ZAW
သူဟာကျွန်သာသာပဲ။
UNI
ဗြောင်ဘတ်ဟျွန်း အသက်၃၅နှစ်
ဘတ်ဟျွန်းဟာငယ်စဉ်ကထဲက မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတယ်။သူအသက် ၄နှစ်အရွယ်မှာ သူ့မိဘတွေက မိဘမဲ့ဂေဟာရှေ့မှာ စွန့်ပစ်သွားခဲ့ပြီး သူ့ဘ၀တစ်လျှောက်လုံး ဂေဟာမှာပဲ ကြီးပြင်းလာခဲ့ရတယ်။
သူလူမှန်းသိတတ်စအရွယ်မှာကတည်းက မိဘမဲ့ဂေဟာမှာပဲ ရှိနေတာမို့ သူ့ရဲ့မိဘအရင်းတွေအကြောင်း သူတစ်ကယ်ဘာတစ်ခုမှမသိဘူး။အဆိုးဆုံး နာမည်တောင်မသိဘူး။ဗြောင်မျိုးရိုးကတော့ မိဘမဲ့ဂေဟာမှာပစ်ထားခဲ့တုန်းက စာရွက်ပေါ်မှာရေးထားတဲ့ နာမည်ကြောင့်သာ ဗြောင်ဘတ်ဟျွန်းဟု ဖာသာကခေါ်ခဲ့တာ။
ဂေဟာမှာနေတုန်းက သူကောင်းကောင်းမနေခဲ့ရဘူး။အမြဲတမ်း တန်းတူကလေးတွေအပြင် ကျောင်းသားကြီးတွေဆီကပါ အမြဲ နှိပ်စက်အနိုင်ကျင့်ခြင်းကို သူခံခဲ့ရတယ်။စာသင်ခန်းထဲမှာ သူ့စာအုပ်တွေဆုတ်ဖြဲခြင်းခံခဲ့ရသလို။သူစားရမယ့် ထမင်းဟင်းပန်းကန်တွေကိုလည်း မှောက်ကျအောင်လုပ်ခံရတယ်။ထိုအချိန်ဆို ဂျောက်ချခံရတဲ့ ဘတ်ဟျွန်းက ဖာသာဆီမှ အမြဲအဆူခံရစမြဲပဲ။
သူ့ဘ၀တွေက ဒီတိုင်းပဲလည်ပတ်နေတယ်။အထက်တန်းအောင်ပြီးနောက်မှာ သူဂေဟာကနေထွက်လာခဲ့တယ်။အထက်တန်းတက်တုန်းက ကြိုးစားရှာဖွေခဲ့တဲ့ အချိန်ပိုင်းအလုပ်ဆီကရတဲ့ပိုက်ဆံအချို့နဲ့ တစ်ကိုယ်စာဝင်ဆန့်တဲ့ တိုက်ခန်းလေးကိုဝယ်ယူခဲ့တယ်။
သူ့ရဲ့ကံဆိုးမှုတွေက အရင်ကတည်းကဆိုပေမယ့် သူ့ဘ၀ကြီးကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်မိတာက တက္ကသိုလ်မှာ လူတစ်ယောက်ကို ချစ်ကြိုက်မိသွားတာကစတာပဲ။
ထိုလူနာမည်က ပတ်ချန်းယောလ်တဲ့
ဘတ်ဟျွန်းက ထိုလူကို အရူးအမူးချစ်မိသွားခဲ့တယ်။သူနားမလည်တဲ့ ပုစ္ဆာတွေထဲမှာ ပျော်မွေ့နေမိတာက သူ့စိတ်ထဲမှာချန်းယောလ်ကလည်း သူ့ကိုသဘောကျနေတယ်ဟုထင်မှတ်မိတယ်။
အချိန်တိုင်းလိုလို သူ့ကိုကြည့်နေတတ်တာတွေ။သူ့အတွက် မုန့်လေးတွေစားပွဲပေါ်လာတင်ပေးထားတာတွေ သူ့ကိုမြင်တော့ ပြုံးပြနေတတ်တာတွေထဲမှာ ဘတ်ဟျွန်းက ကောင်းကောင်းကြီးကျရှုံးသွားခဲ့တယ်။ဘတ်ဟျွန်းက ချန်းယောလ်ကိုဖွင့်ပြောခဲ့တယ်။
သူမယုံနိုင်တာက ချန်းယောလ်က ဘတ်ဟျွန်းရဲ့ ချစ်စကားကိုလက်ခံခဲ့တယ်။သူတို့ ၂ပတ်လောက်ပျော်ပျော်ကြီးတွဲခဲ့ကြတယ်။ချန်းယောလ်က သူ့အပေါ်အရမ်းကောင်းပေးတယ်။မင်းကိုလက်ထပ်ပါ့မယ်လို့လည်းအတန်တန်ပြောနေတတ်တာကြောင့် ဘတ်ဟျွန်းက တစ်ခါမှမရဖူးတဲ့ ဂရုစိုက်ခံရမှုတွေဆီမှာ ကောင်းကောင်းကြီးနစ်မျောခဲ့တယ်။
နောက်ပိုင်း နောက်ပိုင်းတော့ ချန်းယောလ်ကပြောင်းလဲလာတယ်။သူ့ကိုဂရုမစိုက်တော့သလို နေမကောင်းလို့သတိလစ်မတတ်ဖြစ်နေတာမို့ဖုန်းဆက်ခေါ်တုန်းကတောင် ဆက်သွယ်၍မရနိုင်ပါဟုဆိုတဲ့ အသံပဲ သူကြားရတယ်။
သူကောင်းကောင်းကြီးသတိလစ်သွားခဲ့တာပေါ့။
အိမ်နီးချင်းတစ်ယောက်ရဲ့အကူအညီကြောင့်သာ သူဟာဆေးရုံကိုအချိန်မလွန်ခင်လေးရောက်ခဲ့တယ်။သူဆေးရုံမှာ ၄ရက်လောက်နေပြီးတော့ သူရဲ့တိုက်ခန်းဆီပြန်လာခဲ့တယ်။သူဆေးရုံမှာရှိတဲ့ရက်တွေအတွင်း ချန်းယောလ်ဆီက ဖုန်းအဆက်အသွယ်မရခဲ့ဘူး။
နောက်ပိုင်းချန်းယောလ်က သူ့ဆီမလာတော့ဘူး။ဘတ်ဟျွန်းက ၁လလောက်နေပြီးတဲ့အခါ ချန်းယောလ်ဆီက ဖုန်းအ၀င်ရရှိခဲ့တယ်။သူထင်ထားသလို မဟုတ်ခဲ့တဲ့ လမ်းခွဲမယ်ဆိုတဲ့ စကားနှင့်အတူ သူ့ကိုကစားခဲ့ပါတယ်ဟု ပြောပြီးပြီးချင်းဖုန်းချသွားခဲ့တယ်။
နောက်ပိုင်းဘတ်ဟျွန်းသိလိုက်ရတာက ချန်းယောလ်ရဲ့အချစ်ဦးနှင့်တူတဲ့ သူက အဝေးရောက်နေတဲ့ ချန်းယောလ်ချစ်သူနေရာမှာ အစားထိုးခံခဲ့ရတာဆိုတာပဲ။
ဘတ်ဟျွန်းက ထို့နောက်မှာ ၁ပတ်တိတိ အခန်းအောင်းခဲ့တယ်။ငိုရလွန်းလို့ အားအင်တွေ ကုန်ခမ်းသွားမတတ်ပဲ။နောက်တော့ ဘတ်ဟျွန်းက သူ့နေ့ရက်တွေပုံမှန်တိုင်းပြန်လည်ပတ်ခဲ့တယ်။နောက်ဆုံး သူကြားလိုက်တာက ချန်းယောလ်က အမေရိကကို ထွက်သွားခဲ့တယ်ဆိုတာပဲ။ထို့နောက် ချန်းယောလ်သတင်းတွေလည်း သူမရတော့ပါ။
ကျောင်းပြီးလို့ အလုပ်ခွင်ဝင်တဲ့အခါ သူက ပတ်ကုမ္ပဏီမှာ အလုပ်ရခဲ့တယ်။သူ့ရဲ့ပထမဆုံး အလုပ်ဝင်တဲ့နေ့ဟာ မလှပခဲ့ဘူး။လုက်ဖော်ကိုင်ဖက်တွေရဲ့ ခိုင်းစေသာသာအနေနဲ့ပဲ သူ့နေ့ရက်တွေဖြတ်သန်းခဲ့တယ်။သူ့ရဲ့လုပ်ရည်ကိုင်ရည်ကြောင့် မထင်မှတ်ပဲ သူဟာProjectတစ်ခုလက်ခံရရှိခဲ့တယ်။
မနာလိုနေတဲ့ လူတစ်စုကိုလျစ်လျူရှုပြီး သူဒီprojectကို အကောင်းဆုံးနေ့နေ့ညညအိပ်ပျက်ခံပြီး ကြိုးစားလုပ်ခဲ့တယ်။သူအတွက်တော့ ပြန်ရခဲ့တာက ကုမ္ပဏီရဲ့ ထုတ်ကုန်အသစ် ဒီဖိုင်းတွေခိုးခံရတယ်ဆိုတဲ့ တရားခံနဲ့ ၀င်ငွေအလွဲသုံးစားလုပ်မှု။ဘာလို့လဲ သူဖြစ်ချင်ခဲ့တာ အောင်မြင်ကျော်ကြားတဲ့ ဒီဇိုင်းပညာရှင်တစ်ယောက်ပါ။
သူဟာကုမ္ပဏိကနေ ခွေးလိုမောင်းထုတ်ခံခဲ့ရပြီး သူရရှိခဲ့တဲ့ projectကို လက်လွှတ်လိုက်ရတယ်။နောက်ပိုင်း အိမ်ခြေရာမဲ့ တစ်ယောက်လိုလျှောက်သွားရင်း ချန်းယောလ်နဲပြန်ဆုံတွေ့ခဲ့တယ်။ဒါပေမယ့် ကြီးမားတဲ့ ပစ်ဒဏ်အနေနဲ့ပေါ့။
ကလပ်ကို မိတ်ဆွေတစ်ယောက်ကောင်းမှုကြောင့် ရောက်လာခဲ့ပြီး ဆေးခပ်ထားတဲ့ အရက်ခွက်ကိုသောက်မိရာမှ ချန်းယောလ်နဲ့ တစ်ညတာမှားယွင်းခဲ့တယ်။
အဲ့ကနေချန်းယောလ်ရဲ့ ရစရာမရှိအောင်ပြောဆိုခံရတာတွေ သာအဖက်တင်တာပဲ။အပြင်ဘက်မီဒီယာတွေဆီကိုပေါက်ကြားသွားတဲ့သတင်းတွေကို ချန်းယောလ်က ဘတ်ဟျွန်းလုပ်တာလို့ထင်နေခဲ့တယ်။နောက်ပိုင်းတော့ မတတ်သာတဲ့ အခြေအနေမှာ သူတို့နှစ်ယောက်ယူခဲ့ရတယ်။သူသေမတတ်ပျော်ခဲ့ရတာပေါ့။သိပ်တော့မကြာပါ
အမုန်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ချန်းယောလ်ဆီမှာ သူနေ့နေ့ညညနှိပ်စက်ခံနေရတယ်။တစ်ယောက်တည်းအားမရလို့ အချစ်ဦးဆိုသူမဆီကပါ သူအနှိပ်စက်ခံနေရတယ်။
သူဟာကျွန်သာသာပဲ။
နောက်ပိုင်း သူ့ဆီကိုလက်ဆောင်တစ်ခုရောက်လာခဲ့တယ်။ကိုယ်ဝန်ဟုတ်တယ်။ချန်းယောလ်နဲ့သူနဲ့ရတဲ့ကိုယ်ဝန်။သူကိုယ်ဝန်ရှိတယ်ဟုသိသိခြင်းဝမ်းသာမတတ်ဖြစ်ခဲ့ပေမယ့် ချန်းယောလ်ရဲ့အမုန်းခံတစ်ယောက်ဆိုတာသိသိခြင်းဝမ်းနည်းခဲ့မိသွားတယ်။ဒီကလေးကို ဖျက်ချခိုင်းကြမှာသိတဲ့ ဘတ်ဟျွန်းက ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။
ကံဆိုးစွာပဲ အချစ်ဦး မိန်းကလေးဟာထိုကိစ္စကိုသိသိပြီးချင်း ဘတ်ဟျွန်းကို စတင်နှိပ်စက်လာတော့တယ်။သူကာကွယ်ခဲ့တယ်။သူ့ကလေးကို ထိခိုက်မခံရအောင် ဒါပေမယ့် အချင်းနှီး ။မရည်ရွယ်ပါပဲ အချစ်ဦးဟုဆိုသည့်သူမကို ထိခိုက်သွားတယ်။
တိုက်ဆိုင်သွားတဲ့အချိန်မှာ ချန်းယောလ်ပြန်ရောက်လာခဲ့ပြီး အဖြစ်အပျက်တွေမြင်ကာ ဘတ်ဟျွန်းကိုရိုက်နှပ်ခဲ့တယ်။ဖြေရှင်းခွင့်တောင်မရခဲ့ပါပဲပေါ့။ထိုးကန်ချက်တွေက သူ့ရဲ့ဗိုက်ကိုထိခိုက်သွားတယ်။သွေးတွေယိုစီးလာတဲ့ အောက်ပိုင်းကို သူကြောင်အစွာငေးကြည့်နေမှာပဲ ကွာရှင်းစာချုပ်နှင့်အတူ အိမ်ပေါ်ကနှင်ချခံခဲ့ရတယ်။သူ က မူးဝေလာတဲ့ ခေါင်းကိုလျစ်လျှူရှုကာ မာနကိုတင်းလျက်ထွက်လာခဲ့တယ်။မိုးတွေရွာသွန်းတဲ့ ကောင်းကင်အောက်မှာ သူသတိမေ့မျောသွားတယ်။နောက်တော့ သူ့ရဲ့ကိုယ်ဝန်ပျက်ကျသွားခဲ့တယ်။ဒါသူဒီလူသားကိုချစ်မိလို့ရခဲ့တဲ့ အဆုံးသတ်တဲ့လား။သူ့ကလေးကိုတောင် မမြင်တွေ့ခဲ့ရပါပဲနဲ့။
သူ့ရဲ့အဆုံးသတ်က မွေးတည်းကအတိုင်း မလှပခဲ့ဘူး။သွားစရာမရှိတော့တဲ့သူဟာ လမ်းဘေးက အရိပ်ရနေရာမှာပဲ ဖြစ်သလိုအိပ်ခဲ့ရပြီး အအေးဓာဏ်ကိုအံတုကာ တစ်ရက်လုံးလုံး မစားမသောက်ပဲနဲ့ပင် နေခဲ့ရသည်။
နောက်... နောက်သူဟာ ရောင်းစားခံလိုက်ရတယ်။
သံကြိုးတွေအထပ်ထပ် ငရဲလို အကျင်းခန်းထဲမှာ နှိပ်စက်ခံခဲ့ရပြီး ကျွန်တစ်ယောက်ကို အလုပ် လုပ်ခဲ့ရတယ်။ကြာပွတ်နဲ့ရိုက်ခံရတဲ့ ဒဏ်တွေက အသည်းခိုက်မတတ်ပဲ။ချဉ်သိုးသိုးထမင်းတွေ။အေးစက်စက်ကြမ်းပြင်တွေပေါ်အိပ်စက်ခဲ့ရတာတွေ။ဒီလိုမျိုး သူနှစ်တွေအကြာကြီးဒုက္ခခံခဲ့ရတယ်။
သူဟာလုံးဝကို အရှုံးပေးချင်နေပြီ။ဒါပေမယ့် အားတင်းကာ သူထွက်ပြေးခဲ့တယ်။သူကံကောင်းသွားတယ်။ သူဟာ လူတစ်ယောက်အကူအညီနှင့် ကျွန်းတစ်ကျွန်းပေါ်မှာပဲ သောင်တင်ကာ အသက်ဆက်ရှင်ခဲ့တယ်။နောက်ပိုင်းတော့ သူဟာ ရေလှိုင်းဒဏ်ကြောင့်ပဲ သူ ပင်လယ်ထဲ မျောပါသွားခဲ့တယ်။နောက်သူဘာမှမသိတော့ဘူး။
သူနိုးလာတော့ သူဟာ မရင်းနှီးတဲ့ နေရာမှာ။ဒါပေမယ့် သူထိုနေရာတွေကို သေချာပေါက်ကောင်းကောင်းသိတယ်။သူဦးနှောက်ကိုအလုပ်ပေးခဲ့တယ်။သူနောက်ဆုံးသိလိုက်တာ သူပြန်လည်မွေးဖွားလာခဲ့တယ်ဆိုတာပဲ။
သူအတွက် ဒုတိယအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလို့မဖြစ်ဘူး။ဒါကြောင့် သူဟာတစ်ချက်ပြုံးလိုက်တယ်။သူရောက်လာတဲ့အချိန်က သူ့နှင့်ချန်းယောလ်လက်ထပ်ပြီးကာ ကိုယ်ဝန်တစ်ပတ်ရှိနေပြီ။ကံဆိုးစွာပဲ သူရောက်လာခဲ့တဲ့အချိန်ဟာ နောက်ကျလို့နေတယ်။သူဘေးနားက စာရွက်တစ်ရွက်နဲ့ ဘောပင်ကိုယူလိုက်တယ်။
နံပါတ်စဉ်၁၀ခုနှင့် နာမည်၁၀ခုကိုချရေးလိုက်တယ်။ဒါတွေက သူလက်စားချေရမယ့်လူတွေပဲ။ဘတ်ဟျွန်းက မဲ့ပြုံးပြုံးလိုက်တယ်။
သူ့ရဲ့အလှည့်လာပြီ။ဒီကစားပွဲမှာ သူသည်သာဘုရင်ပဲ။သားကောင်တွေကိုချနင်းပြီး အနိုင်ယူမယ့်လူ။Demolition ဆိုတဲ့ အဓိပ္ပါယ်က ဖြိုလှဲခြင်းတဲ့။ဒီတစ်ခါမှာ ငါက အားလုံးကိုချနင်းသွားမှာ။ငါလိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက် မင်းတို့က စတေးပေးရမယ်။လက်စားချေမယ်။လက်စားချေတယ်ဆိုတာ ငါ့ရာဇ၀င်မှာတော့ တစ်ခါတည်း အသေသတ်ဖို့ စီစဉ်ပြီးသားပဲ။
သနားတယ်ဆိုတာ ငါ့အတွက်ဟာသတစ်ပုဒ်လိုပဲ။မင်းတို့အလှည့်တောင်မညှာတာငါကဘာကိစ္စ စောက်ရေးမပါတာတွေ ထည့်တွက်ရမှာလဲ?
ပတ်ချန်းယောလ်!ငါတို့ ပြန်တွေ့ကြတာပေါ့။