Game Of Life

By ChitNge4

89.1K 5.4K 204

ကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ... More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part-8
Part-9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 (end)
Xiao's part

Part- 7

2.8K 205 6
By ChitNge4

Unicode
ဖွားရဲ့စီစဥ်မှုကြောင့် ရိပေါ်နဲ့ရှောင်ကျန့် ၁လအတွင်းလက်ထပ်ဖို့ဖြစ်လာခဲ့ပြီး ပါးရဲ့ကိစ္စလဲသာမန်လိုပင် စိတ်ဝင်စားမှုနဲပါးသွားခဲ့ပြီ...

စီးပွားရေးအသိုင်းဝိုင်းမှာရော လူတွေပါးစပ်ဖျားမှာရော မီဒီယာလောကမှာရော သူတို့၂ဦးရဲ့လက်ထပ်ပွဲက ရေပန်းအစားဆုံးဖြစ်၍နေသည်။

အဖြူရောင်အနောက်တိုင်းဆင်တူဝတ်စုံလေးက နားနေခန်းထဲမှာ ဝင့်ထည်စွာ ပိုင်ရှင်ကိုစောင့်မျှော်လျက်...

ယောကျာ်းလေးတွေဖြစ်ပြီး ၂ဦးလုံးကပင်ကိုယ်ရုပ်ရည်က နတ်သက်ကြွေသည့်အလား ချောမောလွန်းတာကြောင့် အချိန်အများကြီးမယူပဲ အတန်အသင့်ပဲပြင်ဆင်လိုက်သည်။

ခန်းမတစ်ခုလုံး လူစုံနေပြီဖြစ်ပြီး မင်္ဂလာအချိန်ကျပြီမို့ ရှောင်ကျန့်နဲ့ရိပေါ် ခန်းမတံခါးဝမှာ အသင့်စောင့်နေလိုက်သည်။

"ဝမ်ရိပေါ်... မင်းနဲ့ငါတကယ်ကြီးလက်ထပ်ရတော့မှာပေါ့"

"အလကားလက်ထပ်တယိထင်လို့လား"

"ကျစ်...မင်းကပ်သီးကပ်သပ် မပြောနဲ့ "

"စတာပါ မင်းစိတ်လှုပ်ရှားနေတယ်မလား ငါ လာလက်ကိုကိုင်ထားလိုက် "

ရှောင်ကျန့်ခံစားချက်က ဂျွမ်းတွေပစ်ကုန်ပီ...
*ဘာလဲဟ ဒီလိုပုံကြီးက သူ့လက်ကိုငါကိုင်လိုက်ရင်ဘယ်လိုဖြစ်သွားမလဲ ငါကသူ့လက်ကိုကိုင်ရမှာလား အာ့လိုရလား *

ထိုအချိန်ခန်းမတံခါးပွင့်သွားတာကြောင့် ငေးနေတဲ့ရှောင်ကျန့်လက်ကို ရိပေါ်ဆုပ်ကိုင်ကာ ဧည့်သည်တွေရဲ့အလည် ပန်းတွေကြဲထားတဲ့အနီရောင်ကော်ဇော်ကြီးပေါ် လျှောက်လှမ်းလိုက်တော့သည်....

ရိပေါ်လက်ကိုငေးရင်း အတွေးများနေတဲ့ရှောင်ကျန့် ရုတ်တရက်ကြီးလက်ဆွဲခေါ်တာခံလိုက်ရသည့် နွေးထွေးတဲ့လက်လေးကြောင့် ရင်ခုန်နှုန်းတွေ အဆမတန်မြှင့်တက်သွားတော့သည်.....

မိဘတွေနဲ့ဧည့်သည်တွေ ရှေ့မှာကတိစကားတွေ သက်သေပြုပြီး မင်္ဂလာလက်စွပ်ဖြင့် အပြန်အလှန်ချုပ်နှောင်လိုက်ကြသည်....

ထိုအထိပွဲကအဆင်ပြေနေပေမဲ့ ပြသနာက ရုံးအဖွဲ့တွေနဲ့ ရှောင်ကျန့်ရဲ့ဗရုတ်သုပ်ခဟို၂ကောင်က အနမ်းပေးဖို့ ဇွတ်တွေအော်နေကြတာပင်...

"နမ်းပါ... နမ်းပါ... နန်းပါ... "

ရှောင်ကျန့်နေရထိုင်ရခက်လာသည် သူနဲ့ရိပေါ်လက်ထပ်ဖြစ်သွားတဲ့ အကြောင်းသူတို့သာအသိဆုံး နမ်းဖို့ကတော့.....

~~~အင့် ~~~

သူ့နှုတ်ခမ်းနဲ့ထပ်တူကျနေတဲ့ နွေးနွေးအိအိနှုတ်ခမ်းလေး...
ဘာလဲ အခုငါအနမ်းခံလိုက်ရတာလား
ငါ့ရဲ့ပထမဆုံးအနမ်းလေ ကုန်ပါပီဖွားရေ...
ပတ်ဝန်းကျင်ကအသံတွေအကုန်တိတ်ဆိတ်သွားသည်အထိ ရှောင်ကျန့်စိတ်လွတ်သွားတော့သည်...

ဧည့်သည်များကိုလိုက်လံဧည့်ခံပြီး ၃နာရီကြာကျင်းပတဲ့ပွဲ ပြီးဆုံးသွားခဲ့ပြီ....

အိမ်ပြန်ရောက်တဲ့အချိန် ဖွား ပါပါးနဲ့မာမားတို့ကို ကန်တော့ပြီး အနားယူဖို့ အခန်းထဲဝင်ဖို့လုပ်တော့ မာမားက...

"ကျန့်ကျန့် အဝတ်တွေ ရိပေါ်အိမ်ကိုပို့ထားတယ်နော်. "

"ဟင် သားအခန်းကဘာဖြစ်လို့လဲ "

"အော် ရိပေါ်အိမ်လေးကသီးသန့်ဖြစ်တယ်လေ"

"မာမားကလဲ သားအခန်းကသူ့အိမ်ထက်ကျယ်တယ်လေ.."

"ကြင်စဦးဆိုတော့..ဟို သားတို့လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့"

မာမားဘာကိုဆိုလိုမှန်း ရှောင်ကျန့်သိသည်မို့ ရှက်စိတ်ဝင်ကာ မျက်နှာကြီးရဲလာတော့သည်။

"မာမားကလဲ"

ပါပါးကတော့စိတ်ဆိုးမပြေသေးဘူးထင်ပါတယ် ဘာတခွန်းမှမပြောပေ...

ရိပေါ်အရင်သွားနှင့်တာကြောင့် ရှောင်ကျန့်သူ့အခန်းထဲကနေ ရိပေါ်အိမ်လေးစီလာခဲ့လိုက်သည်..တံခါးဖွင့်လိုက်တာနဲ့ နှင်းဆီရနံ့သင်းသင်းလေးကိုရလိုက်သည်မို့ ပင်ပန်းတာတဝက်လောက်လျော့သွားသည်။

ပထမဦးဆုံးရောက်ဖူးတာမို့ မျက်စိကစားကြည့်လိုက်တော့ အရိုးရှင်းဆုံးအိမ်လေးပင် လိုအပ်တဲ့ပစ္စည်းတွေပဲ နေရာတကျစီရီထားပြီး ဧည့်ခန်းတွင် TV ကြည့်ရန်၂ယောက်ဆိုဖာတစ်လုံးနဲ့ ဖန်စားပွဲလေးတလုံးပဲထားထားသည်။

မီးဖိုခန်းသီးသန့်မရှိပဲ ၂ယောက်ခုံရှည်နဲ့စားပွဲတခုချထားသည်။ လျှောက်လမ်းရဲ့အဆုံးမှာအိပ်ခန်းရှိပြီး မှန်တွေနဲ့သာကာထားသည်...
ထူးခြားတာတခုက အခန်းထဲမှာရှိတဲ့ ပရိဘောကပစ္စည်းလိုက်ကာအကုန်လုံး အစိမ်းရောင်အနုအရင့်တွေနဲ့သာ...

ရှောင်ကျန့်အိပ်ခန်းတံခါးအသာခေါက်လိုက်တော့ အထဲကဘာအသံမှမကြားရ၍ တံခါးအသာဖွင့်ကာဝင်လာလိုက်သည်.. ရိပေါ်ရေချိုးနေတာသိ၍ ကုတင်လှဲကာခဏအနားယူလိုက်သည်...

၂ယောက်အိပ်ကုတင်ကKing ဆိုဒ်မဟုတ်ပဲ ပုံမှန်ဆိုဒ်ဖြစ်တာကြောင့် ရှောင်ကျန့်နှာခေါင်းရှုံ့လိုက်ပြီး...
"ငါ့ကုတင်ကတောင့်သူ့ထက်ကြီးသေးတယ်."

ထိုစဥ် ရေချိုးခန်းတံခါးပွင့်သွားပြီး ပဝါတစ်ထည်အောက်ပိုင်းကိုပတ်ပြီး ဆံပင်ရေစက်လက်နဲ့ထွက်လာတဲ့ရိပေါ်ကို ရှောင်ကျန့်ငေးကြည့်လိုက်မိသည်...

သူ့လောက်နီးပါးအရပ်နဲ့ ကြွက်သားအမြောင်းလိုက်ခန္ဓာကိုယ်က ကောင်မလေးတွေအတွက် စွဲမက်စရာပင်... ကိုယ့်ရဲ့ခန္ဓာကိုယ်ကမသေးပေမဲ့ သူ့လိုကြွက်သားတော့မရှိ

သူ့နေရာမှာ မိန်းခလေးတစ်ယောက်သာဆို ရေစီးကျနေတဲ့ အသားမြောင်းကြီးကိုမြင်ပြီး မင်္ဂလာဦးကအထမြှောက်မှအမှန်ပင်...

"ရှောင်ကျန့်...ဝေ့...ရှောင်ကျန့် "

"ဟမ်း..အော့ ပြောလေ "

"ငါ့ကိုကြည့်ပြီး သရေကျမနေနဲ့ ရေချိုးတော့လို့ "

"မင်းကိုကြည့်ပြီးငါကဘာလို့သရေကျရမှာလဲ မင်းမှာရှိတာ ငါ့မှာလဲရှိတာပဲလေ "

"ဆိုဒ်ကွာတယ်တော့ လုပ်လိုက် "

"Fuck ပဲ "

"ဟားဟား ဟားဟား "

သူ့ကိုဆဲပြီး ရေချိုးခန်းထဲပြေးဝင်သွားတဲ့ရှောင်ကျန့်ကို အသဲယားစွာရီရင်းကျန်ခဲ့တော့သည်...
သူရှောင်ကျန့်ကိုပိုင်ဆိုင်လိုက်ရပီဆိုပေမဲ့ ဘယ်အချိန်မှာဘယ်လိုသူ့ဆီကထွက်သွားမလဲသူမသိဘူး အကယ်၍သူ့အလိမ်ညာတွေသာ ရှောင်ကျန့်သိသွားခဲ့ရင် သူ့ကိုမုန်းသွားမှာအမှန်ပင်....

ရှောင်ကျန့်ရေချိုးပီးထွက်လာတော့ ရိပေါ်မရှိတော့ဘူး အပြင်ခဏထွက်သွားပုံပဲ...ရှောင်ကျန့်လဲတစ်ယောက်ထဲမနေချင်တာနဲ့ ဖွားဆီထွက်လာခဲ့လိုက်သည်။

"ဖွား.."

"ကျန့်ကျန့် လာ ဝင်ခဲ့ ရိပေါ်ရော "

"အပြင်သွားတယ်ထင်တယ် ဖွားကိုမေးစရာရှိလို့ "

"မေးလေ "

"ရိပေါ်နဲ့စေ့စပ်ပေးဖို့လုပ်ထားတဲ့ ကောင်မလေးကဘယ်အိမ်တော်ကလဲ "

"ဟမ်.. ဘယ်ကောင်မလေးလဲ "

"ဖွားတို့ စေ့စပ်ပေးဖို့လုပ်နေတဲ့ ကောင်မလေးလေ "

"ပေါက်ပေါက်ရှာရှာ မြေးရယ် မရှိပါဘူး "

"ဟင်း.. ရိပေါ်ပြောတော့ ဖွားတို့က စေ့စပ်ပေးဖို့လုပ်နေကြတယ်ဆို "

" မဟုတ်ရပါဘူးမြေးရယ် ရိပေါ်အရွယ်ရောက်ကတည်း က သူ့မှာစိတ်ဝင်စားတဲ့သူရှိတယ်လို့ပြောပြီး ထိပ်ကပိတ်ထားလို့ ဘယ်အိမ်တော်နဲ့မှစကားမလွန်ရဲပါဘူးကွယ် "

* ရိပေါ်ကဘာလို့သူ့ကိုလိမ်ရတာလဲ ဒါဆို အဲနေ့ကကိစ္စကရော *

ရှောင်ကျန့်အတွေးတခုဝင်ကာ ဖွားကိုနှုတ်ဆက်ပြီး သူ့အခန်းထဲကိုပဲပြန်လာကာ ယွိပင်းဆီဖုန်းဆက်လိုက်သည်.

"ဟလို ယွိပင်း"

"ငါ့သူငယ်ချင်းကြီး ဒီအချိန်ဖုန်းပြောရမဲ့အချိန်မဟုတ်ဘူးလေကွာ ဘာတွေများအရေးကြီးနေတာလဲ "

"မင်းက သတင်းထောက်တွေနဲ့အဆက်စပ်ရှိလို့ ငါ Sunshine Media ရဲ့သတင်ထောက်ကိုသိချင်တယ် "

"Sunshine ဟုတ်လား အဲမှာကသတင်းထောက်နဲနဲများတယ် နာမည်ကြီးတာကတော့ ရွဲ့သတင်းထောက်ပဲ "

"သူနဲ့ဆက်သွယ်ချင်တယ် ဖုန်းနံပါတ်ပေး "

"အင်း ခဏ....
ရပီ 0......."

"Ok thanks နောက်မှတွေ့မယ် "

ယွိပင်းပေးတဲ့ဖုန်းနံပါတ်ကို ခေါ်လိုက်တော့ ချက်ခြင်းဝင်သွားခဲ့သည်။
"ဟလို ရွဲ့သတင်းထောက်လား "

"ဟုတ်ပါတယ် ဘယ်သူပါလဲ "

" XZ Co.က ရှောင်ကျန့် "

"ဝါး...တကယ်ပဲရှောင်ကျန့်လား "

"အင်း "

"ကျွန်တော်ကို ဘာကိစ္စနဲ့များ.. "

"လွန်ခဲ့တဲ့ တလလောက်က ကျုပ်နဲ့ရိပေါ်ပုံတွေကို ခများရိုက်ခဲ့တာလား"

"ပုံ ဘာပုံလဲ "

"ကျစ်... Rose Hotel က "

"aww.... ဟဲဟဲ ခပ်ဟော့ဟော့ပုံတွေလား "

ရွဲ့သတင်းထောက်ရဲ့ အသံက ရှောင်ကျန့်နားထဲကန့်လန့်ဖြစ်လို့နေသည်။

"ခများရိုက်ထားတာလားပဲပြောပါ "

"ဟုတ်တယ်ဆိုပါတော့ "

"ဘယ်လိုသတင်းရလဲ "

"အဲဒါက"

"ပြောပါ ခများမနစ်နာစေရပါဘူး စိတ်ချပါ "

"လူတစ်ယောက်ကသတင်းပေးတာ ဆိုပါတော့ အဆင်ပြေမဲ့အခန်းကိုယူပြီး ရိုက်လိုက်တာပါ "

"အဲဒါဆိုအခန်းရော အတိကျပေးတဲ့သဘောပေါ့ "

"ဆိုပါတော့ ဒါပေမဲ့အသုံးမှမဝင်လိုက်တာဗျာ "

"ဘာဖြစ်လို့လဲ "

"Mr. Xiaoတို့က သတင်းတောင်တင်ချိန်မရလိုက်ဘူး ကြေငြာလိုက်တာလေ ကျွန်တော်ကနောက်နေ့သတင်းကြီးထည့်မလို့လုပ်ထားတာ "

"aww.  ကျေးဇူးပဲ ခများaccနံပါတ်ပို့လိုက် လက်ဆောက်ပေးတယ်သဘောထားလိုက်ပါ.."

ရှောင်ကျန့် ခေါင်းထဲဘာမှတွေးလို့မရလောက်အောင် အံ့သြသွားရသည်။ အခန်းတောင်အတိကျ သတင်းပေးတယ်ဆိုတော့ အမှန်ပင်ရိပေါ်လက်ချက်ပဲပေါ့...အကြောင်းပြချက်ကဘာလဲ...ပါးကိစ္စကိုရပ်စေချင်တာတော့မဟုတ်လောက်ဘူး....

*ကျစ်...ဝမ်ရိပေါ် မင်းဘာကြောင့်ဒီလိုတွေလုပ်ခဲ့တာလဲ *

..............................

5.7.2021

ficကိုဖတ်ပါ ဝေဖန်ပါ😊...လူကိုချစ်ပါ😉
Love You All 😘😘😘

Zawgyi














"နမ်းပါ... နမ်းပါ... နန်းပါ... "


~~~အင့် ~~~










"မာမားကလဲ"











"ဟမ်း..အော့ ပြောလေ "




"Fuck ပဲ "

"ဟားဟား ဟားဟား "



"ဖွား.."



"မေးလေ "


"ဟမ်.. ဘယ်ကောင်မလေးလဲ "







"ဟလို ယွိပင်း"





"အင်း ခဏ....
ရပီ 0......."



"ဟုတ်ပါတယ် ဘယ်သူပါလဲ "

" XZ Co.က ရှောင်ကျန့် "


"အင်း "



"ပုံ ဘာပုံလဲ "

"ကျစ်... Rose Hotel က "




"ဟုတ်တယ်ဆိုပါတော့ "

"ဘယ်လိုသတင်းရလဲ "

"အဲဒါက"





"ဘာဖြစ်လို့လဲ "





..............................

5.7.2021

Love You All 😘😘😘

Continue Reading

You'll Also Like

8.2K 676 16
မပြယ်သောချစ်ခြင်းတရား (or) အရိုင်းဆန်သောချစ်ခြင်းတရား
14.5K 525 27
စည်း? ဒါဟာခင်ဗျားနားမကပ်နိုင်အောင်ကံကြမ္မာကဖန်ဆင်းထားတဲ့ကြိုးတစ်ခုသာသာပဲ
2.1K 270 5
Lee Heeseung X Kim Sunoo Written in Burmese.
2.9K 188 8
မင်းကဘာကောင်လေးလဲကွာ...?