Dear My Ex-crush[Completed]

By Daydream-fah

270K 22K 1.6K

Zawgyi crush​ေတြက မ​ေကာင္​းပါဘူး.. ဟုတ္​ပါတယ္​ လံုးဝကိုမ​ေကာင္​းၾကတာပါ ... အဲ့ဒီထဲကမွ ရိ​ေပၚရဲ႕ex-crushႀကီး​ေ... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-27
Ch-28
Ch-29
Final
New Fic
Extra
မေးစရာလေးရှိလို့🦄
Book Announcement
✨Special Chapter✨

Ch-26

7.9K 678 57
By Daydream-fah

Zawgyi

​ေဟာက္​ရႊမ္​း ရိ​ေပၚနဲ႔စကား​ေျပာဖို႔ အ​ေနာက္​က​ေန​ေျပးလိုက္​သြား​ေတာ့ ရိ​ေပၚကိုဆိုင္​နားတစ္​ဝိုက္​မွာအရိပ္​အ​ေယာင္​​ေတာင္​ မျမင္​ရ​ေတာ့တာ​ေၾကာင္​့ အနည္​းငယ္​​ေတာ့ထူးဆန္​းသလိုခံစားသြားရသည္​။ ကားနဲ႔ျပန္​သြားၿပီ​လို႔​ေျပာရ​ေအာင္​ကလည္​း ရိ​ေပၚလာတုန္​းက လမ္​း​ေလွ်ာက္​ၿပီးလာတာကို ​ေဟာက္​ရႊမ္​း​ေသခ်ာျမင္​လိုက္​ပါတယ္​။ ရိ​ေပၚကလမ္​းျမန္​ျမန​္​​ေလွ်ာက္​သြားတယ္​ဆိုရင္​​ေတာင္​ ​ေကြ႔စရာလမ္​းကတစ္​လမ္​းပဲ႐ွိတာမို႔ ရိ​ေပၚ​ေနာက္​က​ေနခ်က္​ခ်င္​းလိုက္​လာတဲ့ ​ေဟာက္​ရႊမ္​း​ေသခ်ာ​ေပါက္​​ေတြ႕ရမွာျဖစ္​သည္​။

​​အခု​ေလာ​ေလာဆယ္​ လမ္​းလယ္​​ေခါင္​ႀကီးမွာမတ္​တပ္​ရပ္​​ေနတဲ့အ​ေနအထားျဖစ္​တာမို႔ ​ေကာ္​ဖီဆိုင္​ထဲကိုသာျပန္​ဝင္​သြားလိုက္​သည္​။ အခ်ိန္​အ​ေတာ္​ၾကာအ​ေတြးလြန္​​ေနရင္​း ​ေဘာင္​းဘီအိတ္​ထဲကဖုန္​းသံျမည္​လာတာ​ေၾကာင္​့ ၾကည္​့လိုက္​​ေတာ့​​ေ႐ွာင္​းက်န္​႔ျဖစ္​​ေနသည္​။ ​ေဟာက္​ရႊမ္​းတို႔ရန္​ျဖစ္​ၿပီး​ေနာက္​ပိုင္​း သူ႔ဘက္​ကစၿပီးတစ္​ခါမွ ဖုန္​းစမ​ေခၚဖူးတဲ့သူမို႔ ဘာအ​ေၾကာင္​းရင္​းမ်ား႐ွိ​လို႔ပါလိမ္​့။

"​ေဟာက္​ရႊမ္​း မင္​းဝမ္​ရိ​ေပၚနဲ႔အဆက္​အသြယ္​ရလား"

ဖုန္​းကိုင္​လိုက္​တာနဲ႔ ထြက္​လာတဲ့​ေ႐ွာင္​းက်န္​႔ရဲ႕အလ်င္​လို​ေနတဲ့အသံ​ေၾကာင္​့

"ခုနက​ေတာင္​ငါတို႔​ေတြ႔ျဖစ္​​ေသးတယ္​"

"အဲ့ဒါဆိုအခု ဝမ္​ရိ​ေပၚမင္​းအနားမွာ႐ွိလား"

"ဟင္​့အင္​း သူျပန္​သြားတာၾကာၿပီ ဘာျဖစ္​လို႔လဲ​ေ႐ွာင္​းက်န္​႔"

"ဝမ္​ရိ​ေပၚငါ့ကိုဖုန္​း​ေခၚထားတယ္​။ ခုနကငါကအစည္​းအ​ေဝးခန္​းထဲ​ေရာက္​​ေနလို႔ မကိုင္​ျဖစ္​လိုက္​ဘူး...သူတစ္​ခုခုမ်ားျဖစ္​​ေနလို႔လားမသိဘူး"

"ဒီအတိုင္​းဆက္​တာလဲျဖစ္​ႏိူင္​တာပဲ​ေလကြာ အဲ့​ေလာက္​ထိလည္​းအ​ေတြးလြန္​မ​ေနပါနဲ႔"

"ငါအ​ေတြးလြန္​​ေနတာမဟုတ္​ဘူး​ေဟာက္​ရႊမ္​း...ဝမ္​ရိ​ေပၚဆိုတဲ့က​ေလးက အ​ေၾကာင္​းမ႐ွိပဲငါ့ကိုဖုန္​းဆက္​မွာမဟုတ္​ဘူး ၿပီး​ေတာ့ လြန္​ခဲ့တဲ့၂ရက္​​ေလာက္​ကမွ ငါတို႔စကားမ်ားထား​ေသးတာဆို​ေတာ့ အ​ေရးမႀကီးပဲနဲ႔ သူပိုလို႔​ေတာင္​ငါ့ကိုဆက္​သြယ္​မွာမဟုတ္​ဘူး"

​ေ႐ွာင္​းက်န္​႔ ​ေဟာက္​ရႊမ္​းနဲ႔ဖုန္​း​ေျပာ​ေနရင္​း အတြင္​း​ေရးမွဴးခ်န္​ကရံုးခန္​းထဲကိုအ​ေလာတႀကီးဝင္​လာတာ​ေတြ႔တာမို႔ ဖုန္​းကိုခဏခ်ရင္​း

"ဘယ္​လိုလဲ သိရၿပီလား.."

တစ္​ဖက္​ကျပန္​​ေျဖသံကိုပင္​ မ​ေစာင္​့ႏိူင္​​ေတာ့ပဲ အတြင္​း​ေရးမွဴးခ်န္​လက္​ထဲကဖုန္​းကိုဆြဲယူကာ ကုမၸဏီအျပင္​ကိုအ​ေျပးတပိုင္​းထြက္​လာလိုက္​သည္​။

"​ေဝ...​ေဝ့..​ေ႐ွာင္​းက်န္​႔...ဘာ​ေတြျဖစ္​​ေနတာလဲ"

​ဖုန္​းထဲက​ေဟာက္​ရႊမ္​းအသံၾကားမွ အခုခ်ိန္​ထိဖုန္​းမခ်ရ​ေသးတာကိုသတိရသြားတာ​ေၾကာင္​့ ကားစက္​ႏိႈး​ေနရင္​းပင္​ bluetoothနားၾကပ္​ကို​တပ္​လိုက္​ကာ

"ရိ​ေပၚဖုန္​းရဲ႕တည္​​ေနရာကိုစံုစမ္​းခိုင္​းထားတာရၿပီ အခုငါအဲ့ဒီကိုလိုက္​သြားမလို႔"

"​ေ႐ွာင္​းက်န္​႔ ခဏ...ခဏ​ေနဦး တည္​​ေနရာကိုငါ့​ဆီပို႔​ေပး ငါလည္​းရိ​ေပၚကိုစိတ္​ပူတယ္​"

ဖုန္​းခ်မလိုျပင္​ၿပီးကာမွ ​ေဟာက္​ရႊမ္​းရဲ႕စကား​ေၾကာင္​့ အတြင္​း​ေရးမွဴးခ်န္​ရဲ႕ဖုန္​းထဲကတည္​​ေနရာကို ​ေဟာက္​ရႊမ္​းဖုန္​းထဲကိုပို႔​ေပးလိုက္​သည္​။ ​ေနရာကၿမိဳ႕ျပင္​နားမွာျဖစ္​တာမို႔ ရိ​ေပၚအတြက္​​ေတြးၿပီး စိတ္​ပူ​ေနမိသည္​။ ​ေ႐ွာင္​းက်န္​႔စိတ္​ထဲ​ေလးလံ​ေနၿပီး ရိ​ေပၚတစ္​ခုခုျဖစ္​​ေတာ့မယ္​လို႔ခံစားမိ​ေနတာ​ေၾကာင္​့ ကားကိုအ႐ွိန္​တင္​​ေမာင္​းရင္​း ႏႈတ္​မွလည္​းရိ​ေပၚဘာမွမျဖစ္​ဖို႔သာဆု​ေတာင္​း​ေနမိသည္​။

​ၿမိဳ႕ျပင္​နား​ေရာက္​​ေတာ့ ဖုန္​းထဲမွာျပထားတဲ့တည္​​ေနရာက ​ေပ်ာက္​သြားတာ​မို႔ လူကခဏတာ​ေၾကာင္​သြား​ေပမယ္​့ အခ်ိန္​ကိုနည္​းနည္​း​ေလး​ေတာင္​မလစ္​ဟင္​း​ေစလိုတာမို႔ အ​ေ႐ွ႕ကိုသာဆက္​​ေမာင္​း​ေနရင္​း ဘာရယ္​မဟုတ္​ ​ေ႐ွာင္​းက်န္​႔ကားနဲ႔ယွဥ္​ရက္​​ေမာင္​း​ေနတဲ့ကားကိုလွမ္​းၾကည္​့လိုက္​​ေတာ့ ​ေမာင္​းသူ​ေနရာမွာဝမ္​က်င္​းဟိုင္​ျဖစ္​​ေနသည္​။ ဝမ္​က်င္​းဟိုင္​ရဲ႕ပံုစံကတစ္​ခုခုကိုစိတ္​​ေလာ​ေနသည္​့ႏွယ္​။

သူကဘယ္​လိုျဖစ္​ၿပီး ၿမိဳ႕ျပင္​ဘက္​ကိုဦးတည္​ၿပီးသြား​ေနရတာလဲ။ ဧကႏၷ သူလည္​း​ေ႐ွာင္​းက်န္​႔တို႔လို ရိ​ေပၚ​​ေပ်ာက္​​ေနလို႔စံုစမ္​းၿပီးလာ႐ွာတာမ်ားလား။ ​​ေ႐ွာင္​းက်န္​႔ကားကို​ေက်ာ္​တက္​ၿပီးအ႐ွိန္​ျပင္​းျပင္​း​ေမာင္​းထြက္​သြားတဲ့ ကား​ေနာက္​ကိုထပ္​ခ်က္​မခြာလိုက္​​ေနရင္​း ႐ုတ္​တရက္​ ဝမ္​က်င္​းဟိုင္​ရဲ႕ကားကရပ္​သြားတာမို႔ ​ေ႐ွာင္​းက်န္​႔ကားကိုခပ္​လွမ္​းလွမ္​းမွာရပ္​လိုက္​ၿပီး အ​ေျခအ​ေနကိုအကဲခတ္​​ေနတုန္​း ျမင္​လိုက္​ရတဲ့ျမင္​ကြင္​း​ေၾကာင္​့ ​ေ႐ွာင္​းက်န္​႔တစ္​ကိုယ္​လံုးက​ေသြး​ေတြ​ေျပာင္​းျပန္​စီးဆင္​းသြားသလိုပင္​။

ဝမ္​က်င္​းဟိုင္​ကားအ​ေ႐ွ႕မွာရပ္​​ေနတဲ့ ျဖဴလႊလႊအရိပ္​​ေလးကအ​ေဝးကၾကည္​့​ေနသည္​့တိုင္​ ​ေ႐ွာင္​းက်န္​႔စိတ္​ပူ​ေနရတဲ့ဝမ္​ပူတင္​း​ေလးဆိုတာကို ​ေ႐ွာင္​းက်န္​႔သိတာမို႔ ကားကိုအ႐ွိန္​ျပန္​တင္​ကာထို​ေနရာကို​ေမာင္​းသြားလိုက္​သည္​။

မလိုက္​ခ်င္​လို႔အ​ေၾကာက္​အကန္​႐ုန္​းထိုး​ေနတဲ့​ေကာင္​​ေလးကို အတင္​းအက်ပ္​ဆြဲ​ေခၚ​ေနတဲ့ဝမ္​က်င္​းဟိုင္​​ေၾကာင္​့ လမ္​း​ေဘးမွာ​ေတြ႔တဲ့အုတ္​နီခဲကိုယူၿပီး အ​ေနာက္​က​ေန ဝမ္​က်င္​းဟိုင္​ရဲ႕​ေခါင္​းကိုအားျဖင္​့႐ိုက္​ခ်လိုက္​သည္​။ အလစ္​ခံလိုက္​ရတဲ့ဝမ္​က်င္​းဟိုင္​က ​​ေခါင္​းမွာ​ေသြးအလိမ္​းလိမ္​းစီးက်ကာ ထို​ေနရာမွာပဲလဲက်သြားတာမို႔ ​ေၾကာင္​​ေတာင္​​ေတာင္​​ေလးရပ္​ၾကည္​့​ေနတဲ့​ေကာင္​​ေလးနားကိုတိုးသြားလိုက္​​ေတာ့ ထိတ္​ထိတ္​လန္​႔လန္​႔ျဖင္​့အ​ေနာက္​ကိုဆုတ္​သြားတာမို႔ ​ေ႐ွာင္​းက်န္​႔ရင္​ထဲနင္​့ခနဲ။

"ကိုယ္​​ေလ ရိ​ေပၚ...ကိုယ္​​ေရာက္​လာၿပီ​ေလ"

​ေ႐ွာင္​းက်န္​႔တစ္​လွမ္​းတိုးလိုက္​တိုင္​း မ်က္​ရည္​​ေတြရစ္​သိုင္​းကာ​ေခါင္​းကိုတြင္​တြင္​ခါၿပီး ​ေနာက္​ကိုတစ္​လွမ္​းဆုတ္​သြားတဲ့​က​ေလးငယ္​ကို ရင္​ခြင္​ထဲဆြဲသြင္​းကာ တင္​းတင္​းက်ပ္​က်ပ္​ဖက္​ထားလိုက္​မိသည္​။

"​​ေတာင္​းပန္​ပါတယ္​..​ေနာက္​က်သြားလို႔​ေတာင္​းပန္​ပါတယ္​...အခုဘာမွမျဖစ္​​ေတာ့ဘူး​ေနာ္​ ကိုယ္​႐ွိတယ္​ မင္​းရဲ႕​အ​ေ႐ွ႕မွာကိုယ္​႐ွိတယ္​​ေနာ္​...."

​ထိတ္​လန္​႔မႈ​ေၾကာင္​့တုန္​လႈပ္​​ေနတဲ့​ေက်ာျပင္​​ေလးကို သာသာ​ေလးပုတ္​​ေပးရင္​း​ေျပာလိုက္​​ေတာ့ အင္​့ခနဲတစ္​ခ်က္​သာ႐ိႈက္​ၿပီး ရင္​ခြင္​ထဲၿပိဳက်လာတာမို႔ အသာ​ေထြး​ေပြ႔ကာ ျပန္​လွည္​့ထြက္​ဖို႔အလုပ္​ ​ေ႐ွာင္​းက်န္​႔အ​ေနာက္​ကအသံၾကားလိုက္​ရတာမို႔လွည္​့ၾကည္​့လိုက္​​ေတာ့ ​ဘယ္​အခ်ိန္​က​ေရာက္​​ေနမွန္​းမသိတဲ့​ေဟာက္​ရႊမ္​းရဲ႕ဗိုက္​မွာဓားတန္​းလန္​းျဖင္​့။ တစ္​နည္​းအားျဖင္​့ဆိုရရင္​ ​သတိ​ေမ့​ေနရာက​ေနျပန္​ထ​လာတဲ့ဝမ္​က်င္​းဟိုင္​ရဲ႕ဓားခ်က္​ကို ​ေ႐ွာင္​းက်န္​႔အစားဝင္​ခံ​ေပးလိုက္​ျခင္​း။

"​​ေ႐ွာင္​းက်န္​႔ ငါဘာမွမျဖစ္​ဘူးအဆင္​​ေျပတယ္​ ရိ​ေပၚကိုသာ​ေဆးရံုအျမန္​ပို႔​ေပးလိုက္​ပါ"

သတိ႐ွိ​ေန​ေသးတဲ့​ေဟာက္​ရႊမ္​းက ​သူ႔ဗိုက္​မွာျမင္​မ​ေကာင္​း​ေအာင္​​ေသြး​ေတြစီးက်​ေန​ေပမယ္​့ ​ေ႐ွာင္​းက်န္​႔​ရင္​ခြင္​ထဲမွာ ​ေမ့​ေျမာ​ေနတဲ့ရိ​ေပၚကိုသာစိုးရိမ္​​ေနသည္​့ပံုပင္​။

​​ေ႐ွာင္​းက်န္​႔ကိုတစ္​လွည္​့ ​ေဟာက္​ရႊမ္​းကိုတစ္​လွည္​့ၾကည္​့​ကာ ​ေၾကာက္​​ေၾကာက္​လန္​႔လန္​႔ျဖင္​့ထြက္​​ေျပးသြားတဲ့ ဝမ္​က်င္​းဟိုင္​​ေနာက္​ကို​ေျပးလိုက္​ခ်င္​​ေပမယ္​့ အခုခ်ိန္​မွာ​ေ႐ွာင္​းက်န္​႔ရင္​ခြင္​ထဲကလူသား​ေလး​ေဆးရံုကိုအခ်ိန္​မွီ​ေရာက္​ဖို႔သာ ပိုအ​ေရးႀကီးတာမို႔ ​ေဆးရံုကားကိုသာအျမန္​ဖုန္​းဆက္​​ေခၚလိုက္​သည္​။

••••••••••••••••

​ေဆးရံုကုတင္​​ေပၚမွာလဲ​ေလ်ာင္​း​ေနတဲ့ရိ​ေပၚရဲ႕​ေဆးမသြင္​းထားတဲ့ လက္​​ေလးတစ္​ဖက္​ကိုပါးမွာအပ္​ရင္​း ​ေ႐ွာင္​းက်န္​႔အသံတိတ္​မ်က္​ရည္​က်​ေနမိသည္​။ ​ေ႐ွာင္​းက်န္​႔ႏွစ္​သက္​ရတဲ့ပါး​ေဖာင္​း​ေလး​ေတြဆီကညိဳမဲ​ေနတဲ့ဒဏ္​ရာ​ေတြကိုၾကည္​့ၿပီး ဝမ္​က်င္​းဟိုင္​ရဲ႕လက္​​ေတြကို႐ိုက္​ခ်ိဳးပစ္​ခ်င္​စိတ္​​ေတြကတဖြားဖြား။ ​ေ႐ွာင္​းက်န္​႔ခိုနားဖူးတဲ့ႏႈတ္​ခမ္​းဖူး​ေလးရဲ႕​ေထာင္​့နားက ​ေသြးစို႔​ေနတဲ့ဒဏ္​ရာ​ေလးကိုခပ္​ဖြဖြပြတ္​သပ္​ကာ ​က​ေလးငယ္​မၾကားႏိူင္​သည္​့တိုင္​​ေအာင္​ ​ေတာင္​းပန္​စကားကိုတဖြဖြ​ေျပာ​ေနမိသည္​။

"​ေတာင္​းပန္​ပါတယ္​..ကိုယ္​ဒီ့ထက္​​ေစာၿပီး​ေရာက္​လာခဲ့သင္​့တာ..."

"အားဝမ္​...သား​ေလး.."

​​ေ႐ွာင္​းက်န္​႔ ရိ​ေပၚမ်က္​ႏွာအစိတ္​အပိုင္​းတစ္​ခုဆီကို​ေငး​ေနရာမွ ​ေဆးရံုခန္​းထဲကို အ​ေလာတႀကီးဝင္​လာကာ ကုတင္​​ေပၚမွာလဲ​ေလ်ာင္​း​ေနတဲ့ရိ​ေပၚကိုၾကည္​့ၿပီး ငို​ေနတဲ့သူႏွစ္​​ေယာက္​​ေၾကာင္​့ ​ေ႐ွာင္​းက်န္​႔ မွာတအံ့တၾသျဖစ္​ရသည္​။ wang groupနဲ႔summer projectကို အတူတြဲလုပ္​ခဲ့​ေပမယ္​့ အဲ့ဒီအခ်ိန္​က ဝမ္​က်င္​းဟိုင္​နဲ႔သာ​ေတြ႔ၿပီးတိုင္​ပင္​​ေဆြး​ေႏြးရတာမို႔ ဥကၠဌဝမ္​နဲ႔ကမဆံုသ​ေလာက္​ကို႐ွားသည္​။

ရိ​ေပၚရဲ႕ဒဏ္​ရာ​ေတြကိုၾကည္​့ၿပီး တ႐ွံဳ႕႐ွံဳ႕ငို​ေနတဲ့ဝမ္​က​ေတာ္​ကို ထိန္​းကိုင္​​ေပးထားတဲ့ ဥကၠဌဝမ္​ကမ်က္​ႏွာခ်င္​းဆိုင္​မွာထိုင္​​ေနတဲ့ ​ေ႐ွာင္​းက်န္​႔ကို​ေတြ႔​ေတာ့

"​ေမာင္​ရင္​က Daytoyကဥကၠဌ​ေ႐ွာင္​းက်န္​႔မဟုတ္​လား"

"ဟုတ္​ကဲ့ ​ေတြ႔ရတာဝမ္​းသာပါတယ္​အန္​ကယ္​ဝမ္​ ကြၽန္​​ေတာ္​့ကိုရင္​းရင္​းႏွီးႏွီး​ေ႐ွာင္​းက်န္​႔လို႔ပဲ​ေခၚပါ"

"အားဝမ္​​ေလးက ဘယ္​လိုျဖစ္​ရတာလဲကြယ္​..."

"ဒီလိုပါ အန္​ကယ္​ဝမ္​....."

​ေ႐ွာင္​းက်န္​႔အ​ေၾကာင္​းစံု​ေျပာျပလိုက္​​ေတာ့ အန္​ကယ္​ဝမ္​ကလက္​သီးကိုတင္​းတင္​းဆုပ္​ၿပီး ​ေဒါသအ႐ွိန္​​ေၾကာင္​့မ်က္​ႏွာတစ္​ခုလံုးနီရဲလာကာ အံတက်ိတ္​က်ိတ္​ျဖင္​့ ဝမ္​က်င္​းဟိုင္​ကိုမရရ​ေအာင္​ဖမ္​းမယ္​ဆိုၿပီး သူ႔တပည္​့​ေတြကိုဖုန္​းဆက္​ကာ ​ေနရာအႏွံ႔႐ွာဖို႔အမိန္​႔​ေပး​ေန​ေတာ့သည္​။

"​ေတာင္​းပန္​ပါတယ္​ အန္​ကယ္​နဲ႔အန္​တီ ကြၽန္​​ေတာ္​သာရိ​ေပၚဖုန္​း​ေခၚတဲ့အခ်ိန္​ကိုင္​မိရင္​ ရိ​ေပၚကိုအခ်ိန္​မွီကယ္​လိုက္​ႏိူင္​မွာ အခု​ေတာ့...."

ဝမ္​​ေမာင္​ႏွံအ​ေ႐ွ႕မွာဒူး​ေထာက္​ၿပီး ​ေတာင္​းပန္​လာတဲ့​ေ႐ွာင္​းက်န္​႔က ​ေခါင္​းကိုငိုက္​စိုက္​ခ်ကာ ဆက္​မ​ေျပာႏိူင္​​ေတာ့ပဲ ပခံုး​ေတြလႈပ္​တဲ့အထိငို​ေနတာ​ေၾကာင္​့ ဝမ္​လီဟြားက​ေ႐ွာင္​းက်န္​႔ရဲ႕ပခံုးႏွစ္​ဖက္​ကိုကိုင္​ကာ ဆြဲထူလိုက္​ၿပီး

"​ေတာင္​းပန္​စရာမလိုပါဘူးကြယ္​ တကယ္​လို႔အဲ့ဒီ​ေနရာကိုသားသာလိုက္​မသြားခဲ့ရင္​ အခုခ်ိန္​အားဝမ္​​ေလးကို အန္​တီတို႔​ေတြ႔ခ်င္​မွ​ေတြ႔ရ​ေတာ့မွာ။ ကိုယ္​​ေမြးတဲ့​ေမ်ာက္​ ကိုယ္​့ျပန္​​ေျခာက္​ဆိုတဲ့အျဖစ္​ကို အခုမွပဲကိုယ္​တိုင္​ၾကံဳဖူး​ေတာ့တယ္​။ က်င္​းဟိုင္​ဒီ​ေလာက္​ထိယုတ္​မာလိမ္​့မယ္​လို႔ မထင္​ထားမိဘူး"

ရိ​ေပၚကိုအရင္​ထဲကသူ​ေဌးသား​ေလးဆိုတာသိ​ေပမယ္​့လည္​း wang groupကျဖစ္​​ေနလိမ္​့မယ္​လို႔​ေတာ့ ​ေ႐ွာင္​းက်န္​႔လံုးဝမစဥ္​းစားမိခဲ့။ ၿပီးခဲ့တဲ့ကာလ​ေတြမွာ ဝမ္​က်င္​းဟိုင္​နဲ႔မၾကာခဏ​ေတြ႕​ေနရတတ္​တာကလည္​း ညီအစ္​ကို​ေတြျဖစ္​​ေနတာ​ေၾကာင္​့ပင္​။ ဒါကို​ေ႐ွာင္​းက်န္​႔ကဘာမွမသိပဲ ရိ​ေပၚကိုဝမ္​က်င္​းဟိုင္​နဲ႔အႀကိမ္​ႀကိမ္​စြပ္​စြဲၿပီး ရိ​ေပၚသိကၡာက်​ေစမယ္​့လုပ္​ရပ္​​ေတြ လုပ္​ခဲ့မိသည္​။ ဒါ​ေပမယ္​့ ညီအစ္​ကိုအခ်င္​းခ်င္​းကို ဝမ္​က်င္​းဟိုင္​က ဘာလို႔ဒီ​လိုလုပ္​ရပ္​မ်ိဳး လုပ္​ႏိူင္​ရတာလဲ။

​ေ႐ွာင္​းက်န္​႔အ​ေနနဲ႔ ဝမ္​က်င္​းဟိုင္​ကိစၥနဲ႔ပတ္​သတ္​ၿပီးသိခ်င္​တာ​ေတြ႐ွိ​ေန​ေပမယ္​့လည္​း အခုခ်ိန္​က​ေမးျမန္​းလို႔​ေကာင္​းတဲ့အ​ေနအထားမဟုတ္​တာ​ေၾကာင္​့ အသာၿငိမ္​ၿပီးသာ​ေနလိုက္​သည္​။

"......အင္​း...ဟင္​း.."

​ေ႐ွာင္​းက်န္​႔တို႔စကား​ေျပာ​ေနရင္​း ကုတင္​​ေပၚကရိ​ေပၚဆီက အသံထြက္​လာမို႔ ရိ​ေပၚနားသြားကာ

"ရိ​ေပၚ သတိရလာၿပီလား ​​ကိုယ္​့ကို​ေရာမွတ္​မိတယ္​မဟုတ္​လား.."

"...မာ..မီ..."

"အားဝမ္​​ေလး ႏိုးလာၿပီလား...မာမီ​ေရာ ဒယ္​ဒီ​ေရာ႐ွိတယ္​​ေနာ္​.."

ရိ​ေပၚက​​ေ႐ွာင္​းက်န္႔ကိုျမင္​တာနဲ႔ ခ်က္​ခ်င္​းအၾကည္​့လႊဲသြားတာမို႔ ​ေ႐ွာင္​းက်န္​႔စိတ္​မ​ေကာင္​းျဖစ္​မိတာအမွန္​ပင္​။ ရိ​ေပၚလည္​းသတိရလာၿပီဆို​ေတာ့ မိသားစုဝင္​အခ်င္​းခ်င္​းလြတ္​လြတ္​လပ္​လပ္​စကား​ေျပာလို႔ရ​ေအာင္​ ​ေ႐ွာင္​းက်န္​႔အလိုက္​တသိပင္​ ​ေ႐ွာင္​ထြက္​လာခဲ့လိုက္​သည္​။

"ရိ​ေပၚသတိရတဲ့အ​ေၾကာင္​းကို ကြၽန္​​ေတာ္​ဆရာဝန္​ဆီကိုသြားအသိ​ေပးလိုက္​ပါဦးမယ္​"

ဒယ္​ဒီနဲ႔မာမီကို​ေျပာၿပီး အခန္​းထဲကထြက္​သြားတဲ့​ေ႐ွာင္​းက်န္​႔က ရိ​ေပၚကိုစိတ္​ခ်ဟန္​ျဖင္​့လွည္​့ၾကည္​့ လွည္​့ၾကည္​့လုပ္​​ေန​တာကို မ်က္​လံုး​ေထာင္​့က​ေနလွမ္​းျမင္​​ေနရ​ေပမယ္​့ ရိ​ေပၚမျမင္​ခ်င္​​ေယာင္​​ေဆာင္​ထားမိသည္​။ အမွန္​ဆိုရိ​ေပၚရဲ႕အခုလိုပံုစံကိုျမင္​ရင္​ ​ေ႐ွာင္​းက်န္​႔ကဝမ္​းသာ​ေနရမွာမဟုတ္​လား။

က်င္​းဟိုင္​​ေကာက ရိ​ေပၚကိုကား​ေပၚအတင္​းဆြဲတင္​ဖို႔လုပ္​​ေနတဲ့အခ်ိန္​ ​ေ႐ွာင္​းက်န္​႔ကိုျမင္​လိုက္​ရ​ေတာ့ ဝမ္​းသာမိ​ေပမယ္​့ ​ေ႐ွာင္​းက်န္​႔ကလည္​းက်င္​းဟိုင္​​ေကာလိုပဲ ရိ​ေပၚကိုမုန္​း​ေနတဲ့သူတစ္​​ေယာက္​​ဆိုတာကို​ေတြးမိ​ေတာ့ ဝမ္​းနည္​းစိတ္​နဲ႔အတူ ကိုယ္​့ကိုယ္​ကိုလည္​း႐ွက္​႐ြံ႕မိသည္​။ ​​ေ႐ွာင္​းက်န္​႔နဲ႔​ေတြ႔တဲ့အခ်ိန္​တိုင္​း ဘာလို႔ရိ​ေပၚကအျမဲတမ္​းအားနည္​းတဲ့သူတစ္​​ေယာက္​လိုခံစား​ေနရတာလဲ။ ​ေ႐ွာင္​းက်န္​႔ဆီကအမုန္​း​​ခံရတာနဲ႔တင္​အလူးအလဲျဖစ္​​ေနတဲ့ရိ​ေပၚကို အထင္​အျမင္​​ေသးခံရတဲ့အထိပါျဖစ္​​ေစခ်င္​လို႔မ်ားလား။

"ငို​ေနတာလားအားဝမ္​ ဘယ္​​ေနရာကနာ​ေနလို႔လဲ မာမီ့ကို​ေျပာ"

" ကြၽန္​​ေတာ္​ တစ္​​ေယာက္​ထဲ​ေနခ်င္​တယ္​.."

ပါး​ေပၚကမ်က္​ရည္​​ေတြကို ဖြဖြရြရြ​ေလးသုတ္​​ေပး​ေနတဲ့မာမီနဲ႔အတူ ​ေဘးမွာရပ္​ၿပီးရိ​ေပၚကိုစိုးရိမ္​တႀကီးၾကည္​့​ေနတဲ့ဒယ္​ဒီ့ကိုအားနာ​ေပမယ္​့လည္​း အခုခ်ိန္​မွာဘယ္​သူနဲ႔မွစကားမ​ေျပာခ်င္​တာမို႔ မဝံ့မရဲခြင္​့​ေတာင္​းမိသည္​။ အခ်က္​​ေပါင္​းမ်ားစြာ အ႐ိုက္​ခံထားရတဲ့အ႐ွိန္​​ေၾကာင္​့ ႏႈတ္​ခမ္​းလႈပ္​ရံုသာ​ေျပာႏိူင္​​ေပမယ္​့ ရိ​ေပၚစကားသံကမာမီတို႔ၾကားရဖို႔အတြက္​​ေတာ့လံု​ေလာက္​ပါသည္​။


By the way....ex-crush​ေလးကိုႏႈတ္​ဆက္​ရဖို႔ သိပ္​မလို​ေတာ့ပါဘူး​ေနာ္​....
#fah🦄

Unicode

​ဟောက်​ရွှမ်း ရိ​ပေါ်နဲ့စကား​ပြောဖို့ အ​နောက်​က​နေ​ပြေးလိုက်​သွား​တော့ ရိ​ပေါ်ကိုဆိုင်​နားတစ်​ဝိုက်​မှာအရိပ်​အ​ယောင်​တောင်​မမြင်​ရ​တော့တာ​ကြောင့်​အနည်းငယ်​တော့ထူးဆန်းသလိုခံစားသွားရသည်​။ ကားနဲ့ပြန်​သွားပြီ​လို့​ပြောရ​အောင်​ကလည်း ရိ​ပေါ်လာတုန်းက လမ်း​လျှောက်​ပြီးလာတာကို​ဟောက်​ရွှမ်း​သေချာမြင်​လိုက်​ပါတယ်​။ ရိ​ပေါ်ကလမ်းမြန်​မြန်​လျှောက်​သွားတယ်​ဆိုရင်​တောင်​ကွေ့စရာလမ်းကတစ်​လမ်းပဲရှိတာမို့ ရိ​ပေါ်​နောက်​က​နေချက်​ချင်းလိုက်​လာတဲ့​ဟောက်​ရွှမ်း​သေချာ​ပေါက်​တွေ့ရမှာဖြစ်​သည်​။

​အခု​လော​လောဆယ်​လမ်းလယ်​ခေါင်​ကြီးမှာမတ်​တပ်​ရပ်​နေတဲ့အ​နေအထားဖြစ်​တာမို့​ကော်​ဖီဆိုင်​ထဲကိုသာပြန်​ဝင်​သွားလိုက်​သည်​။ အချိန်​အ​တော်​ကြာအ​တွေးလွန်​နေရင်း​ဘောင်းဘီအိတ်​ထဲကဖုန်းသံမြည်​လာတာ​ကြောင့်​ကြည့်​လိုက်​တော့​ရှောင်းကျန့်​ဖြစ်​နေသည်​။​ဟောက်​ရွှမ်းတို့ရန်​ဖြစ်​ပြီး​နောက်​ပိုင်း သူ့ဘက်​ကစပြီးတစ်​ခါမှ ဖုန်းစမ​ခေါ်ဖူးတဲ့သူမို့ ဘာအ​ကြောင်းရင်းများရှိ​လို့ပါလိမ့်​။

"​ဟောက်​ရွှမ်း မင်းဝမ်​ရိ​ပေါ်နဲ့အဆက်​အသွယ်​ရလား"

ဖုန်းကိုင်​လိုက်​တာနဲ့ ထွက်​လာတဲ့​ရှောင်းကျန့်​ရဲ့အလျင်​လို​နေတဲ့အသံ​ကြောင့်​

"ခုနက​တောင်​ငါတို့​တွေ့ဖြစ်​သေးတယ်​"

"အဲ့ဒါဆိုအခု ဝမ်​ရိ​ပေါ်မင်းအနားမှာရှိလား"

"ဟင့်​အင်း သူပြန်​သွားတာကြာပြီ ဘာဖြစ်​လို့လဲ​ရှောင်းကျန့်​"

"ဝမ်​ရိ​ပေါ်ငါ့ကိုဖုန်း​ခေါ်ထားတယ်​။ ခုနကငါကအစည်းအ​ဝေးခန်းထဲ​ရောက်​နေလို့ မကိုင်​ဖြစ်​လိုက်​ဘူး...သူတစ်​ခုခုများဖြစ်​နေလို့လားမသိဘူး"

"ဒီအတိုင်းဆက်​တာလဲဖြစ်​နိူင်​တာပဲ​လေကွာ အဲ့​လောက်​ထိလည်းအ​တွေးလွန်​မ​နေပါနဲ့"

"ငါအ​တွေးလွန်​နေတာမဟုတ်​ဘူး​ဟောက်​ရွှမ်း...ဝမ်​ရိ​ပေါ်ဆိုတဲ့က​လေးက အ​ကြောင်းမရှိပဲငါ့ကိုဖုန်းဆက်​မှာမဟုတ်​ဘူး ပြီး​တော့ လွန်​ခဲ့တဲ့၂ရက်​လောက်​ကမှ ငါတို့စကားများထား​သေးတာဆို​တော့ အ​ရေးမကြီးပဲနဲ့ သူပိုလို့​တောင်​ငါ့ကိုဆက်​သွယ်​မှာမဟုတ်​ဘူး"

​ရှောင်းကျန့်​ဟောက်​ရွှမ်းနဲ့ဖုန်း​ပြော​နေရင်း အတွင်း​ရေးမှူးချန်​ကရုံးခန်းထဲကိုအ​လောတကြီးဝင်​လာတာ​တွေ့တာမို့ ဖုန်းကိုခဏချရင်း

"ဘယ်​လိုလဲ သိရပြီလား.."

တစ်​ဖက်​ကပြန်​ဖြေသံကိုပင်​မ​စောင့်​နိူင်​တော့ပဲ အတွင်း​ရေးမှူးချန်​လက်​ထဲကဖုန်းကိုဆွဲယူကာ ကုမ္ပဏီအပြင်​ကိုအ​ပြေးတပိုင်းထွက်​လာလိုက်​သည်​။

"​ဝေ...​ဝေ့..​ရှောင်းကျန့်​...ဘာ​တွေဖြစ်​နေတာလဲ"

​ဖုန်းထဲက​ဟောက်​ရွှမ်းအသံကြားမှ အခုချိန်​ထိဖုန်းမချရ​သေးတာကိုသတိရသွားတာ​ကြောင့်​ကားစက်​နှိုး​နေရင်းပင်​bluetoothနားကြပ်​ကို​တပ်​လိုက်​ကာ

"ရိ​ပေါ်ဖုန်းရဲ့တည်​နေရာကိုစုံစမ်းခိုင်းထားတာရပြီ အခုငါအဲ့ဒီကိုလိုက်​သွားမလို့"

"​ရှောင်းကျန့်​ခဏ...ခဏ​နေဦး တည်​နေရာကိုငါ့​ဆီပို့​ပေး ငါလည်းရိ​ပေါ်ကိုစိတ်​ပူတယ်​"

ဖုန်းချမလိုပြင်​ပြီးကာမှ​ဟောက်​ရွှမ်းရဲ့စကား​ကြောင့်​အတွင်း​ရေးမှူးချန်​ရဲ့ဖုန်းထဲကတည်​နေရာကို​ဟောက်​ရွှမ်းဖုန်းထဲကိုပို့​ပေးလိုက်​သည်​။​နေရာကမြို့ပြင်​နားမှာဖြစ်​တာမို့ ရိ​ပေါ်အတွက်​တွေးပြီး စိတ်​ပူ​နေမိသည်​။​ရှောင်းကျန့်​စိတ်​ထဲ​လေးလံ​နေပြီး ရိ​ပေါ်တစ်​ခုခုဖြစ်​တော့မယ်​လို့ခံစားမိ​နေတာ​ကြောင့်​ကားကိုအရှိန်​တင်​မောင်းရင်း နှုတ်​မှလည်းရိ​ပေါ်ဘာမှမဖြစ်​ဖို့သာဆု​တောင်း​နေမိသည်​။

​မြို့ပြင်​နား​ရောက်​တော့ ဖုန်းထဲမှာပြထားတဲ့တည်​နေရာက​ပျောက်​သွားတာ​မို့ လူကခဏတာ​ကြောင်​သွား​ပေမယ့်​အချိန်​ကိုနည်းနည်း​လေး​တောင်​မလစ်​ဟင်း​စေလိုတာမို့ အ​ရှေ့ကိုသာဆက်​မောင်း​နေရင်း ဘာရယ်​မဟုတ်​ရှောင်းကျန့်​ကားနဲ့ယှဉ်​ရက်​မောင်း​နေတဲ့ကားကိုလှမ်းကြည့်​လိုက်​တော့​မောင်းသူ​နေရာမှာဝမ်​ကျင်းဟိုင်​ဖြစ်​နေသည်​။ ဝမ်​ကျင်းဟိုင်​ရဲ့ပုံစံကတစ်​ခုခုကိုစိတ်​လော​နေသည့်​နှယ်​။

သူကဘယ်​လိုဖြစ်​ပြီး မြို့ပြင်​ဘက်​ကိုဦးတည်​ပြီးသွား​နေရတာလဲ။ ဧကန္န သူလည်း​ရှောင်းကျန့်​တို့လို ရိ​ပေါ်​ပျောက်​နေလို့စုံစမ်းပြီးလာရှာတာများလား။​ရှောင်းကျန့်​ကားကို​ကျော်​တက်​ပြီးအရှိန်​ပြင်းပြင်း​မောင်းထွက်​သွားတဲ့ ကား​နောက်​ကိုထပ်​ချက်​မခွာလိုက်​နေရင်း ရုတ်​တရက်​ဝမ်​ကျင်းဟိုင်​ရဲ့ကားကရပ်​သွားတာမို့​ရှောင်းကျန့်​ကားကိုခပ်​လှမ်းလှမ်းမှာရပ်​လိုက်​ပြီး အ​ခြေအ​နေကိုအကဲခတ်​နေတုန်း မြင်​လိုက်​ရတဲ့မြင်​ကွင်း​ကြောင့်​ရှောင်းကျန့်​တစ်​ကိုယ်​လုံးက​သွေး​တွေ​ပြောင်းပြန်​စီးဆင်းသွားသလိုပင်​။

ဝမ်​ကျင်းဟိုင်​ကားအ​ရှေ့မှာရပ်​နေတဲ့ ဖြူလွှလွှအရိပ်​လေးကအ​ဝေးကကြည့်​နေသည့်​တိုင်​ရှောင်းကျန့်​စိတ်​ပူ​နေရတဲ့ဝမ်​ပူတင်း​လေးဆိုတာကို​ရှောင်းကျန့်​သိတာမို့ ကားကိုအရှိန်​ပြန်​တင်​ကာထို​နေရာကို​မောင်းသွားလိုက်​သည်​။

မလိုက်​ချင်​လို့အ​ကြောက်​အကန်​ရုန်းထိုး​နေတဲ့​ကောင်​လေးကို အတင်းအကျပ်​ဆွဲ​ခေါ်​နေတဲ့ဝမ်​ကျင်းဟိုင်​ကြောင့်​လမ်း​ဘေးမှာ​တွေ့တဲ့အုတ်​နီခဲကိုယူပြီး အ​နောက်​က​နေ ဝမ်​ကျင်းဟိုင်​ရဲ့​ခေါင်းကိုအားဖြင့်​ရိုက်​ချလိုက်​သည်​။ အလစ်​ခံလိုက်​ရတဲ့ဝမ်​ကျင်းဟိုင်​က​ခေါင်းမှာ​သွေးအလိမ်းလိမ်းစီးကျကာ ထို​နေရာမှာပဲလဲကျသွားတာမို့​ကြောင်​တောင်​တောင်​လေးရပ်​ကြည့်​နေတဲ့​ကောင်​လေးနားကိုတိုးသွားလိုက်​တော့ ထိတ်​ထိတ်​လန့်​လန့်​ဖြင့်​အ​နောက်​ကိုဆုတ်​သွားတာမို့​ရှောင်းကျန့်​ရင်​ထဲနင့်​ခနဲ။

"ကိုယ်​လေ ရိ​ပေါ်...ကိုယ်​ရောက်​လာပြီ​လေ"

​ရှောင်းကျန့်​တစ်​လှမ်းတိုးလိုက်​တိုင်း မျက်​ရည်​တွေရစ်​သိုင်းကာ​ခေါင်းကိုတွင်​တွင်​ခါပြီး​နောက်​ကိုတစ်​လှမ်းဆုတ်​သွားတဲ့​က​လေးငယ်​ကို ရင်​ခွင်​ထဲဆွဲသွင်းကာ တင်းတင်းကျပ်​ကျပ်​ဖက်​ထားလိုက်​မိသည်​။

"​တောင်းပန်​ပါတယ်​..​နောက်​ကျသွားလို့​တောင်းပန်​ပါတယ်​...အခုဘာမှမဖြစ်​တော့ဘူး​နော်​ကိုယ်​ရှိတယ်​မင်းရဲ့​အ​ရှေ့မှာကိုယ်​ရှိတယ်​နော်​...."

​ထိတ်​လန့်​မှု​ကြောင့်​တုန်​လှုပ်​နေတဲ့​ကျောပြင်​လေးကို သာသာ​လေးပုတ်​ပေးရင်း​ပြောလိုက်​တော့ အင့်​ခနဲတစ်​ချက်​သာရှိုက်​ပြီး ရင်​ခွင်​ထဲပြိုကျလာတာမို့ အသာ​ထွေး​ပွေ့ကာ ပြန်​လှည့်​ထွက်​ဖို့အလုပ်​ရှောင်းကျန့်​အ​နောက်​ကအသံကြားလိုက်​ရတာမို့လှည့်​ကြည့်​လိုက်​တော့​ဘယ်​အချိန်​က​ရောက်​နေမှန်းမသိတဲ့​ဟောက်​ရွှမ်းရဲ့ဗိုက်​မှာဓားတန်းလန်းဖြင့်​။ တစ်​နည်းအားဖြင့်​ဆိုရရင်​သတိ​မေ့​နေရာက​နေပြန်​ထ​လာတဲ့ဝမ်​ကျင်းဟိုင်​ရဲ့ဓားချက်​ကို​ရှောင်းကျန့်​အစားဝင်​ခံ​ပေးလိုက်​ခြင်း။

"​ရှောင်းကျန့်​ငါဘာမှမဖြစ်​ဘူးအဆင်​ပြေတယ်​ရိ​ပေါ်ကိုသာ​ဆေးရုံအမြန်​ပို့​ပေးလိုက်​ပါ"

သတိရှိ​နေ​သေးတဲ့​ဟောက်​ရွှမ်းက​သူ့ဗိုက်​မှာမြင်​မ​ကောင်း​အောင်​သွေး​တွေစီးကျ​နေ​ပေမယ့်​ရှောင်းကျန့်​ရင်​ခွင်​ထဲမှာ​မေ့​မြော​နေတဲ့ရိ​ပေါ်ကိုသာစိုးရိမ်​နေသည့်​ပုံပင်​။

​ရှောင်းကျန့်​ကိုတစ်​လှည့်​ဟောက်​ရွှမ်းကိုတစ်​လှည့်​ကြည့်​ကာ​ကြောက်​ကြောက်​လန့်​လန့်​ဖြင့်​ထွက်​ပြေးသွားတဲ့ ဝမ်​ကျင်းဟိုင်​နောက်​ကို​ပြေးလိုက်​ချင်​ပေမယ့်​အခုချိန်​မှာ​ရှောင်းကျန့်​ရင်​ခွင်​ထဲကလူသား​လေး​ဆေးရုံကိုအချိန်​မှီ​ရောက်​ဖို့သာ ပိုအ​ရေးကြီးတာမို့​ဆေးရုံကားကိုသာအမြန်​ဖုန်းဆက်​ခေါ်လိုက်​သည်​။

••••••••••••••••

​ဆေးရုံကုတင်​ပေါ်မှာလဲ​လျောင်း​နေတဲ့ရိ​ပေါ်ရဲ့​ဆေးမသွင်းထားတဲ့ လက်​လေးတစ်​ဖက်​ကိုပါးမှာအပ်​ရင်း​ရှောင်းကျန့်​အသံတိတ်​မျက်​ရည်​ကျ​နေမိသည်​။​ရှောင်းကျန့်​နှစ်​သက်​ရတဲ့ပါး​ဖောင်း​လေး​တွေဆီကညိုမဲ​နေတဲ့ဒဏ်​ရာ​တွေကိုကြည့်​ပြီး ဝမ်​ကျင်းဟိုင်​ရဲ့လက်​တွေကိုရိုက်​ချိုးပစ်​ချင်​စိတ်​တွေကတဖွားဖွား။​ရှောင်းကျန့်​ခိုနားဖူးတဲ့နှုတ်​ခမ်းဖူး​လေးရဲ့​ထောင့်​နားက​သွေးစို့​နေတဲ့ဒဏ်​ရာ​လေးကိုခပ်​ဖွဖွပွတ်​သပ်​ကာ​က​လေးငယ်​မကြားနိူင်​သည့်​တိုင်​အောင်​တောင်းပန်​စကားကိုတဖွဖွ​ပြော​နေမိသည်​။

"​တောင်းပန်​ပါတယ်​..ကိုယ်​ဒီ့ထက်​စောပြီး​ရောက်​လာခဲ့သင့်​တာ..."

"အားဝမ်​...သား​လေး.."

​ရှောင်းကျန့်​ရိ​ပေါ်မျက်​နှာအစိတ်​အပိုင်းတစ်​ခုဆီကို​ငေး​နေရာမှ​ဆေးရုံခန်းထဲကို အ​လောတကြီးဝင်​လာကာ ကုတင်​ပေါ်မှာလဲ​လျောင်း​နေတဲ့ရိ​ပေါ်ကိုကြည့်​ပြီး ငို​နေတဲ့သူနှစ်​ယောက်​ကြောင့်​ရှောင်းကျန့်​မှာတအံ့တသြဖြစ်​ရသည်​။ wang groupနဲ့summer projectကို အတူတွဲလုပ်​ခဲ့​ပေမယ့်​အဲ့ဒီအချိန်​က ဝမ်​ကျင်းဟိုင်​နဲ့သာ​တွေ့ပြီးတိုင်​ပင်​ဆွေး​နွေးရတာမို့ ဥက္ကဌဝမ်​နဲ့ကမဆုံသ​လောက်​ကိုရှားသည်​။

ရိ​ပေါ်ရဲ့ဒဏ်​ရာ​တွေကိုကြည့်​ပြီး တရှုံ့ရှုံ့ငို​နေတဲ့ဝမ်​က​တော်​ကို ထိန်းကိုင်​ပေးထားတဲ့ ဥက္ကဌဝမ်​ကမျက်​နှာချင်းဆိုင်​မှာထိုင်​နေတဲ့​ရှောင်းကျန့်​ကို​တွေ့​တော့

"​မောင်​ရင်​က Daytoyကဥက္ကဌ​ရှောင်းကျန့်​မဟုတ်​လား"

"ဟုတ်​ကဲ့​တွေ့ရတာဝမ်းသာပါတယ်​အန်​ကယ်​ဝမ်​ကျွန်​တော့်​ကိုရင်းရင်းနှီးနှီး​ရှောင်းကျန့်​လို့ပဲ​ခေါ်ပါ"

"အားဝမ်​လေးက ဘယ်​လိုဖြစ်​ရတာလဲကွယ်​..."

"ဒီလိုပါ အန်​ကယ်​ဝမ်​....."

​ရှောင်းကျန့်​အ​ကြောင်းစုံ​ပြောပြလိုက်​တော့ အန်​ကယ်​ဝမ်​ကလက်​သီးကိုတင်းတင်းဆုပ်​ပြီး​ဒေါသအရှိန်​ကြောင့်​မျက်​နှာတစ်​ခုလုံးနီရဲလာကာ အံတကျိတ်​ကျိတ်​ဖြင့်​ဝမ်​ကျင်းဟိုင်​ကိုမရရ​အောင်​ဖမ်းမယ်​ဆိုပြီး သူ့တပည့်​တွေကိုဖုန်းဆက်​ကာ​နေရာအနှံ့ရှာဖို့အမိန့်​ပေး​နေ​တော့သည်​။

"​တောင်းပန်​ပါတယ်​အန်​ကယ်​နဲ့အန်​တီ ကျွန်​တော်​သာရိ​ပေါ်ဖုန်း​ခေါ်တဲ့အချိန်​ကိုင်​မိရင်​ရိ​ပေါ်ကိုအချိန်​မှီကယ်​လိုက်​နိူင်​မှာ အခု​တော့...."

ဝမ်​မောင်​နှံအ​ရှေ့မှာဒူး​ထောက်​ပြီး​တောင်းပန်​လာတဲ့​ရှောင်းကျန့်​က​ခေါင်းကိုငိုက်​စိုက်​ချကာ ဆက်​မ​ပြောနိူင်​တော့ပဲ ပခုံး​တွေလှုပ်​တဲ့အထိငို​နေတာ​ကြောင့်​ဝမ်​လီဟွားက​ရှောင်းကျန့်​ရဲ့ပခုံးနှစ်​ဖက်​ကိုကိုင်​ကာ ဆွဲထူလိုက်​ပြီး

"​တောင်းပန်​စရာမလိုပါဘူးကွယ်​တကယ်​လို့အဲ့ဒီ​နေရာကိုသားသာလိုက်​မသွားခဲ့ရင်​အခုချိန်​အားဝမ်​လေးကို အန်​တီတို့​တွေ့ချင်​မှ​တွေ့ရ​တော့မှာ။ ကိုယ်​မွေးတဲ့​မျောက်​ကိုယ့်​ပြန်​ခြောက်​ဆိုတဲ့အဖြစ်​ကို အခုမှပဲကိုယ်​တိုင်​ကြုံဖူး​တော့တယ်​။ ကျင်းဟိုင်​ဒီ​လောက်​ထိယုတ်​မာလိမ့်​မယ်​လို့ မထင်​ထားမိဘူး"

ရိ​ပေါ်ကိုအရင်​ထဲကသူ​ဌေးသား​လေးဆိုတာသိ​ပေမယ့်​လည်း wang groupကဖြစ်​နေလိမ့်​မယ်​လို့​တော့​ရှောင်းကျန့်​လုံးဝမစဉ်းစားမိခဲ့။ ပြီးခဲ့တဲ့ကာလ​တွေမှာ ဝမ်​ကျင်းဟိုင်​နဲ့မကြာခဏ​တွေ့​နေရတတ်​တာကလည်း ညီအစ်​ကို​တွေဖြစ်​နေတာ​ကြောင့်​ပင်​။ ဒါကို​ရှောင်းကျန့်​ကဘာမှမသိပဲ ရိ​ပေါ်ကိုဝမ်​ကျင်းဟိုင်​နဲ့အကြိမ်​ကြိမ်​စွပ်​စွဲပြီး ရိ​ပေါ်သိက္ခာကျ​စေမယ့်​လုပ်​ရပ်​တွေ လုပ်​ခဲ့မိသည်​။ ဒါ​ပေမယ့်​ညီအစ်​ကိုအချင်းချင်းကို ဝမ်​ကျင်းဟိုင်​က ဘာလို့ဒီ​လိုလုပ်​ရပ်​မျိုး လုပ်​နိူင်​ရတာလဲ။

​ရှောင်းကျန့်​အ​နေနဲ့ ဝမ်​ကျင်းဟိုင်​ကိစ္စနဲ့ပတ်​သတ်​ပြီးသိချင်​တာ​တွေရှိ​နေ​ပေမယ့်​လည်း အခုချိန်​က​မေးမြန်းလို့​ကောင်းတဲ့အ​နေအထားမဟုတ်​တာ​ကြောင့်​အသာငြိမ်​ပြီးသာ​နေလိုက်​သည်​။

"......အင်း...ဟင်း.."

​ရှောင်းကျန့်​တို့စကား​ပြော​နေရင်း ကုတင်​ပေါ်ကရိ​ပေါ်ဆီက အသံထွက်​လာမို့ ရိ​ပေါ်နားသွားကာ

"ရိ​ပေါ် သတိရလာပြီလား​ကိုယ့်​ကို​ရောမှတ်​မိတယ်​မဟုတ်​လား.."

"...မာ..မီ..."

"အားဝမ်​လေး နိုးလာပြီလား...မာမီ​ရော ဒယ်​ဒီ​ရောရှိတယ်​နော်​.."

ရိ​ပေါ်က​ရှောင်းကျန့်ကိုမြင်​တာနဲ့ ချက်​ချင်းအကြည့်​လွှဲသွားတာမို့​ရှောင်းကျန့်​စိတ်​မ​ကောင်းဖြစ်​မိတာအမှန်​ပင်​။ ရိ​ပေါ်လည်းသတိရလာပြီဆို​တော့ မိသားစုဝင်​အချင်းချင်းလွတ်​လွတ်​လပ်​လပ်​စကား​ပြောလို့ရ​အောင်​ရှောင်းကျန့်​အလိုက်​တသိပင်​ရှောင်​ထွက်​လာခဲ့လိုက်​သည်​။

"ရိ​ပေါ်သတိရတဲ့အ​ကြောင်းကို ကျွန်​တော်​ဆရာဝန်​ဆီကိုသွားအသိ​ပေးလိုက်​ပါဦးမယ်​"

ဒယ်​ဒီနဲ့မာမီကို​ပြောပြီး အခန်းထဲကထွက်​သွားတဲ့​ရှောင်းကျန့်​က ရိ​ပေါ်ကိုစိတ်​ချဟန်​ဖြင့်​လှည့်​ကြည့်​လှည့်​ကြည့်​လုပ်​နေ​တာကို မျက်​လုံး​ထောင့်​က​နေလှမ်းမြင်​နေရ​ပေမယ့်​ရိ​ပေါ်မမြင်​ချင်​ယောင်​ဆောင်​ထားမိသည်​။ အမှန်​ဆိုရိ​ပေါ်ရဲ့အခုလိုပုံစံကိုမြင်​ရင်​ရှောင်းကျန့်​ကဝမ်းသာ​နေရမှာမဟုတ်​လား။

ကျင်းဟိုင်​ကောက ရိ​ပေါ်ကိုကား​ပေါ်အတင်းဆွဲတင်​ဖို့လုပ်​နေတဲ့အချိန်​ရှောင်းကျန့်​ကိုမြင်​လိုက်​ရ​တော့ ဝမ်းသာမိ​ပေမယ့်​ရှောင်းကျန့်​ကလည်းကျင်းဟိုင်​ကောလိုပဲ ရိ​ပေါ်ကိုမုန်း​နေတဲ့သူတစ်​ယောက်​ဆိုတာကို​တွေးမိ​တော့ ဝမ်းနည်းစိတ်​နဲ့အတူ ကိုယ့်​ကိုယ်​ကိုလည်းရှက်​ရွံ့မိသည်​။​ရှောင်းကျန့်​နဲ့​တွေ့တဲ့အချိန်​တိုင်း ဘာလို့ရိ​ပေါ်ကအမြဲတမ်းအားနည်းတဲ့သူတစ်​ယောက်​လိုခံစား​နေရတာလဲ။​ရှောင်းကျန့်​ဆီကအမုန်း​ခံရတာနဲ့တင်​အလူးအလဲဖြစ်​နေတဲ့ရိ​ပေါ်ကို အထင်​အမြင်​သေးခံရတဲ့အထိပါဖြစ်​စေချင်​လို့များလား။

"ငို​နေတာလားအားဝမ်​ဘယ်​နေရာကနာ​နေလို့လဲ မာမီ့ကို​ပြော"

" ကျွန်​တော်​တစ်​ယောက်​ထဲ​နေချင်​တယ်​.."

ပါး​ပေါ်ကမျက်​ရည်​တွေကို ဖွဖွရွရွ​လေးသုတ်​ပေး​နေတဲ့မာမီနဲ့အတူ​ဘေးမှာရပ်​ပြီးရိ​ပေါ်ကိုစိုးရိမ်​တကြီးကြည့်​နေတဲ့ဒယ်​ဒီ့ကိုအားနာ​ပေမယ့်​လည်း အခုချိန်​မှာဘယ်​သူနဲ့မှစကားမ​ပြောချင်​တာမို့ မဝံ့မရဲခွင့်​တောင်းမိသည်​။ အချက်​ပေါင်းများစွာ အရိုက်​ခံထားရတဲ့အရှိန်​ကြောင့်​နှုတ်​ခမ်းလှုပ်​ရုံသာ​ပြောနိူင်​ပေမယ့်​ရိ​ပေါ်စကားသံကမာမီတို့ကြားရဖို့အတွက်​တော့လုံ​လောက်​ပါသည်​။


By the way....ex-crush​လေးကိုနှုတ်​ဆက်​ရဖို့ သိပ်​မလို​တော့ပါဘူး​နော်​....
#fah🦄

Continue Reading

You'll Also Like

1.1M 58K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.9M 144K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
64.9K 8.9K 16
ကောင်သေးလေး မင်းတော်တော်ဆိုးတာပဲ CB ((Zawgyi+Unicode))
22.4K 2.3K 47
"တဈနေ့ မငျးနဲ့ငါက ရနျသူတှေ ဖွဈလာခဲ့ရငျ.." "ဘာဖွဈဖွဈ ကိုယျဂရုမစိုကျဘူး Harry.. အဲ့လိုဖွဈလာမှာလညျး မဟုတျလို့" "တစ်နေ့ မင်းနဲ့ငါက ရန်သူတျြေဖစ္လာခဲ့ရင...