Unicode
အခမ်းနားတက်ရောက်လာကြတဲ့ ဧည့်သည်တွေရော မီဒီယာတွေရော ရုံးမိသားစုတွေရော အကုန်လုံး အပ်ကျသံတောင်မကြားရတဲ့အထိ တိတ်ဆိတ်သွားတော့သည်.......
"ဝမ်လေး စင်ပေါ်တက်ခဲ့ဦး..."
ရှောင်ကျန့်ခေါ်သံကြောင့် ပိုအံ့သြသွားသူက ရိပေါ်ပင်....
* what! ဝမ်လေး အား....သေအောင်သတ်နေတာလား ကျန့်ကောရာ *
ရိပေါ်စင်ပေါ်တက်သွားတော့...
"ဝမ်လေးနဲ့ကျွန်တော် ချစ်သူဖြစ်တာသိပ်မကြာသေးပေမဲ့ လက်ထပ်ပြီးအတူနေချင်တာကြောင့် အခုလိုထုတ်ပြောတာပါ ရုတ်တရက်ကြီးဖြစ်သွားတာသိပေမဲ့ ဆုမွန်ကောင်းတောင်းပေးကြပါလို့ပြောချင်ပါတယ် အားလုံးပျော်ပျော်နေကြပါ ကျွန်တော်တို့ကိုခွင့်ပြုပါဦး...."
ဝမ်ရိပေါ်ဘာတခုမှမပြောလိုက်ရပဲ ရှောင်ကျန့်ဆွဲခေါ်ရာလိုက်ရတော့သည်...
ပွဲအပြင်ရောက်တော့ မာမားကပြေးလိုက်လာပြီး
"ကျန့်ကျန့်... ရိပေါ်နေဦး မာမားနဲ့စကားပြောရအောင်"
"အိမ်ရောက်မှပြောကြမယ် ပါပါးရော"
"ပွဲမှာသူမရှိလို့မှမရတာ နှုတ်ဆက်ပီးတာနဲ့လိုက်လာလိမ့်မယ်"
................
ရှောင်းအိမ်ကြီးရဲ့ဧည့်ခန်းမကြီးမှာ ပါပါးနဲ့မာမားက တစ်ဖက် ရိပေါ်နဲ့ရှောင်ကျန့်ကတစ်ဖက် မျက်နှာချင်းဆိုင်ထိုင်ကာ...
"ကဲ ပြောဦး အခုဘာတွေဖြစ်ကုန်တာလဲ "
"ရှင်းနေတာကို ပါပါးရာ ဘာထပ်သိချင်တာလဲ"
"မင်းနဲ့ ရိပေါ် ကျစ်....ဘာတွေလျှောက်လုပ်နေတာလဲ ဘာလဲ ပါပါးကိစ္စကိုဖျက်လို့ တမင်လုပ်လိုက်တာလား"
"တစ်ချက်ခုတ် နှစ်ချက်ပြတ်လေ မကောင်းလို့လား"
"ကျန့်ကျန့် အခုဟာက လုံးဝမဖြစ်နိုင်တဲ့ကိစ္စကြီးလေ ယောကျ်ားလေးချင်းလက်ထပ်တာမထူးဆန်းပေမဲ့ သားနဲ့ရိပေါ်လေးက မာမားရဲ့သားတွေ ညီအကိုတွေလေ "
ရိပေါ်ပြုံးလိုက်မိသည်...ခေတ်နဲ့ညီတဲ့အမေဖြစ်တာကြောင့် ဒီလိုမျိုးအမြင်သစ်တွေရှိမယ်ဆိုတာ သူယုံကြည်ထားခဲ့တာပဲလေ အဲဒါကြောင့်လဲ သူ့ခံစားချက်တွေကိုအကောင်ထည်ဖော်ဖို့ သေချာသွားခဲ့တာ...
"ရိပေါ်နဲ့သားဘာမှမတော်စပ်ဘူးဆိုတာ မာမားတို့အသိဆုံးမလား "
"ရှောင်ကျန့်...မင်းတို့ကိစ္စကို အသိပေးဖို့မိဘတွေရှိသေးတယ်ဆိုတာမသိခဲ့တာလား ဟမ်.."
"ပါပါးတို့ကရော မိသားစုပြိုကွဲတဲ့ကိစ္စမှာ သားတစ်ယောက်လုံးကိုအသိမပေးပဲလုပ်ချင်တာလုပ်ခဲ့ကြတာပဲမဟုတ်ဘူးလား "
ပါးနဲ့ရှောင်ကျန့်မျက်နှာချင်းဆိုင်အ ချေတင်တွေဖြစ်ကုန်တော့ ရိပေါ်စိုးရိမ်၍ရှောင်ကျန့်အနားကပ်လိုက်တဲ့အချိန်....
"ရှောင်းရှောင်ကျန့်..."
.....ဖြန်း......
"ကျန့်ကျန့် ..."
ရုတ်တရက် ပါပါးရိုက်ချလိုက်တာကြောင့် ရှောင်ကျန့်မျက်ဝန်းအစုံကိုမှိတ်ချလိုက်ပေမဲ့... အသ့သြာမြည်သွားတယ် ပါးပြင်ပေါ်အထိတွေ့တစ်စုံတစ်ရာမရှိ
ရှောင်ကျန့် အသာယာမျက်လုံးဖွင့်လိုက်တော့...သူ့ရှေ့ကနေအရိုက်ခံလိုက်တဲ့ရိပေါ်ကိုတွေ့လိုက်၍ စိုးရိမ်သွားကာ...
"ဝမ်လေး...."
ပထမအကြိမ် ပါပါးတို့ကိုရွဲ့ချင်စိတ်နဲ့ခေါ်ခဲ့ပေမဲ့ အခုတစ်ခေါက်ကတော့ ရင်ထဲကခေါ်လိုက်မိတယ်ဆိုတာကို ရှောင်ကျန့်သတိမထားမိခဲ့ပေ...
"ပါး...ကျွန်တော်အမှားပါ ကျွန်တော့်ကိုကြိုက်သလိုအပြစ်ပေးပါ ကျန့်ကောကိုတော့ မရိုက်ပါနဲ့ "
ရိုက်ခံလိုက်ရတာရိပေါ်ဆိုပေမဲ့ ငိုနေမိသူကရှောင်ကျန့်ပင် *ပါပါးကငါ့ကိုရိုက်ဖို့လုပ်လိုက်တာလား...အသံကျယ်ကျယ်တောင်မပြောဖူးခဲ့တဲ့ပါပါးကလေ... တောက်... အဲဒါဟိုမိန်းမကြောင့် မင်းကိုငါမုန်းတယ်ရှုမိန်*
"ရိပေါ်လေး.. နာသွားလားသား မားကိုပြဦး...
ဒီမှာ ရှင် ကျမသားတွေကိုလက်ပါစရာမလိုဘူး ပါးစပ်နဲ့ပြောလို့ရတယ် "
ပါးပြင်လေးကို ပွတ်ပေးရင်း ကာကွယ်ပြောနေတဲ့ မားကြောင့် ရိပေါ်ရင်ထဲနွေးထွေးသွားသည်....
"ဘာတွေဖြစ်နေကြတာလဲ"
အိမ်ရှေ့ကအသံလာရာ အကုန်လုံးအကြည့်ရောက်သွားတော့....
"ဖွား..."
ရှောင်ကျန့် ဝမ်းနည်းစိတ်နဲ့ ဖွားကိုပြေးဖက်လိုက်မိသည်။
"ကျန့်ကျန့်ပြန်ရောက်နေတာ ငါ့ကိုတစ်ယောက်မှမပြောကြပါလား ဟမ်.. ဟဲ့ ငါ့မြေးငိုနေတာလား "
"ဘာတွေဖြစ်နေကြတာလဲ မြေးလေး ဖွားကိုပြောဦးလေ"
ရှောင်ကျန့်မျက်ရည်တွေသုပ်လိုက်ပြီး ဖွားကိုတွဲကာ ထိုင်ခုံမှာထိုင်ခိုင်းလိုက်သည်...
" ၁ပတ်လောက်လေး ကူစူးဘုံကျောင်းကိုအေးအေးဆေးဆေး တရားသွားအားထုတ်ပါတယ် ပြန်လာတာနဲ့ ပြသနာကတက်နေတယ် ငါ့မြေး၂ယောက်လာဖွားဘေးမှာလာထိုင် ဟို၂ယောက် မတ်တပ်ရပ်နေ ရိပေါ် ဘာဖြစ်ကြတာလဲဖွားကိုရှင်းပြ"
ဖွားရဲ့အာဏာကထိုထက်မကကြီးဦးမည်ထင်သည်.. ဇာတ်ကြောင်းတိုတိုပြောရရင် ဂုဏ်ကြီးကိန်းခန်းကြီးတဲ့ဝမ်မျိုးရိုးနဲ့ သာမန်လူတန်းစားရှောင်းမျိုးရိုးတို့ သူငယ်ချင်းသံယောဇဥ်ကြီးမားလွန်းတာကြောင့် မွေးထားတဲ့တစ်ဦးတည်းသော သားနဲ့သမီးကိုပေးစားခဲ့ တယ်လေ...
ပါပါးနဲ့မာမားက တစ်ဦးအကြောင်းတစ်ဦး အတွင်းကျကျမသိပဲ အပေါ်ယံအချစ်နဲ့လက်ထပ်ခဲ့ကြပြီး ကျွန်တော့ကိုမွေးခဲ့တာပင်...
ရှောင်းဖိုးဖိုးရှိကတည်းက ဖွားကိုရိုသေခဲ့ကြပြီးအခုချိန်ထိဖွားရဲ့သြဇာက ရှိနေတုန်းပင်....
ဖွားရှေ့မှာ မတ်တပ်ရပ်နေတဲ့ပါးနဲ့မားကို တစ်ချက်ကြည့်ပြီး ရိပေါ်စကားစကာ....
"ဟိုလေ ဖွား ဒီနေ့ကုမ္ပဏီ နှစ်ပတ်လည်နေ့လေ "
"အင်း "
"အဲဒါ ပွဲမှာ ရှောင်ကျန့်က ကိစ္စတခုပြောချလိုက်လို့ ပါးကစိတ်ဆိုးသွားတာ.."
"ဘာကိစ္စမလို့ ရိုက်တဲ့အထိဖြစ်ရတာလဲ ဟမ်.."
"အဲဒါက ကျွန်တော်နဲ့ရှောင်ကျန့် လက်ထပ်မယ်ဆိုပြီး..."
"ဟမ်... ဘယ်လို"
"ဖွား...စိတ်အေးအေးထားနော် ဒီလိုပါ သားနဲ့ရိပေါ်က ချစ်သူတွေဖွားရာ အဲဒါလက်ထပ်မလို့ ဆိုပြီးပြောလိုက်တာ "
"မြတ်စွာဘုရား "
"ဘယ်သူနဲ့ဘယ်သူလက်ထပ်မှယလဲ ပြန်ပြောပြဦး "
"ကျွန်တော်နဲ့ရှောင်ကျန့် " "သားနဲ့ရိပေါ် "
ဖွားအမေးကို နှစ်ယောက်သားပြိုင်တူဖြေလိုက်တော့ ဖွားဆီကဘာမှမကြားရတော့ပဲ စားပွဲပေါ်ကရေခွက်ကိုကောက်သောက်ကာ ငြိမ်သွားတာကြောင့် မနေနိုင်တဲ့ ရှောင်ကျန့်က မျှော်လင့်ချက်အရောင်သန်းနေတဲ့မျက်နှာဖြင့် ...
"ဖွားလဲ...သဘောမတူဘူးမလား"
"အိုး.....ဒီလိုကိစ္စက "
"ဖွားတို့ သဘောမတူရင်လဲ"
"အင်း..ထူဆန်းနေတယ်ဆိုပေမဲ့ ဖွားကသဘောမတူစရာမှမရှိတာ "
"ဟင်." "တကယ်ကြီးလား"
ရိပေါ်အတွက် တကယ်မထင်ထားခဲ့တဲ့ကိစ္စကြီး ဖွားကသဘောတူတယ်တဲ့ ရှောင်ကျန့်ကိုလှမ်းကြည့်လိုက်တော့ သူလဲကိုယ့်လိုပဲ အံ့သြနေပုံပင်...
"ဒီမှာ အားလုံးနားထောင် ဟို၂ယောက်ထိုင်. ငါ့စကားကိုသေသေချာချာနားထောင်"
ပါးနဲ့မား ခုံမှာထိုင်လိုက်တော့...
"မင်းတို့ကိစ္စကို ငါဘာမှမပြောခဲ့ဘူးနော် မင်းတို့ဆုံးဖြတ်ချက်နဲ့မင်းတို့ပဲ ကောင်းသည် ဆိုးသည် ဘာမှမပြောလိုဘူး လုပ်ချင်တာလုပ်ကြ... အခုငါ့မြေးတွေကိစ္စကို ငါကိုယ်တိုင်ကြည်ကြည်ဖြူဖြူလက်ခံပြီး စီစဥ်မယ် မင်းတို့ဘာမှအထွန့်တက်စရာမလိုဘူး အားစန်း အားစန်းရေ..."
ဖွားခေါ်နေတာကြောင့် ဖွားအခန်းထဲအထုပ်တွေနေရာချနေတဲ့ အိမ်တော်ထိန်းကြီးပြေးထွက်လာပြီး...
"ဟုတ်ကဲ့ မမကြီး "
"မနက်ဖြန် ကူးစူးဆရာတော်ဆီသွားပြီး ကလေးတွေရဲ့ဇာတာနဲ့ ဓာတ်ပုံယူသွား ရက်ကောင်းရက်မြတ်ရွေးခဲ့ "
"ဖွား.."
ရှောင်ကျန့် အလန့်တကြားခေါ်လိုက်မိသည်။ အဲလောက်မြန်စရာလိုလို့လား.. အချိန်ဆွဲပြီး ဖျက်သင့်ရင်ဖျက်ရအောင် မဟုတ်ဘူးပျ က်အောင်လုပ်မလို့လေ...
ရိပေါ်ကတော့ သူ့ဆန္ဒအတိုင်းဖြစ်လာပြီးမို့ အပျော်တွေနဲ့ပြည့်နေတော့သည်
ပါးကိုကြည့်လိုက်တော့ မအီမလည်မျက်နှာ နှင့်...
မားကတော့ ဖွားဆုံးဖြတ်ချက်အတိုင်း လုပ်ဖို့ဆုံးဖြတ်ထားပုံပါပဲ...
ရှောင်ကျန့်...အင်း ကျန့်ကောကအစီစဥ်ပျက်သွားလို့ ရှုံ့မဲ့နေတော့တာပဲ ဘယ်လိုလုပ်မလဲ မင်းထက်ငါအမြဲတစ်လှမ်းသာနေတော့ စိတ်တောင်မကောင်းဘူး အဟက်....ချစ်လိုက်တာကျန့်ကောရာ
.....................................
3.7.2021
နဲနဲလောက်ကြိုပြောမယ်နော် ပွဲကမစသေးဘူးနော် မုန်တိုင်းမလာခင် လေပြေအရင်လာတာနော် မုန်တိုင်းလာမှာ ဘယ်အပိုင်းလောက်ဖြစ်မလဲတော့မသိဘူး☺
အညွှန်းကိုအရင်ဖတ် 👈🏻
fic name ကိုအရင်ဖတ်👈🏻
Love You All 😘
Zawgyi
အခမ္းနားတက္ေရာက္လာၾကတဲ့ ဧည့္သည္ေတြေရာ မီဒီယာေတြေရာ ႐ုံးမိသားစုေတြေရာ အကုန္လုံး အပ္က်သံေတာင္မၾကားရတဲ့အထိ တိတ္ဆိတ္သြားေတာ့သည္.......
"ဝမ္ေလး စင္ေပၚတက္ခဲ့ဦး..."
ေရွာင္က်န့္ေခၚသံေၾကာင့္ ပိုအံ့ၾသသြားသူက ရိေပၚပင္....
* what! ဝမ္ေလး အား....ေသေအာင္သတ္ေနတာလား က်န့္ေကာရာ *
ရိေပၚစင္ေပၚတက္သြားေတာ့...
"ဝမ္ေလးနဲ႕ကြၽန္ေတာ္ ခ်စ္သူျဖစ္တာသိပ္မၾကာေသးေပမဲ့ လက္ထပ္ၿပီးအတူေနခ်င္တာေၾကာင့္ အခုလိုထုတ္ေျပာတာပါ ႐ုတ္တရက္ႀကီးျဖစ္သြားတာသိေပမဲ့ ဆုမြန္ေကာင္းေတာင္းေပးၾကပါလို႔ေျပာခ်င္ပါတယ္ အားလုံးေပ်ာ္ေပ်ာ္ေနၾကပါ ကြၽန္ေတာ္တို႔ကိုခြင့္ျပဳပါဦး...."
ဝမ္ရိေပၚဘာတခုမွမေျပာလိုက္ရပဲ ေရွာင္က်န့္ဆြဲေခၚရာလိုက္ရေတာ့သည္...
ပြဲအျပင္ေရာက္ေတာ့ မာမားကေျပးလိုက္လာၿပီး
"က်န့္က်န့္... ရိေပၚေနဦး မာမားနဲ႕စကားေျပာရေအာင္"
"အိမ္ေရာက္မွေျပာၾကမယ္ ပါပါးေရာ"
"ပြဲမွာသူမရွိလို႔မွမရတာ ႏႈတ္ဆက္ပီးတာနဲ႕လိုက္လာလိမ့္မယ္"
................
ေရွာင္းအိမ္ႀကီးရဲ႕ဧည့္ခန္းမႀကီးမွာ ပါပါးနဲ႕မာမားက တစ္ဖက္ ရိေပၚနဲ႕ေရွာင္က်န့္ကတစ္ဖက္ မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ...
"ကဲ ေျပာဦး အခုဘာေတြျဖစ္ကုန္တာလဲ "
"ရွင္းေနတာကို ပါပါးရာ ဘာထပ္သိခ်င္တာလဲ"
"မင္းနဲ႕ ရိေပၚ က်စ္....ဘာေတြေလွ်ာက္လုပ္ေနတာလဲ ဘာလဲ ပါပါးကိစၥကိုဖ်က္လို႔ တမင္လုပ္လိုက္တာလား"
"တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေလ မေကာင္းလို႔လား"
"က်န့္က်န့္ အခုဟာက လုံးဝမျဖစ္နိုင္တဲ့ကိစၥႀကီးေလ ေယာက်္ားေလးခ်င္းလက္ထပ္တာမထူးဆန္းေပမဲ့ သားနဲ႕ရိေပၚေလးက မာမားရဲ႕သားေတြ ညီအကိုေတြေလ "
ရိေပၚၿပဳံးလိုက္မိသည္...ေခတ္နဲ႕ညီတဲ့အေမျဖစ္တာေၾကာင့္ ဒီလိုမ်ိဳးအျမင္သစ္ေတြရွိမယ္ဆိုတာ သူယုံၾကည္ထားခဲ့တာပဲေလ အဲဒါေၾကာင့္လဲ သူ႕ခံစားခ်က္ေတြကိုအေကာင္ထည္ေဖာ္ဖို႔ ေသခ်ာသြားခဲ့တာ...
"ရိေပၚနဲ႕သားဘာမွမေတာ္စပ္ဘူးဆိုတာ မာမားတို႔အသိဆုံးမလား "
"ေရွာင္က်န့္...မင္းတို႔ကိစၥကို အသိေပးဖို႔မိဘေတြရွိေသးတယ္ဆိုတာမသိခဲ့တာလား ဟမ္.."
"ပါပါးတို႔ကေရာ မိသားစုၿပိဳကြဲတဲ့ကိစၥမွာ သားတစ္ေယာက္လုံးကိုအသိမေပးပဲလုပ္ခ်င္တာလုပ္ခဲ့ၾကတာပဲမဟုတ္ဘူးလား "
ပါးနဲ႕ေရွာင္က်န့္မ်က္ႏွာခ်င္းဆိုင္အ ေခ်တင္ေတြျဖစ္ကုန္ေတာ့ ရိေပၚစိုးရိမ္၍ေရွာင္က်န့္အနားကပ္လိုက္တဲ့အခ်ိန္....
"ေရွာင္းေရွာင္က်န့္..."
.....ျဖန္း......
"က်န့္က်န့္ ..."
႐ုတ္တရက္ ပါပါးရိုက္ခ်လိဳက္တာေၾကာင့္ ေရွာင္က်န့္မ်က္ဝန္းအစုံကိုမွိတ္ခ်လိဳက္ေပမဲ့... အသ့ၾသာျမည္သြားတယ္ ပါးျပင္ေပၚအထိေတြ႕တစ္စုံတစ္ရာမရွိ
ေရွာင္က်န့္ အသာယာမ်က္လုံးဖြင့္လိုက္ေတာ့...သူ႕ေရွ႕ကေနအရိုက္ခံလိုက္တဲ့ရိေပၚကိုေတြ႕လိုက္၍ စိုးရိမ္သြားကာ...
"ဝမ္ေလး...."
ပထမအႀကိမ္ ပါပါးတို႔ကို႐ြဲ႕ခ်င္စိတ္နဲ႕ေခၚခဲ့ေပမဲ့ အခုတစ္ေခါက္ကေတာ့ ရင္ထဲကေခၚလိုက္မိတယ္ဆိုတာကို ေရွာင္က်န့္သတိမထားမိခဲ့ေပ...
"ပါး...ကြၽန္ေတာ္အမွားပါ ကြၽန္ေတာ့္ကိုႀကိဳက္သလိုအျပစ္ေပးပါ က်န့္ေကာကိုေတာ့ မရိုက္ပါနဲ႕ "
ရိုက္ခံလိုက္ရတာရိေပၚဆိုေပမဲ့ ငိုေနမိသူကေရွာင္က်န့္ပင္ *ပါပါးကငါ့ကိုရိုက္ဖို႔လုပ္လိုက္တာလား...အသံက်ယ္က်ယ္ေတာင္မေျပာဖူးခဲ့တဲ့ပါပါးကေလ... ေတာက္... အဲဒါဟိုမိန္းမေၾကာင့္ မင္းကိုငါမုန္းတယ္ရႈမိန္*
"ရိေပၚေလး.. နာသြားလားသား မားကိုျပဦး...
ဒီမွာ ရွင္ က်မသားေတြကိုလက္ပါစရာမလိုဘူး ပါးစပ္နဲ႕ေျပာလို႔ရတယ္ "
ပါးျပင္ေလးကို ပြတ္ေပးရင္း ကာကြယ္ေျပာေနတဲ့ မားေၾကာင့္ ရိေပၚရင္ထဲႏြေးေထြးသြားသည္....
"ဘာေတြျဖစ္ေနၾကတာလဲ"
အိမ္ေရွ႕ကအသံလာရာ အကုန္လုံးအၾကည့္ေရာက္သြားေတာ့....
"ဖြား..."
ေရွာင္က်န့္ ဝမ္းနည္းစိတ္နဲ႕ ဖြားကိုေျပးဖက္လိုက္မိသည္။
"က်န့္က်န့္ျပန္ေရာက္ေနတာ ငါ့ကိုတစ္ေယာက္မွမေျပာၾကပါလား ဟမ္.. ဟဲ့ ငါ့ေျမးငိုေနတာလား "
"ဘာေတြျဖစ္ေနၾကတာလဲ ေျမးေလး ဖြားကိုေျပာဦးေလ"
ေရွာင္က်န့္မ်က္ရည္ေတြသုပ္လိုက္ၿပီး ဖြားကိုတြဲကာ ထိုင္ခုံမွာထိုင္ခိုင္းလိုက္သည္...
" ၁ပတ္ေလာက္ေလး ကူစူးဘုံေက်ာင္းကိုေအးေအးေဆးေဆး တရားသြားအားထုတ္ပါတယ္ ျပန္လာတာနဲ႕ ျပသနာကတက္ေနတယ္ ငါ့ေျမး၂ေယာက္လာဖြားေဘးမွာလာထိုင္ ဟို၂ေယာက္ မတ္တပ္ရပ္ေန ရိေပၚ ဘာျဖစ္ၾကတာလဲဖြားကိုရွင္းျပ"
ဖြားရဲ႕အာဏာကထိုထက္မကႀကီးဦးမည္ထင္သည္.. ဇာတ္ေၾကာင္းတိုတိုေျပာရရင္ ဂုဏ္ႀကီးကိန္းခန္းႀကီးတဲ့ဝမ္မ်ိဳးရိုးနဲ႕ သာမန္လူတန္းစားေရွာင္းမ်ိဳးရိုးတို႔ သူငယ္ခ်င္းသံေယာဇဥ္ႀကီးမားလြန္းတာေၾကာင့္ ေမြးထားတဲ့တစ္ဦးတည္းေသာ သားနဲ႕သမီးကိုေပးစားခဲ့ တယ္ေလ...
ပါပါးနဲ႕မာမားက တစ္ဦးအေၾကာင္းတစ္ဦး အတြင္းက်က်မသိပဲ အေပၚယံအခ်စ္နဲ႕လက္ထပ္ခဲ့ၾကၿပီး ကြၽန္ေတာ့ကိုေမြးခဲ့တာပင္...
ေရွာင္းဖိုးဖိုးရွိကတည္းက ဖြားကိုရိုေသခဲ့ၾကၿပီးအခုခ်ိန္ထိဖြားရဲ႕ၾသဇာက ရွိေနတုန္းပင္....
ဖြားေရွ႕မွာ မတ္တပ္ရပ္ေနတဲ့ပါးနဲ႕မားကို တစ္ခ်က္ၾကည့္ၿပီး ရိေပၚစကားစကာ....
"ဟိုေလ ဖြား ဒီေန႕ကုမၸဏီ ႏွစ္ပတ္လည္ေန႕ေလ "
"အင္း "
"အဲဒါ ပြဲမွာ ေရွာင္က်န့္က ကိစၥတခုေျပာခ်လိဳက္လို႔ ပါးကစိတ္ဆိုးသြားတာ.."
"ဘာကိစၥမလို႔ ရိုက္တဲ့အထိျဖစ္ရတာလဲ ဟမ္.."
"အဲဒါက ကြၽန္ေတာ္နဲ႕ေရွာင္က်န့္ လက္ထပ္မယ္ဆိုၿပီး..."
"ဟမ္... ဘယ္လို"
"ဖြား...စိတ္ေအးေအးထားေနာ္ ဒီလိုပါ သားနဲ႕ရိေပၚက ခ်စ္သူေတြဖြားရာ အဲဒါလက္ထပ္မလို႔ ဆိုၿပီးေျပာလိုက္တာ "
"ျမတ္စြာဘုရား "
"ဘယ္သူနဲ႕ဘယ္သူလက္ထပ္မွယလဲ ျပန္ေျပာျပဦး "
"ကြၽန္ေတာ္နဲ႕ေရွာင္က်န့္ " "သားနဲ႕ရိေပၚ "
ဖြားအေမးကို ႏွစ္ေယာက္သားၿပိဳင္တူေျဖလိုက္ေတာ့ ဖြားဆီကဘာမွမၾကားရေတာ့ပဲ စားပြဲေပၚကေရခြက္ကိုေကာက္ေသာက္ကာ ၿငိမ္သြားတာေၾကာင့္ မေနနိုင္တဲ့ ေရွာင္က်န့္က ေမွ်ာ္လင့္ခ်က္အေရာင္သန္းေနတဲ့မ်က္ႏွာျဖင့္ ...
"ဖြားလဲ...သေဘာမတူဘူးမလား"
"အိုး.....ဒီလိုကိစၥက "
"ဖြားတို႔ သေဘာမတူရင္လဲ"
"အင္း..ထူဆန္းေနတယ္ဆိုေပမဲ့ ဖြားကသေဘာမတူစရာမွမရွိတာ "
"ဟင္." "တကယ္ႀကီးလား"
ရိေပၚအတြက္ တကယ္မထင္ထားခဲ့တဲ့ကိစၥႀကီး ဖြားကသေဘာတူတယ္တဲ့ ေရွာင္က်န့္ကိုလွမ္းၾကည့္လိုက္ေတာ့ သူလဲကိုယ့္လိုပဲ အံ့ၾသေနပုံပင္...
"ဒီမွာ အားလုံးနားေထာင္ ဟို၂ေယာက္ထိုင္. ငါ့စကားကိုေသေသခ်ာခ်ာနားေထာင္"
ပါးနဲ႕မား ခုံမွာထိုင္လိုက္ေတာ့...
"မင္းတို႔ကိစၥကို ငါဘာမွမေျပာခဲ့ဘူးေနာ္ မင္းတို႔ဆုံးျဖတ္ခ်က္နဲ႕မင္းတို႔ပဲ ေကာင္းသည္ ဆိုးသည္ ဘာမွမေျပာလိုဘူး လုပ္ခ်င္တာလုပ္ၾက... အခုငါ့ေျမးေတြကိစၥကို ငါကိုယ္တိုင္ၾကည္ၾကည္ျဖဴျဖဴလက္ခံၿပီး စီစဥ္မယ္ မင္းတို႔ဘာမွအထြန့္တက္စရာမလိုဘူး အားစန္း အားစန္းေရ..."
ဖြားေခၚေနတာေၾကာင့္ ဖြားအခန္းထဲအထုပ္ေတြေနရာခ်ေနတဲ့ အိမ္ေတာ္ထိန္းႀကီးေျပးထြက္လာၿပီး...
"ဟုတ္ကဲ့ မမႀကီး "
"မနက္ျဖန္ ကူးစူးဆရာေတာ္ဆီသြားၿပီး ကေလးေတြရဲ႕ဇာတာနဲ႕ ဓာတ္ပုံယူသြား ရက္ေကာင္းရက္ျမတ္ေ႐ြးခဲ့ "
"ဖြား.."
ေရွာင္က်န့္ အလန့္တၾကားေခၚလိုက္မိသည္။ အဲေလာက္ျမန္စရာလိုလို႔လား.. အခ်ိန္ဆြဲၿပီး ဖ်က္သင့္ရင္ဖ်က္ရေအာင္ မဟုတ္ဘူးပ် က္ေအာင္လုပ္မလို႔ေလ...
ရိေပၚကေတာ့ သူ႕ဆႏၵအတိုင္းျဖစ္လာၿပီးမို႔ အေပ်ာ္ေတြနဲ႕ျပည့္ေနေတာ့သည္
ပါးကိုၾကည့္လိုက္ေတာ့ မအီမလည္မ်က္ႏွာ ႏွင့္...
မားကေတာ့ ဖြားဆုံးျဖတ္ခ်က္အတိုင္း လုပ္ဖို႔ဆုံးျဖတ္ထားပုံပါပဲ...
ေရွာင္က်န့္...အင္း က်န့္ေကာကအစီစဥ္ပ်က္သြားလို႔ ရႈံ႕မဲ့ေနေတာ့တာပဲ ဘယ္လိုလုပ္မလဲ မင္းထက္ငါအၿမဲတစ္လွမ္းသာေနေတာ့ စိတ္ေတာင္မေကာင္းဘူး အဟက္....ခ်စ္လိုက္တာက်န့္ေကာရာ
.....................................
3.7.2021
နဲနဲေလာက္ႀကိဳေျပာမယ္ေနာ္ ပြဲကမစေသးဘူးေနာ္ မုန္တိုင္းမလာခင္ ေလေျပအရင္လာတာေနာ္ မုန္တိုင္းလာမွာ ဘယ္အပိုင္းေလာက္ျဖစ္မလဲေတာ့မသိဘူး
အၫႊန္းကိုအရင္ဖတ္
fic name ကိုအရင္ဖတ္
Love You All 😘