Secret Monster

By ErigomTdoo

14.3K 2K 447

#Chansoo #Kaisoo More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Ep - 8
Ep - 9
Ep - 10
Ep - 12
Ep - 13
Ep-14
Note
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37
38
Ep - 39
Ep - 40
Ep - 41
Ep - 42
Ep - 43
Ep - 44
Ep - 45
Ep - 46
Ep - 47
Ep - 48 ( uni )
Ep - 49 ( uni )
Final ( uni )

Ep - 11

293 51 13
By ErigomTdoo

အခြေအနေတွေအားလုံးပြီးသွားတဲ့အခါ Kyungsoo တို့ရဲ့ကျောင်းတော်ကြီးဟာ ပြန်ဖွင့်လာခဲ့သည် ။ မနက်ပိုင်းမှာ Jongin ဟာ ဘယ်လိုဘယ်ပုံသူ့အိမ်ကိုသိ၍ ရောက်လာလည်းမသိ ... Kyungsoo ဆီကိုရောက်လာခဲ့တာကြောင့် မတတ်သာပဲ တစ်ဖက်လူ၏ကားနှင့်အတူ ကျောင်းသို့ပါလာခဲ့သည် ။ အဲ့အချိန် Kyungsoo ဖုန်းထဲကို Message ၀င်လာခဲ့တယ်

*    ကျောင်းမသွားသေးဘူးလား ?   *

*     ကျွန်တော်အခုကားပေါ်မှာပါ ကျောင်းသွားနေတယ်    *

*     ဘယ်သူနဲ့လည်း     *

*     Jongin လာခေါ်တာနဲ့ အဲ့​ဒါကြောင့် ဆရာအခုကျွန်တော့်ကိုစောင့်နေတာလား ? *

*    ငါကဘာလို့မင်းကိုစောင့်ရမှာလဲ ဒီနေ့ကျောင်းဖွင့်တာ မေ့နေမှာစိုးလို့    *

*     ဟုတ်ကဲ့ဆရာ    *

Kyungsoo ဆီကိုပြန်စာမလာတော့ဘူး ။ ဆရာကအခုလိုပဲ တခြားလူဆီကိုလည်း အဲ့လို Message ပို့ပြီးမေးတာပဲလား ? Kyungsoo တို့မကြာခင်မှာ Jongin နဲ့အတူ ကျောင်းသို့ရောက်လာခဲ့တယ် ။ အဲ့အချိန် ဆရာ့ကားလေးလည်း ကျောင်း၀န်းထဲကို၀င်လာချိန်ပေါ့ Kyungsoo တစ်ဖက်လူကိုသွားနှုတ်ဆက်ရန်ပြင်လိုက်ပေမဲ့ ။ ထိုကားထဲကနေ Chanyeol ဟာ Beakhyun နဲ့အတူဆင်းလာခဲ့ရုံမကပဲ Beakhyun က Chanyeol ၏ အကျီတွန့်နေတာကို ပွတ်သီးပွတ်သပ်လုပ်နေသော မြင်ကွင်းက Kyungsoo မျက်လုံးထဲရောက်လာတာကြောင့် သူ့ရဲ့ခြေလှမ်းများဟာ ရပ်တန့်သွားခဲ့သည် ။

မုန်းပေမဲ့ ဆရာ့အပြုံးတွေမြင်ရတော့အဆင်ပြေပါတယ် ။ ဆရာ့ရဲ့ချွင်းချက်ဖြစ်ပုံရသော ကောင်လေးနဲ့အရမ်းကြည့်ကောင်းတာပဲ ။ Do Kyungsoo မင်းအိမ်မက်ကနေနိုးထဖို့သင့်နေပြီမဟုတ်ဘူးလား ??

သူအတွေးလွန်နေတုန်း Jongin ကသူ့ပခုံးကိုပုတ်ကာ

"    ဘာဖြစ်လို့လဲ ? ဟိုဟာ English ဆရာလား  ဘေးက Beakhyun မဟုတ်လား ? ကြည့်ရတာ ကျောင်းကိုအတူတယ်ဆိုတော့ အခြေအနေကောင်းပုံပဲ    "

"    ဘာအခြေအနေလဲ Jongin    "

"     ငါတို့ ဂျူဂျယ် Nightout ထွက်တဲ့ညက Beakhyun က အဲ့ဆရာကို သဘောကျတယ်ဆိုပြီးပြောသေးတယ်    "

Kyungsoo တုန်လှုပ်သွားတယ် ။ သိသိရက်နဲ့တောင်အခုလို ဆက်ဆံနေသေးတာဆိုတော့ ဆရာက မငြင်းရက်တာ မှန်နေတာလား ?? ဒါဆို ဒါဆို ဘာလို့ ငါ့အပေါ်အမြဲတမ်း မျော်လင့်ချက်တွေပေးနေရတာလဲ ??

"    ဆရာကအဲ့ဒါနဲ့ စာကြိုးစားဆိုပြီး ဘာမှတော့ပြန်မပြောလိုက်ဘူး  အခုအခြေအနေက နည်းနည်းတိုးတက်လာပြီမထင်ဘူးလား ?  "

"    အင်း    "

Kyungsoo သူ့အရှေ့ကမြင်ကွင်းကိုဆက်မကြည့်နိုင်တော့ပဲ အနောက်ကိုလှည့်ထွက်သွားတော့ Jongin က တစ်ဖက်လူအနောက်ကို လိုက်သွားခဲ့တယ် ။ ဒါပေမဲ့ Kyungsoo ကတော့ Jongin ကိုဂရုပြုဖို့မအားပဲ သူ့အခန်းထဲသာ ၀င်သွားတော့သည် ။ တစ်ချိန်ပြီး တစ်ချိန် စာသင်ချိန်သာပြီးသွားတယ် ကျောက်ရုပ်ကြီးလိုထိုင်နေတဲ့ Kyungsoo သင်သမျှစာတွေကို စိတ်မပါတော့ဘူး ။ သူဟာတိုက်လိုက်တာနဲ့ ပြိုလဲတော့ပဲ ဖဲချက်ပိရမစ်တွေလိုပဲ  ။  ညိုးငယ်နေကာ တစ်ချိန်လုံး မျက်လုံးတွေရဲနေတော့သည် ။

သူကြောက်နေတဲ့ အရာတွေကို Beakhyun ကအကုန်လုပ်သွားခဲ့ပေမဲ့ သူကတော့အခုထိ အဲ့လို သတ္တိမျိုးရှိမနေခဲ့ပါဘူး ။ အငြင်းခံရမှာကြောက်ပြီး ဆရာ့ဆီက စိတ်ပျက်တယ်ဆိုတဲ့အကြည့်မျိုးကို ခံနိုင်ရည်မရှိဘူး ။ Kyungsoo အတွက်ကတော့အကုန်လုံးကထူးဆန်းနေဆဲပဲ ဘ၀မှပထမဆုံး အချစ်ဦးလေ ။ အသက်ရှူလို့တောင်မ၀ဘူး

ဒီဇာတ်လမ်းကို စောစောရပ်လိုက်ရင် သူကလွဲ အမေရော ဆရာပါ အကုန်စိတ်ချမ်းသာမဲ့ရလဒ်မျိုးလေ ။ မေ့ချင်ပြီ  ကိုယ့်ကိုကိုယ်လက်သင့်ခံဖို့ မနည်းကြိုးစားထားရပေမဲ့ နာကျင်မှုတွေအတွက်တော့ မရင်းချင်တော့ဘူး ။ အခုဆို ဆရာလည်း သူချစ်တဲ့လူကို အနှေးနဲ့အမြန် တွေ့မှာပဲလေ  သူကသာ အရှုပ်ထုပ်ကြီးဖြစ်နေခဲ့တာပဲ ။။။

"    kyungsoo မင်းနေမကောင်းဘူးလား ? "

"     ​​ကောင်းပါတယ်   Sehun ငါတစ်ခုမေးချင်လို့ Beakhyun က Aခန်းကလား ?   "

"    ဟုတ်တယ် ဘာလို့လဲ ?    "

"    သူကစာတော်တာပေါ့ ဒါဆို ကောင်းလိုက်တာ စာလည်းတော်တယ် ချောလည်းချောတယ် Social ကျပြီး ပျော်ပျော်နေတတ်တယ်" 

"    ဟုတ်တယ် Beakhyun ကတစ်ဖက်လူကိုဘယ်လိုပျော်အောင်လုပ်ပေးရမလဲသိတယ် သူနဲ့ရှိရင်မပျင်းရတော့ဘူး    "

"    အင်း  ငါ့ကိုဘယ်လိုမြင်လဲ Sehun မင်းကလွဲရင်အဆင်မပြေတဲ့ ငါ့ပုံစံက စိတ်ပျက်ဖို့ကောင်းနေလား    "

"     မဟုတ်ပါဘူး မင်းကိုသေချာမသိလို့ပါ  မင်းလိုလူက အပေါ်ယံတွေနဲ့အဆင်ပြေတဲ့ Type မဟုတ်ဘူး    "

"     မင်းပဲ ကောင်းတယ်    "

"     ဒါပေါ့ မင်းငါ့လို ချောမောတဲ့လူနဲ့ သူငယ်ချင်းဖြစ်တာ ဘယ်လောက်ကံကောင်းတယ်မှတ်လဲ ?:/   "

"      ဟုတ်ပါပြီ      "

Kyungsoo ရယ်မောလိုက်တယ် ။ ကြည့်ရတာ Beakhyun နဲ့ယှဥ်ရင် သူကဘယ်နေရာမှမသာတာ သေချာတာပေါ့ ။ ဆရာကလည်း Social ကောင်းတယ် အစကတော့ဆရာ့ကိုမာနကြီးပြီး ခက်ထန်တယ်ထင်တာ တကယ်တော့ဆရာကလည်း လူတွေနဲ့အပေါင်းအသင်းဆန့်ကာ ရယ်မောတတ်ပြီး ပျော်ရွှင်တတ်သည် ။ အတန်းထဲဆိုလည်း ဒေါသထွက်တာ မရှိသလောက်ပဲ ။ ဒါပေမဲ့ ဆရာက သူ့အပေါ်တော့အမြဲ ဒေါသထွက်တတ်သည် ။ ဟိုကောင်လေးလိုတော့ အရှက်ရပြီး ကျောင်းမထွက်ချင်ပါ ။

နေ့လည်ခင်း စာသင်ချိန်ပြီးနောက် အချိန်ပိုအချိန်ကို Kyungsoo မသွားပဲ Sehun က Club သွားမယ်ဆိုတာနှင့်သူလည်းလိုက်ခဲ့သည် ဒါပေမဲ့ Beakhyun ပါမယ်လို့မထင်ခဲ့ရိုးအမှန်ပါ ဒါတင်မကပဲ Jongin အပြင် အခြားကောင်းလေး ၂ယောက်လောက်လည်းပါသေးသည် ။ အသက်မပြည့်ပေမဲ့ သူဌေးသားတွေကြီးပဲဆိုတော့ အရှိန်အ၀ါကတော့ ခေမနေတာကြောင့် Club ထဲ၀င်ခွင့်ရလိုက်တယ် ။ ပြောတာကတော့ ဒီ club က Beakhyun အဖေ ပိုင်တာမို့ ပြောစရာမလိုဘူးတဲ့ ။ Kyungsoo အတွက်ကတော့ ပထမဆုံးဆိုပေမဲ့ အခြားလူတွေကတော့ ဆန်းဟန်မတူဘူး ။

အရက်မသောက်ဘူး ကိုလာတစ်ဗူးနှင့်ဖြေသိမ့်နေသော Kyungsoo အပြင် ကားမောင်းရဦးမည်ဆိုကာ မသောက်သော နောက်တစ်ယောက်ကတော့ Sehun ပါ ။ ကျန်တဲ့လူတွေကတော့ တစ်ပုလင်းပြီး တစ်ပုလင်းပဲ မြူးတူးနေတဲ့ သံစဥ်ကြား ခါယမ်းနေတဲ့ ကောင်မလေးတွေအကြောင်း အရာသာခံပြောနေသော ယောကျ်ားလေးတစ်သိုက်ရဲ့၀ိုင်းကတော့အတော်လေး ဆူညံနေသည် ။

အဲ့အချိန်သူ့ဖုန်းသို့ Chanyeol ဖုန်း၀င်လာခဲ့တယ် ။ Kyungsoo သေချာပေါက်ကို ဖုန်းပိတ်လိုက်သည် ။ ဒါပေမဲ့ Chanyeol က Sehun ဆီခေါ်မယ်လို့ဘယ်သူထင်မှာလဲ ? Sehun ကဖုန်းအစိမ်းဖြစ်တာကြောင့် ဆရာဖြစ်သူမှန်းမသိပဲ ဖုန်းcall ကို ဖြေလိုက်သည်။

*    ဘေးနားမှာ Kyungsoo ရှိလား    *

*    ဘယ်သူလဲ ဘာလို့ငါ့သူငယ်ချင်းကိုမေးတာလဲ ကွ    *

*     မင်းအခုဘယ်မှာလဲ မပြောရင် လိမ်ထားတဲ့အမှတ်စာရင်းတွေ မင်း အဖေကို ပို့လိုက်မယ်     *

*     ဘယ်သူလဲ အရင်ပြော     *

*      မင်းEnglish ဆရာ    *

*    ဆရာ ဒီမှာ Kyungsoo ရှိပါတယ် ခမျ သူနဲ့ဖုန်းပြောလိုက်ပါဦး     *

Kyungsooတစ်ယောက်ဘုမသိဘမသိဖြင့် Sehun လှမ်းပေးသော ဖုန်းအားယူလိုက်ကာ နားအနားကပ်ကာ 

"    Hello   Sehun ဘယ်သူလဲ ?   "

"     English ဆရာ    "

"     ဘာ !!!!!! မင်းငါ့ကိုဘာလို့ပေးတာလဲ    "

"     ဖြေလိုက်     "

ချီးပဲဟေ့   ။

*     Hello  ဆရာ ဒီနေရာက ဆူညံနေတယ် နောက်မှပြန်ဆက်ပါလား ?    *

*     အခုချက်ချင်း အဲ့ club အပြင်ထွက်လာခဲ့    *

*    ဗျာ  ဘာမှမကြားရဘူး  နောက်မှပြန်ခေါ်ပါလား ?   *

*     အခုချက်ချင်း ထွက်လာခဲ့    * ( အော်သံ  )

*     ဆရာ ကျွန်တော်မထွက်ချင်ဘူး အိမ်ကိုSehun လိုက်ပို့ပေးမှာ    *

*    Do Kyungsoo ထွက်ခဲ့ ငါစောင့်နေတယ် မလာရင် မင်းအမေကို ပြန်ပြောရလိမ့်မယ်   *

Kyungsoo သူ့အမေကိုပြန်ပြောတာမလိုချင်တာကြောင့် ဖုန်းကို Sehun ကိုထိုးပေးလိုက်ကာ သူ့လွယ်အိတ်ယူ၍ လိမ်လိမ်မာမာလေး Club အပြင်ကိုထွက်ခဲ့ရတော့သည် ။ သူအပြင်ရောက်တော့အပြင်က အတော်မှောင်နေပြီ ဖြစ်၍ ဆရာကကားအနက်ရောင်ရှေ့၌ရပ်ကာ သူ့အား ဒေါသတကြီးကြည့်နေသည်မှာ ချက်ချင်းထရိုက်တော့မယ့်အတိုင်းပဲ ။ အကုန် club သွားတာလေ ဘာလို့သူ့ကိုပဲ မဲပြီး ဒေါသထွက်နေတာလဲ ? အထဲမှာ Beakhyun လည်းရှိသေးတယ်လေ အဲ့ကောင်လေးကျတော့ ဘာမှမပြောပဲနဲ့  :/

"     အတတ်ကောင်းတွေသင်ယူလာတာပါလား ? မင်းအတော်အရွယ်ရောက်နေမှန်း အခုမှ သတိထားမိတော့တယ်    "

"     ကျွန်တော်တစ်ယောက်ထဲလာတာ မဟုတ်ဘူး    "

"     အတန်းပျက်ပြီး Club သွားရအောင်အထဲက ကောင်တွေလိုမျိုးစာတော်လို့လား ? ဒါ့မှမဟုတ် မင်းကို ထောက်ပံ့ပေးနေတဲ့ ပိုက်ဆံရှိတဲ့ မိဘတွေရှိလို့လား ?    "

"     ဟုတ်တယ် ကျွန်တော်က ငွေလည်းမရှိဘူး စာလည်းအတော်ဘူး အဲ့ဒါ ဆရာ၀င်စွတ်ဖက်ရမယ့်ကိစ္စမဟုတ်ဘူး ။ ကျွန်တော်ဟာ ကျွန်တော် ဘာဖြစ်ဖြစ် ဆရာနဲ့ဆိုင်လား ?? "

ပိုင်ဆိုင်တာဆိုလို့ အဖေမသေခင်က ၀ယ်ထားတဲ့ တိုက်ခန်းလေးတစ်လုံးအပြင် အခြားကြီးကြီးမားမားမရှိဘူးဆိုတာမှန်ပါတယ် ။ အမေရဲ့ အစိုးရအလုပ်လေးဆိုတာကလည်း သူတို့သားအမိလောက်ငှရုံလောက်လေးသာ စာလည်းမတော်ဘူး ။ ငွေလည်းမရှိဘူး ။ မင်းကတူလို့တန်လို့ Club သွားပြီး အလေလိုက်နေတာလားဆိုတဲ့စကားက ဘယ်လောက်၀မ်းနည်းဖို့ကောင်းလဲဆိုတာ ဆရာသိပုံမရဘူး ။ ကျွန်တော့်ကိုဆို အမြဲတမ်း ဒေါသထွက် ချုပ်ချယ်ပြီး အမြဲတမ်းစိတ်ပျက်စရာကောင်းအောင်ပြောဆိုနေရအောင် အဲ့လောက်ဆိုး၀ါးနေတာလား ??

"     ဆိုင်တယ် !  အခုအိမ်လိုက်ပို့ပေးမယ် ကားပေါ်တက်   !!   "

"     မတက်ဘူး ကိုယ့်ဟာကိုယ်ပြန်မယ်    "

"     Do Kyungsoo ငါကမင်းဆရာနော် ငါပြောတဲ့အတိုင်းလုပ်    "

"     မလုပ်ချင်ဘူး  ဆရာမကျေနပ်ရင် ကျောင်းထုတ်ရင်ထုတ်လိုက်တော့     "

Kyungsoo ရဲ့ပေါ့ပျက်လွန်းသော စကားကြောင့် Chanyeol ဟာဒေါသထွက်သွားပြီး တစ်ဖက်လူ၏ မျက်နှာကို ဖျက်ရိုက်မိလိုက်သည် ။ Kyungsoo ဟာထိုရိုက်ချက်ကြောင့်ငြိမ်ကျသွားပြီး အသံတိတ်ဖြင့် မျက်ရည်ကျတော့သည် ။ အဲ့အထိပေကပ်ကပ်ဖြင့် ကားပေါ်မတက်တာကြောင့် Chanyeol ဟာ အကြမ်းပတမ်းဆွဲခေါ်ကာ ကားထဲဆွဲသွင်းလိုက်ရတော့သည် ။ ဆရာတစ်ယောက်ဆီက အရိုက်ခံရတာထက် ချစ်တယ်လို့ခံယူထားတဲ့လူတစ်ယောက်ဆီကမို့ ပိုနာကျင်ပါတယ် ။

ကြောက်လည်းကြောက်မိပါတယ် ။ လူတွေအတွက် ဆရာကဘယ်လိုလူလည်းမသိပေမဲ့ ကျွန်တော်အတွက်တော့ ဆိုးရွားလွန်းသည် ။ ဘယ်ဟာက အစစ်အမှန်လည်းဆိုတာတောင်မသိတော့ဘူး ။

Chanyeol ကားမောင်းနေရင်း တစ်ယောက်ယောက်ဆီဖုန်းခေါ်နေတယ် ။

*    Hello အန်တီ ကျွန်တော် Chanyeol ပါ Kyungsoo ကိုဒီနေ့စာလုပ်ရမှာ များနေတာနဲ့ အိမ်မှာပဲ အိပ်ခိုင်းလိုက်တော့မယ်  မနက်ဖြန် Sunday မှပဲ အိမ်ပြန်ပို့ပေးတော့မယ်နော်   *

သေချာပေါ့ Kyungsoo အမေက သဘောတူတာပေါ့ သူမသားလေး အမှတ်ကောင်းဖို့အရေး ဆရာတွေလက်ထဲနေရတာ ဘယ်လောက်တောင်​ကောင်းလိုက်လဲ ?? ထို့ကြောင့် Chanyeol ဟာ သူ့ရဲ့အရင်နှစ်ထပ်အိမ်ကြီးကိုသာ Kyungsoo ကိုခေါ်သွားခဲ့သည် ။

Zawgyi

အေျခအေနေတြအားလုံးၿပီးသြားတဲ့အခါ Kyungsoo တို႔ရဲ့ေက်ာင္းေတာ္ႀကီးဟာ ျပန္ဖြင့္လာခဲ့သည္ ။ မနက္ပိုင္းမွာ Jongin ဟာ ဘယ္လိုဘယ္ပုံသူ႔အိမ္ကိုသိ၍ ေရာက္လာလည္းမသိ ... Kyungsoo ဆီကိုေရာက္လာခဲ့တာေၾကာင့္ မတတ္သာပဲ တစ္ဖက္လူ၏ကားႏွင့္အတူ ေက်ာင္းသို႔ပါလာခဲ့သည္ ။ အဲ့အခ်ိန္ Kyungsoo ဖုန္းထဲကို Message ၀င္လာခဲ့တယ္

*    ေက်ာင္းမသြားေသးဘူးလား ?   *

*     ကၽြန္ေတာ္အခုကားေပၚမွာပါ ေက်ာင္းသြားေနတယ္    *

*     ဘယ္သူနဲ႔လည္း     *

*     Jongin လာေခၚတာနဲ႔ အဲ့​ဒါေၾကာင့္ ဆရာအခုကၽြန္ေတာ့္ကိုေစာင့္ေနတာလား ? *

*    ငါကဘာလို႔မင္းကိုေစာင့္ရမွာလဲ ဒီေန႔ေက်ာင္းဖြင့္တာ ေမ့ေနမွာစိုးလို႔    *

*     ဟုတ္ကဲ့ဆရာ    *

Kyungsoo ဆီကိုျပန္စာမလာေတာ့ဘူး ။ ဆရာကအခုလိုပဲ တျခားလူဆီကိုလည္း အဲ့လို Message ပို႔ၿပီးေမးတာပဲလား ? Kyungsoo တို႔မၾကာခင္မွာ Jongin နဲ႔အတူ ေက်ာင္းသို႔ေရာက္လာခဲ့တယ္ ။ အဲ့အခ်ိန္ ဆရာ့ကားေလးလည္း ေက်ာင္း၀န္းထဲကို၀င္လာခ်ိန္ေပါ့ Kyungsoo တစ္ဖက္လူကိုသြားႏႈတ္ဆက္ရန္ျပင္လိုက္ေပမဲ့ ။ ထိုကားထဲကေန Chanyeol ဟာ Beakhyun နဲ႔အတူဆင္းလာခဲ့႐ုံမကပဲ Beakhyun က Chanyeol ၏ အက်ီတြန္႔ေနတာကို ပြတ္သီးပြတ္သပ္လုပ္ေနေသာ ျမင္ကြင္းက Kyungsoo မ်က္လုံးထဲေရာက္လာတာေၾကာင့္ သူ႔ရဲ့ေျခလွမ္းမ်ားဟာ ရပ္တန္႔သြားခဲ့သည္ ။

မုန္းေပမဲ့ ဆရာ့အျပဳံးေတြျမင္ရေတာ့အဆင္ေျပပါတယ္ ။ ဆရာ့ရဲ့ခၽြင္းခ်က္ျဖစ္ပုံရေသာ ေကာင္းေလးနဲ႔အရမ္းၾကည့္ေကာင္းတာပဲ ။ Do Kyungsoo မင္းအိမ္မက္ကေနနိုးထဖို႔သင့္ေနၿပီမဟုတ္ဘူးလား ??

သူအေတြးလြန္ေနတုန္း Jongin ကသူ႔ပခုံးကိုပုတ္ကာ

"    ဘာျဖစ္လို႔လဲ ? ဟိုဟာ English ဆရာလား  ေဘးက Beakhyun မဟုတ္လား ? ၾကည့္ရတာ ေက်ာင္းကိုအတူတယ္ဆိုေတာ့ အေျခအေနေကာင္းပုံပဲ    "

"    ဘာအေျခအေနလဲ Jongin    "

"     ငါတို႔ ဂ်ဴဂ်ယ္ Nightout ထြက္တဲ့ညက Beakhyun က အဲ့ဆရာကို သေဘာက်တယ္ဆိုၿပီးေျပာေသးတယ္    "

Kyungsoo တုန္လႈပ္သြားတယ္ ။ သိသိရက္နဲ႔ေတာင္အခုလို ဆက္ဆံေနေသးတာဆိုေတာ့ ဆရာက မျငင္းရက္တာ မွန္ေနတာလား ?? ဒါဆို ဒါဆို ဘာလို႔ ငါ့အေပၚအျမဲတမ္း ေမ်ာ္လင့္ခ်က္ေတြေပးေနရတာလဲ ??

"    ဆရာကအဲ့ဒါနဲ႔ စာႀကိဳးစားဆိုၿပီး ဘာမွေတာ့ျပန္မေျပာလိုက္ဘူး  အခုအေျခအေနက နည္းနည္းတိုးတက္လာၿပီမထင္ဘူးလား ?  "

"    အင္း    "

Kyungsoo သူ႔အေရွ႕ကျမင္ကြင္းကိုဆက္မၾကည့္နိုင္ေတာ့ပဲ အေနာက္ကိုလွည့္ထြက္သြားေတာ့ Jongin က တစ္ဖက္လူအေနာက္ကို လိုက္သြားခဲ့တယ္ ။ ဒါေပမဲ့ Kyungsoo ကေတာ့ Jongin ကိုဂ႐ုျပဳဖို႔မအားပဲ သူ႔အခန္းထဲသာ ၀င္သြားေတာ့သည္ ။ တစ္ခ်ိန္ၿပီး တစ္ခ်ိန္ စာသင္ခ်ိန္သာၿပီးသြားတယ္ ေက်ာက္႐ုပ္ႀကီးလိုထိုင္ေနတဲ့ Kyungsoo သင္သမၽွစာေတြကို စိတ္မပါေတာ့ဘူး ။ သူဟာတိုက္လိုက္တာနဲ႔ ၿပိဳလဲေတာ့ပဲ ဖဲခ်က္ပိရမစ္ေတြလိုပဲ  ။  ညိဳးငယ္ေနကာ တစ္ခ်ိန္လုံး မ်က္လုံးေတြရဲေနေတာ့သည္ ။

သူေၾကာက္ေနတဲ့ အရာေတြကို Beakhyun ကအကုန္လုပ္သြားခဲ့ေပမဲ့ သူကေတာ့အခုထိ အဲ့လို သတၱိမ်ိဳးရွိမေနခဲ့ပါဘူး ။ အျငင္းခံရမွာေၾကာက္ၿပီး ဆရာ့ဆီက စိတ္ပ်က္တယ္ဆိုတဲ့အၾကည့္မ်ိဳးကို ခံနိုင္ရည္မရွိဘူး ။ Kyungsoo အတြက္ကေတာ့အကုန္လုံးကထူးဆန္းေနဆဲပဲ ဘ၀မွပထမဆုံး အခ်စ္ဦးေလ ။ အသက္ရႉလို႔ေတာင္မ၀ဘူး

ဒီဇာတ္လမ္းကို ေစာေစာရပ္လိုက္ရင္ သူကလြဲ အေမေရာ ဆရာပါ အကုန္စိတ္ခ်မ္းသာမဲ့ရလဒ္မ်ိဳးေလ ။ ေမ့ခ်င္ၿပီ  ကိုယ့္ကိုကိုယ္လက္သင့္ခံဖို႔ မနည္းႀကိဳးစားထားရေပမဲ့ နာက်င္မႈေတြအတြက္ေတာ့ မရင္းခ်င္ေတာ့ဘူး ။ အခုဆို ဆရာလည္း သူခ်စ္တဲ့လူကို အေႏွးနဲ႔အျမန္ ေတြ႕မွာပဲေလ  သူကသာ အရႈပ္ထုပ္ႀကီးျဖစ္ေနခဲ့တာပဲ ။။။

"    kyungsoo မင္းေနမေကာင္းဘူးလား ? "

"     ​​ေကာင္းပါတယ္   Sehun ငါတစ္ခုေမးခ်င္လို႔ Beakhyun က Aခန္းကလား ?   "

"    ဟုတ္တယ္ ဘာလို႔လဲ ?    "

"    သူကစာေတာ္တာေပါ့ ဒါဆို ေကာင္းလိုက္တာ စာလည္းေတာ္တယ္ ေခ်ာလည္းေခ်ာတယ္ Social က်ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တယ္" 

"    ဟုတ္တယ္ Beakhyun ကတစ္ဖက္လူကိုဘယ္လိုေပ်ာ္ေအာင္လုပ္ေပးရမလဲသိတယ္ သူနဲ႔ရွိရင္မပ်င္းရေတာ့ဘူး    "

"    အင္း  ငါ့ကိုဘယ္လိုျမင္လဲ Sehun မင္းကလြဲရင္အဆင္မေျပတဲ့ ငါ့ပုံစံက စိတ္ပ်က္ဖို႔ေကာင္းေနလား    "

"     မဟုတ္ပါဘူး မင္းကိုေသခ်ာမသိလို႔ပါ  မင္းလိုလူက အေပၚယံေတြနဲ႔အဆင္ေျပတဲ့ Type မဟုတ္ဘူး    "

"     မင္းပဲ ေကာင္းတယ္    "

"     ဒါေပါ့ မင္းငါ့လို ေခ်ာေမာတဲ့လူနဲ႔ သူငယ္ခ်င္းျဖစ္တာ ဘယ္ေလာက္ကံေကာင္းတယ္မွတ္လဲ ?:/   "

"      ဟုတ္ပါၿပီ      "

Kyungsoo ရယ္ေမာလိုက္တယ္ ။ ၾကည့္ရတာ Beakhyun နဲ႔ယွဥ္ရင္ သူကဘယ္ေနရာမွမသာတာ ေသခ်ာတာေပါ့ ။ ဆရာကလည္း Social ေကာင္းတယ္ အစကေတာ့ဆရာ့ကိုမာနႀကီးၿပီး ခက္ထန္တယ္ထင္တာ တကယ္ေတာ့ဆရာကလည္း လူေတြနဲ႔အေပါင္းအသင္းဆန္႔ကာ ရယ္ေမာတတ္ၿပီး ေပ်ာ္ရႊင္တတ္သည္ ။ အတန္းထဲဆိုလည္း ေဒါသထြက္တာ မရွိသေလာက္ပဲ ။ ဒါေပမဲ့ ဆရာက သူ႔အေပၚေတာ့အျမဲ ေဒါသထြက္တတ္သည္ ။ ဟိုေကာင္ေလးလိုေတာ့ အရွက္ရၿပီး ေက်ာင္းမထြက္ခ်င္ပါ ။

ေန႔လည္ခင္း စာသင္ခ်ိန္ၿပီးေနာက္ အခ်ိန္ပိုအခ်ိန္ကို Kyungsoo မသြားပဲ Sehun က Club သြားမယ္ဆိုတာႏွင့္သူလည္းလိုက္ခဲ့သည္ ဒါေပမဲ့ Beakhyun ပါမယ္လို႔မထင္ခဲ့ရိုးအမွန္ပါ ဒါတင္မကပဲ Jongin အျပင္ အျခားေကာင္းေလး ၂ေယာက္ေလာက္လည္းပါေသးသည္ ။ အသက္မျပည့္ေပမဲ့ သူေဌးသားေတြႀကီးပဲဆိုေတာ့ အရွိန္အ၀ါကေတာ့ ေခမေနတာေၾကာင့္ Club ထဲ၀င္ခြင့္ရလိုက္တယ္ ။ ေျပာတာကေတာ့ ဒီ club က Beakhyun အေဖ ပိုင္တာမို႔ ေျပာစရာမလိုဘူးတဲ့ ။ Kyungsoo အတြက္ကေတာ့ ပထမဆုံးဆိုေပမဲ့ အျခားလူေတြကေတာ့ ဆန္းဟန္မတူဘူး ။

အရက္မေသာက္ဘူး ကိုလာတစ္ဗူးႏွင့္ေျဖသိမ့္ေနေသာ Kyungsoo အျပင္ ကားေမာင္းရဦးမည္ဆိုကာ မေသာက္ေသာ ေနာက္တစ္ေယာက္ကေတာ့ Sehun ပါ ။ က်န္တဲ့လူေတြကေတာ့ တစ္ပုလင္းၿပီး တစ္ပုလင္းပဲ ျမဴးတူးေနတဲ့ သံစဥ္ၾကား ခါယမ္းေနတဲ့ ေကာင္မေလးေတြအေၾကာင္း အရာသာခံေျပာေနေသာ ေယာက်္ားေလးတစ္သိုက္ရဲ့၀ိုင္းကေတာ့အေတာ္ေလး ဆူညံေနသည္ ။

အဲ့အခ်ိန္သူ႔ဖုန္းသို႔ Chanyeol ဖုန္း၀င္လာခဲ့တယ္ ။ Kyungsoo ေသခ်ာေပါက္ကို ဖုန္းပိတ္လိုက္သည္ ။ ဒါေပမဲ့ Chanyeol က Sehun ဆီေခၚမယ္လို႔ဘယ္သူထင္မွာလဲ ? Sehun ကဖုန္းအစိမ္းျဖစ္တာေၾကာင့္ ဆရာျဖစ္သူမွန္းမသိပဲ ဖုန္းcall ကို ေျဖလိုက္သည္။

*    ေဘးနားမွာ Kyungsoo ရွိလား    *

*    ဘယ္သူလဲ ဘာလို႔ငါ့သူငယ္ခ်င္းကိုေမးတာလဲ ကြ    *

*     မင္းအခုဘယ္မွာလဲ မေျပာရင္ လိမ္ထားတဲ့အမွတ္စာရင္းေတြ မင္း အေဖကို ပို႔လိုက္မယ္     *

*     ဘယ္သူလဲ အရင္ေျပာ     *

*      မင္းEnglish ဆရာ    *

*    ဆရာ ဒီမွာ Kyungsoo ရွိပါတယ္ ခမ် သူနဲ႔ဖုန္းေျပာလိုက္ပါဦး     *

Kyungsooတစ္ေယာက္ဘုမသိဘမသိျဖင့္ Sehun လွမ္းေပးေသာ ဖုန္းအားယူလိုက္ကာ နားအနားကပ္ကာ 

"    Hello   Sehun ဘယ္သူလဲ ?   "

"     English ဆရာ    "

"     ဘာ !!!!!! မင္းငါ့ကိုဘာလို႔ေပးတာလဲ    "

"     ေျဖလိုက္     "

ခ်ီးပဲေဟ့   ။

*     Hello  ဆရာ ဒီေနရာက ဆူညံေနတယ္ ေနာက္မွျပန္ဆက္ပါလား ?    *

*     အခုခ်က္ခ်င္း အဲ့ club အျပင္ထြက္လာခဲ့    *

*    ဗ်ာ  ဘာမွမၾကားရဘူး  ေနာက္မွျပန္ေခၚပါလား ?   *

*     အခုခ်က္ခ်င္း ထြက္လာခဲ့    * ( ေအာ္သံ  )

*     ဆရာ ကၽြန္ေတာ္မထြက္ခ်င္ဘူး အိမ္ကိုSehun လိုက္ပို႔ေပးမွာ    *

*    Do Kyungsoo ထြက္ခဲ့ ငါေစာင့္ေနတယ္ မလာရင္ မင္းအေမကို ျပန္ေျပာရလိမ့္မယ္   *

Kyungsoo သူ႔အေမကိုျပန္ေျပာတာမလိုခ်င္တာေၾကာင့္ ဖုန္းကို Sehun ကိုထိုးေပးလိုက္ကာ သူ႔လြယ္အိတ္ယူ၍ လိမ္လိမ္မာမာေလး Club အျပင္ကိုထြက္ခဲ့ရေတာ့သည္ ။ သူအျပင္ေရာက္ေတာ့အျပင္က အေတာ္ေမွာင္ေနၿပီ ျဖစ္၍ ဆရာကကားအနက္ေရာင္ေရွ႕၌ရပ္ကာ သူ႔အား ေဒါသတႀကီးၾကည့္ေနသည္မွာ ခ်က္ခ်င္းထရိုက္ေတာ့မယ့္အတိုင္းပဲ ။ အကုန္ club သြားတာေလ ဘာလို႔သူ႔ကိုပဲ မဲၿပီး ေဒါသထြက္ေနတာလဲ ? အထဲမွာ Beakhyun လည္းရွိေသးတယ္ေလ အဲ့ေကာင္ေလးက်ေတာ့ ဘာမွမေျပာပဲနဲ႔  :/

"     အတတ္ေကာင္းေတြသင္ယူလာတာပါလား ? မင္းအေတာ္အရြယ္ေရာက္ေနမွန္း အခုမွ သတိထားမိေတာ့တယ္    "

"     ကၽြန္ေတာ္တစ္ေယာက္ထဲလာတာ မဟုတ္ဘူး    "

"     အတန္းပ်က္ၿပီး Club သြားရေအာင္အထဲက ေကာင္ေတြလိုမ်ိဳးစာေတာ္လို႔လား ? ဒါ့မွမဟုတ္ မင္းကို ေထာက္ပံ့ေပးေနတဲ့ ပိုက္ဆံရွိတဲ့ မိဘေတြရွိလို႔လား ?    "

"     ဟုတ္တယ္ ကၽြန္ေတာ္က ေငြလည္းမရွိဘူး စာလည္းအေတာ္ဘူး အဲ့ဒါ ဆရာ၀င္စြတ္ဖက္ရမယ့္ကိစၥမဟုတ္ဘူး ။ ကၽြန္ေတာ္ဟာ ကၽြန္ေတာ္ ဘာျဖစ္ျဖစ္ ဆရာနဲ႔ဆိုင္လား ?? "

ပိုင္ဆိုင္တာဆိုလို႔ အေဖမေသခင္က ၀ယ္ထားတဲ့ တိုက္ခန္းေလးတစ္လုံးအျပင္ အျခားႀကီးႀကီးမားမားမရွိဘူးဆိုတာမွန္ပါတယ္ ။ အေမရဲ့ အစိုးရအလုပ္ေလးဆိုတာကလည္း သူတို႔သားအမိေလာက္ငွ႐ုံေလာက္ေလးသာ စာလည္းမေတာ္ဘူး ။ ေငြလည္းမရွိဘူး ။ မင္းကတူလို႔တန္လို႔ Club သြားၿပီး အေလလိုက္ေနတာလားဆိုတဲ့စကားက ဘယ္ေလာက္၀မ္းနည္းဖို႔ေကာင္းလဲဆိုတာ ဆရာသိပုံမရဘူး ။ ကၽြန္ေတာ့္ကိုဆို အျမဲတမ္း ေဒါသထြက္ ခ်ဳပ္ခ်ယ္ၿပီး အျမဲတမ္းစိတ္ပ်က္စရာေကာင္းေအာင္ေျပာဆိုေနရေအာင္ အဲ့ေလာက္ဆိုး၀ါးေနတာလား ??

"     ဆိုင္တယ္ !  အခုအိမ္လိုက္ပို႔ေပးမယ္ ကားေပၚတက္   !!   "

"     မတက္ဘူး ကိုယ့္ဟာကိုယ္ျပန္မယ္    "

"     Do Kyungsoo ငါကမင္းဆရာေနာ္ ငါေျပာတဲ့အတိုင္းလုပ္    "

"     မလုပ္ခ်င္ဘူး  ဆရာမေက်နပ္ရင္ ေက်ာင္းထုတ္ရင္ထုတ္လိုက္ေတာ့     "

Kyungsoo ရဲ့ေပါ့ပ်က္လြန္းေသာ စကားေၾကာင့္ Chanyeol ဟာေဒါသထြက္သြားၿပီး တစ္ဖက္လူ၏ မ်က္ႏွာကို ဖ်က္ရိုက္မိလိုက္သည္ ။ Kyungsoo ဟာထိုရိုက္ခ်က္ေၾကာင့္ၿငိမ္က်သြားၿပီး အသံတိတ္ျဖင့္ မ်က္ရည္က်ေတာ့သည္ ။ အဲ့အထိေပကပ္ကပ္ျဖင့္ ကားေပၚမတက္တာေၾကာင့္ Chanyeol ဟာ အၾကမ္းပတမ္းဆြဲေခၚကာ ကားထဲဆြဲသြင္းလိုက္ရေတာ့သည္ ။ ဆရာတစ္ေယာက္ဆီက အရိုက္ခံရတာထက္ ခ်စ္တယ္လို႔ခံယူထားတဲ့လူတစ္ေယာက္ဆီကမို႔ ပိုနာက်င္ပါတယ္ ။

ေၾကာက္လည္းေၾကာက္မိပါတယ္ ။ လူေတြအတြက္ ဆရာကဘယ္လိုလူလည္းမသိေပမဲ့ ကၽြန္ေတာ္အတြက္ေတာ့ ဆိုးရြားလြန္းသည္ ။ ဘယ္ဟာက အစစ္အမွန္လည္းဆိုတာေတာင္မသိေတာ့ဘူး ။

Chanyeol ကားေမာင္းေနရင္း တစ္ေယာက္ေယာက္ဆီဖုန္းေခၚေနတယ္ ။

*    Hello အန္တီ ကၽြန္ေတာ္ Chanyeol ပါ Kyungsoo ကိုဒီေန႔စာလုပ္ရမွာ မ်ားေနတာနဲ႔ အိမ္မွာပဲ အိပ္ခိုင္းလိုက္ေတာ့မယ္  မနက္ျဖန္ Sunday မွပဲ အိမ္ျပန္ပို႔ေပးေတာ့မယ္ေနာ္   *

ေသခ်ာေပါ့ Kyungsoo အေမက သေဘာတူတာေပါ့ သူမသားေလး အမွတ္ေကာင္းဖို႔အေရး ဆရာေတြလက္ထဲေနရတာ ဘယ္ေလာက္ေတာင္​ေကာင္းလိုက္လဲ ?? ထို႔ေၾကာင့္ Chanyeol ဟာ သူ႔ရဲ့အရင္ႏွစ္ထပ္အိမ္ႀကီးကိုသာ Kyungsoo ကိုေခၚသြားခဲ့သည္ ။

Continue Reading

You'll Also Like

672K 33.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
200K 19.3K 24
"๐™๐™ค๐™ช๐™˜๐™ ๐™ฎ๐™ค๐™ช๐™ง๐™จ๐™š๐™ก๐™›, ๐™œ๐™ž๐™ง๐™ก. ๐™„ ๐™ฌ๐™–๐™ฃ๐™ฃ๐™– ๐™จ๐™š๐™š ๐™ž๐™ฉ" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
614K 9.6K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...