If I Will Love❤🖤

By HarNuu

7.2K 677 478

ကိုယ်တို့ရဲ့နံရိုးနှစ်ချောင်းပေါင်းစပ်ပြီး သဘာဝထပ်နှစ်ဆ ခိုင်မြဲတဲ့အချစ်ကို ပုံဖေါ်မယ် SonPin ❤🖤 More

❤🖤 1
❤🖤3
❤🖤2
❤🖤4
❤🖤5
❤🖤6
❤🖤7
❤🖤8
❤🖤9
❤🖤10
❤🖤
❤🖤11
❤🖤12 Zawgyi
❤🖤 13 Uni
❤🖤 13 ZawGyi
❤🖤14 Uni
❤🖤 ZawGyi 14
❤🖤 Uni 15
❤🖤 Zawgyi 15
❤🖤Uni 16
❤🖤Zawgyi 16
❤🖤 Uni 17
❤🖤 ZawGyi 17
❤🖤Uni 18
❤🖤ZawGyi 18
❤🖤 Uni 19
❤🖤ZawGyi 19

❤🖤12 Uni

77 19 11
By HarNuu

If I Will Love ❤🖤

"မနက်ဖြန် ကိုနဲ့တွေ့ရအောင်ထွက်လာခဲ့...."

လက်မခံချင်ပေမယ့် သိသာလာတဲ့ကိုယ့်စိတ်အခြေအနေတွေက သူများတွေကို ဘယ်လိုပဲ ညာညာကိုယ့်ကိုယ်ကိုတော့ ညာလို့မရခဲ့ဘူး...
စိတ်ထဲ မအေးဘဲ ဖြစ်နေတာကို ကိုယ်က လာတွေ့ရမလား မေးသင့်တာ....
ပါးစပ်ကထွက်မိတာက ပိုင်စိုးပိုင်နင်း....

" လာမှာလား?....."

" အကို ကိစ္စရှိလို့လား..."

" ကိုတို့ကြား အရင်တုန်းကရော ကိစ္စရှိလို့တွေ့ဖြစ်ကြတာရှိလို့လား..."

" အဲ့လိုတော့ မဟုတ်ပေမယ့် ကျတော်မနက်ဖြန်ချက်ချင်းကြီးတော့"

" လာတာမလာတာ မင်းအပိုင်းလေ
ကိုက မင်းလာလာမလာလာ မနက်ဆိုင်သွားရမှာပဲ
အဆင်မပြေရင်လည်း မလာနဲ့ပေါ့ ကိုကအရေးမှ မကြီးတာ..."

" ဟို....
အကို "

" ဒါပဲ...
မနက်ဆိုင်သွားမှာဆိုတော့ အိပ်​တော့မယ်
မင်းလည်းအိပ်ချင်ပြန်အိပ် မအိပ်ချင်လည်း သဘော
ဒါပဲ ဖုန်းချပြီ..."

တစ်ခွန်းပြောရုံနဲ့ ရနေကြ ကြောင်စိန်က အငြင်းသံထွက်ချင်ပုံရတော့ နားမထောင်ချင်တော့ဘူး...
စိတ်ရှုပ်လိုက်တာ အသံကလည်း ကြည်နေပေမယ့် နွမ်းနေသလိုပဲ...
ဆေးရုံက စိတ်ချရလို့ဆင်းပေးတာမဟုတ်ဘူးလား...
သေချာမစစ်ဆေးပေးဘူးလားမသိဘူး...
လူမြင်ရရင်သေချာသိရပြီကိုကွာ...
ဒီလောက်ဆေးရုံဆေးခန်းကို ဆွေမျိုးရင်းချာလိုပတ်သက်နေတဲ့ Vip ကိုတောင်သေချာဂရုမစိုက်ပေးတဲ့ဆေးရုံ နောက်နေ့မေးထားပြီးရှောင်ဦးမှပဲ...
ခုနထဲက ဖြောင့်ဖြောင့်မအိပ်နိုင်တဲ့စိတ်က အခုအိပ်မရတော့ဘူး...
အိပ်မရမယ့်အတူ အတွေးထဲပေါ်လာတာလေး လုပ်ဖို့ အိပ်ယာထဲဆက်မခွေနေဘဲ ထလိုက်တော့တယ်...

အိမ်ထဲမှာပဲနေရတာသဘောကျတဲ့ ကျတော်က အကိုနဲ့ရင်းနှီးပြီးမှ အကိုရှိတဲ့နေရာကို သူကြည်ဖြူတယ်ဆိုတာနဲ့ပဲသွားတွေ့ချင်တယ်..

" P'Pha........"

ပြုံးပြီးခေါ်မိတော့ P'Pha ကခြေချုပ်မိတဲ့အနေအထားနဲ့ပြန်ထူးလာခဲ့တယ်....

" အကိုလေး ပြောပါ..."

"P'Pha သွားနားတော့....
မနက်ကျ ကျတော်နဲ့ လေကောင်းလေသန့် အပြင်သွားပြီးထွက်ရှူရအောင်..."

" အကိုလေးရယ် ခြံထဲရော
အကိုလေးဝရံတာမှာပါ လေကောင်းလေသန့်ရတဲ့ အပင်တွေ အကိုလေး အတွက်စိုက်ပေးထားတာ အကိုလေး ငယ်ငယ်ကတည်းကပါ...
အပြင်မထွက်ပါနဲ့ လေစိမ်းတွေနဲ့... "

" အိမ်ထဲပဲနေတာကြာပြီလေ...
အပြင်လေးဘာလေးထွက်သင့်တယ် P'Pha ရဲ့
ခေါင်းမကြည်ရင် ကျတော် အတွေးအသစ်တွေထွက်မှာမဟုတ်ဘူး..."

" လွန်ခဲ့တဲ့ ငါးရက်ကပဲ အပြင်ထွက်လို့ ဆေးရုံပြေးရတဲ့အထိဖြစ်လာပြီးပြီ...
အခုမှ အပြင်မထွက်ရတာ လေးရက်ဘဲရှိသေးတယ်အကိုလေး..."

" လေးရက်တောင်ရှိပြီလေ P'Pha ရာ..."

" သြော်.... ဟုတ်ကဲ့
အရင်က ခြောက်လတစ်ခါတောင် အပြင်ထွက်ခဲ့လို့လားဗျာ..."

" အဲ့တာကြောင့်လေ လူဆိုတာ တစ်သမတ်တည်းမနေသင့်ဘူး...
ကျတော်က ဒီအတိုင်းနေတတ်ပေမယ့် P'Pha ဘက်လည်းပြန်ကြည့်ရမယ်လေ...
ကျတော့်ကို အားမနာနဲ့ P'Pha
မနက်ကျရင် P' ကိုအပြင်လိုက်ပို့မယ်..."

" အ ကို လေး......"

" သွားအိပ်တော့ P' ဆေးပိုက် ကျတော့်ဘာသာဖြုတ်လိုက်မယ်...
သွား... သွားနားတော့..."

P' ကသိနေမှာဆိုပေမယ့် အတည်ပေါက်ကြီးတော့ P' ကိုလည်းမပြောရဲသေးဘူး...
ကောင်းခြင်းတွေထား ကိုယ့်ရဲ့ဆိုးခြင်းမှန်သမျှက P' ကပဲ အနီးကပ်ခံခဲ့ရတာမို့ ဘယ်လိုပဲဝန်ထမ်းလို့ပြောပြော ကိုယ့်အကိုတစ်ယောက်လို လေးစားရတယ်...
Drip ကုန်အောင်စောင့်ပြီးတာနဲ့ဆေးမြန်မြန်သောက်ပြီး အိပ်ချလိုက်တယ်...
မနက်ရောက်ချင်ပြီ...

☘☘☘

တက်ကြွနေတဲ့အကိုလေးက ဒီကော်ဖီဆိုင်ရှေ့ကိုရောက်နေတာ မနက်အစောထဲကပဲ...
ပိတ်ထားတဲ့ တံခါးတွေကိုကြည့်ပြီး ဘာပြုံးစရာရှိလဲ စဥ်းစားရတာ ခေါင်းပူလာပြီ...
တော်ရုံဆို သူများကိုအနှောင့်အယှက်ဖြစ်အောင်ဘယ်တော့မှမနေတဲ့ အကိုလေးအနား နေပေးရတာ အဖော်ပြုပေးရရုံလောက်လေးနဲ့ ပေးထားတဲ့ ဝန်ထမ်းလစာက အဆမတန်ကွာတယ်...
မိသားစု အရင်းလိုသဘောထားပေးပြီး အခန်းသီးသန့်နဲ့ ဒီအိမ်ထဲ မိသားစုဝင်တစ်ယောက်လို ပြောဆိုနေထိုင်လုပ်ပိုင်ခွင့် အပြည့်ပေးထားတယ်...
ရထားတာတွေနဲ့ လုပ်ပေးရတာတွေနဲ့ မကာမိတဲ့အခါ အကိုလေးအပေါ် လုံလုံလောက်လောက်ပေးဆပ်ချင်လာတယ်...
ဒီလူသားအတွက်ဆို ဘာပဲလုပ်ပေးရလုပ်ပေးရပါ...
တစ်ခုပဲ သူ့အတွက်မကောင်းနိုင်တာဆိုရင်တော့ အရှေ့က ရင်စည်းခံပေးရမှာပဲ...
အမှန်အတိုင်းပြောရရင် အခုအနေအထားကိုလည်းသဘောမကျဘူး...
ဒါပေမယ့် တိတ်ဆိတ်နေတတ်တဲ့အကိုလေးက ဒီရက်တွေထဲ သွက်သွက်လက်လက်ဖြစ်လာပြီး စကားတွေပြော ပြုံးနေတာမြင်ရတော့လည်း အလိုလိုက်ရတော့တာပါပဲ...
အကိုလေး ထိခိုက်စရာများလာရင်တော့ အမုန်းခံသင့်ရင်ခံဖို့ သူအဆင်သင့်ဖြစ်ထားပြီးပြီ...

" မနက်စာလေး စားပါဦး အကိုလေးရယ်..."

" P'Pha ကလေ နားပါဆိုတာကို မအိပ်ဘဲနဲ့ ဘာလို့ဒါတွေ ထ ထည့်လာရတာလဲ..."

ခေါင်းခန်းကနေ ကိုယ်ကြီးလိမ်ပြီး အနောက်က ကျတော့်ကို တစ်ခုပြီးတစ်ခု ကြည့်ပြီး ပူနေတော့တာပဲ...
မနက်ထတာနဲ့ အပြင်သွားဖို့ လိုအပ်တဲ့ ပစ္စည်းအစုံအလင် အနွေးထည်ခေါင်းစွပ် သူက အကုန်ထုတ်ပေးပြီးသား...
ဆေးရုံတက်တိုင်းလည်း သူလည်းပင်ပမ်းရတာမို့ နားစေချင်တာကိုမနားဘဲ မနက်စာတွေပါ ထ ထည့်လာပေးသေးတယ်...

"P'Pha သူငယ်ချင်းတွေနဲ့ မတွေ့ဘူးလား...
အပြင်မထွက်တာ ကြာပြီနော်...."

" ကျတော် ဘယ်မှ မသွားတာတောင် အကိုလေးက စိတ်ချထားလို့ရလို့လား....
ဒီလောက်အနားမှာပဲနေတာတောင် တစ်ခုပြီးတစ်ခုဖြစ်နေတာလေ..."

"အာ...
သူငယ်ချင်းတွေလည်းမတွေ့ရ
ချစ်သူရည်းစားလည်းမထားရနဲ့ P' တော့ ကျတော့်​ကြောင့်အခွင့်အရေးတွေ အများကြီးဆုံးရှူံးနေရတာပဲ...
နောက်ရက်တွေ ကျတော်အိမ်မှာနေရင် P' အပြင်လေးဘာလေးထွက်ပြီးလုပ်စရာရှိတာတွေလုပ်...
လူပျိုလေးတစ်ယောက်က ကလေးအဖေကြီးလိုပဲ အမြဲစိတ်မချဖြစ်နေတာ...
ကျတော့်ကို P' ကလေးထင်နေတာလား...
ကျတော့်အတွက်ပါပေါင်းပြီး လူငယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်ပိုနေပေးပါ...
အနားမှာခေါ်ထားပြီးကျတော့်အတွက်ပဲ အချိန်တွေပေးနေရတာ တကယ်အားနာလှပြီ...."

" P' က ပိုတောင်အဆင်ပြေတာလေ...
မိသားစုလိုထားတယ် မျက်နှာသာပေးတယ် ငွေရေးကြေးရေးလည်း ပိုပိုလျှံလျှံတွေထည့်ပေးနေတာ P' က သာ ဘာမှသေချာမလုပ်ပေးနိုင်တာပါ အကိုလေးရာ..."

" ကျတော့်အနားမှာ လူရောအချိန်တွေရောပေးဆပ်ထားတယ်...
ကျတော်သွေးလိုတိုင်းလည်း P' ကပဲအမြဲထုတ်ပေးတယ်...
တကယ် ကျေးဇူးတင်ပြီးအားနာရပါတယ်...
ကျတော့်ကြောင့် P' ပေးထားရတာတွေအများကြီး...
ငွေကြေးပိုက်ဆံက ပြန်ရှာလို့ရပေမယ့် ဒီလို အကိုကောင်းတစ်ယောက် ကျတော်ဘယ်ကရှာလို့ရနိုင်ပါ့မလဲ..."

" ကျတော်တို့က တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲပြုနေရတာပါပဲဗျာ
အကိုလေးနားနေရတာ ကျတော်တကယ်ပျော်ပါတယ်...
အခုတော့မနက်စာစားလိုက်ဦး..."

" အကိုက ဘယ်အချိန်ဆိုင်လာမှာလဲ မသိဘူး..."

" အကိုလေး ညက သေချာမချိန်းထားဘူးလား..."

" ကျတော်လာမယ်လို့မပြောလိုက်မိဘူး..."

" ဖုန်းဆက်လိုက်ပါလား အကိုလေး..."

" မဆက်တော့ပါဘူး P'ရယ်...
ကျတော်ဆက်လိုက်ရင် သူအလျင်လိုနေပါ့မယ်..."

"ဒါဆိုလည်း စားရင်းစောင့်လေ..."

" အကို့ဆိုင်ဖွင့်မှပဲ စားလိုက်မယ်...
P' စားထားနှင့် ဆိုင်တွေဘာတွေသွားထိုင်မလား....
သွားချင်သွားလေ P' ကျတော်ဒီမှာပဲရှိနေမယ်..."

" မထိုင်ပါဘူး အကိုလေးရယ်...
ဟိုက အခုလာလည်း ဆိုင်ကချက်ချင်းကြီးမှာစားလို့မရဘူး စောင့်ရဦးမှာကို စားထားနှင့်ပါ..."

" ကျတော်မဆာသေးလို့ပါ..."

" ဆာဆာမဆာဆာ စားပြီးရင်ဆေးသောက်ရဦးမှာကို အကိုလေး ဒီရက်တွေထဲ ပြောရဆိုရ ခက်လာတယ်နော်...
အခုလို ပြောမရဆိုမရရင် ကျတော်နောက် သွားချင်တဲ့နေရာလိုက်မပို့ဘဲနေမယ်..."

စကားမပြန်လာဘဲ ရယ်နေတဲ့ အကိုလေးက စ စရာ နောက်စရာဆိုလည်း ကျတော့် တစ်ယောက်ပဲရှိတာ မဟုတ်ပါလား...
ဒီလောက်ခေတ်မှီလာတဲ့ ဒီလိုအချိန်မှာ အကိုလေး ဝေဒနါ တွေကို မပျောက်ရင်တောင် သူများတန်းတူလေးနေထိုင်နိုင်အောင် ဘာလို့ကုလို့မရတာလဲနော်...
ရှိနေတဲ့ သက်တမ်းထဲက ကျန်းမာခြင်းတွေရော အသက်ရှည်ခြင်းတွေရော အကိုလေးကိုပေးလို့ရရင် မျှဝေခွင့်ရချင်ပါတယ်...
အသံတိုးတိုးနဲ့ရယ်နေတဲ့ အကိုလေးက ကားထဲကနေတစ်ဖက်ခြမ်းက ဆိုင်လေးကိုပဲ လှမ်းငေးနေတယ်...
ဝူးကနဲ အသံကျယ်ကြီးနဲ့အတူ ဆိုင်ကယ်တစ်စီး ထိုးရပ်တော့ ပြုံးသွားတာများ နှုတ်ခမ်းကွေးလေးထင်းလို့...

အရှိန်ပြင်းတဲ့ဆိုင်ကယ်ကိုထိုးရပ်ပြီး ဦးထုပ်ချွတ်တာကအစကြည့်ကောင်းတယ်...
တစ်ချက် နှစ်ချက် သပ်လိုက်ရုံနဲ့ ပုံကျသွားတဲ့ဆံပင်တွေက သေချာပုံသွင်းထားတဲ့အတိုင်းလေးပဲ...
ဆိုက်ကယ်ဒေါက်ထောက် ဦးထုပ်ကို တစ်ဖက်ကကိုင် ကျန်လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲထည့်ရင်း ဆိုင်ထဲဝင်ဖို့ပြင်တယ်...
တစ်လှမ်း...
နှစ်လှမ်း...
သုံးလှမ်း...
သဘောတကျပြုံးလိုက်မိတယ်...
လှမ်းနေတဲ့ခြေလှမ်းကိုရပ်ပြီး မျက်ခုံးလေးကျုံ့ကာ လှည့်ကြည့်လာတာမှ တန်းတန်းမတ်မတ်ပါပဲ...
သဘောကျတယ် တကယ်ကြီးကို...
ဘယ်ကြည့် ညာကြည့် ကြည့်ပြီး လှမ်းလာတဲ့ခြေတံရှည်က အေးဆေးစွာနဲ့...
ကားနားရောက်တော့ တံခါးကိုဆွဲဖွင့်တယ်...

" လာ...."

လက်ကိုဆွဲခေါ်တာမှ ပိုင်စိုးပိုင်နင်း ပိုင်ပိုင်နိုင်နိုင်ပဲ...

" ဘာလို့ဖုန်းမခေါ်တာလဲ...
ကြာပြီလား ရောက်နေတာ..."

" နည်းနည်းကြာပြီ..."

ခုဏကလိုပဲ ခြေလှမ်းအေးနဲ့ အကိုက ဆိုင်ဖက်ကို လမ်းပြန်ကူးတယ်...
ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ လက်က အခုတော့ ကျတော့်လက်ကောက်ဝတ်မှာ ဆုပ်ကိုင်လျက်သားလေးရှိနေပါတယ်...
နာမိလောက်အောင်ထိ အတင်းညှစ်ကိုင်ထားတာမျိုးမဟုတ်ပေမယ့် အကို့လက်တွေက မြဲတယ်...

လှမ်းကူးနေဆဲမှာပဲ ဝန်ထမ်းတွေက ကော်ဖီဆိုင်တံခါးကို ဖွင့်ပြီးနေပြီ...
ပိုင်ရှင်နဲ့ကွက်တိ ညှိလာသလား ထင်ရတယ်...
ဆိုင်ထဲက ထိုင်ခုံမှာနေရာချပေးပြီး သူပါဝင်ထိုင်လိုက်သည်...
ဆိုင်ကယ်ဦးထုပ်သိမ်းပေးတဲ့သူနဲ့ ဘာသောက်မှာလဲ လာမေးတဲ့သူနဲ့ အကို့ဝန်ထမ်းတွေက အလိုက်တသ်ိလေးတွေဖြစ်ပုံပါ..
အကိုက ခေါင်းသာ အသာလေးခါပြတယ်...
ကားပါကင်ထိုး​ပြီးမှ P'Pha တစ်ယောက် အနောက်က အထုပ်ဆွဲ ပြီးလိုက်လာရပြီ...

" P'Pha အဆင်ပြေသလိုသာနေ....
မင်းညကကျ လာမယ်လို့မပြောဘဲနဲ့...
အခုလည်းဖုန်းဆက်လိုက်ပါလား...
ကိုဆိုင်မလာရင် မင်းဘယ်လိုလုပ်မလဲ..."

" အကိုမလာရင်တော့ ကျတော်လည်းပြန်မှာပေါ့..."

"ဘယ်အချိန်လဲ...
အမြဲအေးတိအေးစက်နဲ့ ဖုန်းဆက်ပြီးသေချာပြောလို့ရရဲ့သားနဲ့ကို အပင်ပမ်းခံတယ်..."

" ကျတော် အဆင်ပြေပါတယ်..."

" အကိုလေး မနက်စာစားပါတော့...
ဆေးသောက်ချိန်တွေ ကပ်ကုန်တော့မယ်..."

" မစားရသေးဘူးလား...
ကိုလည်း မစားရသေးဘူး...
တစ်ညလုံးအိပ်မရတာနဲ့ ခုဏကမှ နိုးလာတာ ခဏစောင့် မင်းဘာသာသောက်မလဲ..."

" အကိုလေး အတွက်အိမ်ကပါလာတယ်..."

" ရတယ် ကျတော့်သူ့အတွက်ပြင်ပေးလိုက်မယ်..."

" Ready Made တွေက အဆင်မပြေဘူး..."

" ကျတော်သိနေပါပြီ P'...
မင်း ဘာသောက်မှာလဲ...
ကော်ဖီလား...."

" ကော်ဖီမရဘူး အကိုလေးက... "

" နွားနိူ့ရလား Milo သောက်မလား..."

" Milo ကအကိုလေး...."

" ကျတော်ဖျော်ပေးမှာပါ P' ..."

ကြောင်စိန်က တစ်ခွန်းမှ ဝင်မပြော အရုပ်တစ်ရုပ်ချထားတဲ့အတိုင်း တုန့်တုန့်မလှုပ် တဖွဖွပြုံးလို့...
စိတ်တွေလည်းကြောင်ရပါတယ်...
ကြောင်စိန်နဲ့မှပဲ....

" P' ကရော ဘာသောက်မှာလဲ ဘာဖြစ်ဖြစ် Ok လား...
ညီလေး ဒီအကို့အတွက် ဒီနေ့ Menu ထဲက ကော်ဖီ သေချာဖျော်ပေးလိုက်နော်...
ကြောင်စိန် ခဏစောင့်ဦး မကြာဘူး စာအုပ်ဖတ်ချင်ယူဖတ်ထားနှင့်..."

ဘားနောက်ထဲ ဝင်သွားတဲ့အကိုက နောက်ဖက်အရောက်အေပရွန်လေး ကောက်ဝတ်လိုက်သေးတယ်...
သဘောကျတာထပ်ပိုပါတယ်...
ဘာမှမလုပ်ရင်လည်း သဘောကျတယ်...
ခုလိုပုံစံအမျိုးမျိုးနဲ့ မြင်နေရလည်းသဘောကျတယ်...
တကယ်ကတော့ အကိုဖြစ်နေလို့ကို သဘောကျရပါတယ်...
ချောကလက်နဲ့နို့ရောဖျော်ထားတဲ့ မိုင်လိုခွက်လေးရယ်
ပူပူနွေးနွေးဖုတ်လာတဲ့ ပေါင်မုန့်နဲ့ အသားပါးပါးညှပ်ထားတဲ့ Sandwich လေးက အကို့လက်ထဲမှာ သေသေသပ်သပ်လေးပါလာတယ်...

" ဂျုံက ညထဲက ကိုယ်တိုင်နယ်ပြီးနှပ်ထားတဲ့ဂျုံ
တာရှည်ခံဆေး လုံးဝမပါဘူး...
နွားနို့ကလည်း ခြံကယူတာ
နွားခြံကလည်း ကို ပိုင်တဲ့ခြံ
အသားက ဟင်းခတ်မုန့် တစ်စက်မှမပါဘဲ လတ်ဆတ်တဲ့အသားကို သေချာလုပ်ထားတာ အကုန်မင်းစားလို့ရတာချည်းပဲ စားတော့...."

P'Pha အတွက် ပန်းကန်တစ်ချပ်နဲ့သီးသန့်ချပေးပြီး ကျတော့်ရှေ့ကိုချပေးတဲ့ ပန်းကန်ကတော့ နှစ်ယောက်စာပေါင်းထည့်ထားပုံပဲ...
အကို့အတွက်ကတော့ အသီးဖျော်ရည်တစ်ခွက်နဲ့....

"အကိုက ကော်ဖီမသောက်ဘူးလား..."

" ကို အသီးဖျော်ရည်ပိုကြိုက်တာ...
စားလေ စားရင်းပြော ဆေးသောက်ဖို့နောက်ကျနေမယ်...
အခုရော နေရတာ အဆင်ပြေရဲ့လား သက်သာရဲ့လား..."

"ဟုတ်ကဲ့ သက်သာနေပါပြီ..."

" မင်းအဲ့လိုနည်းနည်းလေးတောင် အနေအထိုင်မှားလို့မရတော့ ဘယ်လိုကြီးတုန်း အမြဲအဲ့လိုကြီးဖြစ်နေတာ စိတ်ညစ်စရာကြီးကွာ.."

စကားကို အနုအယွတွေနဲ့လှည့်ပတ်မပြောတတ်တဲ့ ကျတော်က ကြောင်စိန်ရဲ့ မုန့်ပန်းကန်ကို လှမ်းနေတဲ့ လက်လေးရပ်သွားမှ လှမ်းကြည့်လိုက်မိတယ်...

" ကို ပြောတာက အဲ့လိုဆို မင်း က အမြဲသတိကြီးနဲ့နေနေရတာ မလွတ်လပ်ဘူးပေါ့လို့ပြောချင်တာပါကွာ..."

ငယ်သွားတဲ့မျက်နှာလေးကိုမြင်တော့ စိတ်ထဲကပါတကယ်မကောင်းဖြစ်သွားမိပြီ...

" ကျတော့် ဘဝသက်တမ်း သုံးပုံနှစ်ပုံက ဆေးရုံဆေးခန်းနဲ့ပဲဆိုတော့ ကျတော်အသားကျနေပါပြီ...
တစ်ခုပဲ မိသားစုနဲ့ P'Pha ကိုတော့ အားနာရတယ်
အမြဲကျတော့်အတွက် တွေးပူပေးစိတ်သောကရောက်ပေးနေရတာကိုလေ...."

" ကျတော်ဘာမှမဖြစ်ဘူး အကိုလေး
ဘယ်အချိန်ဖြစ်ဖြစ် ကျတော်က အကိုလေးဘေး အမြဲရှိနေပေးမှာပါ..."

တခါတလေတော့ P'Pha ကို တကယ်တမျိုးဖြစ်တယ်..
ကြောင်စိန့်ကို အရိပ်တကြည့်ကြည့်နဲ့ကလေးအဖေကြီးလိုပဲ...
သောက်မယ့်ရေခွက်ကအစ ပြောင်လက်နေပီးသားကို သုတ်လိုသုတ်နဲ့...

" နောက်ဆို မင်းမလုပ်ဖူးသေးတာတွေ
ကို တို့နဲ့အတူ တစ်ခုချင်းစီလိုက်လုပ်ကြည့်လေ...
ကို ခေါ်မယ်
မင်းမလုပ်ကြည့်ဖူးသေး တာတွေ မင်းနဲ့အတူ ကို လုပ်ပေးမယ်..."

Sandwich တစ်ခုကို လက်ထဲကိုသေချာထည့်ပေးရင်း မျက်လုံးတစ်ဖက်မှိတ်ကာ wink လုပ်ပြတဲ့အကိုက မျက်ဝန်းတွေကအစနွေးထွေးနေတယ်လို့ ကျတော်လိုရာဆွဲထင်မိနေတာဖြစ်မလား...
🐰" တစ်ပတ်ချင်း ရစ်တဲ့ သံယောဇဥ်က အကို မို့လို့ပါ
ရစ်ပတ်ခံနေရတာက ကျတော့် နှလုံးသားမို့ တင်းကြပ်အောင် အကိုဆွဲရက်မယ်ဆိုရင်တော့
ခုန်နေတဲ့ နှလုံးသားလေး ရပ်တန့်သွားရပါလိမ့်မယ်..."🦁

SonPin ❤🖤















Continue Reading

You'll Also Like

10.6M 246K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
495K 39K 32
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2M 122K 43
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.9M 104K 89
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...