ လူကြီးက အနားကို အပြေးအလွှားရောက်လာလေသည်။
"ကိုယ့်ကို ခြေထောက်ပြ ဘေဘီ"
ထိခိုက်မိသွားသည့် ခြေထောက်ကို မ'ပြတော့ သွေးများထွက်နေသည်ကို မြင်လိုက်ရသည်။
လူကို စွေ့ခနဲပွေ့ချီကာ ကမ်းစပ်က ကျောက်တုန်းပေါ် တင်ပေးလေသည်။ အနာက နာသည်မို့ လင်းရာလည်း ငိုမိပါတော့သည်။
"မမားရေ . . ."
မမားရေဆိုပြီး တငိုနေသည့် ဘေဘီ့ကို စစ်ပိုင် အံ့ဩတကြီး ငေးကြည့်မိသည်။ ဒီအရွယ်ပဲရောက်နေပြီ မမားကိုတပြီး ငိုရလေသလား။
"ဟာ . . . မငိုနဲ့လေကွာ ဘေဘီရာ။ ဒါ ငိုစရာမှ မဟုတ်တာ"
"ဒီလောက်နာတာက ငိုစရာမဟုတ်လို့ ဘာက ငိုစရာဖြစ်ရမှာလဲ လူကြီးရဲ့"
"အေးပါကွာ ငိုပါ ငိုပါ ကြိုက်သလောက် ငိုပါ။ ရေစို အင်္ကျီလေးတော့ လဲပါဦးကွာ နော်"
စိုနေသည့် အဝတ်အစားတွေကို ချွတ်ပြီး ကျောင်းဝတ်စုံကို ပြန်ဝတ်လိုက်ရသည်။
အနာကို သွေးတိတ်အောင် လက်မလေးဖြင့် တော်တော်ကြာ ဖိပေးထားသည်မို့ ခဏကြာတော့ သွေးတိတ်သွားလေသည်။ တကယ်တမ်းကြည့်တဲ့အခါ အနာက သိပ်မများပေ။ နာလွန်း၍သာ တရှုံရှုံ ငိုနေမိခြင်းပင်။
"ဘေဘီ ကိုယ့်ကိုကြည့်"
စစ်ပိုင်က ကြည့်လို့ဆိုတော့လည်း ကြည့်ရှာပါသည်။
"အနာက သွေးတိတ်သွားပြီ။ မငိုနဲ့တော့နော်။ အငိုတိတ်တော့"
"ကျွန်တော် အငိုတိတ်နေပြီ လူကြီး။ ရှိုက်တာက ရပ်မရဘူး"
ငယ်ငယ်က ကလေးတွေ ငိုသည့်အခါ အငိုတိတ်သွားပြီး မျက်ရည်မကျတော့ပေမယ့် ရှိုက်တာက ရပ်မသွားတတ်ကြပေ။ ခုလည်း ဘေဘီက အငိုတိတ်သွားပေမယ့် ရှိုက်နေတုန်းပင်။ တကယ့်ကို ကလေးအကျင့်လေးတွေကိုမှ ပိုင်ဆိုင်ထားသည့် ကလေးလေးပင်။
ရှိုက်နေသေးသည့် ကလေးရဲ့ မေးဖျားလေးကို ဆွဲယူပြီး မျက်နှာကို မော့စေလိုက်တော့ မျက်ဝန်းဝိုင်းလေးတွေဖြင့် ငေးကြည့်နေလေသည်။
ဘယ်အချိန်က ပြန်တပ်ထားမှန်းမသိတဲ့ မျက်မှန်လေးကို ဆွဲချွတ်လိုက်ပြီး ကလေးရဲ့ နှုတ်ခမ်းဖူးဖူးလေးကို အနမ်းပေးလိုက်သည်။ အနမ်းပေးသည့်အခါ မျက်မှန်က သိပ်ရှုပ်သည် မဟုတ်ပါလား။
မထင်မှတ်ထားသည့်အချိန်မှာ မထင်မှတ်ဘဲ နမ်းလာသည့် လူကြီးရဲ့ အနမ်းနွေးနွေးကို လင်းရာ ငြင်းဆန်ဖို့ မေ့နေခဲ့သည်။ လူကြီးရဲ့ အနမ်းမှာ ပျော်ဝင်ပြီး အလိုက်သင့်လေး နေပေးနေမိခဲ့သည်။ ငြင်းဆန်ဖို့ မေ့လျော့ခဲ့သည်လား ငြင်းဆန်ဖို့ ခွန်အားမရှိတော့သည်လား မပိုင်းခြားတတ်တော့။ သို့ပေသည့် လူကြီးရဲ့အနမ်းကို အသက်ရှုဖို့ မေ့သည်အထိ ငြိမ်သက်စွာ ခံယူနေခဲ့မိသည်။
အချိန်အတော်ကြာသွားတဲ့အခါ အသက်ရှူဖို့ လိုအပ်လာသည်မို့ အနမ်းကိုရပ်စိုင်းလိုက်ရသည်။ အသက်ကို ခပ်ဖွဖွရှူသွင်းပြီး ရေစိုနေသည့် ဘေဘီ့မျက်မှန်ကို အင်္ကျီစဖြင့်သုပ်ကာ ပြန်တပ်ပေးလိုက်သည်။
ထိုအချိန်မှစ၍ အဆောင်ပြန်ရောက်သည်အထိ နှစ်ယောက်သား စကားမပြောဖြစ်ကြတော့ပေ။
လူကြီးက လင်းရာတို့ အဆောင်ရှေ့ကို လိုက်ပို့သည်မို့ အဆောင်ထဲဝင်ဖို့ ခြေလှမ်းလိုက်သည်။ သို့ပေသည့် လူကြီးကို ပြောစရာ ရှိနေသည်မို့ ခြေလှမ်းကို ရပ်စိုင်းပြီး နောက်ပြန်လှည့်ကာ လူကြီးကို ကြည့်လိုက်သည်။
"လူကြီး"
"ဟင်"
"ကျွန်တော်တို့ အရင်လိုပဲ ဆက်နေလို့ရသေးတယ်မို့လား"
"ဘယ်လိုလဲ"
"ခင်ခင်မင်မင် ရင်းရင်းနှီးနှီး စကားပြောလို့ ရသေးတယ်မို့လား"
"ဘာလို့လဲ"
"မရဘူးလား"
"မရဘူးလို့ ဘာလို့ထင်တာလဲ"
"ကျွန်တော်တို့ ခုနက မထင်မှတ်ဘဲ . . . "
နှုတ်ခမ်းလေးကို ကိုင်ကာ ရှေ့ဆက်ပြောဖို့ခက်နေသည့် ဘေဘီ့ကိုကြည့်ပြီး စကားဆုံးသည်အထိ စောင့်နေပေးလိုက်သည်။
"နမ်းခဲ့မိကြတယ်လေ"
"မထင်မှတ်ဘဲ မဟုတ်ဘူး ဘေဘီ။ ကိုယ်ဘေဘီ့ကို နမ်းချင်လို့ကို နမ်းခဲ့တာ"
"ဟင်"
"ဟုတ်တယ် ဘေဘီ့ကို ကိုယ်ချစ်နေပြီမို့ နမ်းလိုက်တာ"
"ကျွန်တော် . . ."
"မစဉ်းစားပါနဲ့ ဘေဘီ။ ဘာမှလည်း မတွေးပါနဲ့တော့။ ဒီနေ့က ကိုယ်တို့နှစ်ယောက် ချစ်သူဖြစ်တဲ့ ပထမဆုံးနေ့ First Dateလို့ သတ်မှတ်လိုက်ရအောင်"
"ဟို . . ."
"ဘေဘီ ပြန်မချစ်လည်း ချစ်သူတွေအဖြစ် ရှိနေပေးရင်ရပြီ။ ဘေဘီ့ဘက်က ကိုယ့်ကို ပြန်ချစ်ပေးဖို့မလိုဘူး။ ဘေဘီချစ်လာအောင် ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားမှာ။ ကိုယ့်ကြိုးစားမှုက မအောင်မြင်လို့ ဘေဘီ ချစ်ရမယ့်သူ ရှိလာတဲ့အခါ ဒါမှမဟုတ် ကိုယ်နဲ့ ချစ်သူလို မနေချင်တော့တဲ့အခါ ကိုယ့်ကိုထားခဲ့လို့ရတယ်။ အဲ့ဒီအချိန်ကြ ဘေဘီ့ဆန္ဒကို လိုက်လျောပြီး ကိုယ်ကျန်နေခဲ့ပေးပါ့မယ်။ ဒါပေမဲ့ ကိုယ်ကိုတော့ ချစ်သူအဖြစ် ဘေဘီ့တစ်ဘဝလုံး ပိုင်ဆိုင်ခွင့်ရှိတယ်"
". . ."
"ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ရေးမှာ ဘေဘီကပဲ ကိုယ့်ကို ထားခဲ့ပိုင်ခွင့်ရှိပြီး ကိုယ်က ဘေဘီ့ကို ထားခဲ့ပိုင်ခွင့်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ကစပြီး ဘေဘီ့ကို ကိုယ့်ရဲ့ တရားဝင် ချစ်သူအဖြစ် သတ်မှတ်လိုက်ပြီမို့လို့ပဲ"
". . ."
"ဪ . . . ပြီးတော့ ကိုယ်တို့ နှစ်ယောက် ချစ်သူတွေ ဖြစ်သွားပြီဆိုတဲ့ အကြောင်းကို ဘယ်သူ့ကိုမှ ပြောပြလို့ မရဘူးနော် ဘေဘီ။ ဘေဘီ့သူငယ်ချင်း အရင်းကြီးတွေဖြစ်တဲ့ သာထူးနဲ့ ထူးခြားကိုတောင် ပြောပြလို့ မရဘူးနော်။ ပြောပြလို့မရတဲ့ အကြောင်းအရင်း ရှိသလို ခင်လေးသိသွားလို့လည်း မဖြစ်ဘူးလေ။ ဘေဘီ သဘောပေါက်တယ်မို့လား"
လူကြီးရဲ့အမေးကို လင်းရာ ခေါင်းလေး ငြိမ့်ပြလိုက်မိသည်။
"ကိုယ့်ဘေဘီက လိမ္မာတယ်။ ကိုယ်သွားပြီနော်"
လူကြီးက ထိုကဲ့သို့ ကျွန်တော့်ဘဝထဲကို ပိုင်စိုးပိုင်နင်း ဝင်ရောက်ခဲ့လေသည်။
Sat, July 17 (17/7/2021/Sat)
ဟိုးးးအောက်ဆုံးမှာ ကညင်ဆည်က ပုံလေးတွေကို ထည့်ပေးလိုက်ပါတယ်နော်။ Photo ကို ရိုက်ထားတဲ့ Oap Pyae Moe ဆိုတဲ့ မောင်လေးကို Credit ပေးပါတယ်နော်။ Oap Pyae Moe ဆိုတဲ့ မောင်လေးရဲ့အကောင့်က ပုံကို Save ပြီး ထည့်ပေးထားတာပါနော်။
**************
#Zawgyi
အခ်ိန္ေတြ တေရြ႕ေရြ႕ ကုန္ဆုံးလာသည္ႏွင့္အမၽွ လူႀကီးနဲ႔လင္းရာလည္း အရင္ကထက္ ပိုခင္လာခဲ့သည္။
"ေမာင္လင္းရာတို႔မ်ား ဂစ္တာေလး တစ္ရက္လာသင္ၿပီး ေနာက္ေန႔ မလာေတာ့ဘူးေနာ္။ အဲ့လို သင္ယူခ်င္စိတ္ အျပည့္ရွိတာ"
"လက္နာတယ္ကြ ထူးျခားရ။ ငါ့မွာ ဂစ္တာသင္ၿပီး ျပန္လာေတာ့ လက္ေတြက ပစၥည္းေတြေတာင္ မကိုင္နိုင္ေတာ့ဘူး"
"ဪ . . . ေအးပါ။ ဂစ္တာသင္တာ လက္နာတယ္ဆိုေတာ့ . . . ေအးေအး . . . ဂစ္တာတီးတတ္တဲ့သူေတြက လက္မနာဘဲ တတ္လာတဲ့အတိုင္း။ မသိရင္ သူတစ္ေယာက္ထဲ နာသလိုလို"
"ငါ မတီးတတ္ခ်င္ေတာ့ဘူး"
"အင္း ေကာင္းပါ့ ေကာင္းပါ့"
လင္းရာကို ရြဲ႕ေနတဲ့ ထူးျခားေၾကာင့္ ျပဳံးမိရသည္။ တစ္ခုခုဆို လင္းရာထက္ သူတို႔က ပိုၿပီး စိတ္အားထက္သန္ၾကသည္။ စိတ္အားထက္သန္မႈက သူတို႔ကိစၥေတြမွာေတာ့မဟုတ္ လင္းရာကိစၥေတြမွာပင္ ျဖစ္သည္။
စကားေျပာေနတုန္းမွာ မမားဆီက ဖုန္းလာေတာ့ လင္းရာ အျမန္ကိုင္လိုက္ရသည္။ မမားက ဒီလိုအခ်ိန္မ်ိဳးမွာ ဖုန္းေခၚတတ္သည္ မဟုတ္။
"မမား"
"သားသား မမား အိမ္ျပန္လိုက္ဦးမယ္ေနာ္"
"ဟင္ ျဗဳန္းစားႀကီးပါ့လား မမား"
"ဟုတ္တယ္ သားသား။ ေဖေဖ ေနသိပ္မေကာင္းဘူးေျပာလို႔"
"သားပါ ျပန္လိုက္ခဲ့မယ္ေလ"
"ေန . . . ေန . . . သားသား။ အရမ္း ေနမေကာင္းတာမဟုတ္ဘူး ပန္းဖ်ား ဖ်ားတာ။ အရမ္းစိတ္ပူစရာမလိုဘူး။ သားသားက ေက်ာင္းပိတ္မွ ျပန္လာခဲ့ေနာ္"
"ခုျပန္လိုက္ခဲ့လို႔ မရဘူးလား မမကလည္း"
"ေက်ာင္းတက္ရဦးမယ္ေလ။ ခုမွ တနလၤာပဲ ရွိေသးတာ။ ေက်ာင္းအမ်ားႀကီး ပ်က္လို႔မျဖစ္ဘူး။ ေက်ာင္းပိတ္မွလာခဲ့"
"ဟုတ္"
မမားနဲ႔ ဖုန္းခ်ၿပီး ေဖေဖ့ကို ဖုန္းလွမ္းဆက္ရသည္။ မမားက လင္းရာ စိတ္ပူမွာဆိုးလို႔ ပန္းဖ်ား ဖ်ားတယ္ဆိုၿပီး ညာေကာင္း ညာနိုင္ေပသည္။
"ဟဲလို"
"သားသား ဘာလို႔ ဖုန္းဆက္တာလဲ။ ေက်ာင္းမတက္ဘူးလား"
"တက္ရတယ္ ေဖေဖ။ ဆရာမ မလာေသးလို႔"
"ဪ . . . "
"ေဖေဖ ေနမေကာင္းဘူးဆို"
"အင္း ဟုတ္တယ္။ အရမ္းႀကီး ေနမေကာင္းတာေတာ့ မဟုတ္ပါဘူးသားရဲ့။ ပင္ပန္းၿပီး ဖ်ားတာ"
"ဪ . . . မမားက ျပန္မလို႔တဲ့။ သားၾကေတာ့ အိမ္ျပန္မလိုက္ခိုင္းဘူး။ ေဖေဖမ်ား တအားျဖစ္ေနလားဆိုၿပီး စိတ္ပူလို႔"
"မျဖစ္ပါဘူး သားရာ။ သမီးကိုေတာင္ ေဖေဖက ျပန္မလာနဲ႔လို႔ ေျပာထားတာ။ သိတဲ့အတိုင္း မင္းမမားက စိတ္ပူတတ္တာဆိုေတာ့ ခ်က္ခ်င္းျပန္လာမယ္ လုပ္ေနတာ။ သားကေတာ့ ေက်ာင္းပိတ္ရက္မွ ျပန္လာခဲ့ေနာ္"
"ဟုတ္ ေဖေဖ က်န္းမာေရး ဂ႐ုစိုက္ေနာ္။ အျမန္ ေနေကာင္းေအာင္ ျပန္လုပ္ေပးပါ"
"ဟုတ္ကဲ့ပါဗ်ာ။ သားမမကို ခဏေန ဖိုးေအာင္ လာေခၚလိမ့္မယ္။ ဘာထည့္ေပးလိုက္ရဦးမလဲ"
"ဟင့္အင္ ဘာမွထည့္မေပးပါနဲ႔ ေဖေဖ"
"အင္း ဒါပဲေနာ္ သားသား။ ေဖေဖ့ကို အရမ္းစိတ္မပူနဲ႔"
"ဟုတ္"
ေဖေဖနဲ႔စကားေျပာၿပီး ဖုန္းခ်လိုက္ေတာ့ လူႀကီးက အနားေရာက္လာေလသည္။ ေကာ္ရစ္တာရဲ့ေဘးက ျပတင္းတံခါးေပါက္မွာ ထိုင္တာမို႔ လူႀကီးက တံခါးေဘးမွာ လာရပ္ေလသည္။
"ေဘဘီ မ်က္ႏွာလည္း မေကာင္းပါ့လား။ ဘာလို႔လဲ"
"ေဖေဖ ေနမေကာင္းလို႔တဲ့"
"ဟုတ္လား။ ဘာျဖစ္တာတဲ့လဲ။ စိုးရိမ္ရလား"
"စိုးေတာ့ မစိုးရိမ္ရဘူး။ ပင္ပန္းၿပီး ဖ်ားတာလို႔ေတာ့ ေျပာတယ္"
"အင္း။ ေန႔ခင္း အတန္ခ်ိန္မ်ားလား"
"ဒီေန႔ သခၤ်ာတီခ်ယ္က ေနမေကာင္းလို႔ ေက်ာင္းမလာဘူးဆိုေတာ့ ေန႔ခင္းဘက္ ႏွစ္ခ်ိန္အားတယ္။ ႏွစ္ခ်ိန္ပဲ တက္ရမွာ"
"အဲ့ဒါဆို ေန႔ခင္းၾက ကိုယ္နဲ႔လိုက္ခဲ့"
"ဘယ္ကိုလဲ"
"ကညင္ဆည္ကို ေရာက္ဖူးလား"
"ဟင့္အင္ မေရာက္ဖူးေသးဘူး"
"အင္း ေန႔ခင္းၾက ကိုယ္လိုက္ပို႔မယ္"
"အာ့ဆို သာထူးတို႔ ထူးျခားတို႔ကိုပါ ေျပာလိုက္ဦးမယ္"
"အာ မေျပာနဲ႔။ ေဘဘီနဲ႔ကိုယ္ ႏွစ္ေယာက္ထဲ သြားၾကမယ္။ ေနာက္မွ တစ္ခါထပ္ၿပီး သူတို႔နဲ႔ တူတူသြားေနာ္။ ဒီတစ္ခါေတာ့ ကိုယ္တို႔ႏွစ္ေယာက္ထဲ သြားရေအာင္"
"ဟုတ္"
ေန႔လည္ ထမင္းစားၿပီးေတာ့ သာထူးတို႔အလစ္မွာ ခိုးထြက္ၿပီး လူႀကီးေနာက္ကို လိုက္ခဲ့လိုက္သည္။ ကညင္ဆည္ကိုသြားဖို႔ လင္းရာတို႔အိမ္ကိုျပန္ရသည့္ လမ္းဘက္က သြားရေပသည္။ လင္းရာတို႔ ၿမိဳ႕ကိုေတာ့ မေရာက္ေပ။
ငဝန္တံတားအသစ္ကိုေရာက္ေတာ့ ဆိုင္ကယ္ ခဏရပ္ၿပီး တံတားေပၚမွာ ဓာတ္ပုံရိုက္ျဖစ္ၾကည္သည္။ လူႀကီးကို ရိုက္ေပးရသည္ဆိုလၽွင္ ပိုမွန္ေပမည္။ ဓာတ္ပုံရိုက္ရတာ ဝါသနာပါသည့္ လူႀကီးက ေမာ္ဒယ္ရႈံးေအာင္လည္း Post အမ်ိဳးမ်ိဳး ေပးတတ္ျပန္ပါေသးသည္။
ကညင္ဆည္ကို သြားရာ လမ္းတစ္ေလၽွာက္တြင္ မတ္ေစာက္သည့္ အတက္အဆင္းမ်ား ရွိသလို သစ္ပင္မ်ားႏွင့္ စိမ္းစိုေနသည့္ ေတာင္မ်ားလည္းရွိပါသည္။ ကညင္ဆည္နားသို႔ ေရာက္ခါနီးေလ သစ္ရိပ္ဝါးရိပ္ရဲ့ ေအးျမမႈကို ခံစားရေလျဖစ္သည္။
"KANYIN
DAM PROJECT
⬅️4(1/2) mile"
လို႔ ေရးထိုးထားတဲ့ ေက်ာက္ျပားဆိုင္းဘုတ္ႀကီး အႀကီးႀကီးကို ေရာက္တဲ့အခါ ဆိုင္းဘုတ္ညႊန္ျပရာ လမ္းေလးကို ဆက္ၿပီးေတာ့ ဝင္သြားရပါေသးသည္။
အဝင္လမ္းေလးက ေျမနီလမ္းေလးျဖစ္ၿပီး ေဘးတစ္ဖက္တစ္ခ်က္မွာ ကၽြန္းပင္မ်ား စီတန္းစိုက္ထားသည္မို႔ စိမ္းစို၍ လွပလြန္းပါသည္။
ကညင္ဆည္ကိုေရာက္ဖို႔ရာ ေတာင္းကုန္း ေတာင္ဆင္းေလးမ်ားကို ျဖတ္သန္းရေပသည္။ ကညင္ဆည္သို႔ေရာက္သည့္အခါ လာရက်ိဳးနပ္ရခ်ည္ရဲ့လို႔ ေျပာမိသည္အထိ လွပလြန္းတဲ့ ပန္းခ်ီကားတစ္ခ်ပ္ကို ျမင္ေတြ႕ရမွာပါ။
ေတာင္းကုန္းေပၚမွာ တည္ရွိသည့္ ကညင္ဆည္ရဲ့ ေဘးပတ္ပတ္လည္မွာ ေတာင္မ်ားက ဝန္းရံထားေပသည္။ ေတာင္ေပၚမွာရွိသည့္ ကညင္ဆည္သို႔ တက္ရသည့္လမ္းေလးကစ လွပလြန္းပါသည္။
သိပ္လွတဲ့ ေမၽွာ္စင္ႀကီးမွာ ဓာတ္ပုံရိုက္လၽွင္လည္း အထာက်က်ရိုက္နိုင္သလို ဆည္ေဘာင္ေဘးမွာရွိသည့္ ေက်ာက္တုန္းႀကီးမ်ားေပၚတက္ကာ ေတာေတာင္ႀကီးမ်ားကို ေနာက္ခံထား၍ ရႈခင္းလွလွျဖင့္လည္း ဓာတ္ပုံရိုက္နိုင္ေပသည္။
ဆည္ေပၚမွာ တည္ထားသည့္ ေစတီကလည္း ၾကည္ညိဳစရာ ေကာင္လြန္းလွပါသည္။
ဓာတ္ပုံလွလွေလးမ်ား ရိုက္နိုင္သည့္ သဘာဝရႈခင္းမ်ားလည္းရွိသလို လွည္းဘီးေလးေတြႏွင့္ အလွဆင္ေပးထားသည့္ အနားယူ အပန္းေျဖရသည့္ ေနရာေလးတြင္ ဓာတ္ပုံလွလွေလးမ်ား ရိုက္လို႔ရေအာင္လည္း စီစဥ္ေပးထားပါသည္။
ေရတံခြန္သဖြယ္ စီးက်ေနသည့္ ဆည္ေနရာတြင္ ေရကစားလို႔လည္း ရေပသည္။ ေဘးတြင္ေတာ့ ေက်ာက္တုန္း ေက်ာက္ခဲမ်ားႏွင့္ စမ္းေခ်ာင္းသဖြယ္ ျဖစ္ေနေပသည္။
"လူႀကီး"
"ဟင္"
"ကၽြန္ေတာ္တို႔ ဟိုးက ေရတံခြန္လို စီးက်ေနတဲ့ေအာက္က စမ္းေခ်ာင္းေလးမွာ ေရကစားရေအာင္"
"အင္း သြားမယ္ေလ"
ေအာက္သို႔ ခက္ခက္ခဲခဲျဖင့္ ဆင္းလာခဲ့ၿပီး ေရစပ္ေလးတြင္ ထိုင္လိုက္ၾကသည္။ ထိုေနရာေလးကလည္း လွလြန္းသျဖင့္ ဓာတ္ပုံရိုက္ျဖစ္ျပန္ပါသည္။
ေရစပ္နားက ေက်ာက္တုံးေလးေပၚမွာ ခဏထိုင္ေနတုန္း လူႀကီးကို ေမးၾကည့္မိသည္။
"လူႀကီး"
"ဟင္"
"မမားနဲ႔ ဘာလို႔ လမ္းခြဲခဲ့ၾကတာလဲ"
"ခင္ေလးက ကိုယ့္ကို သည္းမခံနိုင္ေတာ့တဲ့အဆုံး ထားပစ္ခဲ့တာ"
"မမားက လူႀကီးကို ဘာလို႔ထားခဲ့တာလဲ"
"ကိုယ့္အမွားေတြပါ။ အဲ့အခ်ိန္တုန္းက ငယ္ေသးေတာ့ တလြဲမာနေတြ ထားခဲ့မိတာ။ ကိုယ္က အေပါင္းအသင္း အရမ္းမ်ားတယ္။ မိန္းကေလးအေပါင္းအသင္းေတြနဲ႔လည္း ေယာကၤ်ားေလးသူငယ္ခ်င္းေတြလိုပဲ လက္ပြန္းတတီးေနတယ္။ မိန္းကေလးေတြနဲ႔ အရမ္းႀကီး ပူးပူးကပ္ကပ္ေပါင္းမိတဲ့အခါ တျခားသူေတြကေျပာၾကတယ္ ဘုန္းစစ္ပိုင္က ခင္သစၥာနဲ႔တြဲေနရင္း တျခားမိန္းကေလးေတြနဲ႔လည္း တပူးပူး တတြဲတြဲနဲ႔ ေျခရႈပ္ေနတယ္ေပါ့။ အျခားသူေတြ ေျပာတဲ့ အဲ့လိုစကားေတြကို ၾကားလာတဲ့အခါတိုင္း ခင္ေလးက ကိုယ့္ကို အဲ့ဒီမိန္းကေလးေတြနဲ႔ မေပါင္းဖို႔ေျပာတယ္။ သူငယ္ခ်င္း အခ်င္းခ်င္းေပါင္းတာကို မေပါင္းဖို႔ေျပာတဲ့ ခင္ေလးရဲ့စကားကို ကိုယ္က လက္မခံနိုင္ခဲ့ဘူးေလ။ သူငယ္ခ်င္း အခ်င္းခ်င္းေပါင္းတာကို ဒီေလာက္ေလးေတာင္ နားမလည္နိုင္ဘူးလားဆိုၿပီး အဲ့ဒီ့အခ်ိန္က ခင္ေလးကို အရမ္းစိတ္ဆိုးခဲ့တာ"
"အင္း"
"ခင္ေလး ဘက္ကၾကည့္ျပန္ေတာ့လည္း လူတစ္ေယာက္ထဲရဲ့ စကားမဟုတ္ဘူးေလ။ လူေတြအမ်ားႀကီးက ေျပာၾကတဲ့စကားကိုမွ တစ္ခါထဲလည္း မဟုတ္ဘူး အႀကိမ္ႀကိမ္ၾကားခဲ့ရတာဆိုေတာ့ အထင္လြဲစရာေတြ ျဖစ္လာခဲ့တယ္။ ကိုယ္သူ႔ကို မခ်စ္ဘူးလို႔ထင္ၿပီး အႀကိမ္ႀကိမ္ ငိုခဲ့ရတယ္လို႔ ေျပာတယ္။ ၿပီးေတာ့ သူ႔စကားကို အေလးအနက္ မထားဘဲ အဲ့ဒီ မိန္းကေလးနဲ႔ ဆက္ေပါင္းေနလို႔ တျခားသူေတြက ကိုယ္နဲ႔အဲ့ဒီ့ မိန္းကေလး မရိုးသားဘူးလို႔ သူ႔ကိုလာေျပာၾကတဲ့အခါတိုင္း သူစိတ္ဆင္းရဲၿပီး ငိုခဲ့ရတယ္တဲ့ေလ။ အဲ့ဒါေၾကာင့္ ကိုယ္နဲ႔ပတ္သက္တဲ့ စိတ္ဆင္းရဲမႈကို ထပ္ၿပီး မခံစားနိုင္ေတာ့လို႔ လမ္းခြဲပါရေစလို႔ ေျပာလာတယ္"
". . ."
"အဲ့အခ်ိန္က သူငယ္ခ်င္းနဲ႔ေတာင္ လိုက္သဝန္တိုၿပီး နားလည္မႈ မေပးနိုင္တဲ့သူကို ဆက္မတြဲရလည္း ဘာမွမျဖစ္ဘူးဆိုတဲ့စိတ္နဲ႔ ကိုယ္သူ႔ကို လမ္းခြဲေပးခဲ့တယ္။ ကိုယ့္ကိုယ္ကို ျပင္ၾကည့္မယ္လို႔ မစဥ္းစားဘဲ ခင္ေလးကို နားလည္မႈ မေပးနိုင္တဲ့သူလို႔ ေတြးခဲ့မိတာ။ ၿပီးေတာ့ အဲ့အခ်ိန္က ခင္ေလးနဲ႔ ျပတ္သြားလည္း အရမ္းႀကီး မခံစားရေလာက္ပါဘူးလို႔ ထင္ခဲ့မိတာလည္း ပါတယ္။ ၿပီးေတာ့ ကိုယ့္အေတြးကၾကေတာ့ ကိုယ္က ခင္ေလးတစ္ေယာက္ထဲကိုပဲ ခ်စ္တာ။ တစ္ျခားမိန္းကေလးေတြနဲ႔ မေဖာက္ျပန္သလို တစ္ျခားမိန္းကေလးေတြကိုလည္း စိတ္မဝင္စားဘူး။ ဒါ့ေၾကာင့္ ကိုယ္လိပ္ျပာ ကိုယ္လုံတယ္။ သူမ်ားေျပာတိုင္း လိုက္ျပဳျပင္စရာမလိုဘူးေပါ့ အဲ့လို ေတြးခဲ့တာ။ ၿပီးေတာ့ ကိုယ္က တစ္ဖက္လူသိေအာင္ ခ်စ္မျပတတ္ခဲ့ဘူး။ ကိုယ္အရမ္းခ်စ္တယ္ဆိုတာကို ကိုယ္ကိုယ္တိုင္ပဲသိတယ္။ ဂ႐ုလည္း မစိုက္ခဲ့မိဘူး။ ေပါ့ပ်က္ပ်က္ေနခဲ့တာ။ သူလည္း သူအဆင္ေျပသလိုေန။ ကိုယ္လည္း ကိုယ္အဆင္ေျပသလိုေနမယ္။ အေရးႀကီးတာက ကိုယ္တို႔ႏွစ္ေယာက္ ခ်စ္ေနဖို႔ပဲ လိုတယ္လို႔ ေတြးခဲ့တာ။ ခင္ေလးကၾက ကိုယ့္အခ်စ္ကို သူဘယ္တုန္းကမွ မခံစားခဲ့ရဘူးတဲ့။ သူ႔ကို ကိုယ္ခ်စ္တယ္ဆိုတဲ့ ခံစားခ်က္ကို ကိုယ္ကမေပးခဲ့ဘူးတဲ့။ ေနာက္ဆုံးထိ သူ႔ကို ကိုယ္မခ်စ္ခဲ့ဘူးလို႔ပဲ သူေတြးခဲ့တာ"
"အင္း"
"ခ်စ္သူေတြ ျဖစ္ခဲ့ၾကေပမယ့္ ရင္ထဲမွာပဲခ်စ္ၿပီး လက္ေတြ႕မွာ ဂ႐ုမစိုက္ခဲ့သလို သူ႔စကားေတြကိုလည္း နားမေထာင္မိခဲ့ဘူး။ သူစိတ္ခ်မ္းသာေအာင္လို႔လည္း ကိုယ့္ကိုယ္ကို မျပဳျပင္ မေျပာင္းလဲ မိခဲ့ဘူး။ အဓိကက ခ်စ္ေနဖို႔ပဲလိုတယ္ဆိုတဲ့ ကိုယ္ရဲ့ မဟာLogicႀကီးေၾကာင့္ မဟာအမွားႀကီး မွားခဲ့ၿပီး ထားခဲ့ခံရတာ။ ကိုယ္သူ႔ကို ဒီႏွစ္ေက်ာင္းအပ္တဲ့ အခ်ိန္အထိ မေမ့နိုင္ခဲ့ဘူး"
"ခုေရာ"
"ေမ့နိုင္တာထက္ အဆင္ေျပသြားတာပါ"
"မမားက လူႀကီးကို အရမ္းခ်စ္ခဲ့တာ"
"ကိုယ့္ထက္ မိသားစုကို ပိုခ်စ္တာပါ"
"ဟင္"
"ဟုတ္တယ္ ကိုယ့္ကို လမ္းခြဲစကားေျပာေတာ့ သူေျပာခဲ့တယ္။ နင့္အတြက္ အခ်ိန္ေပးၿပီး ခံစားမေနနိုင္ဘူးတဲ့။ နင့္အတြက္ ေၾကကြဲေပးခဲ့ရတာ ဒီေလာက္ဆို လုံေလာက္ၿပီတဲ့။ ငါ့နင့္အတြက္ ခံစားေနရတဲ့အခ်ိန္ ငါ့မိသားစုကို ဂ႐ုစိုက္ေပးဖို႔ လ်စ္ဟာသြားမွာဆိုးလို႔ ဒီေလာက္အထိပဲ နင့္အတြက္ ခံစားပါရေစတဲ့။ နင့္အတြက္ ခံစားေနရတဲ့ ငါ့ကိုၾကည့္ၿပီး ငါ့မိသားစု စိတ္မေကာင္း ျဖစ္ေနရမွာကို မႀကိဳက္ဘူးတဲ့။ အဲ့ေၾကာင့္ ငါတို႔ ဒီမွာတင္ ရပ္လိုက္ၾကရေအာင္လို႔ ကိုယ့္ကိုေျပာခဲ့တာ"
"မမားက ေဖေဖနဲ႔ကၽြန္ေတာ့္ေရွ႕မွာ ဘယ္တုန္းကမွ မ်က္ရည္မက်ခဲ့ဘူး။ ကၽြန္ေတာ္တို႔ စိတ္မေကာင္းျဖစ္မွာဆိုးလို႔တဲ့။ ဝမ္းသာမ်က္ရည္ေတာင္ မက်ခဲ့ဘူး။ ဝမ္းသာလို႔ မ်က္ရည္က်ခဲ့ရင္ေတာင္ ရင္ထဲမေကာင္း ျဖစ္သြားမွာဆိုးလို႔တဲ့ေလ။ အဲ့ေလာက္ထိ ေဖေဖနဲ႔ကၽြန္ေတာ္က သူ႔ဘဝျဖစ္ခဲ့တာ"
"ေဘဘီ အရမ္းကံေကာင္းတယ္"
"အင္း ကၽြန္ေတာ္သိတာေပါ့။ အဲ့ဒါေၾကာင့္လည္း မမားက ကၽြန္ေတာ့္ဘဝျဖစ္ခဲ့တာ"
"အင္းးးး အားက်တယ္"
"ဒါနဲ႔ လူႀကီးက မမားနဲ႔ျပတ္ေတာ့ ရည္းစားေတြအမ်ားႀကီးထားခဲ့ေသးတယ္မို႔လား"
"အင္း ခင္ေလးကို စိတ္နာၿပီး ရြဲ႕တြဲခဲ့တာ"
"ထပ္ၿပီး ခ်စ္ခဲ့ေသးလား"
"ဟင့္အင္ ထပ္ေတာ့မခ်စ္ခဲ့ဘူး။ ဒါေပမဲ့ ခုေတာ့ ထပ္ခ်စ္ၾကည့္ဖို႔ ႀကိဳးစားေနတုန္းပဲ။ ဒါေပမဲ့ ဒီတစ္ခါ ခ်စ္သူထားရင္ ဘာပဲျဖစ္ျဖစ္ ကိုယ္မင္းကို အရမ္းခ်စ္တယ္ဆိုတာ ယုံေပးပါလို႔ေျပာေတာ့မယ္။ ကိုယ္ဘယ္လိုပဲေနေန ဘယ္သူေတြ ဘယ္လိုပဲထင္ထင္ ကိုယ္ခ်စ္တာ မင္းတစ္ေယာက္ထဲကိုပါ ဆိုတာကိုေတာ့ အျမဲယုံၾကည္ေပးပါလို႔ ေတာင္းဆိုေတာ့မယ္"
လူႀကီးက လင္းရာကို ၾကည့္ေျပာေနသလို ခံစားရသည္မို႔ အာေခါင္ေတြ ေျခာက္ေသြ႕သလို ခံစားလာရသည္။
"လူႀကီး ကၽြန္ေတာ္ ေရေဆာ့ခ်င္တယ္"
"အင္း အရမ္းေတာ့ မေဆာ့နဲ႔။ ေအာက္မွာ ေက်ာက္ခဲ အခၽြန္ေလးေတြရွိတယ္ ထိုးမိမယ္ေနာ္။ သတိထားၿပီး ေဆာ့"
"ဟုတ္"
ေက်ာင္းဝတ္စုံရဲ့ေအာက္မွာ ဒူးက်ေဘာင္းဘီနဲ႔ စြပ္ၾကယ္ အကၤ်ီရွိတာမို႔ အေပၚက ေက်ာင္းယူနီေဖာင္းကို ခၽြတ္လိုက္ၿပီး ေရထဲဆင္းလိုက္ပါသည္။ ေရတံခြန္ေလးက အရွိန္နဲ႔ စီးက်လာတဲ့ ေရေအာက္တည့္တည့္မွာထိုင္ၿပီး ေရကို စိမ္ေၿပ နေၿပ ခ်ိဳးေနလိုက္သည္။
အကၤ်ီအပိုမပါသည့္ လူႀကီးကေတာ့ ေရမေဆာ့ဘဲ ကမ္းစပ္ေလးမွာပဲ ထိုင္ေနခဲ့ပါသည္။
"ေဘဘီ ေတာ္ၿပီ။ အေအးပတ္ေနမယ္ ဒီကိုျပန္လာခဲ့ေတာ့"
လူႀကီးက သူရွိရာကို ျပန္လာခဲ့ဖို႔ ေျပာလာသည္မို႔ လင္းရာ ျပန္လာခဲ့လိုက္သည္။
"အ"
ေရထဲမွာ ထိုင္ေနတာ ၾကာသြား၍ထင္ ေျခေထာက္ေတြႏူးေနၿပီး ေက်ာက္ခဲခၽြန္ေလးႏွင့္ ျခစ္မိသြားသည့္အခါ အသားပဲ့သြားၿပီး ေသြးမ်ားထြက္လာေလသည္။
"ေျခေထာက္ကို ဆူးမိၿပီလားေဘဘီ"
"အင္း"
မ်က္ႏွာေလး ရႈံးမဲ့ကာဆိုလိုက္ေတာ့ လူႀကီးက အနားကို အေျပးအလႊားေရာက္လာေလသည္။
"ကိုယ့္ကို ေျခေထာက္ၿပ ေဘဘီ"
ထိခိုက္မိသြားသည့္ ေျခေထာက္ကို မ'ျပေတာ့ ေသြးမ်ားထြက္ေနသည္ကို ျမင္လိုက္ရသည္။
လူကို ေစြ႕ခနဲေပြ႕ခ်ီကာ ကမ္းစပ္က ေက်ာက္တုန္းေပၚ တင္ေပးေလသည္။ အနာက နာသည္မို႔ လင္းရာလည္း ငိုမိပါေတာ့သည္။
"မမားေရ . . ."
မမားေရဆိုၿပီး တငိုေနသည့္ ေဘဘီ့ကို စစ္ပိုင္ အံ့ဩတႀကီး ေငးၾကည့္မိသည္။ ဒီအရြယ္ပဲေရာက္ေနၿပီ မမားကိုတၿပီး ငိုရေလသလား။
"ဟာ . . . မငိုနဲ႔ေလကြာ ေဘဘီရာ။ ဒါ ငိုစရာမွ မဟုတ္တာ"
"ဒီေလာက္နာတာက ငိုစရာမဟုတ္လို႔ ဘာက ငိုစရာျဖစ္ရမွာလဲ လူႀကီးရဲ့"
"ေအးပါကြာ ငိုပါ ငိုပါ ႀကိဳက္သေလာက္ ငိုပါ။ ေရစို အကၤ်ီေလးေတာ့ လဲပါဦးကြာ ေနာ္"
စိုေနသည့္ အဝတ္အစားေတြကို ခၽြတ္ၿပီး ေက်ာင္းဝတ္စုံကို ျပန္ဝတ္လိုက္ရသည္။
အနာကို ေသြးတိတ္ေအာင္ လက္မေလးျဖင့္ ေတာ္ေတာ္ၾကာ ဖိေပးထားသည္မို႔ ခဏၾကာေတာ့ ေသြးတိတ္သြားေလသည္။ တကယ္တမ္းၾကည့္တဲ့အခါ အနာက သိပ္မမ်ားေပ။ နာလြန္း၍သာ တရႈံရႈံ ငိုေနမိျခင္းပင္။
"ေဘဘီ ကိုယ့္ကိုၾကည့္"
စစ္ပိုင္က ၾကည့္လို႔ဆိုေတာ့လည္း ၾကည့္ရွာပါသည္။
"အနာက ေသြးတိတ္သြားၿပီ။ မငိုနဲ႔ေတာ့ေနာ္။ အငိုတိတ္ေတာ့"
"ကၽြန္ေတာ္ အငိုတိတ္ေနၿပီ လူႀကီး။ ရွိုက္တာက ရပ္မရဘူး"
ငယ္ငယ္က ကေလးေတြ ငိုသည့္အခါ အငိုတိတ္သြားၿပီး မ်က္ရည္မက်ေတာ့ေပမယ့္ ရွိုက္တာက ရပ္မသြားတတ္ၾကေပ။ ခုလည္း ေဘဘီက အငိုတိတ္သြားေပမယ့္ ရွိုက္ေနတုန္းပင္။ တကယ့္ကို ကေလးအက်င့္ေလးေတြကိုမွ ပိုင္ဆိုင္ထားသည့္ ကေလးေလးပင္။
ရွိုက္ေနေသးသည့္ ကေလးရဲ့ ေမးဖ်ားေလးကို ဆြဲယူၿပီး မ်က္ႏွာကို ေမာ့ေစလိုက္ေတာ့ မ်က္ဝန္းဝိုင္းေလးေတြျဖင့္ ေငးၾကည့္ေနေလသည္။
ဘယ္အခ်ိန္က ျပန္တပ္ထားမွန္းမသိတဲ့ မ်က္မွန္ေလးကို ဆြဲခၽြတ္လိုက္ၿပီး ကေလးရဲ့ ႏႈတ္ခမ္းဖူးဖူးေလးကို အနမ္းေပးလိုက္သည္။ အနမ္းေပးသည့္အခါ မ်က္မွန္က သိပ္ရႈပ္သည္ မဟုတ္ပါလား။
မထင္မွတ္ထားသည့္အခ်ိန္မွာ မထင္မွတ္ဘဲ နမ္းလာသည့္ လူႀကီးရဲ့ အနမ္းေႏြးေႏြးကို လင္းရာ ျငင္းဆန္ဖို႔ ေမ့ေနခဲ့သည္။ လူႀကီးရဲ့ အနမ္းမွာ ေပ်ာ္ဝင္ၿပီး အလိုက္သင့္ေလး ေနေပးေနမိခဲ့သည္။ ျငင္းဆန္ဖို႔ ေမ့ေလ်ာ့ခဲ့သည္လား ျငင္းဆန္ဖို႔ ခြန္အားမရွိေတာ့သည္လား မပိုင္းျခားတတ္ေတာ့။ သို႔ေပသည့္ လူႀကီးရဲ့အနမ္းကို အသက္ရႈဖို႔ ေမ့သည္အထိ ၿငိမ္သက္စြာ ခံယူေနခဲ့မိသည္။
အခ်ိန္အေတာ္ၾကာသြားတဲ့အခါ အသက္ရႉဖို႔ လိုအပ္လာသည္မို႔ အနမ္းကိုရပ္စိုင္းလိုက္ရသည္။ အသက္ကို ခပ္ဖြဖြရႉသြင္းၿပီး ေရစိုေနသည့္ ေဘဘီ့မ်က္မွန္ကို အကၤ်ီစျဖင့္သုပ္ကာ ျပန္တပ္ေပးလိုက္သည္။
ထိုအခ်ိန္မွစ၍ အေဆာင္ျပန္ေရာက္သည္အထိ ႏွစ္ေယာက္သား စကားမေျပာျဖစ္ၾကေတာ့ေပ။
လူႀကီးက လင္းရာတို႔ အေဆာင္ေရွ႕ကို လိုက္ပို႔သည္မို႔ အေဆာင္ထဲဝင္ဖို႔ ေျခလွမ္းလိုက္သည္။ သို႔ေပသည့္ လူႀကီးကို ေျပာစရာ ရွိေနသည္မို႔ ေျခလွမ္းကို ရပ္စိုင္းၿပီး ေနာက္ျပန္လွည့္ကာ လူႀကီးကို ၾကည့္လိုက္သည္။
"လူႀကီး"
"ဟင္"
"ကၽြန္ေတာ္တို႔ အရင္လိုပဲ ဆက္ေနလို႔ရေသးတယ္မို႔လား"
"ဘယ္လိုလဲ"
"ခင္ခင္မင္မင္ ရင္းရင္းႏွီးႏွီး စကားေျပာလို႔ ရေသးတယ္မို႔လား"
"ဘာလို႔လဲ"
"မရဘူးလား"
"မရဘူးလို႔ ဘာလို႔ထင္တာလဲ"
"ကၽြန္ေတာ္တို႔ ခုနက မထင္မွတ္ဘဲ . . . "
ႏႈတ္ခမ္းေလးကို ကိုင္ကာ ေရွ႕ဆက္ေျပာဖို႔ခက္ေနသည့္ ေဘဘီ့ကိုၾကည့္ၿပီး စကားဆုံးသည္အထိ ေစာင့္ေနေပးလိုက္သည္။
"နမ္းခဲ့မိၾကတယ္ေလ"
"မထင္မွတ္ဘဲ မဟုတ္ဘူး ေဘဘီ။ ကိုယ္ေဘဘီ့ကို နမ္းခ်င္လို႔ကို နမ္းခဲ့တာ"
"ဟင္"
"ဟုတ္တယ္ ေဘဘီ့ကို ကိုယ္ခ်စ္ေနၿပီမို႔ နမ္းလိုက္တာ"
"ကၽြန္ေတာ္ . . ."
"မစဥ္းစားပါနဲ႔ ေဘဘီ။ ဘာမွလည္း မေတြးပါနဲ႔ေတာ့။ ဒီေန႔က ကိုယ္တို႔ႏွစ္ေယာက္ ခ်စ္သူျဖစ္တဲ့ ပထမဆုံးေန႔ First Dateလို႔ သတ္မွတ္လိုက္ရေအာင္"
"ဟို . . ."
"ေဘဘီ ျပန္မခ်စ္လည္း ခ်စ္သူေတြအျဖစ္ ရွိေနေပးရင္ရၿပီ။ ေဘဘီ့ဘက္က ကိုယ့္ကို ျပန္ခ်စ္ေပးဖို႔မလိုဘူး။ ေဘဘီခ်စ္လာေအာင္ ကိုယ့္ဘက္က အစြမ္းကုန္ ႀကိဳးစားမွာ။ ကိုယ့္ႀကိဳးစားမႈက မေအာင္ျမင္လို႔ ေဘဘီ ခ်စ္ရမယ့္သူ ရွိလာတဲ့အခါ ဒါမွမဟုတ္ ကိုယ္နဲ႔ ခ်စ္သူလို မေနခ်င္ေတာ့တဲ့အခါ ကိုယ့္ကိုထားခဲ့လို႔ရတယ္။ အဲ့ဒီအခ်ိန္ၾက ေဘဘီ့ဆႏၵကို လိုက္ေလ်ာၿပီး ကိုယ္က်န္ေနခဲ့ေပးပါ့မယ္။ ဒါေပမဲ့ ကိုယ္ကိုေတာ့ ခ်စ္သူအျဖစ္ ေဘဘီ့တစ္ဘဝလုံး ပိုင္ဆိုင္ခြင့္ရွိတယ္"
". . ."
"ကိုယ္တို႔ႏွစ္ေယာက္ရဲ့အခ်စ္ေရးမွာ ေဘဘီကပဲ ကိုယ့္ကို ထားခဲ့ပိုင္ခြင့္ရွိၿပီး ကိုယ္က ေဘဘီ့ကို ထားခဲ့ပိုင္ခြင့္မရွိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေန႔ကစၿပီး ေဘဘီ့ကို ကိုယ့္ရဲ့ တရားဝင္ ခ်စ္သူအျဖစ္ သတ္မွတ္လိုက္ၿပီမို႔လို႔ပဲ"
". . ."
"ဪ . . . ၿပီးေတာ့ ကိုယ္တို႔ ႏွစ္ေယာက္ ခ်စ္သူေတြ ျဖစ္သြားၿပီဆိုတဲ့ အေၾကာင္းကို ဘယ္သူ႔ကိုမွ ေျပာျပလို႔ မရဘူးေနာ္ ေဘဘီ။ ေဘဘီ့သူငယ္ခ်င္း အရင္းႀကီးေတြျဖစ္တဲ့ သာထူးနဲ႔ ထူးျခားကိုေတာင္ ေျပာျပလို႔ မရဘူးေနာ္။ ေျပာျပလို႔မရတဲ့ အေၾကာင္းအရင္း ရွိသလို ခင္ေလးသိသြားလို႔လည္း မျဖစ္ဘူးေလ။ ေဘဘီ သေဘာေပါက္တယ္မို႔လား"
လူႀကီးရဲ့အေမးကို လင္းရာ ေခါင္းေလး ၿငိမ့္ျပလိုက္မိသည္။
"ကိုယ့္ေဘဘီက လိမၼာတယ္။ ကိုယ္သြားၿပီေနာ္"
လူႀကီးက ထိုကဲ့သို႔ ကၽြန္ေတာ့္ဘဝထဲကို ပိုင္စိုးပိုင္နင္း ဝင္ေရာက္ခဲ့ေလသည္။
Sat, July 17 (17/7/2021/Sat)
ဟိုးးးေအာက္ဆုံးမွာ ကညင္ဆည္က ပုံေလးေတြကို ထည့္ေပးလိုက္ပါတယ္ေနာ္။ Photo ကို ရိုက္ထားတဲ့ Oap Pyae Moe ဆိုတဲ့ ေမာင္ေလးကို Credit ေပးပါတယ္ေနာ္။ Oap Pyae Moe ဆိုတဲ့ ေမာင္ေလးရဲ့အေကာင့္က ပုံကို Save ၿပီး ထည့္ေပးထားတာပါေနာ္။
**************