ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄�...

By Hinata_Chi

1.1M 143K 5.7K

လျှပ်စစ်မီးတောင် မရတဲ့ ဒီဒေသလေးမှာ မင်းနဲ့ အတူရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် ကိုယ့်ကမ္ဘာငယ်က ပြည့်စုံနေပြီ။ လၽွ... More

INTRO
Page 1
Page 2
Page 3
Page 4
Page 5
Page 6
Page 7
Page 8
NOTE
Page 9
Page 10
Page 11
Page 12
Page 13
Page 14
Page 15
Page 16
Page 17
Page 18
Page 19
Page 20
Page 21
Page 22
Page 23
Page 24
Page 25
Page 26
Page 27
Page 28
Page 29
Page 30
Page 32
Page 33
Page 34
Page 35
Page 36
Page 37
Page 38
Page 39
Page 40 🌱
Page 41 🌱
Page 42 🌱
Page 43 🌱
Page 44 : FINAL 🌱
Note 🍀
EXTRA 1
EXTRA 2
EXTRA 3
EXTRA 4 🌲
EXTRA 5
EXTRA 6
🌱
About Book 🌱

Page 31

17.4K 2.5K 107
By Hinata_Chi

တစ်ယောက်အိပ် ကုတင်နှစ်လုံးဖြင့် ဖွဲ့စည်းထားသော အခန်းငယ်သည် တိတ်တိတ်ဆိတ်ဆိတ်လေးသာ။
သစ်သားစာပွဲခုံပေါ်မှ မီးအိမ်လေးကြောင့် ဤအခန်းလေး၌ အဝါဖျော့ရောင် အလင်းတန်းတို့ လွှမ်းမိုးနေ၏။

"သည်းငယ် ကိုယ်တို့ ထမင်းစားကြရအောင်"

အချိန်အတော်ကြာ အေးစက်နေသော လေထုကို ပြန်လည် အသက်သွင်းရန် မိုင်စိုင် ကြိုးစားမိ၏။ အဖုံး ဖွင့်ထားသော ဖော့ဘူးအတွင်းရှိ ထမင်းပေါင်း ပူပူနွေနွေးတို့သည် အငွေ့တထောင်းထောင်းနှင့် စားချင်စဖွယ်။
ထမင်းဘူးကို ဖွင့်၍ လွမ်းငယ်ဆီ ကမ်းပေးသော်လည်း ထိုကောင်လေးသည် လှမ်းမယူ။ အခန်းထောင့်သို့သာ တွေတွေလေး ငေးကြည့်နေ၏။

"ဘာတွေ ကြည့်နေတာတုံး ကောင်လေး"

အဖြေမရမည်မှန်း သိလျှက်နှင့် မိုင်စိုင်း မေးခွန်း ထုတ်မိသည်။ ကုတင်ပေါ်၌ ထိုင်နေသော လွမ်းငယ်၏
ဘေးနားသို့ သွားထိုင်ကာ ပခုံးလေးကို ပုတ်လိုက်တော့မှ မိုင်စိုင်းထံ ခေါင်းလေး လှည့်လာ၏။ ဆုံချက်မိသော ထိုမျက်ဝန်းငယ်တို့၌ ခံစားချက်တို့ မရှိ။ ဗလာသက်သက်သာ။ ချစ်ခြင်းတို့ ဖုံးလွှမ်းနေသော မျက်ဝန်းငယ်ကို မိုင်စိုင်း မျှော်လင့်မိပါလျှင် လောဘကြီးရာများ ရောက်သွားမည်လား။

"ကိုယ်ခွံ့ကျွေးမယ်လေ"

နှုတ်ခမ်းနားသို့ ဇွန်းလေး တေ့ပေးသော်လည်း
နှုတ်ဖျားလေးသည် ဖွင့်ဟမလာခြင်း မရှိ။

"သည်းငယ် ဗိုက်မဆာဘူးလား"

ကောင်လေးသည် မိုင်စိုင်း၏ အမေးကို အာရုံရှိပုံ မရ။
မျက်ဝန်းစိမ်းတွေဖြင့်သာ မိုင်စိုင်းထံ စိုက်ကြည့်နေသည်။
သူ့မျက်စိရှေ့မှ ကတုံးဆံပင်ပေါက်နှင့် အမျိုးသားလေး၏ မတုန်မလှုပ် ပုံစံလေးသည် မိုင်စိုင်းအတွက်တော့ မြတ်နိုးဖွယ်ရာ။ အသည်းယားလာသည်မလို့ မျက်နှာလေးကို လက်ဖဝါးနှစ်ဖက် အတွင်း ထည့်ကာ အနားသို့ တိုးသွားမိတော့ မျက်လုံးလေးတွေသည်
အနည်းငယ် ကျယ်လာ၏။

"ကိုယ်မေးတာကို ဖြေပါအုံး"

မိုင်စိုင်း၏ ကြိုးစားမှုသည် မအောင်မြင်။ စကားနည်းသည် ဆိုသော ကောင်လေးသည် ယခုတော့ စကားကို လုံ့ဝ မပြောတော့။ အချိန်အတော်ကြာသည် အထိ မျက်နှာလေးကို ပင့်ကိုင်ကာ မျက်ဝန်းငယ်တို့ထံ
စိုက်ကြည့်နေမိ၏။

"နာနေလား"

မိုင်စိုင်း၏ အကြားအာရုံသို့ စီးဆင်းလာသည့် တိုးတိုးညင်ညင် အသံလေး။ လေညင်းတွေထက် ပို၍ တိုးလျသလို လေပြည်တွေထက် ပို၍ ညင်သာသည့် အသံ။ ထို့နောက် မိုင်စိုင်း၏ ပါးပြင်ပေါ်သို့ ထိတွေ့လာသည့် လက်ချောင်း နုနုလေး။ မေမေ ရိုက်လိုက်သည့် ဘယ်ဘက် ပါးပြင်ဆီ ခပ်ဖွဖွလေး ထိတွေ့ရင်း ချစ်ရသူသည်
မိုင်စိုင်းထံ အမေးစကား ဆိုလာ၏။ ချစ်ရသူ၏ နှုတ်ဖျားမှ ထွက်လာသော ကြုံတောင့်ကြုံခဲ စကားလေးမလို့ မိုင်စိုင်း၏ နှလုံးသားလေးမှာ လှိုက်မောရသည် အထိ
ကြည်နူး၊ ပျော်ရွှင်ရ၏။

"နည်းနည်းတော့ နာသေးတယ်"

ချစ်သူ၏ လက်ချောင်းလေးတွေပေါ်မှ အုပ်မိုး၍ ကိုင်ကာ နာကျင်မှုကို အမှန်အတိုင်း ဝန်ခံမိ၏။ မနာပါဘူး ဟူ၍လည်း လိမ်ညာ မပြောချင်။ ခေါင်လွမ်းဆိုသော လူသားလေး၏ ရှေ့သို့ရောက်တိုင်း မိုင်စိုင်းသည် ဘာကိုမျှ
ဖုံးကွယ်ထားခြင်း မရှိဘဲ လွတ်လပ်စွာ ရှင်သန်ချင်မိသည်။

"ကိုယ့်ကို စိတ်ပူနေတာလား"

မျက်စိရှေ့မှ အကောင်ပေါက်လေး၏ မျက်ဝန်းတွေထံ စိုက်ကြည့်ကာ ပြောမိတော့ မိုင်စိုင်းဆီမှ အကြည့်လွှဲသွား၏။ ထို့နောက် မိုင်စိုင်း၏ လက်အတွင်းမှ လက်ချောင်းလေးများကို ပြန်လည် ရုပ်သိမ်းသွားသည်။
လစ်ဟာသွားသည့် အနွေးဓာတ်နှင့် အတူ ဖြစ်တည်လာသည်က ရင်တွင်းမှ နာကျင်မှု။ တစ်ခါတလေ နွေးထွေးကာ၊ တစ်ခါတလေ အေးစက်သွားတတ်သည့် ခေါင်လွမ်း၏ အပြုအမူလေးတွေက မိုင်စိုင်းကို ဝမ်းနည်းစေသည်။

"သည်းငယ်"

မိုင်စိုင်း၏ ရေရွတ်သံသည် အခန်းငယ်လေးကို ဖုံးလွှမ်းသွားစေ၏။ စိတ်လှုပ်ရှား ပျော်ရွှင်၍ ထွက်သွားမိသော စကားလုံးသည် ချစ်ရသူကို ကိုယ်စားပြုသော နာမ်စားလေးသာ။ မိုင်စိုင်း၏ ပါးပြင်ပေါ်သို့ ဖျတ်ခနဲ ရောက်လာသည့် နှုတ်ခမ်းဖျားလေး။ တစ်စက္ကန့်လောက်တောင် ကြာမည် မထင်သော အနွေးဓာတ်လေးသည် မိုင်စိုင်း၏ တစ်ကိုယ်လုံးကိုတော့ ပူနွေးသွားအောင် ပြုစားနိုင်သည်။

အနမ်းတစ်ပွင့်ကို ခြွေချပြီးသည်နောက် ထွက်လာသည့် စကားလေးက တိုးတိုးလေးရယ်။

"မနာနဲ့တော့"

ထိုနေ့တုန်းက မိုင်စိုင်းထံမှ နာကျင်မှု အပေါင်းကို အနမ်းတစ်ပွင့်မှ ဆောင်ယူသွားခဲ့၏။

----- ----- -----

"ရင်ဘတ်ကရော နာသေးလား လူလေး"

ဒေါက်တာ၏ အမေးကို ခေါင်လွမ်းသည် ခေါင်းလေး ခါပြ၏။ ခါတိုင်းဆို မတုန်မလှုပ် ကောင်လေးသည် ဒီတစ်ပတ်အတွင်း အနည်းငယ်တော့ ပြောင်းလဲစပြုလာသည်။

တစ်ခါတလေ မိုင်စိုင်းကို စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောလာတတ်သလို ယခုကဲ့သို့ မေးခွန်းတွေ မေးတိုင်းလည်း ခေါင်းညိတ်၊ ခေါင်းခါ ပြန်လုပ်ပြတတ်၏။

"မင်းက သည်လူလေးရဲ့ ကိုကိုဆိုတဲ့ သူလား"

"ဟုတ်ကဲ့ ဒေါက်တာ"

ဒေါက်တာကြီးသည် မိုင်စိုင်းထံ ပြုံး၍ ကြည့်လာ၏။

"သည်လူလေး တတွတ်တွတ် ရွတ်နေတဲ့ ကိုကိုဆိုတာ မင်းကိုပြောတာကို"

"တတွတ်တွတ် ရွတ်တယ်"

မိုင်စိုင်း နားမလည်စွာ ပြန်မေးမိတော့ ဒေါက်တာ၏ ရယ်သံကို ကြားလိုက်ရသည်။

"အရင်တစ်ခေါက် လာပြတုန်းကလေ သည်လူလေး မကြာခဏ ရေရွတ်တဲ့ စကားတွေရှိလားလို့ မေးကြည့်တာ ကိုကိုဆိုပြီး တတွတ်တွတ် ရွတ်နေတာတဲ့။
သည်ကောင်လေးနဲ့ အတူ အရင်တစ်ခါက်က ပါလာတဲ့
လူငယ်လေးက ပြောတာပဲ"

ဒေါက်တာ ပြောသည့် လူငယ်လေးသည် ကျော်နေသာ ဖြစ်မည်မှန်း မိုင်စိုင်း ခန့်မှန်းမိလိုက်၏။ သူ၏ လက်ဖဝါးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည့် ကောင်လေးထံ ကြည့်ကာ မိုင်စိုင်း ပြုံးလိုက်သည်။ ကိုကိုဟူသော နာမ်စားလေးကို လွမ်းငယ်သည် တဖွဖွ ရေရွတ်နေခဲ့သည်တဲ့လား။ စိတ်ထဲ ပျော်ရွှင်မိပေမဲ့ တစ်ချိန်တည်းမှာပဲ နှလုံးသားသည် နာကျင်ရပြန်သည်။ မိမိနှင့် ဝေးကွာနေသော အချိန်တွေ၌ သည်ကောင်လေးတစ်ယောက် မိမိကို မည်မျှအထိ လွမ်းဆွတ်နေလိမ့်မည်လဲ။

"ကြည့်ရတာ ညီအစ်ကိုတော့ မဖြစ်နိုင်ဘူး"

ဒေါက်တာ၏ အသံကို ကြားမှ မိုင်စိုင်း၏ အတွေးနယ်ချဲ့မှုတို့မှာ အဆုံးသတ်သွားတော့၏။

"ကျွန်တော်တို့က ချစ်သူတွေပါ"

မိုင်စိုင်းသည် ခပ်ဟဟ ရယ်ရင်း ပြောလိုက်သည်။
ထိုအသံ၌ ရှက်ရွံ့နေခြင်း မရှိ။ မိမိ၏ မြတ်နိုးသူကို ရဲဝံ့စွာ ချပြသည့် ဟန်ပန်သာ ရှိသည်။ တစ်ချို့က မိမိတို့လို ဆက်ဆံရေးမျိုးကို ရှက်ရွံ့စရာဟု ပြောတတ်ကြ၏။ ထိုအတွက် မိုင်စိုင်း ဒေါသထွက်မိခြင်း မရှိသလို၊
စိတ်မကောင်း ဖြစ်မိခြင်းလည်း မရှိ။ အရေးကြီးသည်က မိမိ ချစ်မြတ်နိုးရသူနှင့် အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ပဲမလား။ ပတ်ဝန်းကျင်၏ ပြောစကားများကိုသာ ဂရုစိုက်နေရလျှင် မိုင်စိုင်း၏ နေ့ရက်တိုင်းက အသက်ရှူကြပ်နေရလိမ့်မည်။

"အဟမ်း။ ဆရာက အဘိုးကြီးပေမဲ့ ခေတ်မီပါတယ်ကွာ"

မျက်မှန်ကြီးကို ပင့်ကာပြောလာသော ဒေါက်တာသည် သူတို့နှစ်ယောက်ကို ပြုံး၍ ပြောလာသည်။ ထိုအပြုံးတို့မှာ လှောင်ပြောင်ခြင်းတို့ ကင်းမဲ့သည့် ပကတိ ဖြူစင်သော အပြုံးတို့သာ။ တစ်ချို့သောလူတွေက သူတို့ကို
ကဲ့ရဲ့ ရှုတ်ချကြပေမဲ့ တစ်ချို့ လူတွေကျပြန်တော့လည်း
စာနာ နားလည်ပေးနိုင်ကြသည်မလား။ အထင်သေးသော အကြည့်ဖြင့် ကြည့်လာမည်အထိ မိုင်စိုင်း
မျှော်လင့်ခဲ့ပြီးပေမဲ့ ဒေါက်တာသည် သူတို့ နှစ်ဦးထံ နွေးထွေးသော အကြည့်ဖြင့်သာ ပြန်လည်
တုံ့ပြန်လာတော့ ရင်ထဲ၌ ကြည်နူးရသည်မှာ အမှန်။

"လူလေးရဲ့ အခြေအနေက တိုးတက်လာပြီ ပြောရမယ်။ ဆေးသောက်ဖို့ကလည်း လိုပေမဲ့ သူ့ရဲ့စိတ်ချမ်းသာဖို့ကတော့ အဓိကပေါ့ကွာ။ သူ့ကို စိတ်ချမ်းသာအောင် ထားပေါ့ ဟုတ်ပြီလား။ အခြေအနေ ကောင်းသွားပြီဆို ဆရာ့ဆီ ထပ်မလာနဲ့တော့။ အားဆေးလေးသာ မှန်မှန်ဆက်တိုက်"

"ကျေးဇူးတင်ပါတယ်နော် ဒေါက်တာ"

မိုင်စိုင်း ပြုံး၍ ပြောမိတော့ ဒေါက်တာ ဘက်မှလည်း
ပြန်ပြုံးပြလာသည်။

"ဒါနဲ့ မင်းတို့ နှစ်ယောက် လိုက်ဖက်တယ်။
အိုအောင်မင်းအောင် အထိ ပေါင်းဖက်နိုင်ကြပါစေကွာ"

လက်ဖဝါးအတွင်း၌ ရှိသော လက်ချောင်းလေးများကို ပို၍ တင်းကျပ်စွာ မိုင်စိုင်း ဆုပ်ကိုင်လိုက်၏။ စကားလေးသည် တစ်ခွန်းတည်းသာ ဆိုပေမဲ့ ထိုစကားလေးကပဲ တစ်ဖက်လူ၏ စိတ်နှလုံးသားကို နွေးထွေးစေသည့် မဟုတ်လား။ အခန်းတံခါးကို ဖွင့်ကာ ထွက်မည်ပြင်ခိုက်
ကြားလိုက်ရသော ဆုတောင်းစကားသံက
မိုင်စိုင်း၏ နှလုံးသား အတွင်းသို့ စီးဝင်လာသည်။

"ကျေးဇူးတင်ပါတယ် ဒေါက်တာ။ ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ"

တစ်ချို့သော ဆုတောင်းတွေက သံသရာ
အဆက်ဆက်ထိပါ ပြည့်ချင်မိတာမျိုး။

---- ---- ----- -----

ဧည့်ရိပ်သာ၌ ရက်အကြာကြီးနေရန် အဆင်မပြေသည့် အတွက် အိမ်ငှားရန် မိုင်စိုင်း စီစဉ်ရသည်။ ခေါင်လွမ်း အခြေအနေ ပြန်ကောင်းလာလျှင် ကချင်ပြည်နယ်သို့
ပြန်မည် ဖြစ်သည့်အတွက် ရန်ကုန်၌ အချိန်ကြာကြာတော့ နေရမည် မဟုတ်။ ထို့ကြောင့်အများဆုံး သုံးလလောက်သာ ငှားချင်သော မိုင်စိုင်းအဖို့ အိမ်အငှား ရှာဖွေရာ၌ အခက်အခဲတွေ ရှိခဲ့၏။ သို့သော်လည်း နောက်ဆုံးတော့ မိုင်စိုင်း အဆင်ပြေခဲ့ပါသည်။ မြို့လယ်ခေါင် မဟုတ်ပေမဲ့ သည်နေရာလေးမှာ
သူ့နေရာနှင့်သူ စည်ကားလှသည်။ 

မိုင်စိုင်းတို့ ယခုရောက်ရှိနေသည့် နေရာသည် ကိတ်မုန့်ဆိုင်လေး တစ်ခု။ လွန်ခဲ့သည့် နှစ်ရက်လောက်ကမှ သည်နေရာလေးဆီ ပြောင်းလာခဲ့ခြင်း ဖြစ်ပေမဲ့ သည်ကိတ်မုန့်ဆိုင်လေးထဲကိုတော့ မိုင်စိုင်း အကြိမ်ကြိမ် ဝင်ထွက်ခဲ့ဖူးပါပြီ။ အိမ်ပြောင်းလာသည့် ရက်တုန်းက ကိတ်ဆိုင်လေးဆီ ငေးကြည့်နေသော ကောင်လေးကြောင့် ဆိုင်လေးထဲ ခေါ်သွားမိရာမှ အစပြု၍ ဂွမ်းလုံးလေးသည် ကိတ်မုန့်ဆိုသည့် အသံကြားသည်နှင့်
ခေါင်းလေး ထောင်လာတော့၏။

"ဘယ်ကိတ်မုန့်လေး စားချင်တာလဲ"

လက်ညှိုး ထိုးပြလာသည်က ပန်းရောင်ခရင်ဖြင့် အလှဆင်ထားသည့် စတော်ဘယ်ရီ ကိတ်မုန့်လေး။
ခါတိုင်း အချိန်တွေဆို မတုန်မလှုပ်သာ နေတတ်သော ခေါင်လွမ်းသည် သည်ကိတ်မုန့်ဆိုင်လေးထဲ ရောက်သွားလျှင်တော့ မျက်လုံးလေးတွေ အရောင်တောက်ကာ တက်ကြွနေဟန်တူသည်။ ထမင်းကျွေးလျှင် အတင်းငြင်းဆန်းတတ်သော
ချစ်ရသူသည် ကိတ်မုန့်ဆိုလျှင်တော့ ဘယ်နှစ်ခါပဲ စားရ၊စားရ တက်ကြွနေတော့၏။

"ဖြည်းဖြည်းစား သည်းငယ်"

စားပွဲခုံပေါ် ကိတ်မုန့် ပန်းကန်လေး လာချပေးသည်နှင့် တစ်ပြိုင်နက် ဇွန်းအပြည့် ကော်ယူကာ ပလုတ်ပလောင်း စားနေသော ကောင်လေးသည် ပါးလေးတွေ ဖောင်းအစ်ပြီး ဝါဂွမ်းလုံးလေးလို ဖြစ်နေ၏။ ထို့ကြောင့် အသည်းယားမှုဖြင့် ဂွမ်းလုံး၏ ပါးနုနုလေးကို မိုင်စိုင်း ဆွဲညစ်လိုက်တော့သည်။

"ကိုယ်တော့ တကယ့် ကလေးလေးကို ရထားတာပဲ"

နှုတ်ခမ်းထောင့်နား၌ ပေနေသည့် ခရင်များကို တစ်ရှူးဖြင့် ခပ်ဖွဖွလေး သုတ်ပေးရင်း မိုင်စိုင်း ရေရွတ်မိ၏။
လွမ်းငယ်လေး ယခုလို အစားတွေ အားပါးတရ စားနိုင်ပြီး စိတ်လေး ကြည်လင်နေရုံနှင့်တင် မိုင်စိုင်း အတွက်တော့
ပျော်ရွှင်မှုကြီး ဖြစ်သည်။

#10.7.21

တစ္ေယာက္အိပ္ ကုတင္ႏွစ္လံုးျဖင့္ ဖြဲ႕စည္းထားေသာ အခန္းငယ္သည္ တိတ္တိတ္ဆိတ္ဆိတ္ေလးသာ။
သစ္သားစာပြဲခံုေပၚမွ မီးအိမ္ေလးေၾကာင့္ ဤအခန္းေလး၌ အဝါေဖ်ာ့ေရာင္ အလင္းတန္းတို႔ လႊမ္းမိုးေန၏။

"သည္းငယ္ ကိုယ္တို႔ ထမင္းစားၾကရေအာင္"

အခ်ိန္အေတာ္ၾကာ ေအးစက္ေနေသာ ေလထုကို ျပန္လည္ အသက္သြင္းရန္ မိုင္စိုင္ ႀကိဳးစားမိ၏။ အဖံုး ဖြင့္ထားေသာ ေဖာ့ဘူးအတြင္းရွိ ထမင္းေပါင္း ပူပူေႏြေႏြးတို႔သည္ အေငြ႕တေထာင္းေထာင္းႏွင့္ စားခ်င္စဖြယ္။
ထမင္းဘူးကို ဖြင့္၍ လြမ္းငယ္ဆီ ကမ္းေပးေသာ္လည္း ထိုေကာင္ေလးသည္ လွမ္းမယူ။ အခန္းေထာင့္သို႔သာ ေတြေတြေလး ေငးၾကည့္ေန၏။

"ဘာေတြ ၾကည့္ေနတာတုံး ေကာင္ေလး"

အေျဖမရမည္မွန္း သိလၽွက္ႏွင့္ မိုင္စိုင္း ေမးခြန္း ထုတ္မိသည္။ ကုတင္ေပၚ၌ ထိုင္ေနေသာ လြမ္းငယ္၏
ေဘးနားသို႔ သြားထိုင္ကာ ပခံုးေလးကို ပုတ္လိုက္ေတာ့မွ မိုင္စိုင္းထံ ေခါင္းေလး လွည့္လာ၏။ ဆံုခ်က္မိေသာ ထိုမ်က္ဝန္းငယ္တို႔၌ ခံစားခ်က္တို႔ မရွိ။ ဗလာသက္သက္သာ။ ခ်စ္ျခင္းတို႔ ဖံုးလႊမ္းေနေသာ မ်က္ဝန္းငယ္ကို မိုင္စိုင္း ေမၽွာ္လင့္မိပါလၽွင္ ေလာဘႀကီးရာမ်ား ေရာက္သြားမည္လား။

"ကိုယ္ခြံ႕ေကၽြးမယ္ေလ"

ႏႈတ္ခမ္းနားသို႔ ဇြန္းေလး ေတ့ေပးေသာ္လည္း
ႏႈတ္ဖ်ားေလးသည္ ဖြင့္ဟမလာျခင္း မရွိ။

"သည္းငယ္ ဗိုက္မဆာဘူးလား"

ေကာင္ေလးသည္ မိုင္စိုင္း၏ အေမးကို အာရံုရွိပံု မရ။
မ်က္ဝန္းစိမ္းေတြျဖင့္သာ မိုင္စိုင္းထံ စိုက္ၾကည့္ေနသည္။
သူ႔မ်က္စိေရွ႕မွ ကတံုးဆံပင္ေပါက္ႏွင့္ အမ်ိဳးသားေလး၏ မတုန္မလႈပ္ ပံုစံေလးသည္ မိုင္စိုင္းအတြက္ေတာ့ ျမတ္ႏိုးဖြယ္ရာ။ အသည္းယားလာသည္မလို႔ မ်က္ႏွာေလးကို လက္ဖဝါးႏွစ္ဖက္ အတြင္း ထည့္ကာ အနားသို႔ တိုးသြားမိေတာ့ မ်က္လံုးေလးေတြသည္
အနည္းငယ္ က်ယ္လာ၏။

"ကိုယ္ေမးတာကို ေျဖပါအံုး"

မိုင္စိုင္း၏ ႀကိဳးစားမႈသည္ မေအာင္ျမင္။ စကားနည္းသည္ ဆိုေသာ ေကာင္ေလးသည္ ယခုေတာ့ စကားကို လံု႔ဝ မေျပာေတာ့။ အခ်ိန္အေတာ္ၾကာသည္ အထိ မ်က္ႏွာေလးကို ပင့္ကိုင္ကာ မ်က္ဝန္းငယ္တို႔ထံ
စိုက္ၾကည့္ေနမိ၏။

"နာေနလား"

မိုင္စိုင္း၏ အၾကားအာရံုသို႔ စီးဆင္းလာသည့္ တိုးတိုးညင္ညင္ အသံေလး။ ေလညင္းေတြထက္ ပို၍ တိုးလ်သလို ေလျပည္ေတြထက္ ပို၍ ညင္သာသည့္ အသံ။ ထို႔ေနာက္ မိုင္စိုင္း၏ ပါးျပင္ေပၚသို႔ ထိေတြ႕လာသည့္ လက္ေခ်ာင္း ႏုႏုေလး။ ေမေမ ရိုက္လိုက္သည့္ ဘယ္ဘက္ ပါးျပင္ဆီ ခပ္ဖြဖြေလး ထိေတြ႕ရင္း ခ်စ္ရသူသည္
မိုင္စိုင္းထံ အေမးစကား ဆိုလာ၏။ ခ်စ္ရသူ၏ ႏႈတ္ဖ်ားမွ ထြက္လာေသာ ၾကံဳေတာင့္ၾကံဳခဲ စကားေလးမလို႔ မိုင္စိုင္း၏ ႏွလံုးသားေလးမွာ လိွုက္ေမာရသည္ အထိ
ၾကည္ႏူး၊ ေပ်ာ္ရႊင္ရ၏။

"နည္းနည္းေတာ့ နာေသးတယ္"

ခ်စ္သူ၏ လက္ေခ်ာင္းေလးေတြေပၚမွ အုပ္မိုး၍ ကိုင္ကာ နာက်င္မႈကို အမွန္အတိုင္း ဝန္ခံမိ၏။ မနာပါဘူး ဟူ၍လည္း လိမ္ညာ မေျပာခ်င္။ ေခါင္လြမ္းဆိုေသာ လူသားေလး၏ ေရွ႕သို႔ေရာက္တိုင္း မိုင္စိုင္းသည္ ဘာကိုမၽွ
ဖံုးကြယ္ထားျခင္း မရွိဘဲ လြတ္လပ္စြာ ရွင္သန္ခ်င္မိသည္။

"ကိုယ့္ကို စိတ္ပူေနတာလား"

မ်က္စိေရွ႕မွ အေကာင္ေပါက္ေလး၏ မ်က္ဝန္းေတြထံ စိုက္ၾကည့္ကာ ေျပာမိေတာ့ မိုင္စိုင္းဆီမွ အၾကည့္လႊဲသြား၏။ ထို႔ေနာက္ မိုင္စိုင္း၏ လက္အတြင္းမွ လက္ေခ်ာင္းေလးမ်ားကို ျပန္လည္ ရုပ္သိမ္းသြားသည္။
လစ္ဟာသြားသည့္ အေႏြးဓာတ္ႏွင့္ အတူ ျဖစ္တည္လာသည္က ရင္တြင္းမွ နာက်င္မႈ။ တစ္ခါတေလ ေႏြးေထြးကာ၊ တစ္ခါတေလ ေအးစက္သြားတတ္သည့္ ေခါင္လြမ္း၏ အျပဳအမူေလးေတြက မိုင္စိုင္းကို ဝမ္းနည္းေစသည္။

"သည္းငယ္"

မိုင္စိုင္း၏ ေရရြတ္သံသည္ အခန္းငယ္ေလးကို ဖံုးလႊမ္းသြားေစ၏။ စိတ္လႈပ္ရွား ေပ်ာ္ရႊင္၍ ထြက္သြားမိေသာ စကားလံုးသည္ ခ်စ္ရသူကို ကိုယ္စားျပဳေသာ နာမ္စားေလးသာ။ မိုင္စိုင္း၏ ပါးျပင္ေပၚသို႔ ဖ်တ္ခနဲ ေရာက္လာသည့္ ႏႈတ္ခမ္းဖ်ားေလး။ တစ္စကၠန္႔ေလာက္ေတာင္ ၾကာမည္ မထင္ေသာ အေႏြးဓာတ္ေလးသည္ မိုင္စိုင္း၏ တစ္ကိုယ္လံုးကိုေတာ့ ပူေႏြးသြားေအာင္ ျပဳစားႏိုင္သည္။

အနမ္းတစ္ပြင့္ကို ေႁခြခ်ၿပီးသည္ေနာက္ ထြက္လာသည့္ စကားေလးက တိုးတိုးေလးရယ္။

"မနာနဲ႔ေတာ့"

ထိုေန႔တုန္းက မိုင္စိုင္းထံမွ နာက်င္မႈ အေပါင္းကို အနမ္းတစ္ပြင့္မွ ေဆာင္ယူသြားခဲ့၏။

----- ----- -----

"ရင္ဘတ္ကေရာ နာေသးလား လူေလး"

ေဒါက္တာ၏ အေမးကို ေခါင္လြမ္းသည္ ေခါင္းေလး ခါျပ၏။ ခါတိုင္းဆို မတုန္မလႈပ္ ေကာင္ေလးသည္ ဒီတစ္ပတ္အတြင္း အနည္းငယ္ေတာ့ ေျပာင္းလဲစျပဳလာသည္။

တစ္ခါတေလ မိုင္စိုင္းကို စကား တစ္ခြန္းစ၊ ႏွစ္ခြန္းစ ေျပာလာတတ္သလို ယခုကဲ့သို႔ ေမးခြန္းေတြ ေမးတိုင္းလည္း ေခါင္းညိတ္၊ ေခါင္းခါ ျပန္လုပ္ျပတတ္၏။

"မင္းက သည္လူေလးရဲ႕ ကိုကိုဆိုတဲ့ သူလား"

"ဟုတ္ကဲ့ ေဒါက္တာ"

ေဒါက္တာႀကီးသည္ မိုင္စိုင္းထံ ျပံဳး၍ ျကည့္လာ၏။

"သည္လူေလး တတြတ္တြတ္ ရြတ္ေနတဲ့ ကိုကိုဆိုတာ မင္းကိုေျပာတာကို"

"တတြတ္တြတ္ ရြတ္တယ္"

မိုင္စိုင္း နားမလည္စြာ ျပန္ေမးမိေတာ့ ေဒါက္တာ၏ ရယ္သံကို ၾကားလိုက္ရသည္။

"အရင္တစ္ေခါက္ လာျပတုန္းကေလ သည္လူေလး မၾကာခဏ ေရရြတ္တဲ့ စကားေတြရွိလားလို႔ ေမးၾကည့္တာ ကိုကိုဆိုၿပီး တတြတ္တြတ္ ရြတ္ေနတာတဲ့။
သည္ေကာင္ေလးနဲ႔ အတူ အရင္တစ္ခါက္က ပါလာတဲ့
လူငယ္ေလးက ေျပာတာပဲ"

ေဒါက္တာ ေျပာသည့္ လူငယ္ေလးသည္ ေက်ာ္ေနသာ ျဖစ္မည္မွန္း မိုင္စိုင္း ခန္႔မွန္းမိလိုက္၏။ သူ၏ လက္ဖဝါးကို ခပ္တင္းတင္း ဆုပ္ကိုင္ထားသည့္ ေကာင္ေလးထံ ၾကည့္ကာ မိုင္စိုင္း ျပံဳးလိုက္သည္။ ကိုကိုဟူေသာ နာမ္စားေလးကို လြမ္းငယ္သည္ တဖြဖြ ေရရြတ္ေနခဲ့သည္တဲ့လား။ စိတ္ထဲ ေပ်ာ္ရႊင္မိေပမဲ့ တစ္ခ်ိန္တည္းမွာပဲ ႏွလံုးသားသည္ နာက်င္ရျပန္သည္။ မိမိႏွင့္ ေဝးကြာေနေသာ အခ်ိန္ေတြ၌ သည္ေကာင္ေလးတစ္ေယာက္ မိမိကို မည္မၽွအထိ လြမ္းဆြတ္ေနလိမ့္မည္လဲ။

"ၾကည့္ရတာ ညီအစ္ကိုေတာ့ မျဖစ္ႏိုင္ဘူး"

ေဒါက္တာ၏ အသံကို ၾကားမွ မိုင္စိုင္း၏ အေတြးနယ္ခ်ဲ႔မႈတို႔မွာ အဆံုးသတ္သြားေတာ့၏။

"ကၽြန္ေတာ္တို႔က ခ်စ္သူေတြပါ"

မိုင္စိုင္းသည္ ခပ္ဟဟ ရယ္ရင္း ေျပာလိုက္သည္။
ထိုအသံ၌ ရွက္ရြံ႕ေနျခင္း မရွိ။ မိမိ၏ ျမတ္ႏိုးသူကို ရဲဝံ့စြာ ခ်ျပသည့္ ဟန္ပန္သာ ရွိသည္။ တစ္ခ်ိဳ႕က မိမိတို႔လို ဆက္ဆံေရးမ်ိဳးကို ရွက္ရြံ႕စရာဟု ေျပာတတ္ၾက၏။ ထိုအတြက္ မိုင္စိုင္း ေဒါသထြက္မိျခင္း မရွိသလို၊
စိတ္မေကာင္း ျဖစ္မိျခင္းလည္း မရွိ။ အေရးႀကီးသည္က မိမိ ခ်စ္ျမတ္ႏိုးရသူႏွင့္ ေအးေအးခ်မ္းခ်မ္း ေနထိုင္ႏိုင္ဖို႔ပဲမလား။ ပတ္ဝန္းက်င္၏ ေျပာစကားမ်ားကိုသာ ဂရုစိုက္ေနရလၽွင္ မိုင္စိုင္း၏ ေန႔ရက္တိုင္းက အသက္ရႉၾကပ္ေနရလိမ့္မည္။

"အဟမ္း။ ဆရာက အဘိုးႀကီးေပမဲ့ ေခတ္မီပါတယ္ကြာ"

မ်က္မွန္ႀကီးကို ပင့္ကာေျပာလာေသာ ေဒါက္တာသည္ သူတို႔ႏွစ္ေယာက္ကို ျပံဳး၍ ေျပာလာသည္။ ထိုအျပံဳးတို႔မွာ ေလွာင္ေျပာင္ျခင္းတို႔ ကင္းမဲ့သည့္ ပကတိ ျဖဴစင္ေသာ အျပံဳးတို႔သာ။ တစ္ခ်ိဳ႕ေသာလူေတြက သူတို႔ကို
ကဲ့ရဲ႕ ရႈတ္ခ်ၾကေပမဲ့ တစ္ခ်ိဳ႕ လူေတြက်ျပန္ေတာ့လည္း
စာနာ နားလည္ေပးႏိုင္ၾကသည္မလား။ အထင္ေသးေသာ အၾကည့္ျဖင့္ ၾကည့္လာမည္အထိ မိုင္စိုင္း
ေမၽွာ္လင့္ခဲ့ၿပီးေပမဲ့ ေဒါက္တာသည္ သူတို႔ ႏွစ္ဦးထံ ေႏြးေထြးေသာ အၾကည့္ျဖင့္သာ ျပန္လည္
တုံ႔ျပန္လာေတာ့ ရင္ထဲ၌ ျကည္ႏူးရသည္မွာ အမွန္။

"လူေလးရဲ႕ အေျခအေနက တိုးတက္လာၿပီ ေျပာရမယ္။ ေဆးေသာက္ဖို႔ကလည္း လိုေပမဲ့ သူ႔ရဲ႕စိတ္ခ်မ္းသာဖို႔ကေတာ့ အဓိကေပါ့ကြာ။ သူ႔ကို စိတ္ခ်မ္းသာေအာင္ ထားေပါ့ ဟုတ္ၿပီလား။ အေျခအေန ေကာင္းသြားၿပီဆို ဆရာ့ဆီ ထပ္မလာနဲ႔ေတာ့။ အားေဆးေလးသာ မွန္မွန္ဆက္တိုက္"

"ေက်းဇူးတင္ပါတယ္ေနာ္ ေဒါက္တာ"

မိုင္စိုင္း ျပံဳး၍ ေျပာမိေတာ့ ေဒါက္တာ ဘက္မွလည္း
ျပန္ျပံဳးျပလာသည္။

"ဒါနဲ႔ မင္းတို႔ ႏွစ္ေယာက္ လိုက္ဖက္တယ္။
အိုေအာင္မင္းေအာင္ အထိ ေပါင္းဖက္ႏိုင္ၾကပါေစကြာ"

လက္ဖဝါးအတြင္း၌ ရွိေသာ လက္ေခ်ာင္းေလးမ်ားကို ပို၍ တင္းက်ပ္စြာ မိုင္စိုင္း ဆုပ္ကိုင္လိုက္၏။ စကားေလးသည္ တစ္ခြန္းတည္းသာ ဆိုေပမဲ့ ထိုစကားေလးကပဲ တစ္ဖက္လူ၏ စိတ္ႏွလံုးသားကို ေႏြးေထြးေစသည့္ မဟုတ္လား။ အခန္းတံခါးကို ဖြင့္ကာ ထြက္မည္ျပင္ခိုက္
ၾကားလိုက္ရေသာ ဆုေတာင္းစကားသံက
မိုင္စိုင္း၏ ႏွလံုးသား အတြင္းသို႔ စီးဝင္လာသည္။

"ေက်းဇူးတင္ပါတယ္ ေဒါက္တာ။ ေပးတဲ့ဆုနဲ႔ ျပည့္ပါရေစ"

တစ္ခ်ဳိ႕ေသာ ဆုေတာင္းေတြက သံသရာ
အဆက္ဆက္ထိပါ ျပည့္ခ်င္မိတာမ်ိဳး။

---- ---- ----- -----

ဧည့္ရိပ္သာ၌ ရက္အၾကာႀကီးေနရန္ အဆင္မေျပသည့္ အတြက္ အိမ္ငွားရန္ မိုင္စိုင္း စီစဥ္ရသည္။ ေခါင္လြမ္း အေျခအေန ျပန္ေကာင္းလာလၽွင္ ကခ်င္ျပည္နယ္သို႔
ျပန္မည္ ျဖစ္သည့္အတြက္ ရန္ကုန္၌ အခ်ိန္ၾကာၾကာေတာ့ ေနရမည္ မဟုတ္။ ထို႔ေၾကာင့္အမ်ားဆံုး သံုးလေလာက္သာ ငွားခ်င္ေသာ မိုင္စိုင္းအဖို႔ အိမ္အငွား ရွာေဖြရာ၌ အခက္အခဲေတြ ရွိခဲ့၏။ သို႔ေသာ္လည္း ေနာက္ဆံုးေတာ့ မိုင္စိုင္း အဆင္ေျပခဲ့ပါသည္။ ၿမိဳ႕လယ္ေခါင္ မဟုတ္ေပမဲ့ သည္ေနရာေလးမွာ
သူ႔ေနရာႏွင့္သူ စည္ကားလွသည္။ 

မိုင္စိုင္းတို႔ ယခုေရာက္ရွိေနသည့္ ေနရာသည္ ကိတ္မုန္႔ဆိုင္ေလး တစ္ခု။ လြန္ခဲ့သည့္ ႏွစ္ရက္ေလာက္ကမွ သည္ေနရာေလးဆီ ေျပာင္းလာခဲ့ျခင္း ျဖစ္ေပမဲ့ သည္ကိတ္မုန္႔ဆိုင္ေလးထဲကိုေတာ့ မိုင္စိုင္း အႀကိမ္ႀကိမ္ ဝင္ထြက္ခဲ့ဖူးပါၿပီ။ အိမ္ေျပာင္းလာသည့္ ရက္တုန္းက ကိတ္ဆိုင္ေလးဆီ ေငးၾကည့္ေနေသာ ေကာင္ေလးေၾကာင့္ ဆိုင္ေလးထဲ ေခၚသြားမိရာမွ အစျပဳ၍ ဂြမ္းလံုးေလးသည္ ကိတ္မုန္႔ဆိုသည့္ အသံၾကားသည္ႏွင့္
ေခါင္းေလး ေထာင္လာေတာ့၏။

"ဘယ္ကိတ္မုန္႔ေလး စားခ်င္တာလဲ"

လက္ညိႇဳး ထိုးျပလာသည္က ပန္းေရာင္ခရင္ျဖင့္ အလွဆင္ထားသည့္ စေတာ္ဘယ္ရီ ကိတ္မုန္႔ေလး။
ခါတိုင္း အခ်ိန္ေတြဆို မတုန္မလႈပ္သာ ေနတတ္ေသာ ေခါင္လြမ္းသည္ သည္ကိတ္မုန္႔ဆိုင္ေလးထဲ ေရာက္သြားလၽွင္ေတာ့ မ်က္လံုးေလးေတြ အေရာင္ေတာက္ကာ တက္ျကြေနဟန္တူသည္။ ထမင္းေကၽြးလၽွင္ အတင္းျငင္းဆန္းတတ္ေသာ
ခ်စ္ရသူသည္ ကိတ္မုန္႔ဆိုလၽွင္ေတာ့ ဘယ္ႏွစ္ခါပဲ စားရ၊စားရ တက္ျကြေနေတာ့၏။

"ျဖည္းျဖည္းစား သည္းငယ္"

စားပြဲခံုေပၚ ကိတ္မုန္႔ ပန္းကန္ေလး လာခ်ေပးသည္ႏွင့္ တစ္ၿပိဳင္နက္ ဇြန္းအျပည့္ ေကာ္ယူကာ ပလုတ္ပေလာင္း စားေနေသာ ေကာင္ေလးသည္ ပါးေလးေတြ ေဖာင္းအစ္ၿပီး ဝါဂြမ္းလံုးေလးလို ျဖစ္ေန၏။ ထို႔ေၾကာင့္ အသည္းယားမႈျဖင့္ ဂြမ္းလံုး၏ ပါးႏုႏုေလးကို မိုင္စိုင္း ဆြဲညစ္လိုက္ေတာ့သည္။

"ကိုယ္ေတာ့ တကယ့္ ကေလးေလးကို ရထားတာပဲ"

ႏႈတ္ခမ္းေထာင့္နား၌ ေပေနသည့္ ခရင္မ်ားကို တစ္ရႉးျဖင့္ ခပ္ဖြဖြေလး သုတ္ေပးရင္း မိုင္စိုင္း ေရရြတ္မိ၏။
လြမ္းငယ္ေလး ယခုလို အစားေတြ အားပါးတရ စားႏိုင္ၿပီး စိတ္ေလး ျကည္လင္ေနရံုႏွင့္တင္ မိုင္စိုင္း အတြက္ေတာ့
ေပ်ာ္ရႊင္မႈႀကီး ျဖစ္သည္။

#10.7.21


Continue Reading

You'll Also Like

284K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.2M 63.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
213K 20.4K 35
My second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .
332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်