လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြို...
بواسطة Ophelia_2210585
11.1K 1.9K 87
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in CO... المزيد
Description!
ဇာတ်ကောင်မိတ်ဆက် ~
Part - {1}
Part - (2)
Part - {4}
Part - {5}
Part - {6}
Part - {7}
Part - {8}
Part - {9}
Part - {10}
Part - {11}
Part - {12}
Part - {13}
Part - {14}
Part - {15}
Part - {16}
Part - {17}
Part - {18}
Part - {19}
Part - {20}
Part - {21}
Part - {22}
Part - {23}
Part - {24}
Part - {25}
Part - {26}
Part - {27}
Part - {28}
Part - {29}
Part - {30}
Part - {31}
Part - {32}
Part - {33}
Part - {34}
Part - {35}
Part - {36}
Part - {37}
Part - {38}
Part - {39}
Part - {40}
Part - {41}
Part - {42}
Part - {43}
Part - {44}
Part - {45}
Part - {46}
Part - {47}
Part - {48}
Part - {49}
Part - {50}
Part - {3}
235 53 4
بواسطة Ophelia_2210585
"ဟမ့်...အဲ့ဒါက ဒီအတိုင်း ကစားရုံပဲကို...သူ‌ကောင်းကောင်း မလုပ်နိုင်တဲ့အရာတစ်ခုကို လုပ်နိုင်မှာမလို့လား? အဖေရယ်"
အသံလားရာကို လှည့်ကြည့်လိုက်တော့ ကျွန်တော့်ဦးလေး ဂီယောင်းဝူးကိုတွေ့လိုက်တယ်။ဂီယောင်းဝူးက ကျွန်တော်နဲ့ အကြည့်ချင်းဆုံအောင် ကြည့်လိုက်ပြီးနောက် ကျွန်တော် ဘာပြန်ပြောမလဲ သိချင်နေရှာတယ်။
"သူက သ‌န္ဓေပြောင်းသတ္တဝါတွေ စုဆောင်းပြီး စစ်တိုက်တဲ့ဂိမ်းလေးတွေ ဆော့ရုံပဲမလား? ဘာကိစ္စသူက ဒီအဖွဲ့ကို ဖွဲ့ချင်ရတာလဲ?"
"အမ်ဟမ်! စောင့်လိုက်အုန်း"
ဂီယောင်းဝူးက သူမထင်မှတ်ထားတဲ့အချိန်မှာ ဂီဂျယ်မူရဲ့ ဆူပူတာ ခံလိုက်ရတော့ သူ့တူကို မကျေမနပ်ဖြစ်သွားတယ်။
"ကျွန်တော် လောသွားတာလား? ကျွန်တော်က ဒီအတိုင်း သူဆော့တဲ့နေရာ ပိုက်ဆံတွေ တော်တော်သုံးမိမှာ ‌စိုးရိမ်လို့ပါ။ ယွန်းဂျယ်ရေ ဦးလေး တောင်းပန်ပါတယ်နော်!"
ဂီယောင်းဝူးက တောင်းပန်တယ်သာ ပြောတာ သူ့မျက်နှာက တကယ်စိတ်ရင်းမဟုတ်မှန်း အသိသာကြီးကို။
'ဘယ်လိုတောင် စိတ်မမှန်တာလဲဟ? ဂီယွန်းဂျယ်ရဲ့ လုပ်ရပ်တွေက အနာဂတ်မှာ ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာ မသိပဲနဲ့များ!'
ဂီယွန်းဂျယ်က ကိုယ်ကျင့်တရားမကောင်းတဲ့အပြင် အဓိက ဗီလိန်ဇာတ်ကောင်ဖြစ်နေပေမဲ့ သူ့ရဲ့ စီးပွားရေးအမြင်က အင်မတန်စူးရှတာနော်။
'သူတည်ထောင်ခဲ့တဲ့အသင်းကြီးက ကမ္ဘာ့အကောင်းဆုံး ပုဂ္ဂလိကအသင်းအဖွဲ့ကြီးလို့တောင် ပြောလို့ရတာကို...
အဲ့အသင်းကြီးက စည်းလုံးမှုချင်း ယှဉ်ရင် အမေရိကန်ရဲ့ Gloryအဖွဲ့ကိုတောင် ကျော်တာနော်။ ‌အနောက်နိုင်ငံသားတွေက အချင်းချင်းမှီခိုမှု ကင်းကြပေမဲ့ ကိုးရီးယားတွေကကျ အဖွဲ့လိုက် နေကြတယ်လေ။'
လက်တွေ့မှာ တစ်ကိုယ်တော် သူရဲကောင်းဆိုတာမှ မရှိတာ... အဓိက ဇာတ်လိုက်ကတော့ ချွင်းချက်ပေါ့။
ဒါပေမဲ့ ဘယ်သူဘာပြောပြော ဂရုမစိုက်ပဲ ပူးပေါင်းလိုက်တဲ့ ရလာဒ်က တကယ်ကို မိုက်တယ်။
အခုချိန်မှာတော့ စွမ်းအားရှင်တွေအပေါ် ရင်းနှီးမြုပ်နှံလိုက်တာက ပိုက်ဆံတွေ ဖြုန်းလိုက်တာနဲ့ တူပေမဲ့ အနာဂတ်မှာ သူတို့က ဆောင်းဝန်းအဖွဲ့အစည်းကြီးရဲ့ ကိုယ်စားပြု စီးပွားရေးတောင် ဖြစ်လာအုန်းမယ်။
'အဲ့ဒါတောင်... မသိပဲနဲ့...'
ဒါပေါ့... ဂီယွန်းဂျယ်က ဒါကို မသိပဲနဲ့ ဒီအတိုင်းပဲ လုပ်လိုက်တာပဲ။
ကြည့်ရတာ သူ့မှာ အဲ့လိုစွမ်းအားမရှိလို့ စွမ်းအားရှင်တွေ စုဆောင်းပြီး သူ့ကိုယ်သူ ထူးခြားလာအောင် လုပ်တယ်ထင်ပါရဲ့။ ဒါက မူရင်းဝတ္ထု‌ဇာတ်ကြောင်းမှာတော့ မပါဘူးပေါ့။ ကျွန်တော်က ဒီအတိုင်းပဲ မှန်းကြည့်တာပါ။
ကျွန်တော် ဂီဂျယ်မူကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ကျွန်တော်စွမ်းအားရှင်တွေကို စတင်ပြီး စုဆောင်းမယ်ဆိုတာ သိသိချင်းမှာပဲ ကျွန်တော်တို့ အဖွဲ့အစည်းထဲက စွမ်းအားနိုးထလာပြီးသား ဂီဟျွန်ဂျူးကို ကျွန်တော့်ဆီ ပို့ပေးလိုက်တယ်။
'သူ့စိတ်ထဲမှာ ဒါကို အောင်မြင်မဲ့ စီးပွားရေးလို့ ထင်နေတာလား'
"ကျွန်တော်က ငယ်ပါသေးတယ်။ ကျွန်တော်လုပ်နေသမျှက အကြီးအကဲတို့ စိတ်ထဲမှာတော့ ကစားသလိုမြင်နေမှာပါပဲ။"
"ကောင်းပြီလေ..."
"ဒါပေမဲ့ ဒီအဖွဲ့အစည်းကြီးက အပြောင်းအလဲကြီးတစ်ခု ပေါ်လာတာနဲ့ သူတို့က အရမ်းကို ကောင်းမွန်တဲ့ ခြေလှမ်းစတင်နိုင်မှာပါ"
"အပြောင်းအလဲကြီးတစ်ခု? ဘယ်လိုမျိုးလဲ?"
"ဒါက...အခုတော့ မသိနိုင်သေးပါဘူး။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ လူသားတွေပဲ သန္စေပြောင်းတာမျိုး ဖြစ်နိုင်ပါ့မလား?"
အကုန်လုံးက ကျွန်တော့်အမေးကို ကြားပြီးတဲ့နောက် အတွေးကိုယ်စီ ဖြစ်ကုန်ကြတယ်။
လူသားတွေပဲ ပြောင်းလဲတာလား? အပင်တွေနဲ့ တိရစ္ဆာန်တွေကကော? ဒါက မဖြစ်နိုင်ဘူးဆိုရင်တောင် လူသားတွေ စွမ်းအားရှင် ဖြစ်လာတယ်ဆိုတဲ့ အချက်က အမှန်ပဲလေ။
သူတို့တွေက စွမ်းအားရှင်တွေကို လိုအပ်မှ ခေါ်သုံးတာထက် တစ်ခုခုဖြစ်မလာနိုင်ခင် အရင်စုဆောင်းတာက ပိုကောင်းတယ်လို့ တွေးမိလာတယ်။
'ငါလည်း ဒီလိုတော့ မလုပ်ချင်ပါဘူး။'
ဒါက ကျွန်တော့်အတွေးထဲကို ကျွန်တော်ပဲ ကြားနိုင်မဲ့ သတိပေးသံလေးနဲ့အတူ အချက်အလက်အချို့ ရောက်လာလို့သာ။
'အာဟား ဟုတ်ပြီ...!'
ဝင်ရောက်လာတဲ့ အချက်အလက်အချို့ကို ပေါင်းစပ်ပြီးတဲ့နောက် ကျွန်တော် မဲ့ပြုံး ပြုံးလိုက်ပြီး ထိုးကျလာတဲ့ လေထုအခြေအနေမှာ ထပ်ပြောလိုက်တယ်။
"ပြီးတော့ သူတို့ကိုသာ အသုံးမချရင် သူတို့ရဲ့ စွမ်းအားတွေက ဘာအကျိုးရှိတော့မလဲ။ ဒါက တကယ်အဆင်မပြေခဲ့ရင်တောင် သူတို့တွေကို လုံခြုံရေး ကုမ္ပဏီတွေမှာ သုံးလို့ ရနိုင်သေးတာပဲ။ စွမ်းအားရှိနေတော့ နာမည်ကြီးအနုပညာရှင်တွေကိုတောင် ကာကွယ်ပေးလို့ ပိုအဆင်ပြေတာပဲ။"
ကျွန်တော် ဂီယောင်းဝူးကို ပြုံးပြီး ကြည့်လိုက်တော့ သူက နှာခေါင်းရှုံ့ပြီး အံကြိတ်လိုက်တာကို မြင်လိုက်တယ်။
အမှန်က ကျွန်တော် လုံခြုံရေးကုမ္ပဏီဖွင့်ဖို့စိတ်ကူးမရှိပါဘူး။ ကျွန်တော်စကားပြောနေတုန်း ကျွန်တော့်စိတ်ထဲ ရောက်လာတဲ့ အချက်အလက်စကားလုံးတွေအရ 'ဆောင်းဝန်းအဖွဲ့အစည်း လုံခြုံရေးကုမ္ပဏီ'ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ သူ့ကို ကဲ့ရဲ့သလိုဖြစ်မှာမလို့သာ ပြောလိုက်တာ။
ဂီယောင်းဝူး ကျွန်တော့်ကို ဘာမှ မပြောနိုင်ခင်မှာပဲ ဂီဂျယ်မူကို ကျွန်တော် ပြုံးပြလိုက်တယ်။
"အဲ့ဒါတင်မကသေးပါဘူး။ ကျွန်တော့်ရဲ့ လက်ထဲမှာပဲ ဟန်ဆောင်ကစားတာက အဆုံးသတ်သွားရင်တောင် 'ဆောင်းဝန်း'ဆိုတဲ့ နာမည်ပါနေမှတော့ အကောင်းဆုံး ဟန်ဆောင်ကစားတာပဲ ဖြစ်မနေဘူးလား"
"ဟားဟား! ဟုတ်တယ်! မြေးလေးမှန်တယ်!"
ကျွန်တော်ပြောလိုက်တာကို ဂီဂျယ်မူက သဘောကျပြီး ရယ်နေတယ်။
ကျွန်တော့်မျက်စိရှေ့တင် အကြောင်းအရာ တစ်ခုထပ်တိုးလာတဲ့ ဇာတ်ကောင်အထုပ္ပတ္တိတစ်ခု ပြန်ပေါ်လာတယ်။
[ဇာတ်ကောင် အထုပ္ပတ္တိ]
[ဂီဂျယ်မူ: ဆောင်းဝန်းအဖွဲ့အစည်းကြီး၏ ဥက္ကဌ။ ဆောင်းဝန်းအဖွဲ့အစည်းကြီး ပိုပြီး ကြီးမားကျယ်ပြန့်လာစေရန် လုပ်ဆောင်ခဲ့သော ဒုတိယမျိုးဆက်။ ဆောင်ဝန်းအဖွဲ့အစည်းကြီးရဲ့ ဂုဏ်ထူးဆောင်]
[ဂီယောင်းဝူး: ဂီဂျယ်မူရဲ့ ဒုတိယမြောက်သား။ ပထမဆုံးသားဖြစ်သူ ဂီဆန်းဝူးထက်တော့ အရည်အချင်းနိမ့်တယ်။ ဒါကြောင့်မို့ပဲ သူက ဂီယွန်းဂျယ်ကိုလည်း သဘောမတွေ့ဘူး။ သူ့မှာ လက်ရှိတော့ အသက်20ရှိပြီဖြစ်တဲ့ သားတစ်ယောက်တော့ ရှိတယ်။ ဆောင်းဝန်းအဖွဲ့အစည်း လုံခြုံရေးကုမ္ပဏီရဲ့ ကိုယ်စားလှယ်]
ဂီဂျယ်မူနဲ့ ကျွန်တော်ရယ်နေတဲ့အချိန်မှာ ဂီယောင်းဝူး တစ်ယောက်ထဲကပဲ မျက်နှာကြီး ပုပ်သိုးနေတယ်။ သူ့ခမျာ ဂီဂျယ်မူရှေ့ ကြည့်ကောင်းအောင် ချီးကျူးစကားတစ်ခွန်းတောင် မပြောနိုင်တော့ဘူး။
'အိုး...'
သူ့မှာ ကျွန်တော့်ထက်ကြီးတဲ့ သားတစ်ယောက်ရှိနေမှတော့ ကျွန်တော့်ကို ဆိုးဆိုးဝါးဝါးဆက်ဆံတာ မထူးဆန်းတော့ပါဘူး။
စဉ်းစားကြည့်မှပဲ သူ့သားက ဆက်ခံသူဖြစ်သင့်တာပဲ။
'ဒါပေမဲ့ ဂီယွန်းဂျယ်အဖေက ပထမဆုံးသားလေ'
သူကအခု ဒီအခန်းထဲ မရှိပေမဲ့ ဂီယွန်းဂျယ်ရဲ့ မှတ်ဉာဏ်အရဆို လွန်ခဲ့တဲ့ 3နှစ်ကတည်းက ကိုးရီးယားကနေ အမေရိကန်ကို ထွက်သွားပြီး အလုပ်လုပ်နေတာပဲ။
ဂီယောင်းဝူးက ဂီယွန်းဂျယ်အဖေထက် အရင်အိမ်ထောင်ပြုပြီး ကလေးမြန်မြန်ယူခဲ့တာပဲ။ ဘယ်လိုပဲပြောပြော အရင်ဆုံးမွေးတဲ့ကလေးက ဆက်ခံသူနေရာရမယ်လို့ သူထင်နေတာနေမယ်။အဓိပ္ပါယ်မရှိလိုက်တာ။ သူဘယ်လိုမွေးဖွားလာတယ်ဆိုတာမှ ဆုံးဖြတ်မရတာကို ကျွန်တော်ငယ်ငယ်လေးရှိသေးတာကိုကျ လိုက်တိုက်ခိုက်တယ်ပေါ့။
သူ့ရဲ့ အသက်ကြီးသယောင်ထင်ရတဲ့ မျက်နှာပုပ်ကြီးကို ကြည့်ရင်း ကျွန်တော် ပြုံးလိုက်တယ်။ အဲ့တာက သူ့မျက်နှာကို ပိုတောင် ရုပ်ဆိုးသွားစေသေးတယ်။ ကျေနပ်စရာပဲ!
*****
'ပင်ပန်းလိုက်တာ...'
ဂီယောင်းဝူးကိုတော့ ကောင်းကောင်းကိုင်တွယ်လိုက်နိုင်တယ်။ ဒါပေမဲ့ စိတ်မချရဲသေးဘူးလေ။ အဲ့တော့ ထမင်းကိုတောင် ပါးစပ်ထဲ ထည့်မိသလား နှာခေါင်းထဲပဲ ထည့်မိသလားတောင် မသိပဲ ဆက်စားနေမိတယ်။
အားလုံးထက် ကျွန်တော်က ဂီယွန်းဂျယ်မဟုတ်မှန်း သူရိပ်မိသွားမှာ ပိုစိုးရိမ်တယ်။
ဂုဏ်သိက္ခာမရှိ ဘာမှမရှိတဲ့ ကျွန်တော်နဲ့ယှဉ်ရင် ဂီယွန်းဂျယ်က ဘယ်သွားသွား ဂုဏ်ယူဖို့ကောင်းတဲ့သူကိုး။ ဇီဇာကြောင်သလို ဟန်‌ဆောင်ရတာကလည်း ပင်ပန်းလိုက်တာ။
ဒါက မိသားစုတွေ့ဆုံစားပွဲပဲ ရှိနေသေးတာဆိုတော့ ဒုတိယအစည်းအဝေးပြီးတဲ့အခါမှသာ ဂီဟျွန်ဂျူးကို ရှာဖို့ ထွက်လာလိုက်တယ်။ ဒါပေါ့ ကျွန်တော်ပဲတော့ ဘယ်ဟုတ်မလဲ။ အခြားအတွင်းရေးမှူးတွေလို့ ထင်ရတဲ့လူတွေလည်း မတ်တပ်ရပ်စောင့်နေကြတယ်။ ဒါပေမဲ့ ကျွန်တော်ခေါ်လာတဲ့ စွမ်းအားရှင်တွေနဲ့ နောက်လိုက်တွေတော့ မရှိဘူး။
'သူမ သွားမစားဘူးလား?'
"ဘာဖြစ်လို့လဲ?"
သူမ မစားရသေးဘဲ စောင့်နေတာလားဆိုပြီး တွေးရင်းနဲ့ သူမကို ကြည့်နေမိတော့ ဂီဟျွန်ဂျူးက မေးလာတယ်။
ကျွန်တော် ခေါင်းရမ်းရင်းပဲ "ဘာမှမဟုတ်ဘူး"လို့ ဖြေလိုက်တယ်။ "သွားရအောင်"ဆိုပြီးတော့ သူမကပဲ ဦးဆောင်ထွက်သွားတယ်။ သူမနောက် ကျွန်တော် လိုက်ထွက်လာတော့ အခြားသူတွေကိုပါ တွေ့ရတယ်။
"F***... ထမင်းစားတာ အဲ့လောက်ကြာရလား!"
"ဂျောင်ရီဂျွန်း!"
"Tch"
ကျွန်တော် ဂျောင်ရီဂျွန်းရဲ့ မျက်နှာကို မြင်မြင်ချင်းမှာပဲ သူ့မျက်နှာကို ရှုံ့တွလိုက်ပြီး စတင်ဝေဖန်ပါတော့တယ်။ ဂွမ်ဂျယ်ဟော့က သူ့နာမည်ခေါ်ပြီး ဟန့်လိုက်မှ သူပဲ ကံမကောင်းသလို စုတ်သပ်ပြီး အခြားဖက်လှည့်သွားပါတော့တယ်။
အဲ့အချိန်မှာပဲ အသင်းဖွဲ့ထဲက လူကောင်သေးသေးလေး ကျွန်တော့်ဆီ ပြေးဝင်လာတယ်။ ဟဟျွန်ဆိုးလေ။ သူ့အမဖြစ်တဲ့ ဟအွန်ဆိုးက တားမလို့ လက်လှမ်းဆွဲလိုက်ပေမဲ့ သူက ပိုမြန်နေတယ်။
"ကိုကို...ထမင်းစားလို့ အဆင်ပြေရဲ့လား?"(T/N : E-Tranကော မူရင်း ကိုးရီးယားမှာကော Hyungလို့ ရေးပေမဲ့ အစ်ကိုအစား ကိုကိုလို့ သုံးလိုက်တာက ကိုယ်တွေဟျွန်ဆိုးလေးက cute-typeမလို့ပါ...only in human formနော်ဗျ >.<)
"အွန်း"
...ဘာလို့ သူက ချစ်ဖို့ကောင်းရတာလဲ?
ဟဟျွန်ဆိုးက သူ့ခေါင်းလေး မဆိုသလောက်လေး ငုံ့ပြီး ကျွန်တော့်ကို လှန်ကြည့်လိုက်တယ်။ဟဟျွန်ဆိုးက ကြည့်ကောင်းပြီး လူကောင်သေးတဲ့အပြင် ဆံပင်ဖွာဖွာ ကောက်ကောက်လေးကော မျက်လုံးရွဲရွဲကြီးကြီးတွေကော ရှိတယ်။
သူက တစ်မျိုးတစ်ဖုံ မိန်းကလေးဆန်နေတော့ အသွင်အပြင်က ယောင်္ကျားလေးလိုလို မိန်းကလေးလိုလိုပဲ။
'...သူက ခွေးလေးကျနေတာပဲ'
'ငါသူ့ကို စော်ကားတာ မဟုတ်ဘူးနော်! ငါပြောချင်တာက သူက ပါ‌ပီလေးလို ချစ်စရာကောင်းတယ်လို့ ပြောချင်တာ'
ကျွန်တော်အသိစိတ်ဝင်လာတော့ ကျွန်တော့်လက်က မသိလိုက်ခင်မှာပဲ သူ့ခေါင်းပေါ်‌ ရောက်သွားပြီ။ ဟဟျွန်ဆိုးကလည်း ရှောင်ရမဲ့အစား သူကတောင် ခေါင်းလေးပိုငုံ့လိုက်သေးတယ်။ ကျွန်တော့်လက်တွေ သူ့ဆံပင်တွေကို ကိုင်ဖို့ ပိုအဆင်ပြေအောင်လို့ပေါ့။
'ငါဒီလိုလုပ်လို့ ရလို့လား...? ဂီယွန်းဂျယ်က သူများ‌ခေါင်းကို သွားပုတ်ပေးမဲ့ သူမလို့လား?'
အဲ့တာနဲ့ပဲ သူ့ဆံပင်ကို စိတ်လွတ်ကိုယ်လွတ် မဖွရဲတော့ဘူး။ ကျွန်တော် ဆံပင်ကိုင်တာကို ရပ်လိုက်တော့ ဟဟျွန်ဆိုးက သူ့မျက်လုံးရွဲကြီးတွေနဲ့ မော့ကြည့်လာတယ်။
"...သွားကြရအောင်!"
ဒီနေ့တော့ ကျွန်တော် သူများအကြည့်တွေ မခံနိုင်တော့ဘူး။ ကျွန်တော့် တစ်ဘဝစာလုံးနီးပါး အကြည့်တွေ ခံရပြီးပြီလေ။ အခုက အခန်းမြန်မြန်ပြန်ပြီး ကျွန်တော်သိသလောက် မူလဇာတ်ကြောင်းကို ပြန်စီစဉ်ရမဲ့ အချိန်ပဲ။
ကျွန်တော့်စကားဆုံးတာနဲ့ အားလုံးလိုလို ကားတွေပေါ် တက်သွားကြတယ်။ ကျွန်တော်လည်း ဂျောင်ရီဂျွန်ဘေးမှာ ဝင်ထိုင်လိုက်ပြီး နောက်မှီပေါ်ကို အားရပါးရ မှီချလိုက်တယ်။
'ဟမ်...အဲ့ဒါကြီးက ဘာလို့မသွားသေးတာလဲ?'
Tutorialဆိုတဲ့ စာလုံးက ကျွန်တော့်မြင်ကွင်းရဲ့ ထောင့်နားမှာ ပေါ်နေတုန်းပဲ။ အရင်က အဲ့ထဲမှာ ကိစ္စတစ်ခုခုပြခဲ့မှာပေမဲ့ Tutorialက ပြီးသွားပြီ မဟုတ်လား။
ကားက စထွက်ပေမဲ့ ကျွန်တော့် မေးခွန်းက အဖြေမရသေးဘူး။ အား...မသိတော့ဘူး။ တစ်ခုခုဖြစ်နိုင်ပေမဲ့ ပြဿနာ မဟုတ်လောက်ပါဘူး။
ကျွန်တော်မျက်စိမှိတ်ပြီး ဘာမှမဟုတ်သလို သဘောထားလိုက်တယ်။
ဘယ်လောက်ကြာပြီလဲ မသိ။
သတိပေးသံကြားလိုက်တယ်။
'သတိပေးသံ...'
ကြည့်ရတာ ကျွန်တော် အိပ်ပျော်သွားတယ်ထင်တယ်။ ပင်ပန်းတာပျောက်သွားအောင်နဲ့ နှစ်ထပ်ဖြစ်နေတဲ့ မြင်ကွင်းတွေ ကြည်သွားအောင် ကျွန်တော် မျက်တောင် အနည်းငယ် ခတ်လိုက်တယ်။နည်းနည်းကြာပြီးတဲ့နောက် ကျွန်တော့်ရှေ့မှာ စာလုံးတွေ မျောနေတာ တွေ့လိုက်တယ်။
[Tutorial 2. ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်း>ဝင်ရောက်ရန်။]
...ဘာကြီး? Systemက ကျွန်တော်မေးတာကို ဂရုမစိုက်ပဲ စာတွေကို ဆက်ပြနေတယ်။[တစ်စုံတစ်ယောက်က သင်ဟာ သူတို့အတွက် ဆူးခလုတ်ဖြစ်နေတဲ့အတွက် သင့်ကို သတ်ဖြတ်ဖို့အတွက် လုပ်ကြံသူတွေကို ငှားထားပါတယ်။]
"ဘာရယ်!?"
"ဘာ-ဘာဖြစ်တာလဲ?"
သတိပေးစာကြောင့် ကျွန်တော် အော်လိုက်မိတဲ့အချိန် ဘေးမှာရှိတဲ့ ဂျောင်ရီဂျွန်းပါ လန့်သွားတယ်။ Systemကတော့ ကျွန်တော်ဖြစ်နေတာတွေ မေးနေတာတွေကို မသိသလိုနဲ့ စာတွေ ဆက်တိုက်ပြနေတယ်။
[တိုက်ခိုက်မှုမှာ အသက်ရှင်ကျန်ရစ်ပါ။ လုပ်ကြံသူတွေက စွမ်းအားရှင်တွေပါပဲ။ သူတို့တွေ ဒီကို စက္ကန့်သုံးဆယ်အတွင်း ရောက်လာပါမယ်။]
အပိုင်း - 3 The End~
July 7, 2021
Edit - August 12, 2021
T/N : အချို့နေရာတွေတော့ သင့်တော်သလို ဘာသာပြန်ထားပါတယ်ဗျ။ Part 4သာပြီးရင် E-Tran on goingကို မှီပါပြီ။ Koreaစာကိုတော့ တီးမိခေါက်မိတာလောက်ပဲ ရှိတာမလို့ သည်းခံတော် မူကြပါဗျ >.<
Thanks for reading ~
By Ophelia ♡。
واصل القراءة
ستعجبك أيضاً
171K 5K 44
1.1M 65.6K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...
42.4K 4.9K 72
Author _ Shuiqiancheng That's not my work.I am Just Translator
376K 68.8K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...