#Unicode
ဘာလိုလိုနဲ့ First Semester လည်း ပြီးသွားခဲ့ပြီမို့ ကိုယ်စီကိုယ်စီ အသီးသီး အိမ်ပြန်ခဲ့ကြရသည်။ ကျောင်းပိတ်ရက်များမှာ မမားနဲ့လင်းရာက ဖေဖေ့အလုပ်ကို ဝိုင်းကူးပေးရသည်။
ဆန်စက်နဲ့ဆီစက် အပြိုင်လည်နေတဲ့ ဖေဖေက လင်းရာတို့ ကျောင်းတက်ချိန်ဆိုလျှင် မနားရတော့ပေ။ ဒီကြားထဲ အိမ်မှာ ဓာတ်မြေဩဇာလည်း ရောင်းသည်မို့ ဖေဖေ့အတွက် နားချိန်သိပ်မရှိခဲ့။ အစ်ကိုဝမ်းကွဲတွေက ကူပြီးလုပ်ပေးလို့သာတော်သေးသည်။
ဓာတ်မြေဩဇာဖိုးတွေ သွားတောင်းရသည့်အခါတိုင်း မမားနောက်ကို လင်းရာမလိုက်ချင်ပါ။ တချို့က ဒီနေ့သွားတောင်လျှင် နောက်နေ့ပေးမည်ပြောပြီး နောက်နေ့သွားတောင်လျှင် နောက်နေ့သို့ ထပ်ရွှေ့ကြသည်။
ထိုအခါမျိုးတွင်ဆို မမားက ဘယ်သူ့မျက်နှာမှ မထောက် အေးအေးဆေးဆေး စကားဖြင့် နာအောင်ပြောတတ်သည်။ ထိုအချိန်တိုင်း အပြောခံရသည့် တစ်ဖက်လူကို လင်းရာ အရမ်းအားနာရသည်။ ထို့ကြောင့် မမားအကြွေးတောင်းသွားမည်ပြောလျှင် လင်းရာ ပတ်ပြေးနေတတ်သည်။ တစ်ဖက်က မရှိလို့ မပေးနိုင်တဲ့အပေါ် မမားထိုသို့ပြောလျှင် သနားလည်း သနားသလို အားလည်းအားနာရသည်။ နောက်မတွေ့ရမည့် သူတွေလည်းမဟုတ် မျက်နှာပူရသည်။
သင်္ကြန်တွင်း မမား တရားစခန်းဝင်တော့ လင်းရာ အိမ်ထဲက အိမ်ပြင်မထွက် ဂိမ်းထိုင်ဆော့ဖြစ်ခဲ့သည်။ ဖေဖေက လင်းရာကိုပါ တရားစခန်းလိုက်ဝင်ဖို့ ပြောပေမယ့် မနက်အစောကြီး အိပ်ယာထရမှာကို တွေးပူပြီး မဝင်ဖြစ်ခဲ့ပေ။ မနက်စောစော အိပ်ရာထရမှာကို သေမလောက်ကြောက်ပါသည်။
ကျောင်းပြန်တက်ရခါနီးပြီ ဖြစ်တာကြောင့် ဖေဖေက မမားနဲ့လင်းရာအတွက် လိုအပ်တာလေးတွေ ဝယ်ပေးရန် ရန်ကုန်ကို လိုက်ပို့ပေးခဲ့သည်။
"ဖေဖေ"
"ဟေကွာ"
"ခင်လေးတို့ ရွှေဘုံသာအလယ်လမ်းက ဟနီဖာမျက်မှန်ဆိုင်ကို ဝင်ရအောင်"
"ဘာလို့လဲ သမီး"
"သားသားက အဝေးကိုကြည့်ရတာ ဝါးနေလို့တဲ့ဖေဖေ။ ကျောင်းပြန်တက်ရင် စာသင်တဲ့အခါကြ မမြင်ရင် အဆင်မပြေဘူး။ မျက်မှန် ဝင်လုပ်ပေးမလို့"
"Ok Ok"
လင်းရာတို့ ဟနီဖာကိုရောက်တော့ မျက်လုံးစမ်းသပ်ရလေသည်။ မျက်လုံးစစ်ကြည့်တော့ ထွက်လာတဲ့အဖြေက ပါဝါ ၁၂၅ တဲ့လေ။ မျက်မှန်လုပ်ပြီးတော့ သားအဖသုံးယောက် Junction City ကို ထွက်လာခဲ့လိုက်ကြသည်။
JCထဲ အပေါ်တက်ကြည့်လိုက် အောက်ဆင်းလိုက်နဲ့ လုပ်နေတုန်း လင်းရာလက်ကို လှမ်းဆွဲခံလိုက်ရလေသည်။
"ဘေဘီ"
လက်ကိုလှမ်းဆွဲပြီးခေါ်လိုက်တာမို့ လှည့်ကြည့်တော့ ဟိုလူကြီး။
"လူကြီး"
"တစ်ယောက်ထဲ လာတာလား"
"မဟုတ်ဘူး ဖေဖေနဲ့မမားလည်းပါတယ်"
"ဖေဖေနဲ့မမားက ဘယ်မှာလဲ"
"အောက်ဆုံးထပ်မှာ ကျန်ခဲ့တယ်။ ကျွန်တော်က ပိုက်ဆံလာထုတ်တာ"
"ဪ . . . ဘာလာလုပ်တာလဲ ရန်ကုန်ကို"
"ကျောင်းပြန်တက်မှာမို့ လိုအပ်တာလေးတွေလာဝယ်တာ။ လူကြီးကရော"
"ကျောင်းပိတ်ရက်ကို ဖွားဆီမှာလာနေတာ"
"ဪ . . ."
"သားသား"
လူကြီးနဲ့လင်းရာ စကားပြောနေတုန်း ဖေဖေနဲ့မမားက အနားရောက်လာလေသည်။
"မမား"
"ပိုက်ဆံထုတ်သွားတာ ကြာနေလို့ တခုခုများဖြစ်နေပြီလားဆိုပြီး လိုက်လာတာ"
"ဒီမှာလေ ကိုကြီးစစ်ပိုင်နဲ့ တွေ့နေလို့"
"ဪ . . . ဘုန်းစစ်ပိုင်။ ငါနင့်ကို ခုမှမြင်တယ် sorryနော်။ သားသားကို စိတ်ပူနေရတာနဲ့ အနားကလူကို မမြင်လိုက်မိဘူး"
"အင်း . . . ရပါတယ်။ စိတ်ထဲမထားပါနဲ့"
"ရန်ကုန်ကို အလည်လာတာလား"
"မဟုတ်ဘူးဟ ကျောင်းပိတ်ရက်မှာ ဖွားနဲ့လာနေတာ"
"ဪ . . . ခုဒီကိုလာတာ နင်တစ်ယောက်ထဲလား။ အဖော်ရော ပါသေးလား"
"မပါဘူးခင်လေး။ ငါတစ်ယောက်ထဲပဲ"
"ဪ . . . "
"ဖေဖေ ဒါက သားတို့ကျောင်းက မမားနဲ့ အတန်းအတူတူပဲ ကိုကြီးဘုန်းစစ်ပိုင်တဲ့။ ကိုကြီးစစ်ပိုင် ဒါက ကျွန်တော်တို့ဖေဖေ ဦးလင်းဝေ"
"တွေ့ရတာဝမ်းသာပါတယ် ဦး"
"အေးသား ဦးကလည်း တွေ့ရတာ ဝမ်းသာပါတယ်ကွာ။ ဒါနဲ့ သား အခုအားလား။ ဘာလုပ်စရာရှိသေးလဲ"
"အားပါတယ်ဦး။ ဘာလို့လဲ မသိဘူး ခင်ဗျာ"
"သားအဆင်ပြေတယ်ဆိုရင် ဦးတို့နဲ့ Hotpot City ကို လိုက်ခဲ့ပါ့လားသား"
"အာ . . . မဟုတ်တာ။ ဦးတို့မိသားစုပဲ သွားပါခင်ဗျ"
"သားတစ်ယောက်ထဲ လာတာမို့လား။ ဒီမှာ သူငယ်ချင်းတွေ အမှတ်မထင် လာစုံတုန်းလေ မုန့်လိုက်စားလှည့်ပါ။ ဦးက ဝယ်ကျွေးချင်လို့ပါ။ လိုက်ခဲ့ပါကွ"
"ဟို . . . ကျွန်တော်က ဦးတို့ကို အားနာလို့ပါ"
"အားနာစရာ မလိုပါဘူးကွာ။ သမီးတို့ သားငယ်တို့ သူငယ်ချင်းပဲဟာ ဦးကဝယ်ကျွေးချင်လို့ပါ"
"ကျေးဇူးပါဦး"
"ရပါတယ်ကွာ။ လာသွားကြမယ်"
"ဟုတ်"
သွားပြီ။ ဖေဖေကတော့ လုပ်လိုက်ရင်အရမ်းပဲ။ မမားက ဒီနေ့ Hotpot Cityမှာ Hotpotစားရင်း ဖေဖေ့ကို သူ့ကောင်လေးနဲ့ မိတ်ဆက်ပေးမလို့ကို။ လူကြီးကို ခုလိုကြီးခေါ်လာတော့ ဘယ်လိုလုပ်ပါ့မလဲ။ လူကြီးကို အားနာစရာတွေတော့ ဖြစ်ကုန်တော့မှာပဲ။ မမားကောင်လေးကလည်း Hotpot City ကို ရောက်နှင့်နေပါပြီ။ ဘယ်လိုတွေလုပ်ရပါ့။
မမားကလည်း မျက်နှာလေး မသာမယာနဲ့ လင်းရာကို လှမ်းပြီးကြည့်ရှာသည်။ ဘယ်လိုမှ မတတ်နိုင်သည့်အရာမို့ မထူးတော့ပေ။ လူကြီးကိုပဲ သနားသည်။ မမားကို လူကြီးစိတ်ထဲမှာ ရှိနေသေးတယ်ဆိုရင်တော့ လူကြီးတော်တော်ခံစားရရှာမည်။ ဘယ်တတ်နိုင်ပါ့မလဲ လူကြီးရဲ့ကံပေါ့။
Hotpot City ကိုရောက်တော့ မမားရဲ့ကောင်လေးက အပေါက်ဝမှာ စောင့်နေလေသည်။ ဟူးးးးး ရင်တွေလေးပါ့။
"ခင်လေး"
"ဘွတ်ကင် လုပ်ထားသေးလား"
"အင်း လုပ်ထားတယ်ခင်လေး အဆင်သင့်ပဲ"
"အင်း"
ဆိုင်ထဲကိုရောက်တဲ့အထိ ဖေဖေက ဘာမှမသိရှာပေ။ မမခင်လေးရဲ့ကောင်လေးကို တွေ့တော့လည်း ဘယ်သူလဲလို့မမေးပေ။
VIP Room ငှားထားသည်မို့ မိသားစုသီးသန့်လေး အေးဆေးစားလို့ရပေသည်။ ဖေဖေ့ဘေးတစ်ဖက် တစ်ချက်မှာ မမားနဲ့လင်းရာက နေရာယူလိုက်ကြသည်။ မမားရဲ့ဘေးမှာ မမားကောင်လေးထိုင်ပြီး လင်းရာရဲ့ဘေးမှာ လူကြီးကထိုင်တာမို့ မမားကောင်လေးနှင့်လူကြီးက ဘေးချင်ယှဉ်ရက်ဖြစ်နေပြီး မမားနဲ့လူကြီးက မျက်နှာချင်းဆိုင် ဖြစ်နေပေသည်။ အနေအထားကတော့ မြွေ ဖားပင်။
စားသောက်နေတုန်းမှာလည်း တစ်ယောက်မှ စကားတစ်ခွန်းမှ မပြောကြပေ။ ဖေဖေကနှုတ်ဆိတ်နေတော့ ကျန်တဲ့သူတွေက စကားပြောဖို့ပင် လန့်နေရသည်။
မမားက ပုဇွန်ခွာပြီးသားလေးတွေ လင်းရာအထဲကို လှမ်းထည့်ပေးလေသည်။
"မမား သားဘာသားလုပ်မယ် ရတယ်။ မမားအေးဆေးစား"
မမား ကောင်လေးလည်းရှိတာမို့ အရာရာ မမားကို အားကိုးရတာမျိုး လင်းရာမလုပ်ချင်ပေ။ ပုဇွန်အရမ်းကြိုက်ပေမယ့် ပုဇွန်ကလည်းမခွာတတ်တာကြောင့် မမားထည့်ပေးတဲ့ ပုဇွန်တွေကို ပြန်ပေးမနေတော့ဘဲ အားနာပါးနာဖြင့် စားလိုက်ရသည်။
"ညီလေး အစ်ကို့ကို လက်အိတ်တစ်စုံလောက်ပေးပါနော်"
အနားက ဖြတ်သွားတဲ့ ဆိုင်ဝန်ထမ်းကောင်လေးကို လှမ်းခေါ်ပြီး စစ်ပိုင် လက်အိတ်တစ်စုံ တောင်းလိုက်သည်။ လက်အိတ်ရပြီဆိုတာနဲ့ ပြုတ်ထားတဲ့ ပုဇွန်တွေကို ထိုင်ခွာနေလိုက်သည်။ စစ်ပိုင်လည်း ပုဇွန်ကြိုက်သည်မို့ Hotpot စားသည့်အခါ အိုးထဲတွင် ပုဇွန်အကောင်၂၀လောက်နှင့် ပြည့်နေတတ်ပေသည်။
ပုဇွန်တွေ အကုန်ခွာပြီး ပန်းကန်လေးထဲ ထည့်ထားလိုက်သည်။ အားလုံးခွာပြီးမှ အေးဆေးစားတတ်တာ စစ်ပိုင်အကျင့်ပင်။ သို့ပေသည့် ဒီတစ်ခါတော့ အားလုံးခွာပြီးတဲ့အချိန် အားရပါးရ စားဖို့ပြင်လိုက်တော့ ပန်းကန်ထဲတွင် လေးငါးခြောက်ကောင်သာ ကျန်တော့သည်။
ဘေးကိုလှည့်ကြည့်တော့ စစ်ပိုင်ပန်းကန်ထဲက ပုဇွန်တွေကို တစ်ကောင်ပြီးတစ်ကောင် လာယူစားနေသည့် ကောင်လေး။ ပန်းကန်ထဲက ပုဇွန်ကို နောက်တစ်ကြိမ် လာနှိုက်တော့ လင်းရာရဲ့တူနှစ်ချောင်းကို စစ်ပိုင်တူဖြင့် ညှပ်ထားလိုက်သည်။
"လူကြီး"
ဆူပုတ်ပုတ်မျက်နှာလေးဖြင့် လူကိုမော့ကြည့်ပြီး အော်လေသည်။
"မင်း လွန်တယ်လို့ မထင်ဘူးလား။ ပုဇွန်အကောင်၂၀လောက်ကို ငါခွာနေတဲ့အချိန် မင်းထိုင်ပြီးစားနေတာ ပန်းကန်ထဲလည်းကြည့်ဦး ငါးကောင်လောက်ပဲ ကျန်တော့တယ်"
"လူကြီးကလည်း ဒါလေးတောင် မသဒ္ဓါဘူး"
"သွား ပုဇွန်ထပ်ယူပြီး ပြုတ်လိုက်။ ကိုယ်ခွာပေးမယ်"
"တကယ်နော်"
"အင်း"
"အဲ့ဒါဆို ကျွန်တော်ပြုတ်ထားတဲ့ ဒီပုဇွန်လေးကို အရင်ခွာပေး"
"အင်း အဲ့ဒီပြုတ်ပြီးသားလေးတွေ ကိုယ်စားလိုက်မယ်။ မင်းက အသစ်ထပ်ယူပြီး ပြုတ်လိုက်"
"လူကြီးကဗျာ"
နှစ်ယောက်သား လူကြီးတွေ မကြားအောင်လည်း တိုးတိုးတိတ်တိတ် ကြိတ်ပြီး စကားများနေရသလို တိုးတိုးတိတ်တိတ် ဝေခွဲရေးလုပ်နေရသည့် အခြေအနေပင်။
"လောဘမကြီးနဲ့လေ။ မင်း ကိုယ့်ဆီက ၁၅ကောင်လောက်လည်း စားထားတယ်။ ခင်လေးထည့်ပေးထားတာလည်း စားထားသေးတယ်။ ဒါလေးတော့ ကျွန်တော်မျိုးကို ကြွေးနော်။ ထပ်ပြုတ်မယ့်အကောင်ကို ကျွန်တော်မျိုး လုံးဝမစားဘဲ ခွာပေးမယ် ဟုတ်ပြီလား"
"အင်း"
"သွား သွားယူချည့်။ စားနိုင်သလောက်ပဲ ယူခဲ့တော့နော်"
"Yes sir"
ခွာပေးမည်ဆိုတော့ ရုပ်လေးက ပြုံးလို့။ ပုဇွန်တော်တော်ကြိုက်သည့်ကလေး။ သူနဲ့သာ ပုဇွန်စားရင် လုစားရမည့်ကိန်းပင်။
သူ့အိုးထဲမှာ ပြုတ်ထားသည့် ပုဇွန် ဆယ်ကောင်လောက်ကို စစ်ပိုင်ပန်းကန်ထဲ ဆယ်ထည့်လိုက်သည်။ ဒီတစ်ခါတော့ လည်သွားပြီ တစ်ကောင်ခွာပြီးတိုင်း ပါးစပ်ထဲကို တစ်ခါထဲ တန်းထည့်လိုက်သည်။ မဟုတ်ရင် ဟိုကလေးပြန်လာသည့်အခါ စစ်ပိုင်အတွက် ကျန်တော့မည်မဟုတ်ပေ။
အားလုံး စားသောက် ပြီးစီးခါနီးတော့မှ ခင်လေး ဖေဖေ့ကို စကားပြောဖို့ အစပျိုးလိုက်သည်။
"ဖေဖေ"
"ဟေကွာ"
"ဟိုလေ . . . ဒါက . . သမီးချစ်သူပါ"
"ဟင်"
ဖေဖေနဲ့လူကြီးက မမခင်လေးစကားကို အံ့ဩတကြီး ဖြစ်သွားကြသည်။
"နာမည်က သွင်ထူးအောင်ပါဖေဖေ"
"အင်း"
"သူလည်း ရန်ကုန်ကို အလုပ်ကိစ္စနဲ့လာတုန်း ဖေဖေနဲ့မိတ်ဆက်ပေးဖို့ ခင်လေးခေါ်လိုက်တာပါ"
"အင်း"
အားလုံး ခဏတိတ်ဆိတ်သွားကြသည်။ မမားကောင်လေးက မမားထက် ငါးနှစ်ကြီးသည်မို့ လူကြီးဆန်သည်။ ဖေဖေကလည်း မျက်နှာမကောင်းပေမယ့် တည်တည်ငြိမ်ငြိမ်ပါပဲ။ မတည်ငြိမ်နိုင်တာက မမားရယ်၊ လင်းရာရယ်၊ လူကြီးရယ်ပါ။
"ဖေဖေ"
"ဟေ"
"သား ကိုကြီးစစ်ပိုင်နဲ့ အရင်သွားနှင့်မယ်နော်။ ဖေဖေတို့ ပြန်ခါနီးရင် သားကို ဖုန်းလှမ်းဆက်လိုက်နော်။ သား ဒီနားဝန်းကျင်မှာပဲ ရှိမယ်ဖေဖေ"
"အင်း သားငယ်"
ဖေဖေတို့ မမားတို့ စကားအေးဆေးပြောဖို့ လင်းရာနဲ့လူကြီး ရှောင်ပေးလိုက်သည်။
"လူကြီး"
"ဟင်"
"စိတ်မကောင်းဖြစ်နေလား"
"အင်း နည်းနည်း"
"ကျွန်တော်လည်း လူကြီးအတွက် စိတ်မကောင်းဖြစ်သလို လူကြီးကို အားလည်းနာတယ်။ အစထဲက မမက ဖေဖေနဲ့မိတ်ဆက်ပေးဖို့ စီစဉ်ထားခဲ့တာ။ လူကြီးကို တမင်သက်သက် ခေါ်ပြီးနှိပ်စက်တယ်လို့ မထင်စေချင်ဘူး"
"မထင်ပါဘူးကွာ။ ကိုယ်နားလည်ပါတယ်"
"ရင်ထဲမှာ ဘာညာဘာညာတွေ ဖြစ်နေပြီလား"
"အင်း ဒီလိုမျိုး ကြုံရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပေမယ့် ခင်လေးကို သူ့ချစ်သူနဲ့ ဒီလိုတွဲတွေ့ရရင်လည်း ခံနိုင်ရည်ရှိမယ်လို့ ထင်ထားခဲ့တာ"
"အင်း အခု မရှိဘူးလား"
"အင်း ရင်ထဲမကောင်းဘူး။ ကိုယ်ထင်တော့ ထင်တယ်။ ဒါပေမဲ့ မင်းတို့က စတွေ့ထဲက ဘာမှမပြောသလို ဦးကလည်း ဘယ်သူလဲလို့ မမေးတော့ မင်းတို့ အစ်ကိုဝမ်းကွဲလို့ ထင်ခဲ့တာ"
"အင်း"
"မင်းတို့က စကားတစ်ခွန်းမှ မပြောကြတော့ မင်းတို့မိသားစုကြီးက ဘယ်လိုကြီးလဲဟလို့တွေးပြီး ကိုယ်စားစရာရှိတာ ဆက်စားနေလိုက်တာ။ ဒီလိုလို့ မတွေးမိတာအမှန်"
"မမကို မမေ့နိုင်ခဲ့ဘူးလား"
"အင်း"
"ချစ်နေတုန်းပဲလား"
"အင်း တစ်စုံတစ်ယောက်ကို မတွေ့ရသေးခင်အထိပေါ့။ သူ့ကိုမြင်တိုင်း ဆုံးရှူံးမှုကြီးတစ်ခုလို ခံစားခဲ့ရပေမယ့် ခုတော့ အရင်လောက်ကြီးတော့မဟုတ်တော့ဘူး။ အရင်ကဆို သူနဲ့မျက်နှာချင်း ဆိုင်မိတိုင်း ဝဲဘက်ရင်အုံက ဆစ်ခနဲနာတယ်။ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့နာကျင်မှုက ဟောင်းနွမ်းမသွားဘဲ အမြဲအသစ်လို ခံစားခဲ့ရတယ်။ မျက်နှာချင်း မဆိုင်ဝံ့တော့လောက်အောင်ပဲ"
"တစ်ယောက်နဲ့တစ်ယောက် ဒီလောက်တောင် ချစ်ခဲ့ကြရဲ့သားနဲ့ ဘာလို့လမ်းခွဲခဲ့ကြတာလဲ"
"သူယုံကြည်အောင် ကိုယ်ချစ်မပြနိုင်ခဲ့လို့လေ။ ကိုယ်သူ့ကို အရမ်းချစ်တယ်ဆိုတာကို သူသိအောင် ထုတ်မပြဖြစ်ခဲ့ဘူး။ နာကျင်မှုတွေပဲ ပေးခဲ့မိတယ်။ အားလုံးက ကိုယ့်အမှားပါ"
"ယုံကြည်အောင် ချစ်ပြဖို့ထက် ကိုယ့်အချစ်ကို သူ့နှလုံးသားက ခံစားသိရှိအောင် ချစ်ခဲ့သင့်တာ"
"အင်းးးး"
"ဪ . . . သူဘယ်လိုပဲနေနေ သူနေတတ်သလိုနေပေမယ့် သူငါ့ကို တကယ်ချစ်ရှာပါ့လားလို့လေ။ သူအဲ့လို ခံစားချက်လေး ခံစားမိလို့ရအောင်တော့ ချစ်ခဲ့သင့်တယ်"
"အားလုံး ကိုယ်ပဲမှားခဲ့တာပါ"
Fri, Jul 9 (9/7/2021/Fri)
***************
#Zawgyi
ဘာလိုလိုနဲ႔ First Semester လည္း ၿပီးသြားခဲ့ၿပီမို႔ ကိုယ္စီကိုယ္စီ အသီးသီး အိမ္ျပန္ခဲ့ၾကရသည္။ ေက်ာင္းပိတ္ရက္မ်ားမွာ မမားနဲ႔လင္းရာ ေဖေဖ့အလုပ္ကို ဝိုင္းကူးေပးရသည္။
ဆန္စက္နဲ႔ဆီစက္ အၿပိဳင္လည္ေနတဲ့ ေဖေဖက လင္းရာတို႔ ေက်ာင္းတက္ခ်ိန္ဆိုလၽွင္ မနားရေတာ့ေပ။ ဒီၾကားထဲ အိမ္မွာ ဓာတ္ေျမဩဇာလည္း ေရာင္းသည္မို႔ ေဖေဖ့အတြက္ နားခ်ိန္သိပ္မရွိခဲ့။ အစ္ကိုဝမ္းကြဲေတြက ကူၿပီးလုပ္ေပးလို႔သာေတာ္ေသးသည္။
ဓာတ္ေျမဩဇာဖိုးေတြ သြားေတာင္းရသည့္အခါတိုင္း မမားေနာက္ကို လင္းရာမလိုက္ခ်င္ပါ။ တခ်ိဳ႕က ဒီေန႔သြားေတာင္လၽွင္ ေနာက္ေန႔ေပးမည္ေျပာၿပီး ေနာက္ေန႔သြားေတာင္လၽွင္ ေနာက္ေန႔သို႔ထပ္ေရႊ႕ၾကသည္။
ထိုအခါမ်ိဳးတြင္ဆို မမားက ဘယ္သူ႔မ်က္ႏွာမွ မေထာက္ ေအးေအးေဆးေဆး စကားျဖင့္ နာေအာင္ေျပာတတ္သည္။ ထိုအခ်ိန္တိုင္း အေျပာခံရသည့္ တစ္ဖက္လူကို လင္းရာ အရမ္းအားနာရသည္။ ထို႔ေၾကာင့္ မမားအေႂကြးေတာင္းသြားလၽွင္ လင္းရာ ပတ္ေျပးေနတတ္သည္။ တစ္ဖက္က မရွိလို႔ မေပးနိုင္တဲ့အေပၚ မမားထိုသို႔ေျပာလၽွင္ သနားလည္း သနားသလို အားလည္းအားနာရသည္။ ေနာက္မေတြ႕ရမည့္ သူေတြလည္းမဟုတ္ မ်က္ႏွာပူရသည္။
သၾကၤန္တြင္း မမား တရားစခန္းဝင္ေတာ့ လင္းရာ အိမ္ထဲက အိမ္ျပင္မထြက္ ဂိမ္းထိုင္ေဆာ့ျဖစ္ခဲ့သည္။ ေဖေဖက လင္းရာကိုပါ တရားစခန္းလိုက္ဝင္ဖို႔ ေျပာေပမယ့္ မနက္အေစာႀကီး အိပ္ယာထရမွာကို ေတြးပူၿပီး မဝင္ျဖစ္ခဲ့ေပ။ မနက္ေစာေစာ အိပ္ရာထရမွာကို ေသမေလာက္ေၾကာက္ပါသည္။
ေက်ာင္းျပန္တက္ရခါနီးၿပီ ျဖစ္တာေၾကာင့္ ေဖေဖက မမားနဲ႔လင္းရာအတြက္ လိုအပ္တာေလးေတြ ဝယ္ေပးရန္ ရန္ကုန္ကို လိုက္ပို႔ေပးခဲ့သည္။
"ေဖေဖ"
"ေဟကြာ"
"ခင္ေလးတို႔ ေရႊဘုံသာအလယ္လမ္းက ဟနီဖာမ်က္မွန္ဆိုင္ကို ဝင္ရေအာင္"
"ဘာလို႔လဲ သမီး"
"သားသားက အေဝးကိုၾကည့္ရတာ ဝါးေနလို႔တဲ့ေဖေဖ။ ေက်ာင္းျပန္တက္ရင္ စာသင္တဲ့အခါၾက မျမင္ရင္ အဆင္မေျပဘူး။ မ်က္မွန္ ဝင္လုပ္ေပးမလို႔"
"Ok Ok"
လင္းရာတို႔ ဟနီဖာကိုေရာက္ေတာ့ မ်က္လုံးစမ္းသပ္ရေလသည္။ မ်က္လုံးစစ္ၾကည့္ေတာ့ ထြက္လာတဲ့အေျဖက ပါဝါ ၁၂၅ တဲ့ေလ။ မ်က္မွန္လုပ္ၿပီးေတာ့ သားအဖသုံးေယာက္ Junction City ကို ထြက္လာခဲ့လိုက္ၾကသည္။
JCထဲ အေပၚတက္ၾကည့္လိုက္ ေအာက္ဆင္းလိုက္နဲ႔ လုပ္ေနတုန္း လင္းရာလက္ကို လွမ္းဆြဲခံလိုက္ရေလသည္။
"ေဘဘီ"
လက္ကိုလွမ္းဆြဲၿပီးေခၚလိုက္တာမို႔ လွည့္ၾကည့္ေတာ့ ဟိုလူႀကီး။
"လူႀကီး"
"တစ္ေယာက္ထဲ လာတာလား"
"မဟုတ္ဘူး ေဖေဖနဲ႔မမားလည္းပါတယ္"
"ေဖေဖနဲ႔မမားက ဘယ္မွာလဲ"
"ေအာက္ဆုံးထပ္မွာ က်န္ခဲ့တယ္။ ကၽြန္ေတာ္က ပိုက္ဆံလာထုတ္တာ"
"ဪ . . . ဘာလာလုပ္တာလဲ ရန္ကုန္ကို"
"ေက်ာင္းျပန္တက္မွာမို႔ လိုအပ္တာေလးေတြလာဝယ္တာ။ လူႀကီးကေရာ"
"ေက်ာင္းပိတ္ရက္ကို ဖြားဆီမွာလာေနတာ"
"ဪ . . ."
"သားသား"
လူႀကီးနဲ႔လင္းရာ စကားေျပာေနတုန္း ေဖေဖနဲ႔မမားက အနားေရာက္လာေလသည္။
"မမား"
"ပိုက္ဆံထုတ္သြားတာ ၾကာေနလို႔ တခုခုမ်ားျဖစ္ေနၿပီလားဆိုၿပီး လိုက္လာတာ"
"ဒီမွာေလ ကိုႀကီးစစ္ပိုင္နဲ႔ ေတြ႕ေနလို႔"
"ဪ . . . ဘုန္းစစ္ပိုင္။ ငါနင့္ကို ခုမွျမင္တယ္ sorryေနာ္။ သားသားကို စိတ္ပူေနရတာနဲ႔ အနားကလူကို မျမင္လိုက္ဘူးရယ္"
"အင္း . . . ရပါတယ္။ စိတ္ထဲမထားနဲ႔"
"ရန္ကုန္ကို အလည္လာတာလား"
"မဟုတ္ဘူးဟ ေက်ာင္းပိတ္ထဲက ဖြားနဲ႔လာေနတာ"
"ဪ . . . ခုဒီကိုလာတာ နင္တစ္ေယာက္ထဲလား။ အေဖာ္ေရာ ပါေသးလား"
"မပါဘူးခင္ေလး။ ငါတစ္ေယာက္ထဲပဲ"
"ဪ . . . "
"ေဖေဖ ဒါက သားတို႔ေက်ာင္းက မမားနဲ႔ အတန္းအတူတူပဲ ကိုႀကီးဘုန္းစစ္ပိုင္တဲ့။ ကိုႀကီးစစ္ပိုင္ ဒါက ကၽြန္ေတာ္တို႔ေဖေဖ ဦးလင္းေဝ"
"ေတြ႕ရတာဝမ္းသာပါတယ္ ဦး"
"ေအးသား ဦးကလည္း ေတြ႕ရတာ ဝမ္းသာပါတယ္ကြာ။ ဒါနဲ႔ သား အခုအားလား။ ဘာလုပ္စရာရွိေသးလဲ"
"အားပါတယ္ဦး။ ဘာလို႔လဲ မသိဘူး ခင္ဗ်ာ"
"သားအဆင္ေျပတယ္ဆိုရင္ ဦးတို႔နဲ႔ Hotpot City ကို လိုက္ခဲ့ပါ့လားသား"
"အာ . . . မဟုတ္တာ။ ဦးတို႔မိသားစုပဲ သြားပါခင္ဗ်"
"သားတစ္ေယာက္ထဲ လာတာမို႔လား။ ဒီမွာ သူငယ္ခ်င္းေတြ အမွတ္မထင္ လာစုံတုန္းေလ မုန႔္လိုက္စားလွည့္ပါ။ ဦးက ဝယ္ေကၽြးခ်င္လို႔ပါ။ လိုက္ခဲ့ပါကြ"
"ဟို . . . ကၽြန္ေတာ္က ဦးတို႔ကို အားနာလို႔ပါ"
"အားနာစရာမလိုပါဘူးကြာ။ သမီးတို႔ သားငယ္တို႔ သူငယ္ခ်င္းပဲဟာ ဦးကဝယ္ေကၽြးခ်င္လို႔ပါ"
"ေက်းဇူးပါဦး"
"ရပါတယ္ကြာ။ လာသြားၾကမယ္"
"ဟုတ္"
သြားၿပီ။ ေဖေဖကေတာ့ လုပ္လိုက္ရင္အရမ္းပဲ။ မမားက ဒီေန႔ Hotpot Cityမွာ Hotpotစားရင္း ေဖေဖ့ကို သူ႔ေကာင္ေလးနဲ႔ မိတ္ဆက္ေပးမလို႔ကို။ လူႀကီးကို ခုလိုႀကီးေခၚလာေတာ့ ဘယ္လိုလုပ္ပါ့မလဲ။ လူႀကီးကို အားနာစရာေတြေတာ့ ျဖစ္ကုန္ေတာ့မွာပဲ။ မမားေကာင္ေလးကလည္း Hotpot City ကို ေရာက္ႏွင့္ေနပါၿပီ။ ဘယ္လိုေတြလုပ္ရပါ့။
မမားကလည္း မ်က္ႏွာေလး မသာမယာနဲ႔ လင္းရာကို လွမ္းၿပီးၾကည့္ရွာသည္။ ဘယ္လိုမွ မတတ္နိုင္သည့္အရာမို႔ မထူးေတာ့ေပ။ လူႀကီးကိုပဲ သနားသည္။ မမားကို လူႀကီးစိတ္ထဲမွာ ရွိေနေသးတယ္ဆိုရင္ေတာ့ လူႀကီးေတာ္ေတာ္ခံစားရရွာမည္။ ဘယ္တတ္နိုင္ပါ့မလဲ လူႀကီးရဲ့ကံေပါ့။
Hotpot City ကိုေရာက္ေတာ့ မမားရဲ့ေကာင္ေလးက အေပါက္ဝမွာ ေစာင့္ေနေလသည္။ ဟူးးးးး ရင္ေတြေလးပါ့။
"ခင္ေလး"
"ဘြတ္ကင္ လုပ္ထားေသးလား"
"အင္း လုပ္ထားတယ္ခင္ေလး အဆင္သင့္ပဲ"
"အင္း"
ဆိုင္ထဲကိုေရာက္တဲ့အထိ ေဖေဖက ဘာမွမသိရွာေပ။ မမခင္ေလးရဲ့ေကာင္ေလးကို ေတြ႕ေတာ့လည္း ဘယ္သူလဲလို႔မေမးေပ။
VIP Room ငွားထားသည္မို႔ မိသားစုသီးသန႔္ေလး ေအးေဆးစားလို႔ရေပသည္။ ေဖေဖ့ေဘးတစ္ဖက္ တစ္ခ်က္မွာ မမားနဲ႔လင္းရာ ေနရာယူလိုက္ၾကသည္။ မမားရဲ့ေဘးမွာ မမားေကာင္ေလးထိုင္ၿပီး လင္းရာရဲ့ေဘးမွာ လူႀကီးကထိုင္တာမို႔ မမားေကာင္ေလးႏွင့္လူႀကီးက ေဘးခ်င္ယွဥ္ရက္ျဖစ္ေနၿပီး မမားနဲ႔လူႀကီးက မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေနေပသည္။ အေနအထားကေတာ့ ေႁမြ ဖားပင္။
စားေသာက္ေနတုန္းမွာလည္း တစ္ေယာက္မွ စကားတစ္ခြန္းမွ မေျပာၾကေပ။ ေဖေဖကႏႈတ္ဆိတ္ေနေတာ့ က်န္တဲ့သူေတြက စကားေျပာဖို႔ပင္ လန႔္ေနရသည္။
မမားက ပုဇြန္ခြာၿပီးသားေလးေတြ လင္းရာအထဲကို လွမ္းထည့္ေပးေလသည္။
"မမား သားဘာသားလုပ္မယ္ ရတယ္။ မမားေအးေဆးစား"
မမား ေကာင္ေလးလည္းရွိတာမို႔ အရာရာ မမားကို အားကိုးရတာမ်ိဳး လင္းရာမလုပ္ခ်င္ေပ။ ပုဇြန္အရမ္းႀကိဳက္ေပမယ့္ ပုဇြန္ကလည္းမခြာတတ္တာေၾကာင့္ မမားထည့္ေပးတဲ့ ပုဇြန္ေတြကို ျပန္ေပးမေနေတာ့ဘဲ အားနာပါးနာျဖင့္ စားလိုက္ရသည္။
"ညီေလး အစ္ကို႔ကို လက္အိတ္တစ္စုံေလာက္ေပးပါေနာ္"
အနားက ျဖတ္သြားတဲ့ ဆိုင္ဝန္ထမ္းေကာင္ေလးကို လွမ္းေခၚၿပီး စစ္ပိုင္ လက္အိတ္တစ္စုံ ေတာင္းလိုက္သည္။ လက္အိတ္ရၿပီဆိုတာနဲ႔ ျပဳတ္ထားတဲ့ ပုဇြန္ေတြကို ထိုင္ခြာေနလိုက္သည္။ စစ္ပိုင္လည္း ပုဇြန္ႀကိဳက္သည္မို႔ Hotpot စားသည့္အခါ အိုးထဲတြင္ ပုဇြန္အေကာင္၂၀ေလာက္ႏွင့္ ျပည့္ေနတတ္ေပသည္။
ပုဇြန္ေတြ အကုန္ခြာၿပီး ပန္းကန္ေလးထဲ ထည့္ထားလိုက္သည္။ အားလုံးခြာၿပီးမွ ေအးေဆးစားတတ္တာ စစ္ပိုင္အက်င့္ပင္။ သို႔ေပသည့္ ဒီတစ္ခါေတာ့ အားလုံးခြာၿပီးတဲ့အခ်ိန္ အားရပါးရ စားဖို႔ျပင္လိုက္ေတာ့ ပန္းကန္ထဲတြင္ ေလးငါးေျခာက္ေကာင္သာ က်န္ေတာ့သည္။
ေဘးကိုလွည့္ၾကည့္ေတာ့ စစ္ပိုင္ပန္းကန္ထဲက ပုဇြန္ေတြကို တစ္ေကာင္ၿပီးတစ္ေကာင္ လာယူစားေနသည့္ ေကာင္ေလး။ ပန္းကန္ထဲက ပုဇြန္ကို ေနာက္တစ္ႀကိမ္ လာႏွိုက္ေတာ့ လင္းရာတူႏွစ္ေခ်ာင္းကို စစ္ပိုင္တူျဖင့္ ညႇပ္ထားလိုက္သည္။
"လူႀကီး"
ဆူပုတ္ပုတ္မ်က္ႏွာေလးျဖင့္ လူကိုေမာ့ၾကည့္ၿပီး ေအာ္ေလသည္။
"မင္း လြန္တယ္လို႔မထင္ဘူးလား။ ပုဇြန္အေကာင္၂၀ေလာက္ကို ငါခြာေနတဲ့အခ်ိန္ မင္းထိုင္ၿပီးစားေနတာ ပန္းကန္ထဲလည္းၾကည့္ဦး ငါးေကာင္ေလာက္ပဲက်န္ေတာ့တယ္"
"လူႀကီးကလည္း ဒါေလးေတာင္ မသဒၶါဘူး"
"သြား ပုဇြန္ထပ္ယူၿပီး ျပဳတ္လိုက္။ ကိုယ္ခြာေပးမယ္"
"တကယ္ေနာ္"
"အင္း"
"အဲ့ဒါဆို ကၽြန္ေတာ္ျပဳတ္ထားတဲ့ ဒီပုဇြန္ေလးကို အရင္ခြာေပး"
"အင္း အဲ့ဒီျပဳတ္ၿပီးသားေလးေတြ ကိုယ္စားလိုက္မယ္။ မင္းက အသစ္ထပ္ယူၿပီး ျပဳတ္လိုက္"
"လူႀကီးကဗ်ာ"
ႏွစ္ေယာက္သား လူႀကီးေတြမၾကားေအာင္လည္း တိုးတိုးတိတ္တိတ္ ႀကိတ္ၿပီး စကားမ်ားေနရသလို တိုးတိုးတိတ္တိတ္ ေဝခြဲေရးလုပ္ေနရသည့္ အေျခအေနပင္။
"ေလာဘမႀကီးနဲ႔ေလ။ မင္း ကိုယ့္ဆီက ၁၅ေကာင္ေလာက္လည္း စားထားတယ္ ခင္ေလးထည့္ေပးထားတာလည္း စားထားေသးတယ္။ ဒါေလးေတာ့ ကၽြန္ေတာ္မ်ိဳးကို ေႂကြးေနာ္။ ထပ္ျပဳတ္မယ့္အေကာင္ကို ကၽြန္ေတာ္မ်ိဳး လုံးဝမစားဘဲ ခြာေပးမယ္ ဟုတ္ၿပီလား"
"အင္း"
"သြား သြားယူခ်ည့္။ စားနိုင္သေလာက္ပဲ ယူခဲ့ေတာ့ေနာ္"
"Yes sir"
ခြာေပးမည္ဆိုေတာ့ ႐ုပ္ေလးက ျပဳံးလို႔။ ပုဇြန္ေတာ္ေတာ္ႀကိဳက္သည့္ကေလး။ သူနဲ႔သာ ပုဇြန္စားရင္ လုစားရမည့္ကိန္းပင္။
သူ႔အိုးထဲမွာ ျပဳတ္ထားသည့္ ပုဇြန္ ဆယ္ေကာင္ေလာက္ကို စစ္ပိုင္ပန္းကန္ထဲ ဆယ္ထည့္လိုက္သည္။ ဒီတစ္ခါေတာ့ လည္သြားၿပီ တစ္ေကာင္ခြာၿပီးတိုင္း ပါးစပ္ထဲကို တစ္ခါထဲ တန္းထည့္လိုက္သည္။ မဟုတ္ရင္ ဟိုကေလးျပန္လာသည့္အခါ စစ္ပိုင္အတြက္ က်န္ေတာ့မည္မဟုတ္ေပ။
အားလုံး စားေသာက္ ၿပီးစီးခါနီးေတာ့မွ ခင္ေလး ေဖေဖ့ကို စကားေျပာဖို႔ အစပ်ိဳးလိုက္သည္။
"ေဖေဖ"
"ေဟကြာ"
"ဟိုေလ . . . ဒါက သမီးခ်စ္သူပါ"
"ဟင္"
ေဖေဖနဲ႔လူႀကီးက မမခင္ေလးစကားကို အံ့ဩတႀကီး ျဖစ္သြားၾကသည္။
"နာမည္က သြင္ထူးေအာင္ပါေဖေဖ"
"အင္း"
"သူလည္း ရန္ကုန္ကို အလုပ္ကိစၥနဲ႔လာတုန္း ေဖေဖနဲ႔မိတ္ဆက္ေပးဖို႔ ခင္ေလးေခၚလိုက္တာပါ"
"အင္း"
အားလုံး ခဏတိတ္ဆိတ္သြားၾကသည္။ မမားေကာင္ေလးက မမားထက္ ငါးႏွစ္ႀကီးသည္မို႔ လူႀကီးဆန္သည္။ ေဖေဖကလည္း မ်က္ႏွာမေကာင္းေပမယ့္ တည္တည္ၿငိမ္ၿငိမ္ပါပဲ။ မတည္ၿငိမ္နိုင္တာက မမားရယ္၊ လင္းရာရယ္၊ လူႀကီးရယ္ပါ။
"ေဖေဖ"
"ေဟ"
"သား ကိုႀကီးစစ္ပိုင္နဲ႔ အရင္သြားႏွင့္မယ္ေနာ္။ ေဖေဖတို႔ ျပန္ခါနီးရင္ သားကို ဖုန္းလွမ္းဆက္လိုက္ေနာ္။ သား ဒီနားဝန္းက်င္မွာပဲ ရွိမယ္ေဖေဖ"
"အင္း သားငယ္"
ေဖေဖတို႔ မမားတို႔ စကားေအးေဆးေျပာဖို႔ လင္းရာနဲ႔လူႀကီး ေရွာင္ေပးလိုက္သည္။
"လူႀကီး"
"ဟင္"
"စိတ္မေကာင္းျဖစ္ေနလား"
"အင္း နည္းနည္း"
"ကၽြန္ေတာ္လည္း လူႀကီးအတြက္ စိတ္မေကာင္းျဖစ္သလို လူႀကီးကို အားလည္းနာတယ္။ အစထဲက မမက ေဖေဖနဲ႔မိတ္ဆက္ေပးဖို႔ စီစဥ္ထားခဲ့တာ။ လူႀကီးကို တမင္သက္သက္ ေခၚၿပီးႏွိပ္စက္တယ္လို႔ မထင္ေစခ်င္ဘူး"
"မထင္ပါဘူးကြာ။ ကိုယ္နားလည္ပါတယ္"
"ရင္ထဲမွာ ဘာညာဘာညာေတြ ျဖစ္ေနၿပီလား"
"အင္း ဒီလိုမ်ိဳး ၾကဳံရမယ္လို႔ တစ္ခါမွ မေတြးခဲ့ဖူးေပမယ့္ ခင္ေလးကို သူ႔ခ်စ္သူနဲ႔ ဒီလိုတြဲေတြ႕ရရင္လည္း ခံနိုင္ရည္ရွိမယ္လို႔ ထင္ထားခဲ့တာ"
"အင္း ခုမရွိဘူးလား"
"အင္း ရင္ထဲမေကာင္းဘူး။ ကိုယ္ထင္ေတာ့ ထင္တယ္။ ဒါေပမဲ့ မင္းတို႔က စေတြ႕ထဲက ဘာမွမေျပာသလို ဦးကလည္း ဘယ္သူလဲလို႔ မေမးေတာ့ မင္းတို႔ အစ္ကိုဝမ္းကြဲလို႔ ထင္ခဲ့တာ"
"အင္း"
"မင္းတို႔က စကားတစ္ခြန္းမွ မေျပာၾကေတာ့ မင္းတို႔မိသားစုႀကီးက ဘယ္လိုႀကီးလဲဟလို႔ေတြးၿပီး ကိုယ္စားစရာရွိတာ ဆက္စားေနလိုက္တာ။ ဒီလိုလို႔ မေတြးမိတာအမွန္"
"မမကို မေမ့နိုင္ခဲ့ဘူးလား"
"အင္း"
"ခ်စ္ေနတုန္းပဲလား"
"အင္း တစ္စုံတစ္ေယာက္ကို မေတြ႕ရေသးခင္အထိေပါ့။ သူ႔ကိုျမင္တိုင္း ဆုံးရႉံးမႈႀကီးတစ္ခုလို ခံစားခဲ့ရေပမယ့္ ခုေတာ့ အရင္ေလာက္ႀကီးေတာ့မဟုတ္ေတာ့ဘူး။ အရင္ကဆို သူနဲ႔မ်က္ႏွာခ်င္း ဆိုင္မိတိုင္း ဝဲဘက္ရင္အုံက ဆစ္ခနဲနာတယ္။ ခ်စ္ရတဲ့သူကို ဆုံးရႈံးလိုက္ရတဲ့နာက်င္မႈက ေဟာင္းႏြမ္းမသြားဘဲ အျမဲအသစ္လို ခံစားခဲ့ရတယ္။ မ်က္ႏွာခ်င္း မဆိုင္ဝံ့ေတာ့ေလာက္ေအာင္ပဲ"
"တစ္ေယာက္နဲ႔တစ္ေယာက္ ဒီေလာက္ေတာင္ ခ်စ္ခဲ့ၾကရဲ့သားနဲ႔ ဘာလို႔လမ္းခြဲခဲ့ၾကတာလဲ"
"သူယုံၾကည္ေအာင္ ကိုယ္ခ်စ္မျပနိုင္ခဲ့လို႔ေလ။ ကိုယ္သူ႔ကို အရမ္းခ်စ္တယ္ဆိုတာကို သူသိေအာင္ ထုတ္မျပျဖစ္ခဲ့ဘူး။ နာက်င္မႈေတြပဲ ေပးခဲ့မိတယ္။ အားလုံးက ကိုယ့္အမွားပါ"
"ယုံၾကည္ေအာင္ ခ်စ္ျပဖို႔ထက္ ကိုယ့္အခ်စ္ကို သူ႔ႏွလုံးသားက ခံစားသိရွိေအာင္ ခ်စ္ခဲ့သင့္တာ"
"အင္းးးး"
"ဪ . . . သူဘယ္လိုပဲေနေန သူေနတတ္သလိုေနေပမယ့္ သူငါ့ကို တကယ္ခ်စ္ရွာပါ့လားလို႔ေလ။ သူအဲ့လို ခံစားခ်က္ေလး ခံစားမိလို႔ရေအာင္ေတာ့ ခ်စ္ခဲ့သင့္တယ္"
"အားလုံး ကိုယ္ပဲမွားခဲ့တာပါ"
Fri, Jul 9 (9/7/2021/Fri)
***************