#Unicode
ဘောလုံးပွဲတွေအပြီး ကျောင်းပြန်တက်တော့ ဘေဘီ့အခန်းရှေ့ မယောင်မလည်သွားကာ ဘေဘီ့ကိုရှာမိသည်။ ဘောလုံးပွဲမှာ ဘေဘီ့ကို ဒဏ်ရာရအောင် လုပ်လိုက်မိကတည်းက MPကချယ်တွေက ကိုယ့်ကို သိပ်မကြည်ကြတော့ပေ။
အခန်းရဲ့နောက်ဆုံး ပြတင်းပေါက်လေးဘေးမှာ ထိုင်နေတဲ့ ဘေဘီက မျက်မှန်လေးတပ်ထားလို့။ ဘေဘီမှ ဟုတ်ပါလေစဆိုပြီး မျက်လုံးကို ပွတ်ကြည့်ရသည်။ ဘေဘီမှ ဘေဘီပါ။ မျက်မှန်လေးနဲ့ သိပ်ကိုချစ်ဖို့ကောင်းလွန်းတဲ့ ဘေဘီပါ။
စာရေးနေရင်းက စစ်ပိုင်တို့ရှိတဲ့ဘက် ကော်ရစ်တာကို လှမ်းကြည့်လာတဲ့ ဘေဘီ့ကို စစ်ပိုင်လက်ပြလိုက်တော့ ပြန်လည် ပြုံးပြလေသည်။ အပြုံးလေးကလည်း ချစ်ဖို့ကောင်းနေပြန်ပါရောလား။
ဘေဘီ့ကို တွေ့ဖို့ရာ တစ်မနက်ကို ဆယ့်ခြောက်ခေါက်လောက် ဘေဘီတို့အခန်းရှေ့က ဖြတ်လျှောက်မိသည်။ အိမ်သာကို သေးပေါက်ချင်လည်းသွား မပေါက်ချင်လည်းသွားနဲ့ ချောင်းပေါက်မတတ် ရောက်ဖြစ်နေပါတော့သည်။
လူကြီးတစ်ယောက် အခန်းရှေ့က ဖြတ်လျှောက်သွားတာ ခုတစ်မနက်ထဲတင် အကြိမ်ရေ တော်တော်များနေပါပြီ။ ဒီလူကြီး ဆီးများအောင့်နေသလားပဲ။
နေ့ခင်းထမင်းစားတော့ ထူးခြားတို့က ဦးတီးကန်တင်းကို ခေါ်တာမို့ မမားကို ဖုန်းလှမ်းဆက်ရသည်။
"သားသား ပြော"
"မမား သား ထူးခြားတို့နဲ့ အနောက်ကန်တင်းမှာ ထမင်းစားမလို့။ မမားတို့ဆီ မလာတော့ဘူးနော်"
"အင်း သားသား"
သားသားက ခုနောက်ပိုင်း ခင်လေးတို့နဲ့ ထမင်းလာမစားချင်တော့ဘူး ထင်ပါရဲ့။
"ခင်လေး သားသားက ဘာလှမ်းပြောတာလဲ"
"သူငယ်ချင်းတွေနဲ့ ဦးတီးကန်တင်းမှာ လိုက်စားမလို့ မလာတော့ဘူးတဲ့"
"ကလေးတောင် ငါတို့နဲ့ အရင်လိုလာမစားတော့ဘူး"
"အင်း ငါ့အနားမှာနေပြီး ကလေးလေးလိုနေရတာကို မနေချင်တော့ဘူးထင်တယ်။ လူကြီးလေးဖြစ်လာပြီဆိုတော့ သူငယ်ချင်းတွေနဲ့ပဲ နေချင်တော့မှာပေါ့။ အရွယ်ရောက်လာပြီလေ အစ်မနားမှာ ကလေးလို တွယ်ကပ်ပြီး ဘယ်နေပါတော့မလဲ"
"ယောင်္ကျားလေးတွေ အရွယ်ရောက်လာရင် အဲ့လိုပဲလား"
"ယောင်္ကျားလေးပဲလည်း မဟုတ်ပါဘူး နွယ်ရယ်။ မိန်းကလေးတွေလည်း ဒီလိုပါပဲ။ အရွယ်လေးတွေရောက်လာရင် အစ်ကိုတွေ အစ်မတွေနဲ့ ပူးပူးကပ်ကပ် နေရတာထက် ကိုယ့်အားကိုယ်ကိုးပြီး လွတ်လွတ်လပ်လပ်နေချင်တာပေါ့။ အမြဲ ကလေးလို တွယ်ကပ်နေလို့လည်း အဆင်မပြေဘူးလေ"
"ဟုတ်တယ် အေမီပြောတာ အမှန်ပဲ။ ခုလည်း သားသားက လူပျိုပေါက်အရွယ် ရောက်နေပြီဆိုတော့ လွတ်လွတ်လပ်လပ် နေချင်ရှာမှာပေါ့။ အဲ့ဒါကြောင့် ငါလည်း လွှတ်ထားပေးတာ။ သူနေပျော်သလို နေပါစေ ပျက်စီးမသွားရင်ဘဲ ရပြီ"
"အင်း"
ကလေးက သူ့ကိုယ်ပိုင် လွတ်လပ်မှုနဲ့ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်တဲ့အရွယ် ရောက်နေပါပြီ။ ဒီအရွယ်ကို ချုပ်ချယ်လို့မရဘူး။ ဘေးက ထိန်းပေးလို့ပဲ ရတော့မယ်လေ။
လင်းရာတို့အဖွဲ့ ဦးတီးကန်တင်းကိုရောက်တဲ့အချိန် ထိုင်နေကြထိုင်ခုံလေးပေါ်မှာ ဂစ်တာအဆင်သင့်တွေ့တာကြောင့် လင်းရာကောက်ယူပြီး တီးကြည့်လိုက်သည်။
"နားဒုက္ခတွေ မပေးနဲ့လင်းရာ။ ထမင်းအေးဆေး စားပါရစေ"
"ငါ ဂစ်တာတီးတတ်ချင်လိုက်တာကွာ"
"ဂစ်တာတီးတတ်ချင်တာများ သင်ပေါ့ကွ"
"သင်ပေးမယ့်သူ မရှိလို့ပေါ့ကွ"
"ကရင်ခြံထဲမှာ ဂစ်တာတီးသင်လို့ရတယ်ထင်တယ်။ ပြီးတော့ ဒေးလ်ဘက်မှာရောပဲရှိတယ်"
"သာထူးပြောတဲ့နေရာတွေမှာ မသင်နဲ့လင်းရာ။ ဂစ်တာတီးသင်ချင်ရင် မင်းလူကြီးကိုသင်ခိုင်း။ သူလည်း ဂစ်တာတီးတတ်တယ်"
"တကယ်"
"အင်း သူတို့အဖွဲ့တွေ ညတိုင်း ကောင်မလေးတွေအဆောင်ရှေ့ သီချင်းသွားဆိုရင် ကိုကြီးစစ်ပိုင်ပဲအမြဲတီးတာ"
"လာရင် သင်ခိုင်ဦးမယ်"
လင်းရာ ဂစ်တာကို ဒေါင် ဒေါင် ဒင် ဒင် လုပ်နေတုန်း အနားကို လူတစ်ယောက်ရောက်လာပြီး လင်းရာဆံပင်လေးတွေကို ဆွဲဖွလိုက်တာကြောင့် စိတ်တိုတိုဖြင့် မော့ကြည့်လိုက်မိသည်။
"ဪ . . . ကိုဇွဲမာန်"
"စိတ်ဆိုးသွားတာလား လင်းရာ။ ဆောရီးနော် ကိုယ်တကယ် တောင်းပန်တယ်"
လင်းရာရဲ့ စိတ်ဆိုးနေတဲ့ မျက်နှာကိုမြင်သွားတာမို့ ကပျာကယာ တောင်းပန်ရှာသည်။
"ရပါတယ် အစ်ကို။ ကျွန်တော်က ခေါင်းကိုကိုင်တာ သိပ်မကြိုက်လို့ပါ"
"အစ်ကိုလည်း အသဲယားလို့ လုပ်လိုက်မိတာ"
"ရပါတယ်ဗျာ စိတ်မကောင်း မဖြစ်ပါနဲ့။ ကျွန်တော်က ခေါင်းနဲ့ပတ်သက်ရင် Sensitive ဖြစ်လို့ပါ"
"အင်း နောက်မလုပ်တော့ဘူးနော်"
"ဟုတ် အစ်ကို"
"ဒါနဲ့ ဂစ်တာတီး သင်နေတာလား"
"ဟုတ်"
"ဟိုဘက်တိုး အစ်ကို သင်ပေးမယ်"
"အစ်ကိုလည်း တီးတတ်တယ်လား"
"အင်း"
လင်းရာ ဘေးကို တိုးပေးလိုက်တော့ ကိုဇွဲမာန်က အနားမှာ ဝင်ထိုင်လေသည်။
စစ်ပိုင် တခြား Tradeက သူငယ်ချင်းတွေနဲ့တွေ့လို့ ကန်းတင်းနဲ့မလှမ်းမကမ်းမှာ ဆိုင်ကယ်ရပ်ပြီး စကားပြောနေမိသည်။ စကားပြောရင်းက ကန်တင်းကိုလှမ်းကြည့်မိတော့ ဟိုတစ်ခါတွေ့တဲ့ ချောတောမောတောကောင်က ဘေဘီ့ဆံပင်တွေကို ဆွဲဖွပြီး ဆော့တာကို တွေ့လိုက်ရလေသည်။
အဲ့အချိန် အနားမှာသာရှိရင် ထိုကောင်လေးကို ဘေဘီ့ကို ဘာလို့ လိုက်ကပ်နေတာလဲလို့ မေးပြီး ခေါင်းခေါက်ပစ်လိုက်မည် ဖြစ်သည်။
သူငယ်ချင်းတွေနဲ့ စကားပြောပြီးတာနဲ့ ကန်တင်းကိုဝင်လာခဲ့ပြီး ဘေဘီနဲ့ထိုကောင်ကြား ဝင်ထိုင်လိုက်သည်။
"ဘေဘီက ဂစ်တာတီးတတ်တယ်လား"
"မတီးတတ်လို့ သင်နေတာ။ ကိုဇွဲမာန်က သင်ပေးနေလို့"
"ကျောင်းမှာသင်ရင် ခဏလေးပဲ သင်လို့ရမှာပေါ့။ အချိန်အကြာကြီး သင်ရမှာ သိပ်လည်းတတ်မှာမဟုတ်ဘူး"
"အင်းနော် လူကြီးပြောတာလည်း ဟုတ်တာပဲ"
"ကိုကြီးစစ်ပိုင် ညနေတိုင်း ဂစ်တာတီးဖြစ်တာပဲဟာ လင်းရာကို အဆောင်မှာခေါ်ပြီး သင်လိုက်လေ"
"အင်းးးးထူးခြားပြောတာ မဆိုးဘူး။ ကိုယ့်အဆောင်မှာ လာသင်မလား ဘေဘီ"
"အင်း လာသင်မယ်လေ"
"ဒါဆို ခုသင်မနေနဲ့တော့ ထမင်းစားတော့"
"ဟုတ် . . . ။ ကိုဇွဲမာန် ကျေးဇူးနော်"
"ရပါတယ်ဗျာ"
"ဂစ်တာ ဆက်မသင်တော့ဘူးဆိုတော့ ကျွန်တော်တို့နဲ့အတူတူ ထမင်းဝင်စားလိုက်ပါလား အစ်ကို"
"အစ်ကို မစားသေးဘူး လင်းရာ။ အစ်ကို့ သူငယ်ချင်းတွေကို စောင့်နေတာ။ ဟိုကောင်တွေလာမှ စားတော့မယ်"
"ဟုတ်"
ခဏနေတော့ ကိုဇွဲမာန် သူငယ်ချင်းတွေ ရောက်လာတာမို့ ကိုဇွဲမာန်က ဝိုင်းရွှေ့သွားလေသည်။
"လူကြီးက တစ်ယောက်ထဲ လာတာလား။ ကိုချမ်းမြေ့တို့ရော"
"ကိုယ်က ချယ်ခိုင်းတာကို သွားလုပ်ပေးရင်း ဒီကိုတန်းဝင်လာလိုက်တာ။ ခဏနေ ချမ်းမြေ့တို့ရောက်လာလိမ့်မယ်"
စစ်ပိုင် ဂစ်တာကို ကောက်ကိုင်လိုက်ပြီး ဂစ်တာကြိုးကို သေချာညှိကာ သီချင်းစတင် တီးခတ်လိုက်သည်။
. . . ခေါင်းလောင်းလေးတွေ . . မြည်နေပြီ . . ငှက်ကလေးတွေလည်း . . တေးဆိုသည် . . နာရီစင်က . . သုံးချက်တီးသံမြည် . . . နှင်းတွေလည်း ကျနေသည် . . . ဒီဆောင်းမြောက်လေမြူးသည် . . . အခုတော့သိပြီ . . . သူ့ကို ကျွန်တော်ချစ်သည် . . . . .
သူ့ကိုကျွန်တော်ချစ်သည် ဆိုသည့်နေရာရောက်မှ လူကြီးက ကိုယ့်ကို ကြည့်ပြီးဆိုနေသည်မို့ ထမင်းပင် သီးသွားရသည်။
"အဟွတ် . . . အဟွတ်"
"ဟာကွာ . . . ဖြည်းဖြည်းစားတာ မဟုတ်ဘူး။ ထမင်းကို ဘယ်သူက လုစားမှာမို့လို့ ထမင်းသီးအောင်တောင် စားနေရတာလဲ"
ဂစ်တာကိုအမြန်ချကာ ရေဘူးထဲကရေကို ရေခွက်ထဲထည့်ပြီး ကမ်းပေးရင်း ပါးစပ်ကလည်း ဗျစ်တောက် ဗျစ်တောက်ဖြင့် ဆူနေပြန်ပါသေးသည်။
"အမြန်စားလို့ သီးတာမဟုတ်ပါဘူး လူကြီးကလည်း အဟွတ်"
"ရေကို အရင်သောက်ဦး။ လူကြီးကို ပြန်ပြောဖို့ပဲ တွေးမနေနဲ့"
စစ်ပိုင် ထပ်ပြီးဆူလိုက်တော့ မျက်မှန်အောက်က မျက်ဝန်းလှလှလေးတွေနဲ့ မျက်စောင်းထိုးပါတော့သည်။ ယောင်္ကျားလေးတစ်ယောက်ရဲ့ မျက်စောင်းက အဲ့လောက်လှရသတဲ့လား။ ဒီလိုလှပတဲ့မျက်ဝန်းလေးကို အရင်ကတိုက်ရိုက်မြင်ရပေမယ့် ခုတော့ ဘယ်က မျက်မှန်က ဘယ်လိုရောက်လာပြီး ကာစီးထားမှန်းမသိပေ။ ကလေးရဲ့ မျက်ဝန်းကို တိုက်ရိုက်မြင်ရဖို့ မျက်မှန်ကို ချိုးလိုက်ရမလား။
"သီးသေးလား။ ရေထပ်သောက်ဦး"
"တော်ပြီ လူကြီး။ ရပြီ"
"အင်း . . . ဒါနဲ့ နေပါဦး အဲ့မျက်မှန်ကို ဘာလို့တပ်ထားတာလဲ"
"မျက်လုံးမကောင်းလို့လေ"
"First Semester (ပထမနှစ်ဝက်) တုန်းက အကောင်းကြီးပါ။ ခုမှ ဘယ်လိုထဖြစ်ရတာလဲ"
"ကျွန်တော် ရန်ကုန်လာတုန်းက လူကြီးနဲ့ JCမှာ တွေ့သေးတယ်လေ။ အဲ့တုန်းက မျက်မှန်ပါ လုပ်ရတာ"
"ဪ . . ."
"ဒီကြားထဲ ဘာလို့မတပ်တာလဲ"
"ဘောကန်နေရလို့လေ"
"ဪ . . . ဟုတ်သား"
"ဘာလဲ မျက်မှန်နဲ့ ရုပ်ဆိုးနေလို့လား"
"အင်း နည်းနည်း"
ပိုချစ်ဖို့ကောင်းနေလို့ဟေ့။ ပိုချစ်ဖို့ ကောင်းနေလို့ဟ ဘေဘီရ။
စိတ်ထဲမှာသာ အော်ပြောလိုက်ရသည်။ ဆန္ဒကို သိက္ခာနှင့် ထိန်းထားရတာမို့ ကလေးတွေရှေ့ ပြောချင်တိုင်းပြော နေချင်တိုင်းနေလို့လည်း မရပေ။
"သီချင်း ဆက်ဆိုလေ လူကြီး"
"တော်ပြီ အခုတော့ မဆိုချင်တော့ဘူး။ နောက်မှ အပြည့်အစုံ ဆိုပြမယ်"
"အင်း"
လင်းရာတို့ စားသောက်ပြီးစီးခါနီးတော့ ကိုချမ်းမြေ့တို့ ရောက်လာတာကြောင့် လူကြီးက ကိုချမ်းမြေ့တို့ ဝိုင်းကို ကူးသွားလေသည်။
စားသောက်ပြီးရင် အတန်းက တက်ရပေဦးမည်။ စာမသင်ချင်ဆုံးအချိန်ကို ပြောပါဆိုလျှင် ထမင်းစားပြီး ပြန်တက်ရမည့်အချိန်ပင်။ အစာအဆိပ်တက်ပြီး အိပ်ငိုက်တတ်သည့် အချိန်မို့ လင်းရာတို့အဖွဲ့က ထိုအချိန်မှာ အဆင်ပြေစေဖို့ နောက်ဆုံးတန်းမှာ ထိုင်ကြခြင်းဖြစ်သည်။ မျက်မှန်သမားတွေကို အရှေ့မှာထိုင်ခိုင်းသော်လည်း သာထူးအောင်က မသွားရဘူးဆိုကာ ဆွဲထားသောကြောင့် မသွားရပေ။
ညနေအတန်းတစ်ချိန်လစ်ပြီး ထူးခြားဆိုင်ကယ်နှင့် ပြန်လိုက်ခဲ့လိုက်သည်။ နတ်မော်က အကြော်ဆိုင်လေးမှာ အကြော်စားဖို့ အချိန်တစ်ချိန် လစ်ခဲ့ခြင်းပင်။ နတ်မော် အကြော်ဆိုင်က ကော်ပြန့်ကြော်က ကျောင်သားများအကြိုက် ဖြစ်သလို နာမည်လည်းကြီးပေသည်။ လင်းရာတို့ရောက်တော့ အကြော်က စ'ကြော်ခါစမို့ စောင့်နေရပေဦးမည်။
"အန်တီ သားတို့ကို ပုဇွန်ကြော်၊ ပဲကပ်ကြော်၊ ပြောင်းဖူးကော်ပြန့်၊ အားလူးကော်ပြန့် ငါးရာဖိုးစီ ကြော်ပေးလို့ရလားဟင်"
"ရတယ် သားတို့။ ခဏတော့စောင့်ရမယ်"
"ဟုတ် စောင့်နေမယ် အန်တီ။ ဘုရားကြီးထဲမှာ စောင့်နေမှာမို့ ခဏနေမှ ပြန်လာခဲ့မယ်နော်"
"အေး အေး သားလေး"
အန်တီကြီးကို အကြော်မှာခဲ့ပြီး နတ်မော်ဘုရားကြီးထဲသို့လာခဲ့ကြသည်။ နတ်မော်ဘုရားကြီးနှင့် အကြော်ဆိုင်လေးက တံတားလေးပဲ ခြားတာမို့ နီးနီးလေးပါ။
နတ်မော် ဘုရားကြီးဆိုသည်မှာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး လျောင်းတော်မူဖြစ်တဲ့ တိလောကဥသျှောင် လျောင်းတော်မူဘုရားကြီးပင်ဖြစ်ပေသည်။
ဟင်္သာတမြို့သို့ အလည်လာလျှင် လူတိုင်းလာရောက် ဖူးမြော်ကြသည့် ဘုရားကြီးပင်ဖြစ်သည်။ ဟင်္သာတမြို့သို့ရောက်ပြီး နတ်မော်ဘုရားကြီးကိုမှ မဖူးခဲ့ရဘူးဆိုလျှင် ရန်ကုန်ရောက်ပြီး ရွှေတိဂုံ မဖူးခဲ့ရသလို ဖြစ်နေပါလိမ့်မည်။
နတ်မော်ဘုရားကြီးထဲမှာ ဘုရားရှိခိုးပြီး ခဏထိုင်ကာ ဂိမ်းဆော့ဖြစ်ကြသည်။ လင်းရာတို့ ဂိမ်းဆော့နေတုန်းမှာ တခြားအဖွဲ့တစ်ဖွဲ့ပါ ရောက်လာပေသည်။ ကိုယ့်အာရုံနဲ့ ကိုယ်မို့ သတိမထားမိခဲ့။
ခဏကြာတော့ ထိုအဖွဲ့ထဲက ကောင်လေးနှင့်ကောင်မလေး ထပြီး စကားများကြပါတော့သည်။ လင်းရာတို့အဖွဲ့လည်း စပ်စုပြီး လှည့်ကြည်လိုက်တော့ လူကြီးတို့ကို တွေ့ရလေသည်။
"လူကြီး"
လူကြီးကြားနိုင်လောက်မည့် အသံဖြင့် လင်းရာ တိုးတိုးလေးလှမ်းခေါ်လိုက်သည်။ လင်းရာခေါ်သံကို ကြားလို့ထင် ဘုရားထဲ ဟိုကြည့်ဒီကြည့် လိုက်ရှာနေလေသည်။ လူကြီးရှာနေသော်လည်း လင်းရာတို့ကို မတွေ့နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လင်းရာတို့ တစ်ဖွဲ့လုံး နံရံမှာထောင်ထားသည့် သစ်သားပြားကြီးများ နောက်တွင် ထိုင်နေသောကြောင့်ပင်။
"လူကြီး"
လင်းရာ ထပ်ခေါ်တော့ လူကြီးက ထပ်ရှာလေသည်။ ဒီတစ်ခါလည်း မတွေ့ရှာပေ။ လိုက်ရှာနေသော လူကြီးကို ကြည့်ပြီး လင်းရာ ပြုံးလိုက်မိသည်။ အမြဲတမ်း လင်းရာပဲ အစခံနေရတာမို့ ဒီတစ်ခါတော့ လင်းရာက ပြန်စရမည့် အလှည့်ပင်။ အခွင့်အရေးကိုတော့ လက်လွတ်မခံနိုင်ပါ။
"ဟျောင့်တွေ မင်းတို့နှစ်ယောက် အေးဆေး စကားပြောမယ်ဆိုပြီး ဘုရားကိုလာတာလေ။ ဘာလို့ ရန်ထဖြစ်နေတာလဲ။ ရန်ဖြစ်မယ်ဆို ဘုရားထဲမှာ မဖြစ်နဲ့။ မြို့ပတ်လမ်းဖြစ်ဖြစ် ချစ်သူလမ်းကြားထဲမှာပဲဖြစ်ဖြစ် သွားဖြစ်ကြ။ သွားမယ်လာ"
ရန်ဖြစ်နေသော နှစ်ကောင်ကို စစ်ပိုင် တွန်းထုတ်လိုက်တော့ ဘုရားထဲက ရွေ့တေ့ ရွေ့တေ့ဖြင့် ထွက်သွားကြသည်။ ကျန်သည့်သူငယ်ချင်းများကလည်း နောက်က လိုက်သွားကြလေသည်။
စစ်ပိုင်ကိုခေါ်နေတဲ့ ဘေဘီ့အသံကို ကြားသည်မို့ သူငယ်ချင်းတွေနှင့် မလိုက်တော့ဘဲ ကျန်ခဲ့လိုက်သည်။
လှမ်းမြင်နေရသည့် သစ်သားပြားကြီးများ၏ နောက်တွင် ရှိနိုင်သည့်မို့ ပြန်သလိုနှင့် နောက်ပြန်လှည့်ကာ လိုက်ရှာတော့ သာထူးနှင့် ထူးခြားတို့ပါရှိနေပေသည်။ သုံးယောက်လုံး နောက်ရောက်နေသည့် စစ်ပိုင်ကို မမြင်ကြဘဲ သစ်သားပြားကြား ခေါင်းလေးများ ပြန်၍ ပြူထွက်ကာ စစ်ပိုင်ကို လိုက်ရှာနေကြပေသည်။
"မင်း လူကြီး ပြန်လိုက်သွားပြီ။ ရှာမနေနဲ့တော့လင်းရာ။ ငါတို့လည်း ပြန်ကြမယ်။ မှာထားတာ ရလောက်ပြီ"
"အင်း သွားမယ်"
ကြားထဲက ထွက်လာပြီး ပြန်ကြဖို့ ခြေလှမ်းပြင်တော့ နောက်ဆုံးကလိုက်သည့် လင်းရာရဲ့လက်ကို လှမ်းဆွဲခြင်းခံလိုက်ရသည်။
"အမေ့"
"ဘေဘီ"
သူငယ်ချင်းကောင်းများကတော့ စကားတပြောပြောနှင့် ထွက်သွားကြပေသည်။ လင်းရာကို လှည့်လည်းမကြည့် လင်းရာ လန့်ပြီး အော်လိုက်မိတဲ့ အသံလည်းမကြား လင်းရာကိုလည်း ဂရုမထားမိကြပေ။
"လူကြီး"
"အင်း"
"ခုနက ပြန်လိုက်သွားတာ မဟုတ်ဘူးလား"
"ပြန်လိုက်သွားမလို့ဘဲ။ ဒါပေမဲ့ ကိုယ့်နာမည်ကို ပုကျိ ပုကျိနဲ့ သာလိကာလေး လှမ်းခေါ်လိုက်သလိုမျိုး ကြားလိုက်ရလို့ မလိုက်တော့ဘဲ ကျန်ခဲ့တာ"
"အဟားးးးသာလိကာ မဟုတ်ပါဘူးဗျာ။ မောင်လင်းရာပါ"
"ဟုတ်ကဲ့ပါ မောင်လင်းရာ။ ဒီကို ဘာလာလုပ်တာလဲ"
"ကော်ပြန့်မှာထားလို့ စောင့်နေတာ။ သွားမယ်လာ။ ဟိုကောင်တွေ ကျွန်တော်ပါမလာတာ သိရင် ပြန်လာရှာနေဦးမယ်"
"အင်း သွားမယ်"
လင်းရာနဲ့လူကြီး စကားတပြောပြောနှင့် ဘုရားထဲက ထွက်လာခဲ့ကြသည်။ ဟိုနှစ်ကောင်ကတော့ အခုထိ သတိမထားမိပေ။
"လူကြီးတို့က အဖွဲ့လိုက်ကြီး ဘုရားကို ဘာလာလုပ်တာလဲ"
"ကျောင်းကအပြန် လမ်းမှာ သူရကောင်မလေးနဲ့တွေ့တာ။ သူတို့အတွဲက ရန်ဖြစ်ထားကြတာလေ။ ပြန်အဆင်ပြေအောင် အေးဆေးညှိနှိုင်းကြမယ်ဆိုပြီး ဘုရားထဲကို ဝင်လာလိုက်တာ"
"သူများအတွဲ ညှိနှိုင်းတာကို လူကြီးတို့က ဘာလိုက်လုပ်တာ"
"ညှိနေရင်းက စကား ထ'များမှာဆိုးလို့။ သူရက စကားများရင် လက်ပါတတ်တယ်။ အဲ့ဒါကြောင့် ကိုယ်တို့ရှိနေရင် မလုပ်ဖြစ်ဘူးလေ။ လုပ်ရင်လည်း ဝင်ထိန်းပေးလို့ရအောင် လိုက်လာကြတာ"
"ရန်ဖြစ်တဲ့အခါ အဲ့လို လက်ပါတတ်တဲ့သူတွေကို မုန်းတယ်"
"ကိုယ်ရောပဲ"
"တကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူကို ကိုယ်ထိလက်ရောက် ရိုက်ဖို့မပြောနဲ့ စကားမာမာတောင် မပြောရက်ကြဘူး"
"အင်း ဟုတ်တယ်"
"ရည်းစားဘဝထဲက လက်ပါနေရင် ယူပြီးသွားတဲ့အခါ ဘယ်လောက်တောင် ရိုက်မလဲ မသိဘူးနော်"
"အင်းပေါ့ မိန်းကလေးတွေက စဉ်းစားရမှာ။ ရန်ဖြစ်တိုင်း ဒီလိုလက်ပါတတ်တဲ့ ယောင်္ကျားကို ယူသင့် မယူသင့် သူတို့က ဆုံးဖြတ်ရမှာ။ ချစ်ရုံနဲ့ အရာရာ သည်းခံပေးလို့ အဆင်မပြေဘူးလေ။ နာကျင်ရမှာက ကိုယ်ပဲ"
"အဲ့တာ ပြောတာ။ အဲ့အစ်မ အဲ့အစ်ကိုကို ဆက်မတွဲသင့်ဘူး"
"သူရက ရိုက်ပြီးသွားရင် ရှိခိုးမတတ် တောင်းပန်တာ။ ရန်မဖြစ်ရင်အကောင်း။ သူ့လောက် ချစ်တတ်တာလည်း သူပဲရှိတယ်။ ရန်ဖြစ်ရင်တော့ လက်တေပါ ပါတာ။ ပြီးရင် နောက်မလုပ်တော့ပါဘူးဆိုပြီး ငိုယို တောင်းပန်တာ။ ကောင်မလေးက ခွင့်လွှတ်မပေးရင် အဆောင်ရှေ့မှာ တစ်ညလုံးသွားပြီး ဒူးထောက်နေတာ။ အဲ့လိုမှ ခွင့်လွှတ်မပေးရင် နောက်နေ့မနက်ထိပါ ဒူးထောက်တာ။ နောက်ဆုံး ကောင်မလေးက ရှက်ပြီး ခွင့်လွှတ်ပေးရတယ်။ သူရက လမ်းခွဲလို့မရဘူး။ သူ့ကိုလမ်းခွဲရင် သူက အတင်းကပ်နေတာ။ တစ်မျိုးပြီး တစ်မျိုးနဲ့ အရှက်ရလောက်အောင် ကပ်နေတော့ အရှက်မကွဲချင်လို့ ဆက်တွဲနေတာလည်းပါမှာပေါ့"
"အဲ့လို ဖြတ်ရခက်တဲ့သူမျိုးကို ကြောက်တယ်"
"မကြောက်ပါနဲ့။ ဘေဘီက အဲ့လိုမျိုးနဲ့ မတွေ့နိုင်ဘူး စိတ်ချ။ အရမ်းချစ်ပေးပြီး စိတ်ချမ်းသာအောင် ထားပေးနိုင်မယ့်သူမျိုးနဲ့ ဆုံရမှာ"
"ဆုတောင်းရမှာပေါ့"
"ဆုတောင်းစရာမလိုဘူး အနားမှာ အဆင်သင့်ရှိတယ်"
"အဲ့လူက ဘယ်သူလဲ။ ကျွန်တော်တောင် မသိရပါ့လား"
"ခုသိစရာ မလိုသေးဘူးလေ"
"ကာယကံရှင်ကမသိဘဲ လူကြီးက ဘယ်လိုသိလဲ။ လူကြီးကို သူကလာပြောပြတာလား"
"နောက်တော့ သိရတော့မှာပါ ဘေဘီ။ သိပ်မကြာတော့ပါဘူး"
"လူကြီးကတော့ ပဟေဋိတွေ ဆန်နေပြန်ပါပြီ"
လင်းရာရဲ့စကားကို လူကြီးက မျက်လုံးလေးတစ်ဖက်မှိတ်ပြီး ပြုံးပြလေသည်။ ပါးချိုင့်ကြီး ခွက်ဝင်အောင်ပြုံးပြလိုက်သည်မို့ ငေးခနဲဖြစ်သွားရသည်။ အပြုံးတွေနဲ့ မျက်ဝန်းက နားလည်ရ ခပ်ခက်ခက်ပေမယ့် ကြည့်လို့တော့ကောင်းသည်။
လူကြီးက အတော်ချောသည်။
Fri, July 16 (16/7/2021/Fri)
*****************
#Zawgyi
ေဘာလုံးပြဲေတြအၿပီး ေက်ာင္းျပန္တက္ေတာ့ ေဘဘီ့အခန္းေရွ႕ မေယာင္မလည္သြားကာ ေဘဘီ့ကိုရွာမိသည္။ ေဘာလုံးပြဲမွာ ေဘဘီ့ကို ဒဏ္ရာရေအာင္ လုပ္လိုက္မိထဲက MPကခ်ယ္ေတြက ကိုယ့္ကို သိပ္မၾကည္ၾကေတာ့ေပ။
အခန္းရဲ့ေနာက္ဆုံး ျပတင္းေပါက္ေလးေဘးမွာ ထိုင္ေနတဲ့ ေဘဘီက မ်က္မွန္ေလးတပ္ထားလို႔။ ေဘဘီမွ ဟုတ္ပါေလစဆိုၿပီး မ်က္လုံးကို ပြတ္ၾကည့္ရသည္။ ေဘဘီမွ ေဘဘီပါ။ မ်က္မွန္ေလးနဲ႔ သိပ္ခ်စ္ဖို႔ေကာင္းလြန္းတဲ့ ေဘဘီပါ။
စာေရးေနရင္းက စစ္ပိုင္တို႔ရွိတဲ့ဘက္ ေကာ္ရစ္တာကို လွမ္းၾကည့္လာတဲ့ ေဘဘီ့ကို စစ္ပိုင္လက္ျပလိုက္ေတာ့ ျပန္လည္း ျပဳံးျပေလသည္။ အျပဳံးေလးကလည္း ခ်စ္ဖို႔ေကာင္းေနျပန္ပါေရာလား။
ေဘဘီ့ကို ေတြ႕ဖို႔ရာ တစ္မနက္ကို ဆယ့္ေျခာက္ေခါက္ေလာက္ ေဘဘီတို႔အခန္းေရွ႕က ျဖတ္ေလၽွာက္မိသည္။ အိမ္သာကို ေသးေပါက္ခ်င္လည္းသြား မေပါက္ခ်င္လည္းသြားနဲ႔ ေခ်ာင္းေပါက္မတတ္ ေရာက္ျဖစ္ေနပါေတာ့သည္။
လူႀကီးတစ္ေယာက္ အခန္းေရွ႕က ျဖတ္ေလၽွာက္သြားတာ ခုတစ္မနက္ထဲတင္ အႀကိမ္ေရ ေတာ္ေတာ္မ်ားေနပါၿပီ။ ဒီလူႀကီး ဆီးမ်ားေအာင့္ေနသလားပဲ။
ေန႔ခင္းထမင္းစားေတာ့ ထူးျခားတို႔က ဦးတီးကန္တင္းကို ေခၚတာမို႔ မမားကို ဖုန္းလွမ္းဆက္ရသည္။
"သားသား ေျပာ"
"မမား သား ထူးျခားတို႔နဲ႔ အေနာက္ကန္တင္းမွာ ထမင္းစားမလို႔။ မမားတို႔ဆီ မလာေတာ့ဘူးေနာ္"
"အင္း သားသား"
သားသားက ခုေနာက္ပိုင္း ခင္ေလးတို႔နဲ႔ ထမင္းလာမစားခ်င္ေတာ့ဘူး ထင္ပါရဲ့။
"ခင္ေလး သားသားက ဘာလွမ္းေျပာတာလဲ"
"သူငယ္ခ်င္းေတြနဲ႔ ဦးတီးကန္တင္းမွာ လိုက္စားမလို႔ မလာေတာ့ဘူးတဲ့"
"ကေလးေတာင္ ငါတို႔နဲ႔ အရင္လိုလာမစားေတာ့ဘူး"
"အင္း ငါ့အနားမွာေနၿပီး ကေလးေလးလိုေနရတာကို မေနခ်င္ေတာ့ဘူးထင္တယ္။ လူႀကီးေလးျဖစ္လာၿပီဆိုေတာ့ သူငယ္ခ်င္းေတြနဲ႔ပဲ ေနခ်င္ေတာ့မွာေပါ့။ အရြယ္ေရာက္လာၿပီေလ အစ္မနားမွာ ကေလးလို တြယ္ကပ္ၿပီး ဘယ္ေနပါေတာ့မလဲ"
"ေယာကၤ်ားေလးေတြ အရြယ္ေရာက္လာရင္ အဲ့လိုပဲလား"
"ေယာကၤ်ားေလးပဲလည္း မဟုတ္ပါဘူး ႏြယ္ရယ္။ မိန္းကေလးေတြလည္း ဒီလိုပါပဲ။ အရြယ္ေလးေတြေရာက္လာရင္ အစ္ကိုေတြ အစ္မေတြနဲ႔ ပူးပူးကပ္ကပ္ ေနရတာထက္ ကိုယ့္အားကိုယ္ကိုးၿပီး လြတ္လြတ္လပ္လပ္ေနခ်င္တာေပါ့။ အျမဲ ကေလးလို တြယ္ကပ္ေနလို႔လည္း အဆင္မေျပဘူးေလ"
"ဟုတ္တယ္ ေအမီေျပာတာ အမွန္ပဲ။ ခုလည္း သားသားက လူပ်ိဳေပါက္အရြယ္ ေရာက္ေနၿပီဆိုေတာ့ လြတ္လြတ္လပ္လပ္ ေနခ်င္ရွာမွာေပါ့။ အဲ့ေၾကာင့္ ငါလည္း လႊတ္ထားေပးတာ။ သူေနေပ်ာ္သလို ေနပါေစ ပ်က္စီးမသြားရင္ပဲ ရၿပီ"
"အင္း"
ကေလးက သူ႔ကိုယ္ပိုင္ လြတ္လပ္မႈနဲ႔ သူ႔ကိုယ္သူ ထိန္းသိမ္းနိုင္တဲ့အရြယ္ ေရာက္ေနပါၿပီ။ ဒီအရြယ္ကို ခ်ဳပ္ခ်ယ္လို႔မရဘူး ေဘးက ထိန္းေပးလို႔ပဲရေတာ့မယ္ေလ။
လင္းရာတို႔အဖြဲ႕ ဦးတီးကန္တင္းကိုေရာက္တဲ့အခ်ိန္ ထိုင္ေနၾကထိုင္ခုံေလးေပၚမွာ ဂစ္တာအဆင္သင့္ေတြ႕တာေၾကာင့္ လင္းရာေကာက္ယူၿပီး တီးၾကည့္လိုက္သည္။
"နားဒုကၡေတြ မေပးနဲ႔လင္းရာ။ ထမင္းေအးေဆး စားပါရေစ"
"ငါ ဂစ္တာတီးတတ္ခ်င္လိုက္တာကြာ"
"ဂစ္တာတီးတတ္ခ်င္တာမ်ား သင္ေပါ့ကြ"
"သင္ေပးမယ့္သူ မရွိလို႔ေပါ့ကြ"
"ကရင္ၿခံထဲမွာ ဂစ္တာတီးသင္လို႔ရတယ္ထင္တယ္။ ၿပီးေတာ့ ေဒးလ္ဘက္မွာေရာပဲရွိတယ္"
"သာထူးေျပာတဲ့ေနရာေတြမွာ မသင္နဲ႔လင္းရာ။ ဂစ္တာတီးသင္ခ်င္ရင္ မင္းလူႀကီးကိုသင္ခိုင္း။ သူလည္း ဂစ္တာတီးတတ္တယ္"
"တကယ္"
"အင္း သူတို႔အဖြဲ႕ေတြ ညတိုင္း ေကာင္မေလးေတြအေဆာင္ေရွ႕ သီခ်င္းသြားဆိုရင္ ကိုႀကီးစစ္ပိုင္ပဲအျမဲတီးတာ"
"လာရင္ သင္ခိုင္ဦးမယ္"
လင္းရာ ဂစ္တာကို ေဒါင္ ေဒါင္ ဒင္ ဒင္ လုပ္ေနတုန္း အနားကို လူတစ္ေယာက္ေရာက္လာၿပီး လင္းရာဆံပင္ေလးေတြကို ဆြဲဖြလိုက္တာေၾကာင့္ စိတ္တိုတိုျဖင့္ ေမာ့ၾကည့္လိုက္မိသည္။
"ဪ . . . ကိုဇြဲမာန္"
"စိတ္ဆိုးသြားတာလား လင္းရာ။ ေဆာရီးေနာ္ ကိုယ္တကယ္ ေတာင္းပန္တယ္"
လင္းရာရဲ့ စိတ္ဆိုးေနတဲ့ မ်က္ႏွာကိုျမင္သြားတာမို႔ ကပ်ာကယာ ေတာင္းပန္ရွာသည္။
"ရပါတယ္ အစ္ကို။ ကၽြန္ေတာ္က ေခါင္းကိုကိုင္တာ သိပ္မႀကိဳက္လို႔ပါ"
"အစ္ကိုလည္း အသဲယားလို႔ လုပ္လိုက္မိတာ"
"ရပါတယ္ဗ်ာ စိတ္မေကာင္း မျဖစ္ပါနဲ႔။ ကၽြန္ေတာ္က ေခါင္းနဲ႔ပတ္သက္ရင္ Sensitive ျဖစ္လို႔ပါ"
"အင္း ေနာက္မလုပ္ေတာ့ဘူးေနာ္"
"ဟုတ္ အစ္ကို"
"ဒါနဲ႔ ဂစ္တာတီး သင္ေနတာလား"
"ဟုတ္"
"ဟိုဘက္တိုး အစ္ကို သင္ေပးမယ္"
"အစ္ကိုလည္း တီးတတ္တယ္လား"
"အင္း"
လင္းရာေဘးကိုတိုးေပးေတာ့ ကိုဇြဲမာန္က အနားမွာ ဝင္ထိုင္ေလသည္။
စစ္ပိုင္တျခား Tradeက သူငယ္ခ်င္းေတြနဲ႔ေတြ႕လို႔ ကန္းတင္းနဲ႔မလွမ္းမကမ္းမွာ ဆိုင္ကယ္ရပ္ၿပီး စကားေျပာေနမိသည္။ စကားေျပာရင္းက ကန္တင္းကိုလွမ္းၾကည့္မိေတာ့ ဟိုတစ္ခါေတြ႕တဲ့ ေခ်ာေတာေမာေတာေကာင္က ေဘဘီ့ဆံပင္ေတြကို ဆြဲဖြၿပီး ေဆာ့တာကို ေတြ႕လိုက္ရေလသည္။
အဲ့အခ်ိန္ အနားမွာသာရွိရင္ ထိုေကာင္ေလးကို ေဘဘီ့ကို ဘာလို႔လိုက္ကပ္ေနတာလဲလို႔ေမးၿပီး ေခါင္းေခါက္ျပစ္လိုက္မည္ျဖစ္သည္။
သူငယ္ခ်င္းေတြနဲ႔ စကားေျပာၿပီးတာနဲ႔ ကန္တင္းကိုဝင္လာခဲ့ၿပီး ေဘဘီနဲ႔ထိုေကာင္ၾကား ဝင္ထိုင္လိုက္သည္။
"ေဘဘီက ဂစ္တာတီးတတ္တယ္လား"
"မတီးတတ္လို႔ သင္ေနတာ။ ကိုဇြဲမာန္က သင္ေပးေနလို႔"
"ေက်ာင္းမွာသင္ရင္ ခဏေလးပဲ သင္လို႔ရမွာေပါ့။ အခ်ိန္အၾကာႀကီး သင္ရမွာ သိပ္လည္းတတ္မွာမဟုတ္ဘူး"
"အင္းေနာ္ လူႀကီးေျပာတာလည္း ဟုတ္တာပဲ"
"ကိုႀကီးစစ္ပိုင္ ညေနတိုင္း ဂစ္တာတီးျဖစ္တာပဲဟာ လင္းရာကို အေဆာင္မွာေခၚၿပီး သင္လိုက္ေလ"
"အင္းးးးထူးျခားေျပာတာ မဆိုးဘူး။ ကိုယ့္အေဆာင္မွာ လာသင္မလား ေဘဘီ"
"အင္း လာသင္မယ္ေလ"
"ဒါဆို ခုသင္မေနနဲ႔ေတာ့ ထမင္းစားေတာ့"
"ဟုတ္ . . . ။ ကိုဇြဲမာန္ ေက်းဇူးေနာ္"
"ရပါတယ္ဗ်ာ"
"ဂစ္တာ ဆက္မသင္ေတာ့ဘူးဆိုေတာ့ ကၽြန္ေတာ္တို႔နဲ႔ ထမင္းဝင္စားလိုက္ပါလား အစ္ကို"
"အစ္ကို မစားေသးဘူး လင္းရာ။ အစ္ကို႔ သူငယ္ခ်င္းေတြကို ေစာင့္ေနတာ။ ဟိုေကာင္ေတြလာမွ စားေတာ့မယ္"
"ဟုတ္"
ခဏေနေတာ့ ကိုဇြဲမာန္ သူငယ္ခ်င္းေတြ ေရာက္လာတာမို႔ ကိုဇြဲမာန္က ဝိုင္းေရႊ႕သြားေလသည္။
"လူႀကီးက တစ္ေယာက္ထဲ လာတာလား။ ကိုခ်မ္းေျမ့တို႔ေရာ"
"ကိုယ္က ခ်ယ္ခိုင္းတာကို သြားလုပ္ေပးရင္း ဒီကိုတန္းဝင္လာလိုက္တာ။ ခဏေန ခ်မ္းေျမ့တို႔ေရာက္လာလိမ့္မယ္"
စစ္ပိုင္ ဂစ္တာကို ေကာက္ကိုင္လိုက္ၿပီး ဂစ္တာႀကိဳးကို ေသခ်ာညႇိကာ သီခ်င္းစတင္ တီးခတ္လိုက္သည္။
. . . ေခါင္းေလာင္းေလးေတြ . . ျမည္ေနၿပီ . . ငွက္ကေလးေတြလည္း . . ေတးဆိုသည္ . . နာရီစင္က . . သုံးခ်က္တီးသံျမည္ . . . ႏွင္းေတြလည္း က်ေနသည္ . . . ဒီေဆာင္းေျမာက္ေလျမဴးသည္ . . . အခုေတာ့သိၿပီ . . . သူ႔ကို ကၽြန္ေတာ္ခ်စ္သည္ . . . . .
သူ႔ကိုကၽြန္ေတာ္ခ်စ္သည္ ဆိုသည့္ေနရာေရာက္မွ လူႀကီးက ကိုယ့္ကို ၾကည့္ၿပီးဆိုေနသည္မို႔ ထမင္းပင္ သီးသြားရသည္။
"အဟြတ္ . . . အဟြတ္"
"ဟာကြာ . . . ျဖည္းျဖည္းစားတာမဟုတ္ဘူး။ ထမင္းကို ဘယ္သူက လုစားမွာမို႔လို႔ ထမင္းသီးေအာင္ေတာင္ စားေနရတာလဲ"
ဂစ္တာကိုအျမန္ခ်ကာ ေရဘူးထဲကေရကို ေရခြက္ထဲထည့္ၿပီး ကမ္းေပးရင္း ပါးစပ္ကလည္း ဗ်စ္ေတာက္ ဗ်စ္ေတာက္ျဖင့္ ဆူေနျပန္ပါေသးသည္။
"အျမန္စားလို႔ သီးတာမဟုတ္ပါဘူး လူႀကီးကလည္း အဟြတ္"
"ေရကို အရင္ေသာက္ဦး။ လူႀကီးကို ျပန္ေျပာဖို႔ပဲ ေတြးမေနနဲ႔"
စစ္ပိုင္ ထပ္ၿပီးဆူလိုက္ေတာ့ မ်က္မွန္ေအာက္က မ်က္ဝန္းလွလွေလးေတြနဲ႔ မ်က္ေစာင္းထိုးပါေတာ့သည္။ ေယာကၤ်ားေလးတစ္ေယာက္ရဲ့ မ်က္ေစာင္းက အဲ့ေလာက္လွရသတဲ့လား။ ဒီလိုလွပတဲ့မ်က္ဝန္းေလးကို အရင္ကတိုက္ရိုက္ျမင္ရေပမယ့္ ခုေတာ့ ဘယ္က မ်က္မွန္က ဘယ္လိုေရာက္လာၿပီး ကာစီးထားမွန္းမသိေပ။ ကေလးရဲ့ မ်က္ဝန္းကို တိုက္ရိုက္ျမင္ရဖို႔ မ်က္မွန္ကို ခ်ိဳးလိုက္ရမလား။
"သီးေသးလား။ ေရထပ္ေသာက္ဦး"
"ေတာ္ၿပီ လူႀကီး။ ရၿပီ"
"အင္း . . . ဒါနဲ႔ ေနပါဦး အဲ့မ်က္မွန္ကို ဘာလို႔တပ္ထားတာလဲ"
"မ်က္လုံးမေကာင္းလို႔ေလ"
"First Semester (ပထမႏွစ္ဝက္) တုန္းက အေကာင္းႀကီးပါ။ ခုမွ ဘယ္လိုထျဖစ္ရတာလဲ"
"ကၽြန္ေတာ္ ရန္ကုန္လာတုန္းက လူႀကီးနဲ႔ JCမွာ ေတြ႕ေသးတယ္ေလ။ အဲ့တုန္းက မ်က္မွန္ပါ လုပ္ရတာ"
"ဪ . . ."
"ဒီၾကားထဲ ဘာလို႔မတပ္တာလဲ"
"ေဘာကန္ေနရလို႔ေလ"
"ဪ . . . ဟုတ္သား"
"ဘာလဲ မ်က္မွန္နဲ႔ ႐ုပ္ဆိုးေနလို႔လား"
"အင္း နည္းနည္း"
ပိုခ်စ္ဖို႔ေကာင္းေနလို႔ေဟ့။ ပိုခ်စ္ဖို႔ ေကာင္းေနလို႔ဟ ေဘဘီရ။
စိတ္ထဲမွာသာ ေအာ္ေျပာလိုက္ရသည္။ ဆႏၵကို သိကၡာႏွင့္ ထိန္းထားရတာမို႔ ကေလးေတြေရွ႕ ေျပာခ်င္တိုင္းေျပာ ေနခ်င္တိုင္းေနလို႔လည္း မရေပ။
"သီခ်င္း ဆက္ဆိုေလ လူႀကီး"
"ေတာ္ၿပီ အခုေတာ့ မဆိုခ်င္ေတာ့ဘူး။ ေနာက္မွ အျပည့္အစုံ ဆိုျပမယ္"
"အင္း"
လင္းရာတို႔ စားေသာက္ၿပီးစီးခါနီးေတာ့ ကိုခ်မ္းေျမ့တို႔ ေရာက္လာတာေၾကာင့္ လူႀကီးက ကိုခ်မ္းေျမ့တို႔ ဝိုင္းကို ကူးသြားေလသည္။
စားေသာက္ၿပီးရင္ အတန္းက တက္ရေပဦးမည္။ စာမသင္ခ်င္ဆုံးအခ်ိန္ကို ေျပာပါဆိုလၽွင္ ထမင္းစားၿပီး ျပန္တက္ရမည့္အခ်ိန္ပင္။ အစာအဆိပ္တက္ၿပီး ငိုက္တတ္သည့္အခ်ိန္မို႔ လင္းရာတို႔အဖြဲ႕က ထိုအခ်ိန္မွာ အဆင္ေျပေစဖို႔ ေနာက္ဆုံးတန္းမွာ ထိုင္ၾကျခင္းျဖစ္သည္။ မ်က္မွန္သမားေတြကို အေရွ႕မွာထိုင္ခိုင္းေသာ္လည္း သာထူးေအာင္က မသြားရဘူးဆိုကာ ဆြဲထားေသာေၾကာင့္ မသြားရေပ။
ညေနအတန္းတစ္ခ်ိန္ လစ္ၿပီး ထူးျခားဆိုင္ကယ္ႏွင့္ ျပန္လိုက္ခဲ့လိုက္သည္။ နတ္ေမာ္က အေၾကာ္ဆိုင္ေလးမွာ အေၾကာ္စားဖို႔ အခ်ိန္တစ္ခ်ိန္ လစ္ခဲ့ျခင္းပင္။ နတ္ေမာ္ အေၾကာ္ဆိုင္က ေကာ္ျပန႔္ေၾကာ္က ေက်ာင္သားမ်ားအႀကိဳက္ျဖစ္သလို နာမည္လည္းႀကီးေပသည္။ လင္းရာတို႔ေရာက္ေတာ့ အေၾကာ္က စ'ေၾကာ္ခါစမို႔ ေစာင့္ေနရေပဦးမည္။
"အန္တီ သားတို႔ကို ပုဇြန္ေၾကာ္၊ ပဲကပ္ေၾကာ္၊ ေျပာင္းဖူးေကာ္ျပန္႔၊ အားလူးေကာ္ျပန႔္ ငါးရာဖိုးစီ ေၾကာ္ေပးလို႔ရလားဟင္"
"ရတယ္ သားတို႔။ ခဏေတာ့ေစာင့္ရမယ္"
"ဟုတ္ ေစာင့္ေနမယ္ အန္တီ။ ဘုရားႀကီးထဲမွာ ေစာင့္ေနမွာမို႔ ခဏေနမွ ျပန္လာခဲ့မယ္ေနာ္"
"ေအး ေအး သားေလး"
အန္တီႀကီးကို အေၾကာ္မွာခဲ့ၿပီး နတ္ေမာ္ဘုရားႀကီးထဲသို႔လာခဲ့ၾကသည္။ နတ္ေမာ္ဘုရားႀကီးႏွင့္ အေၾကာ္ဆိုင္ေလးက တံတားေလးပဲ ျခားတာမို႔ နီးနီးေလးပါ။
နတ္ေမာ္ ဘုရားႀကီးဆိုသည္မွာ ျမန္မာနိုင္ငံ၏ ဒုတိယအႀကီးဆုံး ေလ်ာင္းေတာ္မူျဖစ္တဲ့ တိေလာကဥေသၽွာင္ ေလ်ာင္းေတာ္မူဘုရားႀကီးပင္ျဖစ္ေပသည္။
ဟသၤာတၿမိဳ႕သို႔ အလည္လာလၽွင္ လူတိုင္းလာေရာက္ ဖူးေျမာ္ၾကသည့္ ဘုရားႀကီးပင္ျဖစ္သည္။ ဟသၤာတၿမိဳ႕သို႔ေရာက္ၿပီး နတ္ေမာ္ဘုရားႀကီးကိုမွ မဖူးခဲ့ရဘူးဆိုလၽွင္ ရန္ကုန္ေရာက္ၿပီး ေရႊတိဂုံ မဖူးခဲ့ရသလို ျဖစ္ေနပါလိမ့္မည္။
နတ္ေမာ္ဘုရားႀကီးထဲမွာ ဘုရားရွိခိုးၿပီး ခဏထိုင္ကာ ဂိမ္းေဆာ့ျဖစ္ၾကသည္။ လင္းရာတို႔ ဂိမ္းေဆာ့ေနတုန္းမွာ တျခားအဖြဲ႕တစ္ဖြဲ႕ပါ ေရာက္လာေပသည္။ ကိုယ့္အာ႐ုံနဲ႔ ကိုယ္မို႔ သတိမထားမိခဲ့။
ခဏၾကာေတာ့ ထိုအဖြဲ႕ထဲက ေကာင္ေလးႏွင့္ေကာင္မေလး ထၿပီး စကားမ်ားၾကပါေတာ့သည္။ လင္းရာတို႔အဖြဲ႕လည္း စပ္စုၿပီး လွည့္ၾကည္လိုက္ေတာ့ လူႀကီးတို႔ကို ေတြ႕ရေလသည္။
"လူႀကီး"
လူႀကီးၾကားနိုင္ေလာက္မည့္ အသံျဖင့္ လင္းရာ တိုးတိုးေလးလွမ္းေခၚလိုက္သည္။ လင္းရာေခၚသံကို ၾကားလို႔ထင္ ဘုရားထဲ ဟိုၾကည့္ဒီၾကည့္ လိုက္ရွာေနေလသည္။ လူႀကီးရွာေနေသာ္လည္း လင္းရာတို႔ကို မေတြ႕နိုင္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ လင္းရာတို႔ တစ္ဖြဲ႕လုံး နံရံမွာေထာင္ထားသည့္ သစ္သားျပားႀကီးမ်ား ေနာက္တြင္ ထိုင္ေနေသာေၾကာင့္ပင္။
"လူႀကီး"
လင္းရာ ထပ္ေခၚေတာ့ ထပ္ရွာေလသည္။ ဒီတစ္ခါလည္း မေတြ႕ရွာေပ။ လိုက္ရွာေနေသာ လူႀကီးကို ၾကည့္ၿပီး လင္းရာ ျပဳံးလိုက္မိသည္။ အျမဲတမ္း လင္းရာပဲ အစခံေနရတာမို႔ ဒီတစ္ခါေတာ့ လင္းရာကျပန္စရမည့္အလွည့္ပင္။ အခြင့္အေရးကိုေတာ့ လက္လြတ္မခံနိုင္ပါ။
"ေဟ်ာင့္ေတြ မင္းတို႔ႏွစ္ေယာက္ ေအးေဆး စကားေျပာမယ္ဆိုၿပီး ဘုရားကိုလာတာေလ။ ဘာလို႔ရန္ထျဖစ္ေနတာလဲ။ ရန္ျဖစ္မယ္ဆို ဘုရားထဲမွာ မျဖစ္နဲ႔။ ၿမိဳ႕ပတ္လမ္းျဖစ္ျဖစ္ ခ်စ္သူလမ္းၾကားထဲမွာပဲျဖစ္ျဖစ္ သြားျဖစ္ၾက။ သြားမယ္လာ"
ရန္ျဖစ္ေနေသာ ႏွစ္ေကာင္ကို စစ္ပိုင္ တြန္းထုတ္လိုက္ေတာ့ ဘုရားထဲက ေရြ႕ေတ့ ေရြ႕ေတ့ျဖင့္ ထြက္သြားၾကသည္။ က်န္သည့္သူငယ္ခ်င္းမ်ားကလည္း ေနာက္က လိုက္သြားၾကေလသည္။
စစ္ပိုင္ကိုေခၚေနတဲ့ ေဘဘီ့အသံကို ၾကားသည္မို႔ သူငယ္ခ်င္းေတြႏွင့္ မလိုက္ေတာ့ဘဲ က်န္ခဲ့လိုက္သည္။
လွမ္းျမင္ေနရသည့္ သစ္သားျပားႀကီးမ်ား၏ ေနာက္တြင္ ရွိနိုင္သည့္မို႔ ျပန္သလိုႏွင့္ ေနာက္ျပန္လွည့္ကာ လိုက္ရွာေတာ့ သာထူးႏွင့္ ထူးျခားတို႔ပါရွိေနေပသည္။ သုံးေယာက္လုံး ေနာက္ေရာက္ေနသည့္ စစ္ပိုင္ကို မျမင္ၾကဘဲ သစ္သားျပားၾကား ေခါင္းေလးမ်ား ျပန္၍ ျပဴထြက္ကာ စစ္ပိုင္ကို လိုက္ရွာေနၾကေပသည္။
"မင္း လူႀကီး ျပန္လိုက္သြားၿပီ။ ရွာမေနနဲ႔ေတာ့လင္းရာ။ ငါတို႔လည္း ျပန္ၾကမယ္။ မွာထားတာ ရေလာက္ၿပီ"
"အင္း သြားမယ္"
ၾကားထဲက ထြက္လာၿပီး ျပန္ၾကဖို႔ ေျခလွမ္းျပင္ေတာ့ ေနာက္ဆုံးကလိုက္သည့္ လင္းရာရဲ့လက္ကို လွမ္းဆြဲျခင္းခံလိုက္ရသည္။
"အေမ့"
"ေဘဘီ"
သူငယ္ခ်င္းေကာင္းမ်ားကေတာ့ စကားတေျပာေျပာႏွင့္ ထြက္သြားၾကသည္။ လင္းရာကို လွည့္လည္းမၾကည့္ လင္းရာ လန႔္ၿပီး ေအာ္လိုက္မိတဲ့ အသံလည္းမၾကား လင္းရာကိုလည္း ဂ႐ုမထားမိၾကေပ။
"လူႀကီး"
"အင္း"
"ခုနက ျပန္လိုက္သြားတာ မဟုတ္ဘူးလား"
"ျပန္လိုက္သြားမလို႔ဘဲ။ ဒါေပမဲ့ ကိုယ့္နာမည္ကို ပုက်ိ ပုက်ိနဲ႔ သာလိကာေလး လွမ္းေခၚလိုက္သလိုမ်ိဳး ၾကားလိုက္ရလို႔ မလိုက္ေတာ့ဘဲ က်န္ခဲ့တာ"
"အဟားးးးသာလိကာ မဟုတ္ပါဘူးဗ်ာ။ ေမာင္လင္းရာပါ"
"ဟုတ္ကဲ့ပါ ေမာင္လင္းရာ။ ဒီကို ဘာလာလုပ္တာလဲ"
"ေကာ္ျပန႔္မွာထားလို႔ ေစာင့္ေနတာ။ သြားမယ္လာ။ ဟိုေကာင္ေတြ ကၽြန္ေတာ္ပါမလာတာ သိရင္ ျပန္လာရွာေနဦးမယ္"
"အင္း သြားမယ္"
လင္းရာနဲ႔လူႀကီး စကားတေျပာေျပာႏွင့္ ဘုရားထဲက ထြက္လာခဲ့ၾကသည္။ ဟိုႏွစ္ေကာင္ကေတာ့ အခုထိ သတိမထားမိေပ။
"လူႀကီးတို႔က အဖြဲ႕လိုက္ႀကီး ဘုရားကို ဘာလာလုပ္တာလဲ"
"ေက်ာင္းကအျပန္ လမ္းမွာ သူရေကာင္မေလးနဲ႔ေတြ႕တာ။ သူတို႔အတြဲက ရန္ျဖစ္ထားၾကတာေလ။ ျပန္အဆင္ေျပေအာင္ ေအးေဆးညႇိႏွိုင္းၾကမယ္ဆိုၿပီး ဘုရားထဲကို ဝင္လာလိုက္တာ"
"သူမ်ားအတြဲ ညႇိႏွိုင္းတာကို လူႀကီးတို႔က ဘာလိုက္လုပ္တာ"
"ညႇိေနရင္းက စကားထမ်ားမွာဆိုးလို႔။ သူရက စကားမ်ားရင္ လက္ပါတတ္တယ္။ အဲ့ေၾကာင့္ ကိုယ္တို႔ရွိေနရင္ မလုပ္ျဖစ္ဘူးေလ။ လုပ္ရင္လည္း ဝင္ထိန္းေပးလို႔ရေအာင္ လိုက္လာၾကတာ"
"ရန္ျဖစ္တဲ့အခါ အဲ့လို လက္ပါတတ္တဲ့သူေတြကို မုန္းတယ္"
"ကိုယ္ေရာပဲ"
"တကယ္ခ်စ္ရင္ ကိုယ္ခ်စ္တဲ့သူကို ကိုယ္ထိလက္ေရာက္ ရိုက္ဖို႔မေျပာနဲ႔ စကားမာမာေတာင္ မေျပာရက္ၾကဘူး"
"အင္း ဟုတ္တယ္"
"ရည္းစားဘဝထဲက လက္ပါေနရင္ ယူၿပီးသြားတဲ့အခါ ဘယ္ေလာက္ေတာင္ ရိုက္မလဲ မသိဘူးေနာ္"
"အင္းေပါ့ မိန္းကေလးေတြက စဥ္းစားရမွာ။ ရန္ျဖစ္တိုင္း ဒီလိုလက္ပါတတ္တဲ့ ေယာကၤ်ားကို ယူသင့္ မယူသင့္ သူတို႔က ဆုံးျဖတ္ရမွာ။ ခ်စ္႐ုံနဲ႔ အရာရာ သည္းခံေပးလို႔ အဆင္မေျပဘူးေလ။ နာက်င္ရမွာက ကိုယ္ပဲ"
"အဲ့တာ ေျပာတာ။ အဲ့အစ္မ အဲ့အစ္ကိုကို ဆက္မတြဲသင့္ဘူး"
"သူရက ရိုက္ၿပီးသြားရင္ ရွိခိုးမတတ္ ေတာင္းပန္တာ။ ရန္မျဖစ္ရင္အေကာင္း။ သူ႔ေလာက္ ခ်စ္တတ္တာလည္း သူပဲရွိတယ္။ ရန္ျဖစ္ရင္ေတာ့ လက္ေတပါ ပါတာ။ ၿပီးရင္ ေနာက္မလုပ္ေတာ့ပါဘူးဆိုၿပီး ငိုယို ေတာင္းပန္တာ။ ေကာင္မေလးက ခြင့္လႊတ္မေပးရင္ အေဆာင္ေရွ႕မွာ တစ္ညလုံးသြားၿပီး ဒူးေထာက္ေနတာ။ အဲ့လိုမွ ခြင့္လႊတ္မေပးရင္ ေနာက္ေန႔မနက္ထိပါ ဒူးေထာက္တာ။ ေနာက္ဆုံး ေကာင္မေလးက ရွက္ၿပီး ခြင့္လႊတ္ေပးရတယ္။ သူရက လမ္းခြဲလို႔မရဘူး။ သူ႔ကိုလမ္းခြဲရင္ သူက အတင္းကပ္ေနတာ။ တစ္မ်ိဳးၿပီး တစ္မ်ိဳးနဲ႔ အရွက္ရေလာက္ေအာင္ ကပ္ေနေတာ့ အရွက္မကြဲခ်င္လို႔ ဆက္တြဲေနတာလည္းပါမွာေပါ့"
"အဲ့လို ျဖတ္ရခက္တဲ့သူမ်ိဳးကို ေၾကာက္တယ္"
"မေၾကာက္ပါနဲ႔။ ေဘဘီက အဲ့လိုမ်ိဳးနဲ႔ မေတြ႕နိုင္ဘူး စိတ္ခ်။ အရမ္းခ်စ္ေပးၿပီး စိတ္ခ်မ္းသာေအာင္ ထားေပးနိုင္မယ့္သူမ်ိဳးနဲ႔ ဆုံရမွာ"
"ဆုေတာင္းရမွာေပါ့"
"ဆုေတာင္းစရာမလိုဘူး အနားမွာ အဆင္သင့္ရွိတယ္"
"အဲ့လူက ဘယ္သူလဲ။ ကၽြန္ေတာ္ေတာင္ မသိရပါ့လား"
"ခုသိစရာ မလိုေသးဘူးေလ"
"ကာယကံရွင္ကမသိဘဲ လူႀကီးက ဘယ္လိုသိလဲ။ လူႀကီးကို သူကလာေျပာျပတာလား"
"ေနာက္ေတာ့ သိရေတာ့မွာပါ ေဘဘီ။ သိပ္မၾကာေတာ့ပါဘူး"
"လူႀကီးကေတာ့ ပေဟဋိေတြ ဆန္ေနျပန္ပါၿပီ"
လင္းရာစကားကို မ်က္လုံးေလးတစ္ဖက္မွိတ္ၿပီး ျပဳံးျပေလသည္။ ပါးခ်ိဳင့္ႀကီး ခြက္ဝင္ေအာင္ျပဳံးျပလိုက္သည္မို႔ ေငးခနဲျဖစ္သြားရသည္။ အျပဳံးေတြနဲ႔ မ်က္ဝန္းက နားလည္ရ ခပ္ခက္ခက္ေပမယ့္ ၾကည့္လို႔ေတာ့ေကာင္းသည္။
လူႀကီးက အေတာ္ေခ်ာသည္။
Fri, July 16 (16/7/2021/Fri)
*****************