Game Of Life

By AChit7777

85.9K 5.3K 203

ကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ... More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 (end)
Xiao's part

Part-8

2.6K 173 7
By AChit7777

Unicode

ရိပေါ်ပြန်ရောက်တော့ အိမ်ကမီးမှောင်ကျနေ၍......

*ကျန့်ကောမရှိဘူးလား အိမ်ကြီးမှာများလား*

ရိပေါ် မီးခလုပ်ကိုစမ်းဖွင့်လိုက်တော့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ ရှောင်ကျန့်ကိုမြင်ပြီး အနည်းငယ်လန့်သွားကာ...

"ဟင် ရှောင်ကျန့် မင်းရှိနေတာလား မီးမဖွင့်ပဲဘာလုပ်နေတာလဲ "

"မင်းကိုစောင့်နေတာ မေးစရာရှိလို့ "

"အရေးကြီးလို့လား "

"hotelက ကိစ္စနဲ့ပတ်သက်ပြီး မင်းငါ့ကိုပြောစရာမရှိဘူးလား "

*ဘာကိစ္စလဲ ဟော်တယ်ကိစ္စကအများကြီးလေ ရှောင်ကျန့်အခန်းလဲတာကိုအခွင့်ကောင်းယူပီး ဆေးခတ်တာ. ဓာတ်ပုံရိုက်ဖို့သတင်းပေးတာ. စေ့စပ်ပေးတယ်ဆိုပီးညာတာ ပုံပို့ခြိမ်းခြောက်တာကိုလိမ်လိုက်ရတယ်ဆိုပြီးညာတာ နောက်ဆုံးလိမ်ညာပြီးလက်ထပ်ခဲ့တာ... ဘာကိစ္စကိုသူမေးတာလဲ *

"ပြောစရာမရှိတော့ဘူးလား "

"မင်း ဘာတွေသိထားလို့လဲ "

*ငါပြောမှ မင်းဝန်ခံမှာလား မင်းကိုယ်တိုင်ဝန်ခံတာကိုငါလိုချင်တာ *

ရှောင်ကျန့်ရိပေါ်ကိုစိုက်ကြည့်နေလိုက်သည်..

"မင်းဘာလို့အဲလိုလုပ်ခဲ့တာလဲ "

"......"

"ဘာလဲ ငါ့ပိုင်ဆိုင်မှုတွေကြောင့်လား "

ရှောင်ကျန့်စကားကြောင့် ရိပေါ်လက်သီးဆုပ်လိုက်မိသည်*ပိုင်ဆိုင်မှုတဲ့လား ရှောင်ကျန့်ရာ မင်းမလို့တွေးရက်တယ် *

"အဟက်.. "

"ပြောလေ ဘာကြောင့်လုပ်ခဲ့တာလဲ "

"ဟုတ်တယ်ဆိုရင်ရော"

"ဝမ်ရိပေါ်...ဒီအိမ်ကိုစရောက်ထဲက မင်းကိုသွေးသားအရင်းလိုဆက်ဆံပေးခဲ့ကြတယ် မင်းအတွက်ဝေစုဆိုတာရှိပြီးသား အဲဒါတောင်မင်းက"

"ဝေစုဟုတ်လား..ဟားဟား..ပါးရဲ့XZ Co. မားရဲ့ XZ fashionဆိုင်တွေ.အဲဒိလုပ်ငန်းတွေအားလုံးက အချိန်တန်ရင်မင်းဦးစီးရမှာ. သွေးသားအရင်းနဲ့ ဘာမှမတော်စပ်တဲ့သူ တချိန်ချိန်မှာ ကွာဟမှုတော့ရှိသွားမှာပဲလေ "

"ဝမ်ရိပေါ်... "

"ပြီးတော့ ဒီကုမ္ပဏီမှာ နေရာတခုရဖို့အထိ ငါဘယ်လောက်ကြိုးစားရုန်းကန်ရလဲ... အခုဆိုအရေးပါတဲ့သူတစ်ယောက်ဖြစ်နေပီ ဒါပေမဲ့မင်းသိလား... ငါဘယ်လောက်ကြိုးစားကြိုးစား အချိန်တန်ရင်ပလ္လင်ပေါ်အဆင်သင့်ထိုင်ရမဲ့သူက မင်းဆိုတာကို..."

"မင်းကွာ...ကျွေးမွေးထားတဲ့သူတွေရဲ့မျက်နှာမှမထောက်..."

*ရိပေါ် မှာဘာလို့အဲဒိစိတ်တွေရှိနေရတာလဲ.. ငါမယုံနိုင်ဘူး ဘယ်အရာတွေကသူ့ကိုပြောင်းလဲသွားစေတာလဲ*

"အခု မင်းနဲ့ငါတရားဝင် လက်ထပ်ပီးသွားပီ အဲတော့ XZ groupရဲ့ပလ္လင်ကိုငါထိုင်လို့ရပီမလား.. "

"မင်း....တော်တော်စိတ်ဓာတ်အောက်တန်းကျတဲ့ကောင်.....တောက်...."

ရှောင်ကျန့်ထွက်သွားခဲ့ပီး ရိပေါ်လဲထိုင်ခုံပေါ်ထိုင်ချလိုက်မိသည်...
*ကျန့်ကောရာ.. ပိုင်ဆိုင်မှုတဲ့လား မင်းသိလားငါကိုယ်တိုင်ရှာခဲ့တဲ့ငါ့ပိုင်ဆိုင်မှုကလဲ မင်းနဲ့တန်းတူရှိမနေဘူးဆိုရင်တောင် ငါ့တစ်သက်စားမကုန်ဘူးဆိုတာ*

ရိပေါ်ငယ်ငယ်ထဲကဆိုင်ကယ်စီးရတာအရမ်းကြိုက်တယ်..ပြိုင်ပွဲတွေဝင်ပြိုင်တယ်.. ပါးနဲ့မားက အားကစားတွေဝါသနာမပါတာကြောင့် ထိုအကြောင်းကိုမသိခဲ့ပေ... ရင်းနှီးတဲ့သူတွေလဲမသိသလောက်ပင်... တနင်္ဂနွေနေ့ကသူ့ရဲ့နားရက်အဖြစ်ယူထားပြီး သူ့ရဲ့ကိုယ်ပိုင် Wang နာမည်ဖွင့်ထားတဲ့ ဆိုင်ကယ်စီးကလပ်တခုကိုအမြဲသွားတယ်..

ကစားသမားတွေမွေးထုတ်ထားခဲ့တယ်... ပြောရရင် သူကိုယ်တိုင်ရော အသင်းသားတွေရော ဆုအမြဲရတဲ့ တကယ်တော်တဲ့လူတွေသာ...

"မင်းရင့်ကျက်သင့်ပီ "

..............

ရှောင်ကျန့် သူ့ကိုယ်ပိုင်အခန်းထဲဝင်လာပြီး တံခါးလိုက်ကာတွေပိတ်ကာ အိပ်ယာပေါ်ထိုင်လိုက်သည်။

"မင်းမလို့လုပ်ရက်တယ် ဝမ်ရိပေါ်.....တောက်"

*မင်းစောင့်ကြည့်နေလိုက် ငါမင်းဆီက အကုန်ပြန်ယူပြမယ် မင်းရော ရှုမိန်ရော၂ယောက်စလုံးငါနင်းချေပြမယ် *

...............

ညကတော်တော်နဲ့အိပ်မပျော်၍ ရှောင်ကျန့်နေမြင့်မှနိုးလာခဲ့သည်. တစ်ခါထဲရေချိုးအပြင်သွားဖို့ပြင်ကာအခန်းထဲကထွက်လာတော့...

"ကျန့်ကျန့်... အပြင်သွားမလို့လား ရိပေါ်ရော "

*ပြသနာပဲကိုယ်နဲ့ညကတည်းကမတွေ့တာ ဘယ်လိုလုပ်သိမလဲ အလုပ်သွားတာပဲနေမှာ *

"အလုပ်သွားပီလေ မာမား"

"ဘာတွေလျှောက်ပြောနေတာလဲ ဒီနေ့ကSundayလေ ဘယ်တုန်းကအလုပ်သွားဖူးလို့လဲ "

"ဟမ်.. မသွားဘူးလား "

"အင်း.."

မာမားကနားမလည်သလိုရပ်ကြည့်နေတယ်...
*ကျစ်...မင်းကတော့ချီးထုတ်ပဲ *

"တနေရာထွက်သွားတာပဲ မမေးလိုက်မိဘူး မာမားသားသွားစရာရှိသေးလို့ မွ..."

"ကားဖြေးဖြေးမောင်းနော်"

"Ok Mom Love You"
အဲလိုမှအပြတ်မဖြတ်ရင် ပြတ်မဲ့သဘောမရှိဘူး...

အနီရောင်ခရေဇီဖြစ်တဲ့ရှောင်ကျန့် နောက်ဆုံးမော်ဒယ်ကားကိုအနီရောက်ရဲရဲလေးစိတ်ကြိုက်ဝယ်ခဲ့တာဖြစ်ပြီး သူ့အချစ်တော်ဟုပင်ပြောရလောက်အောင် ကားကိုနှစ်သက်သည်.....

ရှောင်ကျန့်ကားလေး ကျိုးချန်အိမ်ကိုဦးတည်သွားနေတုန်း ရုတ်တရက် ကားဘေးကနေကပ်ကာမောင်းသွားတဲ့ဆိုင်ကယ်ကြောင့် ရှောင်ကျန့်ဒေါသထွက်သွားတော့သည်...

"တောက်... ရှောင်ကျန့်ကို ဒီလိုလာကျောလို့မရဘူး "

မြို့ထဲမိန်းလမ်းမဟုတ်လို့ ကားအနည်းငယ်ချောင်တာကြောင့် ရှောင်ကျန့်အရှိန်တင်ပြီး ဆိုင်ကယ်နောက်ကိုလိုက်တော့သည်....

ဆိုင်ကယ်သမားလဲ သတိထားမိသွားတယ်ထင်တယ်.. နောက်ကိုတစ်ချက်လှည့်ကြည့်ပြီး စိန်ခေါ်တဲ့ပုံစံနဲ့မေးငေါ့ပြတာကြောင့် ပြိုင်ပွဲတခုဖြစ်သွားတော့သည်... ကားနဲ့ဆိုင်ကယ်ဖြစ်တာကြောင့် အနည်းငယ်အမျှတပေမဲ့ ရှောင်ကျန့်ဂရုမစိုက်... သူတစ်လှည့်ကိုယ်တစ်လှည့် အပြန်လှန်ကျော်တက်မောင်းကြရင်း မထင်မှတ်ပဲ မြို့အစွန်ကိုရောက်လာခဲ့သည်....

ရှောင်ကျန့်သတိတစ်ချက်လွတ်တဲ့အချိန် ဆိုင်ကယ်ကတော်တော် လှမ်းလှမ်းရောက်သွားခဲ့ပြီ...

"တောက်... "

မကျေမနပ်စိတ်နဲ့ စီယာတိုင်ကိုတစ်ချက်ထုကာ တောက်ခေါက်လိုက်ပြီး ကားကိုပြန်ကွေ့ကာ ကျိုးချန်အိမ်ကိုသာမောင်းလိုက်တော့သည်....

.........................

ဒေါက်    ဒေါက်....

"ကျိုးချန်...."

ဒုန်း.....ဒုန်း....

"ကျိုးချန်...ဟိတ်ကောင် တံခါးဖွင့်....."

ရှောင်ကျန့်စိတ်မရှည်စွာ ထုပြီးအော်ခေါ်လိုက်တော့ တံခါးပွင့်သွားပြီး...

"ငါခေါ်နေတာကြာလှပြီ...ဟင် မင်းကဘယ်သူတုန်း "

"အကိုကလား...ဟို ကျိုးချန်ရဲ့..."

"ကော...ဘယ်သူလာ
အဲ ရှောင် ... ရှောင်ကျန့်"

*ဘာလဲဟ ဒီပုံစံက တခါးလာဖွင့်တဲ့တစ်ယောက်က အင်္ကျီမပါ ဘောင်းဘီတိုနဲ့... ဟိုကောင် ကျိုးချန်က တပက်တစ်ထည်ခါးမှာပတ်ပြီး ရေချိုးခန်းထဲကထွက်လာတယ်... ခန္ဓာကိုယ်မှာလဲ အမှတ်သားတွေနဲ့ သေနာကောင်လျို့ဝှက်ထားနိုင်တယ်ကြည့်စမ်း..*

ရှောင်ကျန့် ကျိုးချန်ကိုစိုက်ကြည့်နေလိုက်တော့သည်....

.............................

7.7.2021

အဟမ်း...ဆိုင်ကယ်သမားကဘယ်သူလဲ?
ကျိုးချန်ရဲ့ကောကဘယ်သူလဲ?😉😉😉

🏻ficအရကားနဲ့ဆိုင်ကယ်ပြိုင်လိုက်တယ်နော် အပြင်မှာတော့ပုံမှန်လေးနဲ့ဂရုစိုက်မောင်းကြပါ...

Zawgyi

ရိပေါ်ပြန်ရောက်တော့ အိမ်က မီးအမှောင်ကျနေ၍...





"အရေးကြီးလို့လား "








"......"



"အဟက်.. "


"ဟုတ်တယ်ဆိုရင်ရော"



"ဝမ်ရိပေါ်... "







ရိပေါ်ငယ်ငယ်ထဲကဆိုင်ကယ်စီးရတာအရမ်းကြိုက်တယ်..ပြိုင်ပွဲတွေဝင်ပြိုင်တယ်.. ပါးနဲ့မားက အားကစားတွေဝါသနာမပါတာကြောင့် ထိုအကြောင်းကိုမသိခဲ့ပေ... ရင်းနှီးတဲ့သူတွေလဲမသိသလောက်ပင်... တနင်္ဂနွနေ့ကသူ့ရဲ့နားရက်အဖြစ်ယူထားပြီး သူ့ရဲ့ကိုယ်ပိုင် Wang နာမည်ဖွင့်ထားတဲ့ ဆိုင်ကယ်စီးကလပ်တခုကိုအမြဲသွားတယ်..


"မင်းရင့်ကျက်သင့်ပီ "

..............




...............




"အလုပ်သွားပီလေ မာမား"


"ဟမ်.. မသွားဘူးလား "

"အင်း.."




"Ok Mom Love You"









"တောက်... "


.........................

ဒေါက်    ဒေါက်....

"ကျိုးချန်...."

ဒုန်း.....ဒုန်း....





"ကော...ဘယ်သူလာ
အဲ ရှောင် ... ရှောင်ကျန့်"



.............................

7.7.2021


Continue Reading

You'll Also Like

37.3K 2.4K 14
ငယ်ငယ်ကမှားယွင်းသိခဲ့တဲ့အကြောင်းအရာတွေကြောင့်ကိုယ်တိုင်ပြောင်းလဲပြစ်ခဲ့ရပြီးနာကျင်မှုတွေ​တွေပြည့်နှက်နေတဲ့ကောင်လေးနဲ့အမြဲတမ်းအတွက်မင်းကိုပဲရွေးချယ်ထာ...
1.3M 58.9K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
57.8K 971 53
I got bored, okay so I'm making another book read the first chapter for information and requests DISCLAIMER I do not own aot or the characters. I onl...
12.3K 392 23
ချစ်ခြင်းတရားက စွမ်းအားကြီးတယ်။ အမုန်းတရားတွေ မာန်လျော့ ပြယ်ပျောက်ကြရသည်အထိ သူ့အပေါ်နားလည် ချစ်ပေးပါရစေ။