❤🖤 ZawGyi 14

82 11 7
                                    

If I Will Love  ❤🖤

ကျတော့်ဘက်ကအတွေးပေါ့ အကိုကအရင်ကထက်အများကြီး ဂရုစိုက်ပေးတယ်...
ပိုနီးကပ်နေတယ်လို့ခံစားလာရတယ်...
တနေ့တာရဲ့ အချိန်အတော်များများကို အကိုနဲ့ပဲ ဖြတ်သန်းဖြစ်လာတာများတော့တယ်...
အိမ်ရှေ့အထိ လာကြိုတတ်ပေမယ့် အိမ်ထဲထိတော့ခုထိဘယ်တော့မှ မဝင်ဘူး...
အခုနောက်ပိုင်းဆို ဆေးရုံမှာ ပုံမှန်စစ်ဆေးမှု့တွေလုပ်ဖို့လည်း အကိုပဲ အမြဲသေချာအဖော်လိုက်လုပ်ပေးတယ်...
ခုတလော ဆေးရုံသွားတိုင်းအိမ်ကလူကြီးတွေမလိုက်ရတော့ Mae တို့ကတောင်အံသြပြီးစိတ်တွေပူနေကြပြီ....
မိတ်ဆွေအသစ်ရနေပြီလို့ပြောပြတော့ သားကအရင်ကရောမိတ်ဆွေများများစားစားရှိလို့ အသစ်ရတယ်ပြောတာလားဆိုပြီး ဝိုင်းစကြသေးတယ်...
စိတ်ချမ်းသာနေတာမြင်နေရတော့ Mae တို့လည်း ပျော်တယ် သားရေလို့ပြောပြီး မိတ်ဆွေအသစ်လေးလည်းအိမ်ခေါ်လာပြီး မိတ်ဆက်ပေးပါဦးလို့ခဏခဏပြောသေးတယ်...
သားမိတ်ဆွေက ဘယ်လိုမျိုးလည်းလို့ သားဖြစ်သူနဲ့ပိုပြီးပွင့်လင်းချင်ပုံနဲ့ Mae က မေးတဲ့အခါ " ကျတော့်ဘက်ကတော့ မိတ်ဆွေထက် ပိုပါတယ် Mae " လို့ ဝန်ခံမိတော့ Mae က အံသြရင်း ထွေးပွေ့ပေးပါတယ်...
Mae အတွက်တော့ သားလေးပျော်ဖို့သာ အရေးကြီးဆုံးမို့ မိသားစုဘက်ကို စိတ်ပူမနေဘဲ သားစိတ်ချမ်းသာပျော်ရွှင်ဖို့ကိုပဲ ဦးစားပေးပါတဲ့...
ဒီ့ထပ့်ပိုပြီး အခက်တွေ့စေမယ့်စကားတွေ ဘာဆိုဘာမှမမေးဘဲအိမ်တွင်းမှာပဲရှိနေတဲ့နေ့ဆို မိသားစုထဲက တစ်ယောက်စီက အချိန်ရအောင်ပေးပြီးအဖော်လုပ်ပေးကြပါတယ်...
မင်းမိတ်ဆွေကို ပြပါဦးလို့ ဝိုင်းဝိုင်းစကြတာလည်း ခဏခဏပဲ...
ချစ်စနိုးနဲ့စမှန်းသိနေတော့ ပြုံးပြီးပဲကျေနပ်နေရတာပါပဲ...
P'Pha ကတော့ အခုလို မိသားစုဆုံချိန် စကားအကြောင်းအရာ ဒီနားရောက်ပြီဆိုတာနဲ့ဘယ်ပျောက်သွားမှန်းကိုမသ်ိဘူး...
အခုတလောအကိုက လာကြိုပြန်ပို့လုပ်ပေးနေတော့ P'Pha မလိုက်ပေးရတာကြာနေပြီ...
အခုလည်း ဆေးရုံသွားဖို့ကိုပဲ အကိုကလာခေါ်ပေးပါတယ်...

" အကို ဒေါက်တာ့နာမည်က Vanchawi
ကျတော့်ကို တာဝန်ယူထားတဲ့ Professor ကြီးရဲ့ သမီးပါ...
ဆရာကြီးက သုတေသနအတွက် ကိုရီးယားရောက်နေလို့လေ အကို..."

If I Will Love❤🖤Where stories live. Discover now