#Unicode
တူ တူ တူ တူ တူ
ဖုန်းသံကြား၍လိုက်ရှာတော့ ဖုန်းက အနားတွင်မရှိပေ။
"သာထူးရေ သာထူး"
"ဟေ . . . လာပြီ . . . လာပြီ . . . သဲလေး"
လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေတာကြောင့် အိပ်ရာပေါ်မှာပဲ ကွေးနေရသည်။ အဖျားလည်း နည်းနည်းရှိတော့ ကိုယ်လည်း ပူနေသည်မို့ မထနိုင်တာလည်းပါသည်။
"သဲပြော ဘာခိုင်းစရာရှိလို့လဲ"
"ဖုန်းလာနေတဲ့အသံကြားလို့ ငါ့ဖုန်းလေးယူပေးပါဦး။ အသံက လွယ်အိတ်ထဲက လာတာထင်တယ်။ လွယ်အိတ်ထဲ ရှာကြည့်ပေး"
"Ok Ok"
မလှုပ်နိုင်သည့်လင်းရာကို မျက်နှာသစ်ပေးတာကအစ အင်္ကျီလဲပေးတာအဆုံး သာထူးကပဲ လုပ်ပေးပါသည်။ ဒီသူငယ်ချင်းလေးက အမြဲတမ်း ပေါ့ပျက်ပျက်နေခဲ့ပေမယ့် လင်းရာ ဒုက္ခရောက်တဲ့အချိန်မှာ အနားမှာပြုစုပေးပြီး လိုအပ်တာမှန်သမျှ လုပ်ပေးနေခဲ့တာပါ။
နေမကောင်းတာကြောင့်ရော အသားတွေနာတာကြောင့်ရော ခန္ဓာကိုယ်လှည့်လိုက်တိုင်း ငြီးညူမိသည့်အခါ အနားကိုပြေးလာပြီး "ဘာဖြစ်လို့လဲ၊ ဘယ်နားနာနေလဲ၊ အရမ်းနာနေလား" ဆိုပြီး စိုးရိမ်ပေးရှာသည်။ ကိုယ့်မျက်နှာလေး ရှုံ့သွားတိုင်း သူ့မျက်နှာလေးလည်း မကောင်းပေ။ အဖျားတက်လာလို့ ငိုတိုင်း သူပါလိုက်ငိုတတ်ပေသည်။ ဒီကောင်လေးက ကောင်းတူဆိုးဘက် အေးတူပူမျှ ညီအစ်ကိုရင်းနဲ့မခြားတဲ့ သူငယ်ချင်းကောင်းလေး ဖြစ်ခဲ့ပါသည်။
"တွေ့လား"
"အင်း"
"ဘယ်သူလဲ"
"မသိဘူး ဖုန်းနံပတ်အစိမ်းကြီး နာမည်မရှိဘူး"
"ဟင်"
သာထူးလာပေးတဲ့ ဖုန်းလေးကို ယူပြီး ကြည့်လိုက်တော့လည်း လင်းရာ မမြင်ဘူးတဲ့ ဖုန်းနံပတ်အသစ်ဖြစ်နေပါသည်။ တချို့နံပတ်တွေဆို နာမည်မှတ်မထားပေမဲ့ ဘယ်သူလဲဆိုတာ သိသော်လည်း ဒီဖုန်းနံပတ်ကိုတော့ လုံးဝမသိပေ။
"ဟဲလို"
"ဘေဘီလား"
"လူကြီးလား"
"အင်းးးးးးကိုယ့်ကို စိတ်ဆိုးနေလား"
"နာကျင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်လုပ်ခဲ့တာမှ မဟုတ်ဘဲ"
"ကျေးဇူး"
"အင်း"
"ခုဘယ်လိုနေသေးလဲ။ နေကောင်းရဲ့လား"
"ဟင့်အင် မကောင်းဘူး ဖျားနေတယ်"
"ဟင်! ဆေးရော ထိုးထားသေးလား"
"ဟင့်အင် . . . ဆေးတော့ သောက်ထားတယ်"
"ဆေးခန်းလိုက်ပို့ပေးမယ်လေ"
"ဆေးထိုးရမှာ ကြောက်တယ်"
"တခြားရော ဘာဖြစ်သေးလဲ။ လက်ကျိုးသွားတာတို့ နာတာကျင်တာတို့ ဖြစ်လား"
"အင်း လက်တော့ မကျိုးဘူး။ ဒါပေမဲ့ ကိုယ်တွေလက်တွေနာပြီး အဖျားတက်နေလို့ အိပ်ရာပေါ်မှာ ကွေးနေရတယ်"
"တောင်းပန်ပါတယ်"
"မဟုတ်တာပဲဗျာ။ တောင်းပန်စရာ မလိုပါဘူး"
"ကိုယ့်ကြောင့် မင်းအရမ်းနာကျင်နေရတယ်မို့လား"
"စိတ်မပူပါနဲ့ ပျောက်သွားမှာပါ"
"နာနေတယ်မို့လား စိတ်ပူတယ်။ ပြီးတော့ ခင်လေးကိုလည်း တောင်းပန်ပါတယ်လို့ ပြောပေးပါနော်"
"အင်း စိတ်ချ သေချာပြောပေးမယ်။ မမားက အဲ့နေ့က ကျွန်တော့်ကို အရမ်းစိတ်ပူသွားလို့ လုပ်မိလုပ်ရာ လုပ်လိုက်တာပါ။ မမားကို နားလည် ခွင့်လွှတ်ပေးပါ။ မမားကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်"
"မဟုတ်တာ ကိုယ့်အမှားပါ"
"လူကြီး အမှားလို့မတွေးနဲ့။ ဖြစ်ချိန်တန်လို့ဖြစ်တာလို့ပဲတွေး"
"အင်းးးး ဒါနဲ့ ဘာစားပြီးပြီလဲ"
"မနက်စာပဲ စားရသေးတာ။ နေ့လည်စာ မစားရသေးဘူး"
"ဘာစားချင်လဲ"
"ဝက်ကြေးအိုးချဉ်စပ်လေး စားချင်တာ"
"အင်းးးးခဏစောင့်"
တစ်ဖက်က ဖုန်းချသွားသည်မို့ လင်းရာပြုံးလိုက်မိသည်။
ခဏကြာတော့ လူကြီးက အဆောင်ကို ရောက်လာလေသည်။ သာထူးက ကလေးစိတ်မို့ လင်းရာ ခံစားနေရတာကို အနီးကပ်တွေ့နေရတဲ့သူဖြစ်တာကြောင့် လူကြီးကို သိပ်ပြီး အမြင်မကြည်ပေ။
"သာထူး"
"ပြော"
"စိတ်ဆိုးနေတာလား"
"ဘာကိစ္စ"
"မင်းသူငယ်ချင်း ငါ့ကြောင့် ထိခိုက်သွားလို့လေ"
"သိရင် ပြီးရော။ ခုဘာလာလုပ်တာလဲ"
"သူ့ကို လာတွေ့တာ"
"အိပ်နေတယ်"
"ဟားးးးး သာထူးအောင်ရယ် ခုနကလေးမှ ငါသူနဲ့ ဖုန်းပြောထားတာပါကွာ"
ညာလိုက်တာ ပေါ်သွားပေမယ့် ဟန်မပျက်အောင် မျက်နှာကို တင်းထားလိုက်ရသည်။
"ပေးစရာရှိရင်ပေးခဲ့။ ပြောစရာရှိရင်ပြောခဲ့"
"ကဲပါကွာ မင်းကလည်း ငါ့ကို စိတ်မဆိုးပါနဲ့တော့ကွာ နော်။ ငါ တကယ် တမင်လုပ်တာ မဟုတ်ပါဘူးကွာ။ မင်းလည်း ဘောလုံးကန်တဲ့သူပဲ ဒါတွေကို နားလည်မှာပါ"
"နားလည်ပေမယ့် ကျွန်တော့်သူငယ်ချင်း ထိခိုက်သွားတယ်လေဗျာ"
"အေးပါကွာ အဲ့အတွက် ငါတောင်းပန်ပါတယ်နော်။ ငါလည်း တကယ် စိတ်မကောင်းပါဘူး။ ငါ့အမှားကိုလည်း သိပါတယ်။ အဲ့ကြောင့် ငါခုလို လာတာပေါ့။ မင်းလည်း စိတ်မဆိုးနဲ့တော့်နော်"
"နောက်ဆို ကျွန်တော့်သူငယ်ချင်းကို နာကျင်အောင်မလုပ်ပါနဲ့"
"အင်း နောက်ဆို လုံးဝမလုပ်တော့ဘူးကွာ ကတိပေးတယ်"
"ယောင်္ကျားကတိနော်"
"အင်းးးးယောင်္ကျားကတိ"
"ပြီးရော ဒီတစ်ခါတော့ ခွင့်လွှတ်ပေးမယ်။ နောက်တစ်ခါဆို လုံးဝ ခွင့်မလွှတ်တော့ဘူးနော်"
"အင်း"
"အခန်းထဲမှာကွေးနေတယ်။ အဖျားလည်းတက်ပြီး ကိုယ်တွေလက်တွေလည်း နာနေရှာတာ။ အစားသေချာကျွေးပြီး ဆေးတိုက်ခဲ့ပေးပါ"
"Ok ကိုယ်သေချာ လုပ်လိုက်ပါ့မယ်"
"အင်း"
ဘေဘီ့ဆီရောက်ဖို့ လမ်းမှာ ဘေဘီ့အုပ်ထိန်းသူကို အရင်ဖြတ်ကျော်ရသည်။ ခုချိန်မှာ သာထူးက ဘေဘီ့ရဲ့ အနီးကပ် အုပ်ထိန်းသူဖြစ်ပြီး စောင့်ရှောက်ပေးနေတဲ့သူဆိုတော့ ကိုယ့်မှာ သူ့ကိုအရင်ချော့ရသည်။ သူဖယ်ပေးမှ ဘေဘီ့ဆီကို ရောက်ရမှာကိုးးးးး။ ပြီးတော့ ဘေဘီ့ကို အနီးကပ် ပြုစု စောင့်ရှောက် ပေးနေတာကိုလည်း ဘေဘီ့ကိုယ်စား ကျေးဇူးတင်ရပါသည်။
သာထူးအတွက်ပါ ဝယ်လာခဲ့တာမို့ ပါလာတဲ့မုန့်တွေကို သာထူးအတွက် တစ်ဝက်ခွဲပေးခဲ့ပြီး ဘေဘီ့အခန်းထဲ ဝင်လာခဲ့လိုက်သည်။
"ဘေဘီ"
"လူကြီး လာဗျာ။ အထဲဝင်ခဲ့။ ခုံလေးပါယူခဲ့နော်"
"အင်း"
တံခါးနားက ခုံလေးကို ဆွဲယူပြီး ဘေဘီ့ကုတင်နားမှာ ဝင်ထိုင်လိုက်သည်။
"ကိုယ် ကြေးအိုးဝယ်လာတယ်"
"ကျွန်တော်လည်း ဗိုက်အရမ်းဆာနေပြီ"
"နေဦး ကိုယ် ပန်းကန်ထဲ ထည့်ပေးမယ်နော်"
"ကျေးဇူးပါခင်ဗျာ"
"ရပါတယ် ခင်ဗျာ"
ကလေးကို ပြန်နောက်လိုက်ပြီး ပန်းကန်ရှာ၍ ကြေးအိုးစားရန် ပြင်ဆင်ပေးလိုက်သည်။ ခေါက်ခုံလေးပေါ်ကို ကြေးအိုးပန်ကန်လေး တင်ပေးလိုက်တော့ ခေါင်းမဖော်တမ်းစားနေရှာသည်။ လူကို "စားပါဦးလား" ဟုတောင် လောကွတ်ချော်ခြင်းမရှိ။ အနားမှာ လူရှိတာပင် မေ့နေသည့်ပုံပါ။
စားနေရင်းက ဝက်အသဲကို တူဖြင့်ညှပ်ပြီး ခွံ့ကြွေးလာတော့ ယောင်အအဖြင့် ပါးစပ်ဟပေးပြီး စားလိုက်ရသည်။ ကိုယ့်စိတ်ထဲပြောတာ သူများကြားသွားလေသလား။
စားနေရင်းက ဝက်သားတုန်းလေးတွေ လာလာခွံကျွေးတော့လည်း ကလေးခွံကျွေးသမျှကို စားနေမိသည်။
နောက်ထပ်လာခွံ့ပြန်သည်မို့ စစ်ပိုင်ပြုံးမိသွားသည်။
"စားတော့ ဘေဘီ့ဘာသာ ဘေဘီစား"
"လူကြီးကို ကျွေးတာလေ"
"မင်းလည်း ကြိုက်တယ်မို့လား"
"အင်း"
"ကိုယ်ကြိုက်တဲ့ဟာကို ကိုယ်ပဲစားလေ။ မင်းမစားဘဲ ကိုယ့်ချည်းပဲကျွေးနေတော့ စားရတာ အားနာလာပြီ"
"လူကြီးလည်း ကြိုက်မယ်ထင်လို့"
"ကြိုက်တော့ကြိုက်ပေမယ့် မင်းကြိုက်တဲ့အစားအစာကို လုစားရလောက်အောင်ထိတော့ မကြိုက်ပါဘူးကွာ"
"ဟိုတစ်ခါတုန်းကတော့ လုစားခဲ့ပြီးတော့"
"ခုမင်းက လူမမာလေ။ အလျှော့ပေးရမှာပေါ့"
"ကျွန်တော် သဒ္ဓါလို့ကျွေးတာ"
"ကျေးဇူးပါဗျာ"
စကားလည်းပြော အစားလည်းမပြတ်တဲ့ကလေးက ပန်းကန်ထဲမှာ ကျန်နေတဲ့ အရည်တွေကို ခွက်လေးစောင်းကာ မော့ချလိုက်လေသည်။
ကလေးကိုကြည့်ပြီး စစ်ပိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်အထိ။
"အဲ့လောက်တောင် ကြိုက်တာလား ဘေဘီ"
"အင်း နေမကောင်းတဲ့အချိန်ဆို ဝက်ကြေးအိုးချဉ်စပ်လေး သောက်လိုက်ရမှ"
"ဪ . . ."
တော်တော်လေး ကြိုက်သည့်ပုံပင်။ ကိုယ့်ကလေးက ရိုးရိုးသောက်တာတောင်မဟုတ်ဘူး အပြောင်သောက်တာ။
"အိပ်တော့မယ်"
"နေပါဦးဗျာ။ ဆေးလေးတော့ သောက်ပါဦး"
"ကျွန်တော် ဆေးကို မသောက်ချင်တာ။ ဆေးထိုးရမှာလည်းကြောက်တယ်။ လူ့ခန္ဓာကိုယ်ထဲမှာ နေမကောင်းတာတို့ အနာတရဖြစ်တာတို့ကို သူ့ဘာသူ ကုနိုင်တဲ့ ဆဲလ်လေးတွေ ရှိပါတယ်ဗျာ။ အချိန်တန်ပျောက်သွားမှာပေါ့"
"အင်း ခုက အချိန်မတန်သေးဘူး။ အဲ့တော့ ထ ဆေးသောက်"
အိပ်နေတဲ့ကလေးကို ဆွဲထူပြီး ဆေးတိုက်တော့ မကြည်မလင်နဲ့ သောက်ရှာသည်။ ဆေးကို တစ်လုံးချင်းလည်း မသောက်ဘဲ အကုန်လုံးကို ပါးစပ်ထဲပြစ်ထည့်ပြီး တစ်ချက်ထဲ မော့ချလေသည်။
"တစ်လုံးချင်း သောက်တာမဟုတ်ဘူးကွာ။ နင်တော့မှာပဲ"
"တစ်လုံးချင်းဆို ကြာလို့ အဟဲ"
ဒီကလေးလေး ရယ်လိုက်တိုင်း ချစ်ဖို့ကောင်းတာတော့အမှန်ပင်။ သူ့အပြုံး သူ့အရယ်တွေအောက် ကိုယ်ကျောက်ရုပ် ဖြစ်ဖြစ်သွားရသည်။
ဆေးသောက်ပြီး အိပ်တော့မယ်ဆိုတော့လည်း ကလေး အနားမှာ စစ်ပိုင် ထိုင်စောင့်ပေးနေမိသည်။
"လူကြီး ကျွန်တော်အိပ်ပျော်တော့မှာမို့ ပြန်ချင်ရင် ပြန်နော်"
"အင်း"
အိပ်ပျော်တဲ့အထိ စောင့်ကြည့်ပြီးမှ ပြန်ဖို့ စိတ်ကူးထားတာကြောင့် ထိုင်ရာက မထဖြစ်ပေ။ ကလေးအနားက မခွာချင်တာလည်း ပါပေသည်။
အသက်ရှူသံ မှန်မှန်လေးကို စည်းချက်ညီစွာ ကြားလိုက်ရသည်မို့ ကလေးလေး အိပ်ပျော်သွားပြီဆိုတာ သေချာပါပြီ။ အိပ်ပျော်နေတဲ့ကလေးကို တစိမ့်စိမ့် ထိုင်ကြည့်ရင်း အူတွေအသဲတွေ ယားလာရပြန်သည်။ ကိုယ် သမာဓိအား သိပ်မကောင်းဘူး ကလေးရယ်။
နှစ်နှစ်ခြိုက် အိပ်ပျော်နေသည့် ကလေးကို တဝကြီးကြည့်ရင်းက အနားမှာရှိတဲ့ လက်ကလေးကို ကောက်ကိုင်ပြီး လက်ဖမိုးလေးကို အနမ်းတွေခြွေချလိုက်မိသည်။ စိတ်ထိန်းနေတဲ့ကြားကကွာ။
"ကိုယ်ပြန်တော့မယ် ဘေဘီ။ အိပ်ရာက နိုးလားတဲ့အခါ ပြန်ကျန်းမာလာပေးပါ"
နောက်ဆုံးအနမ်းလေး ခြွေပြီး အဆောင်သို့ပြန်လာခဲ့လိုက်သည်။ မင်းနေမကောင်းတာ မြင်ရတော့ ကိုယ့်ကြောင့် ဖြစ်ရတာဆိုပြီး ကိုယ့်ကိုယ်ကို ပိုအပြစ်တင်မိပြန်တယ်။ နောက်ဆို မင်းကို ကိုယ့်ကြောင့် မနာကျင်စေရတော့ဘူး ဘေဘီ။
လင်းရာအိပ်ရာကနိုးလာတော့ လူကြီးက အနားမှာ မရှိတော့ပေ။ ဘာတွေမျှော်လင့်နေတာလဲ လင်းရာ။ အိပ်ပျော်သွားတာကို ဘယ်သူက နိုးတဲ့အထိ စောင့်နေပေးမှာမို့လို့လဲ။
မမားကို သတိရတယ်။ အိမ်မှာ လင်းရာနေမကောင်းဖြစ်တိုင်း မမားက လင်းရာဘေးက မခွာတတ်ပေ။ အိပ်ပျော်နေရင်လည်း ဘေးနားမှာ စာအုပ်လေးထိုင်ဖတ်ပြီး စောင့်နေပေးတတ်သည်။ နေမကောင်းသည့်အချိန်တိုင်း အိပ်ရာက နိုးလာတဲ့အခါ အနားမှာ လူမတွေ့ရရင် ဝမ်းနည်းပြီး ငိုတတ်တဲ့အကျင့်က ခုထိ သိပ်မပျောက်ချင်သေးပေ။
"နိုးလာပြီလား လင်းရာ။ မငိုနဲ့နော် အနားမှာ ငါရှိတယ်"
"အင်း"
"အင်းသာဆိုတယ်။ မျက်နှာကြီးက ငိုတော့မယ့်ရုပ်နဲ့ကွာ"
"နိုးနိုးချင်း အနားမှာ ဘယ်သူမှမရှိလို့"
"ခုနကလေးကထိ ငါရှိတယ်။ မိုးရွာလို့ အဝတ်ထွက်ရုတ်နေတုန်း မင်းနိုးလာတာ"
"အင်း"
သာထူးက မမပြောပြထား၍ထင် အိပ်နေတုန်း အနားမှာ စောင့်နေပေးခဲ့သည်တဲ့လေ။ ဖုန်းလာနေတာမို့ သာထူးက လင်းရာလက်ထဲကို ဖုန်းလေးလာထည့်ပေးပြီး အပြင်ထွက်သွားပေသည်။ သာထူးရဲ့ ချစ်ဖို့အကောင်းဆုံးအချက်က ဖုန်းလာတိုင်း အနားကနေ ထွက်သွားပေးတတ်တာပင်။
"ဟဲလို"
"သားသား အိပ်ရာနိုးပြီလား"
"ဟုတ် မမား"
"သက်သာလား"
"ဟုတ် နည်းနည်းလေးတော့ သက်သာနေပြီ"
"အင်းးးး ဒီနေ့ မမားတို့အသင်း ဘောလုံးကန်ရဦးမှာမို့ သွားလိုက်ဦးမယ်။ ပြန်လာရင် သားသားဆီ ဝင်ခဲ့မယ်"
"ဟုတ် မမား"
"ဒါနဲ့ ဘုန်းစစ်ပိုင် လာသွားသေးတယ်ဆို"
"ဟုတ် လာတောင်းပန်တာ။ မမားကိုလည်း တောင်းပန်ပါတယ်လို့ ပြောပေးပါလို့ ပြောသွားတယ်"
"အင်းးး မမားကလည်း တောင်းပန်ပါတယ်လို့ ပြောပေးဦးနော်။ အဲ့နေ့က မမားလည်း စိတ်တွေအရမ်းပူပြီး သူ့ကို ဒေါသထွက်ထွက်နဲ့ ရိုက်လိုက်မိတယ်။ သူတော်တော်နာသွားမှာ"
"ဟုတ် သားလည်း မမားကိုယ်စားတောင်းပန်ပါတယ်လို့ ပြောလိုက်တယ်"
"ကျေးဇူးသားသား။ သူလည်း ဖြစ်ပါစေလို့ မရည်ရွယ်လောက်ပါဘူး။ မတော်တဆ ဖြစ်သွားတာကို မမားစိတ်မထိန်းလိုက်နိုင်တာ မမားလည်း လွန်သွားတယ်"
"သူဖုန်းဆက်တဲ့အခါ မမားကတောင်းပန်တဲ့အကြောင်း သေချာပြောလိုက်မယ်နော်"
"Ok သားသား ဒါပဲနော်"
"ဟုတ်"
မမားပြောမှ လင်းရာ စဉ်းစားမိသွားသည်။ လူကြီးလည်း မမားဆီက တော်တော်လေး အရိုက်ခံခဲ့ရတာမို့ တော်တော်လေးနာနေရှာမှာ။ ဒါတောင် လင်းရာဆီကို မုန့်ဝယ်ပြီး လာပို့ပေးသွားသေးတယ်။
လူကြီးကိုယ်မှာရော ဒဏ်ရာတွေ ဖြစ်သွားသေးလားလို့တောင် မမေးလိုက်ရဘူး။ ခုထိနာနေသေးလားလို့လည်း မမေးလိုက်မိဘူး။ လူကြီးကို ခုချက်ချင်း ဖုန်းဆက်ပြီးတော့ မေးဦးမှပါ။
Wed, Jul 14 (14/7/2021/Wed)
************
#Zawgyi
ဖုန္းသံၾကား၍လိုက္ရွာေတာ့ ဖုန္းက အနားတြင္မရွိေပ။
"သာထူးေရ သာထူး"
"ေဟ . . . လာၿပီ . . . လာၿပီ . . . သဲေလး"
လူတစ္ကိုယ္လုံး ကိုင္ရိုက္ထားသလို နာေနတာေၾကာင့္ အိပ္ရာေပၚမွာပဲ ေကြးေနရသည္။ အဖ်ားလည္း နည္းနည္းရွိေတာ့ ကိုယ္လည္း ပူေနသည္မို႔ မထနိုင္တာလည္းပါသည္။
"သဲေျပာ ဘာခိုင္းစရာရွိလို႔လဲ"
"ဖုန္းလာေနတဲ့အသံၾကားလို႔ ငါ့ဖုန္းေလးယူေပးပါဦး။ အသံက လြယ္အိတ္ထဲက လာတာထင္တယ္။ လြယ္အိတ္ထဲ ရွာၾကည့္လိုက္အလား"
"Ok Ok"
မလႈပ္နိုင္သည့္လင္းရာကို မ်က္ႏွာသစ္ေပးတာကအစ အကၤ်ီလဲေပးတာအဆုံး သာထူးကပဲ လုပ္ေပးသည္။ ဒီသူငယ္ခ်င္းေလးက အျမဲတမ္း ေပါ့ပ်က္ပ်က္ေနခဲ့ေပမယ့္ လင္းရာ ဒုကၡေရာက္တဲ့အခ်ိန္မွာ အနားမွာျပဳစုေပးၿပီး လိုအပ္တာမွန္သမၽွ လုပ္ေပးေနခဲ့တာပါ။
ေနမေကာင္းတာေၾကာင့္ေရာ အသားေတြ နာတာေၾကာင့္ေရာ ခႏၶာကိုယ္လွည့္လိုက္တိုင္း ၿငီးညဴမိသည့္အခါ အနားကိုေျပးလာၿပီး "ဘာျဖစ္လို႔လဲ၊ ဘယ္နားနာေနလဲ၊ အရမ္းနာေနလား" ဆိုၿပီး စိုးရိမ္ေပးရွာသည္။ ကိုယ့္မ်က္ႏွာေလး ရႈံ႔သြားတိုင္း သူ႔မ်က္ႏွာေလးလည္း မေကာင္းေပ။ အဖ်ားတက္လာလို႔ ငိုတိုင္း သူပါလိုက္ငိုတတ္ေပသည္။ ဒီေကာင္ေလးက ေကာင္းတူဆိုးဘက္ ေအးတူပူမၽွ ညီအစ္ကိုရင္းနဲ႔မျခားတဲ့ သူငယ္ခ်င္းေကာင္းေလး ျဖစ္ခဲ့ပါသည္။
"ေတြ႕လား"
"အင္း"
"ဘယ္သူလဲ"
"မသိဘူး ဖုန္းနံပတ္အစိမ္းႀကီး နာမည္မရွိဘူး"
"ဟင္"
သာထူးလာေပးတဲ့ ဖုန္းေလးကို ယူၿပီး ၾကည့္လိုက္ေတာ့လည္း လင္းရာ မျမင္ဘူးတဲ့ ဖုန္းနံပတ္အသစ္ျဖစ္ေနပါသည္။ တခ်ိဳ႕နံပတ္ေတြဆို နာမည္မွတ္မထားေပမဲ့ ဘယ္သူလဲဆိုတာ သိေသာ္လည္း ဒီဖုန္းနံပတ္ကိုေတာ့ လုံးဝမသိေပ။
"ဟဲလို"
"ေဘဘီလား"
"လူႀကီးလား"
"အင္းးးးးးကိုယ့္ကို စိတ္ဆိုးေနလား"
"နာက်င္ပါေစဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ တမင္လုပ္ခဲ့တာမွ မဟုတ္ဘဲ"
"ေက်းဇူး"
"အင္း"
"ခုဘယ္လိုေနေသးလဲ။ ေနေကာင္းရဲ့လား"
"ဟင့္အင္ မေကာင္းဘူး ဖ်ားေနတယ္"
"ဟင္! ေဆးေရာ ထိုးထားေသးလား"
"ဟင့္အင္ . . . ေဆးေတာ့ ေသာက္ထားတယ္"
"ေဆးခန္းလိုက္ပို႔ေပးမယ္ေလ"
"ေဆးထိုးရမွာ ေၾကာက္တယ္"
"တျခားေရာ ဘာျဖစ္ေသးလဲ။ လက္က်ိဳးသြားတာတို႔ နာတာက်င္တာတို႔ ျဖစ္လား"
"အင္း လက္ေတာ့ မက်ိဳးဘူး။ ဒါေပမဲ့ ကိုယ္ေတြလက္ေတြနာၿပီး အဖ်ားတက္ေနလို႔ အိပ္ရာေပၚမွာ ေကြးေနရတယ္"
"ေတာင္းပန္ပါတယ္"
"မဟုတ္တာပဲဗ်ာ။ ေတာင္းပန္စရာ မလိုပါဘူး"
"ကိုယ့္ေၾကာင့္ မင္းအရမ္းနာက်င္ေနရတယ္မို႔လား"
"စိတ္မပူပါနဲ႔ ေပ်ာက္သြားမွာပါ"
"နာေနတယ္မို႔လား စိတ္ပူတယ္။ ၿပီးေတာ့ ခင္ေလးကို ေတာင္းပန္ပါတယ္လို႔ ေျပာေပးပါေနာ္"
"အင္း စိတ္ခ် ေသခ်ာေျပာေပးမယ္။ မမားက အဲ့ေန႔က ကၽြန္ေတာ့္ကို အရမ္းစိတ္ပူသြားလို႔ လုပ္မိလုပ္ရာ လုပ္လိုက္တာပါ။ မမားကို နားလည္ ခြင့္လႊတ္ေပးပါ။ မမားကိုယ္စား ကၽြန္ေတာ္က ေတာင္းပန္ပါတယ္"
"မဟုတ္တာ ကိုယ့္အမွားပါ"
"လူႀကီး အမွားလို႔မေတြးနဲ႔။ ျဖစ္ခ်ိန္တန္လို႔ျဖစ္တာလို႔ပဲေတြး"
"အင္းးးး ဒါနဲ႔ ဘာစားၿပီးၿပီလဲ"
"မနက္စာပဲ စားရေသးတာ။ ေန႔လည္စာ မစားရေသးဘူး"
"ဘာစားခ်င္လဲ"
"ဝက္ေၾကးအိုးခ်ဥ္စပ္ေလး စားခ်င္တာ"
"အင္းးးးခဏေစာင့္"
တစ္ဖက္က ဖုန္းခ်သြားသည္မို႔ လင္းရာျပဳံးလိုက္မိသည္။
ခဏၾကာေတာ့ လူႀကီးက အေဆာင္ကို ေရာက္လာေလသည္။ သာထူးက ကေလးစိတ္မို႔ လင္းရာ ခံစားေနရတာကို အနီးကပ္ေတြ႕ေနရတဲ့သူျဖစ္တာေၾကာင့္ လူႀကီးကို သိပ္ၿပီး အျမင္မၾကည္ေပ။
"သာထူး"
"ေျပာ"
"စိတ္ဆိုးေနတာလား"
"ဘာကိစၥ"
"မင္းသူငယ္ခ်င္း ငါ့ေၾကာင့္ ထိခိုက္သြားလို႔ေလ"
"သိရင္ ၿပီးေရာ။ ခုဘာလာလုပ္တာလဲ"
"သူ႔ကို လာေတြ႕တာ"
"အိပ္ေနတယ္"
"ဟားးးးး သာထူးေအာင္ရယ္ ခုနကေလးမွ ငါသူနဲ႔ ဖုန္းေျပာထားတာပါကြာ"
ညာလိုက္တာ ေပၚသြားေပမယ့္ ဟန္မပ်က္ေအာင္ မ်က္ႏွာကို တင္းထားလိုက္ရသည္။
"ေပးစရာရွိရင္ေပးခဲ့။ ေျပာစရာရွိရင္ေျပာခဲ့"
"ကဲပါကြာ မင္းကလည္း ငါ့ကို စိတ္မဆိုးပါနဲ႔ေတာ့ကြာ ေနာ္။ ငါ တကယ္ တမင္လုပ္တာ မဟုတ္ပါဘူးကြာ။ မင္းလည္း ေဘာလုံးကန္တဲ့သူပဲ ဒါေတြကို နားလည္မွာပါ"
"နားလည္ေပမယ့္ ကၽြန္ေတာ့္သူငယ္ခ်င္း ထိခိုက္သြားတယ္ေလဗ်ာ"
"ေအးပါကြာ အဲ့အတြက္ ငါေတာင္းပန္ပါတယ္ေနာ္။ ငါလည္း တကယ္ စိတ္မေကာင္းပါဘူး။ ငါ့အမွားကိုလည္း သိပါတယ္။ အဲ့ေၾကာင့္ ငါခုလို လာတာေပါ့။ မင္းလည္း စိတ္မဆိုးနဲ႔ေတာ့္ေနာ္"
"ေနာက္ဆို ကၽြန္ေတာ့္သူငယ္ခ်င္းကို နာက်င္ေအာင္မလုပ္ပါနဲ႔"
"အင္း ေနာက္ဆို လုံးဝမလုပ္ေတာ့ဘူးကြာ ကတိေပးတယ္"
"ေယာကၤ်ားကတိေနာ္"
"အင္းးးးေယာကၤ်ားကတိ"
"ၿပီးေရာ ဒီတစ္ခါေတာ့ ခြင့္လႊတ္ေပးမယ္။ ေနာက္တစ္ခါဆို လုံးဝ ခြင့္မလႊတ္ေတာ့ဘူးေနာ္"
"အင္း"
"အခန္းထဲမွာေကြးေနတယ္။ အဖ်ားလည္းတက္ၿပီး ကိုယ္ေတြလက္ေတြလည္း နာေနရွာတာ။ အစားေသခ်ာေကၽြးၿပီး ေဆးတိုက္ခဲ့ေပးပါ"
"Ok ကိုယ္ေသခ်ာ လုပ္လိုက္ပါ့မယ္"
"အင္း"
ေဘဘီ့ဆီေရာက္ဖို႔ လမ္းမွာ ေဘဘီ့အုပ္ထိန္းသူကို အရင္ျဖတ္ေက်ာ္ရသည္။ ခုခ်ိန္မွာ သာထူးက ေဘဘီ့ရဲ့ အနီးကပ္ အုပ္ထိန္းသူျဖစ္ၿပီး ေစာင့္ေရွာက္ေပးေနတဲ့သူဆိုေတာ့ ကိုယ့္မွာ သူ႔ကိုအရင္ေခ်ာ့ရသည္။ သူဖယ္ေပးမွ ေဘဘီ့ဆီကို ေရာက္ရမွာကိုးးးးး။ ၿပီးေတာ့ ေဘဘီ့ကို အနီးကပ္ ျပဳစု ေစာင့္ေရွာက္ ေပးေနတာကိုလည္း ေဘဘီ့ကိုယ္စား ေက်းဇူးတင္ရပါသည္။
သာထူးအတြက္ပါ ဝယ္လာခဲ့တာမို႔ ပါလာတဲ့မုန႔္ေတြကို သာထူးအတြက္ တစ္ဝက္ခြဲေပးခဲ့ၿပီး ေဘဘီ့အခန္းထဲ ဝင္လာခဲ့လိုက္သည္။
"ေဘဘီ"
"လူႀကီး လာဗ်ာ။ အထဲဝင္ခဲ့။ ခုံေလးပါယူခဲ့ေနာ္"
"အင္း"
တံခါးနားက ခုံေလးကို ဆြဲယူၿပီး ေဘဘီ့ကုတင္နားမွားထိုင္လိုက္သည္။
"ကိုယ္ ေၾကးအိုးဝယ္လာတယ္"
"ကၽြန္ေတာ္လည္း ဗိုက္အရမ္းဆာေနၿပီ"
"ေနဦး ကိုယ္ပန္းကန္ထဲ ထည့္ေပးမယ္ေနာ္"
"ေက်းဇူးပါခင္ဗ်ာ"
"ရပါတယ္ ခင္ဗ်ာ"
ကေလးကို ျပန္ေနာက္လိုက္ၿပီး ပန္းကန္ရွာ၍ ေၾကးအိုးစားရန္ ျပင္ဆင္ေပးလိုက္သည္။ ေခါက္ခုံေလးေပၚကို ေၾကးအိုးပန္ကန္ေလး တင္ေပးလိုက္ေတာ့ ေခါင္းမေဖာ္တမ္းစားေနရွာသည္။ လူကို "စားပါဦးလား" ဟုေတာင္ ေလာ္ကြတ္ေခ်ာ္ျခင္းမရွိ။ အနားမွာ လူရွိတာပင္ ေမ့ေနသည့္ပုံပါ။
စားေနရင္းက ဝက္အသဲကို တူျဖင့္ညႇပ္ၿပီး ခြံ့ေႂကြးလာေတာ့ ေယာင္အအျဖင့္ ပါးစပ္ဟေပးၿပီး စားလိုက္ရသည္။ ကိုယ့္စိတ္ထဲေျပာတာ သူမ်ားၾကားသြားေလသလား။
စားေနရင္းက ဝက္သားတုန္းေလးေတြ လာလာခြံေကၽြးေတာ့လည္း ကေလးခြံေကၽြးသမၽွကို စားေနမိသည္။
ေနာက္ထပ္လာခြံ့ျပန္သည္မို႔ စစ္ပိုင္ျပဳံးမိသြားသည္။
"စားေတာ့ ေဘဘီ့ဘာသာ ေဘဘီစား"
"လူႀကီးကို ေႂကြးတာေလ"
"မင္းလည္း ႀကိဳက္တယ္မို႔လား"
"အင္း"
"ကိုယ္ႀကိဳက္တဲ့ဟာကို ကိုယ္ပဲစားေလ။ မင္းမစားဘဲ ကိုယ့္ခ်ည္းပဲေကၽြးေနေတာ့ စားရတာ အားနာလာၿပီ"
"လူႀကီးလည္း ႀကိဳက္မယ္ထင္လို႔"
"ႀကိဳက္ေတာ့ႀကိဳက္ေပမယ့္ မင္းႀကိဳက္တဲ့အစားအစာကို လုစားရေလာက္ေအာင္ထိေတာ့ မႀကိဳက္ပါဘူးကြာ"
"ဟိုတစ္ခါတုန္းကေတာ့ လုစားခဲ့ၿပီးေတာ့"
"ခုမင္းက လူမမာေလ။ အေလၽွာ့ေပးရမွာေပါ"
"ကၽြန္ေတာ္ သဒၶါလို႔ေကၽြးတာ"
"ေက်းဇူးပါဗ်ာ"
စကားလည္းေျပာ အစားလည္းမျပတ္တဲ့ကေလးက ပန္းကန္ထဲမွာ က်န္ေနတဲ့ အရည္ေတြကို ခြက္ေလးေစာင္းကာ ေမာ့ခ်လိုက္ေလသည္။
ကေလးကိုၾကည့္ၿပီး စစ္ပိုင္း ပါးစပ္အေဟာင္းသား ျဖစ္သြားရသည္အထိ။
"အဲ့ေလာက္ေတာင္ ႀကိဳက္တာလား ေဘဘီ"
"အင္း ေနမေကာင္းတဲ့အခ်ိန္ဆို ဝက္ေၾကးအိုးခ်ဥ္စပ္ေလး ေသာက္လိုက္ရမွ"
"ဪ . . ."
ေတာ္ေတာ္ေလး ႀကိဳက္သည့္ပုံပင္။ ကိုယ့္ကေလးက ရိုးရိုးေသာက္တာေတာင္မဟုတ္ဘူး အေျပာင္ေသာက္တာ။
"အိပ္ေတာ့မယ္"
"ေနပါဦးဗ်ာ။ ေဆးေလးေတာ့ ေသာက္ပါဦး"
"ကၽြန္ေတာ္ ေဆးကို မေသာက္ခ်င္တာ။ ေဆးထိုးရမွာလည္းေၾကာက္တယ္။ လူ႔ခႏၶာကိုယ္ထဲမွာ ေနမေကာင္းတာတို႔ အနာတရျဖစ္တာတို႔ကို သူ႔ဘာသူ ကုနိုင္တဲ့ ဆဲလ္ေလးေတြ ရွိပါတယ္ဗ်ာ။ အခ်ိန္တန္ေပ်ာက္သြားမွာေပါ့"
"အင္း ခုက အခ်ိန္မတန္ေသးဘူး။ အဲ့ေတာ့ ထ ေဆးေသာက္"
အိပ္ေနတဲ့ကေလးကို ဆြဲထူၿပီး ေဆးတိုက္ေတာ့ မၾကည္မလင္နဲ႔ေသာက္ရွာသည္။ ေဆးကို တစ္လုံးခ်င္းလည္း မေသာက္ဘဲ အကုန္လုံးကို ပါးစပ္ထဲျပစ္ထည့္ၿပီး တစ္ခ်က္ထဲ ေမာ့ခ်ေလသည္။
"တစ္လုံးခ်င္း ေသာက္တာမဟုတ္ဘူးကြာ။ နင္ေတာ့မွာပဲ"
"တစ္လုံးခ်င္းဆို ၾကာလို႔ အဟဲ"
ဒီကေလးေလး ရယ္လိုက္တိုင္း ခ်စ္ဖို႔ေကာင္းတာေတာ့အမွန္ပါပဲ။ သူ႔အျပဳံး သူ႔အရယ္ေတြေအာက္ ကိုယ္ေက်ာက္႐ုပ္ ျဖစ္ျဖစ္သြားရသည္။
ေဆးေသာက္ၿပီး အိပ္ေတာ့မယ္ဆိုေတာ့လည္း ကေလး အနားမွာ စစ္ပိုင္ ထိုင္ေစာင့္ေပးေနမိသည္။
"လူႀကီး ကၽြန္ေတာ္အိပ္ေပ်ာ္ေတာ့မွာမို႔ ျပန္ခ်င္ရင္ ျပန္ေနာ္"
"အင္း"
အိပ္ေပ်ာ္တဲ့အထိ ေစာင့္ၾကည့္ၿပီးမွ ျပန္ဖို႔ စိတ္ကူးထားတာေၾကာင့္ ထိုင္ရာက မထျဖစ္ေပ။ ကေလးအနားက မခြာခ်င္တာလည္း ပါေပသည္။
အသက္ရႉသံ မွန္မွန္ေလးကို စည္းခ်က္ညီစြာ ၾကားလိုက္ရသည္မို႔ ကေလးေလး အိပ္ေပ်ာ္သြားေပၿပီ။ အိပ္ေပ်ာ္ေနတဲ့ကေလးကို တစိမ့္စိမ့္ ထိုက္ၾကည့္ရင္း အူေတြအသဲေတြ ယားလာရျပန္ၿပီ။ ကိုယ္သမာဓိအား သိပ္မေကာင္းဘူး ကေလးရယ္။
ႏွစ္ႏွစ္ၿခိဳက္ အိပ္ေပ်ာ္ေနသည့္ ကေလးကို တဝႀကီးၾကည့္ရင္းက အနားမွာရွိတဲ့ လက္ကေလးကို ေကာက္ကိုင္ၿပီး လက္ဖမိုးေလးကို အနမ္းေတြေႁခြခ်လိုက္မိသည္။ စိတ္ထိန္းေနတဲ့ၾကားကကြာ။
"ကိုယ္ျပန္ေတာ့မယ္ ေဘဘီ။ အိပ္ရာက နိုးလားတဲ့အခါ ျပန္က်န္းမာလာေပးပါ"
ေနာက္ဆုံးအနမ္းေလး ေႁခြၿပီး အေဆာင္သို႔ျပန္လာခဲ့လိုက္သည္။ မင္းေနမေကာင္းတာ ျမင္ရေတာ့ ကိုယ့္ေၾကာင့္ ျဖစ္ရတာဆိုၿပီး ကိုယ့္ကိုယ္ကို ပိုအျပစ္တင္မိျပန္တယ္။ ေနာက္ဆို မင္းကို ကိုယ့္ေၾကာင့္ မနာက်င္ေစရေတာ့ဘူး ေဘဘီ။
လင္းရာအိပ္ရာကနိုးလာေတာ့ လူႀကီးက အနားမွာ မရွိေတာ့ေပ။ ဘာေတြေမၽွာ္လင့္ေနတာလဲ လင္းရာ။ အိပ္ေပ်ာ္သြားတာကို ဘယ္သူက နိုးတဲ့အထိ ေစာင့္ေနေပးမွာမို႔လို႔လဲ။
မမားကို သတိရတယ္။ အိမ္မွာ လင္းရာေနမေကာင္းျဖစ္တိုင္း မမားက လင္းရာေဘးက မခြာတတ္ေပ။ အိပ္ေပ်ာ္ေနရင္လည္း ေဘးနားမွာ စာအုပ္ေလးထိုင္ဖတ္ၿပီး ေစာင့္ေနေပးတတ္သည္။ ေနမေကာင္းသည့္အခ်ိန္တိုင္း အိပ္ရာက နိုးလာတဲ့အခါ အနားမွာ လူမေတြ႕ရရင္ ဝမ္းနည္းၿပီး ငိုတတ္တဲ့အက်င့္က ခုထိ သိပ္မေပ်ာက္ခ်င္ျဖစ္ေနရသည္။
"နိုးလာၿပီလား လင္းရာ။ မငိုနဲ႔ေနာ္ အနားမွာ ငါရွိတယ္"
"အင္း"
"အင္းသာဆိုတယ္။ မ်က္ႏွာႀကီးက ငိုေတာ့မယ့္႐ုပ္နဲ႔ကြာ"
"နိုးနိုးခ်င္း အနားမွာ ဘယ္သူမွမရွိလို႔"
"ခုနကေလးကထိ ငါရွိတယ္။ မိုးရြာလို႔ အဝတ္ထြက္႐ုတ္တုန္း မင္းနိုးလာတာ"
"အင္း"
သာထူးက မမေျပာျပထား၍ထင္ အိပ္ေနတုန္း အနားမွာ ေစာင့္ေနေပးခဲ့သည္တဲ့ေလ။ ဖုန္းလာေနတာမို႔ သာထူးက လင္းရာလက္ထဲကို ဖုန္းေလးလာထည့္ေပးၿပီး အျပင္ထြက္သြားေပသည္။ သာထူးရဲ့ ခ်စ္ဖို႔အေကာင္းဆုံးအခ်က္က ဖုန္းလာတိုင္း အနားကေန ထြက္သြားေပးတတ္တာပင္။
"ဟဲလို"
"သားသား အိပ္ရာနိုးၿပီလား"
"ဟုတ္ မမား"
"သက္သာလား"
"ဟုတ္ နည္းနည္းေလးေတာ့ သက္သာေနၿပီ"
"အင္းးးး ဒီေန႔ မမားတို႔အသင္း ေဘာလုံးကန္ရဦးမွာမို႔ သြားလိုက္ဦးမယ္။ ျပန္လာရင္ သားသားဆီ ဝင္ခဲ့မယ္"
"ဟုတ္ မမား"
"ဒါနဲ႔ ဘုန္းစစ္ပိုင္ လာသြားေသးတယ္ဆို"
"ဟုတ္ လာေတာင္းပန္တာ။ မမားကိုလည္း ေတာင္းပန္ပါတယ္လို႔ ေျပာေပးပါလို႔ ေျပာသြားတယ္"
"အင္းးး မမားကလည္း ေတာင္းပန္ပါတယ္လို႔ ေျပာေပးဦးေနာ္။ အဲ့ေန႔က မမားလည္း စိတ္ေတြအရမ္းပူၿပီး သူ႔ကို ေဒါသထြက္ထြက္နဲ႔ ရိုက္လိုက္မိတယ္။ သူေတာ္ေတာ္နာသြားမွာ"
"ဟုတ္ သားလည္း မမားကိုယ္စားေတာင္းပန္ပါတယ္လို႔ ေျပာလိုက္တယ္"
"ေက်းဇူးသားသား။ သူလည္း ျဖစ္ပါေစလို႔ မရည္ရြယ္ေလာက္ပါဘူး။ မေတာ္တဆ ျဖစ္သြားတာကို မမားစိတ္မထိန္းလိုက္နိုင္တာ မမားလည္း လြန္သြားတယ္"
"သူဖုန္းဆက္တဲ့အခါ မမားကေတာင္းပန္တဲ့အေၾကာင္း ေသခ်ာေျပာလိုက္မယ္ေနာ္"
"Ok သားသား ဒါပဲေနာ္"
"ဟုတ္"
မမားေျပာမွ လင္းရာ စဥ္းစားမိသြားသည္။ လူႀကီးလည္း မမားဆီက ေတာ္ေတာ္ေလး အရိုက္ခံခဲ့ရတာမို႔ ေတာ္ေတာ္ေလးနာေနရွာမွာ။ ဒါေတာင္ လင္းရာဆီကို မုန႔္ဝယ္ၿပီး လာပို႔ေပးသြားေသးတယ္။
လူႀကီးကိုယ္မွာေရာ ဒဏ္ရာေတြ ျဖစ္သြားေသးလားလို႔ေတာင္ မေမးလိုက္ရဘူး။ ခုထိနာေနေသးလားလို႔လည္း မေမးလိုက္မိဘူး။ လူႀကီးကို ခုခ်က္ခ်င္း ဖုန္းဆက္ၿပီးေတာ့ ေမးဦးမွပါ။
Wed, Jul 14 (14/7/2021/Wed)
************