အတိတ်မေ့နေသောကျောင်းလူဆိုးလေး...

By Cora0411

402K 38.9K 1.2K

This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... More

//Description//
//Chapter 1//
//Chapter 2//
//Chapter 3//
//Chapter 4//
//Chapter 5//
//Chapter 6//
//Chapter 7//
//Chapter 8.1//
//Chapter 8.2//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.2//
//Chapter 12.1//
//Chapter 12.2//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 15//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.1//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//

//Chapter 11.1//

5.2K 1.1K 19
By Cora0411

Unicode

ကျန်းယွမ်ပိုင် ချက်ချင်းဆိုသလို ခေါင်းခါယမ်းလိုက်သည်
“ ငါမလိုက်နိုင်ဘူး။ ငါ့မိဘတွေ ငါ့ကိုဆူလိမ့်မယ် ”

ဒီအကြောင်းကိုသိသွားမည့်အချိန် ကျန်းဖျင်ကျင့်၏အမူအရာနဲ့ အသံနေအသံထားကိုတောင် သူကြိုပုံဖော်ထားလို့ရနေပြီ : မင်းက အိမ်စာလုပ်ဖို့ အခြားသူရဲ့အိမ်ကို သွားချင်တယ်ပေါ့? အခုဘာလဲ? အိမ်မှာ မင်းဘာသာမင်း မင်းအိမ်စာကိုတောင် မလုပ်နိုင်တာ့ဘူးပေါ့?

ရှီပုဖန် ဝမ်းနည်းစွာဖြင့် ပြောလာသည်
“ ဒါဆို ငါမင်းအိမ်ကိုလာမယ်ဆိုရင်ရော ဘယ်လိုလဲ? ”

ပိုတောင် ဆိုးသေးတယ်!

သူ့မိဘတွေက သူနဲ့ရှီပုဖန်အတန်းအပြင်မှာ အတူတူမတ်တပ်ရပ်ခဲ့ကြတဲ့အကြောင်းအား သိထားကြမယ်ဆိုတာ သူအခုသိနေလေပြီ။ ကျိယန့်ဖျင် သူ့မိဘတွေအား တစ်ခုခုပြောထားတယ်လို့ သူသံသယရှိလေ၏ အဲ့အတွက်ကြောင့် သူ့မိဘတွေက အခုထိအဲ့အကြောင်းကို မဟကြသေးတာဖြစ်လိမ့်မည်။

ကျန်းယွမ်ပိုင်က သူ့ခေါင်းကို အပြင်းအထန်ခါယမ်းနေတာတွေ့တာ ရှီပုဖန်ပိုလို့တောင် စိတ်မကောင်းဖြစ်လာမိသည်။
“ မင်းကငါ့အိမ်ကို မလာနိုင်ဘူး ဒါပေမဲ့ ငါကလဲ မင်းအိမ်ကိုလာလို့မရဘူးဆိုတော့ ငါတို့ကျောင်းမှာပဲ တူတူနေကြရင်ရော ဘယ်လိုလဲ? ”

ကျန်းယွမ်ပိုင် သူ့ခါးပေါ်မှာရှိနေတဲ့ ရှီပုဖန်၏ လက်မောင်းကို စတင်ဆွဲဖယ်လိုက်သည်။ အခြားကောင်လေးတစ်ယောက်၏လက်မောင်းထဲမှာ ရှိနေတဲ့အတွက် ထူးဆန်းသလို သူခံစားရ၏။

ရှီပုဖန်ရဲ့တောက်တဲ့လို လိုက်ကပ်တဲ့စရိုက်ကိုလည်း သူထူးဆန်းသလို ခံစားရပေမဲ့ ဘယ်လိုမျိုးလဲဆိုတာ သူမရှင်းပြနိုင်ပေ။
“ဒါဆို မနက်ဖြန်ညနေခင်း စာကြည့်ချိန်ကို တူတူတက်ရအောင် ”

ရှီပုဖန်က အခုမှကျေနပ်သွားကာ ကျန်းယွမ်ပိုင်၏ဖြူဖွေးချောမွတ်သောမျက်နှာလေးအား ငေးစိုက်ကြည့်နေရင်း တစ်ဖက်လူကို ကိုက်ပစ်ချင်စိတ်တို့ဖြစ်ပေါ်လာရသည်။ အဲ့အချိန်မှာပဲ တံခါးကကျွီခနဲမြည်သွားပြီး ကျိယန့်ဖျင်က ရုံးခန်းအပြင်ဘက်ကိုထွက်လာ၏။

သူတို့ရဲ့ပုံစံအနေအထားကို တွေ့လိုက်ရတာနဲ့ သူမရဲ့မျက်ခုံးတွေက ရုတ်ခြည်းတွန့်ချိုးသွားရသည်။
“ ရှီပုဖန် မင်းဘာလုပ်နေတာလဲ?”

ကျောင်းသားနှစ်ယောက်က သူတို့ခေါင်းတွေမော့ကာ လှမ်းကြည့်လာကြ၏ ကျန်းယွမ်ပိုင်က စကားဆိုလိုက်သည်
“ ရှီပုဖန်က ကျွန်တော့်ကို စာပြပေးစေချင်နေတာပါ”

ရှီပုဖန်က ကျန်းယွမ်ပိုင်ကိုစာပြပေးစေချင်ရုံပဲဆိုရင် ဘာလို့ သူ့လက်မောင်းက ကျန်းယွမ်ပိုင်ခါးပေါ်မှာ ရှိနေရတာလဲ?

သို့ပေတည်း ရှီပုဖန်ကအရှက်မရှိဘဲ ပုံမှန်လိုသာ ပြုမူနေလေသည်။ ကျန်းယွမ်ပိုင်တောင်မှ စိတ်လှုပ်ရှားနေတာမျိုး ဒါမှမဟုတ် အခြားတစ်ခုခုဖြစ်နေတာမျိုး မရှိဘူး။ ယင်းက ကျိယန့်ဖျင်ကို သူမအတွေးလွန်နေတယ်လို့ ခံစားသွားရစေပြီး ဒီလိုအရာတွေက ကောင်လေးတွေရင်းနှီးတဲ့အခါ လုပ်လေ့လုပ်ထရှိတဲ့အရာလို့ပဲ တွေးမိသွားစေသည်။ သို့ဖြစ်ရာ သူမပြောလိုက်၏
“ ကောင်းပြီ၊ မြန်မြန်သွားစားကြတော့။ လောင်ရှီးကြားတာတော့ သူတို့စားဖိုမှူးပြောင်းလိုက်ကြတယ်တဲ့၊ အစားအသောက်တွေက အခုတော်တော်ကောင်းလာပြီတဲ့”

ကျန်းယွမ်ပိုင် မျက်လုံးတွေ တောက်ပသွားပြီး ရှီပုဖန်ကို ကန်တင်းသို့ဆွဲခေါ်သွားတော့သည်။

သူနဲ့ရှီပုဖန်နေ့လည်စာယူပြီးတဲ့အချိန်မှာ စုန့်မော့ကတော့သူ့အစားအစာတွေကို အငမ်းမရသွတ်သွင်းနှင့်လေပြီ။ သူက သူတို့ကိုမြင်သွားတော့ တစ်မဟုတ်ချင်းပင် သူ့လက်အား မြှောက်ကာ ပြောလာသည်
“ ဒီနေ့အစားအသောက်တွေက အရသာရှိတယ် ”

ကျန်းယွမ်ပိုင်လည်း အလုတ်ရေနည်းနည်းလောက်စားကြည့်လိုက်ပြီး သဘောတူလိုက်သည်။ အနည်းဆုံးတော့ ဒီဟာက အရင်တုန်းက စိတ်ပျက်ဖွယ်အစားအသောက်တွေထက် အများကြီးပိုကောင်း၏။ ရှီပုဖန်က သူ့နားဖျားလေးကို ဆိတ်နေရင်း တစ်ဖက်လူ၏ဆီတွေ ဖုံးလွှမ်းနေတဲ့ပါးစပ်အား ကြည့်ကာ မေးလိုက်သည်
“ အရသာရှိလား? ”

“ မင်းမြည်းကြည့်ပြီးရင် သိလိမ့်မယ် ”

ရှီပုဖန်က သူ့ပန်းကန်ထဲက ဂေါ်ဖီဖတ်ကို တူနဲ့ယူလိုက်ကာ ခပ်ယဲ့ယဲ့လေးပြောလာသည်
“အဆင်ပြေသားပဲ ”

ကျန်းယွမ်ပိုင် ဂေါ်ဖီဖတ်တွေထဲမှ အသားကို ရွေးထုတ်၍ပြောလိုက်သည်
“ အဲ့ဒါဆို ဒါကိုမြည်း…”

ကျန်းယွမ်ပိုင်ပြောလို့မပြီးသေးခင်၊ အသားကို တစ်ဖက်လူပန်းကန်ထဲမထည့်ပေးနိုင်သေးခင်မှာပင် ရှီပုဖန်က သူ့တူတွေနဲ့ ညှပ်ထားတဲ့အသားကို စားပြီးသွားလေပြီ။ ရှီပုဖန်က ကျေနပ်ပျော်ရွှင်မှုဖြင့် သူ့မျက်လုံးတွေကို မှေးစင်းရင်းပြောလာသည်
“ အရသာရှိတယ်”

ကျန်းယွမ်ပိုင် သူ့တူကိုပြန်ဆွဲယူလိုက်ပြီး သူ့နှလုံးသားထဲကနေ တီးတိုးပြောလိုက်၏ : ရှီပုဖန်က ဘယ်အချိန်ကတည်းက ဒီလောက်ထိ ကျန်းမာရေးနဲ့မညီမညွတ်ဖြစ်သွားရတာလဲ? သူက သူ့တူဆီကနေတောင် စတင်စားနေပြီ။

သို့သော်ငြား ရှီပုဖန်တောင်မှ ဒါကိုစိတ်ထဲမထားတော့ သူကလည်း သူ့အမြင်တွေကို ထုတ်ပြောဖို့ရှက်ရွံ့မိလေသည်။ သူ့စားစရာတွေကိုသာ ထိုးဆွနေပြီး တစ်မျိုးကြီးဖြစ်နေတဲ့ခံစားချက်ကို သည်းခံရင်း ဆက်စားနေလိုက်၏။

ရှီပုဖန်က ကျန်းယွမ်ပိုင်ပန်းကန်ထဲကနေ ထပ်ယူစားပြန်သည်။ ဂေါ်ဖီဖတ်တွေကြားထဲမှာ အသားကသိပ်မပါတော့ ကျန်းယွမ်ပိုင်လည်း ၎င်းကိုစားချင်သေးသည်လေ။ ရှီပုဖန်က သူ့အသားတွေအကုန်လုံးကို ယူသွားမှာစိုးတာကြောင့် သူခပ်မြန်မြန်ပြောလိုက်၏
“ မင်းစားစရာကိုသာ စားစမ်းပါ”

“ ငါ့စားစရာကို မင်းကိုပေးမယ်လေ။ ဟုတ်ပြီလား? ”
ရှီပုဖန်က သဘောထားကြီးစွာနဲ့ သူ့ပန်းကန်ကိုကမ်းပေးလာပေမဲ့ ကျန်းယွမ်ပိုင် တုံ့ဆိုင်းနေမိသည်။ သူဖြည်းညင်းစွာ လက်ဆန့်ထုတ်လိုက်ပြီး ပန်းကန်ထဲမှ ဝက်သားနှပ်နီနီရဲရဲဆီ ရောက်ရှိသွား၏။

အဲ့အချိန်မှာပဲ ယဲ့လျန်က ရုတ်တရက်ပြောလာသည်
“ ရှီကော ဘာဖြစ်နေတာလဲ? ထိပ်တန်းကျောင်းသားလေးရဲ့အစားအစာက မင်းဟာထက် ပိုအရသာရှိနေလို့လား? ”

ချုံးကျင့်ကလည်း ချက်ချင်း သူ့ခေါင်းကိုမြှောက်ကာ ကျန်းယွမ်ပိုင်ရဲ့ပန်းကန်ဆီ လက်ရောက်လာပြီး
“ ငါ့ကိုလည်းပေးမြည်းစမ်းပါ! ”

နောက်တစ်စက္ကန့်မှာပဲ ရှီပုဖန်က သူ့ထိုင်ခုံကိုကန်ချလိုက်တာမို့ ချုံးကျင့်လည်း အံ့သြမှုနဲ့လွင့်သွားသည်။ မင်မိုင့်က သူ့ကိုထိန်းပေးထားတာကြောင့်သာ မဟုတ်ရင် သူသေချာပေါက်လဲကျသွားမှာပင်။ သူရှုပ်ထွေးမှုဖြင့်ပြောလိုက်၏
“ ရှီကော မင်းဘာလုပ်တာလဲ?! ”

“ ဒါက မင်းပါစားဖို့အတွက် မလောက်ဘူး ဟုတ်ပြီလား?”
ရှီပုဖန်ပြောလိုက်သည်
“ မစိုးရိမ်ပါနဲ့ ဒီကောက မင်းရဲ့ခေါင်းကို ထမင်းပန်းကန်ထဲ ထိုးသွင်းပြီး မင်းကိုအဝစားခွင့်ပေးမယ်”

“....” ငါသူ့ကို ဘယ်လိုရန်စမိလို့လဲ?!

ကျန်းယွမ်ပိုင်က ရှီပုဖန်၏ပန်းကန်မှ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ တကယ်လို့ သူရှီပုဖန်ဆီကနေ စားစရာယူမိရင် သူ့ခေါင်းကိုလည်း ထမင်းပန်းကန်ထဲထိုးသွင်းပစ်မှာကို သူကြောက်မိလေသည်။

ကန်တင်းမှ စားဖိုမှူးအပြောင်းအလဲက ဆွေးနွေးမှုအမြောက်အများကို မဖြစ်စေလေဘူး။ သို့ပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်တုန်းက လူတိုင်းက ကျောင်းအုပ်ကြီးဘာဆက်လုပ်မလဲဆိုတဲ့အကြောင်းကို စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေခဲ့ကြသည်။ အံ့အားသင့်စွာနဲ့ပဲ စုန့်မော့က သတင်းကိုပထမဆုံးရလာကာ မေးလိုက်သည်
“ ကျောင်းက ဘက်ဆက်လုပ်တော့မယ်လို့ မင်းထင်လဲ”

ကျန်းယွမ်ပိုင် မမေးခင် ခဏလောက်တွေးဆကြည့်လိုက်ပြီး
“ ဒီတစ်ခေါက်ရော ဘယ်ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေက သုတေသနဓာတ်ခွဲခန်းကို လှူလို့လဲ? ”

စုန့်မော့က စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလာပြန်၏
“ ဒီတစ်ခေါက်က မတူဘူးကွ။ ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်က ကမ္ဘာမြေကြီးပေါ်ကို ဆင်းသက်လာပြီး ကျောင်းသားဖြစ်ရခြင်းရဲ့ ခက်ခဲမှုတွေကို အမှန်တကယ်နားလည်သွားပြီလေ။ သူကငါတို့ကျောင်းအတွက် ကန်တင်းအသစ်လှူဖို့တဲ့”

ဒီလိုဟာမျိုးကို ကျန်းယွမ်ပိုင်ပထမဆုံးကြားဖူးခြင်းပင်။ သူမထိန်းနိုင်ဘဲ ရယ်လိုက်မိကာ
“ ဘယ်သူလှူတာလဲ”

“ငါမသိဘူး”စုန့်မော့ပြောလိုက်၏
“ဒါပေမဲ့ တစ်ယောက်ယောက်က ခန့်မှန်းပြီးပြောတာကတော့ ကျောင်းသားသစ်တစ်ယောက်ရဲ့မိဘတွေက သူတို့ကလေးကို ကျောင်းမှာ ဝင်ဆံ့အောင်လို့ ဒါမှမဟုတ် ကန်တင်းက စိတ်ပျက်စရာအစားအစာတွေကို သည်းမခံနိုင်တော့တဲ့ မြင့်မြတ်ကြီးကျယ်လှတဲ့ကျောင်းသားကြောင့် ဖြစ်လိမ့်မယ်တဲ့။ ကန်တင်းအသစ်ကိုလှူတဲ့သူနဲ့ ကန်တင်းအဟောင်းအတွက် စားဖိုမှူးပြောင်းပေးတဲ့သူက ကြည့်ရတာ တစ်ယောက်ထဲထင်တယ် ”

ကျန်းယွမ်ပိုင် ယင်းအကြောင်းအား စဉ်းစားကြည့်ပြီးနောက် မေးလိုက်သည်
“ ကန်တင်းအသစ်က ဘယ်အချိန်အဆင်သင့်ဖြစ်မှာလဲ? ငါတို့ရော အဲ့မှာ စားလို့ရလား? ”

ဤသည်က လက်တွေ့ကျတဲ့မေးခွန်းဖြစ်ပြီးတော့ ကျေးဇူးတင်စရာကောင်းစွာပင် စုန့်မော့ကလည်း အဲ့အကြောင်းကိုဂရုစိုက်တာမို့ စုံစမ်းခဲ့သည်။
“ ငါကြားတာတော့ ကန်တင်းအသစ်ကို နောက်Semesterမှာ ဆောက်မှာတဲ့။ ဆိုလိုတာကတော့ ငါတို့ဒီဟာကို တစ်နှစ် ဒါမှမဟုတ်နှစ်ဝက်လောက် သုံးဆောင်ရအုံးမှာပေါ့ ”

ကျန်းယွမ်ပိုင်က အခုချိန်မှာ ကန်တင်းအသစ်နဲ့ ယင်း၏အစားအသောက်တွေကြောင့် စိတ်အားထက်သန်လို့နေသည်။ သူ့တူကိုကောက်ကိုင်လိုက်ကာ ခံစားမှုအပြည့်နှင့် သက်ပြင်းချလိုက်သည်
“ ဒီအထက်တန်းကျောင်းမှာ ပုန်းအောင်းနေတဲ့လူချမ်းသာမျိုးစုံ ရှိကြတာပဲ”

စုန့်မော့ကထပ်ပေါင်းပြောလာသည်
“ ဆင်းရဲတာက လူတစ်ယောက်ရဲ့စိတ်ကူးယဉ်နိုင်စွမ်းကို ပိုပိုပြီးကန့်သတ်ခံလာရတယ်လို့ ငါခံစားရတယ်။ လူတွေက ဘယ်လိုကြောင့်များ ချမ်းသာတဲ့အမျိုးသမီးတွေရဲ့ ဗိုက်ထဲကိုဝင်စားတဲ့နေရာမှာ အရမ်းတော်ကြရတာလဲ? တကယ်လို့ငါက ချမ်းသာတဲ့ဒုတိယမျိုးဆက်လေးဖြစ်လိုက်ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ? ”

သူက စိတ်အားထက်သန်စွာမော့ကြည့်လိုက်ရာ ကျန်းယွမ်ပိုင်လည်း ပြုံးဖြဲဖြဲမလုပ်ဘဲမနေနိုင်တော့။ သူလည်းသဘောတူလိုက်၏
“ ဒါဆို စာလေ့လာပြီးတော့ ငါတို့ရဲ့သားလေးတွေ ချမ်းသာတဲ့ဒုတိယမျိုးဆက်လေးတွေဖြစ်အောင် အကောင်းဆုံးကြိုးစားကြရအောင် ”

**

ဒါဒါ - ကန်တင်းအသစ်ကို ဘယ်သူလှူတယ်လို့ ထင်ကြလဲ👀

_____________________________

Zawgyi

က်န္းယြမ္ပိုင္ ခ်က္ခ်င္းဆိုသလို ေခါင္းခါယမ္းလိုက္သည္
“ ငါမလိုက္နိုင္ဘူး။ ငါ့မိဘေတြ ငါ့ကိုဆူလိမ့္မယ္ ”

ဒီအေၾကာင္းကိုသိသြားမည့္အခ်ိန္ က်န္းဖ်င္က်င့္၏အမူအရာနဲ႕ အသံေနအသံထားကိုေတာင္ သူႀကိဳပုံေဖာ္ထားလို႔ရေနၿပီ : မင္းက အိမ္စာလုပ္ဖို႔ အျခားသူရဲ႕အိမ္ကို သြားခ်င္တယ္ေပါ့? အခုဘာလဲ? အိမ္မွာ မင္းဘာသာမင္း မင္းအိမ္စာကိုေတာင္ မလုပ္နိုင္တာ့ဘူးေပါ့?

ရွီပုဖန္ ဝမ္းနည္းစြာျဖင့္ ေျပာလာသည္
“ ဒါဆို ငါမင္းအိမ္ကိုလာမယ္ဆိုရင္ေရာ ဘယ္လိုလဲ? ”

ပိုေတာင္ ဆိုးေသးတယ္!

သူ႕မိဘေတြက သူနဲ႕ရွီပုဖန္အတန္းအျပင္မွာ အတူတူမတ္တပ္ရပ္ခဲ့ၾကတဲ့အေၾကာင္းအား သိထားၾကမယ္ဆိုတာ သူအခုသိေနေလၿပီ။ က်ိယန႔္ဖ်င္ သူ႕မိဘေတြအား တစ္ခုခုေျပာထားတယ္လို႔ သူသံသယရွိေလ၏ အဲ့အတြက္ေၾကာင့္ သူ႕မိဘေတြက အခုထိအဲ့အေၾကာင္းကို မဟၾကေသးတာျဖစ္လိမ့္မည္။

က်န္းယြမ္ပိုင္က သူ႕ေခါင္းကို အျပင္းအထန္ခါယမ္းေနတာေတြ႕တာ ရွီပုဖန္ပိုလို႔ေတာင္ စိတ္မေကာင္းျဖစ္လာမိသည္။
“ မင္းကငါ့အိမ္ကို မလာနိုင္ဘူး ဒါေပမဲ့ ငါကလဲ မင္းအိမ္ကိုလာလို႔မရဘူးဆိုေတာ့ ငါတို႔ေက်ာင္းမွာပဲ တူတူေနၾကရင္ေရာ ဘယ္လိုလဲ? ”

က်န္းယြမ္ပိုင္ သူ႕ခါးေပၚမွာရွိေနတဲ့ ရွီပုဖန္၏ လက္ေမာင္းကို စတင္ဆြဲဖယ္လိုက္သည္။ အျခားေကာင္ေလးတစ္ေယာက္၏လက္ေမာင္းထဲမွာ ရွိေနတဲ့အတြက္ ထူးဆန္းသလို သူခံစားရ၏။

ရွီပုဖန္ရဲ႕ေတာက္တဲ့လို လိုက္ကပ္တဲ့စရိုက္ကိုလည္း သူထူးဆန္းသလို ခံစားရေပမဲ့ ဘယ္လိုမ်ိဳးလဲဆိုတာ သူမရွင္းျပနိုင္ေပ။
“ဒါဆို မနက္ျဖန္ညေနခင္း စာၾကည့္ခ်ိန္ကို တူတူတက္ရေအာင္ ”

ရွီပုဖန္က အခုမွေက်နပ္သြားကာ က်န္းယြမ္ပိုင္၏ျဖဴေဖြးေခ်ာမြတ္ေသာမ်က္ႏွာေလးအား ေငးစိုက္ၾကည့္ေနရင္း တစ္ဖက္လူကို ကိုက္ပစ္ခ်င္စိတ္တို႔ျဖစ္ေပၚလာရသည္။ အဲ့အခ်ိန္မွာပဲ တံခါးကကြၽီခနဲျမည္သြားၿပီး က်ိယန႔္ဖ်င္က ႐ုံးခန္းအျပင္ဘက္ကိုထြက္လာ၏။

သူတို႔ရဲ႕ပုံစံအေနအထားကို ေတြ႕လိုက္ရတာနဲ႕ သူမရဲ႕မ်က္ခုံးေတြက ႐ုတ္ျခည္းတြန႔္ခ်ိဳးသြားရသည္။
“ ရွီပုဖန္ မင္းဘာလုပ္ေနတာလဲ?”

ေက်ာင္းသားႏွစ္ေယာက္က သူတို႔ေခါင္းေတြေမာ့ကာ လွမ္းၾကည့္လာၾက၏ က်န္းယြမ္ပိုင္က စကားဆိုလိုက္သည္
“ ရွီပုဖန္က ကြၽန္ေတာ့္ကို စာျပေပးေစခ်င္ေနတာပါ”

ရွီပုဖန္က က်န္းယြမ္ပိုင္ကိုစာျပေပးေစခ်င္႐ုံပဲဆိုရင္ ဘာလို႔ သူ႕လက္ေမာင္းက က်န္းယြမ္ပိုင္ခါးေပၚမွာ ရွိေနရတာလဲ?

သို႔ေပတည္း ရွီပုဖန္ကအရွက္မရွိဘဲ ပုံမွန္လိုသာ ျပဳမူေနေလသည္။ က်န္းယြမ္ပိုင္ေတာင္မွ စိတ္လႈပ္ရွားေနတာမ်ိဳး ဒါမွမဟုတ္ အျခားတစ္ခုခုျဖစ္ေနတာမ်ိဳး မရွိဘူး။ ယင္းက က်ိယန႔္ဖ်င္ကို သူမအေတြးလြန္ေနတယ္လို႔ ခံစားသြားရေစၿပီး ဒီလိုအရာေတြက ေကာင္ေလးေတြရင္းႏွီးတဲ့အခါ လုပ္ေလ့လုပ္ထရွိတဲ့အရာလို႔ပဲ ေတြးမိသြားေစသည္။ သို႔ျဖစ္ရာ သူမေျပာလိုက္၏
“ ေကာင္းၿပီ၊ ျမန္ျမန္သြားစားၾကေတာ့။ ေလာင္ရွီးၾကားတာေတာ့ သူတို႔စားဖိုမႉးေျပာင္းလိုက္ၾကတယ္တဲ့၊ အစားအေသာက္ေတြက အခုေတာ္ေတာ္ေကာင္းလာၿပီတဲ့”

က်န္းယြမ္ပိုင္ မ်က္လုံးေတြ ေတာက္ပသြားၿပီး ရွီပုဖန္ကို ကန္တင္းသို႔ဆြဲေခၚသြားေတာ့သည္။

သူနဲ႕ရွီပုဖန္ေန႕လည္စာယူၿပီးတဲ့အခ်ိန္မွာ စုန႔္ေမာ့ကေတာ့သူ႕အစားအစာေတြကို အငမ္းမရသြတ္သြင္းႏွင့္ေလၿပီ။ သူက သူတို႔ကိုျမင္သြားေတာ့ တစ္မဟုတ္ခ်င္းပင္ သူ႕လက္အား ျမႇောက္ကာ ေျပာလာသည္
“ ဒီေန႕အစားအေသာက္ေတြက အရသာရွိတယ္ ”

က်န္းယြမ္ပိုင္လည္း အလုတ္ေရနည္းနည္းေလာက္စားၾကည့္လိုက္ၿပီး သေဘာတူလိုက္သည္။ အနည္းဆုံးေတာ့ ဒီဟာက အရင္တုန္းက စိတ္ပ်က္ဖြယ္အစားအေသာက္ေတြထက္ အမ်ားႀကီးပိုေကာင္း၏။ ရွီပုဖန္က သူ႕နားဖ်ားေလးကို ဆိတ္ေနရင္း တစ္ဖက္လူ၏ဆီေတြ ဖုံးလႊမ္းေနတဲ့ပါးစပ္အား ၾကည့္ကာ ေမးလိုက္သည္
“ အရသာရွိလား? ”

“ မင္းျမည္းၾကည့္ၿပီးရင္ သိလိမ့္မယ္ ”

ရွီပုဖန္က သူ႕ပန္းကန္ထဲက ေဂၚဖီဖတ္ကို တူနဲ႕ယူလိုက္ကာ ခပ္ယဲ့ယဲ့ေလးေျပာလာသည္
“အဆင္ေျပသားပဲ ”

က်န္းယြမ္ပိုင္ ေဂၚဖီဖတ္ေတြထဲမွ အသားကို ေ႐ြးထုတ္၍ေျပာလိုက္သည္
“ အဲ့ဒါဆို ဒါကိုျမည္း…”

က်န္းယြမ္ပိုင္ေျပာလို႔မၿပီးေသးခင္၊ အသားကို တစ္ဖက္လူပန္းကန္ထဲမထည့္ေပးနိုင္ေသးခင္မွာပင္ ရွီပုဖန္က သူ႕တူေတြနဲ႕ ညွပ္ထားတဲ့အသားကို စားၿပီးသြားေလၿပီ။ ရွီပုဖန္က ေက်နပ္ေပ်ာ္႐ႊင္မႈျဖင့္ သူ႕မ်က္လုံးေတြကို ေမွးစင္းရင္းေျပာလာသည္
“ အရသာရွိတယ္”

က်န္းယြမ္ပိုင္ သူ႕တူကိုျပန္ဆြဲယူလိုက္ၿပီး သူ႕ႏွလုံးသားထဲကေန တီးတိုးေျပာလိုက္၏ : ရွီပုဖန္က ဘယ္အခ်ိန္ကတည္းက ဒီေလာက္ထိ က်န္းမာေရးနဲ႕မညီမၫြတ္ျဖစ္သြားရတာလဲ? သူက သူ႕တူဆီကေနေတာင္ စတင္စားေနၿပီ။

သို႔ေသာ္ျငား ရွီပုဖန္ေတာင္မွ ဒါကိုစိတ္ထဲမထားေတာ့ သူကလည္း သူ႕အျမင္ေတြကို ထုတ္ေျပာဖို႔ရွက္႐ြံ႕မိေလသည္။ သူ႕စားစရာေတြကိုသာ ထိုးဆြေနၿပီး တစ္မ်ိဳးႀကီးျဖစ္ေနတဲ့ခံစားခ်က္ကို သည္းခံရင္း ဆက္စားေနလိုက္၏။

ရွီပုဖန္က က်န္းယြမ္ပိုင္ပန္းကန္ထဲကေန ထပ္ယူစားျပန္သည္။ ေဂၚဖီဖတ္ေတြၾကားထဲမွာ အသားကသိပ္မပါေတာ့ က်န္းယြမ္ပိုင္လည္း ၎ကိုစားခ်င္ေသးသည္ေလ။ ရွီပုဖန္က သူ႕အသားေတြအကုန္လုံးကို ယူသြားမွာစိုးတာေၾကာင့္ သူခပ္ျမန္ျမန္ေျပာလိုက္၏
“ မင္းစားစရာကိုသာ စားစမ္းပါ”

“ ငါ့စားစရာကို မင္းကိုေပးမယ္ေလ။ ဟုတ္ၿပီလား? ”
ရွီပုဖန္က သေဘာထားႀကီးစြာနဲ႕ သူ႕ပန္းကန္ကိုကမ္းေပးလာေပမဲ့ က်န္းယြမ္ပိုင္ တုံ႕ဆိုင္းေနမိသည္။ သူျဖည္းညင္းစြာ လက္ဆန႔္ထုတ္လိုက္ၿပီး ပန္းကန္ထဲမွ ဝက္သားႏွပ္နီနီရဲရဲဆီ ေရာက္ရွိသြား၏။

အဲ့အခ်ိန္မွာပဲ ယဲ့လ်န္က ႐ုတ္တရက္ေျပာလာသည္
“ ရွီေကာ ဘာျဖစ္ေနတာလဲ? ထိပ္တန္းေက်ာင္းသားေလးရဲ႕အစားအစာက မင္းဟာထက္ ပိုအရသာရွိေနလို႔လား? ”

ခ်ဳံးက်င့္ကလည္း ခ်က္ခ်င္း သူ႕ေခါင္းကိုျမႇောက္ကာ က်န္းယြမ္ပိုင္ရဲ႕ပန္းကန္ဆီ လက္ေရာက္လာၿပီး
“ ငါ့ကိုလည္းေပးျမည္းစမ္းပါ! ”

ေနာက္တစ္စကၠန႔္မွာပဲ ရွီပုဖန္က သူ႕ထိုင္ခုံကိုကန္ခ်လိဳက္တာမို႔ ခ်ဳံးက်င့္လည္း အံ့ၾသမႈနဲ႕လြင့္သြားသည္။ မင္မိုင့္က သူ႕ကိုထိန္းေပးထားတာေၾကာင့္သာ မဟုတ္ရင္ သူေသခ်ာေပါက္လဲက်သြားမွာပင္။ သူရႈပ္ေထြးမႈျဖင့္ေျပာလိုက္၏
“ ရွီေကာ မင္းဘာလုပ္တာလဲ?! ”

“ ဒါက မင္းပါစားဖို႔အတြက္ မေလာက္ဘူး ဟုတ္ၿပီလား?”
ရွီပုဖန္ေျပာလိုက္သည္
“ မစိုးရိမ္ပါနဲ႕ ဒီေကာက မင္းရဲ႕ေခါင္းကို ထမင္းပန္းကန္ထဲ ထိုးသြင္းၿပီး မင္းကိုအဝစားခြင့္ေပးမယ္”

“....” ငါသူ႕ကို ဘယ္လိုရန္စမိလို႔လဲ?!

က်န္းယြမ္ပိုင္က ရွီပုဖန္၏ပန္းကန္မွ သူ႕လက္ကို ျပန္႐ုတ္သိမ္းလိုက္သည္။ တကယ္လို႔ သူရွီပုဖန္ဆီကေန စားစရာယူမိရင္ သူ႕ေခါင္းကိုလည္း ထမင္းပန္းကန္ထဲထိုးသြင္းပစ္မွာကို သူေၾကာက္မိေလသည္။

ကန္တင္းမွ စားဖိုမႉးအေျပာင္းအလဲက ေဆြးေႏြးမႈအေျမာက္အမ်ားကို မျဖစ္ေစေလဘူး။ သို႔ေပမဲ့ လြန္ခဲ့တဲ့ႏွစ္ရက္တုန္းက လူတိုင္းက ေက်ာင္းအုပ္ႀကီးဘာဆက္လုပ္မလဲဆိုတဲ့အေၾကာင္းကို စိတ္အားထက္သန္စြာျဖင့္ ေဆြးေႏြးေနခဲ့ၾကသည္။ အံ့အားသင့္စြာနဲ႕ပဲ စုန႔္ေမာ့က သတင္းကိုပထမဆုံးရလာကာ ေမးလိုက္သည္
“ ေက်ာင္းက ဘက္ဆက္လုပ္ေတာ့မယ္လို႔ မင္းထင္လဲ”

က်န္းယြမ္ပိုင္ မေမးခင္ ခဏေလာက္ေတြးဆၾကည့္လိုက္ၿပီး
“ ဒီတစ္ေခါက္ေရာ ဘယ္ခ်မ္းသာတဲ့စီးပြားေရးလုပ္ငန္းရွင္ေတြက သုေတသနဓာတ္ခြဲခန္းကို လႉလို႔လဲ? ”

စုန႔္ေမာ့က စိတ္လႈပ္ရွားစြာျဖင့္ စကားဆိုလာျပန္၏
“ ဒီတစ္ေခါက္က မတူဘူးကြ။ ခ်မ္းသာတဲ့စီးပြားေရးလုပ္ငန္းရွင္က ကမာၻေျမႀကီးေပၚကို ဆင္းသက္လာၿပီး ေက်ာင္းသားျဖစ္ရျခင္းရဲ႕ ခက္ခဲမႈေတြကို အမွန္တကယ္နားလည္သြားၿပီေလ။ သူကငါတို႔ေက်ာင္းအတြက္ ကန္တင္းအသစ္လႉဖို႔တဲ့”

ဒီလိုဟာမ်ိဳးကို က်န္းယြမ္ပိုင္ပထမဆုံးၾကားဖူးျခင္းပင္။ သူမထိန္းနိုင္ဘဲ ရယ္လိုက္မိကာ
“ ဘယ္သူလႉတာလဲ”

“ငါမသိဘူး”စုန႔္ေမာ့ေျပာလိုက္၏
“ဒါေပမဲ့ တစ္ေယာက္ေယာက္က ခန႔္မွန္းၿပီးေျပာတာကေတာ့ ေက်ာင္းသားသစ္တစ္ေယာက္ရဲ႕မိဘေတြက သူတို႔ကေလးကို ေက်ာင္းမွာ ဝင္ဆံ့ေအာင္လို႔ ဒါမွမဟုတ္ ကန္တင္းက စိတ္ပ်က္စရာအစားအစာေတြကို သည္းမခံနိုင္ေတာ့တဲ့ ျမင့္ျမတ္ႀကီးက်ယ္လွတဲ့ေက်ာင္းသားေၾကာင့္ ျဖစ္လိမ့္မယ္တဲ့။ ကန္တင္းအသစ္ကိုလႉတဲ့သူနဲ႕ ကန္တင္းအေဟာင္းအတြက္ စားဖိုမႉးေျပာင္းေပးတဲ့သူက ၾကည့္ရတာ တစ္ေယာက္ထဲထင္တယ္ ”

က်န္းယြမ္ပိုင္ ယင္းအေၾကာင္းအား စဥ္းစားၾကည့္ၿပီးေနာက္ ေမးလိုက္သည္
“ ကန္တင္းအသစ္က ဘယ္အခ်ိန္အဆင္သင့္ျဖစ္မွာလဲ? ငါတို႔ေရာ အဲ့မွာ စားလို႔ရလား? ”

ဤသည္က လက္ေတြ႕က်တဲ့ေမးခြန္းျဖစ္ၿပီးေတာ့ ေက်းဇူးတင္စရာေကာင္းစြာပင္ စုန႔္ေမာ့ကလည္း အဲ့အေၾကာင္းကိုဂ႐ုစိုက္တာမို႔ စုံစမ္းခဲ့သည္။
“ ငါၾကားတာေတာ့ ကန္တင္းအသစ္ကို ေနာက္Semesterမွာ ေဆာက္မွာတဲ့။ ဆိုလိုတာကေတာ့ ငါတို႔ဒီဟာကို တစ္ႏွစ္ ဒါမွမဟုတ္ႏွစ္ဝက္ေလာက္ သုံးေဆာင္ရအုံးမွာေပါ့ ”

က်န္းယြမ္ပိုင္က အခုခ်ိန္မွာ ကန္တင္းအသစ္နဲ႕ ယင္း၏အစားအေသာက္ေတြေၾကာင့္ စိတ္အားထက္သန္လို႔ေနသည္။ သူ႕တူကိုေကာက္ကိုင္လိုက္ကာ ခံစားမႈအျပည့္ႏွင့္ သက္ျပင္းခ်လိဳက္သည္
“ ဒီအထက္တန္းေက်ာင္းမွာ ပုန္းေအာင္းေနတဲ့လူခ်မ္းသာမ်ိဳးစုံ ရွိၾကတာပဲ”

စုန႔္ေမာ့ကထပ္ေပါင္းေျပာလာသည္
“ ဆင္းရဲတာက လူတစ္ေယာက္ရဲ႕စိတ္ကူးယဥ္နိုင္စြမ္းကို ပိုပိုၿပီးကန႔္သတ္ခံလာရတယ္လို႔ ငါခံစားရတယ္။ လူေတြက ဘယ္လိုေၾကာင့္မ်ား ခ်မ္းသာတဲ့အမ်ိဳးသမီးေတြရဲ႕ ဗိုက္ထဲကိုဝင္စားတဲ့ေနရာမွာ အရမ္းေတာ္ၾကရတာလဲ? တကယ္လို႔ငါက ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေလးျဖစ္လိုက္ရင္ ဘယ္ေလာက္ေတာင္ေကာင္းလိုက္မလဲ? ”

သူက စိတ္အားထက္သန္စြာေမာ့ၾကည့္လိုက္ရာ က်န္းယြမ္ပိုင္လည္း ၿပဳံးၿဖဲၿဖဲမလုပ္ဘဲမေနနိုင္ေတာ့။ သူလည္းသေဘာတူလိုက္၏
“ ဒါဆို စာေလ့လာၿပီးေတာ့ ငါတို႔ရဲ႕သားေလးေတြ ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေလးေတြျဖစ္ေအာင္ အေကာင္းဆုံးႀကိဳးစားၾကရေအာင္ ”

**

ဒါဒါ - ကန္တင္းအသစ္ကို ဘယ္သူလႉတယ္လို႔ ထင္ၾကလဲ👀

Continue Reading

You'll Also Like

130K 22.9K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...
507K 91K 70
Myanmar Translation of 我叫我同桌打你 by 靠靠 ↬Author : Kao Kao ↬English Translator : ThatLazyPotato ↬Total Chapters : 66 Chapters + 2 Extras You can read...
367K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
223K 36.7K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .