ဗီလိန်ကငါ့Systemကို၀င်စီးသွား...
By Berry_Xin
88.6K 14.3K 577
This novel is not mine.I'm just translated it for fun.If there is something wrong about my translation,then... More
Description
Chapter-1.1{Arc 1}
Explanation about System
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Notice
Chapter-11
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Not update‼️
Chapter-23
Chapter-24
Chapter-25{Arc 1 End}
Chapter-26{Arc 2}
Chapter-1.2
3.5K 580 5
By Berry_Xin
Unicode
ဗီလိန်ကအကြံကြီးတဲ့ဘော့စ်
သူဆေးကြောသုတ်သင်ပီးတာနဲ့ ခေါက်တင်ထားတဲ့အင်္ကျီလက်ကိုပြန်ချလိုက်တယ်။
သန့်စင်ခန်းကမထွက်ခင် သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်တယ်။
ပီးတော့သူဘတ်စ်ကားနဲ့မြေအောက်ရထားအဆင့်ဆင့်စီးပီး မြို့တော်ဆီရောက်ခဲ့တယ်။ညဘက်တွေမှာတောင် လူစည်ကားနေတဲ့မီးရောင်စုံနဲ့မြို့ကြီးပြကြီးပေါ့။
သိုးမွေးအင်္ကျီတွေ လောင်းကုတ်ရှည်တွေ၀တ်ထားတဲ့ဖြတ်သွားဖြတ်လာလူတွေက သူ့ကိုကြည့်သွားကြတယ်။
"ဟူး....ဆောင်းရာသီရီးမှာတောင်
ရှပ်အင်္ကျီလေးတစ်ထည်တည်းနဲ့ ဒီလူမချမ်းဘူးလားဟ"
"ဆိုပေမယ့်လည်း ရုပ်ခံလေးကချောသား"
ကုရှီးယွီက ချစ်ဖို့ကောင်းအောင်အလှဆင်ထားတဲ့ ကော်ဖီဆိုင်ထဲကို၀င်လိုက်တယ်။
"အမေရိကာနိုအအေးတစ်ခွက်ပေးပါ"
သူ့ရှေ့က ကောင်တာရှေ့မှာရပ်ပီး ကျသင့်ငွေဖြတ်ပိုင်းယူနေတဲ့အမျိုးသမီးက ရုတ်တရက်အသံလည်းကြားလိုက်ရော အထင်သေးသွားတဲ့အမူအရာပေါ်လာသည်။
အရောင်း၀န်ထမ်းမလေးက ခေါင်းမော့လာပီးကုရှီးယွီကို ခဏလောက်ငေးနေမိတယ်။ပီးမှဆိုင်အပြင်ဘက်ကနှင်းကျနေတာ တချက်ကြည့်ပီးပြောလိုက်တယ်"အမေရိကာနိုအအေးနော်"
"အင်း"
ကုရှီးယွီကဖြတ်ပိုင်းယူပီးဘေးနားမှာ စာင့်နေချိန်မှာပဲ လက်ရှိကောင်တာရှေ့မှာရပ်နေတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်တယ်။ဖုန်းပြောနေတဲ့သူမကိုကြည့်ရတာ အသက်၂၀ ၀န်းကျင်လောက်ပဲရှိအူးမယ်။
သူမရဲ့နက်မှောင်လှတဲ့ဆံပင်ရှည်ကို လှိုင်းတွန့်ပုံစံကောက်ထားတယ်။
မက်မွန်ပွင့်ကဲ့သို့ ရွှန်းစိုနေသောသူမ၏ မျက်လုံးတစုံဟာ သူမရဲ့လှုပ်ရှားမှုကိုပိုပီးကျက်သရေရှိအောင် ပံ့ပိုးပေးနေတယ်။
"ငါ့အဖေသာအတင်းဖိအားမပေးရင် အဲ့ကြင်ဖက်တွေ့ဖို့ သွားစရာအကြောင်းကိုမရှိဘူး"ပြောဆိုနေသံက အရမ်းမကျယ်ပေမယ့်လည်း ကုရှီးယွီကတော့သေချာကြားလိုက်ရတယ်။
တဖက်လူဘာပြန်ပြောမှန်းမသိပေမယ့် မိန်းက​လေးကမျက်လုံးကိုလှိမ့်လိုက်ပီး"
ဟိုအငယ်ဆုံးသားဆိုတဲ့ကောင်ကိုဘယ်လိုလုပ်မလဲ၊သူ့အဖေကရော ဘာတွေပေးတာတွေ့လို့လဲ။
အရင်ကမီဒီယာတွေရှေ့မှာကျ အဲ့သားကိုမရှိသလိုဘာလိုနဲ့ လုံး၀လေသံတောင်မဟဘူး။အခုလည်းအဲ့သားကို သဘောကျတဲ့ပုံမပေါ်ပါဘူး၊သူသေသွားရင်တောင် ဘာမှပေးခဲ့မယ့်ပုံမပေါ်ဘူး။"
"ပီးတော့ ဒင်းကလည်းလွန်ခဲ့တဲ့နှစ် မတော်တဆမှုဖြစ်ပီးကတည်းက မီဒီယာတွေရှေ့မှာပေါ်မလာတော့ဘူးလေ။
သူအဲ့မတော်တဆမှုကြောင့် တအားထိခိုက်သွားတယ်လို့ကြားတယ်။
အောက်ပိုင်းသေပီးဒုက္ခိတဖြစ်သွားရုံမကဘူး၊ဟိုဟာပါ မစွမ်းတော့ဘူးဆိုလားပဲ။
အဟင်း...သိတယ်မလား၊အဲ့ဟာသာအမှန်မဟုတ်ရင် သူဘာလို့အောင်မြင်နေတောင် တကိုယ်တည်းဖြစ်နေတာတုန်း"
သူမရဲ့လှိုင်းတွန့်ဆံပင်ကို လက်နဲ့ဆော့ကစားနေရင်း စိတ်ဆိုးလာတဲ့အမူအရာနဲ့"အမှန်ပြောရရင် ငါကသူ့တူကိုပိုစိတ်၀င်စားတာ၊ သူကရုပ်လည်းချောတယ်၊အရည်အချင်းလည်းရှိတယ်ဟ။
ဘယ်လိုလုပ်ရမလဲ၊ငါအဲ့ကြင်ဖက်တွေ့တာ လုံး၀မသွားချင်ပါဘူးဆို"
သူမဗျစ်တောက်ဗျစ်တောက်ပြောနေစဥ်မှာပဲ ကောင်တာနားမှာတွေ့တဲ့လူချောလေးဟာ ရုတ်တရက်သူမရှေ့ရောက်လာတယ်။
သူမခဏလောက်မှင်သက်သွားပီး ဖုန်းချလိုက်တယ်။တဖက်သူရဲ့မျက်၀န်းလှလှနဲ့ဆုံပီးတဲ့အခါမှာတော့ သူမကသိမ်သိမ်မွေမွေ့လေးပြောလိုက်တယ်"ဟဲ ဟဲလို"
တချိန်တည်းမှာပဲ တဖက်မှာရှိတဲ့အချိန်နဲ့ယန္တရားဌာနချုပ်မှာ ကမ္ဘာပျက်မတတ်ပရမ်းပတာတွေဖြစ်နေတယ်။
"Systemနံပါတ် W-XH3771 အား၁၇ကြိမ်မြောက် ပြန်လည်အသက်သွင်းနေပါပီ၊အသက်သွင်းမှုကျဆုံးပါတယ်။"
ထိန်းချုပ်ခန်းကလူတွေအကုန် ပျာယာခတ်ကုန်ကြတယ်။
Systemရဲ့မိန်းကလေးလိုအသံက အချက်အလက်တုံ့ပြန်မှုတွေ ထပ်ခါထပ်ခါထွက်ပေါ်လာလေ အားလုံးရဲ့မျက်နှာပေါ်ကစိုးရိမ်မှုတွေ ပိုများလာလေ။
သူတို့ပိုစိုးရိမ်လေ ကိုင်တွယ်ဖို့ပိုခက်ခဲလေပါပဲ။
ပြဿနာအစက ကုရှီးယွီတာ၀န်ထမ်းဆောင်ဖို့ စ ထွက်သွားတဲ့အချိန်ကတည်းကပါ။
"လခွမ်းပဲ၊ ခေါင်းဆောင်ဆီအချက်အလက်ပို့မယ့်Systemက မှားပီးပစ်မှတ်နဲ့ပေါင်းသွားပီ"
ဒါရိုက်တာက ထိုင်နေရာကခုန်ထလိုက်ပီး "ဘာရယ် Systemကမှားပီး ပစ်မှတ်နဲ့ပေါင်းစည်းသွားတယ်ဆိုတာ ဘာသဘောတုန်း"
ကုရှီးယွီအတွက် သူတို့ဌာနဘက်ကစီစဥ်ပေးထားတာက ပစ်မှတ်နဲ့ကမ္ဘာတွေရဲ့အသေးစိတ်အချက်အလက်တွေပေးနိုင်တဲ့ နောက်ဆုံးပေါ်အဆင့်မြှင့်ထားတဲ့Systemလေ။
သူ့ရဲ့ပစ်မှတ်နဲ့သက်ဆိုင်တဲ့တာ၀န်တွေကို အသင့်လျော်ဆုံးဖြစ်အောင်တွက်ချက်ပေးထားတာ။
အဲ့SystemကHostဖြစ်တဲ့ဂူရှီးယွီနဲ့ပေါင်းစည်းရမှာလေ၊ဘယ့်နှယ်လူမှားပီး
သွားပေါင်းရတာတုန်း။
"ကျ ကျနော်ဆိုလိုတာ ခေါင်းဆောင်ကုနဲ့ရှိနေတဲ့အရံSystemကိုပြောတာမဟုတ်ဘူး။ပုံမှန်ဆို Main Systemကအချက်အလက်ဌာန Eကိုသွားရမှာ၊ဌာနချုပ်နဲ့ခေါင်းဆောင်ကြား အဆက်အသွယ်ရအောင်နဲ့ ဒေတာတွေအသေးစိတ်စီစဥ်ဖို့လုပ်ရမှာ။ကျနော်လည်းမသိတော့ဘူးဗျာ။အခုက အချက်အလက်တွေကိုအခြားဆီပို့နေသလိုပဲ"
တာ၀န်ရှိတဲ့၀န်ထမ်းလေးဟာ ခေါင်းကိုငုံ့ထားပီး ငိုသံရီးနဲ့"ကျနော်တို့ ဒေတာပို့တာစောင့်နေတာ၊တကယ်ဆို ဆက်သွယ်ရေးဌာနချုပ်ကိုအရင်ပို့ပီးမှ အချက်အလက်ဌာနခွဲကိုပို့ရမှာ။အခုကကျတော့ Main Systemကအချက်အလက်ဌာနခွဲXကိုတန်းပို့လိုက်တယ်"
သူက အဓိကအချက်အလက်ဌာန၂၆ခုရှိတယ်။အဲ့၂၆ခုအောက်မှာမှ အချက်အလက်ဌာနခွဲတွေအများရီး ကွဲသွားတာ။
အချိန်နဲ့ယန္တရားဌာနချုပ်လို သူ့အောက်မှာဌာနခွဲတွေအများရီးရှိသလိုပဲ။
အချက်အလက်ဌာနခွဲတခုက ဌာနချုပ်နဲ့ချိတ်ဆက်ထားတဲ့အဓိကအချက်အလက်ဌာန၁ခု အောက်မှာရှိတယ်။အချက်အလက်ဌာနခွဲXက လွဲလို့ပေါ့။
နတ်ဆိုးဘုရင်ရဲ့၀ိဉာည်အစိတ်အပိုင်းတွေက ကမ္ဘာငယ်တွေထဲကွဲထွက်သွားပေမယ့် အဓိက၀ိဉာည်အစိတ်အပိုင်းက
အချက်အလက်ဌာနခွဲXကိုရောက်သွားတယ်။
သူ့မှာအဲ့ဌာနခွဲကိုထိန်းချုပ်လို့ရသွားပေမယ့် အားနည်းနေတော့မထွက်ခွာနိုင်ဘူး။
ပီးတော့ဌာနခွဲXရဲ့Mainဌာနကလည်းဖြတ်တောက်ထားတာကြာလှပီ။
အဲ့တော့နေရာလွတ်ကြီးလိုပဲ၊သူဘာမှလုပ်လို့မရဘူး။
တာ၀န်ထမ်းဆောင်သူရဲ့Systemလုပ်ငန်းအဆင့်ဆင့်က ပုံမှန်ဆိုဌာနခွဲကနေ Mainဌာနကိုသွား၊ပီးမှဌာနချုပ်ကနေပီး မစ်ရှင်တွေစစ်ဆေး ပြီးမြောက်မှုရလာဒ်တွေတွက်ချက်၊ပီးမှတာ၀န်ထမ်းဆောင်သူတွေဆီ အကြောင်းပြန်ရတာပါ။
"Systemနံပါတ် W-XH3771အား ၁၈ကြိမ်မြောက်ပြန်လည်အသက်သွင်းနေပါပီ။အသက်သွင်းမှုကျဆုံးပါတယ်"
အကြိမ်ကြိမ်ကျဆုံးပီးနောက် တက်ကြွပီးချစ်ဖို့ကောင်းတဲ့အသံလေး ၁သံကထိန်းချုပ်မှုစခရင်ထောင့်နားက ပေါ်လာပါတော့တယ်။
"ဂုဏ်ယူပါတယ်။Systemနံပါတ် W-XH3771က ပစ်မှတ်ရဲ့အချက်အလက်ဌာနနဲ့ပေါင်းစည်းသွားပါပီ။ပေါင်းစည်းမှုအောင်မြင်ပါတယ်"
စောစောက ယောက်ယက်ခတ်ပီး ခ၀ါသည်လင်ပျောက်သလိုဖြစ်နေတဲ့လူအုပ်ကြီးဟာ မီးကိုရေနဲ့ငြှိမ်းလိုက်သကဲ့သို့ငြိမ်ကျသွားတယ်။
"ဒေတာများစတင်စုဆောင်းနေပါပီ။စုဆောင်းမှုပီးပါပီ။စမတ်ကျတဲ့3771လေးရောက်ရှိလို့လာပါပီ"
တကယ်ကSystemကဒေတာတွေကိုဌာနချုပ်ကိုအရင်ပို့ရမှာလေ၊အခုကနတ်ဆိုးဘုရင်အဓိက၀ိဉာည်ရှိတဲ့ အချက်အလက်ရုံကိုတန်းပို့လိုက်တာလား။စမတ်ကျလှပါချည်ရဲ့ဆိုတဲ့ နောက်ဆုံးပေါ်အဆင့်မြှင့်ထားတဲ့Systemဆိုတဲ့ဟာကလေ။
"ဒင်းဒေါင်! သင့်ရဲ့စမတ်ကျတဲ့ပရိုဂရမ်3771လေးစတင်နေပါပီ။စမတ်ကျတဲ့Systemသေးသေးလေး လိုင်းပေါ်ရောက်ရှိလို့လာပါပီ"
အဲ့အသံလည်းကြားရော ဒါရိုက်တာဟာသေမိန့်ပေးခံရတဲ့လူလိုဖြစ်သွားရှာတယ်။သူအားလျော့စွာနဲ့ပဲ ထိုင်ခုံပေါ်ပစ်လဲကျသွားလေရဲ့။
နတ်ဆိုးရဲ့အဓိက၀ိဉာဥ်အစိတ်အပိုင်းက အားနည်းပီးမပြည့်စုံပေမယ့်လည်း ကမ္ဘာတွေဆီကအခြားအစိတ်အပိုင်းတွေနဲ့ပေါင်းလိုက်ရင် စွမ်းအားကြီးလာနိုင်တယ်။
အခုလိုကမ္ဘာတွေထဲမှာ လွှမ်းမိုးပိုင်ခွင့်ရသွားတာ နောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုတာ တွေးတောင်မတွေးရဲတော့ဘူး။
ကားလမ်းမကြီးပေါ်မှာ အနက်ရောင်ကားတစ်စီးဟာ ဖြေးဖြေးမှန်မှန်သွားနေတယ်။
ကားမောင်းနေတဲ့ ကျင်းခဲ့ဟာနောက်ကြည့်မှန်ကတဆင့် ကားနောက်ခုံကလူကိုကြည့်လိုက်တယ်။
အနက်ရောင်၀တ်စုံပြည့်နဲ့ လူဟာဘယ်သူနဲ့မှမတူတဲ့ အရှိန်အ၀ါတွေ၀န်းရံထားတယ်။
သူ့ပုံစံကအေးစက်တယ်ထင်ရပေမယ့်
မျက်၀န်းထဲကအံ့အားသင့်မှုနဲ့သံသယအရိပ်အရောင်တွေကိုသာမြင်လိုက်ရရင် အန္တရာယ်အရမ်းများတဲ့သူဆိုတာဘယ်သူမဆိုပြောနိုင်တယ်။
ကျင်းခဲ့က သူ့ဘော့စ်ကိုမသိမသာခိုးကြည့်ပီးတခုခုမှားနေမှန်းသိနေမယ့် ဘာကထူးဆန်းနေတယ်ဆိုတာ သူလည်းမခန့်မှန်းတတ်ဘူး။သူမေးချင်ပေမယ့်လည်း မမေးရဲဘူး၊ဘော့စ်ကလည်းတိတ်ဆိတ်နေတာပဲ။
နောက်ဆုံးသူ့ခမျာ ကားမောင်းတာကိုပဲအာရုံပြန်စိုက်လိုက်ရတယ်။
ကျီချင်ဟာ အခုလေးတင်အစည်းအ​ေ၀းပီးလို့ အိမ်ပြန်နေတဲ့လမ်းမှာပါ။
သူ့ခေါင်းကိုအပ်နဲ့ထိုးသလို တစစ်စစ်ထိုးကိုက်မလာခင်အထိ အားလုံးကပုံမှန်ပါပဲ။
သူ့ခေါင်းထဲတခုခုပြောင်းလဲတာခံစားလိုက်ရပေမယ့် ဘာကဘယ်လိုပြောင်းတယ်ဆိုတာသူမသိဘူး။
သေချာတာတခုက သူ့မျက်လုံးရှေ့မှာ ထူးဆန်းတဲ့ရုပ်ပုံတွေပေါ်လာတာ တွေ့လိုက်ရတာပဲ။
စခရင်ပေါ်မှာစာသားတွေအများရီးတက်လာသလိုမျိုးပေါ့။
သူ့နာမည်ရယ် သူ့ရဲ့အချက်အလက်တွေရယ်တွေ့ရုံမကဘူး၊ "တာ၀န်"ဆိုတဲ့ထူးဆန်းတဲ့စာလုံးပါ တွေ့လိုက်ရတယ်။
အဲ့တာ၀န်မှာ သူလက်ထပ်ဖို့စီစဥ်နေတဲ့လူရဲ့နာမည်တောင်ပါလိုက်သေး။
သူက လက်ရှိမှာမိသားစုတခုပျိုးထောင်ချင်စိတ်မရှိသေးပေမယ့် တကယ်လို့လက်ထပ်မယ်ဆိုရင်တော့ သူ့အတွက်အကျိုးအမြတ်အများဆုံးဆောင်ကြဥ်းပေးမယ့်သူကိုယူမှာတော့သေချာတယ်။
စိတ်၀င်စားဖို့ကောင်းတာက အဲ့တာ၀န်က သူလက်ထပ်မယ့်အစီအစဥ်မဖြစ်မြောက်အောင်လုပ်ခိုင်းတာပဲ။
ကျီချင်ဟာ စခရင်ပေါ်ကြည့်နေရင်း အကြာရီးစဥ်းစားခန်း၀င်နေခဲ့တယ်။
အဲ့နောက်မှာပဲ စာပို့လိုက်သလိုမျိုး စကားလုံးတွေမြင်လိုက်ရတယ်။
"လိုင်းပေါ်ရောက်နေပီလား"
အပေါ်ကအချက်အလက်တွေထက်စာရင် အဲ့စကားလုံးက လူတယောက်ကစကားပြောလိုက်သလိုမျိုးပဲ။
သူ့ခေါင်းထဲမှာ စကားပြောတဲ့အသံပါကြားလိုက်ရတယ်။
ကြည့်ရတာ ကောင်လေးတယောက်အသံပဲ၊အသံကလည်းစိတ်မရှည်သလိုခပ်အုပ်အုပ်အသံလိုမျိုး။
အဲ့စကားသံလည်းကြားလိုက်ရော ကျီချင်ဟာခဏလောက် မှင်သက်သွားတယ်။
"ငါလိန်လီနာနဲ့တွေ့ပီးပီ။သူမက ပစ်မှတ်နဲ့လက်ထပ်ချင်ပုံမရဘူး။ငါ သူမနဲ့ဆွေးနွေးပီးပီ။မနက်ဖန်ပစ်မှတ်ကိုသူမအစား ငါသွားတွေ့ပီး လက်ထပ်စာချုပ်အကြောင်းဆွေးနွေးကြမှာ"
"ဒါနဲ့ ပစ်မှတ်နဲ့ပတ်သက်တဲ့အချက်အလက်တွေက ဒါပဲလား"
ကျီချင်ဟာ လေးလေးနက်နက်ပြောနေတဲ့စကားသံတွေကြားပီးနောက် သူ့ဘေးကဖုန်းကိုယူလိုက်ပီး ဖုန်းစခရင်ကိုပိတ်လိုက် ဖွင့်လိုက်အကြိမ်ကြိမ်ပြုလုပ်နေတယ်။
သူပြုလုပ်နေတာရပ်လိုက်တဲ့အချိန်မှာ Systemစခရင်အကွက်ပေါ်မှာ စာတစ်ကြောင်းထွက်ပေါ်လာတယ်။
"မင်း ဘယ်သူလဲ"
- - - - - - - - - -
ဟူး ဒီတပိုင်းတော်တော်လည်ထွက်သွားတယ် ಥ_ಥ
Systemနဲ့ဌာနတွေကြားအချိတ်အဆက်ကို သေချာရှင်းပြထားတာ
ရှင်းရှင်းလင်းလင်းဖြစ်အောင် Xinက ဇယားနဲ့သပ်သပ်ပြောပြမယ်နော် ❛˓◞˂̵
အားလုံးကျန်းမာရေးဂရုစိုက်ကြပါ
( ˘ ³˘)♥
Zawgyi
သူ့ရှေ့က ကောင်တာရှေ့မှာရပ်ပီး ကျသင့်ငြွေဖတ်ပိုင်းယူနေတဲ့အမျိုးသမီးက ရုတ်တရက်အသံလည်းကြားလိုက်ရော အထင်သေးသွားတဲ့အမူအရာပေါ်လာသည်။
"အင်း"
"ငါ့အဖေသာအတင်းဖိအားမပေးရင် အဲ့ကြင်ဖက်တွေ့ဖို့ သွားစရာအကြောင်းကိုမရှိဘူး"ပြောဆိုနေသံက အရမ်းမကျယ်ပေမယ့်လည်း ဂူရှီးယွီကတော့သေချာကြားလိုက်ရတယ်။
တချိန်တည်းမှာပဲ တဖက်မှာရှိတဲ့အချိန်နဲ့ယန္တရားဌာနချုပ်မှာ ကမ္ဘာပျက်မတတ်ပရမ်းပတာတြွေဖစ်နေတယ်။
အဲ့SystemကHostဖြစ်တဲ့ကုရှီးယွီနဲ့ပေါင်းစည်းရမှာလေ၊ဘယ့်နှယ်လူမှားပီး
သွားပေါင်းရတာတုန်း။
အခုလိုကမ္ဘာတွေထဲမှာ လွှမ်းမိုးပိုင်ခွင့်ရသွားတာ နောက်ပိုင်းဘာတြွေဖစ်လာမလဲဆိုတာ တွေးတောင်မတွေးရဲတော့ဘူး။
ကျီချင်ဟာ အခုလေးတင်အစည်းအ​ဝေးပီးလို့ အိမ်ပြန်နေတဲ့လမ်းမှာပါ။
အဲ့နောက်မှာပဲ စာပို့လိုက်သလိုမျိုး စကားလုံးတြွေမင်လိုက်ရတယ်။
"မင်း ဘယ်သူလဲ"
- - - - - - - - - -
( ˘ ³˘)♥
Continue Reading
You'll Also Like
305K 30.5K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...
173K 20.4K 64
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
161K 14.5K 36
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and imaginary Characte...
19.7K 3.2K 42
ဘာသာပြန်သူ - စွဲညို့အသင်း