Dear My Ex-crush[Completed]

By Daydream-fah

270K 22K 1.6K

Zawgyi crush​ေတြက မ​ေကာင္​းပါဘူး.. ဟုတ္​ပါတယ္​ လံုးဝကိုမ​ေကာင္​းၾကတာပါ ... အဲ့ဒီထဲကမွ ရိ​ေပၚရဲ႕ex-crushႀကီး​ေ... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Final
New Fic
Extra
မေးစရာလေးရှိလို့🦄
Book Announcement
✨Special Chapter✨

Ch-22

7.4K 693 73
By Daydream-fah

Zawgyi

​ေကာခ်န္​နဲ႔ခ်ိန္​းထားတဲ့ ကလပ္​ကို​ေရာက္​တာနဲ႔ အ​ေပါက္​ဝမွာ​ေစာင္​့​ေနတဲ့​ေကာခ်န္​က'ၾကာလိုက္​တာကြာ'ဆိုကာ အထဲကိုဆြဲ​ေခၚသြားတာမို႔ ​ေကာခ​်န္​ဆြဲ​ေခၚရာ​ေနာက္​ကို ယက္​ကန္​ယက္​ကန္​ပါသြားရျပန္​သည္​။ အထဲ​ေရာက္​​ေတာ့လည္​း အၿငိမ္​မ​ေနရပဲ လူအုပ္​ၾကားထဲ သူ႔​ေကာင္​မ​ေလးကို အသည္​းအသန္​လိုက္​႐ွာ​ေနတဲ့ ​ေကာခ​်န္​​ေၾကာင္​့ ရိ​ေပၚလည္​း ကူၿပီး႐ွာ​ေပး​ေနရသည္​။

"မင္​း​ေကာင္​မ​ေလးက လာမ​ွာ​ေသခ်ာလို႔လား ​ေကာခ​်န္​"

"​ငါလည္​း​ေသခ်ာမသိဘူး​ေလကြာ..."

​ေကာခ်န္​ရဲ႕ မ​ေရရာမ​ေသခ်ာတဲ့အ​ေျဖ​ေၾကာင္​့ ရိ​ေပၚက စိတ္​​ေလစြာျဖင္​့ ​ေထာင္​့နားကစားပြဲမွာသြားထိုင္​​ေတာ့ ​ေကာခ်န္​က ရိ​ေပၚရဲ႕လက္​ကိုဆြဲကာ

"dance floorဘက္​မွာထပ္​သြားရ​ေအာင္​ရိ​ေပၚရာ ထိုင္​​ေနဖို႔အခ်ိန္​မ႐ွိဘူး"

"ဥာဏ္​မ႐ွိဘူးလို႔​ေျပာရင္​လည္​း မာန္​တက္​ဦးမယ္​။ မင္​းကအဲ့ဒီလို လားလား လားလားနဲ႔ ​ေလွ်ာက္​ျပ​ေနမွ​ေတာ့ မင္​း​ေကာင္​မ​ေလးကမင္​းကိုျမင္​​တာနဲ႔ လစ္​သြားမွာ​ေပါ့..ဒီ​ေနရာက​ေမွာင္​​ေတာ့ မင္​း​ေကာင္​မ​ေလး​ေရာက္​လာရင္​​ေတာင္​ ငါတို႔ကိုျမင္​မွာမဟုတ္​ဘူး..."

ရိ​ေပၚ​ေျပာလိုက္​မွ'ဟုတ္​သားပဲ'ဆိုကာ သြားျဖဲျပလာတဲ့​ေကာခ​်န္​ကို မ်က္​ျဖဴသာလန္​ျပလိုက္​သည္​။ စကား​ေတြအမ်ားႀကီး​ေျပာလိုက္​ရတာမို႔လည္​း ​ေရ​​ေတာင္​ဆာခ်င္​လာသလိုလို။ မီး​ေရာင္​စံု​ေအာက္​မွာ ကိုယ္​့နည္​းကိုယ္​့ဟန္​နဲ႔ အ​ေပ်ာ္​႐ွာ​ေနၾကတဲ့လူ​ေတြကိုလိုက္​ၾကည္​့ရင္​း ​​ေထာင္​့က်​တဲ့စားပြဲမွာ ​ေကာခ်န္​​ေကာင္​မ​ေလးနဲ႔အတူ ​​ေယာက်ာၤးတစ္​​​ေယာက္​ကိုပါ တြဲျမင္​လိုက္​တာ​ေၾကာင္​့

"​ေဟ့​ေကာင္​ ဟိုမွာထိုင္​​ေနတာ မင္​း​ေကာင္​မ​ေလးမဟုတ္​လား"

ရိ​ေပၚျပတဲ့ဘက္​ကို အလ်င္​စလိုလွမ္​းၾကည္​့ရင္​း ​​ေတာက္​​ေခါက္​ကာ ထို​ေနရာကိုသြားဖို႔ျပင္​​ေနတာ​ေၾကာင္​့

"​ေန...​ေနပါဦးကြာ အ​ေျခအ​ေနကိုအရင္​​ေစာင္​့ၾကည္​့ရ​ေအာင္​။ မင္​းထင္​​ေနသလိုမဟုတ္​ပဲ အသိမိတ္​​ေဆြ​ေတြျဖစ္​​ေနရင္​ ျပႆနာ​ေတြႀကီးကုန္​လိမ္​့မယ္​.."

ရိ​ေပၚတားလိုက္​​ေတာ့မွ ​ေနရာမွာျပန္​ထိုင္​တဲ့ ​ေကာခ​​်န္​က ထို​ေနရာကိုမမွိ​တ္​မသုန္​ၾကည္​့ကာ တစ္​ခ်က္​တစ္​ခ်က္​ အံ​ပါႀကိတ္​​ေနလိုက္​​ေသးသည္​။ ရိ​ေပၚလည္​း ပ်င္​း​လာတာ​ေၾကာင္​့ ဖုန္​းထုတ္​ၾကည္​့​ေနရင္​း ႐ုတ္​တရက္​ထထြက္​သြားတဲ့​ေကာခ်န္​​ေၾကာင္​့ အ​ေနာက္​က​ေျပးလိုက္​ရင္​း ခုနက​ေနရာကိုလွမ္​းၾကည္​့လိုက္​​ေတာ့ ​ေကာခ​်န္​​ေကာင္​မ​ေလး​ေရာ အတူတြဲလာတဲ့သူ​ပါထို​ေနရာမွာ ႐ွိမ​ေန​​ေတာ့။

​ေကာခ်န္​က VIP Room​ေတြဘက္​ခပ္​သု​တ္​သုတ္​ထြက္​သြားတာမို႔ အ​ေျခအ​ေနကိုသ​ေဘာ​ေပါက္​သြားကာ လြန္​လြန္​ကြၽံကြၽံ​ေတြမျဖစ္​​ေအာင္​ ​ေကာခ်န္​​ေနာက္​ကိုအမွီလိုက္ရင္​း မ်က္​​ေျချပတ္​သြားတာမို႔ လိုက္​႐ွာ​ေတာ့ စၾကႍလမ္​းတစ္​ခုအလယ္​မွာ ငုတ္​တုပ္​ထိုင္​​ေနတဲ့​ေကာခ်န္​က ရိ​ေပၚကို​ေတြ႔တာနဲ႔ ​ေျပးဖက္​ၿပီးငို​ေတာ့သည္​။

"အီး...ဟီး..သူငါ့ကို သစၥာ​ေဖာက္​သြားၿပီ ရိ​ေပၚ...ငါ့မွာ​ေတာ့ သူနဲ႔ လက္​ထပ္​ဖို႔အထိ စဥ္​းစားထားခဲ့တာ အခု​ေတာ့...အီး...ဟီး..သူမို႔ လုပ္​ရက္​တယ္​ကြာ..."

ရိ​ေပၚကိုဖက္​ကာ အာျဗဲလွ်ာျဗဲနဲ႔ငို​ကာ ရင္​ဖြင္​့​ေနတာမို႔ ရိ​ေပၚလည္​း အလိုက္​သင္​့ျပန္​ဖက္​ကာ ​ေက်ာကိုပုတ္​​ေပး​ေနလိုက္​သည္။ ႐ွား႐ွားပါးပါး႐ွိတဲ့ တစ္​ဦးတည္​း​ေသာ သူငယ္​ခ်င္​းျဖစ္​သူက အခုလိုခံစား​ေနရ​ေတာ့ ရိ​ေပၚလည္​း စိတ္​မ​ေကာင္​းျဖစ္​ရသည္​။

ခြပ္​..!

"အြန္​႔..."

​ေကာခ်န္​ကိုႏွစ္​သိမ္​့​ေပး​ေနရင္​း ​႐ုတ္​တရက္​ ရိ​ေပၚကိုယ္​​ေပၚက ​ေကာခ်န္​ရဲ႕လက္​​ေတြကိုဖယ္​ထုတ္​ၿပီး ​ေကာခ်န္​ကိုဆြဲထိုးလိုက္​တဲ့လူ​ေၾကာင္​့ ​ေၾကာင္​​ေနရင္​းက​ေန ​ေကာခ်န္​ကိုဆြဲထူဖို႔လုပ္​​ေတာ့ ထိုလူက ရိ​ေပၚဘက္​ကိုလွည္​့လာကာ ရိ​ေပၚရဲ႕ခါးကို ဆြဲဖက္​ၿပီး ႏႈတ္​ခမ္​းကိုငံု႔နမ္​းလာတာ​ေၾကာင္​့ အလန္​႔တၾကားၾကည္​့မိ​ေတာ့ ရိ​ေပၚမ်က္​လံုးကို​ေတ့ဆိုင္​ၾကည္​့လို႔ ႏႈတ္​ခမ္​းတစ္​ခုလံုးကိုဆြဲငံုထားသူက အျခားသူမဟုတ္​ ရိ​ေပၚရဲ႕တစ္​ခ်ိန္​ကcrush​ေဟာင္​းႀကီး တစ္​နည္​းအားျဖင္​့ ​ေ႐ွာင္​းက်န္​႔ဆိုသူသာ။

​ေဘးမွာ​ေကာခ်န္​႐ွိ​ေနတာ​ေၾကာင္​့ ​ေ႐ွာင္​းက်န္​႔ရင္​ဘက္​ကိုတဘုန္​းဘုန္​းထု႐ိုက္​​ေန​ေပမယ္​့ မလႊတ္​​ေပးတဲ့အျပင္​ ရိ​ေပၚရဲ႕ခါးကို​ေကာ့​ေန​ေအာင္​ဆြဲဖက္​ကာ သူ႔ခႏၶာကိုယ္​နဲ႔ဆြဲကပ္​လို႔ ပိုတိုးၿပီးစုပ္​နမ္​းလာတာ​ေၾကာင္​့ ရိ​ေပၚရဲ႕ႏႈတ္​ခမ္းသား​ေတြကို ျခယ္​လွယ္​ခ်င္​တိုင္​း ျခယ္​လွယ္​​ေနတဲ့ ​ေ႐ွာင္​းက်န္​႔ရဲ႕ႏႈတ္​ခမ္​းကို အားပါပါျဖင္​့ကိုက္​ခ်လိုက္​သည္​။

"အ့...​ေတာ္​​ေတာ္​စြာ​ေနတယ္​​ေပါ့ မင္​း​ေတြ႔မယ္​.."

​ေ႐ွာင္​းက်န္​႔​ေပြ႔ခ်ီထားရာက​ေန ​ေကာခ်န္​ကိုအကူအညီ​ေတာင္​းသလိုၾကည္​့လာတဲ့ ရိ​ေပၚကို ကူညီ​ေပးခ်င္​​ေပမယ္​့ ​ေလာ​ေလာလတ္​လတ္​ ​ေ႐ွာင္​းက်န္​႔​ေကာရဲ႕ လက္​သီးကို ျမည္​းစမ္​းထားရတာ​ေၾကာင္​့ ထို​ေနရာက​ေနသာ ရိ​ေပၚအတြက္​ဆု​ေတာင္​း​ေပး​ေနလိုက္​သည္​။ ဒီသူငယ္​ခ်င္​းအမိုက္​အမဲ​ေလးကို ခြင္​့လႊတ္​ပါရိ​ေပၚရာ....အယ္​...ဒါနဲ႔ ရိ​ေပၚနဲ႔ ​ေ႐ွာင္​းက်န္​႔​ေကာက ဘယ္​လိုျဖစ္​ၿပီး ဒီအ​ေျခအ​ေနကို​ေရာက္​သြားတာပါလိမ္​့...။

​ေရ​ွာင္​းက်န္​႔​ေပြ႔ခ်ီလာတဲ့ လမ္​းတစ္​​ေလွ်ာက္​လံုး ​ေကာ့လန္​​ေန​ေအာင္​ ႐ုန္​း​ေနတဲ့ဝမ္​ရိ​ေပၚ​ေၾကာင္​့ ၾကာလာရင္​ႏွစ္​​ေယာက္​လံုးပစ္​လဲသြားမွာစိုးတာမို႔ ကားပါကင္​​ေရာက္​​ေ​တာ့ ​ေအာက္​ကိုခ်​ေပးလိုက္​သည္​။ ​ေ႐ွာင္​းက်န္​႔လက္​ကလြတ္​တာနဲ႔ ထြက္​​ေျပးဖို႔ျပင္​​ေနတဲ့အ​ေကာင္​​ေပါက္​​ကို နံရံမွာဆြဲကပ္​လိုက္​​ေတာ့ ​ေ႐ွာင္​းက်န္​႔ရင္​ဘက္​ကိုတြန္​းလို႔ မ်က္​လံုးဝိုင္​း​ေလး​ေတြျဖင္​့ ၾကည္​့​ေနသည္​။

"ဝမ္​ပူတင္​း..."

"ဘာ.."

ရိ​ေပၚရဲ႕ ပါးႏွစ္​ဖက္​ကိုဆြဲညႇစ္​ရင္​း ​ေခၚလိုက္​တဲ့နာမည္​​ေၾကာင္​့ ရိ​ေပၚနားမလည္​စြာ ​ေမးလိုက္​မိသည္​။

"ဒီမွာ​ေလ ပူတင္​း​ေလး​ေတြလိုပဲ လံုးလံုးအိအိ​ေလး..."

ပါးတစ္​ဖက္​ကို လက္​ညိဳးျဖင့္​တို႔ထိတို႔ထိလုပ္​ကာ ရီ​ေဝ​ေဝၾကည္​့ၿပီး​ေျပာလာတဲ့​ေ႐ွာင္​းက်န္​႔က အ​ေတာ္​အတန္​မူး​ေနပံုပင္​။ ​​ေ႐ွာင္​းက​​်န္​႔မူး​ေနတာကိုအခြင္​့​ေကာင္​းယူကာ ပါး​ေပၚက ​ေ႐ွာင္​းက်န္​႔ရဲ႕လက္​ကိုျဖ​တ္​႐ိုက္​လိုက္​​ေတာ့ ​ေ႐ွာင္​းက်န္​႔ကစိ​တ္​မဆိုးတဲ့အျပင္​ ျပံဳး​ပင္​ျပံဳး​ေနလိုက္​​ေသးသည္​။

"အ့...ခင္​ဗ်ား ဘာလုပ္​​တာလဲ"

"က်န္​႔က်န္​႔ ဗိုက္​ဆာလို႔ ပူတင္​းစားတာ..."

ရိ​ေပၚမွာ​ေတာ့ ပါးတစ္​ဖက္​ အကိုက္​ခံလိုက္​ရတာ​ေတာင္​ မနာအားပဲ ​အရက္​မူး​ေနတဲ့​ေ႐ွာင္​းက်န္​႔ကိုၾကည္​့ၿပီး သ​ေဘာက်​ေနမိသည္​။ အျမဲတမ္​းတည္​တင္​း​ေနတဲ့မ​်က္​ႏွာက အခု​ေတာ့ပါးႏွစ္​ဖက္​ကရဲလို႔ ယုန္​သြားႏွစ္​​ေခ်ာင္​း​ေပၚလာတဲ့အထိကို ရယ္​ျပ​ေနတာမ်ား ခုနကအႏိူင္​က်င္​့​​ေနတာ သူမဟုတ္​​ေလတဲ့အတိုင္​း ခ်စ္​စရာႀကီး။ ရယ္​​ေနရင္​းနဲ႔ ရိ​ေပၚရဲ႕က်န္​​ေနတဲ့ပါးတစ္​ဖက္​ကို ထပ္​ကိုက္​ဖို႔ျပင္​​ေနတာ​ေၾကာင္​့ ရင္​ဘတ္​ကိုတြန္​းထုတ္​လိုက္​သည္​။ ခ်စ္​စရာ​ေကာင္​း​ေန​ေပမယ္​့လည္​း ပါး​ေတာ့ထပ္​အကိုက္​မခံခ်င္​ဘူး​ေလ။

​ပါးကိုကိုက္​မွာစိုးလို႔ ခပ္​သာသာ​ေလးတြန္​းလိုက္​​ေပမယ္​့ အ႐ွိန္​မထိန္​းႏိူင္​တဲ့​ေ႐ွာင္​းက်န္​႔က ​ေျမႀကီး​ေပၚပက္​လက္​လွန္​က်ၿပီး အိပ္​​ေပ​်ာ္​သြား​ေတာ့သည္​။

••••••••••••••

"အား...ကြၽတ္​စ္​..ကြၽတ္​စ္​..."

မ်က္​လံုးဖြင္​့လိုက္​တာနဲ႔ မခံမရပ္​ႏိူင္​​​ေလာက္​​ေအာင္​ ထိုးကိုက္​လာတဲ့​ေခါင္​း​ေၾကာင္​့ နဖူးျပင္​ကိုလက္​တစ္​ဖက္​ျဖင္​့အသာႏွိပ္​နယ္​ရင္​း ျပန္​မွိန္​း​ေနလိုက္​သည္​။

"ႏိုးလာၿပီလား အရက္​သမား​ႀကီး"

"မားကလည္​း..."

ပ်ားရည္​ခြက္​ကိုင္​ၿပီး အခန္​းထဲဝင္​လာတဲ့မားက ​ကုတင္​​ေပၚက​ေ႐ွာင္​းက်န္​႔ကိုၾကည္​့ၿပီး အ​ေငၚတူးလာတာမို႔ မားရဲ႕လက္​ကိုလွမ္​းဆြဲကာ ပါးမွာကပ္​ထားၿပီး ကပ္​ခြၽဲ​ေနလိုက္​သည္​။

"မားကလည္​းလုပ္​မ​ေနနဲ႔ ငါျဖင္​့သားငယ္​​ေလးကို အားနာလြန္​းလို႔..."

မား​ေဖ်ာ္​​ေပးတဲ့ ပ်ားရည္​ကို​ေသာက္​​ေနရင္​း မားဆီကၾကားလိုက္​ရတဲ့နာမည္​​ေၾကာင္​့ သီးမလိုပင္​ျဖစ္​သြားရသည္​။

"ညကသားကို ဝမ္​ရိ​ေပၚလိုက္​ပို႔တာလား ဟုတ္​လားမား.."

"အခုမွျပဴးျပဴးျပာျပာလာမ​ေမးနဲ႔ သားငယ္​​ေလးခမ်ာ မင္​းခႏၶာကိုယ္​ႀကီးကိုမႏိူင္​မနင္​းတြဲၿပီး အခန္​းထဲထိပို႔​ေပး႐ွာတာ"

မားရဲ႕စကားၾကားမွ လြန္​ခဲ့တဲ့ညကအျဖစ္​အပ်က္​​ေတြကို အသဲအသန္​စဥ္​းစားမိသည္​။ မ​ေန႔က ​လုပ္​ငန္​း႐ွင္​အခ်ိဳ႕နဲ႔အက်ိဳးတူပူး​ေပါင္​းထားတဲ့ ​လုပ္​ငန္​း​ေအာင္​ျမင္​တဲ့အ​ေနနဲ႔ ​ေသာက္​ၾကစားၾကရင္​း အခန္​း​ေ႐ွ႕ကျဖတ္​သြားတဲ့ပံုရိပ္​​ေလးကို ျမင္​ဖူးသလို႐ွိတာ​မို႔ လိုက္​သြားဖို႔ျပင္​လိုက္​​ေတာ့ ​အနည္​းငယ္​ယိုင္​သြားတဲ့ခႏၶာကိုယ္​​ေၾကာင္​့ ​ေဘးမွာ႐ွိတဲ့လူ​ေတြကလွမ္​းထိန္​း​ေပးရင္​း

"Mr.xiaoရရဲ႕လား.."

"ရတယ္​ ရတယ္​ ကြၽန္​​ေတာ္​မမူးဘူး"

လက္​တစ္​ခါခါျဖင္​့ မမူးဘူး​ေျပာၿပီး အခန္​းထဲကယိုင္​ထိုးယိုင္​တိုင္​ထြက္​သြားတဲ့ဥကၠဌ​ေ႐ွာင္​းကိုတြဲ​ေပးခ်င္​​ေပမယ္​့လည္​း ဥကၠဌ​ေ႐ွာင္​းရဲ႕​အ​ေၾကာင္​းကိုသိ​ေနတာမို႔ သိပ္​အာရံုထားမ​ေန​ေတာ့ပဲ ​ေသာက္​စရာ႐ွိတာသာ ဆက္​​ေသာက္​​ေနလိုက္​ၾကသည္​။

ခုနက ဝမ္​ရိ​ေပၚကိုလွမ္​းျမင္​လိုက္​လို႔ အခန္​းျပင္​ထြက္​လာ႐ွာ​ေပမယ္​့ မ​ေတြ႔​ေတာ့တာ​ေၾကာင္​့ အခန္​းထဲျပန္​ဝင္​ဖို႔ျပင္​လိုက​္​​ၿပီးမွ မ်က္​လံုး​ေထာင္​့က​ေန ျမင္​လိုက္​ရတဲ့ျမင္​ကြင္​း​ေၾကာင္​့ ​ေ႐ွာင္​းက်န္​႔တစ္​ကိုယ္​လံုး႐ွိ​ေသြး​ေတြအကုန္​ ​ေဆာင္​့တက္​သြားသည္​့ႏွယ္​။

VIP Roomတစ္​ခုအ​ေ႐ွ႕မွာ အျခား​ေယာက်ာၤးတစ္​​ေယာက္နဲ႔ဝမ္​ရိ​ေပၚတို႔ ဖက္​​ေနၾကတဲ့ျမင္​ကြင္​း။ တစ္​ဖက္​လူကို ​ေသခ်ာမျမင္​ရ​ေပမယ္​့ ထိုလူတင္​းတင္​းက်ပ္​က်ပ္​ဖက္​ထားတဲ့သူက​ေတာ့ ဝမ္​ရိ​ေပၚဆိုတာ​ေသခ်ာသည္​။ ​ေ႐ွာင္​းက်န္​႔ခ်ိန္​းတုန္​းက ျငင္​းဆန္​ရတဲ့အ​ေၾကာင္​းရင္​းက ​ေယာက်ာၤးတစ္​​ေယာက္​နဲ႔အတူ clubမ​ွာ​ေပ်ာ္​ပါးခ်င္​လို႔​ေပါ့။ အဟက္​...မင္​း​ေတာ္​​ေတာ္​ရယ္​ရတာပဲ ဝမ္​ရိ​ေပၚ..ငါ႐ွိ​ေနသ​ေရြ႕ မင္​းရည္​ရြယ္​ခ်က္​​ေတြမျပည္​့ဝ​ေစရဘူး...။

အ​ေတြးထက္​ လက္​ကလ်င္​ျမန္​စြာနဲ႔ ပူးကပ္​​ေနၾကတဲ့ႏွစ္​​ေယာက္​အနားကိုသြားကာ ဝမ္​ရိ​ေပၚကိုယ္​​ေပၚမွာဖက္​တြယ္​ထားတဲ့ လက္​​ေတြကိုဆြဲဖယ္​ၿပီး ထိုလူ႔ရဲ႕မ်က္​ႏွာကို ဆြဲထိုးပစ္​လိုက္​သည္​။ ​ဝမ္​ရိ​ေပၚကိုလွမ္​းၾကည္​့လိုက္​​ေတာ့ ​လဲက်သြားတဲ့လူကိုသြားထူဖို႔ျပင္​​ေနတာ​ေၾကာင္​့ ​ခါးသိမ္​သိမ္​​ေလးက​ေနလွမ္​းဆြဲဖက္​လို႔ ႏႈတ္​ခမ္​းဖူးဖူးရဲရဲ​ေလးကို ဆြဲငံုပစ္​လိုက္​​ေတာ့ အသည္​းအသန္​႐ုန္​းကန္​လာမို႔ ပိုတိုးလို႔ဖိကပ္​နမ္​းပစ္​လိုက္​သည္​။ ဝမ္​ရိ​ေပၚရဲ႕ႏႈတ္​ခမ္​းကိုနမ္​းရတာက ဂ်ယ္​လီစား​ေနရသလိုပဲ။ ႏူးႏူးညံ့ညံ့နဲ႔ ခ်ိဳခ်ိဳအီအီ​ေလး။ ႐ုန္​းလို႔မရ​ေတာ့ ​ေ႐ွာင္​းက်န္​႔ရဲ႕ႏႈတ္​ခမ္​းကိုဆြဲကိုက္​လာတာမို႔ ႏွ​ေျမာတသစြာလႊတ္​​ေပးလိုက္​ရသည္​။

အရက္​​ေသာက္​ထားတဲ့အ႐ွိန္​ကလည္​း ႐ွိ​ေနတာမို႔ ​ေဘးကဝိုင္​းၾကည္​့​ေနတဲ့သူ​ေတြကို ဂ႐ုမစိုက္​စြာနဲ႔ အတင္​း႐ုန္​းထိုး​ေနတဲ့ ျဖဴျဖဴလံုးလံုးအ​ေကာင္​​ေပါက္​​ေလးကို ​ေပြ႔ခ်ီၿပီးထြက္​လာလိုက္​သည္​။ ကားပါကင္​​ေရာက္​​ေတာ့ အနီးကပ္​ျမင္​​ေနရတဲ့ဝမ္​ရိ​ေပၚရဲ႕ ပါး​ေဖာင္​း​ေလးႏွစ္​ဖက္​ကိုဖ်စ္​ညႇစ္​ရင္​း အသဲယားလာတာ​ေၾကာင္​့ ဆြဲကိုက္​ၿပီးတဲ့​ေနာက္​ပိုင္​း ​ေ႐ွာင္​းက်န္​႔ဘာကိုမွမမွတ္​မိ​ေတာ့တာျဖစ္​သည္​။

"သူဘာ​ေျပာသြား​ေသးလဲ မား"

"မင္​းအရက္​မူးၿပီး အိပ္​​ေပ်ာ္​သြားလို႔ သူျပန္​လိုက္​ပို႔​ေပး​တာလို႔​ေျပာၿပီး ျပန္​သြားတာပဲ။ မားက ဒီမွာပဲတစ္​ခါထဲ အိပ္​သြားလိုက္​လို႔​ေျပာ​ေတာ့​ေတာင္​ မင္​းကိုပဲဂ႐ုစိုက္​လိုက္​ပါ သူကအဆင္​​ေျပပါတယ္​ဆိုၿပီး ျပန္​သြားတာ။ ဒီ​ေလာက္​ လိမၼာ​ေရးျခား႐ွိတဲ့က​ေလးကို မင္​းဘာ​ေၾကာင္​့အျမင္​မၾကည္​ျဖစ္​​ေနလဲ ငါျဖင္​့စဥ္​းစားမရပါဘူး.."

"ဘယ္​သူက အျမင္​မၾကည္​ျဖစ္​​ေနလို႔လဲ..."

"နင္​​ေလ က​ေလးကို​ေတြ႔တိုင္​း အႏိူင္​က်င္​့ခ်င္​​ေနတာ။ ​ေတာ္​ၿပီ...နင္​နဲ႔စကား​ေျပာရတာ ​ေမာ​ေတာင္​​ေမာလာတယ္​။ ​ေရခ်ိဳးအဝတ္​အစားလဲၿပီး​ေအာက္​ဆင္​းခဲ့ မနက္​စာျပင္​ထားမယ္​"

မားက​ေတာ့ ထံုးစံ​အတိုင္​း ​ထင္​ခ်င္​ရာထင္​ကာ ​ေျပာခ်င္​ရာ​ေျပာၿပီး ​ေခါင္​းတခါခါျဖင္​့ ထြက္​သြား​ေတာ့သည္​။ ဝမ္​ရိ​ေပၚကို ​ေ႐ွာင္​းက်န္​႔ဘယ္​တုန္​းက အႏိူင္​က်င္​့မိလို႔လဲ။ အဲ့ဒီအ​ေကာင္​​ေပါက္​ကသာ ​ေ႐ွာင္​းက်န္​႔ကိုျမင္​တိုင္​း ရန္​​ေစာင္​​ခ်င္​​ေနတာ မားမွမသိပဲ။

••••••••••••••

​ေဒါက္​...​ေဒါက္​...​ေဒါက္​

"ဝမ္​​ေလး ​ေကာဝင္​ခဲ့မယ္​​ေနာ္​"

အခန္​းတံခါးကိုတြန္​းဖြင္​့ၿပီးဝင္​သြားလိုက္​​ေတာ့ ကုတင္​​ေပၚမွာထိုင္​ၿပီး legoဆက္​​ေနတာမို႔ ​ေဘးနားသြားထိုင္​ကာ ​ေခါင္​း​ေလးကိုဖြဖြပုတ္​လိုက္​မွ လွမ္​း​ေမာ့ၾကည္​့လို႔ရယ္​ျပလာတဲ့ ဝမ္​​ေလးက က်င္​းဟိုင္​ရဲ႕အျမင္​မွာ​ေတာ့ တကယ္​့ကိုက​ေလး​ေပါက္​စ​ေလးအတိုင္​းပဲ။

"ပိတ္​ရက္​ကို ဘယ္​မွမသြားဘူးလား ဝမ္​​ေလး"

​ဟို​ေန႔က ​ေ႐ွာင္​းက်န္​႔ကို​ေျပာလိုက္​တဲ့အ​ေၾကာင္​း သတိရ​ေပမယ္​့ ​အခုခ်ိန္​ထိ ​ေ႐ွာင္​းက်န္​႔ဘက္​က မဆက္​သြယ္​လာတာမို႔ ​ေခါင္​းသာခါျပလိုက္​သည္​။ အခုခ်ိန္​​ေလာက္​ဆို ​ေ႐ွာင္​းက်န္​႔ကအလုပ္​ပံုထဲ​ေခါင္​းႏွစ္​ၿပီး ရိ​ေပၚ​ေျပာထားတာကို​ေတာင္​ မွတ္​မိ​ေတာ့မွာမဟုတ္​ဘူး။

"အဲ့ဒါဆို ​ေကာကိုတစ္​ခု​ေလာက္​ကူညီပါလား"

"​ဘာကူညီ​ေပးရမွာလဲ ​ေျပာ​ေလ"

"​ေကာသ​ေဘာက်​ေနတဲ့​ေကာင္​မ​ေလးက ဒီ​ေန႔ပဲ ဂ်ပန္​က​ေန​ေပက်င္​းကို​ေရာက္​မွာ။ အဲ့ဒါ သူ​့အတြက္​တည္းဖို႕​အဆင္​​ေျပ​ေလာက္​မယ္​့ ဟိုတယ္​ကိုသြားၾကည္​့မလို႔"

"ဝါးအို႔...လူပ်ိဳႀကီးကမၾကာခင္​စြံ​ေတာ့မွာ​ေပါ့..ဒါနဲ႔ ​ဘာလို႔ကြၽန္​​ေတာ္​့ကို​ေခၚတာလဲ ​ေကာတစ္​​ေယာက္​ထဲသြားလည္​း ျဖစ္​တာပဲကို..."

"ဝမ္​​ေလးရဲ႕အကိုက အသက္​ႀကီး​ေနၿပီ​ေလကြာ...အဲ့တာ​ေၾကာင္​့ ​ဝမ္​​ေလးကိုအကူအညီ​ေတာင္​း​ေနရတာ"

"ဘယ္​အခ​်ိန္​သြားမွာလဲ"

"ခဏ​ေနရင္​ သြားမယ္​​ေလ။ ​ေကာလည္​း နည္​းနည္​းပါးပါး ျပင္​လိုက္​ဦးမယ္​"

​ေကာင္​မ​ေလးျပန္​​ေရာက္​​ေတာ့မွာမို႔လို႔ အူျမဴး​ေနတဲ့ က်င္​းဟိုင္​​ေကာကိုၾကည္​့ၿပီး ရိ​ေပၚလည္​း သ​ေဘာတက်လိုက္​ရယ္​မိသည္​။ အသက္​မျပည္​့ခင္​အရြယ္​ထဲက ဒယ္​ဒီ့ကုမၸဏီမွာအလုပ္​ဝင္​ခဲ့ရတဲ့ က်င္​းဟိုင္​​ေကာက ခ်စ္​သူ႐ွာဖို႔​ေဝးစြ အားလပ္​ရက္​ပင္​မ႐ွိ​ေလာက္​​ေအာင္​ အလုပ္​မွအလုပ္​ျဖစ္​​ေနတာမို႔ ဟိုးအရင္​ထဲက က်င္​းဟိုင္​​ေကာကို လက္​တြဲ​ေဖာ္​​ေကာင္​းတစ္​​ေယာက္​​ေတြ႕ၿပီး ​ေပ်ာ္​​ေပ်ာ္​ရႊင္​ရႊင္​​ေလး​ေနသြား​ေစခ်င္​ခဲ့တာ အခု​ေတာ့ ရိ​ေပၚရဲ႕ဆႏၵ​ေတြျပည္​့ဝ​ေတာ့မည္​ထင္​ပါသည္​။

​မနက္​ကကိစၥ​ေၾကာင္​့ စိတ္​အ​ေျခအ​ေန​ေတာ္​​ေတာ္​​ေလးမ​ေကာင္​းတာမို႔ ဖတ္​ရတာ​ေပါ့သြားရင္​နားလည္​​ေပးၾကပါဦး​ေနာ္​💛....
#fah🦄

Unicode

​ကောချန်​နဲ့ချိန်းထားတဲ့ ကလပ်​ကို​ရောက်​တာနဲ့ အ​ပေါက်​ဝမှာ​စောင့်​နေတဲ့​ကောချန်​က'ကြာလိုက်​တာကွာ´ဆိုကာ အထဲကိုဆွဲ​ခေါ်သွားတာမို့​ကောချန်​ဆွဲ​ခေါ်ရာ​နောက်​ကို ယက်​ကန်​ယက်​ကန်​ပါသွားရပြန်​သည်​။ အထဲ​ရောက်​တော့လည်း အငြိမ်​မ​နေရပဲ လူအုပ်​ကြားထဲ သူ့​ကောင်​မ​လေးကို အသည်းအသန်​လိုက်​ရှာ​နေတဲ့​ကောချန်​ကြောင့်​ရိ​ပေါ်လည်း ကူပြီးရှာ​ပေး​နေရသည်​။

"မင်း​ကောင်​မ​လေးက လာမှာ​သေချာလို့လား​ကောချန်​"

"​ငါလည်း​သေချာမသိဘူး​လေကွာ..."

​ကောချန်​ရဲ့ မ​ရေရာမ​သေချာတဲ့အ​ဖြေ​ကြောင့်​ရိ​ပေါ်က စိတ်​လေစွာဖြင့်​ထောင့်​နားကစားပွဲမှာသွားထိုင်​တော့​ကောချန်​က ရိ​ပေါ်ရဲ့လက်​ကိုဆွဲကာ

"dance floorဘက်​မှာထပ်​သွားရ​အောင်​ရိ​ပေါ်ရာ ထိုင်​နေဖို့အချိန်​မရှိဘူး"

"ဥာဏ်​မရှိဘူးလို့​ပြောရင်​လည်း မာန်​တက်​ဦးမယ်​။ မင်းကအဲ့ဒီလို လားလား လားလားနဲ့​လျှောက်​ပြ​နေမှ​တော့ မင်း​ကောင်​မ​လေးကမင်းကိုမြင်​တာနဲ့ လစ်​သွားမှာ​ပေါ့..ဒီ​နေရာက​မှောင်​တော့ မင်း​ကောင်​မ​လေး​ရောက်​လာရင်​တောင်​ငါတို့ကိုမြင်​မှာမဟုတ်​ဘူး..."

ရိ​ပေါ်​ပြောလိုက်​မှ'ဟုတ်​သားပဲ´ဆိုကာ သွားဖြဲပြလာတဲ့​ကောချန်​ကို မျက်​ဖြူသာလန်​ပြလိုက်​သည်​။ စကား​တွေအများကြီး​ပြောလိုက်​ရတာမို့လည်း​ရေ​တောင်​ဆာချင်​လာသလိုလို။ မီး​ရောင်​စုံ​အောက်​မှာ ကိုယ့်​နည်းကိုယ့်​ဟန်​နဲ့ အ​ပျော်​ရှာ​နေကြတဲ့လူ​တွေကိုလိုက်​ကြည့်​ရင်း​ထောင့်​ကျ​တဲ့စားပွဲမှာ​ကောချန်​ကောင်​မ​လေးနဲ့အတူ​ယောကျာင်္းတစ်​ယောက်​ကိုပါ တွဲမြင်​လိုက်​တာ​ကြောင့်​

"​ဟေ့​ကောင်​ဟိုမှာထိုင်​နေတာ မင်း​ကောင်​မ​လေးမဟုတ်​လား"

ရိ​ပေါ်ပြတဲ့ဘက်​ကို အလျင်​စလိုလှမ်းကြည့်​ရင်း​တောက်​ခေါက်​ကာ ထို​နေရာကိုသွားဖို့ပြင်​နေတာ​ကြောင့်​

"​နေ...​နေပါဦးကွာ အ​ခြေအ​နေကိုအရင်​စောင့်​ကြည့်​ရ​အောင်​။ မင်းထင်​နေသလိုမဟုတ်​ပဲ အသိမိတ်​ဆွေ​တွေဖြစ်​နေရင်​ပြဿနာ​တွေကြီးကုန်​လိမ့်​မယ်​.."

ရိ​ပေါ်တားလိုက်​တော့မှ​နေရာမှာပြန်​ထိုင်​တဲ့​ကောချန်​က ထို​နေရာကိုမမှိ​တ်​မသုန်​ကြည့်​ကာ တစ်​ချက်​တစ်​ချက်​အံ​ပါကြိတ်​နေလိုက်​သေးသည်​။ ရိ​ပေါ်လည်း ပျင်း​လာတာ​ကြောင့်​ဖုန်းထုတ်​ကြည့်​နေရင်း ရုတ်​တရက်​ထထွက်​သွားတဲ့​ကောချန်​ကြောင့်​အ​နောက်​က​ပြေးလိုက်​ရင်း ခုနက​နေရာကိုလှမ်းကြည့်​လိုက်​တော့​ကောချန်​ကောင်​မ​လေး​ရော အတူတွဲလာတဲ့သူ​ပါထို​နေရာမှာ ရှိမ​နေ​တော့။

​ကောချန်​က VIP Room​တွေဘက်​ခပ်​သု​တ်​သုတ်​ထွက်​သွားတာမို့ အ​ခြေအ​နေကိုသ​ဘော​ပေါက်​သွားကာ လွန်​လွန်​ကျွံကျွံ​တွေမဖြစ်​အောင်​ကောချန်​နောက်​ကိုအမှီလိုက်ရင်း မျက်​ခြေပြတ်​သွားတာမို့ လိုက်​ရှာ​တော့ စင်္ကြံလမ်းတစ်​ခုအလယ်​မှာ ငုတ်​တုပ်​ထိုင်​နေတဲ့​ကောချန်​က ရိ​ပေါ်ကို​တွေ့တာနဲ့​ပြေးဖက်​ပြီးငို​တော့သည်​။

"အီး...ဟီး..သူငါ့ကို သစ္စာ​ဖောက်​သွားပြီ ရိ​ပေါ်...ငါ့မှာ​တော့ သူနဲ့ လက်​ထပ်​ဖို့အထိ စဉ်းစားထားခဲ့တာ အခု​တော့...အီး...ဟီး..သူမို့ လုပ်​ရက်​တယ်​ကွာ..."

ရိ​ပေါ်ကိုဖက်​ကာ အာဗြဲလျှာဗြဲနဲ့ငို​ကာ ရင်​ဖွင့်​နေတာမို့ ရိ​ပေါ်လည်း အလိုက်​သင့်​ပြန်​ဖက်​ကာ​ကျောကိုပုတ်​ပေး​နေလိုက်​သည်။ ရှားရှားပါးပါးရှိတဲ့ တစ်​ဦးတည်း​သော သူငယ်​ချင်းဖြစ်​သူက အခုလိုခံစား​နေရ​တော့ ရိ​ပေါ်လည်း စိတ်​မ​ကောင်းဖြစ်​ရသည်​။

ခွပ်​..!

"အွန့်​..."

​ကောချန်​ကိုနှစ်​သိမ့်​ပေး​နေရင်း​ရုတ်​တရက်​ရိ​ပေါ်ကိုယ်​ပေါ်က​ကောချန်​ရဲ့လက်​တွေကိုဖယ်​ထုတ်​ပြီး​ကောချန်​ကိုဆွဲထိုးလိုက်​တဲ့လူ​ကြောင့်​ကြောင်​နေရင်းက​နေ​ကောချန်​ကိုဆွဲထူဖို့လုပ်​တော့ ထိုလူက ရိ​ပေါ်ဘက်​ကိုလှည့်​လာကာ ရိ​ပေါ်ရဲ့ခါးကို ဆွဲဖက်​ပြီး နှုတ်​ခမ်းကိုငုံ့နမ်းလာတာ​ကြောင့်​အလန့်​တကြားကြည့်​မိ​တော့ ရိ​ပေါ်မျက်​လုံးကို​တေ့ဆိုင်​ကြည့်​လို့ နှုတ်​ခမ်းတစ်​ခုလုံးကိုဆွဲငုံထားသူက အခြားသူမဟုတ်​ရိ​ပေါ်ရဲ့တစ်​ချိန်​ကcrush​ဟောင်းကြီး တစ်​နည်းအားဖြင့်​ရှောင်းကျန့်​ဆိုသူသာ။

​ဘေးမှာ​ကောချန်​ရှိ​နေတာ​ကြောင့်​ရှောင်းကျန့်​ရင်​ဘက်​ကိုတဘုန်းဘုန်းထုရိုက်​နေ​ပေမယ့်​မလွှတ်​ပေးတဲ့အပြင်​ရိ​ပေါ်ရဲ့ခါးကို​ကော့​နေ​အောင်​ဆွဲဖက်​ကာ သူ့ခန္ဓာကိုယ်​နဲ့ဆွဲကပ်​လို့ ပိုတိုးပြီးစုပ်​နမ်းလာတာ​ကြောင့်​ရိ​ပေါ်ရဲ့နှုတ်​ခမ်းသား​တွေကို ခြယ်​လှယ်​ချင်​တိုင်း ခြယ်​လှယ်​နေတဲ့​ရှောင်းကျန့်​ရဲ့နှုတ်​ခမ်းကို အားပါပါဖြင့်​ကိုက်​ချလိုက်​သည်​။

"အ့...​တော်​တော်​စွာ​နေတယ်​ပေါ့ မင်း​တွေ့မယ်​.."

​ရှောင်းကျန့်​ပွေ့ချီထားရာက​နေ​ကောချန်​ကိုအကူအညီ​တောင်းသလိုကြည့်​လာတဲ့ ရိ​ပေါ်ကို ကူညီ​ပေးချင်​ပေမယ့်​လော​လောလတ်​လတ်​ရှောင်းကျန့်​ကောရဲ့ လက်​သီးကို မြည်းစမ်းထားရတာ​ကြောင့်​ထို​နေရာက​နေသာ ရိ​ပေါ်အတွက်​ဆု​တောင်း​ပေး​နေလိုက်​သည်​။ ဒီသူငယ်​ချင်းအမိုက်​အမဲ​လေးကို ခွင့်​လွှတ်​ပါရိ​ပေါ်ရာ....အယ်​...ဒါနဲ့ ရိ​ပေါ်နဲ့​ရှောင်းကျန့်​ကောက ဘယ်​လိုဖြစ်​ပြီး ဒီအ​ခြေအ​နေကို​ရောက်​သွားတာပါလိမ့်​...။

​ရှောင်းကျန့်​ပွေ့ချီလာတဲ့ လမ်းတစ်​လျှောက်​လုံး​ကော့လန်​နေ​အောင်​ရုန်း​နေတဲ့ဝမ်​ရိ​ပေါ်​ကြောင့်​ကြာလာရင်​နှစ်​ယောက်​လုံးပစ်​လဲသွားမှာစိုးတာမို့ ကားပါကင်​ရောက်ေ​တာ့​အောက်​ကိုချ​ပေးလိုက်​သည်​။​ရှောင်းကျန့်​လက်​ကလွတ်​တာနဲ့ ထွက်​ပြေးဖို့ပြင်​နေတဲ့အ​ကောင်​ပေါက်​ကို နံရံမှာဆွဲကပ်​လိုက်​တော့​ရှောင်းကျန့်​ရင်​ဘက်​ကိုတွန်းလို့ မျက်​လုံးဝိုင်း​လေး​တွေဖြင့်​ကြည့်​နေသည်​။

"ဝမ်​ပူတင်း..."

"ဘာ.."

ရိ​ပေါ်ရဲ့ ပါးနှစ်​ဖက်​ကိုဆွဲညှစ်​ရင်း​ခေါ်လိုက်​တဲ့နာမည်​ကြောင့်​ရိ​ပေါ်နားမလည်​စွာ​မေးလိုက်​မိသည်​။

"ဒီမှာ​လေ ပူတင်း​လေး​တွေလိုပဲ လုံးလုံးအိအိ​လေး..."

ပါးတစ်​ဖက်​ကို လက်​ညိုးဖြင့်​တို့ထိတို့ထိလုပ်​ကာ ရီ​ဝေ​ဝေကြည့်​ပြီး​ပြောလာတဲ့​ရှောင်းကျန့်​က အ​တော်​အတန်​မူး​နေပုံပင်​။​ရှောင်းကျန့်​မူး​နေတာကိုအခွင့်​ကောင်းယူကာ ပါး​ပေါ်က​ရှောင်းကျန့်​ရဲ့လက်​ကိုဖြ​တ်​ရိုက်​လိုက်​တော့​ရှောင်းကျန့်​ကစိ​တ်​မဆိုးတဲ့အပြင်​ပြုံး​ပင်​ပြုံး​နေလိုက်​သေးသည်​။

"အ့...ခင်​ဗျား ဘာလုပ်​တာလဲ"

"ကျန့်​ကျန့်​ဗိုက်​ဆာလို့ ပူတင်းစားတာ..."

ရိ​ပေါ်မှာ​တော့ ပါးတစ်​ဖက်​အကိုက်​ခံလိုက်​ရတာ​တောင်​မနာအားပဲ​အရက်​မူး​နေတဲ့​ရှောင်းကျန့်​ကိုကြည့်​ပြီး သ​ဘောကျ​နေမိသည်​။ အမြဲတမ်းတည်​တင်း​နေတဲ့မျက်​နှာက အခု​တော့ပါးနှစ်​ဖက်​ကရဲလို့ ယုန်​သွားနှစ်​ချောင်း​ပေါ်လာတဲ့အထိကို ရယ်​ပြ​နေတာများ ခုနကအနိူင်​ကျင့်​နေတာ သူမဟုတ်​လေတဲ့အတိုင်း ချစ်​စရာကြီး။ ရယ်​နေရင်းနဲ့ ရိ​ပေါ်ရဲ့ကျန်​နေတဲ့ပါးတစ်​ဖက်​ကို ထပ်​ကိုက်​ဖို့ပြင်​နေတာ​ကြောင့်​ရင်​ဘတ်​ကိုတွန်းထုတ်​လိုက်​သည်​။ ချစ်​စရာ​ကောင်း​နေ​ပေမယ့်​လည်း ပါး​တော့ထပ်​အကိုက်​မခံချင်​ဘူး​လေ။

​ပါးကိုကိုက်​မှာစိုးလို့ ခပ်​သာသာ​လေးတွန်းလိုက်​ပေမယ့်​အရှိန်​မထိန်းနိူင်​တဲ့​ရှောင်းကျန့်​က​မြေကြီး​ပေါ်ပက်​လက်​လှန်​ကျပြီး အိပ်​ပျော်​သွား​တော့သည်​။

••••••••••••••

"အား...ကျွတ်​စ်​..ကျွတ်​စ်​..."

မျက်​လုံးဖွင့်​လိုက်​တာနဲ့ မခံမရပ်​နိူင်​လောက်​အောင်​ထိုးကိုက်​လာတဲ့​ခေါင်း​ကြောင့်​နဖူးပြင်​ကိုလက်​တစ်​ဖက်​ဖြင့်​အသာနှိပ်​နယ်​ရင်း ပြန်​မှိန်း​နေလိုက်​သည်​။

"နိုးလာပြီလား အရက်​သမား​ကြီး"

"မားကလည်း..."

ပျားရည်​ခွက်​ကိုင်​ပြီး အခန်းထဲဝင်​လာတဲ့မားက​ကုတင်​ပေါ်က​ရှောင်းကျန့်​ကိုကြည့်​ပြီး အ​ငေါ်တူးလာတာမို့ မားရဲ့လက်​ကိုလှမ်းဆွဲကာ ပါးမှာကပ်​ထားပြီး ကပ်​ချွဲ​နေလိုက်​သည်​။

"မားကလည်းလုပ်​မ​နေနဲ့ ငါဖြင့်​သားငယ်​လေးကို အားနာလွန်းလို့..."

မား​ဖျော်​ပေးတဲ့ ပျားရည်​ကို​သောက်​နေရင်း မားဆီကကြားလိုက်​ရတဲ့နာမည်​ကြောင့်​သီးမလိုပင်​ဖြစ်​သွားရသည်​။

"ညကသားကို ဝမ်​ရိ​ပေါ်လိုက်​ပို့တာလား ဟုတ်​လားမား.."

"အခုမှပြူးပြူးပြာပြာလာမ​မေးနဲ့ သားငယ်​လေးခမျာ မင်းခန္ဓာကိုယ်​ကြီးကိုမနိူင်​မနင်းတွဲပြီး အခန်းထဲထိပို့​ပေးရှာတာ"

မားရဲ့စကားကြားမှ လွန်​ခဲ့တဲ့ညကအဖြစ်​အပျက်​တွေကို အသဲအသန်​စဉ်းစားမိသည်​။ မ​နေ့က​လုပ်​ငန်းရှင်​အချို့နဲ့အကျိုးတူပူး​ပေါင်းထားတဲ့​လုပ်​ငန်း​အောင်​မြင်​တဲ့အ​နေနဲ့​သောက်​ကြစားကြရင်း အခန်း​ရှေ့ကဖြတ်​သွားတဲ့ပုံရိပ်​လေးကို မြင်​ဖူးသလိုရှိတာ​မို့ လိုက်​သွားဖို့ပြင်​လိုက်​တော့​အနည်းငယ်​ယိုင်​သွားတဲ့ခန္ဓာကိုယ်​ကြောင့်​ဘေးမှာရှိတဲ့လူ​တွေကလှမ်းထိန်း​ပေးရင်း

"Mr.xiaoရရဲ့လား.."

"ရတယ်​ရတယ်​ကျွန်​တော်​မမူးဘူး"

လက်​တစ်​ခါခါဖြင့်​မမူးဘူး​ပြောပြီး အခန်းထဲကယိုင်​ထိုးယိုင်​တိုင်​ထွက်​သွားတဲ့ဥက္ကဌ​ရှောင်းကိုတွဲ​ပေးချင်​ပေမယ့်​လည်း ဥက္ကဌ​ရှောင်းရဲ့​အ​ကြောင်းကိုသိ​နေတာမို့ သိပ်​အာရုံထားမ​နေ​တော့ပဲ​သောက်​စရာရှိတာသာ ဆက်​သောက်​နေလိုက်​ကြသည်​။

ခုနက ဝမ်​ရိ​ပေါ်ကိုလှမ်းမြင်​လိုက်​လို့ အခန်းပြင်​ထွက်​လာရှာ​ပေမယ့်​မ​တွေ့​တော့တာ​ကြောင့်​အခန်းထဲပြန်​ဝင်​ဖို့ပြင်​လိုက်​ပြီးမှ မျက်​လုံး​ထောင့်​က​နေ မြင်​လိုက်​ရတဲ့မြင်​ကွင်း​ကြောင့်​ရှောင်းကျန့်​တစ်​ကိုယ်​လုံးရှိ​သွေး​တွေအကုန်​ဆောင့်​တက်​သွားသည့်​နှယ်​။

VIP Roomတစ်​ခုအ​ရှေ့မှာ အခြား​ယောကျာင်္းတစ်​ယောက်နဲ့ဝမ်​ရိ​ပေါ်တို့ ဖက်​နေကြတဲ့မြင်​ကွင်း။ တစ်​ဖက်​လူကို​သေချာမမြင်​ရ​ပေမယ့်​ထိုလူတင်းတင်းကျပ်​ကျပ်​ဖက်​ထားတဲ့သူက​တော့ ဝမ်​ရိ​ပေါ်ဆိုတာ​သေချာသည်​။​ရှောင်းကျန့်​ချိန်းတုန်းက ငြင်းဆန်​ရတဲ့အ​ကြောင်းရင်းက​ယောကျာင်္းတစ်​ယောက်​နဲ့အတူ clubမှာ​ပျော်​ပါးချင်​လို့​ပေါ့။ အဟက်​...မင်း​တော်​တော်​ရယ်​ရတာပဲ ဝမ်​ရိ​ပေါ်..ငါရှိ​နေသ​ရွေ့ မင်းရည်​ရွယ်​ချက်​တွေမပြည့်​ဝ​စေရဘူး...။

အ​တွေးထက်​လက်​ကလျင်​မြန်​စွာနဲ့ ပူးကပ်​နေကြတဲ့နှစ်​ယောက်​အနားကိုသွားကာ ဝမ်​ရိ​ပေါ်ကိုယ်​ပေါ်မှာဖက်​တွယ်​ထားတဲ့ လက်​တွေကိုဆွဲဖယ်​ပြီး ထိုလူ့ရဲ့မျက်​နှာကို ဆွဲထိုးပစ်​လိုက်​သည်​။​ဝမ်​ရိ​ပေါ်ကိုလှမ်းကြည့်​လိုက်​တော့​လဲကျသွားတဲ့လူကိုသွားထူဖို့ပြင်​နေတာ​ကြောင့်​ခါးသိမ်​သိမ်​လေးက​နေလှမ်းဆွဲဖက်​လို့ နှုတ်​ခမ်းဖူးဖူးရဲရဲ​လေးကို ဆွဲငုံပစ်​လိုက်​တော့ အသည်းအသန်​ရုန်းကန်​လာမို့ ပိုတိုးလို့ဖိကပ်​နမ်းပစ်​လိုက်​သည်​။ ဝမ်​ရိ​ပေါ်ရဲ့နှုတ်​ခမ်းကိုနမ်းရတာက ဂျယ်​လီစား​နေရသလိုပဲ။ နူးနူးညံ့ညံ့နဲ့ ချိုချိုအီအီ​လေး။ ရုန်းလို့မရ​တော့​ရှောင်းကျန့်​ရဲ့နှုတ်​ခမ်းကိုဆွဲကိုက်​လာတာမို့ နှ​မြောတသစွာလွှတ်​ပေးလိုက်​ရသည်​။

အရက်​သောက်​ထားတဲ့အရှိန်​ကလည်း ရှိ​နေတာမို့​ဘေးကဝိုင်းကြည့်​နေတဲ့သူ​တွေကို ဂရုမစိုက်​စွာနဲ့ အတင်းရုန်းထိုး​နေတဲ့ ဖြူဖြူလုံးလုံးအ​ကောင်​ပေါက်​လေးကို​ပွေ့ချီပြီးထွက်​လာလိုက်​သည်​။ ကားပါကင်​ရောက်​တော့ အနီးကပ်​မြင်​နေရတဲ့ဝမ်​ရိ​ပေါ်ရဲ့ ပါး​ဖောင်း​လေးနှစ်​ဖက်​ကိုဖျစ်​ညှစ်​ရင်း အသဲယားလာတာ​ကြောင့်​ဆွဲကိုက်​ပြီးတဲ့​နောက်​ပိုင်း​ရှောင်းကျန့်​ဘာကိုမှမမှတ်​မိ​တော့တာဖြစ်​သည်​။

"သူဘာ​ပြောသွား​သေးလဲ မား"

"မင်းအရက်​မူးပြီး အိပ်​ပျော်​သွားလို့ သူပြန်​လိုက်​ပို့​ပေး​တာလို့​ပြောပြီး ပြန်​သွားတာပဲ။ မားက ဒီမှာပဲတစ်​ခါထဲ အိပ်​သွားလိုက်​လို့​ပြော​တော့​တောင်​မင်းကိုပဲဂရုစိုက်​လိုက်​ပါ သူကအဆင်​ပြေပါတယ်​ဆိုပြီး ပြန်​သွားတာ။ ဒီ​လောက်​လိမ္မာ​ရေးခြားရှိတဲ့က​လေးကို မင်းဘာ​ကြောင့်​အမြင်​မကြည်​ဖြစ်​နေလဲ ငါဖြင့်​စဉ်းစားမရပါဘူး.."

"ဘယ်​သူက အမြင်​မကြည်​ဖြစ်​နေလို့လဲ..."

"နင်​လေ က​လေးကို​တွေ့တိုင်း အနိူင်​ကျင့်​ချင်​နေတာ။​တော်​ပြီ...နင်​နဲ့စကား​ပြောရတာ​မော​တောင်​မောလာတယ်​။​ရေချိုးအဝတ်​အစားလဲပြီး​အောက်​ဆင်းခဲ့ မနက်​စာပြင်​ထားမယ်​"

မားက​တော့ ထုံးစံ​အတိုင်း​ထင်​ချင်​ရာထင်​ကာ​ပြောချင်​ရာ​ပြောပြီး​ခေါင်းတခါခါဖြင့်​ထွက်​သွား​တော့သည်​။ ဝမ်​ရိ​ပေါ်ကို​ရှောင်းကျန့်​ဘယ်​တုန်းက အနိူင်​ကျင့်​မိလို့လဲ။ အဲ့ဒီအ​ကောင်​ပေါက်​ကသာ​ရှောင်းကျန့်​ကိုမြင်​တိုင်း ရန်​စောင်​ချင်​နေတာ မားမှမသိပဲ။

••••••••••••••

​ဒေါက်​...​ဒေါက်​...​ဒေါက်​

"ဝမ်​လေး​ကောဝင်​ခဲ့မယ်​နော်​"

အခန်းတံခါးကိုတွန်းဖွင့်​ပြီးဝင်​သွားလိုက်​တော့ ကုတင်​ပေါ်မှာထိုင်​ပြီး legoဆက်​နေတာမို့​ဘေးနားသွားထိုင်​ကာ​ခေါင်း​လေးကိုဖွဖွပုတ်​လိုက်​မှ လှမ်း​မော့ကြည့်​လို့ရယ်​ပြလာတဲ့ ဝမ်​လေးက ကျင်းဟိုင်​ရဲ့အမြင်​မှာ​တော့ တကယ့်​ကိုက​လေး​ပေါက်​စ​လေးအတိုင်းပဲ။

"ပိတ်​ရက်​ကို ဘယ်​မှမသွားဘူးလား ဝမ်​လေး"

​ဟို​နေ့က​ရှောင်းကျန့်​ကို​ပြောလိုက်​တဲ့အ​ကြောင်း သတိရ​ပေမယ့်​အခုချိန်​ထိ​ရှောင်းကျန့်​ဘက်​က မဆက်​သွယ်​လာတာမို့​ခေါင်းသာခါပြလိုက်​သည်​။ အခုချိန်​လောက်​ဆို​ရှောင်းကျန့်​ကအလုပ်​ပုံထဲ​ခေါင်းနှစ်​ပြီး ရိ​ပေါ်​ပြောထားတာကို​တောင်​မှတ်​မိ​တော့မှာမဟုတ်​ဘူး။

"အဲ့ဒါဆို​ကောကိုတစ်​ခု​လောက်​ကူညီပါလား"

"​ဘာကူညီ​ပေးရမှာလဲ​ပြော​လေ"

"​ကောသ​ဘောကျ​နေတဲ့​ကောင်​မ​လေးက ဒီ​နေ့ပဲ ဂျပန်​က​နေ​ပေကျင်းကို​ရောက်​မှာ။ အဲ့ဒါ သူ့​အတွက်​တည်းဖို့​အဆင်​ပြေ​လောက်​မယ့်​ဟိုတယ်​ကိုသွားကြည့်​မလို့"

"ဝါးအို့...လူပျိုကြီးကမကြာခင်​စွံ​တော့မှာ​ပေါ့..ဒါနဲ့​ဘာလို့ကျွန်​တော့်​ကို​ခေါ်တာလဲ​ကောတစ်​ယောက်​ထဲသွားလည်း ဖြစ်​တာပဲကို..."

"ဝမ်​လေးရဲ့အကိုက အသက်​ကြီး​နေပြီ​လေကွာ...အဲ့တာ​ကြောင့်​ဝမ်​လေးကိုအကူအညီ​တောင်း​နေရတာ"

"ဘယ်​အချိန်​သွားမှာလဲ"

"ခဏ​နေရင်​သွားမယ်​လေ။​ကောလည်း နည်းနည်းပါးပါး ပြင်​လိုက်​ဦးမယ်​"

​ကောင်​မ​လေးပြန်​ရောက်​တော့မှာမို့လို့ အူမြူး​နေတဲ့ ကျင်းဟိုင်​ကောကိုကြည့်​ပြီး ရိ​ပေါ်လည်း သ​ဘောတကျလိုက်​ရယ်​မိသည်​။ အသက်​မပြည့်​ခင်​အရွယ်​ထဲက ဒယ်​ဒီ့ကုမ္ပဏီမှာအလုပ်​ဝင်​ခဲ့ရတဲ့ ကျင်းဟိုင်​ကောက ချစ်​သူရှာဖို့​ဝေးစွ အားလပ်​ရက်​ပင်​မရှိ​လောက်​အောင်​အလုပ်​မှအလုပ်​ဖြစ်​နေတာမို့ ဟိုးအရင်​ထဲက ကျင်းဟိုင်​ကောကို လက်​တွဲ​ဖော်​ကောင်းတစ်​ယောက်​တွေ့ပြီး​ပျော်​ပျော်​ရွှင်​ရွှင်​လေး​နေသွား​စေချင်​ခဲ့တာ အခု​တော့ ရိ​ပေါ်ရဲ့ဆန္ဒ​တွေပြည့်​ဝ​တော့မည်​ထင်​ပါသည်​။


​မနက်​ကကိစ္စ​ကြောင့်​စိတ်​အ​ခြေအ​နေ​တော်​တော်​လေးမ​ကောင်းတာမို့ ဖတ်​ရတာ​ပေါ့သွားရင်​နားလည်​ပေးကြပါဦး​နော်​💛....
#fah🦄

Continue Reading

You'll Also Like

269K 19.6K 50
အရိပ်လေးမြင်ရုံ၊ အသံလေးကြားရုံနဲ့ ဒီလူရင်ခုန်သံမြန်လာရတာမျိုးပါ 💚💚💚 အရိပ္ေလးျမင္႐ုံ၊ အသံေလးၾကား႐ုံနဲ႔ ဒီလူရင္ခုန္သံျမန္လာရတာမ်ိဳးပါ 💚💚💚
43.5K 4.7K 13
သရဲနဲ့လူချစ်လို့ရပါသလား?!!《100marks》 Just Funny ♥♥♥ သရဲနဲ႕လူခ်စ္လို႔ရပါသလား?!!《100marks》
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
288K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...