မောင်

By mo_koo

45.4K 1.5K 30

တစ်ခါ မှမလှုပ်ခတ်ဘူးတဲ့ရင်ဘယ်ဘတ်ခြမ်းကတော့ သူနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း More

‌1
4
4
5
6
7
8
The End
2
‌promotion
Zawgyi 1
Zawgyi 2
Zawgyi 3
zawgyi 4
zawgyi 4
zawgyi 5
zawgyi 6
zawgyi 7
zawgyi 8
zawgyi 9

3

4.4K 142 1
By mo_koo

welcome နေ့။

မောင့်ရဲ့ အသားရည်ဝါဝါနဲ့လိုက်ဖက်လှတဲ့ အနက်ရောင်အနောက်တိုင်း၀တ်စုံလေးက မောင့်ကိုယ်ပေါ်မှာ ခန်ညားလိုက်ဖက်လှစွာပါပဲ။

ကျွန်မဆီသို့ တစ်လှမ်းချင်းလျှောက်လာနေတဲ့မောင်က ပြုံးလို့ရွှင်လို့ ။ ဆူညံလွန်းလှတဲ့ ပွဲထဲမှာ မောင့်အပြုံးက ကျွန်မကို အေးချမ်းစေသတဲ့လေ။

"ငြိမ်းစုသွယ်လေးက ဒီလို ကျတော့ လှလိုက်ချည်ပါလား ။ဘယ်နဲ့လဲ ငါပြောတဲ့ဆိုင်က ကောင်းတယ်မလား "

"အင်း ဆံပင်ပါထုံးပေးမယ်ပြောတယ် ငါမလုပ်ချင်တာနဲ့'"ကျေးဇူး ငါနဲ့ဆုရည်အတွက် ဆိုင်ကအမတွေကိုပြောပေးလို့"

"အင်း မင်းဆံနွယ်လေးတွေက ဒီတိုင်းထားလည်း လှတယ်ရယ် "

‌ကျွန်မခေါင်းပေါ်ကို ခပ်ဖွဖွလေးပွတ်လာတဲ့ လက်ဖဝါးနုနု က ခဏတာ။

မောင်စကားပြောရင် ကဗျာဆန်တယ် ပြောရမလား။ ဆံနွယ်လေးတွေတဲ့လေ။

မောင့်လက်ကိုတွဲလျှောက်ရလို့ထင်တယ် ။စင်ကြောက်တတ်တဲ့ ငြိမ်းစုသွယ် မဟုတ်တော့။ အမြဲမှင်ပိပိမျက်နှာ‌‌ေသနဲ့နေတတ်တဲ့ ငြိမ်းစုသွယ်မဟုတ်‌‌ေတာ့။ ခပ်ယောင်ယောင်ပြုံးရင်း မျက်လုံးရောင်လေးတွေလက်နေတဲ့ ငြိမ်းစုသွယ်ရယ်ပါ မောင်ရေ။

မဲအရေတွက်နဲ့ရွေးတဲ့ပွဲမှာ မောင်ဟာ ခြွင်းချက်မရှိ King ဖြစ်ခဲ့တယ်။ queen ကတော့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေး ဆုရည်။

     မောင်က Kingဖြစ်ပြီးတဲ့နောက် social media မှာ cele တစ်ယောက်ဖြစ်လာသည်။ကျောင်းကmail box မှာ မောင့်အတွက်စာတွေက ခဏခဏ တက်လာတတ်သည်။ မောင်ဟာ social ကျပြီး လူတိုင်းနဲ့ ခင်မင်တတ်ပေမဲ့ ရည်းစားတော့မထားခဲ့။ညတိုင်းလိုလိုမှာ မောင်သိချင်တဲ့အညာအကြောင်းတွေရယ်နဲ့ ကျွန်မသိချင်တဲ့ ချယ်ရီမြေအကြောင်းတွေရယ် က မောင်နဲ့ကျွန်မရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကလေး။ ‌

welcomeပြီးတဲ့နောက်တော့ ဖယ်ရီနဲ့ကျောင်းတက်နေတဲ့မောင်က ကျောက်ဆည်မှာ အဆောင်ပြောင်းနေသည်။

ကျွန်မအဆောင်နဲ့ မောင့်အဆောင်နဲ့က တစ်လမ်းထဲဖြစ်လေတော့ ကျောင်းသွားဖို့ထွက်လာတိုင်း မောင်နဲ့ဆုံသည်။ မောင့်ရဲ့ ဖိတ်ခေါ်မှုကြောင့် မောင့်ဆိုင်ကယ်ပေါ်မှာ လိုက်ခွင့်ရတဲ့ ကံအကောင်းဆုံး မိန်းကလေးက ကျွန်မဖြစ်လာသည်။

ကန်တင်းမှာ ပထမဆုံး မောင်နဲ့ထိုင်ဖြစ်တာက အတွင်းကျကျထောင့်နေရာလေး။ မောင်က အဲ့နေရာလေးကို သဘောကျသဖြင့် တခြားလူမရောက်ခင်ရောက်ရန် အိပ်ယာထပျင်းတဲ့ကျွန်မ စောစောထရတော့သည်။ မနက်ခင်းတိုင်း ဆိုင်ကယ်မောင်းနေတဲ့မောင့်နောက်ကျော မြင်ရတာက ကံခေလွန်းခဲ့တဲ့ကျွန်မအဖို့တော့ ကံအကောင်းဆုံးပဲမို့ ကျွန်မစောစောထပါသည်။ ‌မောင့်ဆီက ရနေကျ အမွှေးနံ့လေးက တရင်းတနှီး။ မောင့်ရဲ့ ကဗျာဆန်ဆန် အကြိုက်က ကော်ဖီခါးခါး ။ ‌အချိုကြိုက်တဲ့ ကျွန်မသောက်နေကျ နွားနို့အေးကို သူ မကြိုက်ပဲ ဘာကြောင့်လုသောက်ရသလဲ။မောင့်ရဲ့ ကလေးဆန်မှုလေးတွေက ချစ်ဖို့ကောင်းပြန်ပါရောလေ။သူ့ရှေ့မှာတော့ ကျွန်မက စိတ်ဆိုးနေပါတယ်ပေါ့။

"ငြိမ်းကလည်းကွာ ကိုယ့်မှာ ချစ်
သူငယ်ချင်းဆိုလို့ ဒါလေးရှိတာကို မသဒ္ဒါဘူးလား ဟွန့်"

နှုတ်ခမ်းလှလှလေးတွေကိုထော်ပြီး ကလေးလေးတစ်ယောက်လို ချွဲနေသော မောင်။ ဒီတိုင်းသာသူဆက်လုပ်နေရင် ကျွန်မတော့ ရူးရပါတော့မယ်။

"အား ။ငြိမ်း ။မတိုက်ချင်လည်း မသောက်ဘူး ရတယ် ကိုယ့်ကိုတော့ အနိုင်မကျင့်နဲ့နော် ငိုမှာဗျ "

ကဗျာစပ်လက်စ မောင့်လက်ထဲက ဘောပင်လေးနဲ့ ခေါက်လိုက်မိလို့ ကျွန်မမှာ လူဆိုးမကြီးဖြစ်ရချေပြီ ။

"အကုန်သောက်လိုက်တော့။ ဗိုက်ပြည့်နေပြီ ။မကုန်လို့ နက်နက်ကိုတိုက်မလို့လုပ်နေတာပါနော်"

နက်နက်ဆိုတာကျွန်မတို့စားပွဲနား
ရှိနေကျ ခွေးပေါက်လေးကို မောင်ပေးထားတဲ့နာမည်။

"ဟာ ငြိမ်း ဒီလိုစကားတွေဘယ်ကတတ်လဲဟမ် ။အေးလှပါတယ်ဆိုတဲ့ငါ့ငြိမ်းလေးတောင် စကားတွေတတ်လှပါလား။ ဘသူသင်ပေးတာလဲပြော"

ရယ်ကျဲကျဲနဲ့ မေးလာတဲ့မောင့်ကိုကြည့်ပြီး ကျွန်မပါလိုက်ရယ်မိသည်။

"‌နင်သင်ပေးတာလေ ထင်လင်းမောင်ရဲ့ ငါ့မှာ တခြားပေါင်းတဲ့သူငယ်ချင်းဘယ်ရှိလို့လဲ"

"ငြိမ်းရယ် ။ငါတောင်ငြိမ်းကိုငြိမ်းလို့ခေါ်တာ ငါ့ကိုလည်း ထင်လင်းလို့ခေါ်လေ။ ဒါမှမဟုတ် ကိုကိုပဲဖြစ်ဖြစ်ခေါ်ပါလား လူရှိန်တာပေါ့ ဟဲဟဲ"

မောင်တစ်ယောက်ကတော့ သူ့စကားသူသဘောကျလျှက် မွေးရာပါပါးခြိုင့်တစ်ဖက်ကို နစ်၀င်နေအောင် ပြုံးနေတော့သည်။ကိုကိုဆိုတာကို လွယ်လင့်တကူ စနောက်နိုင်သော ကောင်ဆိုးလေး မောင်ရယ်ပါ။

"မဆဲချင်ဘူးနော် ကောင်စုတ် ကိုကိုခေါ်ရအောင် နင်က ငါ့ထက်ငယ်တယ်လေ ပြီးတော့ နင့်ကောင်မ‌လေးကိုသွားခေါ်ခိုင်း"

ကျွန်မစကားတွေကရှေ့နောက်မညီ။ မောင့်မှာကောင်မလေးမှမရှိပဲကိုး။
မောင့်ပါးစပ်က ကိုကို လို့ထွက်လာတာက မောင်ကတော့ စနေတာဖြစ်ပေမဲ့ ကျွန်မရင်ထဲမှာတော့ ဆူနာမီဖြစ်သွားလေသည်။

"ကိုယ်က ငြိမ်းထက် တစ်ပတ်ထဲငယ်တာလေ ငြိမ်းရယ်  ဒါကိုငယ်တယ်မခေါ်ပါဘူး နော် ။ ဒါနဲ့ ညနေကျရင် ကိုယ့်ပွဲရှိတယ်နော်လာကြည့်မှာလား"

အားကစားမှာလည်း ထူးချွန်သေးတဲ့မောင်လေ။ ဒီလောက်အရာရာပြည့်စုံနေမှတော့ ကောင်မလေးတွေ‌‌ေမာင့်ကိုကြွေတာ မဆန်းပါ။ ကျွန်မသည်လည်း မောင့်ခြေဖျားမှာ ကျေကျေနပ်နပ်ကြီး ကြွေချခဲ့တဲ့ သစ်စိမ်းရွက် ပဲမလား။

"အင်း ကိုယ့်မေဂျာပဲဟာ  လာအားပေးရမှာပေါ့ ဆုရည်နဲ့လာခဲ့မယ်လေ"
"မုန့်၀ယ်ကျွေးရမယ်နော် ကိုယ့်ကို ။အအေးပါ၀ယ်ခဲ့ တခြားစီနီယာအကိုတွေက သူတို့ကောင်မလေးတွေက၀ယ်လာမှာရယ်။ ငါအားငယ်လို့ပါ ။နော် ငြိမ်း"

မျက်နှာကိုအမျိုးမျိုးအရောင်ခြယ်တတ်သောမောင်ပါပေတည်း။သနားစရာမျက်နှာလေးကို မျက်လုံးထဲရိုက်သွင်းပေးလိုက်သောကြောင့် ဘောလုံးကွင်းရှိရာသို့ ကလေးအစာကျွေးရန် ဆုရည်နဲ့အတူ ထွက်လာရပြန်သည်။

ဘယ်နေရာမှ စာဖတ်တာလောက်စိတ်မ၀င်စားခဲ့သော ကျွန်မသည် မောင်နဲ့ပတ်သက်လျှင်တော့ အရာအားလုံးသဘောကျသည်။
ကျောနံပါတ် 9 ၊ HLN ။
မောင့်နောက်ကျောကနာမည်က HLNတဲ့။

မဖြစ်နိုင်မှန်းသိပေမဲ့ N က ကျွန်မအတွက်သာဆိုလျှင် ဘယ်လောက်တောင်ကောင်းလိုက်မလဲကွယ်။ မောင်နဲ့ခင်တဲ့ အမ‌ချောချော‌တွေထဲကများလား။ မောင့်အပေါင်းအသင်းများစွာ‌တွေထဲကမှ မနက်တိုင်း မနက်စာအတူစားခွင့်ရတာက ကျွန်မတစ်ယောက်ထဲဆိုတော့ N က ကျွန်မဖြစ်နိုင်တယ်လို့ ထင်ခွင့်‌လေးတော့ ရှိတယ်မလား မောင်။

"ငြိမ်း ‌ဒါလေးဖောက်ပေးဦး"
နှစ်ယောက်တည်းဆို သူဖောက်ပေးနေကျ ရေဘူးကို လူတွေရှေ့ကျ ဂရုစိုက်ခံချင်နေတဲ့ ‌ကလေးစုတ်လေး ပါ။

"ပိုက်ရောတပ်ပေးလိုက်မယ် ။ရော့ ။သူ့အားကြီးနဲ့ မဖွင့်နိုင်တာဆိုတော့"

မျက်စောင်းတစ်ချက်ထိုးရင်း မောင့်ကို ရွဲ့လိုက်သည်။ မောင်က ထုံးစံအတိုင်း ပါးခြိုင့်နဲ့အတူ သွားချွန်ညီညီလေးတွေပေါ်အောင် ပြုံးပြရင်း လက်ဆောင်ပြန်ပေးသည်။ အပြုံးတွေသာ သိမ်းထားလို့ရရင် ကျွန်မ ကမ္ဘာကြီးက မောင့်အပြုံးတွေနဲ့ပြည့်နေ‌‌ေတာ့မှာ တကယ်။

     ဒီ...ဒီ...ဒီ
ကျောင်းကအပြန်ဆိုင်ကယ်ပေါ်မှာ မောင်များ ဘာမေ့လို့ပါလိမ့်။မောင့်ဆီကပဲ။

"ဟလို ပြော "

"ငြိမ်း‌ အားလား အားရင် ခဏနေ လာခေါ်မယ်လေ လျှောက်လည်ရအောင်"

ကျောင်းဆင်း၍ အဆောင်ရောက်ရင် တစ်နေကုန်ကျောင်းတက်ရတာ‌ပင်ပန်းလို့အမြဲအိပ်တယ်လို့ မောင်ပြောဖူးသည်။ ထူးထူးဆန်းဆန်းလျှောက်လည်မည်ဆိုပါလား။ ကျောင်းထဲ မဟုတ်ပဲ မောင်နဲ့အတူ အပြင်သွားရမှာ ပထမဆုံးဖြစ်၍ ရင်တွေတုန်ရပြန်ပါပြီ။

        "သေချာကိုင်ထားနော် ငြိမ်း။ ကျောင်းက နီးလို့ဖြေးဖြေးမောင်းတာ အခုက မမှောင်ခင် အဆောင်ပြန်ရမှာဆိုတော့ နည်းနည်း အရှိန်တင်မယ်နော်"

ပုံမှန်ဆိုဘာမှမကိုင်ပဲထိုင်လိုက်နေကျ။
ဒီတစ်ခါတော့ကိုင်ရတော့မည် ။မကောင်းတဲ့ အကျင့်က ဆိုင်ကယ်ကိုမကိုင်တတ်ခြင်း ။လူကိုကိုင်ရတော့မည်။

welcome တုန်းက မောင့်လက်ကိုကိုင်ဖူးပေမဲ့ မောင့်ကိုမထိရဲ။ မောင်ကတော့ကျွန်မကိုတွေ့တိုင်း ခေါင်း‌လေးပုတ်ပေးပွတ်ပေးတတ်ပေမဲ့ ကျွန်မက ရင်ခုန်နေရသူမလား ။

ဖြူစင်တဲ့သူ မဟုတ်လေတော့ မောင့်ကို
စထိဖို့ရာ မဝံ့ရဲ။‌‌ဇောချွေးပြန်နေတုန်း ဆိုင်ကယ်မောင်းနေတဲ့ မောင့်လက်တစ်ဖက်က ကျွန်မလက်ကိုဖြတ်ခနဲဆွဲယူကာ မောင့်ဗိုက်ချပ်ချပ်လေးအပေါ်သို့ နေရာတကျ ထားပေးလေသည် ။

‌ဆိုင်ကယ်လေးကား ပို၍ အရှိန်မြင့်စွာ ကခုန်လေတော့သည်။ ‌ကောင်လေးနောက်မှ သွားတက်ကလေးများပေါ်နေအောင် ပြုံးလျှက်ရှိသော ကောင်မလေးရယ်၊ နောက်ကြည့်မှန်မှ တစ်ဆင့် ကောင်မလေးကိုကြည့်ပြီး ပြုံးနေတဲ့ပါးခြိုင့်လေးနဲ့ကောင်လေးရယ် ကျောက်ဆည်_မန်းတလေးလမ်းကနေ 16.8.19 ရက်က ရွှေသိမ်တော်ဘုရားဆီသို့ သွားခဲ့ကြသည်။

         profileမထားဖူးခဲ့တဲ့ကျွန်မ facebook accountမှာ မောင်ကိုယ်တိုင်ရိုက်ပေးပြီး မောင်ကိုယ်တိုင် uploadပေးခဲ့တဲ့ ရွှေသိမ်တော်ဘုရားမှာ လက်အုပ်မိုးနေတဲ့ပုံလေးရှိနေပြီ။ ‌မရိုက်တတ်ရိုက်တတ် ကျွန်မရိုက်ပေးထားတဲ့ ပုံကို သဘောတွေကျပြီး profile ပါထားထားတဲ့မောင်။

ဆုရည်ကတော့ ကျွန်မတို့ကို ချစ်သူဖြစ်ပြီလားတဲ့။ ဟင့်အင်းပေါ့ ။ ကျွန်မတို့ တတွဲတွဲ အတူသွားအတူစားလာတာ ပထမနှစ်တောင်ပြီးတော့မယ်။ မောင်က ကျွန်မက သဘောကျသလား ရင်ခုန်သလား ကျွန်မမသိ။ မတွေးရဲ ။မောင့်မှာ ချစ်ရမဲ့သူ ပေါ်လာရင်ရော ကျွန်မ နဲ့ မနက်စာစားပါဦးမလား။ ကျွန်မကအရင်ဖွင့်ပြောလိုက်ရမလား‌ မောင် ။ ဟင့်အင်း မောင်က ငြင်းလိုက်မှဖြင့် သူငယ်ချင်းအဖြစ်နဲ့တောင် မောင့်အနားမှာ နေခွင့်မရပဲနေမှာပေါ့။ အဲ့တော့ ကျွန်မလုပ်နိုင်တာက မောင်လိုအပ်တဲ့ချိန်ထိ မောင့်ဘေးမှာ အမြဲရှိနေမှာ‌ပါ ကွယ် ။

ကျောက်ဆည်မှာမရောက်ဖူးတဲ့နေရာမရှိရအောင် ဆိုတဲ့မောင့်စကားနဲ့အတူ ‌‌ပိတ်ရက်တိုင်းမောင်နဲ့လျှောက်လည်ခွင့်ရတယ်။ တခြားသူငယ်ချင်းတွေနဲ့ မောင်ရောက်ပြီးသား‌‌ေနရာ‌ေတွလည်း ကျွန်မနဲ့နောက်တစ်ခေါက် ထပ်လည်‌တဲ့မောင်ပါ။
ကျွန်မမှာသူငယ်ချင်းဆိုလို့ မောင်နဲ့ဆုရည်ပဲရှိတယ်ဆိုတာမောင်သိတယ်လေ။မောင်ကတော့ အတန်းထဲကလူတွေနဲ့အကုန်ခင်တယ်။ ကျွန်မကတော့ ရင်းနှီးဆုံးလို့ ကိုယ့်ဟာကိုယ်ခံယူလိုက်တယ်‌‌ေနာ်မောင်။

စာမေးပွဲနီးပြီ။ မောင်က roll1 နဲ့ ကျောင်းကို၀င်ခဲ့ပေမဲ့ စာတော့လိုက်မလုပ်‌ပါချေ။
ကျွန်မ တတ်နိုင်သမျှမှတ်ထားသောမှတ်စုများကို မောင့်ဖို့မိတ္တူစွဲရတော့သည်။ ကျောင်း၀န်းထဲက ခုံဝိုင်းလေးတွေ‌မှာ စာစုလုပ်သူများ ဟိုဟိုဒီဒီရှိနေသည်။ သကောင့်သား‌လေးမောင့်ကို စာရှင်းပြရန် နေရာ ထပ်ရှာရပြန်သည်။ နောက်မှာတော့ လွယ်အိတ်နှစ်လုံးလွယ်ကာ ‌မုန့်ရေဘူးအပြည့်အစုံနှင့် မောင်တစ်ယောက်က ကျွန်မစေရာ လုပ်မည်အနေအထားဖြင့်အသင့်ရှိနေ၏။ပုံစံအမျိုးမျိုးချိုးတတ်တဲ့မောင်က  ချစ်စရာ သနားစရာကောင်းသော ပုံစံလုပ်နေသဖြင့် ကျွန်မမှာဖြင့် မောင့်အတွက်ဟဲ့ ဆိုတဲ့မာန်တွေ အလိုလို၀င်ချေပြီ။ မောင့်အတွက် စာပိုကြည့်ရမည်။ ဒါမှမောင့်ကိုရှင်းပြနိုင်မည်။ မောင်စာမေးပွဲအောင်ဖို့အရေး ငါ့အရေးမဟုတ်ပါလား။

‌စာကုန်းရေးနေတဲ့ မောင့်မျက်နုနုကိုအပေါ်စီးကနေ အနီးကပ်မြင်ခွင့်ရခဲ့တယ်။ စာလုပ်တော့မှ မျက်မှန်ကောက်တပ်တဲ့ မောင်မင်းကြီးသားကြောင့် မောင်မျက်လုံးအားနည်းတာ အခုမှပင်သိရတော့သည်။

"ခါတိုင်းမျက်မှန်မတပ်တော့ နင်မြင်ရလို့လားဟယ်"

"မြင်ရပါတယ် အနီးမှုန်လေ စာကြည့်ရင်သာ မမြင်ရတာ"

မျက်မှန်နဲ့ တစ်မျိုးဆန်းကာကြည့်ကောင်းနေသော မောင့်ကြောင့် ခုန်နေတဲ့ ရင်ကို အသေဖိ ပြီး စာထဲ အာရုံနှစ်ရတော့၏။ တစ်ချက် တစ်ချက် မျက်မှန်အောက်က မျက်၀န်းလဲ့လဲ့တို့နဲ့ ဆုံမိပြန်တော့ ပထမဆုံး အကြည့်လွှဲခဲ့ရသည်က ကျွန်မ။ စူးရဲရဲ မောင့်အကြည့်တို့ကို ရင်မဆိုင်ရဲပါ။

           နောက်ဆုံးစာမေးပွဲပြီးတော့
မောင့်ကိုပင်မနှုတ်ဆက်နိုင်ခဲ့ ။ အဖေကအစောကြီးအကြိုရောက်နေသောကြောင့် မောင့်ကိုစောင့်ပြီး
မနှုတ်ဆက်တော့ပဲ အိမ်သို့ပြန်လာခဲ့ရသည်။

ကျောင်းပိတ်တဲ့နှစ်လလေးမှာတော့ မောင့်ကိုချည်း သတိရနေ‌ေတာ့သည်။ တစ်သက်လုံးများဝေးရရင် ငါဘယ်
နှယ့်လုပ်ရပါ့မလဲ မောင်။ မောင့်ကိုလွမ်းတိုင်း ကော်ဖီခါးခါးသောက်တယ်။ မောင့်ကိုလွမ်းတိုင်း ဆိုင်ကယ်စီးတယ်။ မောင်ကြိုက်တဲ့ အညာမုန့်တွေ စားနေမိတယ် ။မြေပဲကြိုက်တဲ့မောင့်အတွက် အမေ့ကို ကျောင်းပြန်ဖွင့်ရင်မြေပဲကြော်ပေးလိုက်ဖို့ပူဆာရသေး ။ အမေကတော့ သူ့သမီး‌မြေပဲမကြိုက်တာ သိတယ်တဲ့လေ။

မောင်က‌ တော့သိပ်နေနိုင်သည်။ massageတစ်စောင်တောင် ရောက်မလာပါ။ မောင် ကျွန်မကို လုံး၀သတိမရတာလား မောင်ရယ်။

Continue Reading

You'll Also Like

853K 9.3K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...
222K 438 21
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
43.7K 1.3K 16
သူဘယ်သူမှန်း မသိလဲ ချစ်ခွင့်ရှိတယ်မလားးး။ ဘယ်သူတွေ ကိုယ့်ကို ရူးပါတယ် ထင်ထင်။ သူ့ကိုပဲ ချစ်နေမယ်။ ယသော်ထက်
66.6K 1.7K 23
🌸ဦးမုန်းသောကျေးကျွန်ဇနီးငယ်🌸 စံအိမ်၏အရှင်သခင် သြဇာအာဏာအပြည့်ဖြင့် လူအများ၏လေးစားအားကျမှု့ကို အပြည့်အဝခံစားရသောသူ မဟာမိတ် စံအိမ်ထဲမှာ၁၉နှစ်ကြာ အစေခ...