အချစ်ဦး (အခ်စ္ဦး) (Complete...

By shanemann622

57.8K 5.4K 337

အချစ်ဦး သို့မဟုတ် ငယ်ချစ်ဦး အခ်စ္ဦး သို႔မဟုတ္ ငယ္ခ်စ္ဦး More

part 1(z+u)
part 2(z+u)
part 3(z+u)
part 4(z+u)
part 5(z+u)
part 6(z+u)
part 7(z+u)
part8(z+u)
part 9(z+u)
part10(z+u)
part 11(z+u)
part 12(z+u)
part 13(z+u)
part 14(z+u)
ကျေးဇူးတင်လွှာ
Extra
Extra (z+u)

part 15(z+u)

4K 328 28
By shanemann622

(ချက်ချင်းရေးပြီး တင်လိုက်တာကြောင့် စာလုံးပေါင်း မစစ်ထားဘူးဗျ။)

အချိန်အားဖြင့် တစ်ပတ်ကျော်ကြာသွားခဲ့ပြီ။ ပြန်လာမယ်လို့ပြောသူဟာ အခုထိရောက်မလာခဲ့။ မကြာခဏဖုန်းပြောဖြစ်ကြပေမယ့် စာမေးပွဲကိစ္စတွေရယ် သော်စစ်ဘက်က မအားလပ်တာတွေရယ်တော့ ဖုန်းပြောရတဲ့ရက်တွေဟာ ၃ရက်မျှသာရှိပါသည်။ ယခုသည် စာမေးပွဲကာလပြီးဆုံးပြီဖြစ်၍ ဒီဇင်ဘာသည် သော်စစ်အား ရက်အနည်းငယ်စောင့်ပါသော်လည်း သော်စစ်သည် ပြန်ရောက်မလာခဲ့ပါ။ ဖုန်းခေါ်ရာတွင် စက်ပိတ်ထားသဖြင့် တဖြည်းဖြည်း စိတ်ပူလာသည်။ တစ်နေ့တစ်နေ့ စိုက်ခင်းရေလောင်းလိုက် ပန်းပင်ရေလောင်းလိုက်နှင့် ချစ်သူမရှိသည့် နေ့ရက်တွေကို စိတ်မပါစွာဖြတ်သန်းနေရသည်။ ထို့ကြောင့် သူအထုတ်ပြင်ရာ ချစ်သူရှိရာသို့ လိုက်သွားမည်ဟု တွေးတော၍ အကောင်အထည်ဖော်လိုက်၏။

တစ်ရက်ခန့်ကားစီးပြီးသည့်အခါ မှတ်ဥာဏ်ထဲ၌ ဝိုးတဝါးရှိနေသော လမ်းလေးကို ဂရုတစိုက်သွားရသည်။ အိမ်တွေသည်လည်း တိုးတက်ပြောင်းလဲလာ၍ ဒီဇင်ဘာသည် သော်စစ်အိမ်ကို အချိန်အတော်ကြာ ရှာယူလိုက်ရသည်။ သော်စစ်အိမ်က အရင်ကကဲ့သို့ မပြောင်းမလဲပင်ဖြစ်ပြီး ခြံထဲရှိသရက်ပင်အကြီးကြီး၌ သရက်သီးများဝေဝေဆာလျက်ရှိသည်။ ဒီဇင်ဘာသည် အိမ်ထဲသို့ ဝေ့ကြည့်ကာ ခြံစည်းရိုးအုတ်တိုင်မှ လူခေါ် ခေါင်းလောင်းခလုတ်အား နှိပ်လိုက်သည်။ နှစ်ချက်သုံးချက် နှိပ်ပြီးသည့်နောက်မှာ အိမ်ထဲမှ ကောင်မလေးတစ်ယောက်သည် ပြေးထွက်လာ၏။

" ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ "

ကောင်မလေးသည် သူ့ကို ကြည့်ကာ မျက်ဝန်းတောက်တောက်တို့ဖြင့် စူးစမ်းလျက်ရှိသည်။

" သော်စစ်နိုင်နဲ့ပါ သူရှိလားမသိဘူး "

"ကိုကိုက မေမေနဲ့အပြင်ခဏသွားတယ်ရှင့် "

" အာ....ဒါဖြင့် ကျွန်တော် စောင့်လိုက်ပါ့မယ် "

ကောင်မလေးက လူစိမ်းမို့ တံခါးမဖွင့်ပေးပါ။ လက်ဆွဲအိတ်တစ်အိတ်ကိုင်ထားသည့် သူ့ပုံစံနှင့် ရုပ်ရည်ကိုကြည့်ကာ လူကောင်းလား လူဆိုးလား ခွဲခြားနေပုံရသည်။ ထို့ကြောင့် ဒီဇင်ဘာက အလိုက်သိစွာပဲ အိမ်ထဲမဝင်ဘဲ ခြံရှေ့ရှိ အုတ်ခုံလေး၌ ထိုင်စောင့်လိုက်သည်။ ထိုအခါ ကောင်မလေးက အားတုန့်အားနာဖြစ်သွားပြီး ခေါင်းလေးကုတ်ကာ အိမ်ထဲပြေးဝင်သွား၏။

ရန်ကုန်နေသည် အတော်ပင်ပူလှသည်။ အအေးပိုင်းမှ လာသည့် သူ့အတွက် အပူဒဏ်က နည်းနည်းတော့ စိတ်ညစ်စရာကောင်းလှ၏။ ဒီဇင်ဘာသည် အရိပ်အနည်းငယ်ရသော အုတ်ခုံထောင့်စွန်းလေးတွင် ထိုင်နေသော်လည်း ချွေးများက နားထင်မှ စီးကျလာကာ ကျောပြင်တစ်လျှောက်လည်း စိုရွဲနေသည်။

" ဟို ကိုကို့ကို ဖုန်းဆက်ပေးထားတယ် လာနေပြီလို့တော့ ပြောတယ် "

ကောင်မလေးက ခဏကြာတော့ အိမ်ထဲမှ ပြေးထွက်လာ၍ လာပြောလေသည်။ ဒီဇင်ဘာက ပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သိပ်မကြာလိုက်ပါ။ အိမ်စီးကားလေးတစ်စီးသည် သူထိုင်နေသည့် ခြံရှေ့၌ ထိုးရပ်သွားသည်။ သူသည် ခေါင်းကိုမော့ကို ကြည့်လိုက်ရာတွင် ကားထဲမှ သော်စစ်နိုင်သည် အံ့သြနေဟန်ဖြင့် သူ့နားသို့ ခပ်မြန်မြန်ရောက်လာ၏။

" မင်း ဘယ်လိုဖြစ်ပြီး "

" မင်းကိုမှ အဆက်အသွယ်မရတာ ။ ဒါကြောင့်ကိုယ် စိတ်ပူလို့လိုက်လာတာ ။ မင်းဘယ်ကိုသွားသွား ၊ ဘယ်နေရာရောက်ရောက် ကိုယ်မင်းဆီ အရောက်လာမှာပဲ  "

ထိုစကားကို ဒီဇင်ဘာက ခပ်တိုးတိုးလေး ကပ်ပြောလိုက်သည်။ သူကတစ်ဆက်တည်းမှာပဲ ကားပေါ်မှဆင်းလာသည့် သော်စစ်မေမေအ ကြည့်ကာ ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

" အန်တီ မတွေ့တာကြာပြီနော် ။ နေကောင်းရဲ့လားဗျ "

သော်စစ်အမေသည် ဒီဇင်ဘာအား မမှတ်မိသောကြောင့် သူမက ပြုံး၍ ခေါင်း​ငြမ့်ပြသော်လည်း ဇဝေဇဝါဖြင့် စိုက်ကြည့်နေသေးသည်။ ထို့ကြောင့် ဒီဇင်ဘာက သူမ အနားသို့သွားကာ ပြုံး၍

" ကျွန်တော့်ကို မမှတ်မိဘူးထင်တယ် ။ ကျွန်တော် ဒီဇင်ဘာလေ ။ အထက်တန်းတုန်းက သော်စစ်သူငယ်ချင်းပါ ။ ဒီအိမ်မှာတောင် စာခဏခဏလာလုပ်ဖူးတယ်လေ အန်တီ "

"သြော်......မင်းကို ။ အရပ်ကြီးရှည်ပြီး ချောလာတော့ အန်တီက မမှတ်မိလိုက်ဘူးကွယ် စိတ်မရှိနဲ့နော် "

" ဟုတ် ရပါတယ် ။ အန်တီလည်း ပိုလှလာတယ်ဗျ "

ဒီဇင်ဘာသည် ရိုရိုကျိုးကျိုးပင်ချီးကျူးလိုက်တော့ သော်စစ်အမေက သဘောကျစွာရယ်လေသည်။

" မဟုတ်တာကွယ် အန်တီကအဖွားကြီးဖြစ်နေပါပြီ ။ လာ သားအထဲဝင်အုံး "

သူတို့ သုံးယောက်အား နံဘေးမှရပ်ကြည့်နေသည့် ကောင်မလေးက ခြံတံခါးကို ခပ်မြန်မြန်ဆွဲဖွင့်၍ သော်စစ်လက်ထဲမှ မုန့်အိတ်ကို ဆွဲယူလိုက်သည်။

" သွားနှင့် ငါကားထည့်လိုက်အုံးမယ် "

သော်စစ်သည် ဒီဇင်ဘာအား လှမ်းပြော၍ ကားကိုခြံထဲသို့ ထည့်လိုက်သည်။

ကားထဲမှထွက်လာတော့ အိမ်ထဲမဝင်ခင်မှာပင် ခုနက ကောင်မလေးက အနားရောက်လာပြီး ခပ်တိုးတိုးကပ်မေးသည်။

" ကိုကို အဲ့ဒါ ကိုကို့ကောင်လေးလား "

သော်စစ်သည် အနည်းငယ်တော့ လန့်သွား၏။ သူဂေးဆိုတာကို သူ့မိဘနှင့် ဒီကောင်မလေးသာသိသည်။ ဒီကောင်မလေး၏ နာမည်သည် ​လမင်းအိမ် ဖြစ်ပြီး အိမ်ခေါ်နာမည်က သဲသဲဖြစ်သည်။ သော်စစ်က သူမအား အသည်း (သို့) သဲတုန်လို့ ခေါ်လေ့ရှိသည်။ သူမသည် သော်စစ်၏ ညီမဝမ်းကွဲဖြစ်သော်လည်း သူမ၏ မိဘတွေကားမှောက်၍ ဆုံးပါးသွားသဖြင့် သော်စစ်၏ အမေက စာချုပ်စာတမ်းဖြင့် တရားဝင်မွေးစားလိုက်သည်။ ထိုအချိန်က သူမသည် အရမ်းငယ်လေးပြီး သော်စစ်မှာ ညီမလေးအရင်းတစ်ယောက်ရလိုက်သလို ပျော်ရွှင်၍ချစ်ရှာသည်။ သူမက မွေးကတည်းချစ်စရာမျက်နှာလေးဖြင့် ချစ်မွှေးပါသည်မို့ သော်စစ်တို့ တစ်မိသားစုလုံးက သွေးအရင်းလိုချစ်ရ၏။ သူမသည် အငယ်ဆုံး အဆိုးဆုံးလည်းဖြစ်သည်။

" ကိုကို ညီမလေးမေးတယ်လေ အဲ့ဒါ ကိုကို့ကောင်လေးလားလို့ "

သော်စစ်က မဖြေသဖြင့် သူမက စိတ်မရှည်စွာပင် အသံနည်းနည်းကျယ်၍ မေးလာသည်။ ထိုအခါ သော်စစ်က သူမ ပါးစပ်ကိုခပ်မြန်မြန်လှမ်းပိတ်လိုက်ရသည်။

" မေမေကြားသွားမယ်ဟ နင်ဘယ်လိုဖြစ်နေတာလဲ ။ သွား နင့်ယောင်္ကျားသွားခေါ် ဝယ်လာတဲ့ ကိတ်မုန့်ဘူးတွေလာသယ်လို့ သွား "


" ဟွန့် သူများယောင်္ကျားကိုပဲ ခိုင်းစားနေကြတယ် "

ဟုတ်ပါသည်။ လမင်းအိမ်က အိမ်ထောင်သည်လေးပါ။ ယောင်္ကျားနောက်လိုက်သွားတာ သူမလေးပါပဲ။ အသက် ၂၀ ကျော်သာရှိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတာပင်။ သူမယောင်္ကျားကလည်း သူမနှင့် အသက်တူတူမို့ ငယ်ရွယ်ပြီး သည်းသည်းလှုပ်နေသည့် ထိုအိမ်ထောင်သည်ပေါက်စလင်မယားကို သော်စစ်နည်းနည်းမှ ကြည့်မရပေ။

သော်စစ်အိမ်ထဲဝင်သွားသောအခါ ဒီဇင်ဘာနှင့် သူ့အမေသည် ဧည့်ခန်း၌ စကားပြောနေကြ၏။သော်စစ်သည် မလုံမလဲဖြင့် သူ့မေမေ မျက်နှာအား ခိုးကြည့်ကာ အကဲခပ်လိုက်သော သူမ မျက်နှာသည် ပုံအတိုင်းပင် ။ ထူးခြားမှုမရှိ။

" ဒါဆို သားဘယ်မှာ တည်းမှာလဲ "

" ဟုတ် အားတော့နာပါတယ် အန်တီ ။ ဖြစ်နိုင်ရင် ကျွန်တော် ဒီမှာတည်းလို့ရမလားဗျ ။ သော်စစ်နဲ့လည်း မတွေ့တာကြာပြီဆိုတော့လေ "

ထိုစကားကြောင့် သော်စစ်အမေသည် စဥ်းစားဟန်ဖြင့် ငြိမ်သွား၏။ သို့သော် သူမက ချက်ချင်းပင်ပြုံး၍ ခေါင်းငြိမ့်ပြသည်။

" ရပါတယ် ။ သားရဲ့ဘေးအခန်း လွတ်တာပဲ ။ အဲ့မှာ နေလို့ရတယ်။ ကဲ ခရီးပန်းလာတော့ နားလိုက်ပါအုံး "

ယခုအချိန်ထိ သော်စစ်သည် မည်သည့်စကားကိုမျှဝင်မပြောဘဲ ဘေး၌ထိုင်ကာ ငြိမ်နေသည်။

" သား သူငယ်ချင်းကို နေရာလိုက်ပြလိုက်ပါအုံး။ "

သော်စစ်က ခေါင်းငြိမ့်ကာ ဒီဇင်ဘာ၏ အိတ်ကိုဆွဲပြီး အခန်းရှိရာသို့ ဦးတည်လိုက်သည်။ ဒီဇင်ဘာသည် သော်စစ်နောက်မှ လိုက်လာ၍ အခန်းထဲရောက်သည်နှင့် တံခါးပိတ်ကာ သော်စစ်အား တံခါး၌ ကပ်၍ ဖိနမ်းလိုက်သည်။ သူ၏အနမ်းက ကြမ်းတမ်းသည် ။ အလျှင်လိုသည်။ အလွမ်းဓာတ်လည်းပါသည်။ သော်စစ်က မိမိနှုတ်ခမ်းများအား အငမ်းမရစုပ်ယူနေသည့် ချစ်သူကို အသာတွန်းလိုက်သော်လည်း ဒီဇင်ဘာသည် နည်းနည်းပင်မလှုပ်ပါ။ သူ့ခါးအား သန်မာအားကောင်းသော လက်ဖြင့်သိမ်းဖက်၍ တံခါး၌ ဖိကပ်ထားသည်။ ခံတွင်း၌ ဝင်လာသည့် လျှာကလည်း သော်စစ်လျှာအား ရစ်ပတ်နေသည်။ မွတ်သပ်ပြီး ကြမ်းတမ်းသော အနမ်းတို့ကြား သော်စစ်သည် အသက်ရှူကြပ်လာ၍ ဒီဇင်ဘာ၏ ပခုံးကို နှစ်ချက်မျှ ရိုက်ကာ ရပ်စေလိုက်သည်။

အနမ်းတို့ရပ်သွားသည့်အခါ နှစ်ယောက်သား မောဟိုက်နေကြပြီး ပျက်လပ်သွားသည့် အောက်စီဂျင်ကို အသည်းအသန်ရှူသွင်းနေကြ၏။ ထို့နောက် ဒီဇင်ဘာက သော်စစ်အား ရင်ခွင်ထဲသို့ ထည့်ကာ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။

" ကိုယ်မင်းကို အရမ်းလွမ်းနေတာ "

" ငါလည်း မင်းကိုလွမ်းတာပေါ့ "

သော်စစ်၏ စကားကြောင့် ဒီဇင်ဘာသည် မျက်မှောင်ကျုံ့သွားကာ လူချင်းခွာ၍ သော်စစ်အား စိုက်ကြည့်လိုက်သည်။

" လွမ်းတယ်ဆို ဘာလို့ အဆက်အသွယ် ဖြတ်ထားတာလဲ ။ ကိုယ်ဘယ်လောက်စိတ်ပူနေလဲဆိုတာ သိရဲ့လား "

" ငါ့ဖုန်းက ပျက်သွားတာ ။ငါ့ ယောက်ဖကို ဒေါသထွက်ပြီး ဖုန်းနဲ့ပစ်ပေါက်မိတာကြောင့် ငါ့ဖုန်းက နံရံနဲ့ ထိပြီးတစ်စစီဖြစ်သွားရောပဲ။ ပြီးတော့ ပြန်အပ်တဲ့ ကိစ္စတွေနဲ့ မင်္ဂလာဆောင် ကိစ္စတွေကြောင့် အလုပ်ရှုပ်ပြီး ဖုန်းအသစ်မဝယ်ဖြစ်သေးတာ "

သော်စစ်က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပြီးနောက် ဒီဇင်ဘာ၏ ပါးပြင်ကို အနမ်းတစ်ချက်ပေးလိုက်သည်။ ထိုအခါ၌ မျက်မှောင်ကျုံ့နေသူသည် ချက်ချင်းပြုံးလာ၏။

" ကိုယ်က မင်းကိုစိတ်ပူလို့သာ မစဥ်းစားပဲလိုက်လာတာ ။ ဒီမှာ ကိုယ်နေလို့ အဆင်ပြေပါ့မလား "

" အင်း ပြေမှာပါ ။ နားလိုက်အုံးနော် ညနေ ထမင်းစားရင်လာခေါ်လိုက်မယ် ။ အိပ်လိုက်အုံး "

သော်စစ်သည် စကားမြန်မြန်ဖြတ်၍ ​ထိုအခန်းထဲမှ ပြန်ထွက်လာသည်။ ထို့နောက် သူ့မေမေ အခန်းထဲသို့ အလိုက်သိစွာပင် ဝင်သွားလိုက်၏။ အခန်းထဲ၌ သူမသည် ကုတင်ပေါ်၌ လှဲကာနေသည်။

" သား ဟိုကိုအရမ်းပြန်​ချင်နေတာ အဲ့ကောင်လေးကြောင့်လား "

သူမက မျက်လုံးများ မှိတ်ထားလျက်ပင် ပြောလိုက်သည်။ သော်စစ်က သူမခြေရင်း၌ ဝင်ထိုင်၍ မိခင်၏ ခြေဖဝါးတို့ကို နှိပ်နယ်ပေးရင်းဆိုလာသည်။

" ဟုတ်တယ် မေမေ ။ သူက သားချစ်သူပါ "

သားဖြစ်သူ၏စကားကြောင့် သူမသည် တသိမ့်သိမ့်တုန်လာကာ ငိုကြွေးတော့သည်။

" မေမေ မငိုပါနဲ့ "

"နင် ငါ့ကို ဒီလိုပဲ စိတ်ဆင်းရဲစေချင်တာလား သော်စစ်ရယ် ဟင် နင် ဒီအမေအတွက် မစဥ်းစားတော့ဘူးလား "

သူမက ငိုကြွေးရင်း ဝမ်းနည်းစွာပြောလေသည်။ သော်စစ်က သူမ နားတိုးသွားပြီး မျက်ရည်များသုတ်ပေးကာ ကြမ်းပြင်၌ ဒူးထောက်လိုက်သည်။

" မေမေ့ကို စိတ်ဆင်းရဲအောင် လုပ်မိလို့ သားတောင်းပန်ပါတယ် ။ ဒါပေမယ့် မေမေသားကို မိန်းမပေးစားရင်လည်း သားစိတ်ဆင်းရဲနေရမှာ။ သားအပြင် တစ်ဖက်မိန်းကလေးပါ စိတ်ဆင်းရဲရမှာ မေမေ။ သာယာတဲ့အိမ်ထောင်ရေးဖြစ်လာမှာမဟုတ်ဘူး။ သား သူနဲ့ဆိုရင် ပျော်တယ် ။ သား သူ့ကိုချစ်တယ် ။ သူနဲ့ပဲ တစ်သက်လုံးနေသွားချင်တယ် "

သူမက သော်စစ်ကို ကြည့်ကာ ငိုသံတို့သည် တစ်စတစ်စကျယ်လာ၏။

" မေမေ့သားက ဂေးတစ်ယောက်လေ ။ဒါကြောင်​့ မေမေစီစဥ်နေတာတွေ ဖြစ်လာမှာမဟုတ်ဘူး ။ မေမေ သားတို့ကိုလက်ခံပေးဖို့ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖေဖေဆုံးပြီးကတည်းက သားမှာ မေမေပဲရှိတော့တာလေ။ မေမေ ကောင်းချီးပေးတာတော့ သားလိုချင်တယ်။ "

" နင် တကယ်ပဲ အဲ့ကောင်လေးနဲ့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ပြီးပြီလား ။ ဒီအမေ သေသွားရင်တောင် နောက်မဆုတ်ဘူးပေါ့လေ "

" မေမေ မသေပါဘူး ။သားကို မခြိမ်းခြောက်ပါနဲ့။  မေမေရယ် သားလည်းပင်ပန်းနေပြီ။ မေမေလည်း ပင်ပန်းနေပါပြီ။ သားရဲ့ ဖြစ်တည်မှုက ပြုပြင်လို့မှမရတာ "

ထိုစကားကြောင့် သူမသည် မျက်ရည်ကျလျက် ငြိမ်သက်သွားသည်။ သော်စစ်က သူမကို ဖက်၍ နှစ်သိမ့်သောအခါ သူမသည် ငြိမ်သက်လျက်ပင်ရှိနေသည်။

" သားတောင်းပန်ပါတယ် ။ မေမေ့အတွက် သားလိမ္မာမဖြစ်နိုင်တဲ့အပြင် အရှက်ရစေခဲ့မိလို့ "

" မနက်ဖြန် သားပြန်လိုက်သွားပါ "

" မေမေ "

သူမသည် အားပျော့သော အသံဖြင့်ဆို၍ တစ်ဖက်သို့ လှည့်သွားကာ ထပ်၍ စကားမဆိုပါ။  သော်စစ်သည် သူမနှင့် စကားပြောချင်သေးသော်လည်း တိတ်ဆိတ်စွာပင် အခန်းထဲမှ ထွက်သွားလိုက်သည်။

နောက်တစ်နေ့ မနက်ရောက်သောအခါ သော်စစ်သည် အထုတ်အပိုးများဖြင့် ဧည့်ခန်းထဲတွင် သူ့အမေအားစောင့်နေသည်။ သူအမေထွက်လာသည့်အခါ မျက်နှာသည် မနေ့ကကဲ့သို့ ဝမ်းနည်းရိပ်များမရှိပါ။ သူနှင့် ဒီဇင်ဘာက သူမအား ထိုင်ခိုင်းပြီး ကန်တော့လေသည်။ သူမသည် ဆုပေး၍ ဒီဇင်ဘာအား သေချာစိုက်ကြည့်လျက်

" အန်တီ့သားကို သေချာဂရုစိုက်ပေးပါ။ စိတ်ချမ်းသာအောင်ထားပါ။ ပြီးတော့ သစ္စာရှိပါ "

သော်စစ်သည်မနေ့က သူအမေနှင့် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာအားလုံးကို ညက ဒီဇင်ဘာအားပြောပြထားပြီးဖြစ်သည်။

" စိတ်ချပါ အန်တီ ကျွန်တော်သူ့ကို တကယ်မြတ်နိုးတာပါ "

သော်စစ်အမေသည် ခေါင်းငြိမ့်ပြ၍ သော်စစ်ဘက်သို့ ကြည့်ကာ

" သားက မေမေ့ကို ဘယ်တုန်းကမှအရှက်မရစေပါဘူးကွယ် ။ မေမေသေချာစဥ်းစားပြီးမှ စိတ်တွေလျော့လိုက်ပြီ ။ မေမေလည်း အသက်ကြီးနေပါပြီလေ။ သားတို့ မကြာမကြာလာလည်ပါ "

ထိုစကားကြောင့် သော်စစ်သည် မျက်ရည်ဝဲကာ ဝမ်းသာအားရဖြင့် သူ့မေမေအား ထ၍ ဖက်လိုက်သည်။ သားမိနှစ်ယောက် ဖက်ငိုနေကြသည့် မျက်ဝန်းက ရပ်ကြည့်နေသည့် လမင်းတို့လင်မယားပါ မျက်ရည်လည်စေသည်။ ထို့နောက် စိတ်မပြတ်နိုင်ဘဲ ပြန်မည့်အစီအစဥ်အားဖျက်၍ ရန်ကုန်တွင် နှစ်ပတ်ကြာအောင် နေဖြစ်လိုက်ကြသည်။

တစ်ည၌ ဒီဇင်ဘာသည် သော်စစ်အခန်းသို့လာ၍ ဒေါင်းဘယက်လေးတစ်ခု ပေးလာသည်။

" ဒါက ကိုယ့်အဖွားပေးခဲ့တဲ့ အမွေ ။ ကိုယ် ၁၀တန်းနှစ်မှာ ကိုယ့်အဒေါ်တွေနဲ့ ပြသာနာဖြစ်ပြီး အိမ်ပေါ်ကဆင်းခဲ့တယ် ။ နေရာမရှိ ဖြစ်နေတုန်းမှာပဲ ဟိုးငယ်ငယ်လေးကတည်းက ကိုယ့်ကို ကူထိန်းပေးခဲ့တဲ့ အဖွားတစ်ယောက်ကခေါ်ထားတယ်။ အဲ့အဖွားကတစ်ယောက်တည်းနေတာ သားသမီးမရှိတော့ ကိုယ့်ကိုချစ်တယ်။ အဖိုးကလည်း ဆုံးသွားတာကြာပြီ။ ကိုယ် အဖွားကိုစောင့်ရှောက်ရင်း အဖွားဆီမှာပဲ နေဖြစ်လာတယ်။ အဖွားက ကုန်စိမ်းရောင်းတယ်။ ကိုယ့်ကိုအဖွားပဲ ကျောင်းဆက်ထားပေးခဲ့တာ။ ကိုယ်က အဖွားကိုကူလုပ်ပေးရင်း ကျောင်းပြီးတဲ့အထိ နေလာခဲ့တာပဲ။ ရယ်ရသား ဆွေမျိုးအရင်းက လှည့်မကြည့်ခဲ့ပေမယ့် သူစိမ်းကတော့ သွေးအသားအရင်းလို စောင့်ရှောက်ပေးခဲ့တယ် "


သော်စစ်သည် စိတ်မကောင်းစွာဖြင့် ဒီဇင်ဘာ၏ ပါးပြင်အား ပွတ်သပ်ပေးလိုက်သည်။

" မင်း မိဘတွေရော "

" ကိုယ်မသိဘူး ။သိလည်းမသိချင်ဘူး ။ ကိုယ့်ကိုမလိုချင်လို့ စွန့်ပစ်သွားကြတဲ့သူတွေပဲလေ ။ အဖွားကပြောတယ် ဒီ ဘယက်လေးက အဖိုးပေးခဲ့တဲ့တစ်ခုတည်းသော ချစ်သက်လက်ဆောင်တဲ့ တစ်နေ့တစ်ချိန်မှာ ကိုယ် လက်ထက်ရမယ့်သူကို ဒါလေး ပေးရမယ်လို့ပြောသွားတယ် "

" ဒီတော့ ဘီဘီ ဒီဘယက်လေးကို လက်ခံပေးနိုင်မလား "

ထိုအခါ သော်စစ်သည် နှုတ်ခမ်းထောင့်လေးများတွန့်ချိုးသွားရင်း စိတ်လှုပ်ရှားစွားမေးလာသည်။

" အခု မင်းငါ့ကို လက်ထက်ခွင့်တောင်းနေတာလား "

ဒီဇင်ဘာက ပြုံးကာ ခေါင်းငြိမ့်ပြသည်။ ထို့နောက် ချက်ချင်းပင် ဒူးတစ်ဖက်ထောက်၍ သော်စစ်လက်ကို ဆုပ်ကိုင်လိုက်သည်။

" ကိုယ့်ကို လက်ထက်ပါ သော်စစ် "

သော်စစ်က မျက်စိရှေ့မှ ချောမောခန့်ညားသည့်ချစ်သူအား ကြည့်လျက် ကြည်နူးစွာပြုံး၍ခေါင်းငြိမ့်လိုက်သည်။

" အင်း ငါတို့ မနက်ဖြန်ပဲ လက်ထက်ကြရအောင် "

" တကယ်ကြီး! ! "

ဒီဇင်ဘာသည် အံ့သြနပန်းကြီးသွားရ၏။

" မနက်ဖြန် လက်ထက်ပြီးရင် ငါတို့နေရာကို တစ်ခါတည်း ပြန်ရအောင် "

ဒီဇင်ဘာသည် ပျော်ရွှင်လွန်းသဖြင့် သော်စစ်အား ခုန်အုပ်ကာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။

" ကောင်းပြီ ကိုယ်တို့ မနက်ဖြန် လက်ထက်ကြမယ် ဟားဟား "

အခန်းငယ်လေးအတွင်း ကောင်လေးနှစ်ယောက်၏ ရင်ခုန်သံတို့နှင့်အတူ ရယ်သံလွင်လွင်လေးများသည်လည်း ပျံလွင့်နေလေတော့သည်။





.........ပြီးပါပြီ.............

#2/7/21

# ကဲ အာလူးတို့ရေ အချစ်ဦးလေးကတော့ ဒီတင်ပြီးပါပြီဗျာ ။ ဒီနေ့ အပြီးတင်မယ်ဆိုပြီး ၂ပိုင်းအပြီး တစ်ခါတည်းရေးလိုက်တာ ကျနော် စာလုံးပေါင်းလည်း မစစ်လိုက်ပါဘူး။ ရေးပြီးပြီချင်းတင်ပေးလိုက်တာကြောင့်ပါ။ ဒါကြောင့် မှားနေတဲ့နေရာရှိရင် ဖြည့်ဖတ်ပေးကြပါဗျ။ ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ကြတဲ့ အာလူး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ feedback လေးတွေ ချန်ခဲ့ပါအုံးဗျာ။ 








Zawgyi

(ခ်က္ခ်င္းေရးၿပီး တင္လိုက္တာေၾကာင့္ စာလုံးေပါင္း မစစ္ထားဘူးဗ်။)

အခ်ိန္အားျဖင့္ တစ္ပတ္ေက်ာ္ၾကာသြားခဲ့ၿပီ။ ျပန္လာမယ္လို႔ေျပာသူဟာ အခုထိေရာက္မလာခဲ့။ မၾကာခဏဖုန္းေျပာျဖစ္ၾကေပမယ့္ စာေမးပြဲကိစၥေတြရယ္ ေသာ္စစ္ဘက္က မအားလပ္တာေတြရယ္ေတာ့ ဖုန္းေျပာရတဲ့ရက္ေတြဟာ ၃ရက္မွ်သာရွိပါသည္။ ယခုသည္ စာေမးပြဲကာလၿပီးဆုံးၿပီျဖစ္၍ ဒီဇင္ဘာသည္ ေသာ္စစ္အား ရက္အနည္းငယ္ေစာင့္ပါေသာ္လည္း ေသာ္စစ္သည္ ျပန္ေရာက္မလာခဲ့ပါ။ ဖုန္းေခၚရာတြင္ စက္ပိတ္ထားသျဖင့္ တျဖည္းျဖည္း စိတ္ပူလာသည္။ တစ္ေန႕တစ္ေန႕ စိုက္ခင္းေရေလာင္းလိုက္ ပန္းပင္ေရေလာင္းလိုက္ႏွင့္ ခ်စ္သူမရွိသည့္ ေန႕ရက္ေတြကို စိတ္မပါစြာျဖတ္သန္းေနရသည္။ ထို႔ေၾကာင့္ သူအထုတ္ျပင္ရာ ခ်စ္သူရွိရာသို႔ လိုက္သြားမည္ဟု ေတြးေတာ၍ အေကာင္အထည္ေဖာ္လိုက္၏။

တစ္ရက္ခန့္ကားစီးၿပီးသည့္အခါ မွတ္ဥာဏ္ထဲ၌ ဝိုးတဝါးရွိေနေသာ လမ္းေလးကို ဂ႐ုတစိုက္သြားရသည္။ အိမ္ေတြသည္လည္း တိုးတက္ေျပာင္းလဲလာ၍ ဒီဇင္ဘာသည္ ေသာ္စစ္အိမ္ကို အခ်ိန္အေတာ္ၾကာ ရွာယူလိုက္ရသည္။ ေသာ္စစ္အိမ္က အရင္ကကဲ့သို႔ မေျပာင္းမလဲပင္ျဖစ္ၿပီး ၿခံထဲရွိသရက္ပင္အႀကီးႀကီး၌ သရက္သီးမ်ားေဝေဝဆာလ်က္ရွိသည္။ ဒီဇင္ဘာသည္ အိမ္ထဲသို႔ ေဝ့ၾကည့္ကာ ၿခံစည္းရိုးအုတ္တိုင္မွ လူေခၚ ေခါင္းေလာင္းခလုတ္အား ႏွိပ္လိုက္သည္။ ႏွစ္ခ်က္သုံးခ်က္ ႏွိပ္ၿပီးသည့္ေနာက္မွာ အိမ္ထဲမွ ေကာင္မေလးတစ္ေယာက္သည္ ေျပးထြက္လာ၏။

" ဘယ္သူနဲ႕ေတြ႕ခ်င္လို႔ပါလဲ "

ေကာင္မေလးသည္ သူ႕ကို ၾကည့္ကာ မ်က္ဝန္းေတာက္ေတာက္တို႔ျဖင့္ စူးစမ္းလ်က္ရွိသည္။

" ေသာ္စစ္နိုင္နဲ႕ပါ သူရွိလားမသိဘူး "

"ကိုကိုက ေမေမနဲ႕အျပင္ခဏသြားတယ္ရွင့္ "

" အာ....ဒါျဖင့္ ကြၽန္ေတာ္ ေစာင့္လိုက္ပါ့မယ္ "

ေကာင္မေလးက လူစိမ္းမို႔ တံခါးမဖြင့္ေပးပါ။ လက္ဆြဲအိတ္တစ္အိတ္ကိုင္ထားသည့္ သူ႕ပုံစံႏွင့္ ႐ုပ္ရည္ကိုၾကည့္ကာ လူေကာင္းလား လူဆိုးလား ခြဲျခားေနပုံရသည္။ ထို႔ေၾကာင့္ ဒီဇင္ဘာက အလိုက္သိစြာပဲ အိမ္ထဲမဝင္ဘဲ ၿခံေရွ႕ရွိ အုတ္ခုံေလး၌ ထိုင္ေစာင့္လိုက္သည္။ ထိုအခါ ေကာင္မေလးက အားတုန့္အားနာျဖစ္သြားၿပီး ေခါင္းေလးကုတ္ကာ အိမ္ထဲေျပးဝင္သြား၏။

ရန္ကုန္ေနသည္ အေတာ္ပင္ပူလွသည္။ အေအးပိုင္းမွ လာသည့္ သူ႕အတြက္ အပူဒဏ္က နည္းနည္းေတာ့ စိတ္ညစ္စရာေကာင္းလွ၏။ ဒီဇင္ဘာသည္ အရိပ္အနည္းငယ္ရေသာ အုတ္ခုံေထာင့္စြန္းေလးတြင္ ထိုင္ေနေသာ္လည္း ေခြၽးမ်ားက နားထင္မွ စီးက်လာကာ ေက်ာျပင္တစ္ေလွ်ာက္လည္း စို႐ြဲေနသည္။

" ဟို ကိုကို႔ကို ဖုန္းဆက္ေပးထားတယ္ လာေနၿပီလို႔ေတာ့ ေျပာတယ္ "

ေကာင္မေလးက ခဏၾကာေတာ့ အိမ္ထဲမွ ေျပးထြက္လာ၍ လာေျပာေလသည္။ ဒီဇင္ဘာက ၿပဳံးကာေခါင္းၿငိမ့္ျပလိုက္သည္။ ထို႔ေနာက္ သိပ္မၾကာလိုက္ပါ။ အိမ္စီးကားေလးတစ္စီးသည္ သူထိုင္ေနသည့္ ၿခံေရွ႕၌ ထိုးရပ္သြားသည္။ သူသည္ ေခါင္းကိုေမာ့ကို ၾကည့္လိုက္ရာတြင္ ကားထဲမွ ေသာ္စစ္နိုင္သည္ အံ့ၾသေနဟန္ျဖင့္ သူ႕နားသို႔ ခပ္ျမန္ျမန္ေရာက္လာ၏။

" မင္း ဘယ္လိုျဖစ္ၿပီး "

" မင္းကိုမွ အဆက္အသြယ္မရတာ ။ ဒါေၾကာင့္ကိုယ္ စိတ္ပူလို႔လိုက္လာတာ ။ မင္းဘယ္ကိုသြားသြား ၊ ဘယ္ေနရာေရာက္ေရာက္ ကိုယ္မင္းဆီ အေရာက္လာမွာပဲ  "

ထိုစကားကို ဒီဇင္ဘာက ခပ္တိုးတိုးေလး ကပ္ေျပာလိုက္သည္။ သူကတစ္ဆက္တည္းမွာပဲ ကားေပၚမွဆင္းလာသည့္ ေသာ္စစ္ေမေမအ ၾကည့္ကာ ယဥ္ေက်းစြာ ႏႈတ္ဆက္လိုက္သည္။

" အန္တီ မေတြ႕တာၾကာၿပီေနာ္ ။ ေနေကာင္းရဲ႕လားဗ် "

ေသာ္စစ္အေမသည္ ဒီဇင္ဘာအား မမွတ္မိေသာေၾကာင့္ သူမက ၿပဳံး၍ ေခါင္းျငမ့္ျပေသာ္လည္း ဇေဝဇဝါျဖင့္ စိုက္ၾကည့္ေနေသးသည္။ ထို႔ေၾကာင့္ ဒီဇင္ဘာက သူမ အနားသို႔သြားကာ ၿပဳံး၍

" ကြၽန္ေတာ့္ကို မမွတ္မိဘူးထင္တယ္ ။ ကြၽန္ေတာ္ ဒီဇင္ဘာေလ ။ အထက္တန္းတုန္းက ေသာ္စစ္သူငယ္ခ်င္းပါ ။ ဒီအိမ္မွာေတာင္ စာခဏခဏလာလုပ္ဖူးတယ္ေလ အန္တီ "

"ေၾသာ္......မင္းကို ။ အရပ္ႀကီးရွည္ၿပီး ေခ်ာလာေတာ့ အန္တီက မမွတ္မိလိုက္ဘူးကြယ္ စိတ္မရွိနဲ႕ေနာ္ "

" ဟုတ္ ရပါတယ္ ။ အန္တီလည္း ပိုလွလာတယ္ဗ် "

ဒီဇင္ဘာသည္ ရိုရိုက်ိဳးက်ိဳးပင္ခ်ီးက်ဴးလိုက္ေတာ့ ေသာ္စစ္အေမက သေဘာက်စြာရယ္ေလသည္။

" မဟုတ္တာကြယ္ အန္တီကအဖြားႀကီးျဖစ္ေနပါၿပီ ။ လာ သားအထဲဝင္အုံး "

သူတို႔ သုံးေယာက္အား နံေဘးမွရပ္ၾကည့္ေနသည့္ ေကာင္မေလးက ၿခံတံခါးကို ခပ္ျမန္ျမန္ဆြဲဖြင့္၍ ေသာ္စစ္လက္ထဲမွ မုန့္အိတ္ကို ဆြဲယူလိုက္သည္။

" သြားႏွင့္ ငါကားထည့္လိုက္အုံးမယ္ "

ေသာ္စစ္သည္ ဒီဇင္ဘာအား လွမ္းေျပာ၍ ကားကိုၿခံထဲသို႔ ထည့္လိုက္သည္။

ကားထဲမွထြက္လာေတာ့ အိမ္ထဲမဝင္ခင္မွာပင္ ခုနက ေကာင္မေလးက အနားေရာက္လာၿပီး ခပ္တိုးတိုးကပ္ေမးသည္။

" ကိုကို အဲ့ဒါ ကိုကို႔ေကာင္ေလးလား "

ေသာ္စစ္သည္ အနည္းငယ္ေတာ့ လန့္သြား၏။ သူေဂးဆိုတာကို သူ႕မိဘႏွင့္ ဒီေကာင္မေလးသာသိသည္။ ဒီေကာင္မေလး၏ နာမည္သည္ လမင္းအိမ္ ျဖစ္ၿပီး အိမ္ေခၚနာမည္က သဲသဲျဖစ္သည္။ ေသာ္စစ္က သူမအား အသည္း (သို႔) သဲတုန္လို႔ ေခၚေလ့ရွိသည္။ သူမသည္ ေသာ္စစ္၏ ညီမဝမ္းကြဲျဖစ္ေသာ္လည္း သူမ၏ မိဘေတြကားေမွာက္၍ ဆုံးပါးသြားသျဖင့္ ေသာ္စစ္၏ အေမက စာခ်ဳပ္စာတမ္းျဖင့္ တရားဝင္ေမြးစားလိုက္သည္။ ထိုအခ်ိန္က သူမသည္ အရမ္းငယ္ေလးၿပီး ေသာ္စစ္မွာ ညီမေလးအရင္းတစ္ေယာက္ရလိုက္သလို ေပ်ာ္႐ႊင္၍ခ်စ္ရွာသည္။ သူမက ေမြးကတည္းခ်စ္စရာမ်က္ႏွာေလးျဖင့္ ခ်စ္ေမႊးပါသည္မို႔ ေသာ္စစ္တို႔ တစ္မိသားစုလုံးက ေသြးအရင္းလိုခ်စ္ရ၏။ သူမသည္ အငယ္ဆုံး အဆိုးဆုံးလည္းျဖစ္သည္။

" ကိုကို ညီမေလးေမးတယ္ေလ အဲ့ဒါ ကိုကို႔ေကာင္ေလးလားလို႔ "

ေသာ္စစ္က မေျဖသျဖင့္ သူမက စိတ္မရွည္စြာပင္ အသံနည္းနည္းက်ယ္၍ ေမးလာသည္။ ထိုအခါ ေသာ္စစ္က သူမ ပါးစပ္ကိုခပ္ျမန္ျမန္လွမ္းပိတ္လိုက္ရသည္။

" ေမေမၾကားသြားမယ္ဟ နင္ဘယ္လိုျဖစ္ေနတာလဲ ။ သြား နင့္ေယာကၤ်ားသြားေခၚ ဝယ္လာတဲ့ ကိတ္မုန့္ဘူးေတြလာသယ္လို႔ သြား "


" ဟြန့္ သူမ်ားေယာကၤ်ားကိုပဲ ခိုင္းစားေနၾကတယ္ "

ဟုတ္ပါသည္။ လမင္းအိမ္က အိမ္ေထာင္သည္ေလးပါ။ ေယာကၤ်ားေနာက္လိုက္သြားတာ သူမေလးပါပဲ။ အသက္ ၂၀ ေက်ာ္သာရွိၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႕ အိမ္ေထာင္က်သြားတာပင္။ သူမေယာကၤ်ားကလည္း သူမႏွင့္ အသက္တူတူမို႔ ငယ္႐ြယ္ၿပီး သည္းသည္းလႈပ္ေနသည့္ ထိုအိမ္ေထာင္သည္ေပါက္စလင္မယားကို ေသာ္စစ္နည္းနည္းမွ ၾကည့္မရေပ။

ေသာ္စစ္အိမ္ထဲဝင္သြားေသာအခါ ဒီဇင္ဘာႏွင့္ သူ႕အေမသည္ ဧည့္ခန္း၌ စကားေျပာေနၾက၏။ေသာ္စစ္သည္ မလုံမလဲျဖင့္ သူ႕ေမေမ မ်က္ႏွာအား ခိုးၾကည့္ကာ အကဲခပ္လိုက္ေသာ သူမ မ်က္ႏွာသည္ ပုံအတိုင္းပင္ ။ ထူးျခားမႈမရွိ။

" ဒါဆို သားဘယ္မွာ တည္းမွာလဲ "

" ဟုတ္ အားေတာ့နာပါတယ္ အန္တီ ။ ျဖစ္နိုင္ရင္ ကြၽန္ေတာ္ ဒီမွာတည္းလို႔ရမလားဗ် ။ ေသာ္စစ္နဲ႕လည္း မေတြ႕တာၾကာၿပီဆိုေတာ့ေလ "

ထိုစကားေၾကာင့္ ေသာ္စစ္အေမသည္ စဥ္းစားဟန္ျဖင့္ ၿငိမ္သြား၏။ သို႔ေသာ္ သူမက ခ်က္ခ်င္းပင္ၿပဳံး၍ ေခါင္းၿငိမ့္ျပသည္။

" ရပါတယ္ ။ သားရဲ႕ေဘးအခန္း လြတ္တာပဲ ။ အဲ့မွာ ေနလို႔ရတယ္။ ကဲ ခရီးပန္းလာေတာ့ နားလိုက္ပါအုံး "

ယခုအခ်ိန္ထိ ေသာ္စစ္သည္ မည္သည့္စကားကိုမွ်ဝင္မေျပာဘဲ ေဘး၌ထိုင္ကာ ၿငိမ္ေနသည္။

" သား သူငယ္ခ်င္းကို ေနရာလိုက္ျပလိုက္ပါအုံး။ "

ေသာ္စစ္က ေခါင္းၿငိမ့္ကာ ဒီဇင္ဘာ၏ အိတ္ကိုဆြဲၿပီး အခန္းရွိရာသို႔ ဦးတည္လိုက္သည္။ ဒီဇင္ဘာသည္ ေသာ္စစ္ေနာက္မွ လိုက္လာ၍ အခန္းထဲေရာက္သည္ႏွင့္ တံခါးပိတ္ကာ ေသာ္စစ္အား တံခါး၌ ကပ္၍ ဖိနမ္းလိုက္သည္။ သူ၏အနမ္းက ၾကမ္းတမ္းသည္ ။ အလွ်င္လိုသည္။ အလြမ္းဓာတ္လည္းပါသည္။ ေသာ္စစ္က မိမိႏႈတ္ခမ္းမ်ားအား အငမ္းမရစုပ္ယူေနသည့္ ခ်စ္သူကို အသာတြန္းလိုက္ေသာ္လည္း ဒီဇင္ဘာသည္ နည္းနည္းပင္မလႈပ္ပါ။ သူ႕ခါးအား သန္မာအားေကာင္းေသာ လက္ျဖင့္သိမ္းဖက္၍ တံခါး၌ ဖိကပ္ထားသည္။ ခံတြင္း၌ ဝင္လာသည့္ လွ်ာကလည္း ေသာ္စစ္လွ်ာအား ရစ္ပတ္ေနသည္။ မြတ္သပ္ၿပီး ၾကမ္းတမ္းေသာ အနမ္းတို႔ၾကား ေသာ္စစ္သည္ အသက္ရႉၾကပ္လာ၍ ဒီဇင္ဘာ၏ ပခုံးကို ႏွစ္ခ်က္မွ် ရိုက္ကာ ရပ္ေစလိုက္သည္။

အနမ္းတို႔ရပ္သြားသည့္အခါ ႏွစ္ေယာက္သား ေမာဟိုက္ေနၾကၿပီး ပ်က္လပ္သြားသည့္ ေအာက္စီဂ်င္ကို အသည္းအသန္ရႉသြင္းေနၾက၏။ ထို႔ေနာက္ ဒီဇင္ဘာက ေသာ္စစ္အား ရင္ခြင္ထဲသို႔ ထည့္ကာ တင္းတင္းက်ပ္က်ပ္ဖက္ထားလိုက္သည္။

" ကိုယ္မင္းကို အရမ္းလြမ္းေနတာ "

" ငါလည်း မင္းကိုလြမ္းတာေပါ့ "

ေသာ္စစ္၏ စကားေၾကာင့္ ဒီဇင္ဘာသည္ မ်က္ေမွာင္က်ဳံ႕သြားကာ လူခ်င္းခြာ၍ ေသာ္စစ္အား စိုက္ၾကည့္လိုက္သည္။

" လြမ္းတယ္ဆို ဘာလို႔ အဆက္အသြယ္ ျဖတ္ထားတာလဲ ။ ကိုယ္ဘယ္ေလာက္စိတ္ပူေနလဲဆိုတာ သိရဲ႕လား "

" ငါ့ဖုန္းက ပ်က္သြားတာ ။ငါ့ ေယာက္ဖကို ေဒါသထြက္ၿပီး ဖုန္းနဲ႕ပစ္ေပါက္မိတာေၾကာင့္ ငါ့ဖုန္းက နံရံနဲ႕ ထိၿပီးတစ္စစီျဖစ္သြားေရာပဲ။ ၿပီးေတာ့ ျပန္အပ္တဲ့ ကိစၥေတြနဲ႕ မဂၤလာေဆာင္ ကိစၥေတြေၾကာင့္ အလုပ္ရႈပ္ၿပီး ဖုန္းအသစ္မဝယ္ျဖစ္ေသးတာ "

ေသာ္စစ္က စိတ္ရွည္လက္ရွည္ျဖင့္ ရွင္းျပၿပီးေနာက္ ဒီဇင္ဘာ၏ ပါးျပင္ကို အနမ္းတစ္ခ်က္ေပးလိုက္သည္။ ထိုအခါ၌ မ်က္ေမွာင္က်ဳံ႕ေနသူသည္ ခ်က္ခ်င္းၿပဳံးလာ၏။

" ကိုယ္က မင္းကိုစိတ္ပူလို႔သာ မစဥ္းစားပဲလိုက္လာတာ ။ ဒီမွာ ကိုယ္ေနလို႔ အဆင္ေျပပါ့မလား "

" အင္း ေျပမွာပါ ။ နားလိုက္အုံးေနာ္ ညေန ထမင္းစားရင္လာေခၚလိုက္မယ္ ။ အိပ္လိုက္အုံး "

ေသာ္စစ္သည္ စကားျမန္ျမန္ျဖတ္၍ ထိုအခန္းထဲမွ ျပန္ထြက္လာသည္။ ထို႔ေနာက္ သူ႕ေမေမ အခန္းထဲသို႔ အလိုက္သိစြာပင္ ဝင္သြားလိုက္၏။ အခန္းထဲ၌ သူမသည္ ကုတင္ေပၚ၌ လွဲကာေနသည္။

" သား ဟိုကိုအရမ္းျပန္ခ်င္ေနတာ အဲ့ေကာင္ေလးေၾကာင့္လား "

သူမက မ်က္လုံးမ်ား မွိတ္ထားလ်က္ပင္ ေျပာလိုက္သည္။ ေသာ္စစ္က သူမေျခရင္း၌ ဝင္ထိုင္၍ မိခင္၏ ေျခဖဝါးတို႔ကို ႏွိပ္နယ္ေပးရင္းဆိုလာသည္။

" ဟုတ္တယ္ ေမေမ ။ သူက သားခ်စ္သူပါ "

သားျဖစ္သူ၏စကားေၾကာင့္ သူမသည္ တသိမ့္သိမ့္တုန္လာကာ ငိုေႂကြးေတာ့သည္။

" ေမေမ မငိုပါနဲ႕ "

"နင္ ငါ့ကို ဒီလိုပဲ စိတ္ဆင္းရဲေစခ်င္တာလား ေသာ္စစ္ရယ္ ဟင္ နင္ ဒီအေမအတြက္ မစဥ္းစားေတာ့ဘူးလား "

သူမက ငိုေႂကြးရင္း ဝမ္းနည္းစြာေျပာေလသည္။ ေသာ္စစ္က သူမ နားတိုးသြားၿပီး မ်က္ရည္မ်ားသုတ္ေပးကာ ၾကမ္းျပင္၌ ဒူးေထာက္လိုက္သည္။

" ေမေမ့ကို စိတ္ဆင္းရဲေအာင္ လုပ္မိလို႔ သားေတာင္းပန္ပါတယ္ ။ ဒါေပမယ့္ ေမေမသားကို မိန္းမေပးစားရင္လည္း သားစိတ္ဆင္းရဲေနရမွာ။ သားအျပင္ တစ္ဖက္မိန္းကေလးပါ စိတ္ဆင္းရဲရမွာ ေမေမ။ သာယာတဲ့အိမ္ေထာင္ေရးျဖစ္လာမွာမဟုတ္ဘူး။ သား သူနဲ႕ဆိုရင္ ေပ်ာ္တယ္ ။ သား သူ႕ကိုခ်စ္တယ္ ။ သူနဲ႕ပဲ တစ္သက္လုံးေနသြားခ်င္တယ္ "

သူမက ေသာ္စစ္ကို ၾကည့္ကာ ငိုသံတို႔သည္ တစ္စတစ္စက်ယ္လာ၏။

" ေမေမ့သားက ေဂးတစ္ေယာက္ေလ ။ဒါေၾကာင့္ ေမေမစီစဥ္ေနတာေတြ ျဖစ္လာမွာမဟုတ္ဘူး ။ ေမေမ သားတို႔ကိုလက္ခံေပးဖို႔ေျပာေနတာ မဟုတ္ပါဘူး။ ဒါေပမယ့္ ေဖေဖဆုံးၿပီးကတည္းက သားမွာ ေမေမပဲရွိေတာ့တာေလ။ ေမေမ ေကာင္းခ်ီးေပးတာေတာ့ သားလိုခ်င္တယ္။ "

" နင္ တကယ္ပဲ အဲ့ေကာင္ေလးနဲ႕ ေရွ႕ဆက္ဖို႔ ဆုံးျဖတ္ၿပီးၿပီလား ။ ဒီအေမ ေသသြားရင္ေတာင္ ေနာက္မဆုတ္ဘူးေပါ့ေလ "

" ေမေမ မေသပါဘူး ။သားကို မၿခိမ္းေျခာက္ပါနဲ႕။  ေမေမရယ္ သားလည္းပင္ပန္းေနၿပီ။ ေမေမလည္း ပင္ပန္းေနပါၿပီ။ သားရဲ႕ ျဖစ္တည္မႈက ျပဳျပင္လို႔မွမရတာ "

ထိုစကားေၾကာင့္ သူမသည္ မ်က္ရည္က်လ်က္ ၿငိမ္သက္သြားသည္။ ေသာ္စစ္က သူမကို ဖက္၍ ႏွစ္သိမ့္ေသာအခါ သူမသည္ ၿငိမ္သက္လ်က္ပင္ရွိေနသည္။

" သားေတာင္းပန္ပါတယ္ ။ ေမေမ့အတြက္ သားလိမၼာမျဖစ္နိုင္တဲ့အျပင္ အရွက္ရေစခဲ့မိလို႔ "

" မနက္ျဖန္ သားျပန္လိုက္သြားပါ "

" ေမေမ "

သူမသည္ အားေပ်ာ့ေသာ အသံျဖင့္ဆို၍ တစ္ဖက္သို႔ လွည့္သြားကာ ထပ္၍ စကားမဆိုပါ။  ေသာ္စစ္သည္ သူမႏွင့္ စကားေျပာခ်င္ေသးေသာ္လည္း တိတ္ဆိတ္စြာပင္ အခန္းထဲမွ ထြက္သြားလိုက္သည္။

ေနာက္တစ္ေန႕ မနက္ေရာက္ေသာအခါ ေသာ္စစ္သည္ အထုတ္အပိုးမ်ားျဖင့္ ဧည့္ခန္းထဲတြင္ သူ႕အေမအားေစာင့္ေနသည္။ သူအေမထြက္လာသည့္အခါ မ်က္ႏွာသည္ မေန႕ကကဲ့သို႔ ဝမ္းနည္းရိပ္မ်ားမရွိပါ။ သူႏွင့္ ဒီဇင္ဘာက သူမအား ထိုင္ခိုင္းၿပီး ကန္ေတာ့ေလသည္။ သူမသည္ ဆုေပး၍ ဒီဇင္ဘာအား ေသခ်ာစိုက္ၾကည့္လ်က္

" အန္တီ့သားကို ေသခ်ာဂ႐ုစိုက္ေပးပါ။ စိတ္ခ်မ္းသာေအာင္ထားပါ။ ၿပီးေတာ့ သစၥာရွိပါ "

ေသာ္စစ္သည္မေန႕က သူအေမႏွင့္ ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းအရာအားလုံးကို ညက ဒီဇင္ဘာအားေျပာျပထားၿပီးျဖစ္သည္။

" စိတ္ခ်ပါ အန္တီ ကြၽန္ေတာ္သူ႕ကို တကယ္ျမတ္နိုးတာပါ "

ေသာ္စစ္အေမသည္ ေခါင္းၿငိမ့္ျပ၍ ေသာ္စစ္ဘက္သို႔ ၾကည့္ကာ

" သားက ေမေမ့ကို ဘယ္တုန္းကမွအရွက္မရေစပါဘူးကြယ္ ။ ေမေမေသခ်ာစဥ္းစားၿပီးမွ စိတ္ေတြေလ်ာ့လိုက္ၿပီ ။ ေမေမလည္း အသက္ႀကီးေနပါၿပီေလ။ သားတို႔ မၾကာမၾကာလာလည္ပါ "

ထိုစကားေၾကာင့္ ေသာ္စစ္သည္ မ်က္ရည္ဝဲကာ ဝမ္းသာအားရျဖင့္ သူ႕ေမေမအား ထ၍ ဖက္လိုက္သည္။ သားမိႏွစ္ေယာက္ ဖက္ငိုေနၾကသည့္ မ်က္ဝန္းက ရပ္ၾကည့္ေနသည့္ လမင္းတို႔လင္မယားပါ မ်က္ရည္လည္ေစသည္။ ထို႔ေနာက္ စိတ္မျပတ္နိုင္ဘဲ ျပန္မည့္အစီအစဥ္အားဖ်က္၍ ရန္ကုန္တြင္ ႏွစ္ပတ္ၾကာေအာင္ ေနျဖစ္လိုက္ၾကသည္။

တစ္ည၌ ဒီဇင္ဘာသည္ ေသာ္စစ္အခန္းသို႔လာ၍ ေဒါင္းဘယက္ေလးတစ္ခု ေပးလာသည္။

" ဒါက ကိုယ့္အဖြားေပးခဲ့တဲ့ အေမြ ။ ကိုယ္ ၁၀တန္းႏွစ္မွာ ကိုယ့္အေဒၚေတြနဲ႕ ျပသာနာျဖစ္ၿပီး အိမ္ေပၚကဆင္းခဲ့တယ္ ။ ေနရာမရွိ ျဖစ္ေနတုန္းမွာပဲ ဟိုးငယ္ငယ္ေလးကတည္းက ကိုယ့္ကို ကူထိန္းေပးခဲ့တဲ့ အဖြားတစ္ေယာက္ကေခၚထားတယ္။ အဲ့အဖြားကတစ္ေယာက္တည္းေနတာ သားသမီးမရွိေတာ့ ကိုယ့္ကိုခ်စ္တယ္။ အဖိုးကလည္း ဆုံးသြားတာၾကာၿပီ။ ကိုယ္ အဖြားကိုေစာင့္ေရွာက္ရင္း အဖြားဆီမွာပဲ ေနျဖစ္လာတယ္။ အဖြားက ကုန္စိမ္းေရာင္းတယ္။ ကိုယ့္ကိုအဖြားပဲ ေက်ာင္းဆက္ထားေပးခဲ့တာ။ ကိုယ္က အဖြားကိုကူလုပ္ေပးရင္း ေက်ာင္းၿပီးတဲ့အထိ ေနလာခဲ့တာပဲ။ ရယ္ရသား ေဆြမ်ိဳးအရင္းက လွည့္မၾကည့္ခဲ့ေပမယ့္ သူစိမ္းကေတာ့ ေသြးအသားအရင္းလို ေစာင့္ေရွာက္ေပးခဲ့တယ္ "


ေသာ္စစ္သည္ စိတ္မေကာင္းစြာျဖင့္ ဒီဇင္ဘာ၏ ပါးျပင္အား ပြတ္သပ္ေပးလိုက္သည္။

" မင္း မိဘေတြေရာ "

" ကိုယ္မသိဘူး ။သိလည္းမသိခ်င္ဘူး ။ ကိုယ့္ကိုမလိုခ်င္လို႔ စြန့္ပစ္သြားၾကတဲ့သူေတြပဲေလ ။ အဖြားကေျပာတယ္ ဒီ ဘယက္ေလးက အဖိုးေပးခဲ့တဲ့တစ္ခုတည္းေသာ ခ်စ္သက္လက္ေဆာင္တဲ့ တစ္ေန႕တစ္ခ်ိန္မွာ ကိုယ္ လက္ထက္ရမယ့္သူကို ဒါေလး ေပးရမယ္လို႔ေျပာသြားတယ္ "

" ဒီေတာ့ ဘီဘီ ဒီဘယက္ေလးကို လက္ခံေပးနိုင္မလား "

ထိုအခါ ေသာ္စစ္သည္ ႏႈတ္ခမ္းေထာင့္ေလးမ်ားတြန့္ခ်ိဳးသြားရင္း စိတ္လႈပ္ရွားစြားေမးလာသည္။

" အခု မင္းငါ့ကို လက္ထက္ခြင့္ေတာင္းေနတာလား "

ဒီဇင္ဘာက ၿပဳံးကာ ေခါင္းၿငိမ့္ျပသည္။ ထို႔ေနာက္ ခ်က္ခ်င္းပင္ ဒူးတစ္ဖက္ေထာက္၍ ေသာ္စစ္လက္ကို ဆုပ္ကိုင္လိုက္သည္။

" ကိုယ့္ကို လက္ထက္ပါ ေသာ္စစ္ "

ေသာ္စစ္က မ်က္စိေရွ႕မွ ေခ်ာေမာခန့္ညားသည့္ခ်စ္သူအား ၾကည့္လ်က္ ၾကည္ႏူးစြာၿပဳံး၍ေခါင္းၿငိမ့္လိုက္သည္။

" အင္း ငါတို႔ မနက္ျဖန္ပဲ လက္ထက္ၾကရေအာင္ "

" တကယ္ႀကီး! ! "

ဒီဇင္ဘာသည္ အံ့ၾသနပန္းႀကီးသြားရ၏။

" မနက္ျဖန္ လက္ထက္ၿပီးရင္ ငါတို႔ေနရာကို တစ္ခါတည္း ျပန္ရေအာင္ "

ဒီဇင္ဘာသည္ ေပ်ာ္႐ႊင္လြန္းသျဖင့္ ေသာ္စစ္အား ခုန္အုပ္ကာ တင္းက်ပ္စြာ ဖက္ထားလိုက္သည္။

" ေကာင္းၿပီ ကိုယ္တို႔ မနက္ျဖန္ လက္ထက္ၾကမယ္ ဟားဟား "

အခန္းငယ္ေလးအတြင္း ေကာင္ေလးႏွစ္ေယာက္၏ ရင္ခုန္သံတို႔ႏွင့္အတူ ရယ္သံလြင္လြင္ေလးမ်ားသည္လည္း ပ်ံလြင့္ေနေလေတာ့သည္။





.........ၿပီးပါၿပီ.............

#2/7/21

# ကဲ အာလူးတို႔ေရ အခ်စ္ဦးေလးကေတာ့ ဒီတင္ၿပီးပါၿပီဗ်ာ ။ ဒီေန႕ အၿပီးတင္မယ္ဆိုၿပီး ၂ပိုင္းအၿပီး တစ္ခါတည္းေရးလိုက္တာ က်ေနာ္ စာလုံးေပါင္းလည္း မစစ္လိုက္ပါဘူး။ ေရးၿပီးၿပီခ်င္းတင္ေပးလိုက္တာေၾကာင့္ပါ။ ဒါေၾကာင့္ မွားေနတဲ့ေနရာရွိရင္ ျဖည့္ဖတ္ေပးၾကပါဗ်။ ဇာတ္လမ္းအစမွ အဆုံးထိ အားေပးခဲ့ၾကတဲ့ အာလူး တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးအထူးတင္ပါတယ္။ feedback ေလးေတြ ခ်န္ခဲ့ပါအုံးဗ်ာ။ 

Continue Reading

You'll Also Like

1.3M 172K 149
BL
2.3M 172K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
3.2M 209K 51
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
60.8K 11.7K 24
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ