Game Of Life

By AChit7777

85.7K 5.3K 203

ကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ... More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 (end)
Xiao's part

Part-9

2.6K 171 7
By AChit7777

Unicode
W Racing Club.
ရိပေါ် ရဲ့အသင်းသားတွေထဲကတချို့က အဝေးကဖြစ်တာကြောင့် အဆင်ပြေစေရန် အဆောက်အဦးကို၁ယောက်ခန်းတွေနဲ့အဆောင်ပုံစံဆောက်လုပ်ဖွဲ့စည်းခဲ့ပြီး အလုပ်လိုချင်သူများကိုလဲ Xz.Co မှာခန့်ထားပေးခဲ့သည်...

သူ့လူဆိုပြီးမစိစစ်ပဲ အလုပ်ပေးထားတဲ့သူ တစ်ယောက်မှမရှိ...သူ့နေရာနဲ့သူ သူ့အရည်အချင်းနဲ့သူ ခန့်ထားခဲ့တာပင် ထိုထဲတွင်သူ့လက်ထောက် ဖန်ရှင်းလဲပါသည်။

ဖန်ရှင်းက နဲနဲဝေးတဲ့နယ်မြို့လေးကနေ မိဘတွေမရှိတော့ပဲ အလုပ်လုပ်ဖို့ရောက်လာပြီး ရိပေါ်နဲ့မတော်တဆတွေ့ဆုံမှုကနေ ညီအကိုအရင်းပမာခင်မင်ရင်းနှီးသွားခဲ့ကြသည်....

ကုမ္ပဏီမှာအလုပ်ဝင်ရင်း ကျောင်းတက်တယ်...စာလဲတော်တယ် လျင်မြန်ဖြတ်လတ်တယ် ရိပေါ်သဘောအကျဆုံးက မဟုတ်ရင်မခံပဲ မတရားရင် သူဌေးလဲနားမလည်ဘူးပြန်ထောက်ပြနိုင်တဲ့ သတ္တိပင်....

လအနဲငယ်ကြာတော့ သူ့ဝါသနာလဲ ဆိုင်ကယ်စီးခြင်းဆိုတာသိခဲ့ရတာကြောင့် ကလပ်မှာနေစေခဲ့ပြီး အခုဆိုအဖွဲ့မှူးတစ်ယောက်ဖြစ်လို့နေပီ...

ဒီ W club မှာလဲ ရိပေါ်အတွက်သီးသန့်ခန်းရှိပြီး ဖန်ရှင်းသန့်ရှင်းရေးလုပ်တာကလွဲပြီး မည်သူမှဝင်ထွက်ခွင့်မရှိ....အကြောင်းရင်းကတော့ သူ့ရဲ့နှစ်လုံးသားနဲ့ဖွဲ့စည်းထားတဲ့အခန်းလေးနေဖြစ်လို့ပါပဲ....

ရှောင်ကျန့်သွားလာလှုပ်ရှားတဲ့ပုံတွေကို ဝင်ဝင်ခြင်းဘယ်ဘက်နံရံအပြည့်အသဲ ပုံဒီဇိုင်းဖော်ထားပြီး... ကုတင်ဘေးမှာတော့ ရှောင်ကျန့်၁၈နှစ်ပြည့်တုန်းကရိပေါ်နဲ့၂ယောက်ထဲ မာမားရိုက်ပေးထားတဲ့ပုံကို နံရံပြည့်ဆိုဒ်နဲ့ကပ်ထားသည်.....

ရှောင်ကျန့် အပေါ်ထားတဲ့စိတ်ကို ဖန်ရှင်းကလွဲပြီး ဘယ်သူမှမသိ...ဖန်ရှင်းကြောင့်လဲအခုလိုရှောင်ကျန့်ကိုပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်သည်...
*လူအရင်ယူပြီးမှ နှလုံးသားယူလဲ နောက်မကျပါဘူး*

ရိပေါ်မနက်အစောကြီးရောက်ချလာ၍ ဖန်ရှင်းအံ့သြကာ...
"အကိုရိပေါ် ဘယ်ကဘယ်လိုရောက်ချလာတာလဲ "

"ဘယ်ကမှရောက်မလာဘူး ဒီကိုပဲတန်းလာတာ.. လာနေကျကိုဘာတွေထူးဆန်းနေတာလဲ"

"ညက မင်္ဂလာဦးညလေ အစောကြီးဆိုတော့ထူးဆန်းလို့ပါ"

"သူ့နဲ့ငါအကြောင်း မင်းမသိတာလဲမဟုတ်ပဲနဲ့ ဘယ်လိုလုပ် မင်္ဂလာဦးလို့ရမလဲ "

"ဟုတ်သားပဲ...ကျွတ် ကျွတ် အကိုရှောင်ကို ရဖို့မလွယ်လောက်ဘူး"

"အင်း အခုပိုဆိုးသွားပီ ငါ့ကိုသူအထင်လွဲသွားတယ်"

"ဘယ်လို.."

"ဟော်တယ်တုန်းက ကိစ္စသူသိသွားတယ် ပီးတော့ငါ့ကိုမေးတယ် ပိုင်ဆိုင်မှုကြောင့်လားတဲ့လေ "

"ဟာဗျာ.. အကိုရှောင်ကလဲ မဖြစ်နိုင်တာတွေတွေးပလိုက်တာပဲ အကိုရိပေါ်ကဘယ်လိုပြန်ပြောလိုက်လဲ"

"ဟုတ်တယ်လို့ပြောလိုက်တယ်..."

"ဟာ.."

"တဖက်ကတွေးရင် ရှောင်ကျန့်စိတ်နဲ့ဆို ပါးရဲ့လုပ်ငန်းတွေလေ့လာဖို့ အစပျိုးပေးလိုက်သလိုဖြစ်သွားလိမ့်မယ်...ငါနဲ့ရှုမိန်ကိုနင်းချေဖို့အတွက်ပေါ့"

ပြောပြီးသူ့အခန်းထဲဝင်သွားတဲ့ အကိုရိပေါ်ကိုကြည့်ပြီး ဖန်ရှင်းခေါင်းခါလိုက်မိသည်...
*၂ယောက်လုံးက ကိုယ့်မာနနဲ့ကိုယ်. အင်း မလွယ်မလွယ်...*

🎵You were the shadow to my light 🎶Did you feel us🎵Another start🎶You fade away🎵

ဖန်ရှင်းဖုန်းလာ၍ ကိုင်လိုက်ကာ...

"ဟလို."

"ကလေး မောနင်းပါ မွ..."

"အိုက်ယား...ခများနှောက်ယှက်လို့မဝသေးဘူးလား"

"ဟား ကလေးကလဲ  နှောက်ယှက်တယ်လို့မပြောပါနဲ့ ကိုကိုက ကလေးကိုသတိရလို့ပါ "

"ဝေါ့...တော်ပြီဗျာ ခများနဲ့ဆက်မပြောတော့ဘူး အလုပ်ရှိသေးတယ် ဒါပဲ"
ပြောစရာရှိတာပြောပြီးဖန်ရှင်းဖုန်းချလိုက်တော့သည်...

တဖက်လူကိုအော်လိုက်ပေမဲ့ ဖုန်းမျက်နှာပြင်မှာပေါ်နေတဲ့ "ယွိပင်းကော"ဆိုတဲ့ ဖုန်းအဝင်နာမည်လေးကိုကြည့်ရင်း...ဒီအခြေနေကိုသဘောကျနေမိတဲ့ဖန်ရှင်း မျက်နှာမှာအပြုံးလေးတစ်ပွင့်ဖြစ်ပေါ်လာခဲ့သည်...

အကိုရိပေါ်မင်္ဂလာဆောင်မှာ အကိုရှောင်မိတ်ဆက်ပေးကတည်း က ဖုန်းနံပါတ်ယူသွားပြီး နေ့တိုင်း တစ်ရက်၃ခေါက် မအားလဲဆက်အားလဲဆက် ဆက်နေတော့သည်....

အကြောင်းအရာကတော့ တခုထဲပဲ ကလေးပြန်ချစ်ချစ်မချစ်ချစ် ကိုကို့ဘက်ကချစ်နေရရင်ပြီးရောဆိုပြီး ရည်းစားမက ညီအကိုသူငယ်ချင်းမကျ ဆက်ဆံရေးလုပ်သွားခဲ့တာပင်....

...................
ကျိုးချန်တိုက်ခန်းမှာ

ရှောင်ကျန့်ကထိုင်ခုံနောက်ကိုမှီထိုင်ကာ ခြေထောက်ကိုချိတ်ထားပြီး ရှေ့ထိုင်ခုံက ကျိုးချန်နဲ့ ဟိုတစ်ခါးလာဖွင့်ပေးတဲ့သူကို စိုက်ကြည့်နေလိုက်သည်...

"နာမည် အသက် အလုပ်အကိုင် ပြော"

"ရှောင်ကျန့် ကောနာမည်က"

"မင်းကိုမေးလို့လား ကျိုးချန်... ပါးစပ်ပိတ်ထား "

"အော့...အင်း"

အပြစ်လုပ်ထားသူပီပီ ရှောင်ကျန့်ကိုတစ်ခွန်းမှပြန်မပြောရဲ...
"အကို့နာမည် လျိုဟွိုက်ခွမ်းပါ ၃၅နှစ် Car showrom ဖွင့်ထားပါတယ် "

ကားဆိုတဲ့အသံကြားတာနဲ့ရှောင်ကျန့်မျက်လုံးလေး လက်သွားသည်...
"ဒီက ကျိုးချန်နဲ့တွေ့တာ ၁နှစ်ပြည်တော့မယ် ဟို...အတူနေတာက သိပ်မကြာသေးပါဘူး အကိုအားနဲ့ပိတ်ရက်တွေ..."

"တော်ပြီး ရပီ ဟိုကောင် ငါ့နောက်လိုက်ခဲ့.."

ရှောင်ကျန့် ကျိုးချန်ကိုအိပ်ခန်းထဲလိုက်ခဲ့ဖို့ခေါ်လိုက်သည်... ကျန်းချန်အခန်းဝင်ပြီး တံခါးပိတ်လိုက်တာနဲ့

... ဖြန်း...

လက်မောင်းကိုရိုက်ချလိုက်တဲ့ရှောင်ကျန့်ကြောင့် ရှုံ့မဲ့ကာ..
"နာတယ်ကွ "

"သူငယ်ချင်းလေး တော်လှတော်လှနဲ့  ကားစီးပီးထွက်သွားတယ်ဟုတ်လား "

"ဟဲဟဲ အစကမင်းတို့ကိုပြောဖို့သတ္တိမရှိသေးလို့ပါကွာ...မင်းတို့ငါ့ကိုရွံသွားမှာကြောက်လို့ အခု ကတော့ပြောမလို့ပဲရှိသေးတယ် မင်းကအရင်တွေ့သွားတယ်"

"ထားပါတော့ ဟိုကောင်ယွိပင်းကိုခေါ်ပြီးတနေရာသွားမလို့ မင်းလူကြီးကိုထားခဲ့တော့"

"သူလဲပြန်တော့မှာ "

"အင်း ပီးရော.."

ရှောင်ကျန့်နဲ့ကျိုးချန် တစ်နေရာကိုထွက်ခဲ့လိုက်ပြီး ယွိပင်းကိုတွေ့ဖို့ချိန်းလိုက်တော့သည်...

ချိန်းတဲ့နေရာကလူရှင်းပြီး အေးဆေးတိတ်ဆိတ်တဲ့ သီးသန့်ဘန်ဂလိုကော်ဖီဆိုင်လေး...

ကျိုးချန်နဲ့ယွိပင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လက်တို့နေကြပြီး...

"ရှောင်ကျန့် မင်းမှာဘာကိစ္စရှိလို့လဲ မဟုတ်မှ မင်းရဲ့ပထမဦးဆုံးကို ရိပေါ်ကို့ပေး...."

"ဘာတွေမေးနေတာလဲ "

"မသိဘူးလေကွာ မင်းမျက်နှာကြီးကမသာမယာနဲ့ဆိုတော့ ပီးတော့ညကလဲ မင်းတို့မင်္ဂလာဦးမလား ဟဲဟဲ "

"မင်းပဲတွေးပြီးထန်နေ စောက်အထန်ကောင်. ဒါနဲ့မင်းတို့၂ယောက် ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့အလေလိုက်နေတာကြာပီနော် "

"ဟင်... မင်းပြောမှပဲငါတို့မှာလဲလုပ်ငန်းတွေရှိပါတယ်ဟ "

"ထားလိုက်တော့ ရှိတဲ့လုပ်ငန်းတွေဖြတ်လိုက် "

"ဟမ်..."

ရှောင်ကျန့်စကားကြောင့် ၂ယောက်သားမျက်လုံးပြူးရတော့သည်...

"မင်းတို့ငါနဲ့ ပါပါးကုမ္ပဏီမှာအလုပ်လုပ်ရမယ်"

"ဘာ...ကျိုးချန် ငါအိမ်မက်များမက်နေသလား ရိုက်ကြည့်ပါဦး "

....ဗြန်း.....

ဘယ်ကတည်းကရိုက်ချင်နေလဲမသိတဲ့ကျိုးချန် ယွိပင်းတောင်းဆိုမှုကိုအခွင့်ကောင်းယူကာ ဇက်ပိုးကိုချလိုက်တော့သည်...

"အား..ခွေးကောင်ကျိုးချန်နာတယ်ဟ..."

"နာလား အဲဒါဆိုတကယ်ပေါ့ ရှောင်ကျန့်မင်းရှင်းရှင်းလေးပြောကွာ "

"ငါပါပါးကုမ္ပဏီမှာအလုပ်ဝင်မယ် ဆက်ခံသူကငါဆိုတာအားလုံးသိအောင်လုပ်ရမယ် ဘယ်သူ့ဆီမှအပါမခံနိုင်ဘူး..."

"ဘယ်သူ့ဆီ....အော်  ​
မင်းအလုပ်ဝင်တာဝင်လေ ငါနဲ့ယွိပင်းက.. "

"မင်းတို့ကငါ့ကိုကူညီပေး ငါ့လူအဖြစ်နဲ့ပေါ့"

"သဘောပေါက်ပီ...ယွိပင်း မင်းသဘောကရော "

"ငါလဲအဆင်ပြေပါတယ် စီးပွားရေးလိုင်းသိပ်နားမလည်ပေမဲ့ သင်ယူရမှာပေါ့ "

"အိုခေ...အဲဒါဆို ငါပါပါးကိုပြောလိုက်တော့မယ် "

ရှောင်ကျန့်သူ့အကျင့်အတိုင်း ပြောစရာရှိတာပြောပြီးတာနဲ့ ထပြန်ဖို့လုပ်တော့...

"ဟာဟေ့ကောင် ပြန်တော့မလို့လား "

"အင်းလေ "

"မင်းကလဲကွာနေပါဦး ကျိုးချန် ဒီနေ့Wရဲ့ Clubအတွင်းပြိုင်ပွဲရှိတယ် ရှောင်ကျန့်ကိုခေါ်ပြီး သွားရအောင် "(အသင်းသားအခြင်းခြင်းပြိုင်တာပြောတာနော်)

"ဟုတ်လား 85ကြီးရောပါမှာလား "

"အဲဒါတော့မသိဘူးလေ ကဲပါ သွားရအောင် မလုပ်မှမရှိပဲ "

"နေကြပါဦး မင်းတို့၂ယောက် ဘာတွေပြောနေတာလဲ "

"အော်ဟုတ်သားပဲ... ကျိုးချန်မင်းပြောပြလိုက် "

"W Racing Club မှာ ဒီနေ့ clubတွင်းအသင်းသားပြိုင်ပွဲ အသေးစားရှိတယ်ကွာ... အသေးစားဆိုပေမဲ့အထင်မသေးနဲ့နော် ရှယ်ပဲကွ အဲဒိထဲကမှ ငါ့အသဲ 85ကတော့ ရှယ်ထက်ရှယ် ဟဲဟဲ... "

"သွားမယ်ကွာ...အားနေတာနဲ့အတော်ပဲ "

ရှောင်ကျန့်တို့ကား၂စီး ဆိုင်ကယ်ပြိုင်ကွင်းကိုထွက်လာခဲ့လိုက်တော့သည်....

ကွင်းကိုရောက်တော့ လာကြည့်တဲ့ကောင်လေး
ကောင်မလေးတွေတော်တော်များများရောက်နေကြတာကြောင့် ရှောင်ကျန့်အံ့သြသွားကာ ဘေးကယွိပင်းကိုလက်တို့ပြီး...

"ယွိပင်း တရုတ်မှာလဲ ဆိုင်ကယ်ပြိုင်ပွဲကြိုက်တဲ့ကောင်မလေးတွေများသားပဲနော်.. "

"ဟား ဟား ဘယ်ကသာ ပြိုင်ပွဲကြိုက်တာမဟုတ်ဘူး အဲဒါတွေကပြိုင်ပွဲဝင်တွေကို ကြိုက်တာ..."

"ဟမ်..."

"ခဏနေပွဲစရင် မင်းသဘောပေါက်သွားလိမ့်မယ် "

၁၅မိနစ်လောက်ကြာတော့... ပွဲအစီစဥ်ကြေငြာသူက နှုတ်ဆက်ပြီး ပြိုင်ပွဲဝင်တွေနဲ့မိတ်ဆက်ပေးပြီး ပြိုင်ပွဲဝင်တွေ နေရာယူလိုက်တာနဲ့....

"ဝိုး... Tracer 85... ထွက်လာပြီး လာပြီ ​လာပြီ...ဝိုး..."

ထိုအခါမှရှောင်ကျန့် ယွိပင်းပြောတာကိုသဘောပေါက်သွားတော့သည် ဆိုင်းဘုတ်တွေကိုင်ကာ အော်ဟစ်အားပေးနေကြတဲ့ ကောင်မလေးတွေကိုကြည့်ပြီး ခေါင်းရမ်းလိုက်မိတော့သည်....

​ဘေးကကျိုးချန်ကလဲ...
"အသဲလေး 85ပါတယ် ဟေးဟေး... fighting 85... ဝိုး...."

ရှောင်ကျန့် ကျိုးချန်...ပြောပြောနေတဲ့ No.85 ကိုကြည့်လိုက်တော့ ရင်းနီးနေတဲ့ပုံစံဖြစ်နေတာကြောင့် သေခြာထပ်ကြည့်လိုက်မိသည်...

"မဟုတ်လောက်ပါဘူး... တူတာနေမှာပါ ဝမ်ရိပေါ်ကဘယ်လိုလုပ်ဒီမှာရှိမှာလဲ "

ရှောင်ကျန့်အတွေးတွေဖျောက်ပစ်လိုက်ပြီး စတင်နေပြီဖြစ်တဲ့ ပြိုင်ပွဲကိုအာရုံလွှဲလိုက်တော့သည်.....

ပြိုင်ပွဲကွင်းထဲမှာရပ်ထားတဲ့ဆိုင်ကယ်ကိုအကြည့်ရောက်သွားကာ..

"မနက်ကဟိုဆိုင်ကယ်...ဟုတ်တယ် မနက်ကငါ့ကိုကျောသွားတဲ့ဆိုင်ကယ်...ယွိပင်း မင်းဟိုဆိုင်ကယ်ကိုသိလား "

"ဘယ်ဆိုင်ကယ်လဲ "

"ဟိုး...မှာရပ်ထားတဲ့ဟာလေ..."

"အဲသူကဘယ်လိုလုပ်ရောက်နေတာလဲ.. အဲဒါ အဖွဲ့ကတော့မဟုတ်ဘူး အတိုချုံးပြောရရင် ဒီအသင်းနဲ့ပြိုင်ဘက်ကောင်းလို့ပြောရမဲ့ အသင်းကခေါင်းဆောင်ရဲ့ဆိုင်ကယ်... "

ယွိပင်းအပြောကိုရှောင်ကျန့်စိတ်ဝင်စားသွားတော့သည်....

................
9.7.2021

Love You All😘

Zawgyi
W Racing Club.
ရိေပၚ ရဲ႕အသင္းသားေတြထဲကတခ်ိဳ႕က အေဝးကျဖစ္တာေၾကာင့္ အဆင္ေျပေစရန္ အေဆာက္အဦးကို၁ေယာက္ခန္းေတြနဲ႕အေဆာင္ပုံစံေဆာက္လုပ္ဖြဲ႕စည္းခဲ့ၿပီး အလုပ္လိုခ်င္သူမ်ားကိုလဲ Xz.Co မွာခန့္ထားေပးခဲ့သည္...

သူ႕လူဆိုၿပီးမစိစစ္ပဲ အလုပ္ေပးထားတဲ့သူ တစ္ေယာက္မွမရွိ...သူ႕ေနရာနဲ႕သူ သူ႕အရည္အခ်င္းနဲ႕သူ ခန့္ထားခဲ့တာပင္ ထိုထဲတြင္သူ႕လက္ေထာက္ ဖန္ရွင္းလဲပါသည္။

ဖန္ရွင္းက နဲနဲေဝးတဲ့နယ္ၿမိဳ႕ေလးကေန မိဘေတြမရွိေတာ့ပဲ အလုပ္လုပ္ဖို႔ေရာက္လာၿပီး ရိေပၚနဲ႕မေတာ္တဆေတြ႕ဆုံမႈကေန ညီအကိုအရင္းပမာခင္မင္ရင္းႏွီးသြားခဲ့ၾကသည္....

ကုမၸဏီမွာအလုပ္ဝင္ရင္း ေက်ာင္းတက္တယ္...စာလဲေတာ္တယ္ လ်င္ျမန္ျဖတ္လတ္တယ္ ရိေပၚသေဘာအက်ဆဳံးက မဟုတ္ရင္မခံပဲ မတရားရင္ သူေဌးလဲနားမလည္ဘူးျပန္ေထာက္ျပနိုင္တဲ့ သတၱိပင္....

လအနဲငယ္ၾကာေတာ့ သူ႕ဝါသနာလဲ ဆိုင္ကယ္စီးျခင္းဆိုတာသိခဲ့ရတာေၾကာင့္ ကလပ္မွာေနေစခဲ့ၿပီး အခုဆိုအဖြဲ႕မႉးတစ္ေယာက္ျဖစ္လို႔ေနပီ...

ဒီ W club မွာလဲ ရိေပၚအတြက္သီးသန့္ခန္းရွိၿပီး ဖန္ရွင္းသန့္ရွင္းေရးလုပ္တာကလြဲၿပီး မည္သူမွဝင္ထြက္ခြင့္မရွိ....အေၾကာင္းရင္းကေတာ့ သူ႕ရဲ႕ႏွစ္လုံးသားနဲ႕ဖြဲ႕စည္းထားတဲ့အခန္းေလးေနျဖစ္လို႔ပါပဲ....

ေရွာင္က်န့္သြားလာလႈပ္ရွားတဲ့ပုံေတြကို ဝင္ဝင္ျခင္းဘယ္ဘက္နံရံအျပည့္အသဲ ပုံဒီဇိုင္းေဖာ္ထားၿပီး... ကုတင္ေဘးမွာေတာ့ ေရွာင္က်န့္၁၈ႏွစ္ျပည့္တုန္းကရိေပၚနဲ႕၂ေယာက္ထဲ မာမားရိုက္ေပးထားတဲ့ပုံကို နံရံျပည့္ဆိုဒ္နဲ႕ကပ္ထားသည္.....

ေရွာင္က်န့္ အေပၚထားတဲ့စိတ္ကို ဖန္ရွင္းကလြဲၿပီး ဘယ္သူမွမသိ...ဖန္ရွင္းေၾကာင့္လဲအခုလိုေရွာင္က်န့္ကိုပိုင္ဆိုင္နိုင္ခဲ့တာပဲျဖစ္သည္...
*လူအရင္ယူၿပီးမွ ႏွလုံးသားယူလဲ ေနာက္မက်ပါဘူး*

ရိေပၚမနက္အေစာႀကီးေရာက္ခ်လာ၍ ဖန္ရွင္းအံ့ၾသကာ...
"အကိုရိေပၚ ဘယ္ကဘယ္လိုေရာက္ခ်လာတာလဲ "

"ဘယ္ကမွေရာက္မလာဘူး ဒီကိုပဲတန္းလာတာ.. လာေနက်ကိဳဘာေတြထူးဆန္းေနတာလဲ"

"ညက မဂၤလာဦးညေလ အေစာႀကီးဆိုေတာ့ထူးဆန္းလို႔ပါ"

"သူ႕နဲ႕ငါအေၾကာင္း မင္းမသိတာလဲမဟုတ္ပဲနဲ႕ ဘယ္လိုလုပ္ မဂၤလာဦးလို႔ရမလဲ "

"ဟုတ္သားပဲ...ကြၽတ္ ကြၽတ္ အကိုေရွာင္ကို ရဖို႔မလြယ္ေလာက္ဘူး"

"အင္း အခုပိုဆိုးသြားပီ ငါ့ကိုသူအထင္လြဲသြားတယ္"

"ဘယ္လို.."

"ေဟာ္တယ္တုန္းက ကိစၥသူသိသြားတယ္ ပီးေတာ့ငါ့ကိုေမးတယ္ ပိုင္ဆိုင္မႈေၾကာင့္လားတဲ့ေလ "

"ဟာဗ်ာ.. အကိုေရွာင္ကလဲ မျဖစ္နိုင္တာေတြေတြးပလိုက္တာပဲ အကိုရိေပၚကဘယ္လိုျပန္ေျပာလိုက္လဲ"

"ဟုတ္တယ္လို႔ေျပာလိုက္တယ္..."

"ဟာ.."

"တဖက္ကေတြးရင္ ေရွာင္က်န့္စိတ္နဲ႕ဆို ပါးရဲ႕လုပ္ငန္းေတြေလ့လာဖို႔ အစပ်ိဳးေပးလိုက္သလိုျဖစ္သြားလိမ့္မယ္...ငါနဲ႕ရႈမိန္ကိုနင္းေခ်ဖိဳ႕အတြက္ေပါ့"

ေျပာၿပီးသူ႕အခန္းထဲဝင္သြားတဲ့ အကိုရိေပၚကိုၾကည့္ၿပီး ဖန္ရွင္းေခါင္းခါလိုက္မိသည္...
*၂ေယာက္လုံးက ကိုယ့္မာနနဲ႕ကိုယ္. အင္း မလြယ္မလြယ္...*

You were the shadow to my light Did you feel usAnother startYou fade away

ဖန္ရွင္းဖုန္းလာ၍ ကိုင္လိုက္ကာ...

"ဟလို."

"ကေလး ေမာနင္းပါ မြ..."

"အိုက္ယား...ခမ်ားႏွောက္ယွက္လို႔မဝေသးဘူးလား"

"ဟား ကေလးကလဲ  ႏွောက္ယွက္တယ္လို႔မေျပာပါနဲ႕ ကိုကိုက ကေလးကိုသတိရလို႔ပါ "

"ေဝါ့...ေတာ္ၿပီဗ်ာ ခမ်ားနဲ႕ဆက္မေျပာေတာ့ဘူး အလုပ္ရွိေသးတယ္ ဒါပဲ"
ေျပာစရာရွိတာေျပာၿပီးဖန္ရွင္းဖုန္းခ်လိဳက္ေတာ့သည္...

တဖက္လူကိုေအာ္လိုက္ေပမဲ့ ဖုန္းမ်က္ႏွာျပင္မွာေပၚေနတဲ့ "ယြိပင္းေကာ"ဆိုတဲ့ ဖုန္းအဝင္နာမည္ေလးကိုၾကည့္ရင္း...ဒီအေျခေနကိုသေဘာက်ေနမိတဲ့ဖန္ရွင္း မ်က္ႏွာမွာအၿပဳံးေလးတစ္ပြင့္ျဖစ္ေပၚလာခဲ့သည္...

အကိုရိေပၚမဂၤလာေဆာင္မွာ အကိုေရွာင္မိတ္ဆက္ေပးကတည္း က ဖုန္းနံပါတ္ယူသြားၿပီး ေန႕တိုင္း တစ္ရက္၃ေခါက္ မအားလဲဆက္အားလဲဆက္ ဆက္ေနေတာ့သည္....

အေၾကာင္းအရာကေတာ့ တခုထဲပဲ ကေလးျပန္ခ်စ္ခ်စ္မခ်စ္ခ်စ္ ကိုကို႔ဘက္ကခ်စ္ေနရရင္ၿပီးေရာဆိုၿပီး ရည္းစားမက ညီအကိုသူငယ္ခ်င္းမက် ဆက္ဆံေရးလုပ္သြားခဲ့တာပင္....

...................
က်ိဳးခ်န္တိုက္ခန္းမွာ

ေရွာင္က်န့္ကထိုင္ခုံေနာက္ကိုမွီထိုင္ကာ ေျခေထာက္ကိုခ်ိတ္ထားၿပီး ေရွ႕ထိုင္ခုံက က်ိဳးခ်န္နဲ႕ ဟိုတစ္ခါးလာဖြင့္ေပးတဲ့သူကို စိုက္ၾကည့္ေနလိုက္သည္...

"နာမည္ အသက္ အလုပ္အကိုင္ ေျပာ"

"ေရွာင္က်န့္ ေကာနာမည္က"

"မင္းကိုေမးလို႔လား က်ိဳးခ်န္... ပါးစပ္ပိတ္ထား "

"ေအာ့...အင္း"

အျပစ္လုပ္ထားသူပီပီ ေရွာင္က်န့္ကိုတစ္ခြန္းမွျပန္မေျပာရဲ...
"အကို႔နာမည္ လ်ိဳဟြိုက္ခြမ္းပါ ၃၅ႏွစ္ Car showrom ဖြင့္ထားပါတယ္ "

ကားဆိုတဲ့အသံၾကားတာနဲ႕ေရွာင္က်န့္မ်က္လုံးေလး လက္သြားသည္...
"ဒီက က်ိဳးခ်န္နဲ႕ေတြ႕တာ ၁ႏွစ္ျပည္ေတာ့မယ္ ဟို...အတူေနတာက သိပ္မၾကာေသးပါဘူး အကိုအားနဲ႕ပိတ္ရက္ေတြ..."

"ေတာ္ၿပီး ရပီ ဟိုေကာင္ ငါ့ေနာက္လိုက္ခဲ့.."

ေရွာင္က်န့္ က်ိဳးခ်န္ကိုအိပ္ခန္းထဲလိုက္ခဲ့ဖို႔ေခၚလိုက္သည္... က်န္းခ်န္အခန္းဝင္ၿပီး တံခါးပိတ္လိုက္တာနဲ႕

... ျဖန္း...

လက္ေမာင္းကိုရိုက္ခ်လိဳက္တဲ့ေရွာင္က်န့္ေၾကာင့္ ရႈံ႕မဲ့ကာ..
"နာတယ္ကြ "

"သူငယ္ခ်င္းေလး ေတာ္လွေတာ္လွနဲ႕  ကားစီးပီးထြက္သြားတယ္ဟုတ္လား "

"ဟဲဟဲ အစကမင္းတို႔ကိုေျပာဖို႔သတၱိမရွိေသးလို႔ပါကြာ...မင္းတို႔ငါ့ကို႐ြံသြားမွာေၾကာက္လို႔ အခု ကေတာ့ေျပာမလို႔ပဲရွိေသးတယ္ မင္းကအရင္ေတြ႕သြားတယ္"

"ထားပါေတာ့ ဟိုေကာင္ယြိပင္းကိုေခၚၿပီးတေနရာသြားမလို႔ မင္းလူႀကီးကိုထားခဲ့ေတာ့"

"သူလဲျပန္ေတာ့မွာ "

"အင္း ပီးေရာ.."

ေရွာင္က်န့္နဲ႕က်ိဳးခ်န္ တစ္ေနရာကိုထြက္ခဲ့လိုက္ၿပီး ယြိပင္းကိုေတြ႕ဖို႔ခ်ိန္းလိုက္ေတာ့သည္...

ခ်ိန္းတဲ့ေနရာကလူရွင္းၿပီး ေအးေဆးတိတ္ဆိတ္တဲ့ သီးသန့္ဘန္ဂလိုေကာ္ဖီဆိုင္ေလး...

က်ိဳးခ်န္နဲ႕ယြိပင္း တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ လက္တို႔ေနၾကၿပီး...

"ေရွာင္က်န့္ မင္းမွာဘာကိစၥရွိလို႔လဲ မဟုတ္မွ မင္းရဲ႕ပထမဦးဆုံးကို ရိေပၚကို႔ေပး...."

"ဘာေတြေမးေနတာလဲ "

"မသိဘူးေလကြာ မင္းမ်က္ႏွာႀကီးကမသာမယာနဲ႕ဆိုေတာ့ ပီးေတာ့ညကလဲ မင္းတို႔မဂၤလာဦးမလား ဟဲဟဲ "

"မင္းပဲေတြးၿပီးထန္ေန ေစာက္အထန္ေကာင္. ဒါနဲ႕မင္းတို႔၂ေယာက္ ဟိုေယာင္ေယာင္ဒီေယာင္ေယာင္နဲ႕အေလလိုက္ေနတာၾကာပီေနာ္ "

"ဟင္... မင္းေျပာမွပဲငါတို႔မွာလဲလုပ္ငန္းေတြရွိပါတယ္ဟ "

"ထားလိုက္ေတာ့ ရွိတဲ့လုပ္ငန္းေတြျဖတ္လိုက္ "

"ဟမ္..."

ေရွာင္က်န့္စကားေၾကာင့္ ၂ေယာက္သားမ်က္လုံးျပဴးရေတာ့သည္...

"မင္းတို႔ငါနဲ႕ ပါပါးကုမၸဏီမွာအလုပ္လုပ္ရမယ္"

"ဘာ...က်ိဳးခ်န္ ငါအိမ္မက္မ်ားမက္ေနသလား ရိုက္ၾကည့္ပါဦး "

....ျဗန္း.....

ဘယ္ကတည္းကရိုက္ခ်င္ေနလဲမသိတဲ့က်ိဳးခ်န္ ယြိပင္းေတာင္းဆိုမႈကိုအခြင့္ေကာင္းယူကာ ဇက္ပိုးကိုခ်လိဳက္ေတာ့သည္...

"အား..ေခြးေကာင္က်ိဳးခ်န္နာတယ္ဟ..."

"နာလား အဲဒါဆိုတကယ္ေပါ့ ေရွာင္က်န့္မင္းရွင္းရွင္းေလးေျပာကြာ "

"ငါပါပါးကုမၸဏီမွာအလုပ္ဝင္မယ္ ဆက္ခံသူကငါဆိုတာအားလုံးသိေအာင္လုပ္ရမယ္ ဘယ္သူ႕ဆီမွအပါမခံနိုင္ဘူး..."

"ဘယ္သူ႕ဆီ....ေအာ္  
မင္းအလုပ္ဝင္တာဝင္ေလ ငါနဲ႕ယြိပင္းက.. "

"မင္းတို႔ကငါ့ကိုကူညီေပး ငါ့လူအျဖစ္နဲ႕ေပါ့"

"သေဘာေပါက္ပီ...ယြိပင္း မင္းသေဘာကေရာ "

"ငါလဲအဆင္ေျပပါတယ္ စီးပြားေရးလိုင္းသိပ္နားမလည္ေပမဲ့ သင္ယူရမွာေပါ့ "

"အိုေခ...အဲဒါဆို ငါပါပါးကိုေျပာလိုက္ေတာ့မယ္ "

ေရွာင္က်န့္သူ႕အက်င့္အတိုင္း ေျပာစရာရွိတာေျပာၿပီးတာနဲ႕ ထျပန္ဖို႔လုပ္ေတာ့...

"ဟာေဟ့ေကာင္ ျပန္ေတာ့မလို႔လား "

"အင္းေလ "

"မင္းကလဲကြာေနပါဦး က်ိဳးခ်န္ ဒီေန႕Wရဲ႕ Clubအတြင္းၿပိဳင္ပြဲရွိတယ္ ေရွာင္က်န့္ကိုေခၚၿပီး သြားရေအာင္ "(အသင္းသားအျခင္းျခင္းၿပိဳင္တာေျပာတာေနာ္)

"ဟုတ္လား 85ႀကီးေရာပါမွာလား "

"အဲဒါေတာ့မသိဘူးေလ ကဲပါ သြားရေအာင္ မလုပ္မွမရွိပဲ "

"ေနၾကပါဦး မင္းတို႔၂ေယာက္ ဘာေတြေျပာေနတာလဲ "

"ေအာ္ဟုတ္သားပဲ... က်ိဳးခ်န္မင္းေျပာျပလိုက္ "

"W Racing Club မွာ ဒီေန႕ clubတြင္းအသင္းသားၿပိဳင္ပြဲ အေသးစားရွိတယ္ကြာ... အေသးစားဆိုေပမဲ့အထင္မေသးနဲ႕ေနာ္ ရွယ္ပဲကြ အဲဒိထဲကမွ ငါ့အသဲ 85ကေတာ့ ရွယ္ထက္ရွယ္ ဟဲဟဲ... "

"သြားမယ္ကြာ...အားေနတာနဲ႕အေတာ္ပဲ "

ေရွာင္က်န့္တို႔ကား၂စီး ဆိုင္ကယ္ၿပိဳင္ကြင္းကိုထြက္လာခဲ့လိုက္ေတာ့သည္....

ကြင္းကိုေရာက္ေတာ့ လာၾကည့္တဲ့ေကာင္ေလး
ေကာင္မေလးေတြေတာ္ေတာ္မ်ားမ်ားေရာက္ေနၾကတာေၾကာင့္ ေရွာင္က်န့္အံ့ၾသသြားကာ ေဘးကယြိပင္းကိုလက္တို႔ၿပီး...

"ယြိပင္း တ႐ုတ္မွာလဲ ဆိုင္ကယ္ၿပိဳင္ပြဲႀကိဳက္တဲ့ေကာင္မေလးေတြမ်ားသားပဲေနာ္.. "

"ဟား ဟား ဘယ္ကသာ ၿပိဳင္ပြဲႀကိဳက္တာမဟုတ္ဘူး အဲဒါေတြကၿပိဳင္ပြဲဝင္ေတြကို ႀကိဳက္တာ..."

"ဟမ္..."

"ခဏေနပြဲစရင္ မင္းသေဘာေပါက္သြားလိမ့္မယ္ "

၁၅မိနစ္ေလာက္ၾကာေတာ့... ပြဲအစီစဥ္ေၾကျငာသူက ႏႈတ္ဆက္ၿပီး ၿပိဳင္ပြဲဝင္ေတြနဲ႕မိတ္ဆက္ေပးၿပီး ၿပိဳင္ပြဲဝင္ေတြ ေနရာယူလိုက္တာနဲ႕....

"ဝိုး... Tracer 85... ထြက္လာၿပီး လာၿပီ  လာၿပီ...ဝိုး..."

ထိုအခါမွေရွာင္က်န့္ ယြိပင္းေျပာတာကိုသေဘာေပါက္သြားေတာ့သည္ ဆိုင္းဘုတ္ေတြကိုင္ကာ ေအာ္ဟစ္အားေပးေနၾကတဲ့ ေကာင္မေလးေတြကိုၾကည့္ၿပီး ေခါင္းရမ္းလိုက္မိေတာ့သည္....

ေဘးကက်ိဳးခ်န္ကလဲ...
"အသဲေလး 85ပါတယ္ ေဟးေဟး... fighting 85... ဝိုး...."

ေရွာင္က်န့္ က်ိဳးခ်န္...ေျပာေျပာေနတဲ့ No.85 ကိုၾကည့္လိုက္ေတာ့ ရင္းနီးေနတဲ့ပုံစံျဖစ္ေနတာေၾကာင့္ ေသျခာထပ္ၾကည့္လိုက္မိသည္...

"မဟုတ္ေလာက္ပါဘူး... တူတာေနမွာပါ ဝမ္ရိေပၚကဘယ္လိုလုပ္ဒီမွာရွိမွာလဲ "

ေရွာင္က်န့္အေတြးေတြေဖ်ာက္ပစ္လိုက္ၿပီး စတင္ေနၿပီျဖစ္တဲ့ ၿပိဳင္ပြဲကိုအာ႐ုံလႊဲလိုက္ေတာ့သည္.....

ၿပိဳင္ပြဲကြင္းထဲမွာရပ္ထားတဲ့ဆိုင္ကယ္ကိုအၾကည့္ေရာက္သြားကာ..

"မနက္ကဟိုဆိုင္ကယ္...ဟုတ္တယ္ မနက္ကငါ့ကိုေက်ာသြားတဲ့ဆိုင္ကယ္...ယြိပင္း မင္းဟိုဆိုင္ကယ္ကိုသိလား "

"ဘယ္ဆိုင္ကယ္လဲ "

"ဟိုး...မွာရပ္ထားတဲ့ဟာေလ..."

"အဲသူကဘယ္လိုလုပ္ေရာက္ေနတာလဲ.. အဲဒါ အဖြဲ႕ကေတာ့မဟုတ္ဘူး အတိုခ်ဳံးေျပာရရင္ ဒီအသင္းနဲ႕ၿပိဳင္ဘက္ေကာင္းလို႔ေျပာရမဲ့ အသင္းကေခါင္းေဆာင္ရဲ႕ဆိုင္ကယ္... "

ယြိပင္းအေျပာကိုေရွာင္က်န့္စိတ္ဝင္စားသြားေတာ့သည္....

................
9.7.2021

Love You All😘
................
9.7.2021

Love You All😘

Continue Reading

You'll Also Like

29K 394 23
⚠️DISCONTINUED⚠️ Adrielle is the Mafia Princess. Her Father owns one of the highest mafia groups. Jaden is the son of the rival mafia. He just got...
13.2K 277 16
She knows that he'll never love her back, yet she chooses the path which would lead her to him. For her, he is her dream, but his dream is someone el...
36.8K 2.3K 14
ငယ်ငယ်ကမှားယွင်းသိခဲ့တဲ့အကြောင်းအရာတွေကြောင့်ကိုယ်တိုင်ပြောင်းလဲပြစ်ခဲ့ရပြီးနာကျင်မှုတွေ​တွေပြည့်နှက်နေတဲ့ကောင်လေးနဲ့အမြဲတမ်းအတွက်မင်းကိုပဲရွေးချယ်ထာ...
12K 391 23
ချစ်ခြင်းတရားက စွမ်းအားကြီးတယ်။ အမုန်းတရားတွေ မာန်လျော့ ပြယ်ပျောက်ကြရသည်အထိ သူ့အပေါ်နားလည် ချစ်ပေးပါရစေ။