Lawless Gangster (Myanmar Tra...

By ViVianKhin

41.7K 7.7K 491

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55

Episode 6

700 177 2
By ViVianKhin

အပိုင္း ၆

Zawgyi

ႏွစ္လေလာက္ၾကာေတာ့ ေက်ာင္းက စာေမးပြဲစစ္ဖို႔တာဝန္ေပးလာတယ္။ အဲ့ဒါေၾကာင့္ပဲ အထက္တန္းေက်ာင္းတိုင္း ပိတ္ရက္ေတြပါ အခ်ိန္ပိုသင္ဖို႔ျဖစ္လာတယ္။
စာေမးပြဲက ေတာ္ေတာ္ေလးႀကီးတဲ့ မူလတန္းေက်ာင္းမွာစစ္မွာျဖစ္တယ္။

ခ်ီ႐ႈိ႕ယြမ္ကေတာ့ လူပ်ိဳဆိုေတာ့ ဒီလိုမ်ိဳးကိစၥေတြအတြက္ ဘာမွေထြေထြထူးထူး မခံစားရဘူး။ အဲ့လိုနဲ႔ စာေမးပြဲခန္းေစာင့္ဖို႔ တာဝန္ေပးခံရတာ သူျဖစ္သြားတယ္။ စာေမးပြဲခန္းထဲေရာက္ေတာ့မွ သက္လတ္ပိုင္း အစိုးရဝန္ထမ္းေတြရဲ႕ အရည္အခ်င္းစစ္ စာေမးပြဲမွန္း သိရေတာ့တယ္။

စာေမးပြဲခန္းေစာင့္ရတာက တကယ္ကို ပ်င္းစရာေကာင္းတယ္။ ပိုဆိုးတာက အစိုးရဝန္ထမ္းေတြက မ်က္ႏွာေျပာင္ေျပာင္နဲ႔ စာခိုးခ်ၾကတယ္။ ခ်ီ႐ႈိ႕ယြမ္က ဒီလိုစာေမးပြဲေတြမွာ ခိုးခ်ၾကတယ္ဆိုတာကို နားလည္ပါတယ္။ အဲ့ဒါနဲ႔ပဲ သူလည္းမသိခ်င္ေယာင္ေဆာင္ေနေပးလိုက္တယ္။ သို႔ေသာ္ ဒီအရာ႐ွိေတြ မူလတန္းေက်ာင္းက ခံုေသးေသးေလးေတြမွာ ၾကပ္ၾကပ္ညပ္ညပ္နဲ႔ ေ႐ွ႕ကစာေရးခံုေပၚ ကုန္းၿပီး စာေမးပြဲေျဖတာကို ၾကည့္ေနရေတာ့ သိပ္ေတာ့လည္း မပ်င္းေတာ့ဘူး။

စာေမးပြဲခ်ိန္ၿပီးေတာ့ အေျဖလႊာေတြကို သိမ္းၿပီး စုေပါင္းၿပီး ခ်ပ္ပိတ္တယ္။ အေတြ႔အၾကံဳ႐ွိၿပီးသား သူ႔အတြက္ေတာ့ ျမန္ျမန္ဆန္ဆန္နဲ႔ လုပ္စရာ႐ွိတာလုပ္ၿပီးေနာက္ အခန္းထဲက လူေတြကို ျပန္ခိုင္းလိုက္တယ္။

အခန္းျပင္ကို အထြက္ ေက်ာင္းေ႐ွ႕မွာ ကားအေကာင္းစား ေတာ္ေတာ္မ်ားမ်ားရပ္ထားတာကို ေတြ႔ရတယ္။ ခ်ီ႐ႈိ႕ယြမ္ ဟိုဟိုဒီဒီ ေလ်ွာက္သြားၾကည့္ေပမယ့္ ေက်ာင္းကအေတာ္ေလးက်ယ္တာေၾကာင့္ ေက်ာင္းရဲ႕ဘယ္နားကိုမွ မေရာက္သလိုျဖစ္ေနတယ္။

နည္းနည္းေလးဆက္ေလ်ွာက္သြားၾကည့္ရင္း သူ ေငြ ၃၂ dollar နဲ႔ ဘာဝယ္လို႔ရႏိုင္မလဲ ေတြးေတာေနတယ္။ ေျခဦးတည့္ရာသြားေနရာက လူတစ္ေယာက္နဲ႔တိုက္မိတယ္။

" ေဆာရီးပါ။ "

ခ်ီ႐ႈိ႕ယြမ္ေခါင္းေမာ့ၾကည့္မိတဲ့ အခါ သူေၾကာင္သြားတယ္။ သူနဲ႔ တိုက္မိတဲ့သူက သူ႔အရပ္ေလာက္႐ွိၿပီး jeans နဲ႔ ထသြားထလာဝတ္တဲ့ T-shirt လက္႐ွည္ကိုဝတ္ထားတဲ့ လူငယ္တစ္ေယာက္..... ယဥ္ယဥ္ေက်းေက်း အမူအရာနဲ႔ဆိုေတာ့ အဲ့ဒီအမာရြတ္ေၾကာင့္သာမဟုတ္ရင္ခ်ီ႐ႈိ႕ယြမ္ လူေတာင္မွားေတာ့မလို႔။

ေ႐ွာင္းလီက သူ႔ကို ခပ္ျမန္ျမန္တစ္ခ်က္ၾကည့္ရင္း ေဘးဖယ္ေပးတယ္။ သူ႔မ်က္ဝန္းေတြက ခ်ီ႐ႈိ႕ယြမ္ကိုမမွတ္မိေၾကာင္းေဖာ္ျပေနတယ္။

ခ်ီ႐ႈိ႕ယြမ္ကေတာ့ မလႈပ္မယွက္...။ သူလြယ္လြယ္ ထြက္သြားလိုက္ၿပီး ေစ်းဝယ္၊ အိမ္ျပန္ကာ ေန႔လည္စာခ်က္လိုက္ရင္ ရရဲ႕သားနဲ႔ ဘာလို႔ ပါးစပ္က စကားေျပာထြက္မိသြားမွန္း မသိဘူး။

" မစၥတာ လီ၊ ကြၽန္ေတာ့ကို တကယ္မမွတ္မိတာလား။ "

သူ႔အသံ သူျပန္နားေထာင္ၾကည့္ေတာ့ ေလသံက ရင္းရင္းႏွီးႏွီး ေျပာသလိုျဖစ္ေနတယ္။ မသိရင္ ေ႐ွာင္းလီနဲ႔ ရင္းႏွီးခဲ့ဖူးသလိုမ်ိဳး။

ေ႐ွာင္းလီက သူ႔ကိုၾကည့္ရင္း အ့ံျသတဲ့ အမူအရာျဖစ္သြားတယ္။

" ဆရာခ်ီလည္း စာေမးပြဲလာေျဖတာလား။ "

" ကြၽန္ေတာ္က စာေမးပြဲခန္း လာေစာင့္တာ။ "

ခ်ီ႐ႈိ႕ယြမ္ တကယ္ပဲ သိခ်င္စိတ္ျဖစ္လာတယ္။

" ခင္ဗ်ားကသာ စာေမးပြဲလာေျဖတာမ်ားလား။ "

" မဟုတ္တာ။ ကြၽန္ေတာ္က ဒီမွာ လူတစ္ေယာက္ကို လာႀကိဳတာ။ "

" ဘယ္သူ႔ကိုလဲ။ "

ခ်ီ႐ႈိ႕ယြမ္ ေမးၿပီးေတာ့မွ ေျပာၿပီးသားစကားကို ျပန္႐ုတ္သိမ္းၿပီး ျပန္ပဲ ျပန္လိုက္ခ်င္ေတာ့တယ္။

ေ႐ွာင္းလီကေတာ့ ပိုလို႔ေတာင္ အ့ံျသသြားတယ္။

Sorry ပါ။ မေျပာခ်င္မေျပာပါနဲ႔လို႔ေတာင္ ခ်ီ႐ႈိ႕ယြမ္ေျပာခြင့္မရလိုက္ဘူး။ ေ႐ွာင္းလီက သူ႔ကိုျပန္ေျဖတယ္။

" သူေ႒းရဲ႕ သူငယ္ခ်င္းပါ။ "

" ခင္ဗ်ားအထက္မွာ သူေ႒း႐ွိေသးတယ္? "

ခ်ီ႐ႈိ႕ယြမ္က အခုမွ တကယ္ အ့ံျသသြားတာ။ သူ႔ရဲ႕ေနာက္ထပ္ေျပာလိုက္တဲ့ စကားက သူဘာလုိ႔ အ့ံအားသင့္သြားတယ္ဆိုတာကို ေဖာ္ျပေပးတယ္။

" ခင္ဗ်ားရဲ႕သူေ႒းက အစိုးရ အရာ႐ွိလား။ "

ေ႐ွာင္းလီက သူ႔မ်က္ႏွာေပၚက အမူအရာေတြၾကည့္ၿပီး ရယ္ခ်င္ေနသလိုပဲ။

" ဒါေပါ့။ ကြၽန္ေတာ့္အထက္မွာ သူေ႒း႐ွိတာေပါ့။ အစိုးရအရာ႐ွိေတာ့ မဟုတ္ပါဘူး။ ဒီေန႔ ကြၽန္ေတာ္က သူ႔သူငယ္ခ်င္းကို ဒီမွာႀကိဳဖို႔ လာတာ။ "

" ေျသာ္။ "

ခ်ီ႐ႈိ႕ယြမ္ ေခါင္းၿငိမ့္ျပလိုက္တယ္။

သူတို႔ႏွစ္ေယာက္ အေနရခက္စြာ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး ခဏေလာက္ ဘာေျပာရမွန္းမသိျဖစ္ေနတယ္။ ခ်ီ႐ႈိ႕ယြမ္တစ္ေယာက္ ေ႐ွာင္းယန္ကို ေဆးရံုမွာ သတင္းေမးသြားတုန္းက ကိုး႐ုိးကားယားႏုိင္ခဲ့တဲ့ အျဖစ္ေလးကို သြားသတိရမိတယ္။

ဒါေပမယ့္ အဲ့တုန္းကနဲ႔ မတူတာက သူအခု ျပန္ဖို႔ စိတ္ေလာမေနဘူး။

" ဆရာခ်ီ၊ ေျပာစရာမ်ား ႐ွိေသးလား။ "

ခ်ီ႐ႈိ႕ယြမ္ ဘာေျပာရင္ေကာင္းမလဲလို႔ ေထာင့္စံုကေန စဥ္းစားေသာ္လည္း တကယ္တန္း ဘာမွေျပာစရာမ႐ွိေန။ ေျပာစရာ႐ွိမေနဘူးဆိုေတာ့ ခ်ီ႐ႈိ႕ယြမ္လည္း ေ႐ွာင္းလီကို ျပံဳးျပလိုက္ကာ

" ဒါဆို ကြၽန္ေတာ္သြားလိုက္ပါဦးမယ္။ ေနာက္မွ ေတြ႔ၾကတာေပါ့။ "
" ဟုတ္ကဲ့။ "

ခ်ီ႐ႈိ႕ယြမ္ ေတာ္ေတာ္ေလး ေလ်ွာက္လာၿပီးမွ ေနာက္ျပန္လွည့္ၾကည့္လိုက္တယ္။ ေ႐ွာင္းလီက အဲ့ဒီေနရာမွာ ရပ္ေနတုန္းပဲ။ ေဘာင္းဘီအိတ္ထဲ လက္ထည့္လ်က္ တည့္တည့္မတ္မတ္ရပ္ေနတယ္။ သူ႔ကို ဘယ္လိုပဲၾကည့္ၾကည့္ ေကာင္းေကာင္းမြန္မြန္ လူငယ္တစ္ေယာက္ပံုပဲထြက္တယ္။
တေန႔ခင္းလံုး ခ်ီ႐ႈိ႕ယြမ္ အဲ့ဒီလူငယ္ရဲ႕ ေက်ာျပင္ကိုပဲ စိတ္ထဲေရာက္ေနတယ္။

ညစာစားၿပီးေတာ့ ခ်ီစုစုက ေခါင္းအံုးပိုက္ကာ ဒရမ္မာၾကည့္တယ္။

ခ်ီ႐ႈိ႕ယြမ္ ေခါက္တံု႔ေခါက္ျပန္ လမ္းေလ်ွာက္ကာ ဗီဒိုထဲက အဝတ္ႏွစ္စံုကို ေရြးလိုက္တယ္။

"စုစု၊ ငါအိမ္ျပန္ ေနာက္က်မယ္။ ငါ့ကို မေစာင့္ေနနဲ႔ေနာ္။ "
ခ်ီစုစု TV ကေန မ်က္လံုးမေရႊ႕ဘဲ သေဘာတူလိုက္္တယ္။

ခ်ီ႐ႈိ႕ယြမ္ စိတ္ေပါ့ေပါ့ပါးပါးနဲ႔ အျပင္ကို လမ္းေလ်ွာက္လာရင္း အိမ္နဲ႔ ေတာ္ေတာ္ေလး ေဝးတဲ့ေနရာကိုေရာက္ေတာ့မွ လက္ကိုေျမႇာက္ကာ taxi တစ္စီးကို တားလိုက္တယ္။
Taxi ဒ႐ိုင္ဘာက သူသြားခ်င္တဲ့ေနရာရဲ႕ နာမည္ကိုလည္း ၾကားေရာ ခပ္ရံႈ႕႐ႈံ႕ အမူအရာျဖစ္သြားတယ္။ ခ်ီ႐ႈိ႕ယြမ္ သူ႔ကို အျပည့္အဝနားလည္ပါတယ္။ ေဂးဘားကို သြားတဲ့သူဆိုတာ အမ်ားႀကီး႐ွိတာမွ မဟုတ္ပဲ။

သူဘြဲ႔ရၿပီး ႏွစ္ႏွစ္ေလာက္ ေပ်ာ္ေပ်ာ္ပါးပါး အေလလိုက္ေနခဲ့တယ္။ ေနာက္ေတာ့ အသိတရားရျပီး စံျပလူ တစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားခဲ့တယ္။ ခ်ီစုစုလည္း သူနဲ႔အတူ လာေနၿပီ။ သူ႔ အျပဳအမူေတြကို သတိထားရံုမွတစ္ပါး တျခားေရြးစရာမ႐ွိခဲ့။ အဲ့ေတာ့ သူအျပင္ထြက္တဲ့ အႀကိမ္ေရက သိသိသာသာကို နည္းသြားခဲ့တယ္။

ဒီေန႔ေတာ့ သူဘယ္လိုမွ ခ်ဳပ္ထိန္းမထားႏိုင္ေတာ့။ ခ်ီ႐ႈိ႕ယြမ္ ဗိုက္ေပၚလက္တင္ထားလိုက္တယ္။ သူ႔ရင္ထဲမွာ စကားလံုးေတြနဲ႔ ေဖာ္ျပလို႔မရတဲ့ ခံစားခ်က္က ႏႈိးဆြေနၿပီး ကသိကေအာက္ျဖစ္ေစတယ္။ အဲ့ဒီအျပင္ အျခားလူတစ္ေယာက္ရဲ႕ အေႏြးဓာတ္ကိုလည္း ေတာင့္တေစတယ္။

–----------------------------------------------------------

အပိုင်း ၆

Unicode

နှစ်လလောက်ကြာတော့ ကျောင်းက စာမေးပွဲစစ်ဖို့တာဝန်ပေးလာတယ်။ အဲ့ဒါကြောင့်ပဲ အထက်တန်းကျောင်းတိုင်း ပိတ်ရက်တွေပါ အချိန်ပိုသင်ဖို့ဖြစ်လာတယ်။
စာမေးပွဲက တော်တော်လေးကြီးတဲ့ မူလတန်းကျောင်းမှာစစ်မှာဖြစ်တယ်။

ချီရှို့ယွမ်ကတော့ လူပျိုဆိုတော့ ဒီလိုမျိုးကိစ္စတွေအတွက် ဘာမှထွေထွေထူးထူး မခံစားရဘူး။ အဲ့လိုနဲ့ စာမေးပွဲခန်းစောင့်ဖို့ တာဝန်ပေးခံရတာ သူဖြစ်သွားတယ်။ စာမေးပွဲခန်းထဲရောက်တော့မှ သက်လတ်ပိုင်း အစိုးရဝန်ထမ်းတွေရဲ့ အရည်အချင်းစစ် စာမေးပွဲမှန်း သိရတော့တယ်။

စာမေးပွဲခန်းစောင့်ရတာက တကယ်ကို ပျင်းစရာကောင်းတယ်။ ပိုဆိုးတာက အစိုးရဝန်ထမ်းတွေက မျက်နှာပြောင်ပြောင်နဲ့ စာခိုးချကြတယ်။ ချီရှို့ယွမ်က ဒီလိုစာမေးပွဲတွေမှာ ခိုးချကြတယ်ဆိုတာကို နားလည်ပါတယ်။ အဲ့ဒါနဲ့ပဲ သူလည်းမသိချင်ယောင်ဆောင်နေပေးလိုက်တယ်။ သို့သော် ဒီအရာရှိတွေ မူလတန်းကျောင်းက ခုံသေးသေးလေးတွေမှာ ကြပ်ကြပ်ညပ်ညပ်နဲ့ ရှေ့ကစာရေးခုံပေါ် ကုန်းပြီး စာမေးပွဲဖြေတာကို ကြည့်နေရတော့ သိပ်တော့လည်း မပျင်းတော့ဘူး။

စာမေးပွဲချိန်ပြီးတော့ အဖြေလွှာတွေကို သိမ်းပြီး စုပေါင်းပြီး ချပ်ပိတ်တယ်။ အတွေ့အကြုံရှိပြီးသား သူ့အတွက်တော့ မြန်မြန်ဆန်ဆန်နဲ့ လုပ်စရာရှိတာလုပ်ပြီးနောက် အခန်းထဲက လူတွေကို ပြန်ခိုင်းလိုက်တယ်။

အခန်းပြင်ကို အထွက် ကျောင်းရှေ့မှာ ကားအကောင်းစား တော်တော်များများရပ်ထားတာကို တွေ့ရတယ်။ ချီရှို့ယွမ် ဟိုဟိုဒီဒီ လျှောက်သွားကြည့်ပေမယ့် ကျောင်းကအတော်လေးကျယ်တာကြောင့် ကျောင်းရဲ့ဘယ်နားကိုမှ မရောက်သလိုဖြစ်နေတယ်။

နည်းနည်းလေးဆက်လျှောက်သွားကြည့်ရင်း သူ ငွေ ၃၂ dollar နဲ့ ဘာဝယ်လို့ရနိုင်မလဲ တွေးတောနေတယ်။ ခြေဦးတည့်ရာသွားနေရာက လူတစ်ယောက်နဲ့တိုက်မိတယ်။

" ဆောရီးပါ။ "

ချီရှို့ယွမ်ခေါင်းမော့ကြည့်မိတဲ့ အခါ သူကြောင်သွားတယ်။ သူနဲ့ တိုက်မိတဲ့သူက သူ့အရပ်လောက်ရှိပြီး jeans နဲ့ ထသွားထလာဝတ်တဲ့ T-shirt လက်ရှည်ကိုဝတ်ထားတဲ့ လူငယ်တစ်ယောက်..... ယဉ်ယဉ်ကျေးကျေး အမူအရာနဲ့ဆိုတော့ အဲ့ဒီအမာရွတ်ကြောင့်သာမဟုတ်ရင်ချီရှို့ယွမ် လူတောင်မှားတော့မလို့။

ရှောင်းလီက သူ့ကို ခပ်မြန်မြန်တစ်ချက်ကြည့်ရင်း ဘေးဖယ်ပေးတယ်။ သူ့မျက်ဝန်းတွေက ချီရှို့ယွမ်ကိုမမှတ်မိကြောင်းဖော်ပြနေတယ်။

ချီရှို့ယွမ်ကတော့ မလှုပ်မယှက်...။ သူလွယ်လွယ် ထွက်သွားလိုက်ပြီး ဈေးဝယ်၊ အိမ်ပြန်ကာ နေ့လည်စာချက်လိုက်ရင် ရရဲ့သားနဲ့ ဘာလို့ ပါးစပ်က စကားပြောထွက်မိသွားမှန်း မသိဘူး။

" မစ္စတာ လီ၊ ကျွန်တော့ကို တကယ်မမှတ်မိတာလား။ "

သူ့အသံ သူပြန်နားထောင်ကြည့်တော့ လေသံက ရင်းရင်းနှီးနှီး ပြောသလိုဖြစ်နေတယ်။ မသိရင် ရှောင်းလီနဲ့ ရင်းနှီးခဲ့ဖူးသလိုမျိုး။

ရှောင်းလီက သူ့ကိုကြည့်ရင်း အံ့သြတဲ့ အမူအရာဖြစ်သွားတယ်။

" ဆရာချီလည်း စာမေးပွဲလာဖြေတာလား။ "

" ကျွန်တော်က စာမေးပွဲခန်း လာစောင့်တာ။ "

ချီရှို့ယွမ် တကယ်ပဲ သိချင်စိတ်ဖြစ်လာတယ်။

" ခင်ဗျားကသာ စာမေးပွဲလာဖြေတာများလား။ "

" မဟုတ်တာ။ ကျွန်တော်က ဒီမှာ လူတစ်ယောက်ကို လာကြိုတာ။ "

" ဘယ်သူ့ကိုလဲ။ "

ချီရှို့ယွမ် မေးပြီးတော့မှ ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းပြီး ပြန်ပဲ ပြန်လိုက်ချင်တော့တယ်။

ရှောင်းလီကတော့ ပိုလို့တောင် အံ့သြသွားတယ်။

Sorry ပါ။ မပြောချင်မပြောပါနဲ့လို့တောင် ချီရှို့ယွမ်ပြောခွင့်မရလိုက်ဘူး။ ရှောင်းလီက သူ့ကိုပြန်ဖြေတယ်။

" သူဋ္ဌေးရဲ့ သူငယ်ချင်းပါ။ "

" ခင်ဗျားအထက်မှာ သူဋ္ဌေးရှိသေးတယ်? "

ချီရှို့ယွမ်က အခုမှ တကယ် အံ့သြသွားတာ။ သူ့ရဲ့နောက်ထပ်ပြောလိုက်တဲ့ စကားက သူဘာလို့ အံ့အားသင့်သွားတယ်ဆိုတာကို ဖော်ပြပေးတယ်။

" ခင်ဗျားရဲ့သူဋ္ဌေးက အစိုးရ အရာရှိလား။ "

ရှောင်းလီက သူ့မျက်နှာပေါ်က အမူအရာတွေကြည့်ပြီး ရယ်ချင်နေသလိုပဲ။

" ဒါပေါ့။ ကျွန်တော့်အထက်မှာ သူဋ္ဌေးရှိတာပေါ့။ အစိုးရအရာရှိတော့ မဟုတ်ပါဘူး။ ဒီနေ့ ကျွန်တော်က သူ့သူငယ်ချင်းကို ဒီမှာကြိုဖို့ လာတာ။ "

" သြော်။ "

ချီရှို့ယွမ် ခေါင်းငြိမ့်ပြလိုက်တယ်။

သူတို့နှစ်ယောက် အနေရခက်စွာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခဏလောက် ဘာပြောရမှန်းမသိဖြစ်နေတယ်။ ချီရှို့ယွမ်တစ်ယောက် ရှောင်းယန်ကို ဆေးရုံမှာ သတင်းမေးသွားတုန်းက ကိုးရိုးကားယားနိုင်ခဲ့တဲ့ အဖြစ်လေးကို သွားသတိရမိတယ်။

ဒါပေမယ့် အဲ့တုန်းကနဲ့ မတူတာက သူအခု ပြန်ဖို့ စိတ်လောမနေဘူး။

" ဆရာချီ၊ ပြောစရာများ ရှိသေးလား။ "

ချီရှို့ယွမ် ဘာပြောရင်ကောင်းမလဲလို့ ထောင့်စုံကနေ စဉ်းစားသော်လည်း တကယ်တန်း ဘာမှပြောစရာမရှိနေ။ ပြောစရာရှိမနေဘူးဆိုတော့ ချီရှို့ယွမ်လည်း ရှောင်းလီကို ပြုံးပြလိုက်ကာ

" ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်။ နောက်မှ တွေ့ကြတာပေါ့။ "
" ဟုတ်ကဲ့။ "

ချီရှို့ယွမ် တော်တော်လေး လျှောက်လာပြီးမှ နောက်ပြန်လှည့်ကြည့်လိုက်တယ်။ ရှောင်းလီက အဲ့ဒီနေရာမှာ ရပ်နေတုန်းပဲ။ ဘောင်းဘီအိတ်ထဲ လက်ထည့်လျက် တည့်တည့်မတ်မတ်ရပ်နေတယ်။ သူ့ကို ဘယ်လိုပဲကြည့်ကြည့် ကောင်းကောင်းမွန်မွန် လူငယ်တစ်ယောက်ပုံပဲထွက်တယ်။
တနေ့ခင်းလုံး ချီရှို့ယွမ် အဲ့ဒီလူငယ်ရဲ့ ကျောပြင်ကိုပဲ စိတ်ထဲရောက်နေတယ်။

ညစာစားပြီးတော့ ချီစုစုက ခေါင်းအုံးပိုက်ကာ ဒရမ်မာကြည့်တယ်။

ချီရှို့ယွမ် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ဗီဒိုထဲက အဝတ်နှစ်စုံကို ရွေးလိုက်တယ်။

"စုစု၊ ငါအိမ်ပြန် နောက်ကျမယ်။ ငါ့ကို မစောင့်နေနဲ့နော်။ "
ချီစုစု TV ကနေ မျက်လုံးမရွှေ့ဘဲ သဘောတူလိုက်တယ်။

ချီရှို့ယွမ် စိတ်ပေါ့ပေါ့ပါးပါးနဲ့ အပြင်ကို လမ်းလျှောက်လာရင်း အိမ်နဲ့ တော်တော်လေး ဝေးတဲ့နေရာကိုရောက်တော့မှ လက်ကိုမြှောက်ကာ taxi တစ်စီးကို တားလိုက်တယ်။
Taxi ဒရိုင်ဘာက သူသွားချင်တဲ့နေရာရဲ့ နာမည်ကိုလည်း ကြားရော ခပ်ရှုံ့ရှုံ့ အမူအရာဖြစ်သွားတယ်။ ချီရှို့ယွမ် သူ့ကို အပြည့်အဝနားလည်ပါတယ်။ ဂေးဘားကို သွားတဲ့သူဆိုတာ အများကြီးရှိတာမှ မဟုတ်ပဲ။

သူဘွဲ့ရပြီး နှစ်နှစ်လောက် ပျော်ပျော်ပါးပါး အလေလိုက်နေခဲ့တယ်။ နောက်တော့ အသိတရားရပြီး စံပြလူ တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ ချီစုစုလည်း သူနဲ့အတူ လာနေပြီ။ သူ့ အပြုအမူတွေကို သတိထားရုံမှတစ်ပါး တခြားရွေးစရာမရှိခဲ့။ အဲ့တော့ သူအပြင်ထွက်တဲ့ အကြိမ်ရေက သိသိသာသာကို နည်းသွားခဲ့တယ်။

ဒီနေ့တော့ သူဘယ်လိုမှ ချုပ်ထိန်းမထားနိုင်တော့။ ချီရှို့ယွမ် ဗိုက်ပေါ်လက်တင်ထားလိုက်တယ်။ သူ့ရင်ထဲမှာ စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်က နှိုးဆွနေပြီး ကသိကအောက်ဖြစ်စေတယ်။ အဲ့ဒီအပြင် အခြားလူတစ်ယောက်ရဲ့ အနွေးဓာတ်ကိုလည်း တောင့်တစေတယ်။

Continue Reading

You'll Also Like

504K 11.5K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
565K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
6.2M 378K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
251K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...