❤🖤Zawgyi 16

103 9 3
                                    

If I Will Love

စိတ်ရှုပ်ထွေးစိတ်ပျက်နေတဲ့ကောင်လေးနဲ့မတူညီစွာ တစ်ဖက်ကကောင်လေးမှာတော့ အိပ်ယာနိုးတာနဲ့ ဖုန်းကိုင်ကြည့်တော့ ဘာမှထူးမနေတဲ့ဖုန်းကိုကိုင်ပြီး Choux ကပြုံးမိတယ်...
အကိုက ငါ့ထပ်အိပ်ယာထနောက်ကျတတ်တာကိုဘာကိုမျှော်မိပါလိမ့်...
ညကမက်ဆေ့လေးပြန်ဖတ်ရင်းမနက်ခင်းကိုကြည်ကြည်လင်လင်နိုးထရပါတယ်
အကိုနဲ့မှ မချိန်းထားရင်အပြင်ထွက်စရာမရှိတဲ့ ကျတော့်အတွက် ပုံမှန်တစ်ကိုယ်ရည်အလုပ်တွေလုပ်ပြီး ရေးလက်စ အလုပ်တွေကို mood သွင်းပြီးဆက်ရေးတယ်...
ကျတော့်ချစ်ခြင်းက ဒီတစ်ခုတော့အေးချမ်းတယ်
ချစ်နေရရုံကျေနပ်တဲ့ကျတော်က အကိုဘယ်လိုထားထား အဆင်ပြေတာမို့ ကျတော်နေနိုင်တယ်...
အရမ်းသတိရရင် ငြိမ်ငြိမ်လေးထိုင်တွေးမယ် သူဟာကိုယ့်ပစ္စုပ္ပန် ကိုယ့်အနာဂတ်လို့တွေးရင်း တိတ်တိတ်လေးပဲ မြတ်နိုးမယ်....
ဒါလေးကပဲ အကို့အပေါ်ထားတဲ့ ကျတော့်ရဲ့အဖြူရောင်လောဘလေးပဲ...

ရှုပ်ထွေးနေတဲ့စိတ်က တကယ်ကိုအပူလုံး....
Art ရောက်လာပြီး စကားထိုင်ပြောကြပေမယ့် ရင်ထဲတစ်ဆို့နေမှု့ကလျော့မသွား...

" ဟိုကောင်တွေတမင်လုပ်တာပါကွာ...
အစပိုင်းတော့ မင်းFather ကြီးကြောင့် မင်းကိုစိတ်ပူသွားပေမယ့်....
ငါတကယ်စိတ်ပူတာက Choux ကိုကွ...
ဟိုက ငါတို့လိုမဟုတ်ဘူး...
အေးဆေးသမား
ဒီဟာကလည်း ရှင်းလိုက်ရင်ပြီးသွားမှာပေမယ့် မင်းFather ကြီးဇယားကပ်မှာတော့ ငါနည်းနည်းစိတ်ပူတယ် အခုတလော မင်းတို့သားအဖအဆင်မပြေဘူးမဟုတ်လား
Choux ရောသိပြီးပြီလားအခုကိစ္စ..."

" မပြောတတ်ဘူး အခုထိတော့ဖုန်းဆက်မလာသေးဘူး...
ဖုန်းမဆက်လာလည်း မသိသေးဘူးထင်လို့မရပြန်ဘူး
သိတဲ့အတိုင်း ဒီကောင်ကကြောင်စိန်
သိပြီးမှာလည်းဟုတ်ချင်မှ ဟုတ်ပြန်မှာ သူက ဘာမှသိတာမဟုတ်ဘူး
ဖုန်းလည်းငါမဆက်ရင်သူ့ဟာသူချဲ့တွေးပြီး ငါ့ဆီဆက်ချင်မှဆက်တာ
ဒီကောင်က တကယ်ဖူဂျီတောင်..."

" မေးကြည့်လိုက်ဦးလေကွာ
အဆင်ပြေရဲ့လားမသိ
မင်းကမေးပြီး အရမ်းစိတ်ပူစရာမလိုကြောင်းပြောထားလေကွာ..."

If I Will Love❤🖤Where stories live. Discover now